← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆) မိစ္ဆာ ဆိုက်ရောက်ခြင်း

ညမှောင်ရီ ပျိုးစပြုလာပြီဖြစ်သည်။

ဟွမ်နီတစ်ရွာလုံးသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ယင်စွမ်းအင်များ ဖုံးလွှမ်းနေသည့်နှယ် တိတ်ဆိတ်ခြောက်ခြား နေ၏။

ကျေးရွာသားများမှာ အိမ်တံခါးများကို စေ့စေ့ပိတ်ကာ အသက်ရှူသံပင် မထွက်ရဲလောက်အောင် ငြိမ်သက်နေကြသည်။

အထူးသဖြင့် ရွာအရှေ့ဘက်ခြမ်းရှိ ဘိုးဘွားခန်းမ ဝန်းကျင်မှာမူ သုသာန်တစ်စပြင်ကဲ့သို့ အမှောင်ထုကြီးစိုးကာ လူသူကင်းမဲ့ နေတော့သည်။

ရွာလူကြီး ဝမ်အာဟယ်သည် သန်မာသော လူငယ်တစ်စုကို စုစည်းထားသည်။

အကယ်၍ ကျောက်ဖေးသာ ဘိုးဘွားခန်းမအတွင်းမှ အသက်လု ထွက်ပြေးလာခဲ့လျှင် ပြင်ပမှ ကူညီနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

သို့သော် ကျောက်ဖေးက ထိုအကူအညီကို ငြင်းပယ်ခဲ့၏။

မည်သို့သော အသံများ ကြားရသည်ဖြစ်စေ ဘိုးဘွားခန်းမအနီးသို့ လုံးဝမချဉ်းကပ်ရန် သူက တင်းတင်းကြပ်ကြပ် မှာကြားခဲ့သည်။

ထို့နောက် ကျောက်ဖေးသည် မြေနီလမ်းအတိုင်း ဘိုးဘွားခန်းမဆီသို့ တစ်ကိုယ်တည်း ထွက်ခွာသွားလေတော့သည်။

"ဦးလေး အာဟယ်... ဒီသခင်လေး ကျောက်က တကယ်ပဲ ဒီကိစ္စကို ဖြေရှင်းနိုင်ပါ့မလား"

"ဟုတ်ပါ့... နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်တဲ့ နတ်ဆရာမ ချောင်တောင် အသက်ပျောက်ခဲ့ရတာ။ သခင်လေး ကျောက်က မြို့စားမင်းဆီက လွှတ်လိုက်တဲ့သူဆိုတော့ အစွမ်းတစ်ခုခုတော့ ရှိမှာပါ။ ဒါပေမဲ့ သူက ကြည့်ရတာ အရမ်းငယ်သေးတယ်"

"သက်ပြင်းပဲ ချရတော့မယ်... သူသာ တစ်ခုခုဖြစ်သွားရင် ငါတို့ရွာတော့ ဒုက္ခပဲ"

"ဟုတ်တယ်... မနက်ဖြန် ဘိုးဘွားခန်းမကို သွားကြည့်ရင် နောက်ထပ် အလောင်းတစ်လောင်း တိုးနေဦးမလား မသိဘူး"

ရွာသားများမှာ စိုးရိမ်စိတ်ဖြင့် တိုးတိုးတိတ်တိတ် ရေရွတ်နေကြသည်။

သူတို့သည် ကျောက်ဖေး၏ အသက်ဘေးထက် ဤဘေးအန္တရာယ်ကို အမြစ်ပြတ်အောင် ရှင်းနိုင်ပါ့မလားဆိုသည်ကိုသာ ပို၍ ပူပန်နေကြခြင်းဖြစ်သည်

ခရိုင်အစိုးရသည် အလွန်နှေးကွေးပြီး ဟွမ်နီကဲ့သို့ ရွာငယ်လေးများကို ဂရုမစိုက်ကြချေ။

ပြီးခဲ့သည့်အကြိမ်က နတ်ဆရာမကို ငှားရမ်းရန်အတွက် တစ်ရွာလုံး စုပေါင်းအားထုတ်ခဲ့ရသည်ကို ပြန်တွေးမိပြီး ပို၍ စိတ်ပျက်နေကြတော့သည်။

ထိုအရာသာအဆင်မပြေပါက

ခရိုင်ရုံးမှ မည်သူအားထပ်ပို့မည်ကို သိနိုင်မည်နည်း။

"တော်စမ်း”

ဝမ်အာဟယ်သည် ငေါက်ငမ်းလိုက်ပြီး စိတ်ကိုအတင်း တည်ငြိမ်အောင်ထားကာ - "အပိုတွေ ပြောမနေနဲ့တော့။ သခင်လေးကျောက်က ဒီလောက် ယုံကြည်မှုရှိနေမှတော့ သူ့မှာ အကြောင်းပြချက် ရှိမှာပေါ့။ သူပြောတဲ့အတိုင်းပဲ လုပ်ကြ၊ တံခါးတွေပိတ်ထား၊ ဒုက္ခမဖြစ်အောင် ဘိုးဘွားခန်းမနဲ့ ဝေးဝေးမှာနေကြ" ဟု ပြောလိုက်၏

သို့သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ စိုးရိမ်ရိပ်များ ပြည့်နှက်နေလေသည်။

ဘိုးဘွားခန်းမသည် ရွာအရှေ့ဘက်စွန်းတွင် တည်ရှိပြီး ရှေးဟောင်းသစ်သားဆောင်ကြီးတစ်ခု ဖြစ်သည်။

ကျောက်ဖေးသည် ဘိုးဘွားခန်းမနှင့် ကိုက်အနည်းငယ်အကွာရှိ စွန့်ပစ်ထားသော အိမ်အိုတစ်လုံးအတွင်းသို့ ဝင်လိုက်၏။

အိမ်ပိုင်ရှင်မှာလည်းပြောင်းရွှေ့သွားချေပြီ

အနီးနားရှိ အိမ်ထောင်စု (၅) စု ခန့်သည်လည်း ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီပင်

မည်သည့်ရွာသားမျှ ထိုဘိုးဘွားခန်းမအနားမနေဝံ့ပေ

အိမ်များက မည်သူမျှမရှိပေ

ကျန်းဖေးသည် အိမ်ခန်းထဲဝင်ပြီး တံခါးနှင့်ပြတင်းပေါက်များကို ပိတ်လိုက်၏

ယခုအချိန်တွင် ကိုယ်ပွါး စုစုပေါင်း (၇) ခုအထိ ဖန်တီးနိုင်စွမ်းရှိနေပြီဖြစ်သည်။

ပထမကိုယ်ပွါးသည် ဝမ်သာရှန်းနေထိုင်ခဲ့သည့် တောင်ပေါ်တွင် ရှိနေသည်။

ဒုတိယကိုယ်ပွါးသည် မိုးမခမြို့တွင် တည်ရှိသည်။

ကျောက်ဖေးသည် ဆေးကုသမှုနယ်ပယ်၌ လက်တွေ့ဖြတ်သန်းမှု အတွေ့အကြုံမှတစ်ပါး သမားတော်ကြီး ချန်ကျိုးပင်၏ ဆေးပညာရပ် အစုစုကို အကုန်အစင်နီးပါး တတ်မြောက်ထားချေပြီ

သို့ရာတွင် ကျောက်ဖေး၏ ရည်မှန်းချက်မှာ လောကီလူသားတို့အား ဆေးကုသပေးရန်မဟုတ်ဘဲ ဆေးဖော်စပ်ရန် သာ ဖြစ်၏။

သို့သော် ငြားလည်း ကံဆိုးသည်မှာ ကျောက်ဖေး၏ လက်ဝယ်တွင် အစွမ်းထက် ဝိညာဉ်ဆေးလုံးများဖြစ်စေ၊ ဆေးနည်းလမ်းညွှန်များဖြစ်စေ တစ်စုံတစ်ရာ ရှိမနေသေးခြင်းပင်။

