← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄) ဤကမ္ဘာကား ရက်စက်လွန်းလှသည်

ဆက်သွယ်ပြောဆိုမရသည့်အတွက် တစ်ဖက်လူများသည် ကျောက်ဖေးနှင့် ဆက်လက်စကားပြောလိုစိတ် မရှိတော့ချေ။

ကျောက်ဖေးတစ်ယောက် အမောတောင် မဖြေရသေးမီမှာပင် မျက်လုံးစွေစွေနှင့် လက်တိုအင်္ကျီဝတ် လူတစ်ယောက်သည် ရှေ့သို့တိုးလာပြီး သူ့လက်မောင်းကို ဆွဲကိုင်ကာ မြှောက်မလိုက်သည်။

သူသည် တကယ်ကိုပင် အထက်သို့ မြောက်တက်သွားခြင်းဖြစ်သည်။

တစ်စက္ကန့်မကသော အချိန်အတွင်း ကျောက်ဖေး၏ ခြေထောက်နှစ်ဖက်မှာ မြေပြင်နှင့် လွတ်နေခဲ့သည်။

မာန်ပါလှသော လက်မောင်းကြွက်သားကြီးများကို မြင်လိုက်ရသောအခါ ကျောက်ဖေး၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

"ဒီလောက် သန်မာတဲ့အားနဲ့ သဲအိတ်အရွယ် လက်သီးကြီးတွေသာ သုံးရင် ငါ့ကို လက်သီးချက်အနည်းငယ်နဲ့တင် အသေရိုက်လို့ ရမှာပဲ”

သူ့ကိုယ်သူ ဖုံးကွယ်ထားသော သစ်ရွက်ခါးဝတ်မှာလည်း ထိုလူ၏ ဆွဲလားရမ်းလားလုပ်မှုကြောင့် ပြတ်ထွက်သွားတော့သည်။

ထို့နောက် ထိုလူစုသည် ကျောက်ဖေးကို ကုန်ပစ္စည်း သို့မဟုတ် တိရစ္ဆာန်တစ်ကောင်အား စစ်ဆေးနေသကဲ့သို့ တစ်ပတ်လှည့်ကြည့်ခိုင်းကာ တစ်ချက်တစ်ချက် လှောင်ပြုံးပြုံးရင်း ဝေဖန်နေကြသည်။

ကျောက်ဖေး၏ စိတ်ထဲတွင် အရှက်ရမှုများဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ သူ၏ကိုယ်ပွားတစ်ဦးသာ ဖြစ်သော်လည်း ကျောက်ဖေးအတွက်မူ သူကိုယ်တိုင် ကြုံတွေ့နေရသကဲ့သို့ ခံစားနေရသည်။

ပိုးထည်ဝတ်စုံနှင့် လူလတ်ပိုင်းက တစ်ဖက်သို့လှည့်ကာ အမိန့်အချို့ ပေးလိုက်သည်။

ထို့နောက် ကျောက်ဖေးကို လက်တိုအင်္ကျီဝတ် လူနှစ်ယောက်က လှေဝမ်းထဲသို့ တွန်းပို့ရန် ခေါ်ဆောင်သွားကြသည်။

ဤသစ်သားလှေကြီးမှာ ကျောက်ဖေး ထင်ထားသည်ထက်ပင် ပိုမိုကြီးမားလှသည်။

လှေပတ်လမ်းပေါ်ရှိ အဆောက်အအုံနှစ်ခုအပြင် လှေအောက်ထပ်တွင်လည်း ကျယ်ဝန်းသော လှေဝမ်းတစ်ခု ရှိနေသေးသည်။

လှေဝမ်းထဲတွင် စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအုပ်ကြီးကို တွေ့လိုက်ရပြီး အယောက် ၂၀၊ ၃၀ ခန့် ရှိမည်ပင်။

ကျား၊ မ၊ ကြီး၊ ငယ် စုံလင်သော်လည်း အများစုမှာ အမျိုးသားများ ဖြစ်ကြသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က စုတ်ပြတ်နေသော အင်္ကျီတစ်ထည်ကို ကျောက်ဖေးထံ ပစ်ပေးပြီး ဝတ်ခိုင်းလိုက်

သည်။

ထိုအဝတ်သည် အစုတ်အပြတ်ဖြစ်နေရုံသာမက ညစ်ပတ်လွန်းလှပြီး အနံ့ဆိုးများလည်း ထွက်နေသည်။

ယခင်ကမ္ဘာမှာဆိုလျှင် ခြေသုတ်ဝတ်အဖြစ်တောင် သုံးမည်မဟုတ်သော အရာမျိုးဖြစ်သည်။

လှေဝမ်းထဲတွင်လည်း ချွေးနံ့၊ ခြေစည်နံ့၊ ကိုယ်နံ့၊ မစင်နံ့နှင့် ဖော်ပြမရသော အနံ့ဆိုးပေါင်းစုံ မွှန်ထူနေသည်။

ကျောက်ဖေး လှေဝမ်းထဲသို့ ရောက်သွားသည်နှင့် အနံ့ဆိုးများကြောင့် ချဉ်ရည်များပင် ထွက်လာကာ အန်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။

သို့သော်လည်း သူ၏ကိုယ်ပွားမှာ သာမန်လူတစ်ယောက်ကဲ့သို့ ထင်မှတ်စေရန်အတွက် ကျောက်ဖေးသည် ကိုယ်ပွား၏ သဘာဝတုံ့ပြန်မှုများကို မတားဆီးဘဲ လွှတ်ထားလိုက်သည်။

ဘုန်း

လေးလံလှသော တံခါးကြီး ပိတ်သွားသည်နှင့် ဖုန်မှုန့်များ လွင့်ပျံ့သွားပြီး ပြင်ပကမ္ဘာနှင့် လုံးဝအဆက်ပြတ်သွားတော့သည်။ လှေဝမ်းထဲတွင်လည်း မှောင်အတိ ကျသွား၏။

လှေကြီးမှာမူ ဦးတည်ရာမသိသော ခရီးတစ်ခုသို့ ဆက်လက် ရွေ့လျားနေဆဲဖြစ်သည်။

တဖြည်းဖြည်းနှင့် ကျောက်ဖေး၏ မျက်လုံးများသည် မှောင်ရိပ်နှင့် အသားကျလာပြီး လှေဝမ်းအတွင်းကို စတင်ကြည့်ရှု စစ်ဆေးသည်။

လူအချို့သည် ထုံထိုင်းမှိုင်ေဝေစွာဖြင့် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြပြီး အချို့မှာမူ ကျဉ်းမြောင်းလှသော နေရာလေးတွင် ကွေးကာ အိပ်ပျော်နေကြသည်။ အချို့ကမူ လှေဝမ်း၏ အခြားတစ်ဖက်သို့ မုန်းတီးခြင်း၊ သနားခြင်း သို့မဟုတ် ရွံရှာခြင်း အကြည့်များဖြင့် ကြည့်နေကြသည်။

ထိုဘက်အစွန်းတွင်မူ

အမောတကော အသက်ရှူသံများ ကြားနေရသည်။

အမျိုးသမီးအချို့မှာ အဝတ်အစားများ ချွတ်ပစ်ခြင်း ခံထားရပြီး နာကျင်ခြင်း၊ အားကိုးရာမဲ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်း မျက်နှာထားများဖြင့် အလွန်ပင် ရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ကျောက်ဖေးသည် စိတ်ထဲမှ မခံမရပ်နိုင်မှုများကို ဖိသိပ်ထားလိုက်သည်။

