← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅) ချီကျင့်စဉ် ကျင့်ကြံခြင်းနည်းလမ်းများ

မာရှန်းကူး၏ မျက်နှာပေါ်မှ အပြုံး မပြယ်သေးမီမှာပင်

ကျောက်ဖေးက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည် - "မာရှန်းကူးခင်ဗျာ... ကျွန်တော် တခြားတစ်ခုခုပဲ သင်ချင်ပါတယ်”

မာရှန်းကူးမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး "ဘာလဲ... မင်းက ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်ကို အထင်သေးတာလား? ငါပြောပြမယ်... ဒီအဆောင်က ရွှမ်မန်ဂိုဏ်းရဲ့ စစ်မှန်တဲ့ အဆောင်ပညာပဲ။ ဒါကို တတ်ထားရင် မင်း တစ်သက်လုံး အကျိုးရှိသွားမှာ..."

မာရှန်းကူး၏ စကားမဆုံးမီမှာပင် ကျောက်ဖေးက ကြားဖြတ်ပြောလိုက်သည် "နတ်သမီး နားလည်မှု လွဲနေပါပြီ။ ကျွန်တော်က ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်အကြောင်းကို အရင်ကတည်းက သင်ဖူးလို့ပါ"

"ဘာ... မင်း ဒါကို လေ့လာဖူးတယ် ဟုတ်လား" မာရှန်းကူး အံ့အားသင့်သွားသည်။

"ဟက်... ကျွန်တော်က နတ်သမီးကို လိမ်ပါ့မလား"

ကျောက်ဖေးက ဆက်ပြောသည် - "နတ်သမီး မယုံရင် ကျွန်တော် ဆွဲပြပါ့မယ်"

ပြောပြောဆိုဆိုဖြင့် ကျောက်ဖေးသည် လက်ချောင်းကို လက်ဖက်ရည်ခွက်ထဲ နှစ်လိုက်ပြီး ဘေးနားရှိ စားပွဲပေါ်တွင် စတင်

ရေးဆွဲတော့သည်။

တစ်ချက်တည်းနှင့် အဆုံးထိ ရေးဆွဲရာ ခုနစ်စက္ကန့်၊ ရှစ်စက္ကန့်မျှသာ ကြာမြင့်လေသည်။

လက်ဖက်ရည်ဖြင့် ဆွဲခြင်းဖြစ်၍ အစက်အပြောက်များ ထစ်ငေါ့နေပြီး အဆုံးတွင်မူ ရေငွေ့လေးများသာ ကျန်တော့သဖြင့် အသွင်အပြင်ကို ခွဲခြားရန် ခက်ခဲသော်လည်း

မာရှန်းကူးမှာမူ ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်နှင့် စိမ်းသူမဟုတ်ပေ။ ထို့ပြင် ကျောက်ဖေး ရေးဆွဲနေသည်ကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသဖြင့် အမှားအမှန်ကို အလွယ်တကူ ခွဲခြားနိုင်သည်။

သံသယဖြစ်စရာမလိုဘဲ ဤသည်မှာ ပြည့်စုံသော ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်ပင် ဖြစ်သည်။

ထို့ပြင် ကျောက်ဖေး၏ ကျွမ်းကျင်မှုကို ကြည့်ရုံနှင့်ပင် ဤအဆောင်ကို အနည်းဆုံး နှစ်အနည်းငယ်မျှ လေ့ကျင့်ထားသူ ဖြစ်ရမည်ဟု သူမ တွက်ဆလိုက်သည်။

"ငါ မင်းကို အထင်သေးခဲ့မိတာပဲ"

မာရှန်းကူး၏ မျက်နှာထားသည် အနည်းငယ် ပျက်ယွင်းသွားသည်။

အစကတော့ ကျောက်ဖေးကို ဘာမှမသိသည့် အတွေ့အကြုံမရှိသူဟု ထင်ကာ ငွေညှစ်ရန် လွယ်ကူမည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။

ကျောက်ဖေးက "အမှန်အတိုင်း ပြောရရင် နတ်သမီးခင်ဗျာ... ကျွန်တော်က ငယ်ငယ်ကတည်းက အင်မော်တယ်ပညာရပ်တွေကို အလွန် စိတ်ဝင်စားခဲ့တာပါ။ ဒါကြောင့် ဒီမတိုင်ခင်မှာလည်း လူအများကြီးဆီမှာ ပညာလိုက်သင်ခဲ့ဖူးပါတယ်"

"နှမြောစရာကောင်းတာက အဲဒီလူအများစုက နတ်ဘုရားယောင်ဆောင်တဲ့ လူလိမ်လူညာတွေပဲ ဖြစ်နေတာပါ။ နတ်သမီးလို တကယ်တမ်း စွမ်းအားရှိတဲ့လူကတော့ အလွန်ရှားပါတယ်"

