← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း ၁၉၅- ဘယ်လောက်အထိ ညှစ်ထုတ်လို့ရမလဲ ကြည့်ရအောင်။

​အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။ ထိုဆေးဝါးကုမ္ပဏီများသည် လုပေါင်၏လက်ထဲရှိ ကင်ဆာအံ့ဖွယ်ဆေး ၏ အာနိသင်ကို ကျိန်းသေပေါက် မျက်စိကျနေကြခြင်းဖြစ်သည်။ သို့သော်လည်း လုပေါင်သည် ထိုဆေးဝါးကုမ္ပဏီများနှင့် ပူးပေါင်းရန် စိတ်ဝင်စားမှု လုံးဝမရှိပေ။

​အခြားအကြောင်းကြောင့် မဟုတ်ဘဲ ထိုဆေးဝါးကုမ္ပဏီများသည် အရင်းရှင်များသာ ဖြစ်ကြပြီး သူတို့အတွက် အကျိုးမရှိလျှင် ဘာမှလုပ်မည့်သူများ မဟုတ်သောကြောင့်ဖြစ်သည်။ လုပေါင်က သူတို့ကို မျိုးဗီဇမြှင့်တင်ဆေး၏ ဆေးညွှန်းကို ပေးလိုက်လျှင်ပင် ထိုကုမ္ပဏီများက အံ့ဖွယ်ဆေးကို တကယ်ဖော်ထုတ်နိုင်ပါ့မည်လော။

​အနံ့ရသည့် ယင်ကောင်များလို ဝိုင်းအုံနေကြသည့် ဤလူများ၏ အပြုအမူကို ကြည့်ပြီး အထင်မကြီးလိုက်ပါနှင့်။အကယ်၍ ထိုအံ့ဖွယ်ဆေးကို ဖော်ထုတ်၍မရမှန်း သူတို့သိသွားသည်နှင့် သူတို့၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။

​ထို့အပြင် သူ၏လက်ထဲတွင် မျိုးဗီဇမြှင့်တင်ဆေး ဆေးညွှန်းရှိနေပြီး နဂါးဧရာကျွန်းကဲ့သို့ မှော်ဆန်သည့် ဆေးဖက်ဝင်အပင် စိုက်ပျိုးရေးစခန်း ရှိနေသရွေ့တော့... သူသည် မျိုးဗီဇမြှင့်တင်ဆေးများ ပြတ်လပ်သွားစရာ အကြောင်းမရှိပေ။ကြားပွဲစားများကို ဘာကြောင့် အမြတ်ပေးရပါမည်နည်း။

​နောက်ပြီး Ocean Platform ၏ စီအီးအို လုလင်းဟွာက ကြားပွဲစားအဖြစ် ရှိနေသည်မဟုတ်ပါလား။ ကြော်ငြာနှင့် ဝါဒဖြန့်မှုတွင် ဆရာကျသည့် လုလင်းဟွာသည် ချမ်းသာသူများစွာနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။

​"အားလုံးကို ငြင်းလိုက်ပါ ဟို သူဌေးကြီးတွေ လုပ်ငန်းရှင်ကြီးတွေထဲမှာ ကင်ဆာရောဂါ တကယ်ခံစားနေရတဲ့သူတွေရှိရင်တော့ ကျွန်တော့်ဆီ လမ်းညွှန်ပေးလို့ရပါတယ်။ ကျွန်တော့်ဆီမှာ ဆေးက အများကြီး မကျန်တော့ဘူး။"

​လုပေါင်၏ စကားကို ကြားသောအခါ လုလင်းဟွာက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ထိုကဲ့သို့သော ကိစ္စများတွင် အလွန်အကျွံ ဝင်မစွက်ဖက်ရဲပေ။ ထို့အပြင် သူ့မှာလည်း လုပ်စရာ အလုပ်တွေ ရှိသေးသည်။ ယခင်က စီအီးအိုတစ်ယောက်ဖြစ်ပါလျက်နှင့် သနားစရာကောင်းသည့် လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရသည်မှာ ယခုလို လူကြည့်နှုန်းကို သိမ်းကျုံးယူပြီး ပိုက်ဆံရှာရန်အတွက် မဟုတ်ပါလား။