ထို့ပြင် လက်ရှိ၌ သူ၏ ဆေးပညာအဆင့်အတန်းသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိရန် ဝေးကွာလွန်းသေးပြီး မြို့ငယ်လေးတစ်မြို့မှ သမားတော်ငယ်တစ်ဦး၏ အဆင့်ထက် မပိုသေးပေ။

တတိယကိုယ်ပွါးသည် ကျန်းလင်းခရိုင် မြို့တော်တွင် ရှိနေသည်။

တစ်နည်းအားဖြင့်ဆိုသော် လက်ရှိတွင် ကျောက်ဖေး အသုံးချနိုင်သော ကိုယ်ပွား လေးခုရှိနေပြီဖြစ်သည်။

အကယ်၍ ရွေးချယ်စရာမရှိသည့် အရေးပေါ်အခြေအနေမျိုးနှင့် ကြုံလာပါက သူသည် တောင်ပေါ်၊ မိုးမခနှင့် ကျန်းလင်းခရိုင်တို့တွင် ရှိနေသော ကိုယ်ပွားသုံးခုကို ချက်ချင်းဖျက်ဆီးပစ်ကာ မိမိအနီးအနား၌ အသုံးပြုနိုင်မည့် ကိုယ်ပွားအရေအတွက်ကို အများဆုံးဖြစ်အောင် ပြုလုပ်နိုင်သည်။

သို့သော် ထိုကဲ့သို့သော အခြေအနေမျိုး ကြုံလာရရန်မှာ အလွန်ပင် ခဲယဉ်းလှ၏။

သူ၏ မူလကိုယ်ခန္ဓာသည် သေဘေးနှင့် ရင်ဆိုင်ရလျှင်ပင် ကျောက်ဖေးအနေဖြင့် အခြားကိုယ်ပွားများကို ဆင့်ခေါ်အသုံးပြုရန် အစီအစဉ်မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ကိုယ်ပွားများအနက် တစ်ခုတည်းသာ အသက်ရှင်ကျန်ရစ်ပါစေဦးတော့၊ သူသည် အင်မော်တယ်ကဲ့သို့ပင် ထိုကိုယ်ပွားမှတစ်ဆင့် ပြန်လည်ရှင်သန်လာနိုင်သောကြောင့်ဖြစ်သည်။

တစ်ဖက်တွင်လည်း အကယ်၍ ကိုယ်ပွားအားလုံးကို တစ်နေရာတည်း၌ စုစည်းထားစဉ် အကုန်အစင် အသတ်ခံလိုက်ရပါက ထိုအရာသည် ပြန်လမ်းမရှိသော ကပ်ဘေးဆိုးကြီး ဖြစ်သွားပေလိမ့်မည်။

ကိုယ်ပွားလေးခုဆိုလျှင် လုံလောက်ပေပြီ။

အမှန်အတိုင်းဆိုရလျှင် ကျောက်ဖေးသည် ယခုကဲ့သို့သော လောကုတ္တရာဖြစ်ရပ်ဆန်းများနှင့် ပတ်သက်၍ လုံးဝယုံကြည်မှုမရှိပေ။

သူသည် ဒဏ္ဍာရီလာ ဝိညာဉ်မြင်ကွင်းကို ပိုင်ဆိုင်ထားသူမဟုတ်ရာ သူ၏ရှေ့မှောက်၌ တစ္ဆေတစ်ကောင် ပေါ်လာလျှင်ပင် မြင်နိုင်စွမ်းရှိမည်မဟုတ်ပေ။

သို့သော်ငြားလည်း ကိုယ်ပွားအချို့ကို စတေးပြီး ဤကမ္ဘာလောက၌ ဖြစ်တည်မှုများ အမှန်တကယ်ရှိမရှိကို သိရှိနိုင်မည်ဆိုပါက ဤခရီးစဉ်၏ အခြေခံရည်မှန်းချက်မှာ အောင်မြင်ပြီဟု ဆိုရမည်။

ဖြစ်နိုင်လျှင်တော့ ဟွမ်နီကျေးရွာရှိ သရဲခြောက်သည့် ဘိုးဘွားခန်းမ ပြဿနာကိုပါ တစ်ပါတည်း ဖြေရှင်းသွားချင်မိသည်

ခဏအကြာတွင်...

ကိုယ်ပွားသည် အဝတ်အစားလဲလှယ်ပြီးနောက် အိမ်ထဲမှထွက်၍ ဘိုးဘွားခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။

အမိုးစွန်းများနှင့် ပြတင်းပေါက်ကြားမှ တိုးဝင်လာသော လရောင်သည် ဘိုးဘွားခန်းမတစ်ခုလုံးကို ဖြန့်ကျက်ထား၏။

စိတ်ကြောင့်ပင်လားတော့မသိ၊ ကျောက်ဖေး ကိုယ်ပွားသည် မိမိ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် လရောင်အောက်တွင် ခေါင်းကိုလှည့်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏

ဘိုးဘွားခန်းမတစ်ခုလုံး၌ ဘိုးဘေးတို့၏ ဝိညာဉ်အမှတ်တရ ကမ္ပည်းပြားများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရ၏။

ပူဇော်ရာ စားပွဲပေါ်တွင် ကြက်၊ ဘဲ၊ ငါး နှင့် အသားဟင်းလျာများကို ပုံစံအမျိုးမျိုးဖြင့် ခင်းကျင်းထားသည်။

အသားဟင်း လေးမျိုးအပြင် ဝိုင်အိုးတစ်လုံးကိုလည်း ချထားလေသည်။

ရွာသားများသည် ထိုတစ္ဆေတောင်းဆိုထားသည့်အတိုင်း ပူဇော်သက္ကာများကို အစီအရီ ခင်းကျင်းထားကြလေသည်။

မှောင်အတိကျနေသော ညဉ့်နက်သန်းခေါင်ယံ၌ ဘိုးဘွားခန်းမကြီးမှာ ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ကြည့်ရသည်မှာ ထိုမိစ္ဆာဝိညာဉ် ထွက်ပေါ်လာပြီး ခြောက်လှန့်ရမည့် အချိန်သို့ မရောက်သေးသည်ထင်ပါ့။

ကျောက်ဖေးသည် ခုံတန်းတစ်ခုပေါ်၌ ငြိမ်သက်စွာ ထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။

မသိမသာနှင့်ပင် အချိန်နှစ်နာရီကျော်မျှ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ပြင်ပလောကတွင်လည်း ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိနေပြီဖြစ်၏။

ဘိုးဘွားခန်းမ၏ တံခါးမှာ လေတိုးသံကြောင့် အနည်းငယ် မြည်ဟည်းလှုပ်ရှားနေသည်

ထိုစဉ် ရုတ်တရက်ဆိုသလို...

ရှပ်ရှပ်ရှပ်ရှပ်နှင့် တစ်စုံတစ်ခု လှုပ်ရှားသွားသံ ထွက်ပေါ်လာ၏။

ကျောက်ဖေးသည် အမှောင်ထုထဲတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေပြီး မျက်လုံးကိုသာ အသာအယာလှည့်၍ တံခါးဆီသို့ အကဲခတ်လိုက်သည်။

တံခါးသည် အနည်းငယ် ဟဟပွင့်နေ၏

လရောင်အောက်တွင် တစ်စုံတစ်ခု ဖြတ်ခနဲ လှုပ်ရှားသွားသယောင် ရှိ၏။

သို့သော် ကျောက်ဖေးအနေဖြင့် ဝါကျင်ကျင်အရောင်တစ်ခုကိုသာ ဖျတ်ခနဲ မြင်လိုက်ရသည်။

"ကြောင်တစ်ကောင် ဖြတ်သွားတာများလား..."

ကျောက်ဖေး၏ စိတ်ထဲ၌ သံသယဖြစ်နေစဉ်မှာပင်...

"ဟဲ... ဟဲ ဟဲ..."

