← Chapters

အခန်း (၂၄၅၇-၂၄၅၈)

Vol. 176 Ch. 2457-2458

အခန်း (၂၄၅၇-၂၄၅၈)

Vol. 176 Ch. 2457-2458

အပိုင်း(၂၄၅၇)

တောက်ပသော ကြယ် နန်းတော် သခင်ကတော့ ဝေ့ဝူယင် နှင့် သူ၏ လူနာတို့၏ အောက်ဘက်တွင် လွင့်မျောနေပြီး မည်သူကမျှ တောင်းဆိုရန် မလိုဘဲ တာအို စောင့်ရှောက်သူ အဖြစ် တည်ငြိမ်စွာ လုပ်ဆောင်နေခဲ့သည်။ ပျားရည်ရွှေရောင် နန်းတော် သခင်သည်လည်း သူနှင့် မိုင်အနည်းငယ် အကွာအဝေးသို့ ရောက်ရှိလာပြီးနောက် တင်ပျဉ်ခွေထိုင်ကာ တည်ငြိမ်သော အော်ရာ ဖြင့် တရားထိုင်နေခဲ့သည်။

တောက်ပသော ကြယ်နန်းတော် သခင် သူမကို စိတ်ထဲမှ ချီးကျူးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်ကို ကယ်တင်ရန် ကြိုးစားနေသော အာရုဏ်ဦး အာဏာရှင် ဧကရာဇ် အတွက် တာအို စောင့်ရှောက်သူ များအဖြစ် လုပ်ဆောင်ပေးခြင်းသည် မကြာမီ ဖြစ်ပေါ်လာတော့မည့် ပြဿနာများကို ရှောင်ရှားရန်အတွက် အလွန်ကောင်းမွန်သော ဆင်ခြေတစ်ခု ဖြစ်ပေသည်။

တစ်ချိန်တည်း၌... အမှောင်မိခင်သည် ရှောင်လွှဲ၍ မရနိုင်တော့သည့် တိုက်ပွဲ အတွက် မွေးကင်းစ ကလေးငယ် တစ်ဦး၏ ဦးခေါင်းအရွယ်အစားရှိသော ဆေးအိုး တစ်လုံးကို ထုတ်ယူလိုက်၏။

၎င်းသည် တောက်ပသော ရွှေရောင်ဖြင့် ဖုံးလွှမ်းထားပြီး ကောင်းကင်အလင်းတန်းများဖြင့် လင်းလက်နေခဲ့သည်။ သူမသည် ၎င်းကို သူမရှေ့တွင် လွင့်မျောနေစေပြီး ပဲ့တင်ထပ် ချီ များကို ထိုအထဲသို့ သွန်းလောင်းထည့်လိုက်၏။ ၎င်းက ဆေးအိုးကို ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတန်းများနှင့် ပေါက်ကွဲထွက်ပေါ်လာစေခဲ့သည်။

"ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု နဲ့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ အစွမ်းကုန် မိုးကုပ်စက်ဝိုင်း မျှော်စင် တွေက ငါ့ကို ပေးအပ်ထားတဲ့ ကောင်းကင် လျှို့ဝှက်ချက် ရဲ့ အဂ္ဂိရတ် အာဏာ အရ... ငါ ကောင်းကင်ရှန့်ထို အမှောင်ထုက စုရီ လို့ အမည်ရတဲ့ တာအိုကျင့်ကြံသူ ကို သုတ်သင်ရှင်းလင်းဖို့ အမိန့်ထုတ်ပြန်လိုက်တယ်... သူ အဆင့်တက်ပြီးတဲ့နောက် နှစ်ဆယ့်လေးနာရီ အတွင်းမှာ သူ့အသက်ကို ယူပေးနိုင်သူ မည်သူမဆို ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ဆီကနေ သင့်လျော်တဲ့ တောင်းဆိုမှု ခုနစ်ခု ကို ရရှိမယ်... ပြီးတော့ အချိန်ကာလ အများဆုံး နှစ် ၃၀,၀၀၀ အတွင်းမှာ အဆင့်နိမ့် လျှို့ဝှက် အဂ္ဂိရတ် ထုတ်ကုန်တွေ၊ ပစ္စည်းတွေ၊ အသုံးအဆောင်တွေ ဒါမှမဟုတ် ဝန်ဆောင်မှုတွေအနေနဲ့ လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး ၂,၅၀၀ နဲ့ ညီမျှတဲ့ တန်ဖိုးကို ရရှိမယ်..."

"..."

