← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀) အကြံစည်

စုန်ယုယောင် တစ်ကြိတ်ကြိတ်တောက်ဖြစ်ရင်း ထွက်ခွာသွား၏

ကျောက်ဖေးက အေးစက်စွာ ပြုံး၍သာ ကြည့်နေခဲ့ပြီး ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်သည်။

လေဟုန်စီးကွက်သည် ဆေးအာနိသင်ကို ပိုမိုမြန်ဆန်စွာ ပျံ့နှံ့စေသည်။

သူသည် စုန်ယုယောင်၏ ခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

ချန်ယွမ်ရှန်းက သူသာ အဆင့် ၁၀၀ အတွင်း ဝင်နိုင်ပါက စုန်မိသားစုနှင့် ချုပ်ဆိုထားသော အစေခံစာချုပ်ကို ဖျက်သိမ်းပေးမည်ဟု ကတိပေးထားပြီးသား ဖြစ်သည်။

တကယ်လို့ တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် ယခုအခါ သူသည် ကိုယ်ခံပညာကို တတ်မြောက်ထားပြီး ဖြစ်သဖြင့် လိုအပ်ပါက ကျောင်းမှ ထွက်ခွာသွားရုံသာ ရှိသည်။

တစ်ခုတည်းသော နှမြောစရာမှာ ကျောင်းမှ ထွက်လိုက်ပါက ကျောင်း၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဆက်လက် မရရှိနိုင်တော့ခြင်းပင် ဖြစ်သည်။

စုန်ယုယောင်နှင့် ကျောက်ဖေးတို့၏ ပဋိပက္ခမှာ အတော်ပင် လူပြောများသွားခဲ့၏

ပတ်ဝန်းကျင်ရှိ လူအများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

သူတို့သည် နောက်ကြောင်းရာဇဝင်ကို အတိအကျ မသိကြသဖြင့် ကြားရသမျှ အချက်အလက်များကိုသာ အခြေခံ၍ ခန့်မှန်းနေကြတော့သည်။

"ဒါ ပြီးခဲ့တဲ့လက အဆင့် ၃ ရခဲ့တဲ့ စုန်ယုယောင် မဟုတ်လား? စီနီယာအစ်ကို ကျောက်ဖေးက ဘာလို့ သူမနဲ့ ရန်ဖြစ်နေရတာလဲ?"

"ခုနက စီနီယာအစ်မ စုန် စီနီယာအစ်ကို ကျောက်ဖေးကို အစေခံလို့ ဆဲနေတာ ကြားလိုက်သလိုပဲ... အစေခံ? နေပါဦး၊ ငါကြားတာ မှန်ရဲ့လား? စီနီယာအစ်ကို ကျောက်ဖေးက အစေခံ ဟုတ်လား? သူက စုန်မိသားစုရဲ့ သိုင်းနောက်လိုက်များလား?"

"ဟုတ်တယ်... ငါလည်း ကြားလိုက်တယ်..."

"သိုင်းနောက်လိုက်? မဖြစ်နိုင်တာ? ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

သူတို့ ဆွေးနွေးလေလေ ပို၍ ဇဝေဇဝါ ဖြစ်လေလေပင်။

ကျောက်ဖေးသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသထားနိုင်သော်လည်း စုန်မိသားစု၏ အစေခံတစ်ဦးသာ ဖြစ်နေသည်လား?

ဤသည်မှာ လူအများအတွက် ယုံရခက်စရာ ဖြစ်နေသည်။

သူတို့၏ စိတ်ကူးထဲတွင် အစေခံဆိုသည်မှာ သူတစ်ပါး ခိုင်းသမျှ လုပ်ရသူ၊ နူးညံ့သိမ်မွေ့သူနှင့် ဂုဏ်သိက္ခာ ကင်းမဲ့သူများသာ ဖြစ်သင့်သည်။

သို့သော် ကျောက်ဖေး၏ မည်သည့်အသွင်အပြင်မှာမျှ အစေခံတစ်ဦး၏ လက္ခဏာမျိုး မရှိပေ။

သို့သော် ကျောက်ဖေး၏ မည်သူမည်ဝါဖြစ်ကြောင်း အမှန်တကယ် သိရှိသော တပည့်သစ် တစ်စုမှာမူ ကွင်းအပြင်ဘက်တွင် ရှိနေကြသည်။

သူတို့သည် မွန်းလွဲပိုင်း ဒုတိယအဆင့် ပြိုင်ပွဲသို့ပင် တက်ရောက်နိုင်ခြင်း မရှိကြပေ။

ချန်မင်သည် လူအုပ်ထဲတွင် ရပ်နေရင်း ကျောက်ဖေးကို ကြည့်ကာ ကဲ့ရဲ့လှောင်ပြောင်လိုသော အကြည့်များဖြင့် ပြည့်နှက်နေသည်။

ကျောက်ဖေးက စုန်ယုယောင်ကို အာခံဝံ့ရုံတင်မက ကန်ပင် ကန်ထုတ်ဝံ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

စုန်မိသားစု၏ သိုင်းနောက်လိုက် တစ်ဦးဖြစ်သော ကျောက်ဖေးသည် စုန်ယုယောင် ရှေ့တွင် အစေခံတစ်ယောက်နှင့် မခြားနားပေ။

သေခြင်း၊ ရှင်ခြင်းမှာ သူမ၏ လက်ထဲတွင် ရှိသည်။

စုန်ယုယောင်က သတ်လိုက်လျှင်တောင် ဥပဒေကြောင်းအရ မှန်ကန်နေမည်ဖြစ်ပြီး မည်သူမျှ အရေးယူနိုင်မည် မဟုတ်ပေ

ချန်မင်သည် ပြိုင်ပွဲပြီးနောက် စုန်ယုယောင်က ကျောက်ဖေးအား မည်သို့ လက်စားချေမည်နည်းဟု စိတ်ကူးကြည့်ရင်း ကျေနပ်နေတော့သည်။

အထက်လူကြီးကို အာခံသူမှာ စုန်မိသားစု၏ ရိုက်သတ်ခြင်းကိုသာ ခံရမည် မဟုတ်ပါလော

ဤအချိန်တွင် စုန်ယုယောင်၏ ဘေး၌ ထိပ်သီးတပည့် အချို့အပါအဝင် အုပ်စုတစ်စု ဝိုင်းအုံနေသည်။

စုန်မိသားစု၏ တတိယမြောက် သမီးပျိုဖြစ်ပြီး ရုပ်ရည်လည်း လှပသဖြင့် သူမနောက်တွင် ပိုးပန်းသူများ ဝိုင်းဝိုင်းလည်နေခြင်းမှာ မဆန်းပေ။

ချောမောသော ထိပ်သီးတပည့်တစ်ဦးက "ညီမလေး စုန်... အဲ့ဒါ ညီမလေးပြောတဲ့ သိုင်နောက်လိုက်လား? ဝက်နဲ့ ခွေးထက်တောင် နိမ့်ကျတဲ့ အစေခံတစ်ယောက်က ညီမလေးကို မလေးမစား လုပ်ဝံ့တယ်ပေါ့။ ခဏနေရင် သူ့ကို ငါ ကိုယ်တိုင် သင်ခန်းစာ ပေးလိုက်မယ်”ဟု ပြောလိုက်သည်။

"ဒီလို အဆင့်နိမ့် အစေခံတစ်ယောက်အတွက် ဘာလို့ ပင်ပန်းခံနေမှာလဲ စုန်ယုယောင်? သူ့ကို ငါတို့ဆီသာ လွှဲပေးလိုက်။ သူ သေသွားဖို့ ဒါမှမဟုတ် အကြီးအကျယ် အရိုက်ခံရဖို့ ငါတို့ တာဝန်ယူတယ်"

"သူ့သခင်ကို လက်ပြန်တိုက်ရဲတယ်ပေါ့! ဒီလိုကောင်မျိုးကို လွယ်လွယ်နဲ့ လွှတ်မပေးသင့်ဘူး..."