ကျောက်ဖေးက အတိတ်ကို ပြန်တွေးဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ဤသို့ ဖြစ်လာမှတော့ မာရှန်းကူးအနေဖြင့်လည်း အခြားနည်းလမ်းမရှိဘဲ ပြောလိုက်ရသည် - "ကောင်းပြီလေ... ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်အပြင် ငါ့ဆီမှာ ယင်စုဆောင်းခြင်းအဆောင်ဆိုတာ ရှိသေးတယ်။ ဒီအဆောင်က ယင်စွမ်းအင်နဲ့ မိစ္ဆာဝိညာဉ်တွေကို စုစည်းပေးနိုင်ပြီး ခဏတာအတွင်းမှာ ကွယ်လွန်သူရဲ့ ဝိညာဉ်က မင်းကို သူ့လိုလူမျိုးလို့ ထင်သွားအောင် လုပ်ပေးနိုင်တယ်။ အကယ်၍ အခေါင်းထဲမှာ ကပ်ထားမယ်ဆိုရင် ရုပ်အလောင်းကို မပုပ်မသိုးအောင် ထိန်းသိမ်းပေးနိုင်တယ်၊ ဒါပေမဲ့ အလောင်းက ဇွန်ဘီ အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အခွင့်အရေး အနည်းငယ်တော့ ရှိတာပေါ့..."

ယခုအခါ ကျောက်ဖေးသည် အတွေ့အကြုံမရှိသူ မဟုတ်မှန်း သိသွားသဖြင့် မာရှန်းကူးမှာ စိတ်ကြိုက် ကြွားလုံးထုတ်၍ မရတော့ပေ။ ကျောက်ဖေးက ခေါင်းညိတ်ကာ "ယင်

စုဆောင်းခြင်းအဆောင်လား? စိတ်ဝင်စားစရာပဲ။ ကောင်းပါပြီ... ကျွန်တော့်ကို ကြည့်ခွင့်ပြုပါ"

မာရှန်းကူး သက်ပြင်းတစ်ချက် ချလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်ဖေးသည် ယင်စုဆောင်းခြင်းအဆောင်ကိုတော့ သင်ဖူးပုံမရပေ။

အမှန်တော့ သူမကိုယ်တိုင်လည်း ဤအဆောင်နှစ်မျိုးကိုသာ တတ်မြောက်ထားခြင်း ဖြစ်သည်။ သူမ၏ အဖိုးတန်ဆုံးသော လျှို့ဝှက်ချက်တွေကိုတော့ ငွေခြောက်ဆယ်နှင့် ကျောက်ဖေးကို မပေးနိုင်ပေ

ထို့နောက် မာရှန်းကူးသည် စားပွဲနောက်မှ နောက်ထပ် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ကာ ကျောက်ဖေးထံ ပစ်ပေးလိုက်ပြန်သည်။

"ဒါဆိုရင် ဒါကိုယူပြီး အရင်ကြည့်ထားလိုက်ဦး။ ငါစောစောက ပြောခဲ့သလိုပဲ... ဒါကို မင်း ကျွမ်းကျင်သွားပြီဆိုမှ ငါ့ဆီလာပြီး လမ်းညွှန်မှု ထပ်တောင်းပါ"

ကျောက်ဖေးက ဘာမှမပြောဘဲ စာအုပ်ကိုသာ တိတ်တဆိတ် လှန်လှောကြည့်နေသည်။

သို့သော် သူ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်းနှင့် ရှင်းလင်းလာတော့သည်။

"ဒါကို ယင်စုဆောင်းခြင်းအဆောင်လို့ ခေါ်တာလား? အမှန်အတိုင်းပြောရရင် တခြားလူတွေ ဒီအဆောင်ကို သုံးတာ ကျွန်တော် မြင်ဖူးတယ်၊ အဆောင်သင်္ကေတ အားလုံးကိုလည်း ကျွန်တော် အလွတ်မှတ်မိနေပါပြီ"

ပြောပြီးသည်နှင့် နတ်သမီးမာက သူ့ကို မယုံကြည်မည် စိုးသဖြင့် သူက လက်ဖက်ရည်ထဲ လက်နှစ်ကာ စားပွဲပေါ်တွင် ထပ်မံရေးဆွဲပြပြန်သည်။

ဒီတစ်ခါတော့ အနည်းငယ် ထစ်ငေါ့မှုရှိပြီး ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်တုန်းကလောက်

မချောမွေ့သော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် အဆောင်တစ်ခုလုံးကို ပြီးအောင် ဆွဲနိုင်ခဲ့သည်။

ကျောက်ဖေးက "ယင်စုဆောင်းခြင်းအဆောင်ရဲ့ ပုံစံကိုတော့ ကျွန်တော် မှတ်မိနေပါပြီ။ နတ်သမီးအနေနဲ့ အဲဒီအဆောင်ရဲ့ အဓိပ္ပာယ်နဲ့ ဘယ်လိုဆွဲရမလဲဆိုတာကိုပဲ သင်ပေးပါ"

အဆောင်ရေးဆွဲခြင်းဆိုသည်မှာ သင်္ကေတကို မှတ်ရုံဖြင့် မပြီးပေ။

အဆောင်အတွင်းရှိ စစ်မှန်သော အဓိပ္ပာယ်ကိုလည်း နားလည်ရမည်ဖြစ်သည်။

ဤသည်မှာ စာမတတ်သောသူတစ်ဦးက ပုံကိုကြည့်၍ စာလုံးဆွဲ နေသကဲ့သို့ ဖြစ်နေပါက အသက်ဓာတ်နှင့် စွမ်းအင်များကို ထည့်သွင်းနိုင်မည် မဟုတ်ပေ။