သူသည် အခြားသူများနည်းတူ နံရံတွင် ကပ်ကာ ဆောင့်ကြောင့်ထိုင်လိုက်သည်။

သူသည် သူတော်စင်တစ်ယောက် မဟုတ်သလို လက်ရှိအင်အားနှင့်လည်း ဘာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိသည်ကို ကောင်းကောင်းနားလည်ထားသည်။

တစ်ချိန်တည်းမှာပင်... ပင်မကိုယ်ခန္ဓာဘက်တွင်မူ

ကျောက်ဖေးသည် ဝေးကွာသွားသော လှေကြီးကို မြစ်ကွေ့တစ်ခုထဲသို့ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။

ထို့နောက် နောက်ထပ် ဆယ်မိနစ်ခန့် ထပ်မံစောင့်ဆိုင်းပြီးမှ

ပုန်းကွယ်ရာမှ ထွက်လာကာ ညနေခင်းအချိန်ကို အသုံးချ၍ မြစ်ကို ဖြတ်ကူးလိုက်

သည်။

လှေကြီးသည် မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီ ဖြစ်၏

သို့သော်လည်း ပင်မကိုယ်ခန္ဓာနှင့် ကိုယ်ပွားအကြား ဆက်နွှယ်မှုမှာမူ အကွာအဝေးကြောင့် ပြတ်တောက်သွားခြင်း မရှိပေ။

ဤဘက်ကမ်းသည် ချုံပုတ်များမရှိသဖြင့် သွားလာရ ပိုမိုလွယ်ကူပြီး သဲသောင်ပြင်နှင့် မြက်ခင်းပြင်များ ရှိနေသည်။

ကျောက်ဖေးသည် မြစ်ကိုကွယ်နေသည့်

ကမ်းမှ မီတာအနည်းငယ်အကွာရှိ ကုန်းမြင့်တစ်ခုကို တွေ့ရှိလေ၏

ထိုနေရာတွင် နားခိုရန် ဆုံးဖြတ်လိုက်သည်။

မွန်းတည့်ချိန်မှ ယခုအထိ တောသီးအချို့သာ စားထားရပြီး ခရီးဝေးနှင်လာခဲ့ရသဖြင့် သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

ကိုယ်ပွား ၃ ဦးကို အစားအစာနှင့် ထင်းရှာရန် လွှတ်လိုက်သည်။

မကြာမီမှာပင် ကိုယ်ပွားများက တောသီးအချို့ သယ်ဆောင်လာကြသည်။

ထိုအသီးများသည် ယခင်ကဲ့သို့ပင် ချဉ်ဖန်သော အနီရောင်အသီးများ ဖြစ်သော်လည်း လက်ရှိတွင် စားစရာရှိနေခြင်းကပင် ကျေးဇူးတင်စရာ ဖြစ်နေသည်။

မိနစ်အနည်းငယ်အကြာတွင်

ထင်းများလည်း စုဆောင်းပြီးဖြစ်သဖြင့် ကိုယ်ပွား ၃ ဦးသည် မီးပွတ်ရန်စတင် ကြိုးပမ်းကြတော့သည်။

ကျောက်ဖေးသည် အင်တာနက်မှ မီးပွတ်နည်း ဗီဒီယိုများစွာကို ကြည့်ဖူးသဖြင့် အဆင့်ဆင့်ကို ကောင်းစွာ သိရှိထားသည်။

မီးပွတ်ရန်အတွက် မာကျောသော သစ်သားချောင်းကို လက်ကိုင်အဖြစ်သုံးကာ အောက်မှ ပျော့ပြောင်းသော သစ်သားပြားပေါ်တွင် ပွတ်တိုက်ရမည်ဖြစ်သည်။

ထို့နောက် လောင်စာအဖြစ် မြက်ခြောက်များ သို့မဟုတ် ဂွမ်းကဲ့သို့ အရာများကို ပြင်ဆင်ရသည်။

ပစ္စည်းများက ရိုးရှင်းပေ၏

တောထဲတွင် ရှာဖွေရန် လွယ်ကူချေသည်။

အခြေခံသဘောတရားမှာ ပွတ်တိုက်မှုမှတစ်ဆင့် အပူထွက်လာစေရန် ဖြစ်၏

သို့သော်လည်း လက်တွေ့တွင်မူ ထင်သလောက် မလွယ်ကူလှပေ။

ကျောက်ဖေးသည် မြက်ခင်းပေါ်တွင် လဲလျောင်းရင်း ကိုယ်ပွားများ မီးပွတ်ရန် ကြိုးစားနေသည်ကို ကြည့်နေမိသည်။

ကျောက်ဖေးသည် မီးရရှိရန်အတွက် အပြည့်အဝ ယုံကြည်မှုမရှိသော်လည်း ကိုယ်ပွားများကို အားယားမနေစေရန် ခိုင်းထားခြင်းသာ ဖြစ်သည်။

သူ၏ အဓိက အာရုံမှာ လှေပေါ်မှ ကိုယ်ပွားထံတွင်သာ ရှိနေသည်။

ဘာသာစကား အခက်အခဲသည် သူရင်ဆိုင်နေရသော အကြီးမားဆုံး စိန်ခေါ်မှုပင်။

ကံကောင်းသည်မှာ သူ့တွင် ဦးနှောက် ၅ လုံး ရှိနေခြင်းကြောင့် သာမန်လူထက် ၅ ဆ ပိုမိုသော သင်ယူနိုင်စွမ်းနှင့် မှတ်ဉာဏ် ရှိနေခြင်း ဖြစ်သည်။

လှေဝမ်းထဲရှိ လူများ၏ စကားပြောသံများမှတစ်ဆင့်

ကျောက်ဖေးသည် ဤကမ္ဘာသစ်၏ ဘာသာစကားကို ရေစုပ်ဂွမ်းကဲ့သို့ အငမ်းမရ သင်ယူနေသည်။

သူကြားရသမျှ အသံထွက်တိုင်းကို မှတ်သားထားရ၏

ပြောဆိုသူ၏ မျက်နှာအမူအရာ၊ လက်ဟန်ခြေဟန်များနှင့် အခြားသူများ၏ တုံ့ပြန်မှုများကို ခွဲခြမ်းစိတ်ဖြာထားသည်။

တဖြည်းဖြည်းနှင့် ကျောက်ဖေးသည် ရိုးရှင်းသော စကားများကို နားလည်လာချေသည်။

ဥပမာ "မင်း"၊ "ငါ"၊ "မလုပ်နဲ့"၊ "ထွက်သွား" စသည်ဖြင့် ။ တစ်ချိန်တည်းမှာပင် သူသည် ကိုယ်ပွားများကိုလည်း ထိုအသံထွက်များအတိုင်း လေ့ကျင့်ခိုင်းနေသည်။

သတိမထားမိခင်မှာပင် နေဝင်သွားခဲ့ချေပြီ

ကျောက်ဖေးသည် ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားတော့သည်။

ကိုယ်ပွား ၃ ဦးမှာမူ မီးရရှိရန် ဆက်လက်ကြိုးစားနေကြပြီး ဘာသာစကားကိုလည်း သင်ယူနေကြဆဲဖြစ်သည်။

ကိုယ်ပွားများထံမှ အတွေ့အကြုံနှင့် ဗဟုသုတများသည် ပင်မကိုယ်ခန္ဓာထံသို့ အဆက်မပြတ် စီးဝင်နေ၏