လူတိုင်းက မျက်နှာချိုသွေးရန် ကြိုးစားရင်း အသီးသီး ပြောဆိုနေကြသည်။

စုန်ယုယောင်သည် ဒေါသကြောင့် ကျောက်ဖေးကို တစ်စစီ ဆွဲဖြဲပစ်ချင်နေ၏

သို့သော်လည်း ယခုအချိန်တွင်မူ သူမသည် အနည်းငယ် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်သည်။

သူမသည် ထိုသူများ၏ အကြံပြုချက်ကို ကြားသောအခါ ဒေါသကို ဖိနှိပ်၍ ခေါင်းခါလိုက်ပြီး "မလိုပါဘူး၊ ငါ့ဘာသာငါပဲ ကိုင်တွယ်မယ်" ဟု ဆိုသည်။

ချောမောသော ထိပ်သီးတပည့်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး "ညီမလေး စုန် သိုင်းနောက်လိုက် တစ်ယောက်ကို ငါ အလွယ်လေး ကိုင်တွယ်လို့ ရပါတယ်။ ဘာလို့ ညီမလေးရဲ့ လက်ကို အပေအတေး ခံမှာလဲ?" ဟု မေးမြန်းလိုက်သည်။

စုန်ယုယောင်က အေးစက်စွာ ပြောလိုက်သည် "ငါတို့ အခု ပြိုင်ပွဲအဆင့်မှာပဲ ရှိသေးတယ်။ အဆင့်မြင့်လေ ဆုလာဘ်တွေက ပိုကောင်းလေပဲ။ သူ ဘယ်လောက်ပဲ ကောင်းကင်ကို အာခံပါစေ၊ သူက ငါ့ရဲ့ သိုင်းနောက်လိုက်ပဲ။ သူရမယ့် ဆုလာဘ်အားလုံးက ငါ့အပိုင်ပဲ ဖြစ်ရမယ်"

"ဒါ့အပြင် စင်မြင့်ထက်မှာ နည်းပြတွေ စောင့်ကြည့်နေတာလေ၊ မင်းတို့ သူ့ကို အခွင့်သာတုန်း သတ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား?"

စုန်ယုယောင်၏ စကားကို ကြားသောအခါ လူတိုင်းမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။

တစ်ယောက်သောသူက ရယ်မောရင်း "ဪ... ဒါကြောင့်ကိုး။ စီနီယာအစ်မစုန်က တကယ်ကို ထက်မြက်တာပ၊ ဒီကောင်က စင်ပေါ်မှာ အသေအလဲ တိုက်ခိုက်နေပေမဲ့ နောက်ဆုံးတော့ စီနီယာအစ်မအတွက် အလုပ်လုပ်ပေးနေတာပဲ ဖြစ်နေတာ ရယ်စရာကောင်းလိုက်တာ"

“ အကုန်လုံးက စီနီယာအမစုန် အစီအစဉ်ပဲ”

လူအုပ်ကြီးက တစ်ကျော့ပြန် ချီးမွမ်းကြပြန်သည်။

အမှန်စင်စစ် သူတို့လည်း စိတ်သက်သာရာ ရသွားကြခြင်း ဖြစ်သည်။

ကျောက်ဖေးကို ဘယ်လိုလုပ်ပစ်မည်ဟု ကြွားဝါနေကြသော်လည်း ကျောက်ဖေးနှင့် စင်ပေါ်တွင် တိုက်ခိုက်ရန် သူတို့ အမှန်တကယ် ယုံကြည်မှု မရှိကြပေ။

စုန်ယုယောင်ကို "ညီမလေး" ဟု ခေါ်ကာ ပြီးခဲ့သည့်လက အဆင့် ၂ ရရှိခဲ့သူပင်လျှင် ကျောက်ဖေးကို အနိုင်ရရန် အပြည့်အဝ မသေချာချေ။

စကားတွေ အကြီးအကျယ် ပြောထားပြီးမှ ကျောက်ဖေး၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပါက အရှက်ကွဲစရာ မဟုတ်ပါလော?

စုန်ယုယောင်က လှောင်ပြောင်လိုက်သည် "ဟွန့်... သိုင်းနောက်လိုက် ဆိုတာ ဘယ်လောက်ပဲ ခုန်ပေါက်နေပါစေ၊ ငါ့ စုန်မိသားစုရဲ့ လက်ခုပ်ထဲကနေ မလွတ်နိုင်ပါဘူး။ ပြိုင်ပွဲပြီးတာနဲ့ ငါ့ကို အာခံရင် ဘာဖြစ်မလဲဆိုတာ သူ့ကို ငါ ကောင်းကောင်း သိစေရမယ်”

နာရီဝက်ခန့် ကြာပြီးနောက် ကျောက်ဖေး၏ အင်အားမှာ အတော်ပင် ပြန်လည်ပြည့်ဝလာခဲ့သည်။

သူသည် စွန်းဟူ ယူလာပေးသော ပေါက်စီတစ်ခြင်းကိုလည်း အကုန်စားပစ်လိုက်၏။

မိမိကိုယ်ကိုယ် အခြေအနေကောင်းမွန်ပြီဟု ခံစားရတော့မှသာ စင်ပေါ်သို့ ပြန်တက်ခဲ့သည်။

ထို့နောက်တွင်တော့...

ကျောက်ဖေး၏ အနိုင်ရရှိမှုမှတ်တမ်းမှာ တစ်ကျော့ပြန် စတင်လာပြန်သည်။

မူလက စုန်ယုယောင်သည် သူ့ကို စင်ပေါ်တက်၍ ကိုယ်တိုင်ကိုယ်ကျ လာရောက်တိုက်ခိုက်လိမ့်မည်ဟု ကျောက်ဖေး ထင်မှတ်ထားခဲ့၏

သို့သော်လည်း သူ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်လာသည့်တိုင် စုန်ယုယောင်မှာ ပေါ်မလာခဲ့ပေ။

သူမဘေးနားမှ မြှောက်ပေးနေသူများပင် စင်ပေါ်တက်၍ ကျောက်ဖေးကို စိန်မခေါ်ကြချေ။

ကျောက်ဖေးသည် ခဏမျှ စဉ်းစားကြည့်လိုက်သည်နှင့် စုန်ယုယောင်၏ အကြံအစည်ကို ချက်ချင်း ရိပ်မိသွားတော့သည်။

သူသည် စုန်မိသားစု၏ သိုင်းနောက်လိုက် တစ်ဦးဖြစ်နေသရွေ့

သူ သဘောမတူသော်လည်း စုန်ယုယောင်တွင် သူ၏ အမှတ်များကို သူမ၏ အကောင့်ထဲသို့ လွှဲပြောင်းယူခွင့် ရှိနေသည်။

ဤအချက်ကို သတိရသွားသောအခါ ကျောက်ဖေး အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။

သို့သော် ဤသည်မှာ ကိုယ်ခံပညာကျောင်းနှင့် မိသားစုကြီးများအကြား မျိုးဆက်နှင့်ချီ၍ သတ်မှတ်ထားသော စည်းမျဉ်းဖြစ်သဖြင့် ယခုချက်ချင်း သူ ပြောင်းလဲ၍မရနိုင်ပေ။