အချို့သော အဆောင်များတွင်မူ သီးခြားရေးဆွဲသည့် နည်းလမ်းများလည်း ရှိတတ်သည်။

သို့မဟုတ်ပါက ပုံစံကို မှတ်မိရုံနှင့် ရမည်ဆိုလျှင် ဤအဆောင်များမှာ တန်ဖိုးရှိမည်မဟုတ်ဘဲ နေရာတိုင်းတွင် ရှိနေပေလိမ့်မည်။

အခြေအနေအရ မာရှန်းကူးသည် ကျောက်ဖေးအား အဆောင်၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှင်းပြပေးလိုက်ရတော့သည်။

တစ်ကြိမ် ရှင်းပြပြီးနောက် မာရှန်းကူးသည် ကျောက်ဖေး မှတ်မိခြင်း ရှိမရှိကိုပင် မမေးတော့ဘဲ လက်ဝေ့ယမ်းကာ "ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ မသိတာရှိရင် မနက်ဖြန်မှ လာမေးတော့" ဟု ဆိုလိုက်သည်။

တကယ်လည်း အချိန်မှာ အလွန်နောက်ကျနေပြီ ဖြစ်သည်။

ထို့ပြင် ပိုင်ဖန်းမြို့ရှိ မူလခန္ဓာကိုယ်သည်လည်း ပညာသင်ယူနေသဖြင့် စိတ်စွမ်းအင် အသုံးပြုနေရသည် မဟုတ်ပါလော

ထို့ကြောင့် ကျောက်ဖေးသည် သူမကို ဆက်လက် မနှောင့်ယှက်တော့ဘဲ မာရှန်းကူးထံမှ စက္ကူနှင့် ကလောင်တံတစ်စုံကို ငှားယူကာ အိမ်ထိန်းနောက်မှတစ်ဆင့် အနားယူရန် ဧည့်ခန်းသို့ လိုက်သွားတော့သည်။

ညဉ့်တစ်ယံ ကုန်လွန်သွားခဲ့လေပြီ။

မသိလိုက်ခင်မှာပင် အာရုဏ်ဦး၏ အလင်းရောင်က ကောင်းကင်ယံကို စတင်ဖြန့်ကျက်လာသည်။

ပိုင်ဖန်းမြို့ရှိ ထောင်ကျီ အခေါင်းလုပ်ငန်း၏ နောက်ဖေးခြံဝင်းအတွင်း၌...

"ဆရာ... အရင်သွားအိပ်လိုက်ပါဦးလား၊ ကျွန်တော် မလောပါဘူး"

ထောင်ဖန်းမင်က သမ်းဝေနေသည်ကို အကြိမ်ကြိမ် မြင်နေရသဖြင့် ကျောက်ဖေး အနည်းငယ် အားနာမိသွားသည်။

ထောင်ဖန်းမင်သည် တစ်ညလုံးနီးပါး သူ့ကို ပညာသင်ပေးနေခဲ့ခြင်း ဖြစ်သည်။

လောကီအဆောင်ပညာများအပြင် သရဲတစ္ဆေနှင့် မိစ္ဆာများအကြောင်း၊ ထောင်ဖန်းမင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ထူးဆန်းအံ့ဩဖွယ်ရာ အဖြစ်အပျက်များ စသည့် ဗဟုသုတအဖြာဖြာကို သင်ကြားပေးခဲ့သည်။

ကျောက်ဖေးမှာ တကယ်ပင် အံ့ဩမိရသည်။

အချို့သော အချက်အလက်များတွင် ထောင်ဖန်းမင် မျှဝေပေးခဲ့သည့် အတွေ့အကြုံများသည် လောကီမှော်ပညာများထက်ပင် ပို၍ တန်ဖိုးရှိနေသည်။

၎င်းတို့က သူ့ကို ဘာမှမသိသည့် အတွေ့အကြုံမရှိသူအဆင့်မှ ဤလောကအကြောင်း နားလည်သူတစ်ဦးအဖြစ် ချက်ချင်း ကူးပြောင်းပေးလိုက်ခြင်းပင်။

သို့သော် တစ်ညလုံး သင်ပေးခဲ့ရသည် မဟုတ်ပါလော

ကျောက်ဖေးမှာ လူငယ်တစ်ဦး ဖြစ်သည့်အပြင်

သွေးသားနှင့် ချီကျင့်စဉ်တွင်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်မှု ရှိထားသူဖြစ်သည်။ သူသည် စစ်မှန်သော သိုင်းပညာရှင်အဆင့်သို့ မရောက်သေးသော်လည်း သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်လူထက် များစွာ သာလွန်သည်။

ထောင်ဖန်းမင်မှာမူ သာမန်လူတစ်ဦးသာဖြစ်ပြီး အသက် ၆၀ ကျော်နေပြီ ဖြစ်သည်။

လီချင်းက မနက်စာ ပြင်ဆင်ပြီး၍ အခန်းထဲသို့ ဝင်လာစဉ် ဤစကားကို ကြားသဖြင့် စိုးရိမ်တကြီး ပြောလိုက်သည် "ဟုတ်ပါတယ် ဆရာ၊ အစ်ကိုကျောက် ပြောတာ မှန်တယ်။ ဆရာ အရင်ဆုံး မနက်စာ စားပြီး ခဏလောက် သွားနားလိုက်ပါဦးလား"

"အာ..."