ဆေးအိုးမှတစ်ဆင့် ဤအမိန့်တော်ကို ဂလက်ဆီ အဆင့်အထိ ထုတ်ပြန်လိုက်ချိန်တွင် ဂလက်ဆီ တစ်ခုလုံး ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

တောက်ပသော ကြယ် နန်းတော် သခင် နှင့် ပျားရည်ရွှေရောင် နန်းတော် သခင် တို့ နှစ်ဦးစလုံးသည် သူတို့၏ အသက်ရှူသံများ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မျက်လုံးများ ပြူးကျယ်လာပြီး လက်ချောင်းများ တုန်ရီလာကာ အစစ်အမှန် ဝိညာဉ် အထိပင် တုန်လှုပ်သွားခဲ့၏။ သူတို့သည် အချင်းချင်း လှမ်းကြည့်လိုက်ကြပြီး စကားတစ်ခွန်းမျှ မဟနိုင်အောင် ဆွံ့အသွားခဲ့ကြသည်။

သစ်ချပင်ဖခင် ၊ ပင်လယ်ဖခင် နှင့် မြေကမ္ဘာမိခင် တို့၏ မျက်နှာပေါ်တွင် နာကျင်သော အမူအရာများ ပေါ်ထွက်လာခဲ့သော်လည်း သူမ၏ ကြေညာချက်ကို သူတို့ မတားဆီးခဲ့သလို ဆန့်ကျင်ပြောဆိုခြင်းလည်း မပြုခဲ့ကြချေ။ ဖခင်လေးသည် သူတို့ စောင့်ကြည့်နေစဉ်မှာပင် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ အပြစ်သာ ဖြစ်သော်လည်း သူတို့တွင် တိကျသော တာဝန်ဝတ္တရားများ ရှိနေခဲ့၏။ ထို့ကြောင့် သူတို့၏ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင် လုံခြုံရေးအတွက် ဤရလဒ်ကို လက်ခံရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ သူမသာ ထိုသို့ မပြောခဲ့လျှင်တောင်မှ စုရီ ကို အသက်ရှင်ခွင့် ပေးထား၍ မရနိုင်တော့ချေ။

မိုးကုပ်စက်ဝိုင်းများ ပင်လျှင် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ယခု သူမက လှုပ်ရှားလိုက်ပြီ ဖြစ်သောကြောင့် မိုးကုပ်စက်ဝိုင်းများ သည် တိုက်ရိုက် လှုပ်ရှားတော့မည် မဟုတ်ချေ။ သို့သော် စုရီက သူမအား သတ်ဖြတ်နေသည်ကိုတော့ သူတို့ စောင့်ကြည့်နေလိမ့်မည် မဟုတ်ပေ။

"တောက်... သေနာမ..."

ကောင်းကင်ဖခင်သည် သူ၏ ဂုဏ်သရေရှိသော ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။ ဤကြေညာချက်က သူတို့အားလုံးကို လှေတစ်စင်းတည်းပေါ်သို့ အတင်းအဓမ္မ ဆွဲတင်လိုက်ခြင်းပင် ဖြစ်၏။ မိုးမိခင် ၏ ရက်စက်စွာ ရှုံ့မဲ့နေသော မျက်နှာသည်လည်း ဒေါသ ထွက်နေကြောင်း ထင်ရှားသော လက္ခဏာရပ်တစ်ခုပင် ဖြစ်ပေသည်။

သူတို့သည် သူတို့၏ ကိုယ်ပိုင် ဒဏ္ဍာရီလာ သစ္စာဆိုမှု များကို ပြုလုပ်ထားပြီး ဖြစ်သောကြောင့် သူမကို ကူညီခြင်းမှလွဲ၍ အခြား မည်သည့် လုပ်ရပ်မျိုးမဆို သူတို့အတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ယခုအခါ စုရီ သည် ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ၏ ရန်သူ ဖြစ်သွားခဲ့ပြီတည်း။

ဝေ့ဝူယင် ၏ မျက်မှောင်များတွင် ချွေးများ စို့နေခဲ့သည်။ လူနာ၏ ပြိုကွဲပျက်စီးနေသော ခန္ဓာကိုယ်ကို မည်သည့်နေရာမှန်းမသိသော အရပ်ဆီသို့ ဆွဲခေါ်သွားရန် ကြိုးစားနေသည့် တခြားကမ္ဘာမှ စွမ်းအားတစ်ခုကြောင့် ဤလုပ်ငန်းစဉ်သည် သူ၏ ဝိညာဉ်အင်အားကို အကြီးအကျယ် ကုန်ခန်းစေနေခဲ့၏။ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သော်လည်း အမှန်တကယ် အခြေအနေအရ ထိုအချိန်တိုလေးအတွင်း၌ သူသည် သူ၏ အဓိက ဥပဒေသများကို လေးကြိမ်တိုင်တိုင် ထုတ်ဖော်အသုံးပြုခဲ့ရသည်။

ထိုဆုကြေးကြေညာချက်အပေါ် သူ အနည်းငယ် အံ့အားသင့်ရုံသာ တုံ့ပြန်နိုင်ခဲ့၏။ ဤအရာကို သူ မျှော်လင့်ထားပြီး ဖြစ်သည်။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ပါးကို သတ်ဖြတ်ခဲ့သော စုရီ ၏ လုပ်ရပ်သည် ကြီးမားသော တားမြစ်ချက်ကြီး တစ်ခုကို ချိုးဖောက်လိုက်ခြင်းပင် ဖြစ်၏။ သူ ဆန္ဒရှိပါက အခြားသူများကို ဆက်လက် သတ်ဖြတ်ရင်း သူ ကိုယ်တိုင်တူးထားသော တွင်းထဲသို့ သူ ဆက်လက်ဆင်းသက်နေခွင့်ကို မိုးကုပ်စက်ဝိုင်းများ က ခွင့်ပြုပေးထားမည် ဖြစ်သော်လည်း သူ ဤဂလက်ဆီ မှ အသက်ရှင်လျက် ထွက်ခွာသွားခွင့်ကိုမူ သူတို့ လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

