အခန်း (၂၄၅၉-၂၄၆၀)
Vol. 176 Ch. 2459-2460
အပိုင်း(၂၄၅၉)
အခြားတစ်ဖက်၌... သူတော်စင် ယွီရှီ သည်လည်း သူမကို ကြိုဆိုခဲ့သော အထွတ်အထိပ် သူတော်စင် ထံသို့ အလားတူ စက်လုံး တစ်လုံးကို ကမ်းပေးလိုက်သည်။ အံ့ဩစရာကောင်းစွာပင် ထိုသူမှာ မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ဖြစ်နေပြီး ယွီရှီ နှင့် အတော်လေး ရင်းနှီးဖော်ရွေမှု ရှိနေခဲ့၏။
စူးဟောင်ရန် သည် မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် နှင့် ပူးပေါင်းညှိနှိုင်းလိုက်သည်။ ထို့နောက် တစ်ချိန်တည်းမှာပင် ရိုးရွဲ သူတော်စင် နှစ်ပါးလုံး ဝင်ရောက်နိုင်ရန် မြူခိုးများကြားတွင် အက်ကွဲကြောင်း တစ်ခုကို ဖွင့်လှစ်ပေးလိုက်လေသည်။
သူတို့သည် မဟာမိတ်ဖွဲ့ကြမည် ဖြစ်သည်။
"ကောင်းကင်ရှန့်ထို အမှောင်ထု က ဘယ်မှာလဲ..."
ယွီရှီ က မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ကို မေးလိုက်သည်။ သူမ၏ အသံသည် သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့ တည်ငြိမ်အေးချမ်းနေခဲ့၏။
"သူက သူ့ရဲ့ မျှော်စင်ထဲမှာ ပုန်းနေတယ်လေ..."
မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် က မထီမဲ့မြင်ပြုသည့် လေသံဖြင့် ပြောလိုက်သည်။ သူမသည် ဆုကြေးထုတ်ပြီး ပုန်းအောင်းနေခြင်းပင် ဖြစ်၏။ သူမသည် ထိုနည်းဖြင့် သူမ၏ ပြဿနာများ ပြေလည်သွားလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
စုရီ ကို ဆန့်ကျင် အကွက်ဆင်ရဲသည်အထိ ဖြစ်လာရသည်မှာ မည်သူ့အမှားနည်း။ ထိုဓားသမားသည် သူ၏ လက်စားချေတတ်သော စိတ်နေသဘောထားကြောင့် နာမည်ကြီးပြီး ကိစ္စရပ်များကို သူ၏ ဓားဖြင့် ပြတ်ပြတ်သားသား ဖြေရှင်းလေ့ရှိပေသည်။
ထို့ကြောင့်ပင် စုရီအား အနားယူရန် သို့မဟုတ် ပြန်လည်သက်သာလာစေရန် ခွင့်မပြုလိုသော ရန်သူများစွာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတို့က စုရီ လာရောက် လက်စားမချေမီ သူ့ကို ရှာဖွေပြီး အသက်အဆုံးသတ်ရန် မျှော်လင့်နေကြ၏။
သို့မဟုတ်ပါက စုရီ သည် သူတို့၏ အသက်စွမ်းအင်နှင့် ချမ်းသာကြွယ်ဝမှုများကို ပြောင်သလင်းခါအောင် လုပ်ပစ်ပြီး ငရဲပြည်သို့ သွားမည့် အခမဲ့ လက်မှတ်တစ်စောင်သာ ချန်ထားရစ်ခဲ့မည်မှာ အသေအချာပင် ဖြစ်ပေသည်။
“ဒါနဲ့...
ယွီရှီက အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ဆီသို့ လှမ်းကြည့်လိုက်၏။
"မကြာသေးခင်က အသစ်စက်စက် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ပါး ပေါ်ထွက်လာတယ်လို့ ငါ ကြားထားတယ်... သူတို့နဲ့ ပတ်သက်ပြီး သတင်းအချက်အလက် သိပ်မရှိလှဘူး..."
"..."