ထောင်ဖန်းမင်က စကားပြောရန် ပြင်လိုက်သော်လည်း ထပ်မံ၍ သမ်းဝေလိုက်မိပြန်သည်။

သို့သော် သူသည် အိပ်ငိုက်နေသည်ကို ဂရုမစိုက်ဟန်ဖြင့် သူ၏ စိတ်ဓာတ်မှာ အလွန်တရာ တက်ကြွနေပုံရသည်။

"ဘာတွေ လောနေတာလဲ၊ ငါ့မှာ မင်းကို သင်ပေးဖို့ အရေးအကြီးဆုံး ပညာတစ်ခု ကျန်သေးတယ်"

ထောင်ဖန်းမင်က လီချင်းကို ဂရုမစိုက်ဘဲ ကျောက်ဖေးကို လက်ဝေ့ယမ်းကာ ဆိုလိုက်သည် "အင်မော်တယ်ပညာရပ်တွေကို ကျင့်ကြံတဲ့ နည်းလမ်းရှိသလားလို့ မင်းအရင်က ငါ့ကို မေးခဲ့တာ ငါမှတ်မိသေးတယ်"

ကျောက်ဖေးသည် အံ့အားသင့်သွားပြီး ထောင်ဖန်းမင်ကို အနားယူရန် တိုက်တွန်းမည့် အစီအစဉ်ကို ချက်ချင်း မေ့သွားတော့သည်။

"ဒါဆို... ဆရာ့ဆီမှာ အင်မော်တယ် ပညာရပ်တွေ တကယ်ရှိတာလား?" သူ၏ ရင်ခုန်သံများမှာ အဆက်မပြတ် မြန်ဆန်လာသည်။

ထောင်ဖန်းမင်က အားရပါးရ ရယ်မောလိုက်ပြီး "ငါ့ရုပ်က အင်မော်တယ် ပညာရပ်တွေကို ကျင့်ကြံထားတဲ့ လူနဲ့ တူလို့လား" ဟု ပြန်မေးသည်။

ကျောက်ဖေး စိတ်ပျက်သွားမိခြင်း မရှိမီမှာပင် ထောင်ဖန်းမင်က ပြုံးလျက် ဆက်ပြောသည် "ဒါပေမဲ့ ငါ့ဆီမှာ အင်မော်တယ် ကျင့်စဉ်တော့ မရှိဘူး၊ ချီ စွမ်းအင်ကို ကျင့်ကြံတဲ့ နည်းလမ်း တော့ ရှိတယ်"

ကျောက်ဖေးက ဇဝေဇဝါဖြင့် " ချီကျင့်စဉ် ကျင့်ကြံခြင်း နည်းလမ်းလား?" ဟု မေးလိုက်၏။

"မှန်တယ်"

ထောင်ဖန်းမင်က ခေါင်းညိတ်လျက် အတိတ်ကို ပြန်ပြောင်း ပြောပြတော့သည် "ဒါက ငါ့ဆရာရဲ့ ဆရာ... အင်း... ငါ့ရဲ့ ဆရာအဖိုးကနေ စတာပေါ့”

“ငါ့ဆရာအဖိုး ငယ်ငယ်တုန်းက မင်းလိုပဲ၊ အင်မော်တယ် ပညာရပ်တွေနဲ့ တာအိုကို ရှာဖွေဖို့ အရမ်း စိတ်အားထက်သန်ခဲ့တာ။ သူ အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင်လောက်မှာပေါ့ ၊ ငါလည်း အတိအကျ မမှတ်မိတော့ဘူး၊ လှည့်လည်သွားလာနေတဲ့ တာအိုဆရာတစ်ဦးနဲ့ ဆုံခဲ့ပြီး သူ့နောက်ကို ဆယ်စုနှစ်တစ်ခုကျော်အောင် လိုက်ခဲ့တယ်။ ဘယ်တော့မှ ပျက်ကွက်တာမျိုး မရှိဘဲ စိတ်ရောကိုယ်ပါ ပြုစုလုပ်ကျွေးခဲ့တာပေါ့"

"အဲဒီ တာအိုဆရာက ငါ့ဆရာအဖိုးရဲ့ စိတ်ရင်းမှန်နဲ့ ဇွဲလုံ့လကို သဘောကျသွားတယ်။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက ငါ့ဆရာအဖိုးမှာ အင်မော်တယ် ဖြစ်နိုင်တဲ့ ဝိညာဉ်အမြစ် မပါလာဘူး။ ဒါကြောင့် အဲဒီဆရာက ငါ့ဆရာအဖိုးကို ဒီချီကျင့်စဉ် ကျင့်ကြံခြင်း နည်းလမ်းကိုပဲ လွှဲပြောင်းပေးခဲ့တာ..."