“ ပြိုင်ပွဲပြီးတာနဲ့ နည်းပြလီ ဒါမှမဟုတ် ကျောင်းအုပ်ကြီး ချန်ယွမ်ရှန်းနဲ့ အမြန်ဆုံး အဆက်အသွယ်လုပ်ရမယ်။ စုန်ယုယောင်က အမှတ်တွေ မလွှဲခင်မှာ ငါ့ရဲ့ အစေခံစာချုပ်ကို အရင်ဆုံး ရအောင်ယူရမယ်”

ကျောက်ဖေး စိတ်ထဲက ကြံစည်နေသည်။

သူသည် သူတစ်ပါးအတွက် အခလွတ် အလုပ်လုပ်ပေးရသည်ကို ကြိုက်နှစ်သက်သူ မဟုတ်ပေ။

တကယ်လို့မှ နည်းလမ်းမရှိတော့ဘူးဆိုရင်တော့ နောင်တစ်ချိန်မှသာ စုန်မိသားစုထံမှ အရင်းရော အတိုးပါ ပြန်တောင်းရတော့မည် ဖြစ်သည်။

စုန်မိသားစုတွင် အစေခံဘဝဖြင့် နေခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသော ရိုက်နှက်နှိပ်စက်မှုများနှင့် စော်ကားမှုများကို ကျောက်ဖေး ကောင်းကောင်း မှတ်မိနေပြီး စုန်မိသားစုအပေါ် အငြိုးအတေးများစွာ ရှိနေသည်။

စုန်ယုယောင်က လာရောက်နှောင့်ယှက်ခြင်း မရှိသဖြင့် ကျောက်ဖေးသည် သူမကို ဂရုမစိုက်တော့ဘဲ စင်မြင့်ထက်တွင် မိမိ၏ ကိုယ်ခံပညာ စွမ်းရည်များကို လေ့ကျင့်ရန်သာ အာရုံစိုက်လိုက်သည်။

စုန်ယုယောင် ယူသွားမည့် ဆုလာဘ်အနည်းငယ်ထက် တိုက်ပွဲများမှ ရရှိလာမည့် အဖိုးတန် အတွေ့အကြုံများကသာ သူ့အတွက် အစစ်အမှန် အကျိုးအမြတ် ဖြစ်သည်။

ဤသည်မှာလည်း သူ ပြိုင်ပွဲဝင်ရခြင်း၏ အကြီးမားဆုံး တွန်းအားတစ်ခုပင်။

တိုက်ပွဲတိုင်းတွင် ကျောက်ဖေး၏ တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားငှက် အရိပ်သိုင်းတို့အပေါ် နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။

အထူးသဖြင့် လှုပ်ရှားမှု ငါးမျိုးပါဝင်သော ပျံလွှားငှက် အရိပ်သိုင်းသည် တိုက်ပွဲအတွင်း လိုသလို ပြောင်းလဲအသုံးပြုနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နည်းပြလီကမ်း၏ အဆိုအရ သူသည် ဤကိုယ်ခံပညာကို အသေးစား တတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် ပျံလွှားငှက် အရိပ်သိုင်းကဲ့သို့ အခြေခံအဆင့် ကိုယ်ခံပညာကို အနည်းငယ် တတ်မြောက်သည့် အဆင့်သို့ ရောက်သည့်တိုင် သိသာထင်ရှားသော အလင်းအမှောင် သို့မဟုတ် အသံထွက်ပေါ်မှုများ ပြောင်းလဲသွားခြင်း မရှိပေ။

"အစပြုခြင်း"၊ "အသေးစားတတ်မြောက်ခြင်း" နှင့် " အဆင့်မြင့်တတ်မြောက်ခြင်း" ဆိုသော ဝေါဟာရများသည် ရှေးလူကြီးများက အတွေ့အကြုံအပေါ် မူတည်၍ ခွဲခြားသတ်မှတ်ထားခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ကျွမ်းကျင်မှုမှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက နောက်ပိုင်းတွင် မည်မျှပင် တိုးတက်လာပါစေ အပြင်ပန်းကြည့်ရုံဖြင့် ခွဲခြားရန် ခက်ခဲလှသည်။

ကျောက်ဖေးကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့သော လီကမ်း သို့မဟုတ် ကျောင်းအုပ်ကြီးကဲ့သို့သော ပုဂ္ဂိုလ်များသာ သူ၏ တိုးတက်မှုကို အကဲခတ်နိုင်ပေလိမ့်မည်။

ကျောက်ဖေးကိုယ်တိုင်ကလည်း ဤကိုယ်ခံပညာ နှစ်မျိုးကို အသုံးပြုရာတွင် ပိုမို ကျွမ်းကျင်ပိုင်နိုင်လာသည်ကို သိရှိနေပေသည်။

အခန်း (၄၁) ပြိုင်ပွဲ၏ ပထမဆုရှင်

အင်အားများ အစဉ်တစိုက် တိုးတက်လာမှုနှင့်အတူ

ဒုတိယအကြိမ် စင်မြင့်ထက်သို့ တက်ရောက်ချိန်တွင် ကျောက်ဖေးသည် ဆယ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး နွမ်းနယ်မှုကြောင့်သာ နောက်ဆုတ်ပေးခဲ့ရသည်။

ကိုယ်ခံပညာရပ်၏ တိုးတက်မှု အနက်အဓိပ္ပာယ်ကို သူတစ်ပါးတို့ မမြင်နိုင်သော်လည်း ကျောက်ဖေးကိုယ်တိုင်မူ ၎င်း၏ အနှစ်သာရကို ကောင်းစွာ ခံစားသိရှိနေ၏။

ဤသိသာထင်ရှားလှသော တိုးတက်မှုများကြောင့် ပွဲကြည့်စင်ပေါ်ရှိ ကိုယ်ခံပညာ သင်ကြားပြသသူ ဆရာများပင် ကျောက်ဖေးအား ချီးကျူးစကားများ ဆိုနေကြလေပြီ။

ခွန်အားနှင့် ကျင့်စဉ်လမ်း၏ အထွတ်အထိပ်ကို လှမ်းကိုင်ရန် ကြိုးစားခြင်းသည် ဘယ်သောအခါမှ အဆုံးမရှိသော ခရီးတစ်ခုပင် ဖြစ်ပေတော့သည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်...

ကျောက်ဖေးသည် တတိယအကြိမ်မြောက် စင်မြင့်ထက်သို့ တက်လှမ်းခဲ့ပြန်ရာ တစ်ဖန် ဆယ့်နှစ်ပွဲဆက်တိုက် အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ပြန်သည်။

နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ

ပြိုင်ပွဲကြီးသည်လည်း ပြီးဆုံးရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ကျောက်ဖေးသည် စုစုပေါင်း သုံးကြိမ် စင်ပေါ်တက်ခဲ့၏

အောင်ပွဲပေါင်း (၃၀) ကို ရယူနိုင်ခဲ့ကာ အမှတ်ပေါင်း (၃၀) ကို ပိုင်ဆိုင်ခဲ့သည်။

ပြိုင်ပွဲအပြီး အမှတ်များကို တွက်ချက်လိုက်၏

မည်သူမျှ သံသယဖြစ်စရာမရှိဘဲ ကျောက်ဖေးသည် ပထမဆုကို ဆွတ်ခူးသွားနိုင်ခဲ့လေသည်။

ပျံလွှားသိုင်းကျောင်း၏ သမိုင်းတစ်လျှောက်တွင် တပည့်သစ်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ရာ၌ ပထမဆု ရယူနိုင်ခြင်းမှာ အလွန်တရာ ရှားပါးလှသော အောင်မြင်မှုပင် ဖြစ်သည်။

ယခင်က ဤကဲ့သို့သော ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သူ အများစုသည် ကျောင်းတော်သို့ မဝင်ရောက်မီကပင် အခြေခံသိုင်းပညာ အဆင့်တစ်ခုသို့ ရောက်ရှိနေသူများသာ ဖြစ်ကြ၏။