ဝေ့ဝူယင် အကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ၏ စိတ်အခြေအနေမှာ ချက်ချင်း ချဉ်ချဉ်ခါးခါး ဖြစ်သွားခဲ့သည်။
သို့သော် ထိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြရုံသာ ပြုလုပ်ခဲ့၏။ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးကို ပိုမိုနက်ရှိုင်းစွာ စူးစမ်းပြောဆိုခြင်း မရှိခဲ့ချေ။
ယွီရှီကလည်း ဆက်လက်၍ ဖိအား မပေးချေ။ အချက်အလက်များအား ထုတ်ဖော် ပြောဆိုခြင်းနှင့် ပတ်သက်၍ ကန့်သတ်ချက်များ ရှိကြောင်း သူမ သိပေသည်။ ထို့အပြင် သူတို့ နှစ်ဦးသည် ယန်ကျိနှင့် စူးဟောင်ရန်တို့ နှစ်ယောက်သည် မိတ်ဆွေ ဆက်ဆံရေး ရှိသူများ မဟုတ်ကြချေ။
"အဲဒီမှာ ဘာတွေဖြစ်နေတာလဲ..."
ယန်ကျိ သည် ဝိညာဉ်အလင်းများဖြင့် ဖွဲ့စည်းထားသော စက်လုံးပုံသဏ္ဌာန် အကာအကွယ် တစ်ခုကို တွေ့ရှိသွားပြီးနောက် မေးလိုက်သည်။
ထိုစက်လုံးအတွင်း၌ လူသားတစ်ယောက်ဟု မထင်ရလောက်အောင် ချောမောလှသော လူငယ်တစ်ဦး ရှိနေ၏။ ထိုလူငယ်သည် မျက်စိကန်းလောက်အောင် တောက်ပနေသော အလင်းရောင်ခြည်များ အပေါ် လုံးဝ အာရုံစိုက်နေခဲ့သည်။ ထိုအလင်း ရောင်ခြည်များကို ကြည့်လိုက်သည်နှင့် သူ၏ ဝိညာဉ်အမြင် ကို စူးရှနာကျင်သွားစေခဲ့၏။ ၎င်းအတွင်း၌ အမျိုးမျိုးသော အတက်အကျ အလှုပ်အခတ်များ ပါဝင်နေပြီး အထူးသဖြင့် ဥပဒေသများ ၏ အော်ရာ များက အထင်ရှားဆုံး ဖြစ်ပေသည်။
"အသက်တစ်ချောင်းကို ကယ်တင်ဖို့ ကြိုးစားနေတာပါ... အဲဒါကို သွားမနှောင့်ယှက်ပါနဲ့ သူတော်စင် ယန်ကျိ... နောက်တစ်ခါ ခင်ဗျားရဲ့ အသက်အပေါ် ဆုကြေးအထုတ်ခံရတာမျိုး မလိုချင်ဘူးဆိုရင်ပေါ့..."
စူးဟောင်ရန် က နောက်ပြောင်သည့်အနေဖြင့် ရယ်မောပြောဆိုလိုက်သော်လည်း သူ၏ လေသံတွင်မူ ငြင်းဆန်၍မရသော အမှန်တရားတစ်ခု ပါဝင်နေခဲ့သည်။
ထိုစကားများကြောင့် ယန်ကျိ သည် လေးနက်သော အတွေးများ ဝင်သွားခဲ့ပြီး မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားခဲ့၏။
သူနှစ်ဦးသည် ဖန်တီးခြင်း ဇုံ နှင့် ပြောင်းလဲခြင်း ဇုံ တို့ကြားရှိ နတ္ထိဟင်းလင်းပြင် အနီးသို့ ရောက်ရှိလာခဲ့ကြသည်။
"ခင်ဗျားတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါပြီ..."
