← Chapters

အခန်း (၂၄၅၁-၂၄၅၂)

Vol. 176 Ch. 2451-2452

အခန်း (၂၄၅၁-၂၄၅၂)

Vol. 176 Ch. 2451-2452

အပိုင်း(၂၄၅၁)

ရွှမ်း...

အလွန်တရာ မြန်ဆန်လှသော အနီရောင် ဓားအလင်းတန်း တစ်ခု ပေါ်ထွက်လာခဲ့၏။ အရောင်ခုနစ်မျိုးရှိသော မြူခိုးလွှာများဖြင့် ဖုံးလွှမ်းထားသည့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တစ်ခုလုံးသည် လှပသော အနီရောင် ဝိညာဉ် အလင်းတန်းများဖြင့် ဆေးခြယ်ခံလိုက်ရပေသည်။

စက်ဆုပ်ဖွယ် နှင်း အရှင်သခင် ၏ အကာအကွယ်အဖြစ် အသုံးပြုထားသော နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် အဆိပ်ငွေ့ တိမ်တိုက်ကြီး အခုတ်ခံလိုက်ရသည်ကို ဝေ့ဝူယင် နှင့် ကျန်သူများအားလုံး မြင်တွေ့လိုက်ရသည်။ ထိုဓားချက်သည် သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိသွားခဲ့၏။

သူသည် ကျန်ရှိနေသမျှ ခွန်အားအားလုံးကို အသုံးပြုကာ ဝိညာဉ်ကာကွယ် ထွက်ပြေးခြင်း ကို အစွမ်းကုန် ထုတ်ဖော်ခဲ့သော်လည်း သိပ်တော့ အကျိုးမထူးခဲ့ပေ။ ထိုဓားအလင်းတန်းက သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်၊ ပဲ့တင်ထပ် ဝိညာဉ် နှင့် သူ၏ တည်ရှိမှု အုတ်မြစ်တစ်ခုလုံးကို ပိုင်းဖြတ် သွားလေသည်။ ၎င်းက မဖြတ်တောက်နိုင်သော အရာဟူ၍ မရှိခဲ့ချေ။ ဓားအလင်းသည် အိမ်နီးချင်း ဂလက်ဆီ များအထိပင် ထိလုမတတ် ဝေးကွာစွာ ပျံ့နှံ့သွားခဲ့သည်။

"ငါ နိုင်ပြီ..."

ကြီးမားလှသော တုန်လှုပ်မှု၊ မယုံကြည်နိုင်မှု၊ ထိတ်လန့်မှု၊ အံ့ဩမှုနှင့် ရှုပ်ထွေးမှု ခံစားချက်များက အထွတ်အထိပ် သူတော်စင် တိုင်းနှင့် အလားတူ စွမ်းအားရှိသော တည်ရှိမှုတိုင်း၏ နှလုံးသား၊ စိတ်ကူးနှင့် ဝိညာဉ်များထဲသို့ စိမ့်ဝင်သွားချိန်တွင် ဝေ့ဝူယင်ကတော့ ပေါ့ပေါ့ပါးပါးပင် ကြေညာလိုက်လေသည်။

အံ့ဩစရာကောင်းလှစွာဖြင့် မူလ ကြယ်တာရာ အရှင်သခင် ပင်လျှင် မှင်တက်သွားခဲ့သည်။ သူမ၏ ဖရိုဖရဲ ဖြစ်နေသော အခြေအနေသည် မယုံကြည်နိုင်မှုကြောင့် ရုတ်တရက် ရပ်တန့်သွားသည့်အလားပင် ဖြစ်၏။

ဆံပင်နီများနှင့် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားသော အမျိုးသမီးသည် တဖြည်းဖြည်း ပြိုကွဲပျက်စီးလာခဲ့သည်။ သူမ၏ ပဲ့တင်ထပ် ဝိညာဉ်သည် မီးရှို့လောင်ကျွမ်းခံလိုက်ရပြီ ဖြစ်၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သော ကပ်ဆိုက်မည့် ရွေးချယ်မှုမျိုးမှ ပြန်လှည့်လာနိုင်မည့် လမ်းစ လုံးဝ မရှိတော့ပေ။ အထူးသဖြင့် ခိုင်မာသော အုတ်မြစ် မရှိသေးသည့် ကောင်းကင်ငယ် တမန်တော် တစ်ပါးအတွက် ပို၍ပင် ဆိုးရွားလှသည်။

ယနေ့တွင် အထွတ်အထိပ် သူတော်စင် နှစ်ပါး သေဆုံးရတော့မည် ဖြစ်သည်။ ဤသည်မှာ လက်ရှိ ရှိနေသူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖြစ်လာလိမ့်မည်ဟု တွေးထင်မထားခဲ့သော အဖြစ်အပျက် တစ်ခုပင် ဖြစ်၏။ တစ်ဦးတစ်ယောက်ကမျှပင် ထင်မှတ်မထားခဲ့ကြချေ။

ဝေ့ဝူယင်လည်း ဤအရာမှ ချွင်းချက် မဟုတ်ခဲ့ပေ။ သို့သော်လည်း အတူတကွ ပျက်စီးဆုံးရှုံးခံမည့် နည်းလမ်းသည် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ရန်သူကို အဆုံးသတ်ရန် အသေချာဆုံးသော နည်းလမ်းတစ်ခု အမြဲတမ်း ဖြစ်ခဲ့သည်။ ဤစည်းမျဉ်းသည် အထွတ်အထိပ် သူတော်စင် တစ်ပါး ဖြစ်လာသည့်တိုင်အောင် ပြောင်းလဲမသွားကြောင်း ပေါ်လွင်နေခဲ့၏။

"သူက ဘာလို့ အဲဒီလို လုပ်ရတာလဲ..."