​လုလင်းဟွာ၏ Ocean Live Platform သည် ဤဖြစ်ရပ်ကို အသုံးချကာ လူကြည့်နှုန်း အမြောက်အမြားကို ရယူနေပြီး သူသည်လည်း အလွန်ပင် ပျော်ရွှင်နေခဲ့သည်။ တစ်ဖက်တွင်မူ ဖြစ်ရပ်၏ ဗဟိုချက်ဖြစ်သော လုပေါင်သည် ကျန်းရွှယ်ချီ ကျောက်မင်တို့နှင့်အတူ ဆေးရုံမှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။ အကြောင်းမှာ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့သည် လွန်ခဲ့သည့် သုံးနှစ်က လေယာဉ်ပျက်ကျမှုကြောင့် နဂိုကတည်းက ရေပန်းစားနေသူများ ဖြစ်သောကြောင့်ဖြစ်သည်။ယခုအခြေအနေမှာ ပို၍ပင် ကြီးကျယ်လာရာ လုပေါင်အနေဖြင့် နေ့တိုင်း လမ်းပေါ်တွင် ဝိုင်းအုံပိတ်ဆို့ ခံနေရခြင်းမျိုးကို မလိုလားပေ။

​သို့သော် ဆေးရုံမှအထွက်တွင် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့နှစ်ဦးစလုံးက လုပေါင်ကို တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

"ဟို... ဖုန်းလေး ခဏလောက် ငှားလို့ရမလား။"

​ထိုစကားကို ကြားမှ လုပေါင်က သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။သူ ဘယ်လိုများ မေ့သွားရတာလဲ။ ဤအမျိုးသမီးနှစ်ဦး နဂါးဧရာကျွန်းမှ ပြန်ရောက်လာပြီဆိုလျှင် ပထမဆုံးလုပ်ရမည့်အလုပ်မှာ သူတို့၏ မိသားစုများကို ဆက်သွယ်ရန် မဟုတ်ပါလား။

​ကျွန်းပေါ်တွင် ရှိစဉ်ကမူ သူတို့၏ စိတ်ခံစားချက်များ ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။ အဆုံးတွင်တော့ သူသည် ထိုကျွန်းပေါ်၌ နှစ်လကြာ အသက်ရှင်သန်နိုင်ရန် ကြိုးစားရမည်ဖြစ်ရာ သူတို့တစ်နေ့လုံး ငိုယိုနေကြသည်ကို မမြင်ချင်ခဲ့ပေ။ ယခု အပြင်ရောက်နေပြီဖြစ်ရာ သူတို့မိသားစုနှင့် ဆက်သွယ်ခွင့်မပေးခြင်းမှာ ယုတ္တိမရှိပေ။

​လုပေါင်က ဝန်မလေးဘဲ သူ၏ဖုန်းကို ချက်ချင်း ကမ်းပေးလိုက်သည်။ အမျိုးသမီးနှစ်ဦးမှာ သက်ပြင်းတစ်ချက်ကို အပြင်းအထန် ရှူလိုက်ပြီးနောက် လုပေါင်၏ဖုန်းဖြင့် သူတို့မှတ်မိသမျှ ဖုန်းနံပါတ်များကို နှိပ်လိုက်ကြသည်။ အထူးတလည် ပြောနေစရာပင် မလိုတော့ဘဲ ခဏအကြာတွင် တင်လင်း၏ မီနီကားလေး နောက်ခန်းထဲမှ ငိုယိုသံများ ပျံ့လွင့်လာခဲ့သည်။

​ဤသည်ကို ကြည့်ပြီး လုပေါင်လည်း စိတ်ထဲတွင် မသက်မသာ ဖြစ်သွားရသည်။ မကြာမီ အမျိုးသမီးနှစ်ဦးက ဖုန်းပြန်ပေးလာပြီး လုပေါင်ထံသို့ တင်လင်းဆီမှ ဖုန်းဝင်လာခဲ့သည်။ ဖုန်းထဲတွင် တင်လင်းက လုပေါင်အတွက် သတင်းကောင်းတစ်ခု ပါလာသည်။

​"ဥက္ကဋ္ဌလု အမှတ် (၂) မြေကွက်ကိစ္စ အားလုံး အိုကေသွားပါပြီ။"

​လုပေါင် အံ့အားသင့်သွားသည်။

'ဒီလောက်တောင်မြန်တာလားနာရီအနည်းငယ်ပဲ ရှိသေးတာကို...။'

လုပေါင်၏ တိတ်ဆိတ်မှုကို တင်လင်းက ရိပ်မိပုံရပြီး တိုက်ရိုက်ပင် ရှင်းပြသည်။

​"စုန့်ခွန်လင်းက အခု လမ်းဆုံးနေပြီလေ။သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ကျွန်မတို့က အမှတ် (၂) မြေကွက်ကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့အခါ သူက ကျွန်မကို သူ့ရဲ့ ကယ်တင်ရှင်လိုတောင် သဘောထားနေတာ။"