ဤအရာတွင် မြင်ရသည်ထက် ပိုမိုနက်နဲသော အကြောင်းအရာများ ရှိနေခဲ့လျှင်တော့ တစ်မျိုးတစ်မည် ဖြစ်နိုင်ပေသည်။

စုရီသည် မူလ ကြယ်တာရာ အရှင်သခင်ကို ယွီပေါင်ယွဲ့ ထံသို့ လွှဲပြောင်းပေးပြီးနောက် သူ၏ အသက်ရှူခြင်း ကပ်ဘေး တံခါးပေါက် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့အားလုံး အသက်အောင့်ကာ စောင့်ကြည့်နေခဲ့ကြ၏။ လျှို့ဝှက် တာအို ၏ တန်ပြန်သက်ရောက်မှုကို မခံစားလိုသောကြောင့် မည်သူကမျှ ထိုနေရာတွင် ဝင်ရောက်မလှုပ်ရှားရဲကြပေ။ ကျင့်ကြံခြင်း အခြေခံ မည်သို့ပင် ရှိနေစေကာမူ ပဲ့တင်ထပ် ဝိညာဉ် အဆင့်သည် လျှို့ဝှက် တာအို ၏ ကျင့်ကြံခြင်း နယ်ပယ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲပင် ဖြစ်သည်။ ရတနာများကို လျှို့ဝှက်ကောင်းကင် နှင့် လျှို့ဝှက်ဝိညာဉ် ဟု အမည်ပေးထားခြင်းက ထိုအချက်အတွက် အရေးပါသော သက်သေအထောက်အထားတစ်ခု ဖြစ်ပေသည်။

ဝေ့ဝူယင်သည် ယခင် အရိုးပြာ နယ်မြေ ၏ အမြုတေ ဒေသဆီသို့ လှမ်းကြည့်လိုက်သည်။ အာဖရစ်တူဇာ သည် ရှုံးနိမ့်သွားခဲ့ပြီး ကြယ်ငါးပုံစံ ကြယ်တာရာ ဝါးမြိုသူ ကြီး၏ လက်ချက်ဖြင့် သေလုမတတ် ဖြစ်နေခဲ့၏။ သို့သော် မူလ ကြယ်တာရာ အရှင်သခင် က ဒဏ်ရာများကို အမှုမထားဘဲ အလျင်အမြန် ပြေးဝင်လာခဲ့သောကြောင့် သူ အချိန်မီ ကယ်တင်ခံလိုက်ရခြင်း ဖြစ်သည်။

သူမက မည်သည့် အကြောက်တရားမျှ မရှိဘဲ ထိုးဖောက်ဝင်ရောက်လာပြီးနောက် ကြယ်ငါးကြီးသည် ထွက်ပြေးပုန်းရှောင်သွားခဲ့သည်။ ၎င်းသည် နှစ်ထောင်ပေါင်းများစွာတိုင်အောင် အစာချေဖျက်ရန်နှင့် ရှင်သန်ရန် လုံလောက်သော ပမာဏအထိ စုပ်ယူပြီးသွားခဲ့ပြီ ဖြစ်ပေသည်။

ပါခက် သည် စုမေ့ နှင့် ယောင်ဟုန်ရီ တို့၏ အနီးသို့ ဆုတ်ခွာသွားခဲ့သည်။ ထိုသုံးဦးသည် မူလ ကြယ်တာရာ အရှင်သခင် ၏ အန္တရာယ်များသော အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းမှုကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့ကြ၏။ သူမသည် အာဖရစ်တူဇာ ကို ကယ်တင်နိုင်ခဲ့သော်လည်း ကောင်းကင် အပိုင်းအစ သည် ပါခက် နှင့် ယှဉ်ပြိုင်ရန် အရည်အချင်းအားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဖခင်လေးသည် သူ၏ အခွင့်အရေးကို သေချာစေရန် ကြယ်တာရာ ဝါးမြိုသူ နှင့် ဉာဏ်အလင်းရ သူတော်စင် တို့ နှစ်ဦးစလုံးကို သုတ်သင်ရန် ကြိုးစားခဲ့၏။ သို့သော် ကောင်းကင်ငယ် တမန်တော် တစ်ပါး၏ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် စုမေ့ က ပါခက် ကို ရွှေ့ပြောင်းပေးလိုက်သောကြောင့် ထိုပြင်းထန်လှသော လက်စားချေမှုမှ သူမ ကယ်တင်ခံလိုက်ရလေသည်။

သူတို့အားလုံးသည် နောက်ဆက်တွဲ ရလဒ်များကို အလွန်ပေါ့ပေါ့ပါးပါးပင် စောင့်ကြည့်နေခဲ့ကြသည်။ ထိုရလဒ်များထဲတွင် စုရီ က ဖခင်လေး ကို သတ်ဖြတ်လိုက်ခြင်းနှင့် မူလ ကြယ်တာရာ အရှင်သခင် ကို ကယ်တင်လိုက်ခြင်းတို့လည်း ပါဝင်ပေသည်။

"သူ အဆင့်တက်ပြီးသွားရင် ငါတို့နောက်ကို လိုက်လာမယ်လို့ မင်း ထင်လား..."