ညဉ့်နက်ပိုင်းရောက်မှ

ဘယ်အချိန် ဘာဖြစ်သွားသည်ကို သူမသိတော့ပေ

ကျောက်ဖေးသည် အသားကင်နံ့တစ်ခုကြောင့် ရုတ်တရက် နိုးလာခဲ့သည်။

သူ ထိုင်လိုက်သောအခါ သူ့ဘေးတွင် မီးပုံကြီးတစ်ခု တောက်လောင်နေသည်ကို တွေ့လိုက်ရသည်။

ကိုယ်ပွါးများသည် မီးရအောင် လုပ်နိုင်ခဲ့ကြပြီး သစ်သားချောင်းများတွင် ပတ်ထားသော မြွေသား ၄ တုံးသည်လည်း ဆီများထွက်ကာ မွှေးကြိုင်နေပြီဖြစ်သည်။

အကြီးဆုံးမြွေမှာ ၁.၅ မီတာခန့် ရှည်လျားပြီး ကလေးလက်မောင်းခန့် တုတ်သည်။

ဤအစားအစာသည် ကျောက်ဖေးအတွက် အနည်းဆုံး ထမင်းအနှပ် အနည်းငယ် စားရန် လုံလောက်ပေသည်။

သူ အိပ်ပျော်နေစဉ်အတွင်း ကိုယ်ပွားများက မြွေနှစ်ကောင်ကို ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်

မည်။

သို့သော်လည်း ကိုယ်ပွား ၃ ဦးအနက် တစ်ဦးမှာ ပျောက်ဆုံးနေသည်။

ကျောက်ဖေး စူးစမ်းကြည့်ရာ မီတာအနည်းငယ်အကွာရှိ မြက်ရိုင်းတောထဲတွင် ခရမ်းရောင်သန်းကာ သေဆုံးနေသော ကိုယ်ပွား၏ အလောင်းကို တွေ့လိုက်ရပြီးအဆိပ်ရှိသော မြွေကို ဖမ်းဆီးရင်း အကိုက်ခံရကာ သေဆုံးသွားခြင်း ဖြစ်မည်။

မီးပုံဘေးရှိ ကျန်ကိုယ်ပွါးနှစ်ဦးသည်လည်း ဒဏ်ရာအချို့ ရရှိထားကြသည်။

ကျောက်ဖေးသည် ပူနွေးနေသော မြွေသားများကို အားရပါးရ စားသောက်လိုက်သည်။

ဆားနှင့် ဟင်းခတ်အမွှေးအကြိုင် မပါသော်လည်း

ကျောက်ဖေးအတွက်မူ ဤမျှ အရသာရှိသော အစားအစာကို မစားရသည်မှာ ကြာပြီ ဖြစ်သည်။

တစ်နာရီခန့်အကြာတွင်

ကျောက်ဖေးသည် ဗိုက်ဝသွားပြီး အားအင်များလည်း ပြည့်ဖြိုးလာသည်။

ထို့ကြောင့် ကိုယ်ပွားသစ်များကို လဲလှယ်ကာ ကျန်ရှိသော အစားအစာများကို သယ်ဆောင်၍ ခရီးဆက်ခဲ့သည်။

ကိုယ်ပွား၏ အတွေ့အကြုံများအရ

ဤကမ္ဘာသည် သူထင်ထားသကဲ့သို့ လှပမနေဘဲ အလွန်အန္တရာယ်များလှသည်ကို ကျောက်ဖေး နားလည်သွားခဲ့သည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ လူသားများနှင့် ထိတွေ့ဆက်ဆံပြီး ဤကမ္ဘာသစ်အတွင်းသို့ ဝင်ရောက်နိုင်ရန်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အဆင့်တစ်ခုပင် ဖြစ်တော့သည်

အခန်း (၅) - အခုကစပြီး မင်းတို့က စုန်မိသားစု ခွေးတွေပဲ

မျှော်စင်သင်္ဘောကြီးသည် တစ်ညလုံး လှိုင်းလေအကြား ယိမ်းထိုးမျောပါလာ၏

ထို့နောက် အရုဏ်တက်ချိန်တွင် ဆိုက်ကပ်ရပ်နားသွားလေသည်။

ခေတ္တအကြာတွင် အခန်းတံခါး ပွင့်လာ၏။

ပြင်ပလောကမှ လတ်ဆတ်သော လေထုကြောင့် ကျောက်ဖေး ကိုယ်ပွါးသည် မနေနိုင်ဘဲ အားပါးတရ ရှူသွင်းလိုက်မိသည်။

တိုတောင်းသော အင်္ကျီဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ထွက်ပေါက်တွင် ရပ်ကာ အောက်ဘက်ရှိ လူများကို လှမ်းအော်လိုက်သည်။

"... ထွက်ခဲ့ကြစမ်း”

တစ်ညလုံး မအိပ်မနေ လေ့လာခဲ့မှုကြောင့် ကျောက်ဖေးသည် အခုဆိုလျှင် "ထွက်ခဲ့" ဆိုသည့် စကားလုံးကဲ့သို့သော ရိုးရှင်းသည့် ဝေါဟာရအချို့ကို နားလည်နေပြီ ဖြစ်သည်။

အခန်းထဲမှ လူများသည် တစ်ယောက်ပြီးတစ်ယောက် တွားသွားကာ ထွက်လာကြရ၏။

ထို့နောက် သူတို့သည် သင်္ဘောပေါ်မှ အမောင်းထုတ်ခံရပြီး လက်တိုအင်္ကျီဝတ် အမျိုးသားအချို့၏ အမိန့်ပေးမှုအောက်တွင် ကမ်းခြေ၌ အတန်းလိုက် ရပ်နေကြရသည်။

နေမထွက်မီ အာရုဏ်ကျင်းစအချိန်ပင် ရှိသေး၏

ကောင်းကင်က တောက်ပလာချေသည်

သို့သော်လည်း ကမ်းခြေတွင် ရှေးဟောင်းဝတ်စုံ အမျိုးမျိုး ဝတ်ဆင်ထားသူများ စုရုံးနေကြပြီဖြစ်သည်။ အချို့က ပိုးထည်ဝတ်စုံများ၊ အချို့က အစေခံဝတ်စုံများနှင့် အချို့မှာမူ ဓား၊ လှံ လက်နက်များ ကိုင်ဆောင်ထားကြသည်

အဝေးတွင် မြင်းရထားအချို့ကိုလည်း မြင်တွေ့ရ၏။

သင်္ဘောပေါ်တွင် အဖွဲ့ကို ဦးဆောင်လာသည့် ပိုးဝတ်စုံဝတ် လူလတ်ပိုင်းအမျိုးသားသည် ကမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ ထိုနေရာတွင် စောင့်ဆိုင်းနေသော ခေါင်းဆောင်အချို့နှင့် ရင်းရင်းနှီးနှီး စကားပြောဆို ရယ်မောနေကြသည်။

ဘေးပတ်ဝန်းကျင်မှ လူများ၏ ခေါ်ဝေါ်ပုံအရ ဤလူလတ်ပိုင်းအမျိုးသား၏ အမည်မှာ "ကြီးကြပ်ရေးမှူးကျောက်”ဖြစ်ကြောင်း ကျောက်ဖေး သိလိုက်ရသည်။

ရှေ့က "ကျောက်”သည် သူ၏ မျိုးရိုးအမည်

ဖြစ်ပြီး "ကြီးကြပ်ရေးမှူး" မှာ သူ၏ ရာထူးဖြစ်သည်။

ကြီးကြပ်ရေးမှူးကျောက်နှင့် သူ၏ လက်အောက် ငယ်သားများသည် ချန်ဟယ်ဂိုဏ်း ဟုခေါ်သော အဖွဲ့အစည်းမှ ဖြစ်ကြသည်။