စူးရှပြီး ကျောချမ်းဖွယ်ကောင်းသော ရယ်သံတစ်ခုသည် ဘိုးဘွားခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။

သေလူကဲ့သို့ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထိုရုတ်တရက်ထွက်ပေါ်လာသော ရယ်သံကြောင့် သာမန်လူဆိုလျှင် နှလုံးရပ်မတတ် ထိတ်လန့်သွားပေလိမ့်မည်။

"နင်ကလည်း ဟွမ်နီကျေးရွာရဲ့ မျိုးဆက်တွေ ငါ့အတွက် ဆက်သလိုက်တဲ့ ပူဇော်သက္ကာတစ်ခုပဲလား... ဟဲဟဲဟဲ..."

"လတ်ဆတ်တဲ့ သွေးအရသာကို မမြည်းစမ်းရတာ ရာစုနှစ်တွေတောင် ကြာခဲ့ပြီ။ ဒီနေ့တော့ ငါ အဝစားရတော့မယ် ထင်တယ်... အား... အသားနဲ့ သွေးရဲ့ ရနံ့က တကယ့်ကို ရီဝေစေတာပဲ... ဟဲဟဲဟဲ..."

ထိုအသံသည် ဘယ်နေရာမှ ထွက်ပေါ်လာသည်ဟု အတည်ပြု၍မရပေ

ကြောက်မက်ဖွယ် စကားလုံးများကိုသာ ရေရွတ်နေလေသည်။

သို့သော် ကျောက်ဖေးမှာမူ ဘာမျှမဖြစ်သကဲ့သို့ပင် တည်ငြိမ်စွာ ဆက်လက်ထိုင်နေ၏။

သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေ။

အမှန်စင်စစ် ဤအရာသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

ထို့ပြင် ကျောက်ဖေးသည် ဤကိုယ်ပွားအတွင်းရှိ ခံစားချက်များကို ခေတ္တဖြတ်တောက်ထားသောကြောင့် ကြောက်ရွံ့ခြင်း ဟူသည်မှာလည်း လုံးဝမရှိပေ။

ဤရယ်သံမျိုးကို ထား၍ဦး၊ မျက်နှာပြာပြာနှင့် အစွယ်တငေါငေါ နတ်ဆိုးတစ်ကောင် ရှေ့မှောက်သို့ ခုန်ထွက်လာလျှင်ပင် ဤကိုယ်ပွားမှာ မျက်တောင်တစ်ချက် ခတ်လိမ့်မည်မဟုတ်။

"ငါ့ကို ရိပ်မိသွားပြီ ထင်တယ်..."

ကျောက်ဖေးသည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် အခြားတစ်ဖက်မှ ရိပ်မိသွားခြင်း မရှိစေရန် ဤကိုယ်ပွားကို လုံးဝတိတ်ဆိတ်စေပြီး အသက်ရှူသံကိုပင် အတတ်နိုင်ဆုံး ထိန်းထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကျောက်ဖေးအနေဖြင့် အလွန်အမင်း အံ့ဩမနေပေ။

အဘယ်ကြောင့်ဆိုသော် တစ္ဆေနှင့် နတ်ဆိုးတို့နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့တွင် မည်ကဲ့သို့သော အစွမ်းအစများ ရှိနေမည်ကို ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသောကြောင့် ဖြစ်၏။

"ဟင်... နင်က ဘာလို့ မကြောက်တာလဲ"

"အေးလေ... ထားလိုက်ပါတော့။ ဒီနေ့ ငါ စိတ်ကြည်နေတာမို့ နင့်အသက်ကို ချမ်းသာပေးလိုက်မယ်။ အခုချက်ချင်း ဒီကနေ ထွက်သွားတော့... ငါ ပူဇော်သက္ကာတွေကို သုံးဆောင်နေတုန်း လာပြီး အနှောင့်အယှက် မပေးနဲ့..."

အခန်း (၄၇) - မြွေပါအဝါ

ထိုအသံက မည်မျှပင် ခြောက်လှန့်စေကာမူ ကျောက်ဖေးသည် ဘိုးဘွားခန်းမအတွင်းမှ ဖယ်ခွာသွားခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

သူသည် အသံလာရာအရပ်ကို လိုက်လံရှာဖွေကြည့်နေ၏

ပူဇော်ရာစားပွဲရှိရာအရပ်မှ ဖြစ်နိုကြောင်း ခန့်မှန်းမိချေသည်။

ကျောက်ဖေးသည် ထိုနေရာသို့ သွားရောက် စစ်ဆေးရန် ထလိုက်စဉ်မှာပင်...

အေးစက်လှသော လေပြင်းတစ်ချက်က အခန်းအတွင်း ဝှေ့ယမ်းတိုက်ခတ်သွားသည်။

ဖုန်း

စားပွဲပေါ်ရှိ ဆီမီးအိမ်သည် မည်သူမျှ မထွန်းညှိဘဲ အလိုအလျောက် တောက်လောင်လာ၏။

ကျောက်ဖေး ခေါင်းကိုလှည့်လိုက်ပေသည်

ထိုအလင်းရောင်အောက်တွင် မျက်နှာ၌ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး အဝါရောင်ဝတ်ရုံ ရှည်လျားစွာ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး ပေါ်လာတော့သည်။

သူ၏ အရပ်အမောင်းသည် သာမန်လူသားထက် သာလွန်ကာ (၃) မီတာနီးပါး မြင့်မားလှ၏။

အဖိုးအို၏ ဦးခေါင်းမှာ ဘိုးဘွားခန်းမအဆောင်၏ ထုတ်တန်းနှင့်ပင် ထိလုနီးပါး ဖြစ်နေသည်။

ထိုအဖိုးအိုနှင့် ယှဉ်လိုက်လျှင် ကျောက်ဖေးမှာ ကလေးငယ်တစ်ယောက်ကဲ့သို့ သေးငယ်သွား၏။

ဤမျှ ကြီးမားသော အရွယ်အစား ကွာခြားမှုမှာပင် သာမန်လူတစ်ယောက်ကို ခြေမခိုင်တော့ဘဲ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားစေရန် လုံလောက်လှသည်။

အဝါရောင်ဝတ်ရုံနှင့် အဖိုးအိုက ကျောက်ဖေးကို အပေါ်စီးမှ ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးများသည် ယုတ်မာသော အလင်းတန်းများဖြင့် တောက်ပနေသည်။ သူ၏ အသံမှာလည်း နားစည်ကွဲမတတ် ဟိန်းထွက်လာ၏။ “သတ္တိရှိလှချည်လား... မင်းရဲ့ ဘိုးဘေးကို တွေ့နေတာတောင် ဘာလို့ ဒူးမထောက်ဘဲ ရပ်နေရတာလဲ”

ထိုအခါမှ ကျောက်ဖေးက ပထမဆုံးအကြိမ် စကားစတင်ပြောလိုက်သည်။

"မင်းက ဘာကောင်လဲ... ဝိညာဉ်လား"

အဝါရောင်ဝတ်ရုံနှင့် အဖိုးအိုမှာ ဒေါသထွက်သွားကာ "ရိုင်းလှချည်လား..ငါက စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးပဲ။ မင်းလို သာမန်လူသားတွေက ကိုယ့်အတိုင်းအတာကိုယ် မသိကြဘူး။ ဒီနေ့ မင်းရဲ့ ဝိညာဉ်ကို ငါ အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်မယ်”

ထိုအဖိုးအိုမှာ ဒေါသကြောင့် တုန်ယင်လာ၏

ဘိုးဘေးဝိညာဉ်တိုင်များမှာ စားပွဲပေါ်တွင် ပြင်းထန်စွာ တုန်ခါလာပြီး ဒုန်း... ဒုန်း... မြည်ဟည်းနေတော့သည်။

မြေပြင်သည်လည်း အက်ကွဲသွားကာ အက်ကြောင်းများကြားမှ ငရဲမီးလျှံများ ထွက်ပေါ်လာ၏။

တစ်အိမ်လုံးသည်လည်း ပြိုကျတော့မတတ် လှုပ်ခါနေပြီး စားပွဲ ကုလားထိုင်များမှာ လေထဲသို့ လွင့်ပျံကုန်သည်။