ယောင်ဟုန်ရီ က မေးလိုက်၏။ မည်သည့်နေရာမှန်းမသိ ရောက်လာသော စက္ကူအိတ်အညိုရောင်လေး တစ်လုံးအတွင်းမှ စွန်ပလွံသီးများကို သူ စားနေခဲ့၏။ သူက စုမေ့ကို ကမ်းပေးလိုက်သော်လည်း သူမက ငြင်းဆန်ခဲ့သည်။ သို့သော် ပါခက် ကမူ အနည်းငယ် ယူစားခဲ့ပေသည်။

"အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်လိမ့်မယ်..."

ပါခက် က စုမေ့ ရှိရာဘက်သို့ ခေတ္တမျှ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"အင်း..."

ယောင်ဟုန်ရီ ကလည်း မငြင်းခုံခဲ့ပေ။

စုမေ့ သည် ရွှေဖုန်းပေါင် ဝင်ရောက်သွားသော အရိုးပြာ နယ်မြေ ၏ အမြုတေကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"မြန်မြန်လုပ်... နင့်မှာ သုံးရက်ပဲ အချိန်ရမယ်..."

အမြုတေ အတွင်း၌ ရွှေဖုန်းပေါင် ၏ ထူးခြားလှသော မီးတောက် အော်ရာ တစ်ခု တောက်လောင်လာခဲ့သည်။ ၎င်းက ထိုနယ်မြေအတွင်း မျက်စိကန်းလောက်အောင် ပူပြင်းသော မီးတောက်အလင်းရောင် ပေါက်ကွဲမှု အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့၏။

စုမေ့ ခေါင်းညိတ်လိုက်သည်။ အစစ်အမှန် ရတနာကို ရရှိနိုင်ပြီးနောက် သူတို့သည် ဓားပြစစ်စစ်များကဲ့သို့ ထွက်ခွာသွားကြမည် ဖြစ်၏။ အကယ်၍ စုရီ က သူတို့ကို ရှာဖွေချင်နေလျှင်တောင်မှ သူတို့က အခြားတစ်နေရာတွင် ကျင့်ကြံနေကြပြီး သူတို့၏ အံ့ဖွယ် အကျိုးအမြတ်များကို အစာချေဖျက်နေကြပြီ ဖြစ်ပေလိမ့်မည်။ သူမသည် စုရီကိုရော သူ၏ လက်စားချေမှုများကိုပါ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

ထိုအစား ဝေ့ဝူယင် ဤနယ်မြေမှ မထွက်ခွာမီ ပြောခဲ့သော စကားများအပေါ် အခြေခံ၍ သူမ အချိန်သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

"အမြုတေ မပေါက်ကွဲခင် နင့်မှာ သုံးရက် အချိန်ရမယ်... အရမ်း မနှေးစေနဲ့..."

***

အပိုင်း(၂၄၅၈)

အမှောင်မိခင်၏ ကြေညာချက်က မရေမတွက်နိင်သည့် ကျင့်ကြံသူ များ၏ နှလုံးသားအတွင်းရှိ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် အနာဂတ်တို့ကို လောင်စာအဖြစ် ပံ့ပိုးပေးလိုက်သည်။ ထို့ကြောင့်ပင် အားလုံးမှာ နက်ရှိုင်းပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော လောဘ အရိပ်အယောင်များဖြင့် တောက်လောင်လာခဲ့၏။ ထုတ်ပြန်လိုက်သော ဆုကြေးကို ကြားလိုက်ရသူ အားလုံးနီးပါး၏ စိတ်ထဲတွင် လှပသော အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"တကယ်လို့သာ..."

"တကယ်လို့ ငါတို့သာ စုရီ ရဲ့ ခေါင်းကို ဖြတ်နိုင်ခဲ့ရင်ရော..."

"တကယ်လို့ ငါတို့သာ အဲဒီ ခမ်းနားတဲ့ ဆုကြေးကို ရခဲ့မယ်ဆိုရင်ရော..."

"တကယ်လို့သာ... တကယ်လို့သာ..."