အမှန်စင်စစ် ဤကမ္ဘာတွင် ကမ္ဘာမြေကဲ့သို့ မျိုးရိုးအမည် တစ်ရာလောက် မရှိပေ

သို့သော်လည်း မျိုးရိုးအမည်များတော့ ရှိသည်။

နားလည်ရလွယ်ကူစေရန် ကျောက်ဖေးသည် ဤကမ္ဘာ၏ မျိုးရိုးအမည်များကို အသံထွက်ဆင်တူသော သူ၏ ယခင်ဘဝမှ မျိုးရိုးအမည်များအဖြစ် ဘာသာပြန်ဆိုလိုက်ခြင်း ဖြစ်သည်။

မကြာမီ အားလုံး အဆင်သင့်ဖြစ်သွား၏

ရွေးချယ်ရေးလုပ်ငန်းစဉ် စတင်လေတော့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ တိရစ္ဆာန်ရွေးချယ်နေသကဲ့သို့ပင်။ ဝယ်ယူမည့်သူများသည် ရှေ့သို့ထွက်လာကာ လက်ခြေများကို စစ်ဆေးရုံသာမက သွားများကိုပင် ကြည့်ရှုကြသည်။

ကြီးကြပ်ရေးမှူးကျောက်ကလည်း ပြုံးရွှင်သော မျက်နှာဖြင့် တစ်ဦးချင်းစီ၏ ဈေးနှုန်းများလိုက်လံမိတ်ဆက် ရောင်းချနေ၏။

ယခုမူ ကျောက်ဖေး အားလုံးကို သဘောပေါက်သွားပြီဖြစ်သည်။

သင်္ဘောခန်းထဲမှ ထွက်လာရသူများသည် အမှန်စင်စစ် ကုန်စည် များသာဖြစ်ပြီး ချန်ဟယ်ဂိုဏ်းက ကမ်းခြေတွင် စောင့်နေသော အဖွဲ့အစည်းများထံ ရောင်းချနေခြင်း ဖြစ်သည်။

"... ငွေ ကိုးကျပ်... ဒီလူက... သန်မာတယ်... ဝယ်ရင် မရှုံးစေရဘူး..."

"... ဒီတစ်ယောက်ကတော့ ငွေ ဆယ်ကျပ်..."

"... ခုနစ်ကျပ်..."

ကြီးကြပ်ရေးမှူးကျောက်သည် မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် တစ်ဦးချင်းစီ၏ ဈေးနှုန်းကို လိုက်လံမိတ်ဆက်ပေးနေသည့် ပုံစံမှာ ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုနေသည့် ကြင်နာတတ်သော ကုန်သည်တစ်ဦးကဲ့သို့ပင် ဈေးစကား အပြန်အလှန် ပြောဆိုနေလေတော့သည်။

ပထမဦးဆုံး ရွေးချယ်ခံရသူများသည် ချွင်းချက်မရှိ သန်မာသော လူငယ်များသာ ဖြစ်သည်။

ကျောက်ဖေးသည်လည်း ပထမအသုတ်တွင်ပင် ပါဝင်သွားပြီး ငွေ တစ်ဆယ့်နှစ်ကျပ်ဖြင့် အရောင်းခံလိုက်ရသည်။

သူ့ကို ဝယ်ယူသူမှာ မုတ်ဆိတ်နှင့် ပိုးဝတ်စုံဝတ် အဖိုးအိုတစ်ဦးဖြစ်ပြီး ကြီးကြပ်ရေးမှူးကျောက်က သူ့ကို အိမ်တော်ထိန်းစုန်ဟု ခေါ်ဝေါ်သည်။

အိမ်တော်ထိန်းစုန်၏ နောက်တွင် လက်နက်ကိုင်ဆောင်ထားသော ဗလတောင့်တောင့် ကိုယ်ရံတော်အချို့ လိုက်ပါလာကြသည်။

ကျောက်ဖေးသည် ငွေ ၁၂ ကျပ် တန်ကြေးရှိသည်။

၎င်းမှာ အမြင့်ဆုံးဈေးနှုန်းများထဲမှ တစ်ခုဖြစ်သည်။

ကျောက်ဖေးသည် ကိုယ်လက်လုပ်အား အလုပ်ကြမ်းများ မလုပ်ဖူးသော်လည်း ငယ်စဉ်ကတည်းက အာဟာရပြည့်ဝစွာ နေထိုင်ခဲ့သူဖြစ်ရာ အသက် ၂၄ နှစ်တွင် အရပ် ၁.၈မီတာဖြင့် ထွားကျိုင်းသန်မာနေသည်။

သူသာ နားမကြားသူဟု အထင်မခံရပါက ကြီးကြပ်ရေးမှူးကျောက်သည် ဤထက်ပိုသော ဈေးနှုန်းကိုပင် တောင်းဆိုနိုင်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

ထို့ပြင် ဤကမ္ဘာ၏ ငွေကြေးစနစ်သည်လည်း ရွှေ၊ ငွေနှင့် ကြေးပြားများဖြစ်ကြောင်း ကျောက်ဖေး တွေ့ရှိလိုက်ရသည်။

ကြေးပြားများသည် အပြင်ပိုင်းဝိုင်းပြီး အတွင်းလေးထောင့်ကျကာ သူ၏ ယခင်ဘဝက ပုံစံနှင့် သိပ်မကွာခြားလှပေ။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် အရောင်းအဝယ် ပြီးဆုံးသွားသည်။

နောက်ဆုံးတွင် ကျန်ရစ်သော အိုမင်းမစွမ်းသူ ငါးဦးကိုမူ ကြီးကြပ်ရေးမှူးကျောက်က ဝဝဖိုင့်ဖိုင့် ကုန်သည်ကြီးတစ်ဦးထံ ငွေနှစ်ကျပ်တည်းဖြင့် လက်ကျန်ရှင်းကာ ရောင်းချလိုက်လေသည်။

အိမ်တော်ထိန်းစုန်သည် ကျောက်ဖေးအပါအဝင် အစေခံ စုစုပေါင်း ငါးဦးကို ဝယ်ယူခဲ့သည်။

အရောင်းအဝယ် ပြီးမြောက်ချေသည်

အိမ်တော်ထိန်းစုန်သည် ကြီးကြပ်ရေးမှူးကျောက်ကို နှုတ်ဆက်ကာ အစေခံသစ်များကို ခေါ်ဆောင်၍ လာရာလမ်းအတိုင်း ပြန်လာခဲ့ကြသည်။

တစ်နာရီနီးပါး လမ်းလျှောက်ရချေ၏

ပြီးနောက် မြို့ရိုးတစ်ခုကို လှမ်းမြင်လိုက်ရသည်။

မြို့ရိုးသည် ငါးမီတာကျော် မြင့်မားပြီး ဂိတ်ဝတွင် စစ်သည်နှစ်ဦး ရှိနေသည်။

အခုဆိုလျှင် နေ့ခင်းကြောင်တောင် ဖြစ်နေပြီဖြစ်ရာ ကုန်ပစ္စည်း ထမ်းလာသူများ၊ မြင်းမောင်းလာသူများနှင့် ခြင်းတောင်းထမ်းလာသူများက မြို့ထဲသို့ အဝင်အထွက်ဖြင့် ရှုပ်ယှက်ခတ်နေကြသည်။

အားလုံးသည် ရှေးဟောင်း ရုပ်ရှင်များထဲက အတိုင်းပင်ဖြစ်သော်လည်း မျက်စိရှေ့မှ မြင်ကွင်းက ပို၍ ပကတိကျနေသည်။