​လုပေါင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။စုန့်ခွန်လင်းမှာ တကယ့်ကို အကြံကုန်နေပြီဖြစ်ပုံရသည်။

​"ဈေးနှုန်းကရော။"

​"မပူပါနဲ့ ဥက္ကဋ္ဌလု ဈေးကတော့ အနိမ့်ဆုံးပါပဲ။ ယွမ်တစ်ဘီလီယံတည်းနဲ့ ရမှာပါ။ အမှတ် (၂) မြေကွက်ရဲ့ တန်ဖိုးနဲ့ အဲဒီက ဗီလာတွေရဲ့ ဆောက်လုပ်စရိတ်ကို ကြည့်မယ်ဆိုရင် ပုံမှန်ဆို ဒါထက် အဆပေါင်းများစွာ ပိုပေးရမှာပါ။"

​လုပေါင် တကယ်ကို ကျေနပ်သွားသည်။ ဤကိစ္စတွင် တင်လင်း၏ ကျွမ်းကျင်မှုကို ယုံကြည်၍ ရပေသည်။ ယွမ်တစ်ဘီလီယံဆိုသည်မှာ အလွန်များပြားသည်ဟု ထင်ရသော်လည်း စုန့်ခွန်လင်းသည် ထိုဗီလာများကို တစ်လုံးလျှင် သန်းသုံးဆယ်ဖြင့် ရောင်းရန် ကြိုးစားခဲ့သည်ကို သတိရရမည်။တစ်ဘီလီယံဆိုသည်မှာ ဗီလာ အလုံး ၃၀၊ ၄၀ ၏ ဈေးနှုန်းသာ ဖြစ်သည်။ လက်ရှိတွင် အမှတ် (၂) မြေကွက်၌ မရောင်းရသေးသော ဗီလာ အလုံး ၇၀၊ ၈၀ ခန့် ကျန်ရှိနေသေးသည်။ မြေကွက်၏ တန်ဖိုးကို ထည့်မတွက်လျှင်ပင် ဤသည်မှာ အမြတ်အစွန်း အကြီးအကျယ် ရရှိမည့် ကိစ္စဖြစ်သည်။

​စုန်ခွန်လင်းသည် လုပေါင်ဆီမှ ဤတစ်ဘီလီယံကို ရလျှင်ပင် သူ ပြန်လည် နာလန်ထူနိုင်မည် မဟုတ်ပေ။ ထိုအမြတ်ကြီးစား သူဌေးသည် အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံမှု အလွန်အကျွံ လုပ်ခဲ့သဖြင့် နေရာအနှံ့တွင် အကြွေးတင်နေခြင်းဖြစ်သည်။ ဤတစ်ဘီလီယံသည် ထိုအပေါက်များကို ပိတ်ရန်ပင် လုံလောက်ချင်မှ လုံလောက်မည်ဖြစ်သည်။ ပြန်လည် နာလန်ထူဖို့ဆိုသည်မှာ အိပ်မက်ထဲမှာတွင်သာ ဖြစ်နိုင်ပေလိမ့်မည်။

​ထို့ကြောင့် လုပေါင်က ဖုန်းထဲမှတစ်ဆင့် ချက်ချင်းပင် သဘောတူလိုက်သည်။

​"ဥက္ကဋ္ဌလု စုန်ခွန်လင်းက လက်ငင်းငွေသား လိုချင်နေတာပါ။ ကျွန်မတို့က ငွေကို အမြန်ပေးနိုင်ရင် သူက ဈေးကို နည်းနည်း ထပ်လျှော့ပေးဦးမှာပါ။"

"သူ့ဗီလာတွေကို ဆောက်ပေးခဲ့တဲ့ ကုမ္ပဏီတွေက အလုပ်သမားတွေ စုရုံးပြီး သူ့အိမ်ရှေ့မှာ လာပိတ်ဆို့နေကြတယ်လို့ ကြားတယ်..."