အခန်း (၅၆) ဆရာတင်ခြင်း

ထောင်ဖန်းမင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျောက်ဖေးသည် ဗဟုသုတသစ်များစွာ ရရှိခဲ့သည်။

သို့သော်လည်း သူ၏စိတ်ထဲတွင် သံသယအချို့ ကျန်ရှိနေသေးသဖြင့် ကျောက်ဖေးက အလောတကြီး မေးမြန်းလိုက်သည်။

"ကျင့်ကြံခြင်းအတွက် ဝိညာဉ်အမြစ်ဆိုတာ ဘာလဲခင်ဗျ? အင်မော်တယ်ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် ဝိညာဉ်အမြစ်ရှိဖို့က မဖြစ်မနေ လိုအပ်တာလား?"

ထောင်ဖန်းမင်က ခေါင်းညိတ်ပြကာ - "ဒါကတော့ ငါတို့ဆရာကြီးကို ဟိုလှည့်လည်သွားလာနေတဲ့ တာအိုဆရာက ပြောပြခဲ့တာပဲ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်

အမြစ်ရှိမှသာ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ၊ နေနဲ့လရဲ့ အဆီအနှစ်တွေကို စုပ်ယူနိုင်မှာ။ ဒီလိုနည်းနဲ့မှ တာအိုတရားကို ရှာဖွေတဲ့ လမ်းကြောင်းပေါ် တက်လှမ်းပြီး မသေမျိုးကျင့်စဉ်ကို ကျင့်ကြံနိုင်မှာ။ မဟုတ်ရင်တော့ တစ်သက်လုံး သာမန်လူသားတစ်ယောက်အဖြစ်ပဲ နေထိုင်သွားရုံပဲ ရှိတာပေါ့။"

"ဒါပေမဲ့ ဝိညာဉ်အမြစ် ဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာတော့ ငါလည်း မသိဘူး။ ငါသိတာကတော့ ဝိညာဉ်အမြစ်ဆိုတာ ပင်ကိုယ်ပါရမီအဖြစ် မွေးကတည်းက ပါလာတာလို့ ဟိုတာအိုဆရာက ပြောခဲ့တယ်၊ ဆိုလိုတာက လူတစ်ယောက် မွေးဖွားလာချိန်မှာပဲ ဝိညာဉ်အမြစ်က တစ်ပါတည်း ဖြစ်တည်လာတာပဲ။"

ကျောက်ဖေးက မနေနိုင်ဘဲ ကြားဖြတ်မေးလိုက်သည်။ "တကယ်လို့ မွေးရာပါ ဝိညာဉ်အမြစ်မပါလာဘူးဆိုရင် နောက်မှ ပြန်ပြီး ကျင့်ကြံယူလို့ မရဘူးလား?"

"ရတယ်။"

ထောင်ဖန်းမင်က ခေါင်းညိတ်ပြသော်လည်း ပြန်လည်ခါယမ်းကာ ပြောလိုက်သည်။ "ရတယ်ဆိုပေမဲ့ နောက်မှ ရယူနိုင်ဖို့ကတော့ အလွန်တရာ ခက်ခဲလွန်းတယ်။ အဲဒါက ကြီးမားတဲ့ ကံတရားနဲ့ ကြီးမားတဲ့ ဇွဲလုံ့လတွေ လိုအပ်တာ။"

ဆွေးနွေးမှုက ထိုနေရာတွင် ခေတ္တရပ်တန့်သွားသည်။

ထောင်ဖန်းမင်၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ဖြတ်သန်းသွား၏။

ယခင်က ဆရာကြီးထံမှ ဤစကားများကို သူကြားခဲ့ရစဉ်ကလည်း စိတ်လှုပ်ရှားတက်ကြွခြင်း မရှိခဲ့ပါသလော?

ထိုစဉ်က သူသည် သူအလွန်နှစ်သက်မြတ်နိုးသော သိုင်းပညာလမ်းကြောင်းကိုပင် တွန့်ဆုတ်ခြင်းမရှိ စွန့်လွှတ်ခဲ့သည် မဟုတ်ပါလော

အမှန်စင်စစ် သိုင်းပညာကျင့်ကြံခြင်းသည် အင်မော်တယ်ကျင့်စဉ်ကို ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။

ဤသည်မှာ ကျောက်ဖေး တစ်ယောက်တည်း၏ အတွေးမဟုတ်ဘဲ မည်သူမဆို အင်မော်တယ်ကျင့်စဉ်၏ ဆွဲဆောင်မှုကို တွန်းလှန်ရန် ခက်ခဲပေလိမ့်မည်။

ကံဆိုးစွာပင် သူသည် သူ၏ဘဝတစ်ဝက်ကျော်ကို တစ်စုံတစ်ရာ အောင်မြင်မှုမရဘဲ ဖြုန်းတီးခဲ့ရပြီး မိမိကိုယ်တိုင်၏ ဝိညာဉ်အမြစ်ကိုပင် မခွဲခြားနိုင်ခဲ့ပေ။ သူသည် ကျင့်စဉ်စွမ်းအား အနည်းငယ်သာလိုအပ်သော ရိုးရာမှော်အတတ်အချို့ကိုသာ အားကိုးပြီး ကျင့်ကြံမှုနည်းပါးသော မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းကာ အသက်မွေးခဲ့ရသည်။