၎င်းသည် ရိုးရှင်းသော မေးခွန်းတစ်ခုဖြင့် အမြဲတမ်း စတင်လေ့ရှိသည်။ ထို့နောက် ဖြစ်နိုင်ချေရှိသော တောင်ကုန်းပေါ်မှ လိမ့်ဆင်းလာသည့် နှင်းလုံးကြီးပမာ ကြီးထွားလာကာ မျှော်လင့်ချက်နှင့် လောဘတို့ဖြင့် အထပ်ထပ် ဖုံးလွှမ်းသွားတော့၏။ ထိန်းချုပ်မရသော ဆန္ဒများဖြင့် ဂလက်ဆီ တစ်ခုလုံး ရူးသွပ်မှု အတိသို့ မရောက်ရှိသွားစေရန် တားဆီးပေးထားသော တစ်ခုတည်းသော အရာ ရှိနေခဲ့သည်။ ၎င်းမှာ ဆုကြေးထုတ်ခံထားရသူ၏ မကြာသေးမီက စွမ်းဆောင်ရည်များနှင့် သူမည်သူဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်ပေသည်။

စုရီ ၏ ဂုဏ်သတင်းသည် ပြီးခဲ့သော ဆယ်စုနှစ်များစွာအတွင်း သိမ်မွေ့စွာ ကြီးထွားလာခဲ့သည်။ ပဲ့တင်ထပ် ဝိညာဉ် အဆင့်၏ ဖျက်ဆီးနိုင်စွမ်းရှိသော ဒဏ္ဍာရီလာ ပြစ်ဒဏ် များစွာမှ ရှင်သန်လွတ်မြောက်လာပြီးနောက်တွင်တော့ ထိုဂုဏ်သတင်းများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ လျှို့ဝှက်ကစားပွဲ တစ်ခုတွင် ရှုံးနိမ့်ပြီးနောက် ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမှ သူ သေလုမတတ် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် သာမန် လျှို့ဝှက်အရှင် တစ်ပါးအနေဖြင့် ထိုအရာကို စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

လျှို့ဝှက် အာဏာရှင် အဆင့် ၏ သတ္တမအဆင့်တွင် အာဏာရှင် ရှန့်ထို တစ်ပါးအနေဖြင့် စုရီသည် ထိုအဆင့်ကို များစွာ ကျော်လွန်သော ကြီးမားလှသည့် စွမ်းအားများကို ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင် မယုံကြည်နိုင်လောက်အောင် များပြားလှသော ချမ်းသာကြွယ်ဝမှုများနှင့် ရတနာများကိုလည်း ပိုင်ဆိုင်ထားကြောင်း ပြသခဲ့၏။ ယခုအခါ ထိုဆုကြေးများ၏ ပစ်မှတ်သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ပါးကိုပင် သတ်ဖြတ်လိုက်လေပြီ။

သူတို့အားလုံး ၎င်းကို ခံစားလိုက်ကြရသည်။ အဂ္ဂိရတ်ပညာရပ်ကို လေ့ကျင့်ကာ အဂ္ဂိရတ် အမတေ ကို အဂ္ဂိရတ် စွမ်းအင်အဖြစ် သန့်စင်ဖူးသော ကျင့်ကြံသူ တိုင်း ၎င်းကို ခံစားလိုက်ကြရ၏။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွက်တော့ ထိုကဲ့သို့ ခံစားရသူများမှာ လူဦးရေ၏ ထက်ဝက်ကျော်ခန့် ရှိနေပေသည်။

ယခုမူ ဂလက်ဆီ ၏ စည်းမျဉ်းများကို လျစ်လျူရှုထားသော ထိုကဲ့သို့ သွေးထွက်သံယို စွမ်းဆောင်မှုအပြီးတွင် သူသည် အစစ်အမှန် သူတော်စင် တစ်ပါး ဖြစ်လာရန် ကြိုးပမ်းနေသည်။ သူ၏ အဋ္ဌမမြောက် လျှို့ဝှက် ခြေချခြင်းကို ဖြတ်သန်းနေပြီ ဖြစ်၏။ တိုက်ခိုက်ရေး စွမ်းအားပိုင်းတွင် သူသည် ကောင်းကင်ကို ဖီဆန်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူသာ သူတော်စင် ၏ အစစ်အမှန် အသက်ရှူသံ ကို ရရှိသွားပါက မည်သို့ဖြစ်လာမည်နည်း။

သူတော်စင်၏ အစစ်အမှန် အသက်ရှူသံ သည် လျှို့ဝှက် အမတေ ၏ အမြင့်ဆုံး ပုံစံဖြစ်သည်။ ၎င်းသည် လျှို့ဝှက် ရောင်စဉ်တန်း များ ချိတ်ဆက်ထားသော ကြီးမားလှသည့် နေမင်းများ မှ သန့်စင်ထုတ်လွှတ်ပေးသော လောကကြီး၏ ပတ်ဝန်းကျင်ရှိ အထွတ်အထိပ် လျှို့ဝှက် အမတေ များကိုပင် များစွာ သာလွန်ပေသည်။ ၎င်းသည် မိမိ၏ မွေးရာပါ စွမ်းအင်များကို မြှင့်တင်ပေးရုံသာမက ၎င်းမှ ထွက်ပေါ်လာသော လျှို့ဝှက် စွမ်းအား မှာလည်း မကြုံစဖူး ပြင်းထန်ပြီး စွမ်းအားပိုင်းတွင် ပြိုင်ဘက်ကင်းလှ၏။