မိုးမိခင် က နူးညံ့စွာ မေးလိုက်သည်။ သူမ၏ အကြည့်များသည် မျက်ရည်ကျလုမတတ် ဝမ်းနည်းနေပုံရ၏။ သို့သော် ဝေ့ဝူယင် ကမူ ထိုကဲ့သို့သော ခံစားချက်သည် လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး နှစ်တုံး ဆုံးရှုံးသွားရခြင်းကြောင့်သာ အများဆုံး ဖြစ်လိမ့်မည်ဟု ခံစားမိနေသည်။ ၎င်းမှာ နည်းပါးသော ပမာဏတစ်ခု မဟုတ်ပေ။

"တုံးအလိုက်တဲ့ မိန်းမ... ဒီအဆင့်ထိရောက်အောင် တစ်ဘဝလုံး အချိန်ပေးပြီး ကျင့်ကြံလာခဲ့တာကို ဒီလိုမျိုး လွှင့်ပစ်လိုက်ဖို့အတွက်လား..."

ပင်လယ်ဖခင် ၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားခြင်း မရှိသော ပြင်းထန်သည့် မထီမဲ့မြင်ပြုမှုများ ပါဝင်နေခဲ့သည်။ သူ၏ နှုတ်ခမ်းများပင်လျှင် လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးနေခဲ့၏။ ဓားမိစ္ဆာမ အရှင်သခင် အပေါ်ထားရှိသော သူ၏ မနှစ်မြို့မှုမှာ အလွန်တရာ နက်ရှိုင်းလှပေသည်။

ထိုအချိန်တွင် ကောင်းကင်ဖခင် သည် အဝေးဆီသို့ လှမ်းကြည့်နေခဲ့သည်။ မူလ ကြယ်တာရာ အရှင်သခင် ၏ စကားလုံးများသည် တိကျသော ဦးတည်ရာမပါဘဲ အပြင်ဘက်သို့ လွှင့်ထုတ်လိုက်ခြင်းဟု ထင်ရသော်လည်း အမှောင် ဟင်းလင်းပြင် အတွင်းရှိ ထင်ရှားသော အော်ရာ တစ်ခုကမူ အကြီးအကျယ် လှုပ်ရှားသွားခဲ့၏။ သို့သော် နောက်ဆုံးတွင်တော့ ၎င်းသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ထိန်းချုပ်ထားလိုက်ကြသည်။

ဤအရာအားလုံးသည် ဓားမိစ္ဆာမ အရှင်သခင် ၏ တောက်ပလှသော ဓားချက်နှင့် မူလ ကြယ်တာရာ အရှင်သခင်၏ ကျေးဇူးတင်ကြွေး တင်ပါစေမည်ဟူသော တောင်းဆိုမှုတို့ကြား အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသူသည် ၎င်းနှင့်ပတ်သက်၍ စဉ်းစားခဲ့ပြီးမှ ငြင်းဆန်လိုက်ကြောင်း ရှင်းလင်းနေ၏။ ထို့ကြောင့် ဓားမိစ္ဆာမ အရှင်သခင်သည် မိမိ၏ သေခြင်းရှင်ခြင်းကိုပင် ဂရုမစိုက်တော့ဘဲ အတင်းအဓမ္မ လှုပ်ရှားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အလင်းစများ အဖြစ် ပြိုကွဲပျက်စီးနေသည့် အခြေအနေကို ကြုံတွေ့နေရချိန်တွင် ဓားမိစ္ဆာမ အရှင်သခင် သည် သူမ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားများဖြင့် အားနည်းစွာ စကားဆိုလိုက်သည်။

"သူတို့ကို... ကယ်ပေးပါ..."

စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်လည်း ၎င်းသည် သူမ အသက်စွန့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းကို မည်သည့် သံသယမျှ မရှိစေဘဲ ဖော်ပြနေခဲ့၏။

တစ်ချိန်တည်း၌... မူလ ကြယ်တာရာ အရှင်သခင် ၏ ပုံသဏ္ဌာန်သည် ထိုအချိန်အထိ မတည်မငြိမ် ဖြစ်နေဆဲပင်။ သို့သော်လည်း သူမက အစီအရင် တစ်ခုကို ထုတ်ဖော်ကာ သူမကိုယ်သူမ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး နေမင်းကြီး အသွင်ကို ရုပ်သိမ်းလိုက်သည်။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ လှပသော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ သို့သော် သူမ၏ မျက်လုံးထောင့်များ၊ လက်ချောင်းထိပ်များနှင့် နှုတ်ခမ်းဘေးအစွန်းများတွင် သေးငယ်သော အက်ကွဲကြောင်းများ ရှိနေခဲ့ပေသည်။

သူမ၏ အကြည့်များသည် ယခင်ကဲ့သို့ ခံစားချက်ကင်းမဲ့နေခြင်း မရှိတော့ဘဲ တုန်လှုပ်ခြင်း ကင်းမဲ့သော ဆုံးဖြတ်ချက်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူမ၏ သူငယ်အိမ်များထဲတွင် မိုင်ပေါင်း ဘီလီယံနှင့်ချီ၍ ဆန့်တန်းနေသော အံ့မခန်းဖွယ် အနီရောင် ဓားအလင်းတန်း လမ်းကြောင်းကြီး ထင်ဟပ်နေခဲ့၏။ ၎င်းက ခုခံ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ဖြစ်စေခဲ့၏။

သူမက လေကို ဖြည်းညင်းစွာ ရှိုက်သွင်းလိုက်ရာ ရင်ဘတ်မှာ ဖောင်းလာ၏။ ထို့နောက်တွင်တော့ ရွေ့လျားမှု ကျင့်စဉ်ကို ထုတ်ဖော်ရန် ပဲ့တင်ထပ် ချီ ကို အသုံးပြုလိုက်လေသည်။

အခြေအနေများသည် နောက်ထပ်တစ်ကြိမ် ပြောင်းလဲသွားတော့မည် ဖြစ်သည်။

ဝေ့ဝူယင်သည် အရိုးပြာ နယ်မြေ ၏ ဗဟိုဒေသဆီသို့ ဦးတည်သွားနေသော သူမ၏ မီးဟုန်းဟုန်း တောက်လောင်နေသည့် လမ်းကြောင်းကို လှမ်းကြည့်လိုက်ပြီး ဝင်ရောက်စွက်ဖက်ရန် စဉ်းစားလိုက်၏။ သို့သော် အနည်းငယ် စဉ်းစားပြီးနောက်တွင် သူ ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ပြိုကွဲပျက်စီးနေသော ဟင်းလင်းပြင် ဓားပြ ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ်သို့သာ အာရုံစိုက်ထားလိုက်သည်။ အခြားသူများကမူ ၎င်းကို ရတနာ တစ်ခုကဲ့သို့ စိုက်ကြည့်နေခဲ့ကြ၏။

"သူ့ကို ကျုပ် သွားကယ်မယ်..."