ဘိုးဘွားခန်းမ အဆောင်၏ နံရံများမှာလည်း အသက်ဝင်လာသည့်နှယ် တွန့်လိမ်ကာ ကျောက်ဖေးကို ဝိုင်းဝန်း ဆဲဆိုကြိမ်းမောင်းနေကြသည့်နှယ်

“သာမန်လူသားတစ်ယောက်က နတ်ဘုရားရဲ့ မျက်နှာကို ဘယ်လိုတောင် စိုက်ကြည့်ရဲရတာလဲ”

“မင်းရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး နောက်ဘဝ ကူးပြောင်းခွင့် မရအောင် ငါတို့ လုပ်ပစ်မယ်”

“ခြေထောက်အောက်ကို ကြည့်စမ်း... ငရဲမီးတွေက မင်းဆီ ရောက်နေပြီ”

"မင်းရဲ့ မောက်မာမှုအတွက် မင်းရဲ့ မိသားစုပါ ဒုက္ခရောက်ရလိမ့်မယ်”

“အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း”

“ အားး သူ့ကိုသတ် သတ်ပစ်”

ပတ်ဝန်းကျင်တစ်ခုလုံးသည် ငရဲခန်းတစ်ခုသဖွယ် ဖြစ်သွားပြီး အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏

သို့သော်...

ကျောက်ဖေး ၏ စိတ်ထဲတွင်မူ သံသယများဖြင့် ပြည့်နှက်နေသည်။

အိမ်အတွင်း၌ ဤမျှ ဆူညံသောင်းကျန်းနေသော်လည်း

ထူးဆန်းသည်မှာ အပြင်ဘက်မှ ကြည့်လျှင် ဘိုးဘွားခန်းမမှာ ယခင်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်။

သူသည် အဖြေကို ချက်ချင်းပင် သိလိုက်ရသည်။

"ငါ့မျက်စိရှေ့မှာ မြင်နေရတာတွေ အကုန်လုံးက... လှည့်စားထားတဲ့ မျက်လှည့်ပဲ”

ကျောက်ဖေး၏ စိတ်အာရုံထဲတွင် ပုံရိပ်နှစ်ခု တစ်ပြိုင်နက် ပေါ်လာသည်။

ပထမပုံရိပ်မှာ ဘိုးဘွားခန်းမ အဆောင်အတွင်းရှိ ကိုယ်ပွားမြင်တွေ့နေရသော ကြောက်မက်ဖွယ် မြင်ကွင်းဖြစ်ပရ၏

ဒုတိယပုံရိပ်မှာမူ...

အစောပိုင်းက လေပြင်းတိုက်ခတ်စဉ်ကတည်းက ဘိုးဘွားခန်းမ၏ ပြတင်းပေါက်အပြင်ဘက်သို့ တိတ်တဆိတ် ချဉ်းကပ်ကြည့်ရှုနေသော ဒုတိယကိုယ်ပွား၏ မြင်ကွင်းပင် ဖြစ်သည်။

ထိုအပြင်ဘက်မြင်ကွင်းအရ

ဘိုးဘွားခန်းမအတွင်း၌ မည်သည့်ထူးခြားမှုမျှ ဖြစ်မနေချေ။

မြင်တွေ့ရသည်မှာ ပလ္လင်တော်ပေါ်တွင် တည့်တည့်မတ်မတ် ထိုင်နေသော ပြောင်လက်တောက်ပသည့် မြွေပါတစ်ကောင်သာ ဖြစ်သည်။ ၎င်းသည် ကျောက်ဖေး၏ ကိုယ်ပွားမျက်နှာတည့်တည့်သို့ ဆေးလိပ်ငွေ့သဖွယ် အငွေ့များကို မှုတ်ထုတ်နေ၏။

၎င်းအငွေ့များသည် ဝါဖျော့ဖျော့အရောင်ရှိ၏

မြွေပါ၏ အသက်ရှူထုတ်လိုက်တိုင်း လှိုင်းလုံးများသဖွယ် ကျောက်ဖေး၏ မျက်နှာပေါ်သို့ ဆက်တိုက်ဆိုသလို ကျရောက်နေသည်။

ဤအကောင်မှာ မြွေပါစစ်စစ် ဖြစ်သော်လည်း ကိုယ်အရှည်သည် မီတာတစ်ဝက်ကျော်ခန့် ရှိနေသဖြင့် သာမန်မြွေပါများထက် သိသိသာသာ ထွားကြိုင်းလှသည်။

အငွေ့များကို မှုတ်ထုတ်ခြင်းဖြင့် အာရုံချောက်ခြားမှု များကို ဖန်တီးနေခြင်းဖြစ်၏

ဤသည်မှာ မြွေပါမျိုးနွယ်တို့၏ သဘာဝလွန် အကြားအမြင်တန်ခိုးတစ်ခု ဖြစ်နိုင်ပေသည်။

အခန်းအတွင်းဝယ် ကျောက်ဖေး၏ ကိုယ်ပွားက ကြောက်ရွံ့တုန်လှုပ်ဟန် ဆောင်လျက် တုန်ရီသောအသံဖြင့် လျှောက်တင်လိုက်၏။

"အရှင်နတ်မင်း... ကျေးဇူးပြုပြီး အမျက်တော်ဖြေပါ။ တပည့်တော်မှာ မျက်စိကွယ်နေသဖြင့် အရှင်၏ တန်ခိုးတော်ကို မသိခဲ့ပါ။ တပည့်တော်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ကန်တော့ပါတယ်ဘုရား။"

အတွင်းပိုင်းမှ ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ကျောက်ဖေးက အခွင့်ကောင်းယူကာ အလျင်အမြန် မေးမြန်းလိုက်ပြန်သည်။ “ဒါနဲ့... အရှင်နတ်မင်းက များသောအားဖြင့် ဘယ်လို နတ်စွမ်းအားတွေကို ပြသလေ့ရှိပါသလဲဘုရား?"

အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ မုတ်ဆိတ်ရှည်ကို ပွတ်သပ်လျက် မောက်မာစွာ ဆိုလေသည်။

"ငါ နတ်စွမ်းအားတွေက အတိုင်းအဆမရှိ ကျယ်ပြောလှတယ် ။ သင်လို သာမန်လူသားတစ်ယောက်ကဘယ်လို သိနိုင်မလဲ?"

ကျောက်ဖေး၏ ကြည်ညိုလေးစားမှုကို မြင်တွေ့ရသောအခါ အဘိုးအိုမှာ ပို၍ပင် လေကြီးလေကျယ် ရှိလာကာ သူ၏အသံမှာ ဘိုးဘေးနတ်ကွန်း တစ်ခုလုံးကို တုန်ခါသွားစေသည်။

"ငါက လေကိုခေါ်ပြီး မိုးကိုရွာစေတယ်။ စိတ်ကူးလိုက်ရုံနဲ့ ရွာကို သုံးနှစ်တိုင်တိုင် မိုးခေါင်စေတယ်။ ကျောက်တုံးကို ရွှေဖြစ်စေနိုင်ပြီး လက်ဖျောက်တစ်ချက်တီးရုံနဲ့ ရွှေတောင်ငွေတောင်ေတွကို ဖန်ဆင်းနိုင်တယ်။ ငါက သေသူကို ရှင်စေနိုင်ပြီး နာမကျန်းသူကို ကုသနိုင်တယ်။ သေအံ့ဆဲဆဲလူကိုတောင် သက်တမ်းနှစ်ပေါင်း ခြောက်ဆယ် တိုးပေးနိုင်တယ်။ နတ်မင်းကြီးတွေတောင် ငါ့ကို ရိုသေကြရစမြဲပဲ”

ကျောက်ဖေးသည် ပို၍ ရိုသေခန့်ညားသွားဟန်ဖြင့် လက်အုပ်ချီကာ

"နတ်မင်းကြီး၏ တန်ခိုးတော်က အနန္တပါပဲ။တပည့်တော်... တပည့်တော် သိချင်တာက ဒီလို နတ်စွမ်းအားတွေကို ဘယ်လို ကျင့်ကြံရပါသလဲ?"