ဤမြို့ကား ကျန်းလင်းမြို့ပင် ဖြစ်တော့သည်။

ထို့နောက် သူတို့အဖွဲ့သည် မြို့ဂိတ်ကို ဖြတ်ကျော်ကာ လမ်းမကြီးများ၊ လမ်းကြားများတစ်လျှောက် မိနစ် ၂၀ ခန့် လျှောက်လှမ်းလာ၏

ထို့နောက် ခမ်းနားထည်ဝါသော အိမ်တော်ကြီးတစ်ခုသို့ ရောက်ရှိလာကြပြီး အိမ်တော်မှာ အလွန်ကျယ်ဝန်းလှကာ လမ်းကြားတစ်ခုလုံး၏ ဘေးတစ်ဖက်သည် ထိုအိမ်တော်၏ တံတိုင်းကြီးပင် ဖြစ်နေတော့သည်။

နီရဲသော တံခါးမကြီးတွင် ကြေးမှိုများ တပ်ဆင်ထားပြီး အပေါ်ဘက်တွင် ကျောက်ဖေး မသိသော စာလုံးနှစ်လုံး ရေးထိုးထားသည့် ဆိုင်းဘုတ်ကြီး ချိတ်ဆွဲထားသည်။

ကျောက်ဖေးကတော့ ထိုစာလုံးမှာ စုန်အိမ်တော်ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

လမ်းခရီးတွင် အိမ်တော်ထိန်းစုန်က ဆုံးမဩဝါဒ ပေးလာခဲ့သဖြင့် သူတို့ အလုပ်အကျွေးပြုရမည့်သူများမှာ စုန်မျိုးနွယ်များ ဖြစ်ကြောင်း ကျောက်ဖေးသိပေသည်။

စုန်မိသားစုသည် ဤခရိုင်မြို့၏ ဩဇာတိက္ကမရှိသော မျိုးနွယ်စုကြီးဖြစ်၏

သူတို့အဖွဲ့သည် ဘေးတံခါးမှတစ်ဆင့် အိမ်တော်၏ ရှေ့ဆောင်သို့ ဝင်ရောက်ခဲ့ကြပြီး အိမ်တော်ထိန်းစုန်က အစီရင်ခံရန် ထွက်သွားသည်။

ကျောက်ဖေးနှင့် အခြားအစေခံ လေးဦးကိုမူ လူတစ်ဦးက တံတိုင်းနှစ်ခုကို ဖြတ်ကျော်ကာ အခြားဝန်းတစ်ခုသို့ ခေါ်

ဆောင်သွားလေသည်။

ထိုဝန်းထဲတွင် အစေခံသစ်ငါးဦးကို အတန်းလိုက် ရပ်ခိုင်းထား၏။

ထိုလူမှာ အထက်စီးဆန်သော လေသံ၊ တင်းမာသော အမူအရာဖြင့် သူတို့ကို စတင် ဟောက်ငေါက်လေတော့သည်။

"ငါ့မျိုးရိုးက စွန်း နာမည်ကတော့ စွန်းထျန်းပဲ။ မင်းတို့ကို တာဝန်ယူရမယ့် ကြီးကြပ်သူပဲ။"

"မှတ်ထားကြစမ်း၊ ဒီနေ့ကစပြီး မင်းတို့က စုန်မိသားစုရဲ့ အစေခံတွေ၊ စုန်မိသားစုရဲ့ ခွေးတွေ ပဲ။ သခင်တွေက အရှေ့သွားဆိုရင် အနောက်ကို မလှည့်နဲ့၊ ဒူးထောက်ဆိုရင် မတ်တပ်မရပ်နဲ့။"

"အမှားလုပ်မိရင် အပေါ့စားက ကြိမ်ဒဏ်၊ အပြင်းစားဆိုရင် ရိုက်သတ်ခံရမှာပဲ”

“တခြား စည်းကမ်းတွေကိုတော့ နောင်ကျရင် ငါ ဖြည်းဖြည်းချင်း သင်ပေးမယ်..."

ကျောက်ဖေးမှာ တစ်ဝက်တစ်ပျက်သာ နားလည်၏

သို့သော်လည်း အဓိပ္ပာယ်ကိုတော့ ခန့်မှန်းမိသည်။

ထိုဟိန်းဟောက်သံကြောင့် ကျောက်ဖေးမှလွဲ၍ ကျန်လေးဦးသည် ကြောက်လန့်တကြား မျက်နှာပျက်ကာ ခေါင်းငုံ့နေကြရရှာသည်။

ဟောက်ငေါက်ပြီးနောက် စွန်းထျန်းသည် သူတို့ကို ရေတွင်းသို့ ခေါ်သွားသည်။

အစေခံငယ်နှစ်ဦးက ရေခပ်ပေးထားပြီး အနီးတွင် လျှော်ဖွပ်ထားသော လျှော်စရာအဝတ်အစားပုံကြီး ရှိနေသည်။

ကျောက်ဖေးနှင့် အခြားသူများကို အဝတ်အစားများ အကုန်ချွတ်ခိုင်းကာ တစ်ကိုယ်လုံး စင်ကြယ်အောင် ဆေးကြောစေပြီးနောက် အစေခံဝတ်စုံများကို လဲလှယ်ဝတ်ဆင်စေလိုက်ရာ သူတို့၏ ရုပ်သွင်မှာ အတန်ငယ် ကြည့်ကောင်းသွားသည်။

ယခင်က ညစ်ပတ်နံစော်နေသော ပုံစံနှင့်စာလျှင် ယခုမူ လူသန့်လေးများ ဖြစ်သွားကြပြီဖြစ်သည်။

ထို့နောက် အလုပ်ကြမ်းလုပ်သည့် အဘွားအိုနှစ်ဦးသည် အစားအစာပုံး နှစ်ပုံးကို ယူဆောင်လာပေးသည်။

ပုံးတစ်ပုံးထဲတွင် အကြမ်းထည် ပေါင်မုန့်လုံး များ ပါရှိပြီး အခြားတစ်ပုံးသည် ဟင်းသီးဟင်းရွက် ဆန်ပြုတ်ဖြစ်သည်။ ဆန်ပြုတ်ထဲတွင် အသားအရိုး အနည်းငယ်ကိုပင် တွေ့ရသေး၏။

အစေခံသစ်များ၏ မျက်လုံးများမှာ အရောင်တောက်သွားကြသည်။

တစ်ယောက်မှာ မအောင့်နိုင်တော့ဘဲ ပေါင်မုန့်ကို လှမ်းနှိုက်ချေ၏

စွန်းထျန်းက အေးစက်စွာ ရယ်မောရင်း ကြိမ်လုံးဖြင့် ဆက်တိုက် ရိုက်နှက်လိုက်ရာ ပေါင်မုန့်နှိုက်သည့် အစေခံသည် မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေရတော့သည်။ သူ၏ ညာဘက်လက်ဖမိုးတွင် သွေးစို့နေသော ကြိမ်ဒဏ်ရာကြီး ထင်ကျန်ရစ်၏။

"အခု ငါ ပထမဆုံး စည်းကမ်းကို သင်ပေးမယ်... ဒီနေ့ကစပြီး သခင်တွေ အမိန့်မပေးဘဲနဲ့ မင်းတို့ ဆာလောင်လို့ သေတော့မဲ့ အခြေအနေ ရောက်ရင်တောင် ကိုယ့်သဘောနဲ့ကိုယ် ဘာမှ မလုပ်ရဘူး။"

အစေခံသစ်များသည် ဆောင်းတွင်းရောက် ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ကျောက်ဖေးသည်လည်း ထိတ်လန့်ဟန်ဆောင်ကာ ခေါင်းငုံ့နေလိုက်၏။