ဝေ့ဝူယင် က ပွင့်လင်းစွာ ကြေညာလိုက်သည်။ ထို့နောက် အထွတ်အထိပ် သူတော်စင်များ ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူ ပျောက်ကွယ်သွားခဲ့၏။ ပင်လယ်ဖခင် က သူ့ကို တားဆီးရန် လှုပ်ရှားလိုခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် ဥပဒေသ ခြောက်ခု၏ အော်ရာ လေပွေကြောင့် သူ၏ စွက်ဖက်မည့် လှုပ်ရှားမှုမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့ရသည်။ အကြောက်တရားက သူ၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

"ခြောက်ခုတောင်လား…”

ထိုတွေ့ရှိမှုကြောင့် သူတို့အားလုံး ဆွံ့အလျက် ရှိနေကြသည်။

ဝှစ်...

ထိုအချိန်တွင် ဝေ့ဝူယင် သည် ပြိုကွဲပျက်စီးနေသော ဓားမိစ္ဆာမ အရှင်သခင် ၏ ခန္ဓာကိုယ်ရှေ့သို့ ရောက်ရှိလာခဲ့၏။

သူမက သူ့ကို မော့ကြည့်လိုက်သည်။ သူမ၏ အကြည့်များထဲတွင် နောက်ဆုံးအချိန်ထိ တိုက်ခိုက်လိုသော အရှုံးမပေးသည့် ဆန္ဒများ ရှိနေခဲ့၏။ သူမ၏ နောက်ဆုံးအချိန်များကို အခွင့်ကောင်းယူရဲသူ မည်သူ့ကိုမဆို အတူတကွ ဆွဲချသွားရန် သို့မဟုတ် ကြီးမားလှသော ပျက်စီးဆုံးရှုံးမှုကြီးတစ်ခု ဖန်တီးသွားရန် သူမ ပြင်ဆင်ထားခဲ့ပေသည်။

ဝေ့ဝူယင် က ထိုအရာကို ခံစားမိပြီး ပြုံးလိုက်သည်။

"မင်း အသက်ရှင်ချင်သေးလား..."

သူမ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ သို့သော် သူမ စကားမပြောနိုင်ခဲ့ချေ။ သူမသည် အမှောင် ဟင်းလင်းပြင် အတွင်း၌ ငါးသေတစ်ကောင်လို လွင့်မျောနေခဲ့၏။

ဝေ့ဝူယင်က သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ ဝိညာဉ် ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဆေးလုံးသည် အဆင့်နိမ့် အဆင့်တွင် ရှိနေခဲ့၏။ သို့တိုင်အောင် ၎င်းထံမှ ငြင်းဆန်၍မရနိုင်သော ကောင်းကင်ယံ၏ သန့်စင်မှုများနှင့် အဂ္ဂိရတ် ရနံ့များက အထင်အရှား ထွက်ပေါ်နေခဲ့ပေသည်။

၎င်းမှာ သူ၏ ကိုယ်ပိုင် ဝိညာဉ် ဆေးလုံး မဟုတ်ခဲ့ပေ။ သေဆုံးသွားပြီဖြစ်သော ကောင်းဟန်ထံမှ သူ ခိုးယူထားခဲ့ခြင်း ဖြစ်သည်။ ထိုဆေးလုံးသည် မိုးကုပ်စက်ဝိုင်း သန့်စင်ခြင်း မျှော်စင် မှ ပိုင်ဆိုင်သော အရာပင် ဖြစ်၏။

ဆေးလုံး ထွက်ပေါ်လာချိန်တွင် မိစ္ဆာမ ဟု ခေါ်ဆိုကြသော သူမ၏ မျက်လုံးများသည် တောက်ပသော မျှော်လင့်ချက်များဖြင့် ပြူးကျယ်လာခဲ့လေသည်။

"တောင်းဆိုချက် သုံးခု... အဲဒါတွေကလည်း သင့်လျော်တဲ့ အကြောင်းပြချက်တွေ အတွင်းမှာပဲ ရှိရမယ်... လက်ခံနိုင်လား..."

ဝေ့ဝူယင် က ကမ်းလှမ်းလိုက်သည်။ ထို့နောက် ဓားမိစ္ဆာမ အရှင်သခင် ထံမှ သဘောတူညီကြောင်း အရိပ်အယောင်တစ်ခုမျှ မပြနိုင်မီမှာပင် သူက လှုပ်ရှားလိုက်သည်။ သူသည် အဂ္ဂိရတ် အာကာရှစ် လျှို့ဝှက် စွမ်းအားကို အသုံးပြု၍ ဝိညာဉ် ဆေးလုံးကို သူမ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်၏။ ၎င်းသည် သူမ၏ ရုပ်ခန္ဓာကို တိုက်ရိုက် ကျော်ဖြတ်သွားခဲ့သည်။ ထို့နောက် မတည်မငြိမ် ဖြစ်နေသော သူမ၏ ပဲ့တင်ထပ် ဝိညာဉ် အတွင်းသို့ ဝင်ရောက်ကာ သန့်စင်သွားစေခဲ့ပေသည်။

"မင်းရဲ့ ဆုံးဖြတ်ချက်က တစ်ခုခုကိုများ သက်ရောက်မှု ရှိမလား ဆိုတာ စောင့်ကြည့်ကြတာပေါ့..."