ဥပမာအားဖြင့် စုန်ယုယောင်ကဲ့သို့သော မိသားစုမျိုးနွယ်စုမှ ဆင်းသက်လာသူများသည် ငယ်စဉ်ကတည်းက အဖိုးတန် ဆေးဝါးဓာတ်စာများကို အသုံးပြု၍ ခန္ဓာကိုယ်အား လေ့ကျင့်ပြုပြင်ခဲ့ကြသူများ ဖြစ်သည်

၎င်းအပြင် မိသားစုအတွင်းရှိ ဝါရင့်အကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ဤ တာအိုလမ်းစဉ်နှင့် အလွန်စောစီးစွာ ထိတွေ့ခွင့်ရခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ မွေးရာပါ နတ်ဘုရားခွန်အား ပိုင်ဆိုင်သူများလည်း ရှိတတ်ကြသည်။

သို့သော် ထိုသို့သော မွေးရာပါ ခွန်အားဆိုသည်မှာလည်း သာမန်လူထက် ကီလိုဂရမ် ဆယ်ဂဏန်းမျှသာ ပိုခြင်းဖြစ်ပြီး ကီလိုဂရမ် တစ်ရာကျော် ပိုမိုသန်စွမ်းသူမှာမူ သန်းပေါင်းများစွာထဲမှ တစ်ယောက်သာ ပေါ်ထွက်နိုင်သည့် ပါရမီရှင် သိုင်းပညာရှင်ကြီးများသာ ဖြစ်ကြသည်။

ကျောင်းအုပ်ကြီး ချန်ယွမ်ရှန်းသည် ကျောက်ဖေးအား အလွန်အမင်း အထင်ကြီး လေးစားမိသည်။

ဆုလာဘ် စည်းမျဉ်းများအရ ထိပ်သီး တပည့် ၁၀ ဦးသည် သိုင်းကျောင်းအမှတ် ၁၀၀ စီရမည်ဖြစ်၏

ပထမဆုရှင်သည် သိုင်းကျောင်းအမှတ် ၁၅၀

အဆင့် ၁၁ မှ ၂၀သည် သိုင်းကျောင်းအမှတ် ၉၀ စီ

အဆင့် ၂၁ မှ ၃၀သည် သိုင်းကျောင်းအမှတ် ၈၀ စီနှင့်

အဆင့် ၉၀ မှ ၁၀၀ သိုင်းကျောင်းအမှတ် ၁၀ စီရမည်သာ

၁၀၀အောက်ကတော့ ဘာမှမရပေ

နေဝင်ဆည်းဆာ အချိန်တွင် အဆင့် (၁၀၀) အတွင်း ဝင်ခဲ့သော တပည့်များသည် (၂) နံပါတ် လေ့ကျင့်ရေးကွင်းပြင်၌ ဆုလာဘ်များ လက်ခံရယူရန် စုဝေးခဲ့ကြသည်။

ကျောက်ဖေးသည် သိုင်းကျောင်းအမှတ် (၁၅၀) အပြင် ကျောင်းအုပ်ကြီး ချန်ယွမ်ရှန်း ကိုယ်တိုင် ပေးအပ်သော လက်ဆောင်လက်နက်တစ်ခုကိုပါ ရရှိခဲ့သည်။

၎င်းမှာ အကောင်းစား သံမဏိဖြင့် သွန်းလုပ်ထားသည့် အလျား သုံးပေခွဲ၊ အနံ နှစ်လက်မရှိသော လှပသည့် ဓားရှည်တစ်စင်းပင် ဖြစ်သည်။

ဓားအိမ်ကို နွားသားရေဖြင့် ပတ်ထားသော သံသစ်သားဖြင့် ပြုလုပ်ထားပြီး ဓားပေါ်တွင် လေခွဲဓားဟု ကမ္ပည်းထိုးထားသည်။

ဤဓား၏ တန်ဖိုးသည် အနည်းဆုံး ငွေစင် ကျပ်ပေါင်း (၈၀) ခန့် ရှိ၏

သာမန်မိသားစုတစ်ခုကို နှစ်ပေါင်းများစွာ စားဝတ်နေရေး ထောက်ပံ့ပေးနိုင်သည့် တန်ဖိုးဖြစ်သည်။

၎င်းသည် ကျောက်ဖေး ယခင်က ဝံပုလွေနက်ဂိုဏ်းထံမှ လုယူခဲ့သော ငွေအနည်းငယ်သာ တန်သည့် သာမန်

လက်နက်များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။

ချန်ယွမ်ရှန်းက ကျောက်ဖေး၏ ပုခုံးကို ပုတ်ကာ လူပုံအလယ်တွင် ချီးမွမ်းစကားများ ပြောကြားနေသည်ကို မြင်သောအခါ ကျန်ရှိနေသည့် တပည့်အားလုံးမှာ မနာလိုမှုများဖြင့် ငေးကြည့်နေကြတော့သည်။

အကြောင်းမှာ ကျောင်းအုပ် ချန်ယွမ်ရှန်းသည် အလွန်တည်ကြည်သူဖြစ်ပြီး လူအများရှေ့တွင် ဤကဲ့သို့ ချီးကျူးလေ့ရှိသူ မဟုတ်သောကြောင့် ဖြစ်သည်။

ကျောက်ဖေးသည်လည်း ထိုက်တန်သော ဂုဏ်ယူမှုကို ခံစားနေရ၏

သို့သော်လည်း လက်နက်ထက် ပိုမိုအရေးကြီးသည့်အရာတစ်ခု ရှိနေသေးသည်။

သူ စကားပြောရန် ဝေခွဲမရဖြစ်နေစဉ်မှာပင်

ချန်ယွမ်ရှန်းက ကျောက်ဖေး၏ စိတ်ကို ဖတ်မိသည့်အလား ပြုံးလျက် သူ၏ဝတ်ရုံအတွင်းမှ သားရေစာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

"စိတ်အေးအေးထားပါ... ငါ မင်းကို ကတိပေးထားတဲ့အတိုင်း ဘယ်တော့မှ စကားပျက်မှာ မဟုတ်ဘူး။ ဒါက မင်းအတွက် စုန်မိသားစုဆီကနေ ငါအထူးတောင်းဆိုပေးထားတဲ့ စာချုပ်ပဲ။ ဒါ့အပြင် ငါကိုယ်တိုင် မင်းရဲ့ အဆင့်အတန်းကို ကျောင်းတော်မှာ ပြောင်းလဲပေးလိုက်ပြီ။ ဒီနေ့ကစပြီး မင်းက ပျံလွှားသိုင်းကျောင်းတော်ရဲ့ တရားဝင် အဓိကတပည့်ဖြစ်သွားပြီ၊ ဘယ်သူ့ရဲ့ လက်အောက်ခံမှ မဟုတ်တော့ဘူး။"

ထိုသို့ပြောရင်း ချန်ယွမ်ရှန်းသည် မလှမ်းမကမ်းတွင် ရှိနေသော စုန်ယုယောင်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။

ထိုအကြည့်၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှပေတော့သည်။

ကျန်းလင်းခရိုင်အတွင်းရှိ ပျံလွှားသိုင်းကျောင်းတော်၏ ဩဇာတိက္ကမအရ စုန်မိသားစုအနေဖြင့် သာမန်အစေခံတစ်

ယောက်အတွက်နှင့် ကျောင်းအုပ် ချန်ယွမ်ရှန်းကို ရန်သူမလုပ်ဝံ့ကြချေ။

ကျောက်ဖေးသည် စာချုပ်ကို လက်ခံယူပြီး ကြည့်လိုက်ရာ ၎င်းမှာ သူ၏အမည် ရေးထိုးထားသော အစေခံစာချုပ် အစစ်အမှန် ဖြစ်