"အို..."

အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုက လှောင်ပြုံးပြုံးလျက် “နတ်မျက်စိ နတ်စွမ်းအားတွေကို သင်ယူချင်တယ်ပေါ့? ဒါပေမဲ့..."

သူ၏မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်ပြီး အသံကို နှိမ့်ချကာ “မင်း ရိုးသားမှုကို ထောက်ထားတဲ့အနေနဲ့ နက်ဖြန် နွားတစ်တွဲနဲ့ သိုးတစ်တွဲ လာရောက်ပူဇော်..ဒီ နတ်မင်းကြီးက မင်းကို အနည်းငယ် သင်ကြားပေးကောင်း ပေးနိုင်မယ်”

ပြတင်းပေါက်အပြင်ဘက်ရှိ မြွေပါအစစ်ကို ကြည့်ခြင်းဖြင့် ကျောက်ဖေး အားလုံးကို သိမြင်နေရသည်။

အဘိုးအိုက ယင်းသို့ပြောလိုက်ချိန်တွင် မြွေပါ၏ အမြီးသည် စိတ်လှုပ်ရှားစွာ ယမ်းခါနေပြီး ၎င်း၏ ရှေ့ခြေထောက်နှစ်ဖက်ကို အလွန်ကောက်ကျစ်သော လိမ်လည်သူတစ်ဦးကဲ့သို့ ပွတ်သပ်နေလေသည်။

"နတ်မင်းကြီးအနေနဲ့ အဲဒီ တန်ခိုးတော်တွေထဲက အနည်းငယ်လောက်ကို ပြသပေးလို့ ရမလားခင်ဗျာ? “

“ဥပမာ... ကျောက်တုံးကို ရွှေဖြစ်အောင် လုပ်တာမျိုးပေါ့? ကြည့်ပါဦး... ဒီမြေကြီးပေါ်မှာ ကျောက်ခဲတွေ အများကြီး ရှိနေပါတယ်”

"ဒါက ဘာခက်တာမှတ်လို့လဲ?"

အဘိုးအိုက မထီမဲ့မြင် ပြုံးလျက် မြေပြင်သို့ လက်ညှိုးထိုးလိုက်သည်။

ထိုခဏချင်းမှာပင် မြေပြင်ပေါ်ရှိ ကျောက်ခဲလေးများသည် ဝင်းဝါတောက်ပသော ရွှေတုံးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သို့သော် ကျောက်ဖေးမှာ ဆွံ့အသွားရသည်။

“အင်း... ဒါက အာရုံလှည့်စားမှု ဖြစ်နေတုန်းပဲ...”

ပြတင်းပေါက်အပြင်ဘက်မှ စောင့်ကြည့်နေသော ကိုယ်ပွား၏ အမြင်တွင်မူ မြေပြင်သည် လုံးဝ ပြောင်းလဲခြင်း မရှိပေ။

ကျောက်ခဲမှာ ကျောက်ခဲအတိုင်းပင်။

ကျောက်ဖေးသည် ဤမြွေပါထံမှ တစ်စုံတစ်ရာကို လှည့်ဖြားမေးမြန်းရန် ကြံစည်ခဲ့သော်လည်း မြွေပါမှာ လိမ်လည်လှည့်ဖြားခြင်း၌သာ ကျွမ်းကျင်လှကြောင်း သိလိုက်ရသည်။

အရာအားလုံးမှာ အယောင်ဆောင်မှုများသာ ဖြစ်သည်။

"ငါစွမ်းအားတွေက ဘိုးဘေတွေထက်ပင် သာလွန်သေးတယ်။ ကျောက်ကို ရွှေဖြစ်စေတာက ကလေးကစားစရာသာသာပဲ။ ငါက လေမိုးကိုလည်း စေခိုင်းနိုင်သေးတယ်”

အဘိုးအိုက လေကို မှုတ်ထုတ်လိုက်ရာ ၎င်း၏ထွက်သက်သည် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးဖွဲဖွဲလေးများ ကျလာလေသည်။

"ဒါ့အပြင်... ပဲစေ့ကို စစ်သည်တော်ဖြစ်စေတဲ့ အတတ်ပညာလည်း ရှိသေးတယ်”

လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မြေပြင်ပေါ်တွင် ရွှေရောင်ပဲစေ့ သုံးစေ့ကို ဖန်တီးလိုက်သည်။ အချိန်အနည်းငယ်အတွင်း ထိုပဲစေ့များသည် ရွှေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော ခန့်ညားသည့် စစ်သူကြီးသုံးဦးအဖြစ် ပြောင်းလဲသွားသည်။

"နောက်တစ်ခုက... အရိပ် ကိုယ်ပွားအတတ် “

ရုတ်တရက်ဆိုသလို အခန်းထဲတွင် အဘိုးအို၏ ကိုယ်ပွားအသေးစားလေး တစ်ခု ထပ်မံ ပေါ်လာပြန်သည်။

ဘိုးဘွားခန်းမသည် အလွန်ကျဉ်းမြောင်းလှသဖြင့် ကိုယ်ပွားအကြီးကို ထပ်မံဆန့်ရန် မဖြစ်နိုင်ပေ။

အဘိုးအိုသည် မန္တန်အမျိုးမျိုးကို ဆက်တိုက်ဆိုသလို ခင်းကျင်းပြသနေလေသည်။

ကျောက်ဖေးကလည်း ပြပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ စိတ်ဝင်တစား စောင့်ကြည့်နေ၏။

ကမ္ဘာနှစ်ခုကို ဖြတ်သန်းခဲ့ရသော်လည်း မိစ္ဆာတစ်ကောင်နှင့် တွေ့ဆုံရခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်ေန၏

ထို့ကြောင့် သူ၏ သိလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်နေသည်။

တစ်ခုတည်းသော မကျေနပ်ချက်မှာ သူမြင်နေရသမျှသည် အမြင်မှားမှုများသာ ဖြစ်နေခြင်းပင်။

မြွေပါသည် တကယ့်လက်တွေ့တွင် အခြား မည်သည့် တန်ခိုးစွမ်းအားကိုမျှ မပြသနိုင်ခဲ့ပေ။

ကျောက်ဖေးက ချီးကျူးစကားများ ဆိုရင်း ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းနေသော်လည်း အဘိုးအိုမှာ ရပ်တန့်သွားခဲ့သည်။

"ဒီနေ့အတွက် ဒီလောက်ပဲ။ မမေ့နဲ့ဦး... နက်ဖြန်ကျရင် နွားနဲ့သိုး ယူလာခဲ့။ အခုတော့ ပြန်လို့ရပြီ။"

ကျောက်ဖေးက အလျှော့မပေးဘဲ ထပ်မံမေးမြန်းလိုက်သည်။

"နတ်မင်းကြီးကို မေးပါရစေ... တပည့်တော်လို သာမန်လူသားတစ်ယောက်က နတ်စွမ်းအားတွေ ရဖို့ ဘယ်လို ကျင့်ကြံရမလဲ ခင်ဗျာ?"