ယခုအချိန်ကျမှသာ အင်မော်တယ်ကျင့်စဉ်လမ်းကြောင်းသည် မည်မျှ ခက်ခဲကြောင်းကို သူအမှန်တကယ် နားလည်ခဲ့ရသည်။

သိုင်းပညာ ကျင့်ကြံသူတစ်ယောက်သည် သိုင်းပညာရှင် အဆင့်ကို မရောက်ရှိခဲ့လျှင်တောင် သန်စွမ်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်သေးသည်။

သို့သော်လည်း အင်မော်တယ်ကျင့်စဉ်ကို မှန်ကန်သောနည်းလမ်းဖြင့် မကျင့်ကြံနိုင်ပါက သာမန်လူသားတစ်ဦးနှင့် မခြားနားပေ။

ကျောက်ဖေးက ခေတ္တစဉ်းစားပြီးနောက် မေးလိုက်ပြန်သည်။ "ဒါဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံဖို့အတွက် ဝိညာဉ်

အမြစ် ရှိမရှိကို ဘယ်လို သိနိုင်မလဲ?"

ထောင်ဖန်းမင်က "ဝိညာဉ်အမြစ် ရှိတဲ့သူတွေကတော့ အများအားဖြင့် ထူးခြားတဲ့ အရည်အချင်းတွေ ရှိတတ်ကြတယ်။ ဥပမာ သာမန်ထက် ပိုထက်မြက်တာ၊ သာမန်ထက် ပိုသန်စွမ်းတာ၊ အမှောင်ထဲမှာ မြင်နိုင်စွမ်းရှိတာ ဒါမှမဟုတ် တခြား ထူးဆန်းတဲ့ စွမ်းရည်တွေ ရှိတာမျိုးပေါ့။"

"ဒါပေမဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတိုင်းလည်း မွေးရာပါ ဝိညာဉ်အမြစ် ရှိတယ်လို့တော့ မဆိုလိုပြန်ဘူး။ “

“အဲဒီလိုပဲ မွေးရာပါ ဝိညာဉ်အမြစ် ရှိသူတွေကလည်း အပြင်ပန်းမှာ ဘာထူးခြားမှုမှ ပြချင်မှ ပြလိမ့်မယ်။"

ထောင်ဖန်းမင်က ကျောက်ဖေးကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး - "ဒါပေမဲ့ ငါ့အမြင်မှာတော့ ကျောက်လေး မင်းမှာ ဝိညာဉ်အမြစ်တကယ်ရှိနေနိုင်တယ်။"

မနေ့က သူတို့ ပထမဆုံး စတွေ့ကတည်းက တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ကျောက်ဖေး၏ စွမ်းဆောင်ရည်များက သူ့ကို အမှန်တကယ် အထင်ကြီးစေခဲ့သည်။

သူသည် ဘဝသက်တမ်း တစ်လျှောက်လုံးတွင် ဤကဲ့သို့ ပါရမီရှင်မျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

ကျောက်ဖေးကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

သူ၏အခြေအနေကို သူအသိဆုံးဖြစ်၏။ သူသည် အဘက်ဘက်တွင် သာမန်လူထက် သာလွန်နေခြင်းမှာ ထူးခြားသော ပါရမီကြောင့်မဟုတ်ဘဲ... သူ့တွင် ကိုယ်ပွား စနစ်ရှိနေသောကြောင့်သာ ဖြစ်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျောက်ဖေးက ဆက်မေးလိုက်သည်။ "ဆရာကြီး... တကယ်လို့ မွေးရာပါ ဝိညာဉ်

အမြစ် မပါလာဘူးဆိုရင် နောက်ပိုင်းကျမှ ဖြစ်ပေါ်လာအောင် ဒါမှမဟုတ် ကျင့်ကြံယူလို့ရအောင် ဘယ်လိုနည်းလမ်းတွေ သုံးလို့ရမလဲ?"

ထောင်ဖန်းမင်က ရယ်မောကာ ပြောလိုက်သည်။ "ဒါကတော့ ငါခုနက ပြောခဲ့တဲ့ ချီကျင့်စဉ်ဆီကို ပြန်ရောက်သွားတာပဲ။"

" 'ချီကျင့်စဉ်က အင်မော်တယ်ကျင့်စဉ် မဟုတ်ဘူးဆိုပေမဲ့ အဲ့ကျင့်စဉ်ကနေ ဆင်းသက်လာတာပဲ။

“ တကယ်လို့ ချီကျင့်စဉ်ကို မြင့်မားတဲ့ အဆင့်ထိ ကျင့်ကြံနိုင်မယ်ဆိုရင် နောက်ရယူနိုင်တဲ့ ဝိညာဉ်အမြစ်ကို ဖြစ်တည်လာစေဖို့ အခွင့်အရေး ရှိတယ်။"

ကျောက်ဖေးသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားကာ လက်အုပ်ချီ အရိုအသေပေးလိုက်ပြီး "ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချီကျင့်စဉ် သင်ကြားပေးပါ”ဟု အလျင်အမြန် တောင်းဆိုလိုက်သည်။

ထောင်ဖန်းမင်က ခေါင်းညိတ်ပြီး ရယ်မောလိုက်ကာ "ဟားဟား၊ ငါဒါတွေအားလုံး ပြောပြနေတာက မင်းကို ဒီ ချီကျင့်စဉ် သင်ပေးဖို့အတွက်ပဲလေ။"

ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော လီချင်းက အခြေအနေကို သဘောပေါက်သွားပြီး တိုးတိုးလေး သတိပေးလိုက်သည်။ "ဆရာ၊ ဒီ ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို ဆရာနဲ့ တပည့်ကြားမှာပဲ လက်ဆင့်ကမ်းရမယ်လို့ ဆရာကြီးက ညွှန်ကြားထားတယ် မလား? ညီအစ်ကိုကျောက်က ဆရာ့တပည့် မဟုတ်သေးဘူးလေ၊ အဲဒါ သင်ပေးလို့ ရပါ့မလား?"