စူးဟောင်ရန်က သူတော်စင် ယန်ကျိ ထံသို့ အဆောင် တစ်ခုကို ပစ်ပေးလိုက်ပြီးနောက် ပြန်လည်၍ ထွက်ခွာသွားခဲ့၏။
လှုပ်ရှားခွင့် ပေးထားသော နယ်မြေမှာ ဤနေရာ တစ်ဝိုက်သာ ဖြစ်သည်။ အကယ်၍ စုရီ သာ ဤဒေသမှ ထွက်ခွာသွားပါက သူတို့သည် လှုပ်ရှားပိုင်ခွင့်ကို ဆုံးရှုံးရမည် ဖြစ်ပေသည်။
သူ့ကို ထွက်ပြေးလွတ်မြောက်ခွင့် ပေး၍ မရနိုင်ချေ။
စွမ်းအင် အတက်အကြွ လှုပ်ရှားမှုများဖြင့် ဆူပွက်နေသော ကပ်ဘေး တံခါးပေါက် ကို စိုက်ကြည့်ရင်း သူတော်စင် ယန်ကျိ သည် ငွေရောင် အလံ ရှစ်ခုကို ထုတ်ယူလိုက်သည်။ ဤသည်မှာ ရွေ့လျားမှု လောက တားမြစ်ချက် အစီအရင် ဖြစ်၏။ ၎င်းသည် အာကာသ ဥပဒေသ သို့ ဝင်ရောက်နိုင်မှုကို ပိတ်ဆို့ထားနိုင်စွမ်းရှိသော အဆင့်နိမ့် လျှို့ဝှက်ကောင်းကင် ဝိညာဉ် အစီအရင် တစ်ခု ဖြစ်သည်။ အာကာသ စွမ်းအင်၊ အာကာသ အမတေ တို့နှင့် ချိတ်ဆက်ခြင်းကို တားဆီးပေးခြင်းလည်း ပါဝင်ပေသည်။
သူသည် ၎င်းကို အရပ်ရှစ်မျက်နှာတွင် စတင် တည်ဆောက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သာလွန် ယွီရှီ ကလည်း သူမ၏ ကိုယ်ပိုင် ကိရိယာများကို ထုတ်ယူလိုက်သည်။ သူမသည် ကမ္ဘာလောကစက်လုံး တစ်ခုထဲမှ လေလွင့်ဂြိုဟ် သုံးလုံးကို ထုတ်ယူလိုက်ပြီး အက်တမ်များကဲ့သို့ သေးငယ်သော ဖုန်မှုန့်လေးများအဖြစ်သို့ ချေမှုန်းပစ်လိုက်၏။ ထို့နောက် ထိုဒေသကို မြေဩဇာ ကျွေးနေသည့်အလား ထိုဖုန်မှုန့်များကို ဖြန့်ကြဲပစ်လိုက်လေသည်။
မည်သူကမျှ သူတို့ကို မတားဆီးခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် ဘေးဘက်တစ်နေရာ၌ အထွတ်အထိပ် သူတော်စင်များ၏ ကိုယ်ပွားသုံးခုသည် ရည်မှန်းချက်ကြီးမားသော ဒေသခံများကို စုရုံးနေကြသည်။ သူတို့အထဲတွင် သင်္ကေတဘုရင်များ၊ လောကရှန့်ထိုများနှင့် မူလ တရားသူကြီးများ ပါဝင်ကြသည်။ ထိုကိုယ်ပွားများသည် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ပါဝင်ရုံမျှဖြင့် ကြီးမားသော ဆုလာဘ်များကို ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့ကြသည်။
သိသာထင်ရှားသော အန္တရာယ်များ ရှိနေသော်လည်း ဤနှစ်ရက်အတွင်း များပြားလှသော ပုဂ္ဂိုလ်များသည် အထွတ်အထိပ် သူတော်စင် သုံးဦးနှင့် အလုပ်လုပ်ရန် ဤအခွင့်အရေးကို အရယူခဲ့ကြသည်။
သဘောတူညီချက်ရသည်နှင့် ကြီးမားလှသော ဆုလာဘ်များကို ရရှိမည်ဖြစ်ကြောင်း အာမခံထားခြင်းဖြစ်သည်။ ထိုပမာဏသည် သူတို့၏ မိသားစုများကို ကြယ်တာရာ မျိုးဆက်ပေါင်းများစွာ (ကြယ်တာရာ မျိုးဆက် တစ်ဆက်လျှင် အများဆုံး နှစ် ၁,၅၀၀) အထိ ထောက်ပံ့ပေးနိုင်ရန် လုံလောက်ပေသည်။ ထို့ကြောင့် တက်လမ်းမရှိတော့သော သို့မဟုတ် သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများစွာ ပါဝင်လာခဲ့ကြသည်။
သူတို့၏ ကြိုးပမ်းအားထုတ်မှုများကြောင့် တပ်မတော်ငယ်တစ်ခု ဖွဲ့စည်းပေါ်ပေါက်လာခဲ့လေတော့သည်။
…
ဤအရာများ ဖြစ်ပျက်နေချိန်တွင် ဝေ့ဝူယင်သည် ထိုအရိုင်းဆန်သော အလှပိုင်ရှင်လေး အသက်ရှင်နေစေရန်အတွက် အလုပ်များနေခဲ့သည်။ ၎င်းမှာ အလွန်ပင်ပန်းခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။