ဝေ့ဝူယင် အပြုံးဖြင့် ပြောလိုက်လေသည်။

***

အပိုင်း(၂၄၅၂)

"မ... မလုပ်ပါနဲ့... ကျေးဇူး... ကျေးဇူးပြုပြီး... ကျွန်တော်တို့ကို မသတ်ပါနဲ့..."

ဓားသံစဉ်တစ်ခု ထွက်ပေါ်လာပြီးနောက်တွင် ဓားအလင်းတန်း၏ ခုတ်ပိုင်းမှုကြောင့် ခေါင်းတစ်လုံး လေထဲသို့ လွင့်စင်သွားခဲ့သည်။ အသက်ရှင်ခြင်း လက္ခဏာများအားလုံး လုံးဝ ပျောက်ကွယ်သွားပြီး ခေါင်းပြတ်နေသော အလောင်းကောင် တစ်ခုသာ ပြုတ်ကျသွားခဲ့၏။ ထိုအလောင်းကောင်ထံမှ ပူနွေးသော သွေးများက စမ်းရေပေါက်တစ်ခုကဲ့သို့ အဆက်မပြတ် ပန်းထွက်နေခဲ့လေသည်။

ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ကောင်းကင် စွမ်းအား အလွှာပါးလေး တစ်ခုဖြင့် ကာရံထားသော နယ်နိမိတ် တစ်နေရာတွင် သတ်ဖြတ်ပွဲကြီး၏ နောက်ဆုံး အခိုက်အတန့် လက္ခဏာများ ထွက်ပေါ်နေခဲ့၏။

ထိုနေရာသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့်အောက် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သော နေရာဖြစ်ပေသည်။ ထိုထက် ကျော်လွန်သူများ ဝင်ရောက်ပါက အရိုးပြာ နယ်မြေ အမြုတေက ချက်ချင်းပင် တုန့်ပြန် တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

ဖခင်လေးက စေလွှတ်လိုက်သော ကျင့်ကြံသူ များထဲတွင် စုရီ ၏ ရန်သူများ အများအပြား ပါဝင်နေခဲ့ကြသည်။ သူတို့သည် စုရီ ကို မည်သည့် စျေးနှုန်းဖြင့်မဆို သေဆုံးစေလိုကြ၏။ ထို့အပြင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ပါး၏ ထောက်ပံ့မှုနှင့်အတူ သူတို့၏ စွမ်းအားများကို တစ်သားတည်း ဖြစ်စေရန် စနစ်တကျ ပြင်ဆင်ထားသော ပုံဖော်ခြင်း အမျိုးအစား အစီအရင်များဖြင့် သူတို့ကိုယ်တိုင် တာဝန်ယူ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိတော့ပေ။

တစ်ယောက်မှ မကျန်တော့ချေ။

သေရာပါ အငြိုးအတေးများ ရှိထားကြသော လျှို့ဝှက်အရှင် သို့မဟုတ် သူတော်စင် အဆင့်ရှိ ရန်သူတိုင်းသည် ရက်စက်သော သတ်ဖြတ်လိုစိတ်များဖြင့် ရောက်လာခဲ့ကြသည်။ သူတို့၏ ကနဦး တိုက်ခိုက်မှုများမှာ အလွန်တရာ ပြင်းထန်လှ၏။

သို့သော် သူတို့နှင့် ဖခင်လေးတို့ မျှော်လင့်ထားကြသည်နှင့် ခြားနားစွာပင်... စုရီ သည် သိသိသာသာ ပြန်လည်သက်သာလာခဲ့လေပြီ။ စုရီ ၏ ရှေ့မှောက်တွင် သူတို့သည် ဂေါ်ဖီထုပ်များကဲ့သို့ အလွယ်တကူ ကျိုးပဲ့လွယ်နေခဲ့ကြပြီး သူတို့၏ အသက်များသည်လည်း ဂျုံခင်းကို ရိတ်သိမ်းသကဲ့သို့ သူ၏ ဓားဖြင့် လွယ်ကူစွာ ရိတ်သိမ်းခံလိုက်ရလေသည်။

ထိုမြင်ကွင်းမှာ အလွန်တရာ သွေးထွက်သံယိုများပြီး ရက်စက်ကြမ်းကြုတ်လှသည်။ အကြောက်တရားနှင့် ထိတ်လန့်မှုများက သူတို့ကို လွှမ်းမိုးသွားချိန်တွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် စိတ်ပျက်အားငယ်စွာ အော်ဟစ်သံများက ထိုနယ်နိမိတ်အတွင်း မိုးရွာသကဲ့သို့ ကျဆင်းနေခဲ့၏။ သူတို့သည် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့ထဲမှ လူများ ပိုမို သေဆုံးလာသည်နှင့်အမျှ သတ္တိကြောင်ကာ ကြောက်ရွံ့လာခဲ့ကြသည်။ အသက်ရှင်ခြင်းကိုသာ လိုလားလာခဲ့ကြတော့၏။ သူတို့တွင် အဆင့်အတန်းများ ရှိကြသည်။ ရှည်လျားသော သက်တမ်းများ ရှိကြသည်။ အလားအလာများ ရှိကြသည်။ ပါရမီများ ရှိကြသည်။ ချစ်သူများ ရှိကြသည်။ လေးစားမှု၊ အာဏာနှင့် စွမ်းအားများလည်း ရှိထားခဲ့ကြပေသည်။

ယခုမူ သူတို့ ဖျက်ဆီးပစ်ချင်နေသော ရန်သူ၏ လက်ချက်ဖြင့် ထိုအရာအားလုံး လုံးဝ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ကံဆိုးစွာဖြင့် ထိုနယ်နိမိတ်သည် တစ်ဝက်တစ်ပျက်သာ ဝင်ထွက်ခွင့် ပြုသော အလွှာတစ်ခု ဖြစ်နေခဲ့၏။ ဝင်ရောက်လာသူများသည် မိမိတို့ သဘောကျ အလွယ်တကူ ပြန်ထွက်သွား၍ မရနိုင်တော့ပေ။ ပါးလွှာသော ကောင်းကင် စွမ်းအား အလွှာလေးသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ များကို ပြင်းထန်စွာ တုံ့ပြန်ရုံသာမက အပြင်သို့ ထွက်ခွာလိုသူများကိုလည်း ကြမ်းတမ်းစွာ တုံ့ပြန်တတ်လေသည်။