လီချင်းသည် ကျောက်ဖေးကို ချီကျင့်စဉ် သင်ပေးမည်ကို မနာလိုခြင်း သို့မဟုတ် အတ္တကြီးခြင်းကြောင့် တားဆီးနေခြင်း မဟုတ်ပေ။

အမှန်အတိုင်း ပြောရလျှင် လီချင်း၏ စိတ်ထဲ၌ ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်သည် ကျောက်ဖေး သူ့ကို သင်ကြားပေးမည့် သိုင်းပညာလောက်ပင် စိတ်ဝင်စားစရာ မကောင်းဟု မှတ်ယူထားသောကြောင့် ဖြစ်သည်။

သူကိုယ်တိုင်လည်း ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို ကျင့်ကြံနေသူဖြစ်ပြီး၊ ဆရာဖြစ်သူကပင် သူ့ကို နားလည်သဘောပေါက်မှု အားကောင်းသည်ဟု ချီးမွမ်းခဲ့ဖူးသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထောင်ဖန်းမင်သည် သူ၏ဘဝတစ်ဝက်ကျော် ကျင့်ကြံခဲ့သော်လည်း ဤကျင့်စဉ်၏ ဒုတိယအဆင့်သို့သာ ရောက်ရှိခဲ့သည်။

လီချင်းမှာမူ ကျင့်ကြံမှုသက်တမ်း လေးနှစ်ပင်မပြည့်သေးသော်လည်း ယခုအခါ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

သို့သော် လီချင်းအတွက်မူ ဤကျင့်စဉ်သည် ထူးထူးခြားခြား ဘာမှမဟုတ်ဟု ခံစားရသည်။

ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် ပို၍သန်မာလာခြင်း သို့မဟုတ် စွမ်းအားကြီးလာခြင်းမျိုး မရှိခဲ့ပေ။

အလွန်ဆုံးရှိလှမှ ခွန်အားပိုရှိလာသလို ခံစားရခြင်းနှင့် အာရုံငါးပါး ပိုမိုထက်မြက်လာခြင်းသာ ရှိသည်။

ဤမျှ အချိန်နှင့် ခွန်အားအမြောက်အမြား ပေးဆပ်နေရသည်ထက် စာလျှင် သာမန်သိုင်းပညာတစ်ခုခုကို သင်ယူလိုက်သည်က ပို၍တန်သေးသည်ဟု သူထင်မိသည်။

အကယ်၍ သိုင်းပညာရှင်တစ်ယောက်၊ အနိမ့်ဆုံးအဆင့်ဖြစ်သော နဝမမြောက် သိုင်းပညာရှင် ဖြစ်လာလျှင်ပင် လူတစ်ဒါဇင်ကျော်ကို အလွယ်တကူ ရင်ဆိုင်နိုင်သည်။

သွေးကြွနေသော သူကဲ့သို့ လူငယ်တစ်ယောက်အတွက် သိုင်းလောကထဲတွင် တိုက်ခိုက်သတ်ဖြတ်ရခြင်းက သရဲဖမ်းခြင်း၊ မိစ္ဆာနှင်ခြင်း သို့မဟုတ် အင်မော်တယ်ကျင့်စဉ် ကျင့်ကြံခြင်းတို့ထက် ပို၍အထင်ကြီးစရာကောင်းလှသည်။

ယခု သတိပေးလိုက်ရခြင်းမှာလည်း တပည့်တစ်ယောက်၏ တာဝန်ကို ကျေပွန်လိုရုံသက်သက်သာ ဖြစ်သည်။

ထောင်ဖန်းမင်က ရုတ်တရက် သူ၏နဖူးကို ရိုက်လိုက်ပြီး "အို... ငါလည်း တကယ်ကို အိုပါပြီ၊ မှတ်ဉာဏ်တွေကလည်း သိပ်မကောင်းတော့ဘူး၊ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ။"

ထို့နောက် သူက ပြုံးလျက် - "ဒါပေမဲ့ ဒါက ရိုးရှင်းပါတယ်။ ကျောက်ဖေး... မင်းအနေနဲ့ စိတ်မရှိဘူးဆိုရင် ဒီအဖိုးကြီးဆီမှာ တပည့်အဖြစ် ခံယူဖို့ ဆန္ဒရှိရဲ့လား?" ဟု မေးလိုက်သည်။

"စိတ်ရှိစရာ ဘာအကြောင်းရှိလို့လဲခင်ဗျ?"