ဝေ့ဝူယင်သည် သူပိုင်ဆိုင်သည့် ပစ္စည်းများ အပါအဝင် လျှို့ဝှက်လောက အဆင့် ပစ္စည်းအချို့ကို ကုန်ဆုံးခံကာ အသုံးပြုခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ပြီးသည့်တိုင် သူမ၏ အခြေအနေကို တည်ငြိမ်ရုံသာ ထိန်းထားနိုင်သေးသည်။ ဤလုပ်ရပ်မှာ လက်ကိုဆန့်တန်းကာ လေးလံသော သံတုံးကို အပေါ်သို့ မြှောက်ထားရသကဲ့သို့ပင်။ ၎င်းက ပင်ပန်းနွမ်းနယ်စေပြီး နာကျင်မှုကို ဖြစ်စေသည်။
နာကျင်မှု၏ အဓိက ဇာစ်မြစ်မှာ သူ၏ ဥပဒေသ အာဏာကို သက်ရောက်စေရန် ဝိညာဉ်စွမ်းအင်များကို အသုံးပြုခဲ့ရခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် သူမ၏ ခန္ဓာကိုယ်ကို တည်ဆောက်ရန်နှင့် ထိန်းသိမ်းရန်အတွက် အလွန်ရှုပ်ထွေးခက်ခဲမှုများကလည်း လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေခဲ့သည်။ သို့သော်လည်း သူသည် လမ်းတစ်ဝက်တွင် လက်လျှော့တတ်သူမျိုး မဟုတ်ပေ။ သူမ အသက်ရှင်ရမည်ဟု သူပြောခဲ့ပြီးဖြစ်ရာ သူမကို ကယ်တင်မည့် သူ၏ လုပ်ရပ်များကို ကောင်းကင် တာအိုများပင် တားဆီးနိုင်မည် မဟုတ်ချေ။
ဝေ့ဝူယင်သည် သူ၏ ဟင်းလင်းပြင် လက်စွပ်မှတစ်ဆင့် စုမေ့ထံမှ ဆက်သွယ်မှုကို လက်ခံရရှိခဲ့သည်။ ရွှေဖုန်းပေါင်၏ လှုပ်ရှားမှုက မျှော်လင့်ထားသည်ထက် ပို၍ လျင်မြန်နေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ဒုတိယစိတ်၊ အိုရီ၊ ခရောတိုနှင့် ဧဒင်တို့သည် အသက်ကယ်ဆယ်ရေး လုပ်ငန်းစဉ်အပေါ်တွင် အာရုံစိုက်နေကြသည်။ ထို့ကြောင့် ဝေ့ဝူယင် အနေဖြင့် ပြန်လည်ကုစား၍မရနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်မလာစေဘဲ မိမိစိတ်ကြိုက် လွတ်လပ်စွာ လှုပ်ရှား တုံ့ပြန်နိုင်ပေသည်။
"အဲဒီရတနာကို ရခဲ့ပြီလား...."
စုမေ့က သူမ၏ လေသံထဲတွင် ပျော်ရွှင်မှု အနည်းငယ် ရောယှက်ကာ ပြန်လည်ဖြေကြားလာသည်။
"ရပါပြီ...."
သူမ၏ ပျော်ရွှင်နေသော အသံကြောင့် ဝေ့ဝူယင်၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့သည်။ စုမေ့သည် ထိုကဲ့သို့သော စိတ်ခံစားမှုများကို ပြသလေ့ အလွန်နည်းပါးလှသည်။ ထို့ကြောင့် ဤအသံလေးသည် သူ၏ ဝိညာဉ်အတွက် ကန္တာရထဲတွင် ရွာသွန်းသော မိုးရေပေါက်များကဲ့သို့ ဖြစ်နေခဲ့သည်။ အနည်းငယ် နာကျင်နေသော်လည်း သူက မပြုံးဘဲ မနေနိုင်ခဲ့ချေ။
"ကောင်းတယ်...."
"အရှင်ဝေ့ အဆင်ပြေရဲ့လား...."
ပျော်ရွှင်နေသော လေသံသည် စိုးရိမ်ပူပန်မှုများဖြင့် အစားထိုး ဖုံးလွှမ်းသွားသည်။ သူမရှိနေသော နေရာမှနေ၍ သူ့ကို မြင်တွေ့နိုင်ပေသည်။ ဆိုလိုသည်က သူမသည် ထွက်ခွာလာပြီးသည်နှင့် သူ့ကို ချက်ချင်း ရှာဖွေတွေ့ရှိကာ သူ၏ အခြေအနေကို အာရုံခံမိသွားခြင်းပင်။ အကြောင်းအမျိုးမျိုးကြောင့် စုမေ့သည် ဝေ့ဝူယင်၏ ခံစားချက်များနှင့် စိတ်လှုပ်ရှားမှု အားလုံးကို တစ်ချက်ကြည့်ရုံဖြင့် အတိအကျ သိရှိနိုင်သော လူနည်းစုထဲမှ တစ်ဦး ဖြစ်နေခဲ့သည်။
သူသည် သူမ၏ ရှေ့တွင် သူ၏ အားနည်းချက်ကို ဖုံးကွယ်ရန် သို့မဟုတ် လိမ်ညာရန် မကြိုးစားခဲ့ပေ။
"အတော်လေးတော့ လက်ဝင်တဲ့ အလုပ်ပဲ၊ ဒါပေမဲ့ ပဲ့တင်ထပ် ဝိညာဉ် အဆင့် နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေအကြောင်းကို ငါ သိသိသာသာ နားလည်လာရတယ်၊ ငါ လေ့လာသိရှိထားတာတွေကို စုစည်းပြီး မင်းကို လေ့လာခိုင်းဦးမယ်...."