နေသည်ကို တွေ့ရလေသည်။

သူသည် အတိုင်းမသိ ဝမ်းသာသွားပြီးလျှင် ထိုစာချုပ်ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်တော့သည်။

ထို့နောက် လက်ဝါးချင်းယှက် ဂါရဝပြုလျက် - "ကျေးဇူးတင်ပါတယ် ဆရာသခင်" ဟု ဆိုလိုက်၏။

ကျောက်ဖေး၏ စိတ်ထဲတွင် စုန်မိသားစုကို တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးချေ။ စုန်မိသားစုတွင် အစေခံအဖြစ် ခစားနေရသူမှာ ချန်ဟယ်ဂိုဏ်းမှ အဓမ္မရောင်းချလိုက်သော သူ၏ကိုယ်ပွားသာ ဖြစ်သည်ဟု သူက မှတ်ယူထားသည်။

ထို့အပြင် စုန်မိသားစုသည် သူ့အား ထိန်းချုပ်နိုင်စွမ်းရှိသည်ဟုလည်း သူ မယုံကြည်ပေ။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ ဤစာချုပ်မရှိတော့သည့်အတွက် စုန်မိသားစုသည် သူ့အား ဥပဒေကြောင်းအရ လုံးဝနှောင့်ယှက်နိုင်တော့မည် မဟုတ်ပေ။

ယခုဆိုလျှင် သူသည် ပျံလွှားသိုင်းကျောင်းတော်တွင် စိတ်အေးလက်အေး နေထိုင်နိုင်ပြီး ကျောင်းတော်၏ ကျင့်စဉ်အရင်းအမြစ်များကို ဆက်လက် ခံစားနိုင်ပြီဖြစ်သည်။

စုန်ယုယောင် သူ၏သိုင်းကျောင်းအမှတ်များကို အဓမ္မသိမ်းယူမည် သို့မဟုတ် သခင်မအာဏာသုံး၍ ကျောင်းတော်မှ ထုတ်ပယ်ပြီး နှိပ်စက်မည်ကို စိုးရိမ်စရာ မလိုတော့ပြီ

"ဒါ... ဒါက ဘာလဲ။ အစေခံစာချုပ်...စာချုပ်ကြီးပါလား..."

မလှမ်းမကမ်းမှ ဤမြင်ကွင်းကို ကြည့်နေသော စုန်ယုယောင်သည် ရုတ်တရက် ရင်ထိတ်သွားရသည်။

သူမသည် သားရေစာရွက်ပေါ်တွင် ရေးထားသည်ကို အနီးကပ် မမြင်ရသော်လည်း အစေခံစာချုပ်များ၏ ပုံစံကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။

အထူးသဖြင့် ကျောက်ဖေး၏ ဝမ်းသာအားရ ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ဖြူလျော့သွားပြီး အမှန်တရားကို ရိပ်မိလိုက်လေသည်။

"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး..."

"အဲဒီ ဝက်နဲ့ခွေးလောက်တောင် အဆင့်မရှိတဲ့ ကောင်က ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ။ ငါ အထင်မှားတာပဲ ဖြစ်ရမယ်..."

စုန်ယုယောင်သည် မိမိကိုယ်ကိုယ် အဖန်ဖန် နှစ်သိမ့်နေ၏

သို့သော်လည်း သူမ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများက တားမရအောင် ဖြစ်နေသည်။

သူမသည် အချိန်များ ဤမျှ နှေးကွေးစွာ ကုန်ဆုံးနေသည်ဟု တစ်ခါမျှ မခံစားဖူးချေ။ ချန်ယွမ်ရှန်းက တပည့်များကို အားပေးစကားများ ရှည်ရှည်ဝေးဝေး ပြောနေသည်ကို ကြည့်ရင်း သူမမှာ ဒေါသထွက်လွန်း၍ သူ့ကိုပင် လည်ပင်းညှစ်သတ်ချင်စိတ် ပေါက်နေမိသည်။

အမှန်စင်စစ် ချန်ယွမ်ရှန်းမှာ စကားအများကြီး ပြောသူမဟုတ်သော်လည်း ကျောင်းအုပ်တစ်ဦးအနေဖြင့် လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေသောကြောင့် ကြာမြင့်သွားခြင်း ဖြစ်သည်။

၁၅မိနစ်ခန့်အကြာ

နောက်ဆုံးတွင် တပည့်များအားလုံး လူစုခွဲခွင့် ရခဲ့ကြသည်။

စုန်ယုယောင်သည် လေ့ကျင့်ရေးကွင်းမှ မဆိုင်းမတွ ထွက်ခွာလာပြီး အမှတ်များကို စီမံခန့်ခွဲရသော ပျံလွှားဆောင်ရှိ တာဝန်ခံဆီသို့ အပြေးအလွှား သွားခဲ့သည်။

တာဝန်ခံသည် အသက်ကြီးရင့်လှပြီဖြစ်သော ဆရာအိုကြီး တစ်ဦးဖြစ်သည်။ သူသည် အိုမင်းမစွမ်း ဖြစ်နေပြီ ဖြစ်သော်လည်း အိမ်တွင် အနားမယူနိုင်ဘဲ ကျောင်းတော်အတွက် သူ၏ နောက်ဆုံးအချိန်များအထိ အစွမ်းကုန် အားထုတ်ပေးနေသူ ဖြစ်သည်။

အိုမင်းသော တာဝန်ခံကြီးသည် သူ၏ မှတ်တမ်းစာအုပ်ထဲရှိ သိုင်းနောက်လိုက် လူစာရင်းကို ကြည့်လိုက်ပြီးနောက် စုန်ယုယောင်အား ခေါင်းခါပြလိုက်ကာ "ကျောက်ဖေးရဲ့ အမည်ကို မင်းရဲ့ သိုင်းနောက်လိုက် စာရင်းကနေ ပယ်ဖျက်လိုက်ပြီ။ သူက မင်းရဲ့ အစေခံတပည့် မဟုတ်တော့ဘူး။ ဒါကြောင့် သူ့အကောင့်ထဲက သိုင်းကျောင်းအမှတ်တွေကို လွှဲပြောင်းယူပိုင်ခွင့် မင်းမှာ မရှိတော့ဘူး" ဟု ပြောလိုက်သည်။

"မဖြစ်နိုင်တာ၊ သေချာပြန်ကြည့်ပါဦး။ ဆရာကြီး မှားနေတာ မဟုတ်ဘူးလား”စုန်ယောင်ယုမှာ လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။

သူမ၏ နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားရ၏။

၎င်းမှာ သိုင်းကျောင်းအမှတ် ၁၅၀ ဖြစ်သည်။ ထိုအမှတ်များဖြင့် ကျောင်းတော်ရှိ ရှားပါးလှသော သွေးဝိညာဉ်ဆေးလုံးသုံးလုံးကို လဲလှယ်နိုင်သည်။

ထိုဆေးလုံးသည် ငွေရှိရုံနှင့် ဝယ်ယူ၍မရဘဲ ကျောင်းတော်ကပင် တစ်လလျှင် ဆယ်လုံးသာ ထုတ်ပေးနိုင်သော အရာဖြစ်သည်။

ဤဆေးလုံးများသာ ရပါက သူမအနေဖြင့် နဝမအဆင့် သိုင်းသမားနယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းနိုင်မည် မဟုတ်ပါလော