အမှန်တကယ်တော့ ၎င်းမှာ သူတို့၏ အပြစ်မဟုတ်ခဲ့ပေ။ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ဟူသော အထင်မှားမှုက အလွယ်တကူ ပြန်ထွက်နိုင်သည် ဟူသော ယုံကြည်မှုကို ဖြစ်ပေါ်စေခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းသည် အမှန်တရားနှင့် လုံးဝကို ဝေးကွာလွန်းလှ၏။

တစ်ဝက်တစ်ပျက်သာ ဝင်ထွက်ခွင့် ပြုသော အလွှာတစ်ခုအနေဖြင့်၊ ထို့အပြင်... ကောင်းကင် လောက တစ်ခုအနေဖြင့် ၎င်းအမြုတေသည် ဆက်လက်ရပ်တည်နိုင်ရန် ပြင်ပမှ စွမ်းအင်များနှင့် အမတေများ စဉ်ဆက်မပြတ် လိုအပ်နေခဲ့သည်။ ထို့ကြောင့် လျှို့ဝှက်လောက အဆင့် သို့မဟုတ် ၎င်းအောက် အဆင့်ရှိ စွမ်းအင်၊ အမတေ သို့မဟုတ် အော်ရာ အမျိုးအစား အားလုံးကို လွတ်လပ်စွာ ဝင်ရောက်ခွင့် ပြုထားခဲ့သည်။ ကောင်းကင်ငယ် အဆင့် ကောင်းကင်လောက တစ်ခုမျှသာ ဖြစ်သောကြောင့် လျှို့ဝှက်ကောင်းကင် သို့မဟုတ် ၎င်းအထက် အဆင့်ရှိသူများသည် မတည်မငြိမ်ဖြစ်လွယ်ကာ ချေဖျက်ရန်နှင့် သန့်စင်ရန် ခက်ခဲလွန်းလှပေသည်။

သူတို့သည် ကောင်းကင် လောက အကြွင်းအကျန်များ၏ ပတ်ဝန်းကျင် စွမ်းအင်များနှင့် အမတေများကို စုပ်ယူပြီးနောက်တွင် ပျက်စီးသွားသော လောကကြီး၏ မူလ အစိတ်အပိုင်းများအဖြစ် သတ်မှတ်ခံလိုက်ရကြောင်းကို လုံးဝ မသိရှိခဲ့ကြပေ။ ထို့အပြင် ပေါက်ကွဲမှုအပြီးတွင် လောကကြီးသည် ပြန်လည်တည်ဆောက်ရန်နှင့် ပြန်လည်သက်သာလာစေရန် အလိုအလျောက် မိမိကိုယ်ကို ကာကွယ်မှုအဖြစ် လုံးဝ ပိတ်ဆို့လိုက်ခြင်းသာ ဖြစ်ပေသည်။

ပြန်လည်ထွက်ခွာရန်ဆိုသည်မှာ အရိုးပြာ နယ်မြေ အတွင်းမှ စွမ်းအင်နှင့် အမတေ အကြွင်းအကျန်တိုင်းကို ဖယ်ရှားပစ်ရန် လိုအပ်သော ရိုးရှင်းသည့် ကိစ္စတစ်ခုသာ ဖြစ်၏။ သို့သော် တိုက်ပွဲဝင်နေစဉ်အတွင်း သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့် နည်းလမ်းများ၏ မသိစိတ်မှ လည်ပတ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့ကြောင့် လွတ်မြောက်ရန် လမ်းစ လုံးဝ မရှိတော့ပေ။

သို့သော် ချွင်းချက်အနေဖြင့် သူတို့သည် ဤလောကမှ အစပြုသော စွမ်းအင်နှင့် အမတေ အမှုန်အမွှားတိုင်းကို ရှာဖွေဖယ်ရှားရန် အချိန်ယူကာ ပြင်းပြင်းထန်ထန် သန့်စင်ရမည် ဖြစ်သည်။ သို့သော်လည်း လျှို့ဝှက် အဆင့် မွေးရာပါ စွမ်းအင်များ သို့မဟုတ် လျှို့ဝှက် စွမ်းအား များကို ပြန်လည်ဖြည့်တင်းရန် စွမ်းအင်များနှင့် အမတေများကို သန့်စင်ခဲ့သူများအတွက်မူ လုံးဝ ကံမကောင်းလှပေ။

သူတို့သည် ဤနေရာတွင် စုရီ နှင့်အတူ ပိတ်မိနေခဲ့ကြပြီ ဖြစ်သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုအတွင်း ရောက်ရှိနေခြင်းပင် ဖြစ်၏။ သူတို့ထဲမှ အများအပြားသည် ဖခင်လေး ထံမှ အကူအညီ တောင်းခံခဲ့ကြသည်။ အချို့က ပဲ့တင်ထပ် ချီ အဆောင်များကို အသုံးပြုခဲ့ကြသော်လည်း ကောင်းကင် လောက ၏ ချက်ချင်း သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရ၏။

ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသောအခါ ဖခင်လေး ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ အချို့က အသက်ရှင်ရန် အခွင့်အရေးတစ်ခုအတွက် ကောင်းကင်ယံကို တမ်းတ ငိုကြွေးခဲ့ကြ၏။ အနည်းငယ်မျှသော သူများကတော့ သူတို့ကို သတ်တော့မည့် စုရီ ထံတွင် အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့ကြသည်။