"အင်း...."
စုမေ့က ပြန်ဖြေသည်။ လိုအပ်ပါက ကူညီရန် အသင့်ရှိကြောင်း သူမက အချက်ပြလိုသည်ကို ဝေ့ဝူယင် သိရှိနိုင်သည်။ သို့သော်လည်း သူမက အတင်းအကျပ် မပြောဆိုခဲ့ပေ။ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းမှုက ဝေ့ဝူယင်၏ အနာဂတ်ကို ဖုံးလွှမ်းသွားခွင့် ပြုမည်မဟုတ်ကြောင်း သူမ ယုံကြည်ထားသည်။ ထို့ကြောင့် သူမအနေဖြင့် စောင့်ကြည့်နေရုံသာ ရှိပေတော့မည်။
ဝေ့ဝူယင်သည် ရင်ထဲ၌ တိတ်တခိုး ရယ်မောလိုက်၏။ ထို့နောက်… ပေါက်ကွဲပြီးနောက် အရိုးပြာ နယ်မြေ ၏ မီးတောက်ဇုံကို အကဲခတ်လိုက်သည်။ ဗဟိုချက်သည် ကမောက်ကမဖြစ်စွာဖြင့် တဝုန်းဝုန်း မြည်ဟည်းနေသည်။ ၎င်းမှာ ပေါက်ကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီး လူတိုင်းက ထိုအရာကို အာရုံခံသိရှိနိုင်ကြသည်။
***
အပိုင်း(၂၄၆၀)
ယွီပေါင်ယွဲ့သည် ဟင်းလင်းပြင် သင်္ဘော တစ်စင်းအတွင်း၌ သတိလစ်နေသော မူလ ကြယ်တာရာ အရှင်သခင် နှင့်အတူ ရှိနေခဲ့သည်။ သူမသည် အလွန် စိုးရိမ်ပူပန်နေသည်။ အကယ်၍ မကြာမီ မထွက်ခွာပါက သူမသည် ပေါက်ကွဲမှုအတွင်း ရောပါသွားပြီး ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော် နယ်နိမိတ်မှ ထွက်သွားပါက စုရီ ၏ ရန်သူများ၏ ပစ်မှတ်ထားခြင်းကို ခံရပေမည်။ သူမ အလွန်စိုးရိမ်ပူပန်နေသောကြောင့် သူမ၏ နဖူးနှင့် လက်များတွင် ချွေးများ ဖုံးလွှမ်းနေသည်။ အကယ်၍ စုရီ သာ အမြန်ထွက်မလာပါက သူမတော့ ဒုက္ခရောက်ပေတော့မည်။
ဝေ့ဝူယင်သည် ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး တစ်ဝက်တစ်ပျက် ကြိုးပမ်းမှုမျိုး မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ဝိညာဉ်ရေးရာမှတစ်ဆင့် ဆက်သွယ်လိုက်သည်။
"နတ်မိမယ် ယွီ၊ မင်းက ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်၊ မင်း ထွက်သွားလို့ရပြီ...."
ယွီပေါင်ယွဲ့သည် ဝေ့ဝူယင်၏ အသံကို ကြားလိုက်ရသဖြင့် အလွန်အံ့အားသင့်သွားခဲ့သည်။ သို့သော် သူမ၏ တဒိန်းဒိန်း ခုန်နေသော နှလုံးသားမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်သွားခဲ့သည်။ သူမသည် စိုးရိမ်စိတ်ဖြင့် နှုတ်ခမ်းကို သပ်လိုက်၏။ ထို့နောက် ထူးခြားလှသော အလှတရားနှင့် ပါရမီများကို ပိုင်ဆိုင်ထားသည့် သတိလစ်နေသော အထွတ်အထိပ် သူတော်စင် ကို အကဲခတ်လိုက်သည်။
"ချူးရှင်း ကရော ဘယ်လိုလုပ်မလဲ...."