ပိုမိုမြင့်မားသော အဆင့်ရှိ သူတော်စင် ၏ အစစ်အမှန် အသက်ရှူသံ ကသာ ကွာခြားချက်ကို ဖန်တီးနိုင်စွမ်း ရှိပေသည်။ ထို့အပြင် သူတော်စင် အစစ်အမှန် အသက်ရှူသံ ၏ အမှုန်အမွှားတိုင်းတွင် မတူညီသော ပြောင်းလဲမှုများ ပါဝင်နိုင်သည်။ ၎င်းတွင် သဘာဝစွမ်းအင် လက္ခဏာရပ်များ ပါဝင်နိုင်ပြီး ၎င်းနှင့် တွဲဖက်အသုံးပြုသော ကျင့်စဉ်များ သို့မဟုတ် အစီအရင် များကို ပိုမို တိုးတက်ကောင်းမွန်စေနိုင်၏။

ထို့ကြောင့် သူတို့ တုံ့ဆိုင်းနေခဲ့ကြခြင်း ဖြစ်ပေသည်။ ဆွဲဆောင်မှုရှိသော အတွေးများ သူတို့၏ စိတ်ထဲတွင် လွင့်မျောနေခဲ့လျှင်တောင်မှ သူတို့သည် ထိုအခွင့်အရေးကို စွန့်လွှတ်ထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ စုရီ သည် အလွန်တရာ စွမ်းအားကြီးမားလွန်းလှ၏။

သို့သော်လည်း... တုံ့ဆိုင်း နေသူများထဲတွင် အထွတ်အထိပ် သူတော်စင်များ မပါဝင်ပါချေ။

သူတို့သည် နန်းတော်များ၊ စံအိမ်များ နှင့် ထူးခြားသော အဖွဲ့အစည်းများမှ အရှင်သခင် သူရဲကောင်းများ ဖြစ်ကြ၏။

သူတို့သည် မိုးကုပ်စက်ဝိုင်းများ၏ တာအို တရားဥပဒေ ထိန်းသိမ်း စောင့်ရှောက်သူများ ဖြစ်ကြသည်။

သူတို့သည် အထီးကျန် လှည့်လည်သွားလာနေသူများလည်း ဖြစ်ကြ၏။

ဝှစ်...

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အရောင်ခုနစ်မျိုးရှိသော မြူခိုး ဂလက်ဆီ နယ်နိမိတ် အပြင်ဘက်တွင် မှုန်ဝါးဝါး အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သဘာဝမကျလောက်အောင် ဝေးကွာလှသော အကွာအဝေးတစ်ခုမှ ပဲ့တင်ထပ်ချီ များ စီးဆင်းလာသည်နှင့်အမျှ ထိုမှုန်ဝါးနေသော အရိပ်သည် ရုပ်လုံးပေါ်လာခဲ့၏။ သူက လူသားမျိုးနွယ်ဝင် အမျိုးသား တစ်ဦး ဖြစ်သည်။

သူသည် အနီ၊ အပြာနှင့် အစိမ်းရောင် ရောနှောနေသော အရောင်သုံးမျိုးရှိ တာအို ဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုဝတ်ရုံမှာ လက်ရှည်ပြီး အောက်နားစွန်းများလည်း ရှည်လျားပေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ကြယ်ငါးပွင့် ပုံသဏ္ဌာန်ရှိသော ခရမ်းရောင် သလင်းကျောက် တစ်လုံးကို မြှုပ်နှံထားပြီး ၎င်းထံမှ ဝိညာဉ် တောက်ပမှုတစ်ခု ထွက်ပေါ်နေခဲ့သည်။ သူ၏ တည်ရှိမှု အတွင်း၌ တည်ငြိမ်အေးချမ်းသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့၏။ အထူးသဖြင့် သူ၏ အတော်အသင့် ချောမောသော မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သော အသွင်အပြင်များကြောင့် ပို၍ပင် ထင်ရှားနေပေသည်။

နက်ရှိုင်းသော ခရမ်းရောင် မျက်လုံးများနှင့်အတူ ထိုအမျိုးသားသည် အရောင်ခုနစ်မျိုးရှိသော မြူခိုးများအတွင်းသို့ စူးစိုက်ကြည့်ရှုနေခဲ့သည်။

မိုင်ပေါင်း ထရီလီယံ ဆယ်ဂဏန်းခန့် ကွာဝေးသော အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ မြူခိုး နယ်နိမိတ် အခြားတစ်နေရာတွင်မူ.. စက်လုံးပုံသဏ္ဌာန် အရာဝတ္ထုတစ်ခုသည် ဟင်းလင်းပြင် အတွင်းမှ လှည့်ပတ်ထွက်ပေါ်လာခဲ့၏။ ၎င်းသည် အတွင်း၌ ကြည်လင်သော အရည်များ ပါဝင်နေသည့် ပွတ်တိုက် အရောင်တင်ထားသော စိမ်းပြာရောင် ကျောက်မျက်ရတနာ တစ်ခု ဖြစ်သည်။ ထိုအရည်များသည် မုန်တိုင်းထန်နေသော သမုဒ္ဒရာ၏ ဖရိုဖရဲ သဘာဝအတိုင်း လှိုင်းထန်လှုပ်ရှားနေခဲ့လေသည်။

ဟူး... ဟူး...