ထိုလူငယ် ဓားသမား၏ အသက်ကို အဆုံးသတ်ရန် အာဏာရှင်ဆန်သော ရည်ရွယ်ချက်များဖြင့် ရောက်လာခဲ့ကြသော သူတို့သည် ယခုအခါ အသက်ချမ်းသာပေးရန် တောင်းပန်နေကြလေပြီ။ မည်မျှပင် ဟန်ဆောင်ကောင်းပြီး သနားစရာ ကောင်းလိုက်သနည်း။ ကံဆိုးစွာဖြင့် ချမ်းသာကြွယ်ဝသူများ ဖြစ်စေ၊ တန်ခိုးရှင် နတ်သမီးလေးများ ဖြစ်စေ ထိုအရာများက သူတို့ကို အထောက်အကူ မပြုခဲ့ပေ။ သူတို့အားလုံး အချိန်မတိုင်မီ ငရဲသို့ ဆင်းသက်သွားခဲ့ကြရလေပြီ။ စုရီ ၏ ဓားသည် လူတိုင်းအပေါ် တန်းတူညီမျှ ရက်စက်ခဲ့ပေသည်။

လေထု၊ စွမ်းအင်၊ အမတေ၊ အာကာသ၊ အချိန်၏ စီးဆင်းမှုနှင့် မာနာ လှိုင်းလုံးများအားလုံး ထိုနယ်နိမိတ်တွင် ပြင်းထန်စွာ ရိုက်ခတ်နေခဲ့သည်။ ကောင်းကင် တာအိုများ သည် စုရီ ၏ အနီးတွင် သိမ်မွေ့စွာ လည်ပတ်နေပြီး သူ၏ ကမ္မ ကံကြမ္မာ သည် လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာကာ အကြိမ်ကြိမ် ကောင်းချီးပေးခံနေရ၏။ ထို လျှို့ဝှက်အရှင် များနှင့် အစစ်အမှန် သူတော်စင်များ တိုင်းကို ကောင်းကင် တာအိုများက သူ၏ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

သူတို့အားလုံးသည် ၎င်း၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့် သို့မဟုတ် ကောင်းချီးခံများကို သတ်ဖြတ်ခြင်းကြောင့် အပြစ်များ စုဆောင်းထားသော အဆင့်အမျိုးမျိုးရှိသည့် အပြစ်သားများသာ ဖြစ်ကြပေသည်။ ဒုတိယ အကြောင်းပြချက်က ပထမတစ်ခုထက် များစွာ ပို၍ ဖြစ်နိုင်ချေ ရှိနေပေသည်။

ကျင့်ကြံခြင်း ခရီးလမ်းမှာ ခက်ခဲကြမ်းတမ်းလှသည်။ ကောင်းကင် တာအိုများ ၏ ကောင်းချီးရထားသူများပင်လျှင် သူတို့၏ အသက်ကို အဆုံးသတ်သွားစေနိုင်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထိုစိန်ခေါ်မှုများသည် ပုံစံအမျိုးမျိုးဖြင့် လာတတ်သော်လည်း ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းများကြားတွင် အတွေ့ရအများဆုံးမှာ လူသားများ၏ ကပ်ဘေးများပင် ဖြစ်သည်။ ထိုအရာများသည် လောဘ၊ မာန၊ ဒေါသ၊ ရမ္မက်၊ အစားကျုးခြင်း၊ မနာလိုခြင်းနှင့် ပျင်းရိခြင်းတို့၏ ပြယုဂ်များသာ ဖြစ်ပေသည်။ အချို့က ထိုကပ်ဘေးများကို ဖြတ်ကျော်ကာ ပိုမို၍ ထွန်းလင်း လာကြသည်။ အချို့ကတော့ စိတ်နှင့် ခန္ဓာကွဲကာ သေဆုံးခြင်းသို့ ရောက်ရှိကြရသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သည် ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော ဂလက်ဆီ တစ်ခု မဟုတ်ခဲ့ပေ။ ကစားပွဲတစ်ခုကြောင့် ဖြစ်ပေါ်လာခဲ့သော သူရဲကောင်း တာအို စံအိမ် ၏ ကပ်ဘေးသည် ထင်ရှားသော ပါရမီရှင်များနှင့် အစွမ်းထက် ကျင့်ကြံသူ များကို သေဆုံးစေခဲ့သည်။ ထို့အပြင် သူရဲကောင်း တာအို စံအိမ် ၏ တပည့်များစွာမှာလည်း တစ်သက်တာလုံး ထိခိုက်စေမည့် ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့ကြ၏။ ဤသည်မှာ ဂလက်ဆီ ၏ ရက်စက်ကြမ်းကြုတ်မှု ဟူသော ငြင်းဆန်၍မရသည့် အမှန်တရား၏ လက္ခဏာရပ်တစ်ခုပင် ဖြစ်ပေသည်။

အဂ္ဂိရတ်ပညာရှင်များသည် အမြင့်ဆုံးတွင် စိုးစံနေကြသည်။ သူတို့သည် အလွန်တရာ ချမ်းသာကြွယ်ဝကြပြီး အခြားသူများကို သတ်ဖြတ်ကာ ဒဏ်ကြေးပေးရုံဖြင့် ပြီးပြတ်စေနိုင်သော အာဏာကို ပိုင်ဆိုင်ထားကြ၏။ သူတို့ကို အထက်ပိုင်း အလွှာများက ကာကွယ်ပေးထားပြီး အထူးအခွင့်အရေးများ ပေးထားခြင်းမှာ ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ အဂ္ဂိရတ်ပညာရှင်များ၊ အထူးသဖြင့် အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံသူ များကို မွေးရာပါ အဆင့်အတန်း မြင့်မားသူများအဖြစ် ဂလက်ဆီ တစ်ခုလုံးက ယဉ်ကျေးမှု စံနှုန်းတစ်ခုအနေဖြင့် အသိအမှတ်ပြုထားကြ၏။ မည်သို့ပင်ဆိုစေကာမူ အဂ္ဂိရတ် ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုကို ကျင့်ကြံရန် လိုအပ်သော အဂ္ဂိရတ် ပါရမီ အဆင့်ကို လူတိုင်း ပိုင်ဆိုင်ထားခြင်း မဟုတ်ပေ။