'ချူးရှင်း ဟုတ်လား'
ဝေ့ဝူယင်သည် မူလ ကြယ်တာရာ အရှင်သခင် ၏ အမည်ကို ယခင်က မကြားဖူးခဲ့ပေ။ သူသည် ခဏမျှ တွေးတောလိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်။
"စုရီ သူ့ရဲ့ ကပ်ဘေးတံခါးကနေ ထွက်လာတဲ့အထိ မင်းမျက်နှာနဲ့ သူ့ကို ငါ ကာကွယ်ပေးထားမယ်၊ အဲဒီနောက်တော့ သူ့ရဲ့ အသက်ရှင်ခြင်း ဒါမှမဟုတ် သေဆုံးခြင်းက ငါနဲ့ သက်ဆိုင်မှာ မဟုတ်တော့ဘူး...."
ယွီပေါင်ယွဲ့သည် ဝမ်းသာအားရမှုကြောင့် မျက်နှာလေး ဝင်းလက်သွားသည်။ မှီခိုအားထားစရာ တိုင်တစ်တိုင်ကို တွေ့ရှိသွားသောကြောင့် သူမ၏ ခုန်ပေါက်နေသော နှလုံးသားမှာ အပြည့်အဝ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ မီးတောက်ဇုံမှ ထွက်ခွာရန် ဟင်းလင်းပြင် သင်္ဘော ကို မောင်းနှင်နေချိန်တွင် သူမ၏ ရင်ထဲ၌ အကြောက်တရား တစ်စက်လေးမျှပင် မရှိတော့ချေ။
သူမ ထွက်ခွာလာချိန်၌ ဟင်းလင်းပြင် သင်္ဘောပေါ်ရှိ အာရုံခံ အစီအရင်ကို အသုံးပြု၍ သတိထားကာ အကဲခတ်လိုက်သည်။ ဝေ့ဝူယင်သည် သူ၏ စကားအတိုင်း တည်ကြည်မှန်ကန်မှုရှိသည့်အတွက် သူမ အလွန်ဝမ်းသာသွားခဲ့သည်။ ထို့နောက် ဂလက်ဆီဇုံ တစ်ခုအတွင်းသို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် အလျင်အမြန် ပျံသန်းထွက်ခွာသွားခဲ့သည်။
သို့သော် နာရီအနည်းငယ်ကြာ ပျံသန်းပြီးနောက် ဂလက်ဆီဇုံများ အားလုံး လုံးဝ ပိတ်ဆို့ခံထားရကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ အဝင်အထွက် အသစ်များကို ခွင့်မပြုထားချေ။ ထို့ကြောင့် သူမသည် ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။
သူမသည် အမှောင် ဟင်းလင်းပြင် ထဲတွင် ရပ်တန့်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူမ၏ ရင်ထဲ၌ အကြောက်တရား တစ်စက်မျှ ဝင်ရောက်မလာခြင်းမှာ အံ့မခန်း အံ့ဩဖွယ်ကောင်းလှသည်။ လူအများစုကတော့ သူမ၏ အပြုအမူကို အလွန် ထူးဆန်းနေသည်ဟု ထင်မြင်ကြပေလိမ့်မည်။
ထိုအမျိုးသမီး နှစ်ဦးအပေါ် အခွင့်အရေးယူရန် ကြံစည်နေသူများအတွက်မူ တောက်ပသော ကြယ် နန်းတော် ၏ အရှင်သခင်က သတိပေးချက်တစ်ခုကို ထုတ်လွှင့်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုသို့လုပ်ဆောင်ရန် ကြိုးစားလာပါက စုရီ နှင့် တန်ဖိုးညီမျှသော ဆုကြေးငွေကို ၎င်းတို့၏ ခေါင်းပေါ်တွင် တပ်မည့်အကြောင်းပင် ဖြစ်သည်။ ၎င်းက ဓားစာခံဖမ်း၍ အသာစီးရယူရန် ကြိုးပမ်းနိုင်ခြေရှိသူ အားလုံးကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။ အခြားသူများ၏ ကြိုးကိုင်ခြယ်လှယ်မှုကြောင့် လှုပ်ရှားရန် ပြင်ဆင်နေသူများပင် ချွင်းချက်မရှိ ပါဝင်ပေသည်။
တစ်ရက် အပြည့်ကြာပြီးနောက်…
ဘုန်း…