​ထိုစကားကို ကြားသောအခါ လုပေါင် အံ့အားသင့်သွားသည်။ ဘာကြောင့်မှန်းမသိ စုန့်ခွန်လင်းကို အနည်းငယ် သနားသလိုပင် ခံစားလိုက်ရသည်။ ရန်ပုံငွေကိစ္စမှာ လုပေါင်အတွက် ကြီးမားသည့် ပြဿနာမဟုတ်ပေ။ သူ၏ အောက်ခြေမရှိသောတွင်းထဲတွင် ဖားရွှေကြီး ဆီမှ ရထားသော ရွှေအညစ်အကြေးလုံးပေါင်း တစ်ထောင်ကျော် ရှိနေသေးသည်။

နွားခေါင်း အလောင်းကောင်ဘုရင်နှစ်ကောင်၏ ရွှေချပ်ဝတ်တန်ဆာကို ပြုပြင်ရန်အတွက် ဖယ်ထားလျှင်ပင် ကျန်ရှိနေသော ရွှေလုံးများ၏ တန်ဖိုးမှာ လုံလောက်နိုင်ပေသည်။သို့သော် ထိုရွှေလုံးများကို မည်သို့ ငွေဖော်ရမည်နည်းဟူသည်မှာ ပြဿနာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေပမာဏ အမြောက်အမြားကို တစ်ပြိုင်နက်တည်း ဝယ်ယူနိုင်သည့် ကုမ္ပဏီမှာ အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။

​ထို့အပြင် တရားဝင် ရွှေကုမ္ပဏီကြီးများသည် ရွှေ၏ ရင်းမြစ်ကို အလွန်အလေးထားကြသည်။ လုပေါင်၏ ရွှေလုံးများမှာ မည်သည့်နေရာမှ ရသည်ကို လုံးဝ ရှင်းပြ၍ မရနိုင်ပေ။မှောင်ခိုဈေးကွက်မှ ရသည်ဟု ဆိုရမည်လော... သို့မဟုတ် ဖားရွှေကြီးက အီးပါချလိုက်ခြင်းဖြစ်သည်ဟု ပြောရမည်လော။

​ခဏတာမျှ လုပေါင် အခက်ကြုံနေစဉ် လုလင်းဟွာဆီမှ ဖုန်းဝင်လာပြန်သည်။

"ရတနာနတ်ဘုရား ကျွန်တော့်ဆီမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ ကင်ဆာဖြစ်နေတာ တစ်နှစ် နှစ်နှစ်လောက်ရှိပြီ။ အခြေအနေက အတော်ဆိုးနေပြီး ရက်ပိုင်းပဲ ကျန်တော့မယ့်ပုံပဲ။ သူက တကယ်ကို လမ်းဆုံးနေလို့ ကျွန်တော့်ဆီ လာအကူအညီတောင်းတာ။ ခင်ဗျား ဘယ်လိုထင်လဲ။"

​ဖုန်းထဲတွင် လုလင်းဟွာက အလေးအနက် ပြောနေသည်။ အဆုံးတွင်တော့ ထိုသူက Ocean Live အတွက် ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပေးရန် ကတိပြုထားသူ မဟုတ်ပါလား။

​ထိုစကားကို ကြားသောအခါ လုပေါင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။ထိုသို့ဆိုလျှင် သူသည် မျိုးဗီဇမြှင့်တင်ဆေးကို အသုံးပြုကာ ပိုက်ဆံအချို့ ရှာရပေမည်။

​"ကောင်းပြီ အဲဒီလူရဲ့ အချက်အလက်တွေကို အရင်ပို့ပေးပါ။"

​"ဟုတ်ကဲ့ ရတနာနတ်ဘုရား။"

​လုလင်းဟွာကတော့ လုပေါင်သည် ထိုသူ၏ စရိုက်လက္ခဏာကို စစ်ဆေးချင်သည်ဟု ထင်နေခဲ့သည်။ လုပေါင်သည် ထိုသူ၏ ငွေကြေးအင်အား မည်မျှရှိကြောင်းနှင့် သူ့ထံမှ မည်မျှအထိ ညှစ်ထုတ် လို့ရမလဲ သိရန်အတွက်ရှာဖွေရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူ မည်သို့သိနိုင်ပါမည်နည်း။

​လုလင်းဟွာ ပေးပို့လာသော အချက်အလက်များကို မြင်သောအခါ လုပေါင် ချက်ချင်း ကျေနပ်သွားတော့သည်။

အခန်း ၁၉၆- ခွေးတောင်မလာချင်တဲ့နေရာကို ငါ့ကို အငှားချခိုင်းနေတာလား။

“ဝူလျန်ဖူ”

ဒီနာမည်ကို မြင်လိုက်ရတဲ့အချိန်မှာ လုပေါင်အနေနဲ့ အွန်လိုင်း မှာတောင် ရှာကြည့်နေစရာ မလိုတော့ပါ။ ဒါဟာ နိုင်ငံရဲ့ အကြီးဆုံး ရွှေထည်ရတနာကုမ္ပဏီရဲ့ စီအီးအို မဟုတ်ပါလား။