စွန်းထျန်းက သူတို့ကို တစ်ချက်ဝေ့ကြည့်ကာ ကျေနပ်သွားပုံရပြီး စားသောက်ရန် အမိန့်ပေးလိုက်သည်။

ထိုအခါမှသာ အစေခံသစ်များသည် ရှေ့တိုးလာပြီး လုယက်စားသောက်ကြတော့သည်။

အထူးသဖြင့် ဆန်ပြုတ်ထဲက အသားရိုးလေး အနည်းငယ်အတွက် ကျောက်ဖေးမှလွဲ၍ ကျန်လေးဦးသည် ထိုးကြိတ်လုယက်ကြ၏

ရလဒ်အနေဖြင့် စွန်းထျန်း၏ ကြိမ်ဒဏ်ကို ထပ်မံ မြည်းစမ်းလိုက်ရသေးသည်။

အမှန်အတိုင်း ပြောရလျှင်

ဤအစားအစာများသည် ကျောက်ဖေးအတွက် ဘာမှမဟုတ်သော်လည်း ဗိုက်ပြည့်ရုံတော့ ရှိပါသည်။

ကျောက်ဖေး အပါအဝင် အားလုံး ဗိုက်ကားအောင် စားသောက်လိုက်ကြရလေသည်။

အခန်း (၆) - ၎င်းသည် မိစ္ဆာတစ်ကောင် ဖြစ်နေလေမလား

နံနက်စာ စားသောက်ပြီးနောက် ပြင်ပလောကတွင် နေရောင်ခြည် အလင်းတန်းများ လွှမ်းမိုးနေပြီ ဖြစ်သည်။

နားနေရန် အခွင့်အရေးကား မရှိပေ။

စွန်းထျန်းသည် အစေခံသစ် ငါးဦးကို အတန်းလိုက် ရပ်ခိုင်းပြီး သူ၏ ဩဝါဒကို ဆက်လက် ခြွေလေသည်။ "မင်းတို့ အမြဲမှတ်ထားရမှာက ကျေးဇူးသိတတ်ဖို့ပဲ။ စွန်မိသားစုကြောင့်သာ မင်းတို့လို ဝက်နဲ့ခွေးထက်မသာတဲ့ ကောင်တွေက ထမင်းဝဝစား၊ အဝတ်နွေးနွေး ဝတ်နိုင်ကြတာ..."

ထို့နောက် အလုပ်တာဝန်များ စတင်ခွဲဝေတော့သည်။

အစေခံသစ်များ ဖြစ်သည့်အားလျော်စွာ သူတို့သည် စုန်အိမ်တော်၏ အနိမ့်ဆုံးအလွှာတွင် ရှိနေကြပြီး ရရှိသည့် အလုပ်များမှာလည်း အညစ်ပတ်ဆုံးနှင့် အပင်ပန်းဆုံး အလုပ်များသာ ဖြစ်သည်။

ကျောက်ဖေးနှင့် အခြားအစေခံတစ်ဦးမှာ မြင်းဇောင်းတွင် တာဝန်ကျ၏။

သူတို့သည် မြင်းဇောင်း၏ အတွင်းအပြင် သန့်ရှင်းရေး လုပ်ရုံသာမက မြင်းများ၏ တင်ပါးတွင် မြင်းချေးတစ်စပင် ကပ်မနေစေရန် ဂရုစိုက်ကြရသည်။

စွန်းထျန်းသည်လည်း ခေါက်တုံ့ခေါက်ပြန် ပတ်ကြည့်နေပြီး စိတ်တိုင်းမကျပါက သူတို့၏ ခေါင်းပေါ်သို့ ကြိမ်လုံး ဒေါက်ခနဲ ကျလာတတ်သည်။

မြင်းဇောင်း သန့်ရှင်းရေးပြီးလျှင် ရေခပ်ခြင်း၊ ထင်းခွေခြင်းတို့ကို တစ်ဆက်တည်း လုပ်ဆောင်ရပြန်သည်။

ကျောက်ဖေးတို့ တစ်သိုက်သည် သံပတ်ပေးထားသည့် စက်ရုပ်များကဲ့သို့ ခေတ္တမျှပင် မနားရပေ။

အကယ်၍ ဤနေရာတွင် ရှိနေသည်မှာ ကျောက်ဖေး၏ ပင်ကိုယ်ခန္ဓာသာ ဆိုလျှင် သူသည် ဤကဲ့သို့သော အခြေအနေကို မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ပေ

သူကား တစ်ချိန်က အထက်တန်းစား သခင်လေးတစ်ဦး ဖြစ်ခဲ့ပြီး ကောင်းနိုးရာရာ စားသောက်ကာ စည်းစိမ်ချမ်းသာ အပြည့်နှင့် နေခဲ့သူ မဟုတ်ပါလော

ဤကဲ့သို့ ဒုက္ခမျိုးကို သူ ဘယ်သောအခါမှ မခံစားခဲ့ဖူးပေ

ဤသည်မှာ အသတ်ခံရခြင်းထက်ပင် ပို၍ ခံရခက်လှပြီး သေခြင်းထက် ဆိုးသော ကံကြမ္မာပင် ဖြစ်သည်။

ကံကောင်းသည်မှာ ယခုရောက်နေသည်မှာ ကျောက်ဖေး၏ ကိုယ်ပွါးသာ ဖြစ်သည်။ ပင်ကိုယ်အသိစိတ်က အမိန့်မပေးသရွေ့ မည်မျှပင် ပင်ပန်းဆင်းရဲစေကာမူ ကိုယ်ပွါးသည် နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။

တစ်နေ့တာ ကုန်ဆုံးသွားသောအခါ အခြားအစေခံ လေးဦးသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော်လည်း ကျောက်ဖေး တစ်ဦးတည်းသာ ဘာဒဏ်ရာမှ မရှိဘဲ ကျန်ရစ်သည်။

ညစာစားချိန်တွင် စွန်းထျန်းသည် ကျောက်ဖေးကို အသားရိုး သုံးခု ပိုပေးရန်ပင် အစားအသောက် ပို့ပေးသည့် အဘွားအိုအား အမိန့်ပေးလိုက်သေး၏။

"တွေ့လား? ဒီကောင်ကမှ အစေခံကောင်း တစ်ယောက်ပဲ။ မင်းတို့လို ဝက်နဲ့ခွေးထက် မသာတဲ့ကောင်တွေ သူ့ဆီက သင်ယူကြစမ်း”

စွန်းထျန်းက ကျောက်ဖေးကို လက်ညှိုးထိုးကာ ချီးကျူးလိုက်သည်။

စကားဖြင့် ပြောရုံနှင့် အားမရဘဲ အနီးရှိ အစေခံတစ်ဦးကို ကြိမ်လုံးဖြင့် "ဖြန်း၊ ဖြန်း" ဟု နှစ်ချက်ဆင့် ရိုက်နှက်လိုက်သေးသည်။

ထိုသားရေကြိမ်လုံးတွင် ဆူးငယ်ကလေးများ ပါရှိရာ တစ်ချက်ရိုက်တိုင်း သွေးစို့သွားပြီး အလွန် နာကျင်လှပေသည်။

ကျောက်ဖေးမှာမူ ခေါင်းငုံ့ကာ ထမင်းကိုသာ မြိန်ရည်ယှက်ရည် စားနေ၏။

ပင်ကိုယ်ခန္ဓာနှင့် အလှမ်းဝေးနေသဖြင့် ကိုယ်ပွါးကို အဝေးမှ ဖျက်ဆီး၍သာ ရနိုင်ပြီး အချိန်နှင့်အမျှ အဆင့်မြှင့်တင်ရန်မဖြစ်နိုင်ပေ။