ငလျင်လှိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီးနောက် မီးလေပွေကြီးတစ်ခုက မီးတောက်ဇုံ တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။ အတွင်း၌ ရှိနေသော သို့မဟုတ် ကျန်ရစ်နေသော အရာအားလုံးသည် ချွင်းချက်မရှိ မီးလောင်ကျွမ်းကာ ချက်ချင်း သေဆုံးသွားခဲ့ကြသည်။
ကပ်ဘေးကို ဖြတ်ကျော်နေဆဲဖြစ်သော စုရီ တစ်ဦးတည်းသာလျှင် မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။
ထို့နောက် တောက်ပသော ရောင်ခြည်များက ဂြိုဟ်များ၊ ကြယ်တာရာ နယ်မြေများ၊ ကြယ်ကွင်းပြင်များနှင့် အနီးနားရှိ ဂလက်ဆီဇုံများကို ရွှေရောင်အဆင်းအဖြစ် ဆေးခြယ်လိုက်သည်။ ထိုအချိန်တွင် အသက်ရှူလိုက်သည့် အသံတစ်သံက ဟိန်းထွက်လာခဲ့သည်။ ထိုအသံသည် ကမောက်ကမ ဖြစ်မှုများအားလုံးကို ဖြတ်သန်းသွားခဲ့သည်။ ထို့ပြင် ဟင်းလင်းပြင်ကိုလည်း ဖြတ်သန်းသွားခဲ့သည်။ အတိုင်းအတာ တစ်ခုအတွင်းရှိ ဝိညာဉ်များ၊ အသက်ဝိညာဉ်များနှင့် စိတ်အာရုံများထံသို့ပါ ရောက်ရှိသွားခဲ့သည်။
ထိုအသက်ရှူသံသည် အလွန်အမင်း အစွမ်းထက်လှသည်။ ၎င်းက ဖခင်ဖြစ်သူ၏ အားကောင်းသည့် အသက်ရှူသံကို ပထမဆုံး နားထောင်နေရသည့် မွေးကင်းစ ကလေးငယ်တစ်ဦးကဲ့သို့ လူများကို ခံစားရစေသည်။ တုန်လှုပ်ဖွယ်ရာ တည်ငြိမ်မှုနှင့် လုံခြုံမှု ခံစားချက်တို့ကိုလည်း ယူဆောင်လာပေးသည်။ သို့သော်လည်း ရွေးချယ်ခံ လူနည်းစုအတွက်မူ ဤအသက်ရှူသံသည် သေမင်း၏ အူသံကဲ့သို့ ဖြစ်နေခဲ့သည်။
"သူ အောင်မြင်သွားပြီ...."
ထိုအသံကို ကြားလိုက်ရသူတိုင်း၏ စိတ်ထဲ၌ ဤစကားလုံးက ပဲ့တင်ထပ်သွားခဲ့သည်။ သူတို့က အလိုအလျောက်ပင် သိရှိလိုက်ကြသည်။
စုရီ သည် နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။
…
"ဟူး...."
ရှည်လျားသော အသက်ရှူသွင်းသံကြီး တစ်ခု ဟိန်းထွက်လာသည်။
စုရီ ၏ ကပ်ဘေးတံခါး ပေါ်ပေါက်လာရာ နေရာမှ အစပြု၍ ကောင်းကင်၊ မြေကြီး၊ ဟင်းလင်းပြင်နှင့် အလင်းရောင်များ၏ ဖော်ပြ၍မရလောက်အောင် ပြင်းထန်သော စုပ်ယူမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အရာအားလုံးသည် တားဆီး၍မရနိုင်သော နက်နဲသိမ်မွေ့သည့် စွမ်းအားတစ်ခုဖြင့် ထိုနေရာသို့ စီးဆင်းသွားကြသည်။
လျှို့ဝှက် တာအိုသည် သက်ဆင်းလာ၏။ ဖန်တီးခြင်းဇုံနှင့် အသွင်ပြောင်းခြင်းဇုံ ကြားရှိ ဒေသတစ်လျှောက်လုံးတွင် ၎င်း၏ နက်နဲသိမ်မွေ့သော တည်ရှိမှုသည် နှင်းခဲအသက်ရှူသံကဲ့သို့ ထိတွေ့ခံစားနိုင်သည်။ သာမန် သေမျိုး များပင် ထိုအရာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့် သို့မဟုတ် ထိုထက်ပိုမြင့်သော အဆင့်သို့ ရောက်ရှိနေသည့် လျှို့ဝှက် အာဏာရှင်များ တိုင်း၏ ကျင့်ကြံခြင်း ဝိညာဉ်များသည် ရွှင်လန်းစွာ တုန်ခါနေကြသည်။ ၎င်းတို့၏ မူလအစနှင့် အကြီးမားဆုံးသော လိုက်စားမှုကြီး ရောက်ရှိလာခြင်းကို ကြိုဆိုနေကြခြင်းပင် ဖြစ်သည်။