ချက်ချင်းဆိုသလိုပဲ လုပေါင်ဟာ လုလင်းဟွာ ရွေးချယ်ပေးလိုက်တဲ့ လူအပေါ် အတော်လေး ကျေနပ်သွားသည်။ ဒီစီအီးအို ဝူရဲ့ ကျန်းမာရေးမကောင်းမှုနှင့်အနားယူတော့မည့်သတင်းတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒါဟာ ဒီဦးနှောက်အကျိတ်ကြောင့် ဖြစ်ပုံရသည်။

ငွေကြေးဓန အင်မတန်ကြွယ်ဝပြီး အိပ်ရာထဲလဲနေတယ် အရေးကြီးဆုံးကတော့ ဒါဟာ သူပိုင်ဆိုင်တဲ့ ရွှေအညစ်အကြေးလုံး တစ်ထောင်ကျော်အတွက် ဝယ်လက်ကြီး ပေါ်လာတာပါပင်။ နိုင်ငံရဲ့ အကြီးဆုံး ရွှေကုမ္ပဏီအတွက်တော့ ဒီရွှေလုံးတစ်ထောင်ကျော်ကို ဝယ်ယူဖို့ဆိုတာ ဘာမှဖိအားရှိမယ့် ကိစ္စမဟုတ်ပေ။

မကြာမီမှာပဲ လုပေါင်ဟာ လုလင်းဟွာကတစ်ဆင့် သူ‌့ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်လူထံ အကြောင်းကြားခိုင်းလိုက်သည်။ပထမအချက်ကတော့ သူပိုင်တဲ့ ရွှေလုံးတွေကို ဝယ်ယူဖို့ဖြစ်ပြီး ဒုတိယအချက်ကတော့ မျိုးဗီဇမြှင့်တင်ဆေးရဲ့ ဈေးနှုန်းပါပဲ။လုပေါင် သတ်မှတ်လိုက်တဲ့ဆေးဈေးကတော့ တစ်လုံးကို သန်းတစ်ရာပင်ဖြစ်သည်။

ဒီချမ်းသာကြွယ်ဝလွန်းတဲ့ လူတွေအတွက်တော့ သူတို့ရဲ့ အသက်ကို သန်းတစ်ရာနဲ့ ပြန်ဝယ်ရတာဟာ မျက်တောင်တစ်ချက်ခတ်စရာတောင် မလိုတဲ့ ကိစ္စလို့ လုပေါင် ယုံကြည်ထားသည်။ တကယ်တော့ လုပေါင် မျှော်လင့်ထားတဲ့အတိုင်း ဝူလျန်ဖူဘက်ကနေ လုလင်းဟွာမှတစ်ဆင့် လုပေါင်ရဲ့ တောင်းဆိုချက်တွေကို ဝန်မလေးဘဲ ချက်ချင်း သဘောတူလိုက်သည်။

နောက်ပိုင်းမှာ လုပေါင်ဟာ ဆရာကြီးကျောက်ဆီကနေလည်း ဖုန်းလက်ခံရရှိခဲ့ပါသည်။

“မစ္စတာလု... ဒီဘက်က သက်ဆိုင်ရာ ဌာနတွေကလည်း ခင်ဗျားလက်ထဲကဆေးရဲ့ အာနိသင်ကို သိချင်နေကြတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ မှတ်တမ်းတင်ထားဖို့အတွက် အာနိသင်ကို လေ့လာချင်ရုံသက်သက်ပါပဲ။”

ဆရာကြီးကျောက်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ လုပေါင်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး သူက ပြတ်ပြတ်သားသား သဘောတူလိုက်ပါသည်။ ဒါဟာ ဝူလျန်ဖူဘက်ကလည်း သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆေးရဲ့အာနိသင်ကို စမ်းသပ်နိုင်မှာဖြစ်သလို အထက်ကလူကြီးတွေ စိတ်ဝင်စားနေတာကိုလည်း ဖြေရှင်းပေးနိုင်မှာမို့ အားလုံးအတွက် အဆင်ပြေသွားစေသည်။

မှော်မြို့တော် လေဆိပ်။

ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ အဖိုးအိုတစ်ယောက်ဟာ သီးသန့်လေယာဉ်ပေါ်ကို ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ တက်သွားပြီး လုပေါင်ရှိရာ မြို့ကို တန်းစီဦးတည်လိုက်သည်။ ဒီလူဟာ တခြားသူမဟုတ်ဘဲ ဝူလျန်ဖူပဲ ဖြစ်ပင်ဖြစ်သည်။