အနန္တ ကုန်းမြေတိုက်ကြီး ရှိ ဧဒင်မြေကြီးဂိုဏ်း သို့ ပြန်ကြည့်မည်ဆိုလျှင် ဝေ့ဝူယင်သည် သူ၏ မကြုံစဖူးသော အဂ္ဂိရတ် ပါရမီကြောင့် အမည်မသိ လူရာမဝင်သူ ကျပ်မပြည့်သူ တစ်ယောက်ဘဝမှ ဒုတိယ ဂိုဏ်းချုပ် ၏ တပည့်အဖြစ်သို့ ရုတ်တရက် တက်လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ ထိုပါရမီ၏ ရှားပါးမှုကို ပြသနေခြင်းပင် ဖြစ်၏။ အနန္တ ဧကရာဇ်ဂိုဏ်း တွင်ပင် ဂိုဏ်း၏ အကြီးကျယ်ဆုံး အဂ္ဂိရတ်ပညာရှင် ဖြစ်သော ထို့ပိဟန်တောင်မှ အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံသူ တစ်ဦး မဟုတ်ခဲ့ပေ။

ကောင်းကင် တာအိုများ သည် မျက်နှာလိုက်တတ်ပြီး အတော်လေး ကောက်ကျစ်စဉ်းလဲလှသည်။ ထိုကျင့်ကြံသူ တစ်ဦးချင်းစီသည် ဤနေရာတွင် တိုက်ခိုက်ရန် သိမ်မွေ့စွာ ဩဇာလွှမ်းမိုးခံခဲ့ရ၏။ ဤနေရာတွင် ခုခံရန်၊ ဤနေရာတွင် သေဆုံးရန်ပင် ဖြစ်သည်။

အရာအားလုံးက တစ်ခုတည်းသော တည်ရှိမှု ဖြစ်သည့် စုရီ အတွက်သာ ဖြစ်ပေသည်။

၎င်းက တရားမျှတပါသလား။ မမျှတဘူးဟု ဆိုရပေမည်။

၎င်းက မတရားဘူးလား။ ငရဲသို့ ရောက်သွားသူများကတော့ ကျိန်းသေပေါက် ထိုသို့ တွေးထင်နေကြပေလိမ့်မည်။

ဝေ့ဝူယင်သည် ဓားမိစ္ဆာမ အရှင်သခင် ၏ ကိုယ်တွင်းသို့ ဝိညာဉ် ဆေးလုံး ကို ခွဲစိတ်သန့်စင် ထည့်သွင်းပေးနေရင်း ဤအဖြစ်အပျက်ကို စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း... သူကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်မှုကို လုပ်ဆောင်နေခြင်း မဟုတ်ချေ။ သူ၏ ဒုတိယ စိတ်သည် ဧဒင် နှင့် ပူးပေါင်းကာ သူ၏ ခန္ဓာကိုယ်ကို ခြယ်လှယ်ခြင်းဖြင့် လုပ်ငန်းစဉ်ကို ထိန်းချုပ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ငယ် တမန်တော် တစ်ပါး၏ သန့်စင်ထားသော ရုပ်ခန္ဓာကို လေ့လာရင်း သိသာထင်ရှားသော နားလည်သဘောပေါက်မှုများကို ရယူနေခဲ့ပေသည်။

ဝေ့ဝူယင် သည် သနားကြင်နာလွန်းသူ သို့မဟုတ် ဖြူစင်သော သူတော်စင် တစ်ပါး မဟုတ်ပေ။ ဤ ဆံပင်နီများနှင့် အထွတ်အထိပ် သူတော်စင်က သူ့ကို လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး အချို့ အနိုင်ရစေခဲ့သည် ဆိုသည့်တိုင်အောင်၊ သို့တည်းမဟုတ် သူမက လှပသော မိန်းကလေး တစ်ဦး ဖြစ်နေသည် ဆိုသည့်တိုင်အောင် သူမအတွက် ဝိညာဉ် ဆေးလုံး တစ်လုံးကို သူ အလဟဿ အကုန်ခံမည် မဟုတ်ချေ။ သူ၏ မျက်လုံးထဲတွင် သူမသည် ထိုမျှလောက် အရေးမပါလှပေ။

သို့သော် ကောင်းကင်ငယ် တမန်တော် အဆင့် ရှိ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အားအနည်းဆုံး အခြေအနေတွင် လေ့လာခွင့်ရသည့် အခွင့်အရေးကို သူ၏ ဒုတိယစိတ်က လုံးဝ လက်လွတ်မခံလိုခဲ့ပေ။ ကနဦး တွန့်ဆုတ်မှုများ ရှိနေသည့်တိုင် သူ၏ ဒုတိယစိတ်သည် ဤအရာကို လုပ်ဆောင်ရန် ဝေ့ဝူယင် ၏ စိုးရိမ်မှုများအားလုံးကို လျစ်လျူရှုကာ ပြောင်းလဲမရနိုင်လောက်အောင် တောင်းဆိုနေခဲ့၏။

သို့သော်လည်း... အောင်မြင်နိုင်ချေ ရာခိုင်နှုန်း တစ်ရာ ရှိသည်ဟု သူ မယုံကြည်ခဲ့ပေ။ သူသည် အခြေအနေကို ချိန်ဆကြည့်ခဲ့ပြီး ဖြစ်သည်. ဝိညာဉ် ဆေးလုံး ကို အသုံးပြုခြင်းက ငါး ရာခိုင်နှုန်းမှ တစ်ဆယ် ရာခိုင်နှုန်းခန့်သာ အခွင့်အရေး ရှိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုရာခိုင်နှုန်း တန်ဖိုး၏ တစ်ဝက်သည်ပင် သူမ ကူညီမှသာ ရနိုင်မည် ဖြစ်၏။ ဝေ့ဝူယင်သည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် နှင့် ပတ်သက်၍ လုံလောက်စွာ သိရှိထားခြင်း မရှိသေးပေ။

ထင်သည့်အတိုင်းပင် ဓားမိစ္ဆာမ၏ ခန္ဓာကိုယ်သည် စတင် တောင့်တင်းလာခဲ့သည်။ သူမ၏ ပဲ့တင်ထပ် ဝိညာဉ်သည် တစ်ဖြည်းဖြည်း ယိုယွင်းလာပြီး ပျံ့လွင့်သွားရန် ကြိုးစားနေခဲ့၏။

‘ဘာလို့ သူ့ရဲ့ ဝိညာဉ်ကို ငါ ခံစားလို့ မရတာလဲ...'