အဘိုးအိုက စိတ်မရှည်စွာဖြင့် “နောက်တစ်ခါ လာရင် ပူဇော်သက္ကာတွေ ယူလာခဲ့။ ငါကိုယ်တိုင် ကျင့်စဉ်တွေ သင်ပေးမယ်။"

ကျောက်ဖေးက ဆက်လက်၍ ပူဆာနေပြီး အစွမ်းတစ်ခုခုကို အနည်းငယ်မျှပင် ဖြစ်စေ သင်ပေးရန် တောင်းဆိုနေတော့သည်။

ထိုအချိန်တွင် အခြားသော ကိုယ်ပွားတစ်ခု၏ အမြင်၌မူ

ပလ္လင်ပေါ်ရှိ မြွေပါ မှုတ်ထုတ်နေသော မီးခိုးငွေ့များသည် တဖြည်းဖြည်း မှေးမှိန်လာပြီး မမြင်ရသလောက် ဖြစ်လာသည်။

မြွေပါကိုယ်တိုင်လည်း ပင်ပန်းနွမ်းနယ်နေဟန် ရှိ၏။

ဤအဝါရောင်အငွေ့များကို မှုတ်ထုတ်ခြင်းသည် စွမ်းအင် တစ်ခုခုကို အလွန်အမင်း ကုန်ဆုံးစေကြောင်း ထင်ရှားလှသည်။

၎င်းအတွက် အင်အား သို့မဟုတ် မိစ္ဆာစွမ်းအင် တစ်ခုခုလားဆိုတာတော့ မသေချာပေ

ကျောက်ဖေး၏ မဆုတ်မနစ် နှောင့်ယှက်မှုကို ခံရသောအခါ

အဝါရောင်ဝတ်ရုံဝတ် အဘိုးအိုသည် နောက်ဆုံး၌ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

"မင်းလို သာမန်လူသားက ကျေးဇူးကန်းလှချည်လား၊ ငါ နတ်မင်းကြီးက သင့်ကို မသတ်ရဲဘူး မှတ်နေသလား”

"ဝဲယာ စောင့်ရှောက်သူ နတ်စစ်သည်တို့... သူ့ကို ဖမ်းဆီးစမ်း

ရှူး

စိမ်းဖျော့ဖျော့ မျက်နှာနှင့် စွယ်ထွက်နေသော ငရဲစောင့်ဘီလူးငယ် နှစ်ကောင်သည် ခုန်ထွက်လာပြီး ကျောက်ဖေးကို သံခက်ရင်းများဖြင့် ထိုးနှက်ရန် ပြင်လိုက်ကြသည်။

ကျောက်ဖေးသည် ထိတ်လန့်ဟန်ဆောင်ကာ အလျင်အမြန် ရှောင်တိမ်းလိုက်၏။

"နတ်မင်းကြီး... အသက်ကို ချမ်းသာပေးပါ၊အသက်ကို ချမ်းသာပေးပါ..."

ဘီလူးငယ်နှစ်ကောင်၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း ကျောက်ဖေးသည် ဘိုးဘွားခန်းမအတွင်း ဟိုပြေးဒီပြေး လုပ်နေသော်လည်း မသိမသာဖြင့် ပူဇော်ရာ ပလ္လင်အနီးသို့ ချဉ်းကပ်သွားခဲ့သည်။

ထိုခဏ၌ပင် သူသည် ရှည်လျားသော ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီးဟာလာဟင်းလင်း ဖြစ်နေသော ပလ္လင်၏ ထောင့်တစ်နေရာဆီသို့ ပြင်းထန်စွာ ပိုင်းချလိုက်လေတော့သည်။

အခန်း (၄၈) မိစ္ဆာအား ညဉ့်နက်သန်းခေါင် စစ်မေးခြင်း

"ဂြီ... ဂြီ..."

တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စူးရှသော အော်ဟစ်သံသည် ညကို ဖောက်ထွင်းသွားတော့သည်။

ထိုအသံမှာ ကျောက်ခဲပေါ်တွင် လက်သည်းဖြင့် ကုတ်ခြစ်နေသည့်နှယ် နားမခံသာအောင် စူးရှလှ၏။

အဝါရောင်ဝတ်ရုံနှင့် အဖိုးအို၊ ငရဲသားငယ်များ အစရှိသည့် မျက်လှည့်ပုံရိပ်အားလုံးသည် ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

ပူဇော်ရာစားပွဲမှာမူ ကျောက်ဖေး ကိုယ်ပွားခုတ်ချက်ကြောင့် ပျက်စီးသွားပြီး ၎င်းအနီးတွင် ပြတ်တောက်နေသော အမြီးပိုင်းလေးတစ်ခု ကျန်ရစ်ခဲ့၏။

မြွေပါမိစ္ဆာကြီးသည် တုန်လှုပ်ချောက်ချားစွာဖြင့် တံခါးဝဆီသို့ အသက်လုထွက်ပြေးတော့သည်။

မိမိ၏ မီးခိုးငွေ့ဖြင့် လှည့်စားထားပါလျက်နှင့် ဤလူသားက မည်သို့ကြောင့် အစစ်အမှန်ကို မြင်သွားရသနည်းဆိုသည်ကို လုံးဝနားမလည်နိုင်ဖြစ်နေ၏။

အမှန်စင်စစ် ၎င်းမှာ စဉ်းစားနေရန်ပင် အချိန်မရှိတော့ချေ။

ကိုယ်ပွားသည် မြွေပါနောက်သို့ အပြေးလိုက်လေသည်။

ဘိုးဘွားခန်းမမှာ ကျဉ်းမြောင်းလှ၏

မျက်စိတစ်မှိတ်အတွင်းမှာပင် မြွေပါသည် တံခါးဝသို့ ရောက်ရှိသွားချေသည်

တောအုပ်ထဲသို့ လွတ်မြောက်တော့မည့်ဆဲဆဲ...

ဝှူး

စုတ်ပြတ်နေသော အဝတ်ဟောင်းတစ်ခု လေထဲမှ ဝဲကျလာပြီး မြွေပါကို အုပ်မိသွားတော့သည်။

အမှန်စင်စစ် တံခါးဝတွင် အခြားကိုယ်ပွားတစ်ခုက ကြိုတင်ချောင်းမြောင်းနေခြင်းပင်။

မြွေပါ ရုန်းမထွက်နိုင်မီမှာပင် ကိုယ်ပွားသည် လက်ထဲရှိ တုတ်ထူထူဖြင့် အဆက်မပြတ် ရိုက်နှက်တော့ရာ အဝါရောင်အမွှေးအမျှင်များ လွင့်စင်ကာ မိစ္ဆာ၏ အော်ဟစ်သံမှာ တစ်နယ်လုံး ဟိန်းသွားတော့သည်။

"ချမ်းသာပေးပါ... သူရဲကောင်းကြီး... အင်မော်တယ်... ကျွန်တော်မျိုးကို ချမ်းသာပေးပါ..."

မြွေပါသည် အော်ဟစ်တောင်းပန်နေ၏

သို့သော်လည်း ကိုယ်ပွါးသည် မကြားချင်ယောင်ဆောင်ကာ ၎င်း၏ရုန်းကန်မှုများ အားနည်းသွားသည်အထိ တရစပ် ရိုက်

နှက်လေသည်။

ထို့နောက် မြွေပါကို အဝတ်စဖြင့် တင်းကြပ်စွာ ထုပ်ပိုးကာ ကျောက်ဖေး၏ အစစ်အမှန်ကိုယ်ခန္ဓာရှိရာ အိမ်သို့ ယူဆောင်လာခဲ့တော့သည်။

ကျောက်ဖေးသည် ကိုယ်ပွားများကို အရပ်လေးမျက်နှာတွင် ကင်းစောင့်ခိုင်းလိုက်၏။

၎င်းမှာ မြွေပါ အပြင်းအထန် ရုန်းကန်ထွက်ပြေးမည်ကို ကာကွယ်ရန်နှင့် သူတို့ပြောသမျှကို သူတစ်ပါး မကြားစေရန်အတွက် ဖြစ်သည်။

အခန်းတွင်း၌ ဆီမီးအိမ်လေးကို ထွန်းညှိလိုက်သည်။

အဝတ်စကို ဖယ်လိုက်သောအခါ နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်ကာ အရိုးအချို့ ကျိုးပဲ့နေသော မြွေပါကို တွေ့လိုက်ရ၏။

၎င်းသည် ကျောက်ဖေးကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေသည်။

ကျောက်ဖေးက အေးစက်သောလေသံဖြင့် - "ငါမေးတာကို မှန်မှန်ဖြေစမ်း။ မင်းအဖြေကို ငါကျေနပ်ရင် အသက်ချမ်းသာပေးမယ်”