“မစ္စတာလုဆီက ရွှေတွေကို ဝယ်ယူဖို့ကိစ္စ ဘယ်လိုရှိလဲ။”

“စိတ်မပူပါနဲ့ အဖေ ရွှေဈေး အမြင့်ဆုံးအချိန်နဲ့ပဲ အားလုံးကို ဝယ်ယူပြီးပါပြီ။”

ဝူလျန်ဖူဟာ ဒါကိုကြားတော့ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ရင်ထဲမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်နေသည်။ သူဟာ ကင်ဆာအံ့ဖွယ်ဆေးအကြောင်း သိကတည်းက အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။ မူလက မျှော်လင့်ချက် မရှိတော့ပေမယ့် တရုတ်တိုင်းရင်းဆေး နတ်ဘုရားလက်တော် ကျောက်ပိုင်းရန်ကိုယ်တိုင်က ဆေးရဲ့အာနိသင်ကို အတည်ပြုပေးလိုက်တာကို မြင်လိုက်ရသည့်အခါမှာတော့ သူ ဘယ်လိုမှ မအောင့်နိုင်တော့ပေ။

တစ်ဖက်မှာလည်း လုပေါင်ဟာ နိုင်ငံရဲ့ အကြီးဆုံး ရွှေကုမ္ပဏီစီအီးအို ဝူလျန်ဖူရဲ့ လုပ်ဆောင်ချက် မြန်ဆန်မှုကို အံ့သြနေမိသည်။ လုလင်းဟွာက တစ်ဖက်လူရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းကြားပြီးတာနဲ့ ရွှေဝယ်ယူရေးကိစ္စ ဆွေးနွေးဖို့ လူတွေက သူ့အိမ်ရှေ့ကို ရောက်လာခဲ့သည်။ ဈေးနှုန်းအပေါ်မှာလည်း လုပေါင် အတော်လေး ကျေနပ်မိသည်။

တစ်ဖက်လူက တကယ်ကို ရိုးသားမှုရှိပြီး ရွှေတွေကို သယ်ဖို့ ကုန်တင်ကားတွေကိုပါ တစ်ပါတည်း ယူလာခဲ့လေသည်။ ထိုရွှေလုံးတွေကို လုပေါင်က အောက်ခြေမရှိသော တွင်းထဲမှာ သိမ်းထားတာဖြစ်ပြီး လူမြင်ကွင်းမှာတော့ ဝိုင်ချက်စက်ရုံ၏ မြေအောက်ခန်းထဲကနေ ထုတ်ပေးသလိုမျိုး အကြောင်းပြချက် ပေးလိုက်သည်။

လာရောက်ဝယ်ယူသူဟာ မြေအောက်ခန်းထဲမှာ အာလူးပုံကြီးလိုမျိုး ဒီအတိုင်း ပုံထားတဲ့ တောက်ပနေတဲ့ ရွှေလုံးပုံကြီးကို မြင်လိုက်ရတဲ့အခါမှာတော့ မျက်နှာပေးက တကယ်ကို ထူးဆန်းသွားလေသည်။

“ရွှေတွေကို အာလူးပုံထားသလိုမျိုး မြေအောက်ခန်းထဲမှာ ပုံထားတာပါလား။”

ဒါပေမဲ့ ရွှေလုံးတွေရဲ့ အရည်အသွေးကို စစ်ဆေးပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အမူအရာဟာ ထပ်မံပြောင်းလဲသွားပြန်လေသည်။

“ရွှေစင်ရွှေသားတွေပဲ သန့်စင်မှုက အမြင့်ဆုံးပဲ။ မစ္စတာလု... ဒီရွှေတွေက မိုင်းတွင်းကနေ တိုက်ရိုက်ရတဲ့ ရွှေတွေထက်တောင် ပိုပြီး သန့်စင်နေပါသေးတယ်။”

ဒါကို ကြားလိုက်ရတဲ့အခါ လုပေါင်ရဲ့ စိတ်ထဲမှာ ဖားရွှေကြီးရဲ့ ပုံရိပ် ပေါ်လာပြီး သူ့ကို တိတ်တဆိတ် ကျေးဇူးတင်လိုက်မိသည်။တစ်ဖက်လူက ရွှေလုံးတွေကို သယ်ဆောင်သွားပြီးတဲ့နောက် လုပေါင်ရဲ့ အကောင့်ထဲကို (ယွမ်တစ်ဘီလီယံ ရောက်ရှိလာခဲ့သည်။