ဝေ့ဝူယင် နှင့် သူ၏ ဒုတိယစိတ်တို့ အံ့အားသင့်သွားကြသည်။ သူတို့သည် သူမ၏ ဝိညာဉ်ကို မခံစားနိုင်ခဲ့ဘဲ သူမ၏ ခမ်းခြောက်ကာ ပြိုကွဲနေသော ပဲ့တင်ထပ် ဝိညာဉ် ကိုသာ ခံစားသိရှိနိုင်ခဲ့၏။ သို့သော် သူမက သက်ရှိထင်ရှား ရှိနေဆဲပင်။

'အိုး... သူ့ရဲ့ ဝိညာဉ်က သူ့ရဲ့ ပဲ့တင်ထပ် ဝိညာဉ် ထဲမှာ ရှိနေတာပဲ...'

ဒုတိယစိတ်သည် ပေါက်ကွဲထွက်မတတ် ဉာဏ်အလင်းရသွားသည့်အလား အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုတွေ့ရှိမှုက ဝေ့ဝူယင် ၏ အသည်းနှလုံးကို လှုပ်ခတ်သွားစေခဲ့၏။ ဤသည်မှာ သီအိုရီ တစ်ခု မဟုတ်ပေ။ ၎င်းသည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ၏ အမှန်တရား တစ်ခုသာ ဖြစ်ပေသည်။

'ဒါပေမယ့် ပဲ့တင်ထပ် ဝိညာဉ် ကသာ သူ့ရဲ့ ဝိညာဉ် ဖြစ်နေမယ်ဆိုရင်... သူ နိုးထလာတဲ့ အစစ်အမှန် ဝိညာဉ် က... နေပါဦး...'

ဝေ့ဝူယင်သည် လျှို့ဝှက် အာဏာရှင် အဆင့် အကြောင်းကို စတင်တွေးတောမိချိန်တွင် ရှုပ်ထွေးသွားခဲ့သည်။ ဝိညာဉ် ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော သိုလှောင်ခန်း တစ်ခု ဖြစ်သည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် အမတေ အုတ်မြစ်တို့ကို ဒီအန်အေ ဖွဲ့စည်းပုံနှင့် အလားသဏ္ဌာန်တူစွာ အတူတကွ ပေါင်းစပ်ထိန်းသိမ်းပေးထား၏။ ထို့အပြင် ကျင့်ကြံသူ တစ်ယောက်၏ အခြားသော မွေးရာပါ ပါရမီများကိုပါ ထိန်းသိမ်းပေးထားကာ ၎င်းတို့ကို ကြီးထွားလာစေရန် ခွင့်ပြုပေးထားသည်။

ဤအကြောင်းကြောင့်ပင် မွေးရာပါ ပါရမီကို အလွယ်တကူ ရယူရန် သို့မဟုတ် သိမ်းပိုက်ရန် မဖြစ်နိုင်ခြင်း ဖြစ်၏။ သို့သော်လည်း တိကျသော နည်းလမ်းများ၊ ကျင့်စဉ်များ၊ အစီအရင် များအောက်ရှိ ဝိညာဉ်တစ်ခု၏ ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိများက ထိုစွမ်းရည်များကို အတုယူ ဖန်တီးနိုင်စွမ်း ရှိပေသည်။

ဥပမာ အားဖြင့် ဝေ့ဝူယင် ၏ အစစ်အမှန်နဂါး သွေးမျိုးဆက် ပင် ဖြစ်သည်။ ၎င်းက သူ၏ ရုပ်ခန္ဓာကို ပြောင်းလဲပေးခဲ့၏။ သို့သော် ယခင်က ကပ်ဘေးတစ်ခုအတွင်း သူ တွေ့ဆုံခဲ့ရသော သူ၏ အခြားပုံစံကွဲ တစ်ခု (ဝတ်စုံနက် ဝေ့ဝူယင်) သည် ခရာတိုကို ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုကဲ့သို့သော မွေးရာပါ ပါရမီမျိုးကို ဖန်တီးနိုင်စွမ်း မရှိတော့ချေ။ သူသည် ဟင်းလင်းပြင် တာအို ၏ အနာဂတ် လမ်းကြောင်းများဆီသို့ သွားရောက်ခွင့်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင် သာ သူ၏ ကြယ်တာရာ ဝိညာဉ် လေးခုစလုံးကို ဆုံးရှုံးသွားခဲ့မည်ဆိုလျှင် သူ၏ မိခင်ထံမှ ရရှိထားသော ဝိညာဉ် ဝါးမြိုသူ သွေးမျိုးဆက် နှင့် ဝိညာဉ် မွေးဖွားမှုမှ ကျပန်း ရွေးချယ်ခံရသော မက်ဂီ သွေးမျိုးဆက် တို့သာ ကျန်ရစ်တော့မည် ဖြစ်သည်။ ဒုတိယ သွေးမျိုးဆက်ကြောင့်ပင် မာဂီ များသည် အလွန်တရာ ရှားပါးနေရခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ထာဝရ ဧကရာဇ် နှင့် ဝေ့ဝူယင် တို့အကြား တိုက်ရိုက် ဆက်နွယ်မှု မရှိခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့... ထိုအရာက ဝေ့ဝူယင် တွေးထင်ထားခဲ့သော အရာပင် ဖြစ်ပေသည်။

***

All Chapters