ထူးခြား ဆန်းပြားစွာပင် ၎င်းမှာ မိန်းကလေး တစ်ယောက်အဖြစ် အသွင်ပြောင်းလဲ သွားခဲ့၏။ သူမက အလွန် လှပသည် အထူးသဖြင့် ဖီးနစ်ပုံစံရှိသော သူမ၏ မိုးပြာရောင် မျက်လုံးများက ပို၍ပင် ဆွဲဆောင်မှု ရှိလှ၏။ ထိုမျှမက ဝတ်ရုံကို ဖောက်ထွက်လုမတတ် ကြီးမားဝိုင်းစက်နေသော သူမ၏ တင်ပါးများက အမျိုးသားများစွာ၏ နှလုံးသားနှင့် စိတ်အာရုံများအတွင်းသို့ အဆုံးအစမဲ့သော လှိုင်းလုံးများကို ရိုက်ခတ်စေခဲ့သည်။

သူမသည်လည်း အရောင်ခုနစ်မျိုးရှိသော မြူခိုးများအတွင်းသို့ တိတ်ဆိတ်စွာ စူးစိုက်ကြည့်ရှုနေခဲ့သည်။

ထိုပုံရိပ်နှစ်ခုသည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။ အချိန်သိပ်မကြာမီမှာပင် အထွတ်အထိပ် သူတော်စင် တစ်ပါးက သူတို့ကို လာရောက် ဆီးကြိုခဲ့၏။

"ကြိုဆိုပါတယ် သူတော်စင် ယန်ကျိ..."

စူးဟောင်ရန် က နှုတ်ဆက်လိုက်သည်။ သူတော်စင် ယန်ကျိ ဟု ခေါ်ဆိုခြင်းခံရသော ထိုအမျိုးသားက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

"သူတော်စင် စူး..."

"ကောင်းကင်ရှန့်ထို အမှောင်ထု ထုတ်ထားတဲ့ ဆုကြေးက အခုထိ အသက်ဝင်နေတုန်းပဲလား..."

ယန်ကျိ က မေးလိုက်၏။ သူ ထိုသတင်းကို ရရှိခဲ့သည်မှာ နှစ်ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အခြားသော ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေခဲ့သောကြောင့် သူ အနည်းငယ် နောက်ကျသွားခဲ့ခြင်း ဖြစ်ပေသည်။

စူးဟောင်ရန် က ခေါင်းညိတ်လိုက်၏။

"ခင်ဗျား အချိန်မီ ရောက်လာတာပါပဲ... တာအိုကျင့်ကြံသူ စု က သူ့ရဲ့ အဋ္ဌမမြောက် ခြေချခြင်းကို မအောင်မြင်သေးဘူးလေ... ဒါကြောင့် ဘယ်သူကမှ ဝင်မစမ်းသပ်ရသေးဘူး..."

"ကောင်းတယ်..."

ယန်ကျိ ၏ မျက်လုံးများသည် ဝိညာဉ်ရေးရာ တောက်ပမှုတစ်ခုဖြင့် လင်းလက်သွားခဲ့သည်။

"ပြိုင်ဘက် ဘယ်နှစ်ယောက်လောက် ရှိလဲ..."

သူက အမျိုးသမီး၏ ပုံရိပ်ကို ထင်ဟပ်နေသည့် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။

စူးဟောင်ရန် သူ၏ ဤမိတ်ဆွေထံ မည်သည့် သတင်းအချက်အလက်ကိုမျှ ဖုံးကွယ်မထားခဲ့ပေ။

"ခင်ဗျားနဲ့ သူတော်စင် ယွီရှီ တို့ နှစ်ယောက်ပဲ မူလကိုယ်ပွား တွေနဲ့ ရောက်လာကြတာလေ... တခြား သုံးယောက်ကတော့ ရုပ်သွင်ကိုယ်ပွား တွေနဲ့ ဆင်းသက်လာကြတယ်... သူတို့က သုံးယောက်တစ်ဖွဲ့ ဖွဲ့ပြီးသွားပြီ... ပြီးတော့ အတူတကွ ပူးပေါင်းဖို့ ဒေသခံတချို့ကိုပါ စည်းရုံးထားကြတယ်..."

အကယ်၍ အခြားသူများသာ စူးဟောင်ရန်က သတင်းအချက်အလက်များကို အခမဲ့ ပေးနေကြောင်း သိရှိသွားပါက သူတို့ ဒေါသပေါက်ကွဲသွားကြမည်မှာ သေချာလှသည်။ အထူးသဖြင့် သူတို့ကိုမူ နွေးထွေးမှုမရှိသော ကြိုဆိုမှုမျိုးဖြင့်သာ ကြိုဆိုခဲ့ပြီး လုပ်ရမည့်အရာနှင့် မလုပ်ရမည့် တင်းကျပ်သော စည်းကမ်းချက်များကိုပါ ချမှတ်ထားခဲ့သောကြောင့် ဖြစ်၏။ သို့သော် သာမန် ရုပ်သွင်ကိုယ်ပွား များမျှသာ ဖြစ်သောကြောင့် သူတို့သည် ထူးခြားသော ကြိုဆိုမှုမျိုးကို ရရှိရန် မထိုက်တန်ခဲ့ချေ။

ယန်ကျိ က တိုတောင်းပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

စူးဟောင်ရန် က ဆက်ပြောလိုက်၏။

"ဒေသခံ ပြိုင်ဘက်တွေနဲ့ ပတ်သက်လို့တော့ ခင်ဗျားတို့ကို အရင်ဆုံး လှုပ်ရှားခွင့် ပေးထားလိမ့်မယ်... ဒါပေမယ့် ခင်ဗျားတို့က..."