ထို့ကြောင့် ဗိုက်ဝအောင် စားထားမှသာ ခန္ဓာကိုယ် ခွန်အားကို ထိန်းသိမ်းနိုင်ပြီး ကိုယ်ပွါးကို ပိုမို ကြာရှည်စွာ

အသက်ရှင်စေနိုင်မည် ဖြစ်သည်။

အခြားအစေခံများကမူ ကျောက်ဖေးကို မနာလိုဝန်တိုမှု၊ မုန်းတီးမှုများဖြင့် ကြည့်နေကြသည်။

'တောက်... ငါတို့အားလုံး စုန်အိမ်တော်က အစေခံချင်း အတူတူပဲ၊ မင်းက ဘာလို့ အသားထဲက အသားထွက် လုပ်ပြပြီး ငါတို့ကို အကြည့်ရဆိုးအောင် လုပ်နေရတာလဲ'

သို့သော် ထိုမကျေနပ်မှုကို ရင်ထဲမှာပဲ မြှုပ်နှံထားကြရသည်။

စွန်းထျန်းကို မပြောနှင့်ဦး

ကျောက်ဖေး၏ ထွားကျိုင်းသော ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရုံနှင့်ပင် သူတို့ အနိုင်ကျင့်ရန် မလွယ်ကူကြောင်း သိနေကြသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်

ကျန်းလင်းခရိုင်မြို့နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတစ်ခု၌။

ကျောက်ဖေး၏ ပင်ကိုယ်ခန္ဓာသည် ကိုယ်ပွါး သုံးဦးနှင့်အတူ ကျန်းလင်းမြို့ဆီသို့ ဆက်လက် ချီတက်နေသည်။

ပင်မကိုယ်ခန္ဓာနှင့် ကိုယ်ပွါးများကြား ဆက်သွယ်မှုသည် အကွာအဝေးကြောင့် ပြတ်တောက်သွားခြင်း မရှိဘဲ မည်မျှပင် ဝေးပါစေ ကျောက်ဖေးသည် လမ်းကြောင်းကို အမြဲတမ်း ခံစားသိရှိနေနိုင်သည်။

ကျန်းလင်းမြို့နှင့် နီးကပ်လာသည်နှင့်အမျှ လူသားတို့၏ လှုပ်ရှားမှု လက္ခဏာများကို ပိုမို တွေ့မြင်လာရသည်။

လမ်းမများနှင့် လယ်ကွင်းများကို စတင် မြင်တွေ့ရပြီ ဖြစ်သည်။

ကျောက်ဖေးသည် လမ်းမပေါ်တွင် ဗြောင်အတိအကျ သွားလာရန် မဝံ့ရဲပေ။

သူသည် ခေတ်မီအဝတ်အစားများကို ဝတ်ဆင်ထားပြီး ကိုယ်ပွါးသုံးဦးမှာမူ သစ်ရွက်ခါးဝတ်များနှင့် ကောက်ရိုးဖိနပ်များကိုသာ စီးထားကြသည့် လူရိုင်းများကဲ့သို့ ဖြစ်

နေသည်။

အကယ်၍ ဤကမ္ဘာမှ ဒေသခံများနှင့် တွေ့ဆုံပြီး ရှင်းပြရန် ခက်ခဲပါက ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

သို့သော် ဤကမ္ဘာကြီးသည် မည်မျှပင် ရက်စက်စေကာမူ လူသားများနှင့် ထိတွေ့ဆက်ဆံပြီး လူ့ဘောင်ထဲသို့ ဝင်ရောက်ရန်မှာ ရှောင်လွှဲ၍မရသော လိုအပ်ချက်တစ်ခု ဖြစ်သည်။

ထို့ကြောင့် ကျောက်ဖေးသည် ကိုယ်ပွါးတစ်ဦးကိုသာ လမ်းပေါ်တွင် ရှေ့ပြေးစေလွှတ်၏

သူနှင့် ကျန်ကိုယ်ပွါး နှစ်ဦးမှာမူ အကွာအဝေးတစ်ခုမှ သတိကြီးစွာဖြင့် နောက်က လိုက်ပါလာကြသည်။

ဦးနှောက် ငါးခု တပြိုင်နက်တည်း အလုပ်လုပ်နေခြင်းကြောင့် ကျောက်ဖေးအတွက် ကိစ္စရပ်တိုင်းကို ဘက်စုံမှ ထောင့်စေ့အောင် စဉ်းစားနိုင်စွမ်း ရှိနေသည်။

တစ်နေ့လုံး ခရီးနှင်ခဲ့ပြီးနောက် ညနေစောင်းချိန်သို့ ရောက်လာ၏။

ရှေ့ဆီမှ မီးခိုးငွေ့များကို လှမ်းမြင်လိုက်ရသည်။

မီတာ ရာဂဏန်းခန့် အကွာတွင် ကျေးရွာတစ်ရွာ ရှိနေသည်။

အိမ်အများစုမှာ ရွှံ့မံထားသည့် မြက်မိုးအိမ်များ ဖြစ်ကြပြီး သစ်သားအိမ် အချို့ကိုလည်း ကြားညှပ်၍ တွေ့ရသည်။

ဤမြင်ကွင်းသည် သူ၏ ယခင်ဘဝက ခေတ်မီကျေးလက်ဒေသများနှင့် ယှဉ်လျှင် များစွာ နောက်ကျနေသော်လည်း ကျောက်ဖေးအတွက်မူ ရှေးဟောင်းအငွေ့အသက်များဖြင့် လှပနေလေသည်။

ရှေ့မှ ကင်းထောက် ကိုယ်ပွါးသည် မဆိုင်းမတွဘဲ မြေသားလမ်းအတိုင်း ရွာထဲသို့ ဦးတည်သွားလိုက်သည်။

သူ၏ ရည်မှန်းချက်မှာ လူသားအဖွဲ့အစည်းနှင့် စတင် ထိတွေ့ရန် ဖြစ်သည်။

ရွာထိပ်တွင် ကစားနေသော ကလေးငယ်အချို့သည် ကျောက်ဖေး၏ ကိုယ်ပွါးကို မြင်သည်နှင့် အော်ဟစ်ကာ ရွာထဲသို့ ပြေးဝင်သွားကြတော့သည်။

မကြာမီတွင် လူကြီး တစ်ဒါဇင်ခန့် ထွက်လာကြပြီး အများစုမှာ တံစဉ်၊ ဓားမ အစရှိသည့် လယ်ယာသုံးပစ္စည်းများကို ကိုင်ဆောင်ထားကြသည်။

သူတို့သည် ကိုယ်ပွါးကို ရွာအပြင်ဘက်တွင် ဝိုင်းထားကြ၏။

"မင်းက ဘယ်သူလဲ? ဘယ်က လာတာလဲ?" လူလတ်ပိုင်း အမျိုးသားတစ်ဦးက သတိကြီးစွာဖြင့် ရှေ့သို့ ထွက်မေးလိုက်သည်။

ကိုယ်ပွါးက ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလိုက်၏။ "ကျွန်တော် ဘေးခရိုင်က လာတာပါ။ ကျန်းလင်းမြို့က ဆွေမျိုးတွေဆီ အလည်သွားမလို့ပါ၊ ဒါပေမဲ့ လမ်းမှာ ဓားပြတိုက်ခံရပြီး အဝတ်အစားတွေပါ ပါသွားလို့ပါ။ ဒီအထိ ရောက်ဖို့ တော်တော် ရုန်းကန်ခဲ့ရပါတယ်။ ခဏလောက် နားပြီး အစားအသောက်နဲ့ ရေလေး တောင်းချင်လို့ပါခင်ဗျာ။"