ယခုမူ ထိုအခွင့်အရေးကြီးသည် သူမ၏ မျက်စိရှေ့တင် ပျံထွက်သွားခဲ့ပြီ ဖြစ်သည်။

သူမ မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

အိုမင်းသော တာဝန်ခံက ပျင်းရိပျင်းတွဲဖြင့် "ငါ မှားစရာ အကြောင်းမရှိဘူး။ ဒီမနက်တင် ကျောင်းအုပ်ကြီး ကိုယ်တိုင် လာပြီး ကျောက်ဖေးရဲ့ အမည်ကို စာရင်းကနေ ပယ်ဖျက်သွားတာ။ ငါ့မျက်စိက မှုန်ချင်မှုန်မယ်၊ ငါ့ဦးနှောက်ကတော့ မပျက်စီးသေးဘူး။ မှားဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု ပြန်ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီမနက် ပြိုင်ပွဲတောင် မစသေးဘူးလေ၊ ကျောင်းအုပ်ကြီးက ဘာလို့ ဝက်နဲ့ခွေးလောက်တောင် တန်ဖိုးမရှိတဲ့ ကျွန်တစ်ယောက်ရဲ့ နာမည်ကို ကိုယ်တိုင်လာဖျက်ရမှာလဲ။ ဆရာကြီး ကျွန်မကို ညာနေတာလား။ ကျွန်မကို ကြည့်ခွင့်ပေးပါ၊ ကျွန်မကိုယ်တိုင် ကြည့်ချင်တယ်”

စုန်ယုယောင်သည် မျက်လုံးများ နီမြန်းလျက် တာဝန်ခံကြီး၏ လက်ထဲမှ မှတ်တမ်းစာအုပ်ကို အတင်းအဓမ္မ လုယူရန် ကြိုးစားတော့သည်။

"ရိုင်းစိုင်းလှချေလား”

တာဝန်ခံကြီးသည် သူ၏ မုတ်ဆိတ်မွှေးကို တစ်ချက်သပ်လျက် လက်ဝါးဖြင့် ခပ်ဖွဖွ ရိုက်ထုတ်လိုက်သည်။

ထိုရိုက်ချက်သည် စုန်ယုယောင်ကို နောက်သို့ လွင့်စဉ်သွားစေပြီး တံခါးခုံနှင့် တိုက်မိကာ ဖင်ထိုင်လျက် လဲကျသွားစေသည်။

သူသည် အိုမင်းမစွမ်း ဖြစ်နေသော်လည်း တစ်ချိန်က အဋ္ဌမအဆင့် သိုင်းသမား တစ်ဦး ဖြစ်ခဲ့ဖူးသည်။

စုန်ယုယောင်ကဲ့သို့ သိုင်းသမား အဆင့်သို့ပင် မရောက်သေးသူ တစ်ဦးအဖို့ သိုင်းနယ်ပယ်သို့ ဝင်ရောက်ထားသူတစ်ဦးကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။

စုန်ယုယောင်မှာ သနားစဖွယ် ဖြစ်သွားသော်လည်း နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။

သူမသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် မှင်သက်နေမိ၏။

ခဏအကြာတွင်မှ သွားကိုတင်းတင်းကြိတ်ကာ ပြန်ထလာခဲ့သည်။ သူမ၏ မျက်လုံးများမှာ နီမြန်းလျက် မျက်ရည်များ ဝိုင်းနေပြီး လက်ဝါးချင်းယှက်ကာ တောင်းပန်တိုးလျှိုးလိုက်သည်။ "တပည့် ခုနက ရိုင်းစိုင်းမိပါတယ်။ ခွင့်လွှတ်ပေးပါ ဆရာကြီး။ တပည့်... ကျောက်ဖေးရဲ့ အချက်အလက်တွေကိုပဲ ကိုယ်တိုင် မြင်ချင်ရုံပါ"

တာဝန်ခံကြီးသည် နှာတစ်ချက်မှုတ်ကာ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသည်။

ခွင့်ပြုချက် ရရှိပြီးနောက်...

စုန်ယုယောင်သည် နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်လျက် ကျောက်ဖေး၏ အချက်အလက်များကို ကြည့်လိုက်သည်။

သို့သော် မကြာမီမှာပင် သူမ၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။

ထိုနောက်ဆုံးသော မျှော်လင့်ချက်ကလေးမှာလည်း ရက်ရက်စက်စက် ချေမှုန်းခံလိုက်ရလေပြီ။

အခန်း (၄၂) အိမ်သစ်တက်ခြင်း

ပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်နောက်...

ရရှိခဲ့သော ဆုလာဘ်များအပြင် ကျောက်ဖေးကို အကျေနပ်ဆုံး ဖြစ်စေသည့်အရာမှာ အဆောင်ပြောင်းရခြင်းပင် ဖြစ်သည်။

လူပေါင်းနှစ်ဆယ် တိုးဝှေ့နေထိုင်ရပြီး အနံ့အသက်မကောင်းသော အဆောင်ကျဉ်းလေးမှသည် ထိပ်သီးတပည့်များသာ သီးသန့်နေထိုင်ခွင့်ရှိသည့် လှပသော တစ်ယောက်ခန်းသို့ သူ ပြောင်းရွှေ့ခဲ့ရလေပြီ။

သို့သော် ဤသီးသန့်ဆောင်မှာလည်း အပိုင်ဟု ဆို၍မရချေ။

ကျောင်းတွင် အဆင့်မြင့်အဆောင်များကို လုယူနိုင်သည့် စိန်ခေါ်မှုစနစ်ရှိနေသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် အခြားတပည့်တစ်ဦးက ကျောက်ဖေး၏ အဆောင်ကို သဘောကျပါက ကျောက်ဖေးအား စိန်ခေါ်နိုင်ပြီး ပုံမှန်အားဖြင့် ကျောက်ဖေးအနေဖြင့် ငြင်းပယ်ပိုင်ခွင့်မရှိပေ။

ထို့နောက် သူတို့နှစ်ဦးသည် စင်မြင့်ထက်တွင် တစ်ဦးချင်း ယှဉ်ပြိုင်ရမည်ဖြစ်၏

ကျောက်ဖေး ရှုံးနိမ့်ပါက သူ၏အခန်းကို စိန်ခေါ်သူအား ပေးအပ်ရမည် ဖြစ်သည်။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးမှာ ဖြစ်ခဲလှ၏။

အကြောင်းမှာ တစ်ယောက်ခန်းတွင် နေထိုင်နိုင်သော အထူးတပည့်များသည် အစွမ်းအစ ထက်မြက်သူများသာ ဖြစ်ကြပြီး မိမိကိုယ်ကိုယ် အထင်ကြီးလွန်း၍ လာရောက်စိန်ခေါ်သူမှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။

၎င်းအပြင် စိတ်ထားသေးသိမ်သော အထူးတပည့်တစ်ဦးကို သွားရောက်စိန်ခေါ်မိပါက နောင်တွင် ကျောင်း၌ ထိုသူ၏ ရန်ငြိုးဖွဲ့မှုကို ခံရနိုင်ခြေ ရှိပေသည်။

ကျောက်ဖေး အဆောင်သို့ ရောက်ရှိလာချိန်တွင် ကျောင်းတော်အလုပ်သမားများက အခန်းကို သန့်ရှင်းရေး လုပ်ထားနှင့်ပြီး ဖြစ်သည်။

ပြတင်းပေါက်များသည် ပြောင်လက်နေပြီး အိပ်ရာခင်းများသည်လည်း လျှော်ဖွတ်ပြီးစဖြစ်၍ နေရောင်ခြည်ရနံ့နှင့်အတူ လတ်ဆတ်သော ရနံ့များ သင်းပျံ့နေ၏။