ရွှေလုံးတွေရဲ့ တန်ဖိုးက သန်းကိုးရာခန့် ရှိပြီးဝူလျန်ဖူရဲ့ ဆေးဖိုး သန်းတစ်ရာနဲ့ ပေါင်းလိုက်တဲ့အခါ လုပေါင်ရဲ့ အကောင့်ထဲမှာ တိတိကျကျ တစ်ဘီလီယံ ဖြစ်သွားလေသည်။ လုပေါင်ဟာ အဲဒီပိုက်ဆံကို လက်ထဲမှာ မိနစ်ပိုင်းတောင် မထားလိုက်ရဘဲ တင်လင်းဆီကို ချက်ချင်း လွှဲပေးလိုက်ရသည်။ စုန့်ခွန်လင်းဆီက အမှတ် (၂) မြေကွက်ကို ဝယ်ယူဖို့အတွက် သုံးခိုင်းလိုက်ခြင်းဖြစ်၏။

အခုဆိုရင် အမှတ် (၂) မြေကွက်ဟာ အခြေခံအားဖြင့် သူ့အပိုင် ဖြစ်သွားလေပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ လုပေါင်ဟာ ထပ်ပြီး စိတ်ပူလာပြန်သည်။ အမှတ် (၂) မြေကွက်ဟာ နေရာကောင်းတစ်ခုဖြစ်သည်။ ဒါပေမဲ့ အရင်က သူကိုယ်တိုင် လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် ဒီနေရာရဲ့ နာမည်ဟာ အမှိုက်လို ဖြစ်နေပြီး လမ်းသွားလမ်းလာတွေတောင် လှည့်မကြည့်ချင်ကြတော့ပေ။ အဲဒီ ကြော်ငြာဆိုင်းဘုတ်တွေကို ဖြုတ်ချလိုက်ရင်တောင် အဲဒီရဲ့ သက်ရောက်မှုက အချိန်အတော်ကြာအောင် ပျောက်ပျက်သွားမှာ မဟုတ်ပေ။

ဒါကြောင့် အမှတ် (၂) မြေကွက်ဟာ လုပေါင်အတွက် ကိုင်ရခက်တဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေတုန်းပင်။

“အမှတ် (၂) မြေကွက်ကို ပြန်လည် အသက်ဝင်လာအောင် နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။”

လုပေါင်ရဲ့ စိတ်ထဲမှာ အဲဒီအတွေး ပေါ်လာတာနဲ့တစ်ပြိုင်နက် စနစ် ရဲ့ အသိပေးချက်က ရုတ်တရက် ထွက်ပေါ်လာပါတယ်။

“စနစ်မစ်ရှင်- အမှတ် (၂) မြေကွက်ကို နောက်ထပ် နှစ်ဝက်ကြာအောင် အငှားချပါအမှတ် (၂) မြေကွက်ရဲ့ လူကြိုက်များမှုနဲ့ ဟိုးလေးတကျော်ဖြစ်မှုကို ပြောင်းပြန်လှန်ပစ်ပါ။”

မစ်ရှင်ဆုလာဘ်- ဖန်တီးမှုဆိုင်ရာ ပါရမီရှင်။

ဒီစနစ်စုတ်က မစ်ရှင်ထုတ်ပေးလိုက်တာနဲ့ လုပေါင်ဟာ သူ့ကမ္ဘာကြီး ပြိုကျသွားသလို ခံစားလိုက်ရပါတယ်။.

‘တောက်.. ငါက ဒါကို စိတ်ပူနေပါတယ်ဆိုမှ မင်းက မစ်ရှင် လာထုတ်ပေးနေသေးတယ်။ ငါ့ကို တမင်သက်သက် နှောင့်ယှက်နေတာလား။’

အမှတ် (၂) မြေကွက်ကို အငှားချဖို့ဆိုတာ တစ်ခွန်းတည်း ပြောရရင် အခုချိန်မှာ ခွေးတောင် မလာချင်တဲ့နေရာပင်ဖြစ်၏။

“ဖယ်လိုက်စမ်း အဲဒီစကားကို ပြန်ရုတ်သိမ်းမယ်။ ငါ့ကိုယ်ငါ ပြန်ဆဲမိသလို ဖြစ်သွားပြီ။”