ဘာသာစကားကို နောက်ထပ် တစ်နေ့လုံး လေ့ကျင့်ထားသဖြင့်

ခက်ခဲသော ဝေါဟာရအချို့မှလွဲ၍ ကျောက်ဖေးသည် ယခုအခါ ဤကမ္ဘာမှ လူများနှင့် အတန်ငယ် ဆက်သွယ်နိုင်ပြီ ဖြစ်သည်။

သို့သော် ခက်ခဲသော ဝေါဟာရအချို့မှလွဲ၍ သူ့၏ရှင်းပြချက်မှာ ရွာသားများ၏ သံသယကို မဖျောက်ဖျက်နိုင်ပေ။

ရွာသားအချို့၏ တိုးတိုးတိတ်တိတ် ပြောသံကိုပင် ကြားလိုက်ရသေးသည်။ "ဒီလူက ထူးဆန်းတယ်၊ လူယောင်ဆောင်ထားတဲ့ မိစ္ဆာတစ်ကောင်များလား?"

ဤကမ္ဘာတွင် တကယ်ပဲ မိစ္ဆာတွေ ရှိနေတာလား?

ကျောက်ဖေး စိတ်ထဲက တွေးတောမိသွားသည်။

သို့သော် ရွာသားများမှာ ပညာမတတ်ဘဲ အယူသည်းနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။

ရှေးခေတ် ကျေးလက်လူတန်းစားများသည် နတ်ဘုရားများနှင့် တစ္ဆေ သရဲများကို အလွယ်တကူ ယုံကြည်တတ်ကြသည် မဟုတ်ပါလော

လူလတ်ပိုင်း အမျိုးသားသည် ဘေးကလူများနှင့် တီးတိုးတိုင်ပင်ပြီးနောက် ကျောက်ဖေးကို ကြည့်ကာ ပြောလိုက်သည်။ "ငါတို့ရွာက အခုရက်ပိုင်း ဘိုးဘွားပူဇော်ပွဲ လုပ်နေတာဆိုတော့ ပြင်ပလူကို ညအိပ်လက်ခံဖို့ အဆင်မပြေဘူး။ ကျန်းလင်းမြို့နဲ့လည်း သိပ်မဝေးတော့ဘူးဆိုတော့ မြန်မြန်သွားလိုက်ပါ။ မိုးမချုပ်ခင် မြို့ထဲ ရောက်နိုင်ပါလိမ့်မယ်”

ကိုယ်ပွါးက ယဉ်ယဉ်ကျေးကျေးဖြင့် ထပ်မံ အသနားခံ၏

သို့သော်လည်း ရွာသားများက သဘောမတူပေ။

ထိုစဉ် ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးက တုံ့ဆိုင်းနေပြီးနောက် လူငယ်တစ်ဦးကို ခေါ်ကာ ပေါင်မုန့်ကြမ်း သုံးလုံးနှင့် ဆားစိမ်ဟင်းသီးဟင်းရွက် ပါသော ဝါးကျည်တောက် တစ်ခုကို ယူလာခိုင်းလိုက်သည်။

"ငါတို့ရွာမှာ မင်းကို ဧည့်ခံဖို့ ဘာမှမရှိဘူး။ ဒါလေးယူပြီး မင်းလမ်းမင်း ဆက်သွားတော့။"

ဤမျှအထိ ပြောလာပြီဖြစ်သဖြင့် ရွာထဲဝင်ရန် မဖြစ်နိုင်တော့ရာ ကိုယ်ပွါးသည် ကျေးဇူးတင်စကား ပြောဆိုကာ ထွက်ခွာလာခဲ့ရသည်။

ကိုယ်ပွါး၏ နောက်ကွယ်တွင် ရွာသားများ၏ စကားသံများကို ခပ်သဲ့သဲ့ ကြားနေရသေး၏

"ဒီလူက ထူးဆန်းတယ်၊ စကားတောင် ပီပီသသ မပြောနိုင်ဘူး။ လူဆိုးလား မိစ္ဆာလားလည်း မသိဘဲနဲ့ ဦးလေးသုံးက ဘာလို့ အစားအသောက်တွေ ပေးလိုက်တာလဲ?"

"ငတုံးရဲ့... တကယ်လို့ သူက လူဆိုး ဒါမှမဟုတ် မိစ္ဆာဆိုရင် ငါတို့က ဘာမှမပေးဘဲ လွှတ်လိုက်ရင် သူ့ကို ရန်စသလို ဖြစ်သွားမှာပေါ့။"

"ဟုတ်သားပဲ၊ ဦးလေးသုံးက တကယ် တော်တာပဲ..."

ကျောက်ဖေး သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ပေ။

ဤကမ္ဘာတွင် လူဆိုးများစွာ ရှိပုံရပြီး ရွာသားများပင် ဤမျှအထိ သတိထားနေကြရသည်။

သူ၏ ယခင်ဘဝနှင့် မတူပေ

လဲကျနေသော သက်ကြီးရွယ်အိုတို့အား ဖေးမကူညီရန် သူ တွန့်ဆုတ်နေမိသော်လည်း၊ ဤလောကကြီးထဲဝယ် နွေးထွေးသော နှလုံးသားပိုင်ရှင်များစွာနှင့် သူ ဆုံတွေ့ခဲ့ရဆဲပင်

ကိုယ်ပွါးသည် ရွာမှ ထွက်လာခဲ့၏

သိပ်မဝေးသော နေရာတွင် နောက်မှ လိုက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

ခါးပတ်ကြမ်းကို ဝတ်ဆင်ထားသည့် အသက် ၅၀ ကျော်ခန့်၊ မုတ်ဆိတ်ဖြူများ ရှိသော အမျိုးသားတစ်ဦး လိုက်လာခြင်း ဖြစ်သည်။

"နေကောင်းလား... ငါ့နာမည်က ဝမ်သာရှန်းပါ၊ ဒီနားက မုဆိုးတစ်ယောက်ပေါ့။"

ထိုမုတ်ဆိတ်နှင့်လူက ဆက်ပြောသည်။ "မင်း ခရီးဝေးကြီးက လာရတာ မလွယ်ဘူးဆိုတာ ငါ မြင်ပါတယ်။ အခုလည်း တော်တော် နောက်ကျနေပြီဆိုတော့ မြို့ကို ရောက်တဲ့အချိန်မှာ မြို့တံခါးတွေ ပိတ်သွားလိမ့်မယ်။"

"မင်း စိတ်မရှိဘူးဆိုရင် ဒီည ငါ့အိမ်မှာ ခဏနားပါလား? မနက်ကျမှ ငါနဲ့အတူ မြို့ထဲ သွားကြတာပေါ့။ ဘယ်လိုလဲ?"

"တကယ့်ကို ဝမ်းသာစရာပါပဲ၊ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။"

ကိုယ်ပွါးက ကျေးဇူးတင်စွာဖြင့် ပြန်ပြောလိုက်သည်။

ဤကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည့် စေတနာကြောင့် ကျောက်ဖေး သံသယဝင်မိ၏

သို့သော်လည်း ဤသည်မှာ ကင်းထောက်ကိုယ်ပွါးတစ်ဦးသာ ဖြစ်သဖြင့် တစ်ဖက်လူက ဘာပဲ ကြံစည်နေပါစေ သူ ကြောက်ရွံ့ခြင်း မရှိပေ။

All Chapters