ရင်ပြင်ထဲတွင်လည်း ရေအိုးကြီးတစ်လုံးရှိပြီး နေ့စဉ် ရေဖြည့်ပေးမည့်သူ ရှိလေသည်။

ကျောက်ဖေးသည် ပတ်ဝန်းကျင်ကို ကျေနပ်စွာ ကြည့်လိုက်မိသည်။

သူ့ကို ခစားမည့် အစေခံများ မရှိသဖြင့် ယခင်ဘဝက ဇိမ်ခံမှုမျိုးနှင့် မနှိုင်းယှဉ်နိုင်သော်လည်း လူနှစ်ဆယ်အိပ် အဆောင်ဟောင်းနှင့်စာလျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

သူသည် တဘက်တစ်ထည်ကို ယူ၍ ကိုယ်လက်သန့်စင်ရန် ပြင်လိုက်သည်။

လွန်ခဲ့သော တစ်လလုံး သူ ကောင်းကောင်း ရေမချိုးခဲ့ရချေ။

ကျောင်းတော်ရှိ တပည့်အများစုသည် ရေချိုးရန် အချိန်မပေးနိုင်ကြဘဲ တစ်နေ့ကုန် လေ့ကျင့်ပြီး ချွေးသံရဲရဲဖြင့် ပြန်လာလျှင် တန်း၍ အိပ်စက်လေ့ရှိကြသည်။

ကျောက်ဖေး ရေချိုးပြီးစတွင်

စွန်းဟူရောက်ရှိလာပြီး သူ၏လက်တစ်ဖက်တွင် သုံးစင့်ထမင်းချိုင့်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ အရက်အိုးတစ်လုံး ပါလာ၏။

"စီနီယာအစ်ကို ကျောက်ဖေး... အိမ်သစ်တက်တာ ဂုဏ်ပြုပါတယ်ဗျ”

စွန်းဟူက ပြုံးရွှင်စွာဖြင့် "ဒါက မူးယစ် အင်မော်တယ်အဆောင်က ဝယ်လာတဲ့ အကောင်းစား အစားအသောက်တွေပဲ။ ဒီညတော့ ကျွန်တော်တို့ ကောင်းကောင်း ကျင်းပကြတာပေါ့" ဟု ဆိုသည်။

ကျောက်ဖေးက ပြုံးလျက် စွန်းဟူကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

စွန်းဟူသည် စားပွဲပေါ်တွင် ချိုင့်ကို ချ၍ ဆီစိမ်စက္ကူများကို တစ်လွှာချင်း ဖြေလိုက်သောအခါ ဟင်းရနံ့များက အခန်းထဲတွင် သင်းပျံ့သွားတော့သည်။

ကြက်သား၊ ဘဲသား၊ ငါးနှင့် အသားဟင်းမျိုးစုံအပြင် အမြည်းဟင်းနှစ်မျိုးပါ စားပွဲပေါ်တွင် ပြည့်နှက်သွား၏။

စွန်းဟူသည် အရက်အိုး၏ ရွှံ့စေးတံဆိပ်ကို ခွာ၍ အရက်နှစ်ခွက် ငှဲ့လိုက်ရာ အရက်မှာ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးမြစ်နံ့ သင်းနေသဖြင့် သာမန်အရက်မဟုတ်ကြောင်း သိသာလှသည်။

"စီနီယာအစ်ကို ကျောက်ဖေး... လာပါ၊ စားရင်းသောက်ရင်း စကားပြောကြတာပေါ့"

အစားအသောက်များ၏ ရနံ့ကြောင့် ကျောက်ဖေး၏ အစားအသောက်ဆန္ဒမှာ ထကြွလာသည်။

ကျောင်းတော်၏ ထမင်းသုပ်သည် ဆီများများဖြင့် ကောင်းမွန်သည်ဆိုသော်လည်း ယခုရှေ့မှ ဆွဲဆောင်မှုရှိသော ဟင်းလျာများကိုမူ မမီနိုင်ချေ။

မူးယစ် အင်မော်တယ် အဆောင်သည် ကျန်းလင်းခရိုင်တွင် အကျော်ကြားဆုံး စားသောက်ဆိုင်ဖြစ်ပြီး ကျောက်ဖေး တစ်ခါမျှ မရောက်ဖူးသော်လည်း အမည်ကိုမူ အကြိမ်ကြိမ် ကြားဖူးခဲ့သည်။

သူတို့နှစ်ဦးသည် စားသောက်ရင်း စကားစမြည် ပြောဖြစ်ကြသည်။

စွန်းဟူက အပြောများပြီး ကျောက်ဖေးကမူ တစ်ခါတစ်ရံမှသာ ပြန်ပြောလေ့ရှိသည်။

၎င်းမှာ ကျောက်ဖေးက အေးစက်လွန်း၍မဟုတ်ဘဲ သူ၏ပင်ကိုယ်စရိုက်မှာ စကားနည်းသူဖြစ်သောကြောင့် ဖြစ်သည်။

သူ၏ ရည်းစားဟောင်းများကပင် သူ့ကို အေးဆေးတည်ငြိမ်သူဟု ဆိုခဲ့ဖူးသည်။

သူတို့ စားသောက်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏

ကျောက်ဖေး သွားဖွင့်လိုက်ရာ တံခါးဝတွင် ချန်မင်ကို တွေ့လိုက်ရသည်။

"သခင်မလေးက မင်းကို လာတွေ့ဖို့ ခိုင်းလိုက်တယ်"

ချန်မင်း၏ မျက်နှာထားသည် ယခင်ကထက် ပိုမိုရှုပ်ထွေးနေပြီး ကြောက်ရွံ့မှုများလည်း အရိပ်အယောင် ထင်နေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကျောက်ဖေးမှာ သူကဲ့သို့ပင် စုန်မိသားစု၏ အစေခံတစ်ဦး ဖြစ်ခဲ့၏

သို့သော်လည်း ထိုအရာက ပြီးခဲ့ချေပြီ

ခဏချင်းအတွင်းမှာပင် သူတို့၏ အဆင့်အတန်းမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားသွားခဲ့ပြီဖြစ်သည်။

ကျောက်ဖေးသည် ပြိုင်ပွဲတွင် ပထမရခဲ့ပြီး ကျောင်းအုပ်၏ ချီးမွမ်းခြင်းကို ခံရသည့်အပြင် အစေခံစာချုပ်မှလည်း လွတ်မြောက်ကာ လွတ်လပ်သူ ဖြစ်သွားခဲ့ချေပြီ။

သူကမူ နောက်လတွင် စုန်မိသားစု၏ ခွေးတစ်ကောင်အဖြစ် ပြန်လည် အမှုထမ်းရတော့မည် ဖြစ်သည်။

ချန်မင်ကို မြင်လိုက်ရသည့် ကျောက်ဖေး၏ မျက်နှာမှာ မနှစ်မြို့ဖွယ် ဖြစ်သွားပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။ "ငါ အလုပ်ရှုပ်နေတယ်"

ချန်မင်မှာ ဆွံ့အသွားသည်။

ကျောက်ဖေးက ဤမျှ ပြတ်သားစွာ ငြင်းဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားပြီး "ကျောက်ဖေး... မင်းက ကောင်းကောင်းပြောတာကို မရဘူးလား။ သခင်မလေးက မင်းကို မျက်နှာသာပေးပြီး ခေါ်ခိုင်းတာကို ရိုင်းစိုင်းမနေနဲ့”

ကျောက်ဖေးက နှာခေါင်းရှုံ့လျက် - "မျက်နှာသာ? ဟက်... စုန်ယောင်ယုဆိုတာ ငါ့မျက်စိထဲမှာ လေလည်သံလောက်တောင် တန်ဖိုးမရှိဘူး။ ငါက ဘာလို့ သူ့ဆီက မျက်နှာသာ ရမှာလဲ။ ပြန်သွားပြီး စုန်ယောင်ယုကို ပြောလိုက်... ငါ့ကို တွေ့ချင်ရင် သူကိုယ်တိုင် လာခဲ့လို့။ ငါ့ကို စုန်မိသားစုက ခွေးတစ်ကောင်လို လာမဆက်ဆံနဲ့"

ချန်မင် မျက်နှာမှာ ပြာနှမ်းသွားပြီး ကျောက်ဖေး၏ နှာခေါင်းကို လက်ညှိုးငေါ့ကာ ဒေါသတကြီး အော်ဟစ်တော့သည်။ "မင်းကတော့ လွန်လှပြီ..ပညာလေး နည်းနည်းတတ်လာတာနဲ့ ဘဝင်မြင့်မနေနဲ့။ မင်းက စုန်မိသားစုရဲ့ ကျွန်မဟုတ်တော့ရင်တောင် စုန်မိသားစုဆိုတာ မင်းလို အကောင်လေးက လာပြီး ရန်စလို့ရတဲ့ အမျိုးမဟုတ်ဘူး။ ငါ သတိပေးမယ်... အခြေအနေကို သိပြီး နေပါ၊ မဟုတ်ရင်တော့..."