“ဒါပေမဲ့ မင်းသာ ငါ့ကို လိမ်ဖို့ ကြိုးစားရင်တော့ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်... နားလည်လား"

"နားလည်ပါပြီ... နားလည်ပါပြီ... ကျွန်တော်မျိုး သိသမျှ အကုန်လျှောက်တင်ပါ့မယ်"

မြွေပါက တုန်တုန်ရီရီ ဖြေကြားသည်။

ကျောက်ဖေးခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည် - "ဒီလောကမှာ တကယ်ပဲ မသေမျိုးကျင့်စဉ် တွေ ရှိလား"

"ရှိပါတယ်... ရှိပါတယ် သေချာပေါက် ရှိမှာပါ"

"ဒါဆို မင်း အဲဒီကျင့်စဉ်တွေကို သိလား၊ ဒါမှမဟုတ် မြင်ဖူးလား"

မြွေပါက "မသိပါဘူး အရှင်... ကျွန်တော်မျိုးက အဆင့်နိမ့် မိစ္ဆာလေးတစ်ကောင်ပဲဟာ... မသေမျိုးကျင့်စဉ်တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ"

ကျောက်ဖေးက နှာခေါင်းရှုံ့ကာ - "မင်းက မမြင်ဖူးဘဲနဲ့ ဘာလို့ ရှိတယ်လို့ အသေအချာ ပြောနိုင်ရတာလဲ"

မြွေပါသည် တုန်တုန်ရီရီဖြင့် - "ကျွန်တော် လူတွေအများကြီးနဲ့ တွေ့ဖူးပါတယ်။ သူတို့အားလုံးက အင်မော်တယ်တွေ ရှိတယ်လို့ ပြောကြတယ်။ လူတိုင်းပြောနေမှတော့ ရှိမှာပါ။ နာမည်ကြီးတဲ့ တောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ အဲဒီကျင့်စဉ်တွေ ရှိတယ်လို့ ကြားဖူးပါတယ်"

"ဒါဆို မင်းမှာ ဘာကျင့်စဉ်မှ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလို အသိဉာဏ်ရှိတဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာရတာလဲ"

"အဲဒါကို ကျွန်တော်လည်း သေချာမသိပါဘူး။ ဒီအတိုင်း အသက်ကြီးလာရင်းနဲ့ အသိဉာဏ်ပွင့်လာတာပါ။ ဘယ်သူမှ မသင်ပေးဘဲနဲ့ ကောင်းကင်နဲ့ မြေကမ္ဘာ အဆီအနှစ် ကို ရှူရှိုက်တတ်လာတာပါ"

ကျောက်ဖေးသည် ဆက်တိုက် မေးခွန်းထုတ်နေ၏

သို့သော်လည်း အစောပိုင်းက ရှိခဲ့သော စိတ်လှုပ်ရှားမှုများမှာ စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

မိစ္ဆာတစ်ကောင်ကို ဖမ်းမိလိုက်သဖြင့် လျှို့ဝှက်ချက်များ သိရတော့မည်ဟု ထင်ခဲ့၏

သို့သော်လည်း အမှန်စင်စစ် ဤမြွေပါ သိသမျှမှာ သာမန်လူတစ်ယောက် သိသည်ထက်ပင် သိပ်မပိုချေ။

အများစုသည် သူတစ်ပါးပြောသံကို ကြားဖူးနားဝရှိခြင်းသာ ဖြစ်သည်။

ဤမြွေပါသည်လည်း မိစ္ဆာအချင်းချင်း သိပ်မတွေ့ဖူးချေ။

နှစ်ပေါင်းများစွာအတွင်း မိစ္ဆာ (၁၀) ကောင်ခန့်သာ မြင်ဖူး၏

အားလုံးမှာ ၎င်းကဲ့သို့ပင် ဆယ်စုနှစ်အနည်းငယ်သာ ကျင့်ကြံထားသော အဆင့်နိမ့်မိစ္ဆာများသာ ဖြစ်ကြသည်။

၎င်းတို့သည် သာမန်တိရစ္ဆာန်ထက် သန်မာပြီး အသက်ရှည်သော်လည်း အစွမ်းထက်သော နတ်ဆိုးများ မဟုတ်ကြချေ။

မြွေပါ၏ ပြောပြချက်အရ လူသားများ နေထိုင်သည့် အရပ်တွင် အစွမ်းထက်သော မိစ္ဆာများ ပေါ်ထွက်ရန် ခဲယဉ်းလှသည်။

အဘယ်ကြောင့်ဆိုသော် လူသားများသည် အသိဉာဏ်အမြင့်ဆုံး ဖြစ်သည့်အပြင်၊ အချို့သော နတ်ဆရာများနှင့် တာအိုရဟန်းများမှာ မန္တန်များ သုံးနိုင်ပြီး ကောင်းကင်စစ်သည်များကိုပင် ဆင့်ခေါ်နိုင်သောကြောင့် ဖြစ်သည်။

ဤမြွေပါသည် တစ်ကြိမ်က တာအိုရဟန်းတစ်ပါးနှင့် တွေ့ဖူးခဲ့၏

ထိုရဟန်းသည် လက်ဖွဲ့မန္တန်များ သုံး၍ မီးလုံးကြီးများ ဖန်တီးနိုင်သည်ကို မြင်ဖူးခဲ့သည်ဟု ဆိုလေသည်။

အကယ်၍သာ ထိုစဉ်က အချိန်မီ ထွက်မပြေးနိုင်ခဲ့လျှင် မြွေပါသည် ပြာအတိဖြစ်အောင် အလောင်ခံရပေလိမည်။

ထို့ပြင် လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ဆုံခဲ့သည့် ချောင်ရှန်းကူးသည်လည်း ခရိုင်မြို့တော်မှ ပင့်ဖိတ်လာသော နတ်ဆရာမတစ်ဦးဖြစ်ပြီး သူမတွင်လည်း ဝိညာဉ်စေစားမှု အစွမ်းရှိသည်ဟု ဆို၏။

ထိုနတ်ဆရာမသည် မြွေပါကို ဖမ်းဆီး၍ သူမ၏ အစေအပါးအဖြစ် ခိုင်းစေရန် ကြိုးပမ်းခဲ့၏

သို့သော်လည်း အစွမ်းမသာသဖြင့် မြွေပါ၏ ပြန်လည်တိုက်ခိုက်မှုကို ခံရကာ အသက်ပျောက်ခဲ့ရခြင်း ဖြစ်သည်။

ကျောက်ဖေးသည် နတ်ဆရာမ သေဆုံးမှုကို မြွေပါအပေါ် အာဃာတမထားချေ။

အသက်လုပွဲတွင် အစွမ်းသာသူက အနိုင်ရစမြဲပင်။

သို့သော် လူသားတစ်ဦးအနေဖြင့် သူသည် လူသားဘက်မှသာ ရပ်တည်ရန် ဆုံးဖြတ်ထားသည်။

သူသည် မြွေပါကို အချိန်အတော်ကြာအောင် အသေးစိတ် စစ်မေး၏

သို့သော်လည်း ထိုမိစ္ဆာသည် အသိနည်းလှသဖြင့် ထူးခြားသည့် အချက်အလက် သိပ်မရရှိခဲ့ပေ။

သူ ရရှိလိုက်သော တန်ဖိုးအရှိဆုံး အချက်မှာ မြွေပါကို မီးဖြင့်တိုက်ခိုက်ခဲ့သော တာအိုရဟန်းသည် ချင်းဖုန်းကျောင်းမှ ဖြစ်၏

ချင်းဖုန်းကျောင်းသည် ကျန်းယွဲ့ မြို့အနီးရှိ၏

ဤအချက်မှာ ကျောက်ဖေးအတွက် မြို့တော်သို့ သွားရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခု ဖြစ်လာသည်။

အင်မော်တယ်ကျင့်စဉ်ကို ရှာဖွေကာ ကျင့်ကြံခြင်းသည် မည်သို့ပင်ကြည့်စေကာမူ သိုင်းပညာကျင့်ခြင်းထက် ပို၍ ဆွဲဆောင်မှုရှိနေ၏။