အဆုံးမှာတော့ ဒီနေရာရဲ့ နာမည်ကို သူကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့တာ မဟုတ်လား။ အငှားချဖို့ သက်သက်ဆိုရင်တော့ မခက်ခဲပါ။ အဆိုးဆုံးကတော့ အိမ်ငှားခကို အနိမ့်ဆုံး လျှော့ချလိုက်တာ ဒါမှမဟုတ် အလကား ပေးနေခိုင်းလိုက်ရင်တောင် အခွင့်အရေးယူချင်တဲ့သူတွေ ရောက်လာမည်။ ဒါပေမဲ့ အခက်အခဲက မစ်ရှင်ရဲ့ နောက်ထပ် လိုအပ်ချက်တစ်ခုဖြစ်သည့်လူကြိုက်များမှုနဲ့ ဟိုးလေးတကျော်ဖြစ်မှုကို ပြောင်းပြန်လှန်ပစ်ရန် ဆိုတဲ့ အချက်ပင်ဖြစ်၏။ အဲဒါက တကယ်ကို ခက်ခဲလွန်းလေသည်။

‘ပြီးတော့ အဲဒီဆုလာဘ် ဖန်တီးမှုဆိုင်ရာ ပါရမီရှင် ဆိုတာကကော..’

“ဒါက ဘာအသုံးမကျတဲ့ ဆုလာဘ်လဲ။”

လုပေါင်ကတော့စနစ်ကို တကယ်ပဲ စကားမပြောနိုင်အောင် ဖြစ်နေမိသည်။

လုပေါင် စိတ်ညစ်နေတုန်းမှာပဲ စုန့်ခွန်လင်းနဲ့ စာချုပ်ချုပ်ဆိုပြီးသွားတဲ့ တင်လင်းဟာ သူ့ရှေ့ကို ရောက်လာခဲ့သည်။

“ဥက္ကဋ္ဌလု အပြင်မှာ လူတစ်စု ရောက်နေတယ်။ သူတို့က အမှတ် (၂) မြေကွက်ပေါ်က ဗီလာတွေကို ငှားချင်လို့တဲ့။ အခု လာစုံစမ်းနေကြတာ သူတို့ကို မောင်းထုတ်လိုက်ရမလား။”

ဒါကို ကြားလိုက်ရတဲ့အခါ လုပေါင်ဟာ ချက်ချင်း တက်ကြွသွားတော့သည်။

“ဟာ... ဘယ်နတ်ဘုရားကများ ငါ့ကို လာကယ်တာလဲ။”

လုပေါင်ဟာ အခုချက်ချင်းပဲ တောင်ပေါ်တက်ပြီး အမွှေးတိုင် သွားထွန်းချင်စိတ် ပေါက်သွားတော့သည်။ သူ အိပ်ချင်နေတုန်းမှာ ခေါင်းအုံး လာပေးတဲ့သူ ရှိနေတာပဲ မဟုတ်လား။

လုပေါင်က လာတဲ့သူတွေနဲ့ တွေ့တဲ့အခါမှာတော့ တစ်ဖက်လူက သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပြသည်။

“ခင်ဗျားက ဥက္ကဋ္ဌလု မဟုတ်လား?ကျွန်တော်တို့က Variety Talent Show တစ်ခုကပါ။ အခု ရိုက်ကူးရေးလုပ်ဖို့ နေရာလိုက်ရှာနေတာ။ အမှတ် (၂) မြေကွက်ပေါ်က ဗီလာတွေကို စိတ်ဝင်စားလို့ ကျွန်တော်တို့ အစီအစဉ်အတွက် ရိုက်ကူးရေးနေရာအဖြစ် ငှားချင်လို့ပါ။”

‘Variety Talent Show ဟုတ်လား။’

‘မထူးဆန်းပါဘူး သူတို့တွေက ပိုက်ဆံတွေကို ကျုံးယူနေတဲ့သူတွေ မဟုတ်လား။’

“ပြဿနာ လုံးဝမရှိပါဘူး ကျွန်တော့် ဗီလာတွေက ငှားဖို့ အဆင်သင့်ပါပဲ။”

လုပေါင်ကဘာကိုမှ ဂရုမစိုက်တော့ဘဲ ချက်ချင်း သဘောတူလိုက်တော့သည်။

“ဒါဆို အိမ်ငှားခကရော ဘယ်လောက်လဲ ဒီမြေကွက်ရဲ့ နာမည်က သိပ်မကောင်းဘူးဆိုတာတော့ ကျွန်တော် သိထားပါတယ်။”

All Chapters