သူ့စကား မဆုံးခင်မှာပင် ကျောက်ဖေး၏ လက်ဝါးက ချန်မင်၏ ပါးပြင်ပေါ်သို့ ဖြတ်ခနဲ ကျရောက်သွားသည်။

"ဖြောင်း" ဟူသော အသံနှင့်အတူ ချန်မင်မှာ နောက်သို့ လွင့်စဉ်သွားပြီး တံခါးဘောင်နှင့် တိုက်မိကာ ပါးတစ်ဖက်မှာလည်း ချက်ချင်း ဖူးရောင်တက်လာတော့သည်။

"ထွက်သွားစမ်း”

ကျောက်ဖေး၏ အေးစက်လှသော အမိန့်သံသည် မည်သူမျှ မလွန်ဆန်ဝံ့သည့် အရှိန်အဝါများ ပါဝင်နေသည်။

ချန်မင်သည် သူ၏ပါးကို အုပ်လျက် ကြောက်ရွံ့ဒေါသထွက်နေသော်လည်း ယခုအခါ သူတို့၏ အဆင့်အတန်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေပြီဖြစ်ရာ ဘာမှမပြောဝံ့တော့ဘဲ အရှက်တကွဲ ထွက်ခွာသွားရတော့သည်။

"စီနီယာအစ်ကို... တကယ်ကို အားရစရာ ကောင်းတာပဲဗျာ”ဟု စွန်းဟူက ဘေးမှ ချီးကျူးလိုက်လေတော့သည်။

စွန်းဟူက ဘေးမှနေ၍ လက်ခုပ်တီးကာ အားရပါးရ ချီးကျူးလိုက်သည်။

သို့သော်လည်း သူ၏မျက်ဝန်းအိမ်တွင် စိုးရိမ်ရိပ်အချို့ ဖြတ်ပြေးသွားပြီးနောက် "စီနီယာအစ်ကို ကျောက်ဖေး... အခုလို လုပ်လိုက်တာကတော့ အားရစရာကြီးပါ။ ဒါပေမဲ့ စုန်ယု

ယောင်က စုန်မိသားစုရဲ့ သမီးကြီး ဖြစ်နေတော့ သူ့ကို ဒီလိုမျိုး ပေါ်တင်ဆန့်ကျင်လိုက်တာက နောက်ပိုင်းမှာ ပြဿနာတက်လာနိုင်တယ်ဗျ"

"စီနီယာအစ်ကိုက စုန်ယုယောင်ကို မကြောက်ဘူးဆိုရင်တောင် စုန်မိသားစုရဲ့ အရှိန်အဝါကိုတော့ သတိထားသင့်တယ်..."

"စုန်မိသားစု ဟုတ်လား"

ကျောက်ဖေးက ခပ်ဖွဖွရယ်မောလျက် စားပွဲတွင် ပြန်လည်ထိုင်လိုက်သည်။ အရက်ခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်ပြီးနောက် "စုန်မိသားစုကသာ ငါ့ကို ပြဿနာလာရှာဝံ့မယ်ဆိုရင် သူတို့ရဲ့ ခေါင်းတွေကိုပဲ ငါ့ဓားသွေးကျောက်အဖြစ် သုံးလိုက်ရုံပေါ့" ဟု အေးအေးလူလူ ဆိုလိုက်လေသည်။

ကျောက်ဖေးက စုန်မိသားစုကို ဤမျှအထိ အမှုမထားသည်ကို မြင်သောအခါ

စွန်းဟူသည် မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။

စိုးရိမ်စိတ်ရှိနေသော်လည်း ထပ်မံ၍ စကားမဆိုတော့ပေ။

သူ လုပ်နိုင်သည်မှာ စုန်မိသားစု၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ပေးပြီး မသင်္ကာစရာ တစ်ခုခုတွေ့ပါက ကျောက်ဖေးကို အမြန်ဆုံး အကြောင်းကြားပေးရန်သာ ရှိတော့သည်။

သို့သော်လည်း ကျောက်ဖေးသည် ယခုအခါ ကျောင်းတော်ကြီး၏ အလေးပေးခြင်းကို ခံထားရသော ပျံလွှားသိုင်းကျောင်းတော်၏ တရားဝင် အဓိကတပည့်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

ကျောင်း ဂုဏ်သိက္ခာကို ငဲ့ကွက်၍ စုန်မိသားစုအနေဖြင့်လည်း အလွန်အကျွံ လုပ်ဝံ့မည်မဟုတ်ဟု သူ တွေးလိုက်မိသည်။

အမှန်စင်စစ် စုန်ယုယောင် နေထိုင်သောနေရာမှာ ကျောက်ဖေး၏ အဆောင်နှင့် သိပ်မဝေးလှချေ။

ကွေ့ကောက်နေသော လမ်းကလေးများအတိုင်း တိုင်းထွာလျှင် မီတာ နှစ်ရာ၊ သုံးရာခန့်သာ ကွာဝေးသည်။

ချန်မင် ထွက်သွားပြီး မကြာမီမှာပင်...

သူသည် အပြေးအလွှား ပြန်ရောက်လာပြီး ကျောက်ဖေးအား တွေ့ရန် တံခါးကို တစ်ဖန်ပြန်၍ ခေါက်ပြန်သည်။

"ကျောက်ဖေး... သခင်မလေးက မင်းကို မှာလိုက်တယ်။ မင်းဆီမှာရှိတဲ့ သိုင်းကျောင်းအမှတ်အားလုံးကို သူ့ဆီ လွှဲပေးမယ်ဆိုရင် အရင်ကကိစ္စတွေကို အစအန ဖျောက်ပေးမယ်

တဲ့။ မဟုတ်ရင်တော့..."

ချန်မင်၏ မျက်နှာမှာ ဖူးရောင်ညိုမည်းနေပြီး စကားပြောလျှင်ပင် ဗလုံးဗထွေး ဖြစ်နေသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူ ပြန်သွားချိန်တွင် စုန်ယောင်ယု၏ ပြင်းထန်သော ကြိမ်းမောင်းမှုကို ခံခဲ့ရသည်မှာ ထင်ရှားလှသည်။

"ထွက်သွားစမ်း”

ကျောက်ဖေးသည် ကျန်ရှိနေသော စကားများကို နားထောင်ရန်ပင် စိတ်မပါတော့ဘဲ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။

ချန်မင်မှာ နာကျင်လွန်း၍ အော်ဟစ်လိုက်ပြီး တံခါးနှင့် ညှပ်မိသွားသဖြင့် သူ၏နှာခေါင်းမှာလည်း ကြေမွလုနီးပါး ဖြစ်သွားရလေတော့သည်။

All Chapters