"ငါသိတယ်... ဦးစားပေး အခွင့်အရေးအတွက် ကြိုရှင်းရမယ် မဟုတ်လား..."

ယန်ကျိ က စိတ်ပျက်မချမ်းမြေ့သည့် လေသံလေးဖြင့် ဖြတ်ပြောလိုက်သည်။ ဆုကြေးကို ထုတ်ပြန်ထားသော်လည်း မိုးကုပ်စက်ဝိုင်းများ သည် ဂလက်ဆီ အတွင်းသို့ ဝင်ရောက်ရန် ယာယီ ဖြတ်သန်းခွင့်အတွက် လူတိုင်းထံမှ အခကြေးငွေ တောင်းခံကြသည်။ ထို့အပြင် လှုပ်ရှားခွင့်အတွက် ထပ်ဆောင်း အခကြေးငွေကိုပါ ကောက်ခံသေး၏။

ဝှစ်...

သူ လက်ချောင်းများကို ဝှေ့ယမ်းလိုက်သည်နှင့် လျှို့ဝှက် အဆင့် ပစ္စည်းများနှင့် အသုံးအဆောင်များကို သိမ်းဆည်းထားနိုင်သော အသေးစား အတွင်းပိုင်း လောက တစ်ခု ပါဝင်သည့် အာကာသ စကျင်ကျောက်လုံးလေး တစ်လုံး ထွက်ပေါ်လာခဲ့သည်။

သူက ၎င်းကို မြူခိုးများရှိရာ ရှေ့ဘက်သို့ ပေးပို့လိုက်၏။ စူးဟောင်ရန် သည် ၎င်းအပေါ်သို့ သူ၏ ဝိညာဉ်အမြင် ဖြင့် ဖြတ်သန်းစစ်ဆေးလိုက်သည်။ ထို့နောက် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ များက ကမ္ဘာလောက စက်လုံး ဟု ခေါ်ဆိုကြသော ထိုစကျင်ကျောက်လုံးကို လက်ခံယူလိုက်၏။ ၎င်းသည် သိုလှောင်ရန်နှင့် သယ်ယူပို့ဆောင်ရန်အတွက် အလွန် အဖိုးတန်သော အရာတစ်ခု ဖြစ်ပေသည်။ ၎င်းကို ဂြိုဟ်များ၊ ကြယ်ကွင်းပြင် တစ်ခုလုံး သို့မဟုတ် လျှို့ဝှက်မြေကြီး အဆင့်ထက် ကျော်လွန်သော မတည်မငြိမ်ဖြစ်လွယ်သည့် ကြီးမားလှသော ရုပ်ဝတ္ထု ချမ်းသာကြွယ်ဝမှုများကို သိမ်းဆည်းရန် မကြာခဏ အသုံးပြုလေ့ရှိကြသည်။

အတွင်းရှိ ပစ္စည်းများကို စစ်ဆေးပြီးနောက် စူးဟောင်ရန်သည် ထိုစက်လုံးကို အပြုံးတစ်ခုဖြင့် လက်ခံလိုက်သည်။ ဝင်ကြေး၊ ဦးစားပေး အခွင့်အရေးနှင့် ဂလက်ဆီ အတွင်း လှုပ်ရှားရန် ကန့်သတ်ခွင့်ပြုချက် တို့အတွက် နှုန်းထားကို တစ်ပေါင်းတည်း သတ်မှတ်ထားပြီး လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး သုံးဆယ် စာ တန်ဖိုးရှိသော ပစ္စည်းများ ဖြစ်၏။ ၎င်းမှာ နည်းပါးလှသည်တော့ မဟုတ်ပေ။ ဤအရာများကို မိုးကုပ်စက်ဝိုင်းများ အကြား ခွဲဝေယူကြမည် ဖြစ်သည်။ သို့သော်လည်း အောင်မြင်ခဲ့ပါက ရရှိမည့် ဆုကြေးသည် ထိုတန်ဖိုးထက် များစွာ ပိုမို ထိုက်တန်လှပေသည်။ အထူးသဖြင့် ဦးစားပေး အခွင့်အရေး ရရှိထားသောကြောင့် ပို၍ပင် တန်ဖိုးရှိလှ၏။

ဦးစားပေး အခွင့်အရေး ဆိုသည်မှာ သူတို့ကို အရင်ဆုံး လှုပ်ရှားခွင့် ပေးမည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ မိုးကုပ်စက်ဝိုင်းများ နှင့် သူတို့၏ အင်အားစုများသည် သင် ကျရှုံးသွားပြီးနောက်မှသာ သူတို့ကိုယ်တိုင် ဝင်ရောက်လှုပ်ရှားကြမည် ဟူသော အဓိပ္ပာယ်သာ ဖြစ်ပေသည်။

***

All Chapters