အမှောင် ဟင်းလင်းပြင် အတွင်း လွင့်မျောနေသော ဘဲဥပုံ မြေပြင်တစ်ခုပေါ်တွင် စူးဟောင်ရန် သည် မားမားမတ်မတ်နှင့် တည်ကြည်စွာ ရပ်နေသည်။ သူ၏ မျက်လုံးများထဲတွင် ဝိညာဉ် အစီအရင် ဖြင့် အားဖြည့်ထားသော ဝိညာဉ်အမြင် ၏ ဝိညာဉ်ရေးရာ လှုပ်ရှားမှုများ ရှိနေသည်။
ထိုအရှင်သခင်၏ ဘေးတွင် ရပ်နေသူမှာ ခေါင်းအစ၊ ခြေဖျားအဆုံး တောင့်တင်းလှပသော ခန္ဓာကိုယ်နှင့် နီညိုရောင်ဆံပင်ပိုင်ရှင်ဖြစ်ပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ထျန်းရှီယာ ပင်ဖြစ်သည်။ အရပ်အမောင်း ကွာခြားသော်လည်း ထျန်းရှီယာ ၏ တည်ရှိမှုက စူးဟောင်ရန် နှင့် ယှဉ်လျှင် မှေးမှိန်နေသည်။
ထျန်းရှီယာသည် စူးဟောင်ရန် ထံမှ ကောင်းကင် ပဲ့တင်ထပ် ချီ များ သူမထံ စီးဆင်းလာသည်ကို အကဲခတ်နေခဲ့သည်။ ထိုချီများသည် သူမ၏ မျက်လုံးများနှင့် အသိစိတ် ပင်လယ် ထဲသို့ ညင်သာစွာ စီးဝင်သွားပြီး သူမ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုကို ဝိညာဉ်အမြင် အောက်တွင်သာ ရှိသော ပြိုင်ဘက်ကင်း အာရုံခံနိုင်စွမ်းကို ရရှိစေသည်။
ထျန်းရှီယာ သည် စူးဟောင်ရန် ၏ လက်မောင်းကို ဆွဲလျက် စုရီ ၏ အသက်ရှူခြင်း ကပ်ဘေးတံခါး ဘက်သို့ လက်ညှိုးညွှန်ပြရင်း တီးတိုး ရေရွတ်လိုက်သည်။
"ပထမဆုံး အသက်ရှူသံပဲ၊ စနေပြီ...."
သူမသည် ထူးဆန်းစွာ စိတ်လှုပ်ရှားနေ၏။ အဖြူရောင် ဝတ်ရုံဝတ် ဓားသမား စုရီ၏ ဂန္ထဝင်တစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရခြင်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ထိုပုဂ္ဂိုလ်သည် သာမန် နားလည်မှုများနှင့် ယုတ္တိဗေဒကို ဖီဆန်ပြီး လျှို့ဝှက်အရှင် တစ်ဦးအနေဖြင့် အထွတ်အထိပ် သူတော်စင် ၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုအရာက တစ်ခါမျှ မဖြစ်ဖူးလောက်အောင် မကြုံစဖူးသော အရာတော့ မဟုတ်ပေ။ မှတ်တမ်းတင်ထားသော သမိုင်းနှစ်သန်းပေါင်းများစွာတွင် ထိုကဲ့သို့ ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ သို့သော် သူမသည် ဤမျှ ကောင်းကင်ကို ဖီဆန်နိုင်သူတစ်ဦးနှင့် တစ်ခါမျှ မဆုံဖူးခဲ့ပေ။
သို့သော်လည်း… သူသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတွင် အရှင်သခင် ဖခင်လေးကို မဆင်မခြင် သတ်ဖြတ်ခဲ့သည်။ သူမ၏ အမြင်အရ သူ၏ ကံကြမ္မာမှာ အသေအချာ ပိတ်လှောင်ခံလိုက်ရပြီ ဖြစ်သည်။
ကျန်ရှိနေသည့် တစ်ခုတည်းသော မေးခွန်းမှာ သူ၏ ဇာတ်လမ်းတွင် နောက်ဆုံး စာကြောင်းကို မည်သူက ရေးသားမည်နည်း ဆိုသည်ပင် ဖြစ်သည်။ သို့သော်လည်း သူမက စိတ်ဝင်စားနေဆဲပင်။
***