သို့သော် ထိုလမ်းစဉ်သည် သိုင်းပညာထက် အဆပေါင်းများစွာ ပိုမိုခက်ခဲမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဤလောကဝယ် သိုင်းပညာရှင်တို့ကား မရေမတွက်နိုင်အောင်ပင် များပြားလှပေ၏။

လူသူဝေးလံလှသော ကျန်းလင်းခရိုင်ကဲ့သို့ နေရာမျိုး၌ပင် သေးငယ်လှသော သိုင်းသင်တန်းကျောင်း၌ သိုင်းပညာရှင် နှစ်

ဆယ်ကျော်မျှ ရှိနေသည်မဟုတ်ပါလော

သို့သော်လည်း ကျင့်ကြံခြင်းဖြင့် အင်မော်တယ်အဖြစ်သို့ ကူးပြောင်းနိုင်သည့် လမ်းစဉ်မှာမူ ဒဏ္ဍာရီလာ ပုံပြင်တစ်ခုအဖြစ်သာ တည်ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း ယခုလေးတင် ထိုမြွေပါလေး ပေးခဲ့သော အဖြေက ကျောက်ဖေးအတွက် အတွေးသစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

အင်မော်တယ်လမ်းစဉ်သည် ဖမ်းဆုပ်ရခက်ခဲပြီး ရှာဖွေရန် ခဲယဉ်းလှ၏

သို့သော်လည်း ထူးခြားဆန်းပြားသော စွမ်းအင်များကို ပိုင်ဆိုင်ထားသူများမှာ နတ်ဘုရားများသာမကပေ။

ယခုလောလောဆယ်တွင် သူအနေဖြင့် လောဘဇောတက်ကာ မြင့်မားလှသော ပန်းတိုင်များကို မျှော်မှန်းရန် မလိုအပ်သေးပေ။

လောကီနယ်ပယ်ရှိ နတ်ဆရာများကဲ့သို့ သာမန် ပုဂ္ဂိုလ်များပင်လျှင် အနည်းငယ်သော ထူးခြားအင်အားများကို တတ်မြောက်ထားကြသည်သာ ဖြစ်၏။

ဥပမာအားဖြင့် မြွေပါ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ချောင်ရှန်းကူးဆိုလျှင်ပင် ဝိညာဉ်ကလေးတစ်ကောင်ကို မွေးမြူထားနိုင်ခဲ့သည် မဟုတ်ပါလော

ကျောက်ဖေးသည် ထိုကဲ့သို့သော ထူးဆန်းထွေလာကိစ္စရပ်များကို အလွန်ပင် စိတ်ဝင်စားနေမိသည်။

ထူးခြားစွမ်းအင်များဖြစ်စေ၊ လောကီအစီအရင်များဖြစ်စေ သူကား အကုန်လုံးကို နှစ်သက်ခုံမင်လှပေ၏။

သို့သော်လည်း ဆက်လက်မေးမြန်းကြည့်သောအခါ ထိုမြွေပါမှာလည်း ဤအကြောင်းအရာများနှင့် ပတ်သက်၍ အပေါ်ယံမျှသာ သိထားကြောင်း တွေ့ရှိရသည်။

၎င်းသိသမျှမှာ အရှေ့ဘက် မိုင်အနည်းငယ်အကွာရှိ ပိုင်ဖန်းမြို့နယ်တွင် ထောင်ဖန်းမင်အမည်ရှိသော အကြားအမြင်ရ ဆရာကြီးတစ်ဦးရှိပြီး အတော်ပင် စွမ်းဆောင်နိုင်ရည်ရှိသည် ဟူ၍သာ ဖြစ်၏။

သို့သော် ထိုဆရာကြီး မည်မျှအထိ စွမ်းသည်ကိုမူ ၎င်းကိုယ်တိုင် အတိအကျ မပြောနိုင်ပေ။

ပုံမှန်အားဖြင့် ဤမြွေပါသည် အစွမ်းအစရှိသူများ နေထိုင်ရာအရပ်နှင့် ဝေးဝေးတွင်သာ နေလေ့ရှိပြီး ၎င်းတို့ကို ဘယ်သောအခါမှ သွားရောက်မနှောင့်ယှက်ဝံ့ပေ။

ဟွမ်နီကျေးရွာကဲ့သို့သော ဝေးလံခေါင်ဖျားသည့် ရွာကလေးများတွင်သာ ဗိုလ်ကျစိုးမိုးရဲပြီး လူအသက်ကိုလည်း လွယ်လွယ်နှင့် မသတ်ဝံ့ပေ။ ပြီးခဲ့သည့်အကြိမ်က ချောင်ရှန်းကူးကို သတ်လိုက်ရခြင်းမှာလည်း အခြေအနေအရ အကြပ်အတည်းဆိုက်ခဲ့သောကြောင့်သာ ဖြစ်၏။

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ကျောက်ဖေးဘက်မှ နောက်ထပ် မေးခွန်းများ မထွက်လာတော့သည်ကို မြင်၏

ထိုအခါ မြွေပါသည် သတ္တိမွေး၍ သတိပေးလိုက်လေသည်။

"သခင်... ကျွန်တော်သိသမျှ အကုန်ဖြေပြီးပါပြီ၊ အခုတော့ ကျွန်တော်ကို လွှတ်ပေးသင့်ပြီ မလားခင်ဗျာ"

ကျောက်ဖေးက နှာခေါင်းရှုံ့လျက် အေးစက်စက် ရယ်မောလိုက်ပြီး

"မင်းကို လွှတ်ပေးမယ်လို့ ငါ ဘယ်တုန်းက ပြောခဲ့လို့လဲ"

မြွေပါသည် ချက်ချင်းပင် တုံ့ပြန်ကန့်ကွက်လေတော့သည်။

"သခင်... ကတိမဖျက်ပါနဲ့၊ အမှန်အတိုင်း ဖြေရင် လွှတ်ပေးမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲဥစ္စာ"

ကျောက်ဖေးက ခပ်တည်တည်ပင် ဆိုလိုက်၏။ “မင်း နားလည်မှု လွဲသွားတာနေမှာပါ။ မင်းရဲ့ အဖြေက ငါ့ကို စိတ်ကျေနပ်မှု ပေးနိုင်ရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်လို့ပဲ ငါ ပြောခဲ့တာ။ အသက်ချမ်းသာပေးတယ်ဆိုတာ မင်းကို လွှတ်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ဘူး"

"ပြီးတော့ မင်းရဲ့အဖြေတွေက ငါ့ကို အပြည့်အဝ စိတ်မကျေနပ်စေသေးဘူး။ အခုကစပြီး မင်းက ငါ့နားမှာပဲ စောင့်ရှောက်သူအဖြစ် နေရမယ်။ နောက်ပိုင်းမှာ ငါ့အတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးနိုင်မှပဲ မင်းကို လွှတ်ပေးဖို့ စဉ်းစားမယ်"

ဤကဲ့သို့သော မိစ္ဆာသတ္တဝါမျိုးကို ခဲခဲယဉ်ယဉ် ဖမ်းဆီးရမိထားပြီးမှ သေသေချာချာ လေ့လာမှုပင် မပြုရသေးဘဲ လွယ်လွယ်နှင့် လွှတ်ပေးရန် ကျောက်ဖေးတွင် အစီအစဉ်မရှိပေ။

ထို့နောက် ကျောက်ဖေးသည် မြွေပါကို ကြိုးဖြင့် တုပ်နှောင်ကာ ကြိုးတစ်ဖက်ကို ခုတင်ခြေရင်းတွင် ချည်နှောင်ထားလိုက်သည်။

ထိုနောက် သူသည် အဝတ်အစားပင် မလဲတော့ဘဲ ခုတင်ပေါ်သို့ တက်၍ အနားယူ အိပ်စက်လိုက်လေတော့သည်။

All Chapters