ကျောက်ဖေးက တွန့်ဆုတ်မနေဘဲ ချက်ချင်း ဦးညွှတ်လိုက်ကာ "တပည့် ကျောက်ဖေး၊ ဆရာကြီးကို ဂါရဝပြုပါတယ်" ဟု ဆိုလိုက်သည်။

ဆရာဆိုသည်မှာ ဗဟုသုတကို မျှဝေသူ၊ ပညာရပ်ကို သင်ကြားပေးသူနှင့် သံသယများကို ဖြေရှင်းပေးသူ ဖြစ်သည်။

ထောင်ဖန်းမင်သည် သူ့ကို အင်မော်တယ်ဂိုဏ်း၏ တံခါးဝသို့ ကိုယ်တိုင်လမ်းပြ ခေါ်ဆောင်ပေးခဲ့သူဖြစ်သည်။

ထို့ပြင် ကျောက်ဖေးအနေဖြင့် ထောင်ဖန်းမင်၏ အပြုအမူနှင့် ကျင့်ဝတ်များမှာ လေးစားထိုက်ပြီး မိမိ၏ဆရာအဖြစ် သတ်မှတ်ရန် ပြည့်စုံသူဟု ယုံကြည်သည်။

ကျောက်ဖေးသည် ခေါင်းမာသူတစ်ယောက်မဟုတ်ပေ။

ဆရာတစ်ယောက်တည်းသာ ရှိရမည်ဟုလည်း သူ ဘယ်သောအခါမှ မသတ်မှတ်ထားဖူးချေ။

သူ၏စိတ်ထဲတွင် သိုင်းကျောင်းမှ နည်းပြ လီကမ်းသည် သူ့ကို သိုင်းလောကထဲသို့ စတင်ခေါ်ဆောင်ပေးခဲ့သည့် ပထမဆုံးဆရာ ဖြစ်သည်။

ထောင်ဖန်းမင်မှာမူ ကျင့်ကြံခြင်းလောကထဲသို့ လမ်းပြပေးသည့် သူ၏ ဒုတိယမြောက်ဆရာပင် ဖြစ်သည်။

နောင်တစ်ချိန်တွင် အင်မော်တယ်လမ်းစဉ်နှင့် ဉာဏ်အလင်းကို ရှာဖွေရင်း နောက်ထပ် ဆရာများစွာကိုလည်း ထပ်မံဆည်းကပ်ရဦးမည် မဟုတ်ပါလား။

ထောင်ဖန်းမင်က ဝမ်းသာအားရဖြင့် ကျောက်ဖေးကို ထူပေးလိုက်ပြီး - "ကောင်းတယ်... ကောင်းတယ်၊ အမှန်အတိုင်းပြောရရင် မင်းလို ပါရမီရှင်တစ်ယောက်အတွက် ငါက ဆရာလုပ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ မထင်ပါဘူး။"

"ဒါပေမဲ့ ငါတို့ဆရာကြီး သတ်မှတ်ထားတဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပဲ။'ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို ဆရာနဲ့ တပည့်ကြားမှာပဲ လက်ဆင့်ကမ်းရမယ်ဆိုတဲ့ စည်းကမ်းကို ငါပြောင်းလဲလို့ မရဘူး။”

“ ငါ ဒီကျင့်စဉ်ကို လူတစ်ဒါဇင်ကျော် သင်ပေးခဲ့ဖူးသလို တပည့်တွေလည်း အများကြီး ရှိပြီးသားပါ။ ဒါကြောင့် စိတ်ထဲမှာ အရမ်းကြီး ဝန်မလေးပါနဲ့၊ ငါတို့ကို ဆရာနဲ့ တပည့်လို့ပဲ သတ်မှတ်ထားလိုက်၊ နောင်ကျရင် မင်းဘာသာမင်း ကြိုက်တာလုပ်လို့ရတယ်၊ ငါက ဆရာဆိုပြီးတော့လည်း အကန့်အသတ်တွေ ရှိနေမှာ မဟုတ်ပါဘူး။"

ထောင်ဖန်းမင်၏ စကားများကြောင့် ကျောက်ဖေးက သူ့ကို ပို၍ပင် လေးစားသွားမိသည်။

သူက ချက်ချင်းပင် "ဆရာကြီးက မြှောက်ပင့်လွန်းနေပါပြီ၊ ကျွန်တော် ဆရာလို့ ခေါ်လိုက်ကတည်းက စိတ်ရင်းအမှန်နဲ့ ခေါ်တာပါ" ဟု ပြန်လည်ပြောကြားလိုက်သည်။

ထိုအချိန်တွင် လီချင်းက လက်ဖက်ရည်တစ်ခွက် ထပ်မံယူဆောင်လာခဲ့သည်။

ကျောက်ဖေးက ခွက်ကိုလှမ်းယူကာ ဆရာကန်တော့ပွဲအဖြစ် ထောင်ဖန်းမင်ကို ရိုရိုသေသေဖြင့် ဆက်သလိုက်သည်။

ထောင်ဖန်းမင်က ဤသည်ကို လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ သဘောထားသော်လည်း ကျောက်ဖေးမှာမူ ထိုသို့မဟုတ်ပေ။

သူသည် အပြင်ပန်း အခမ်းအနားများကို အရေးမစိုက်တတ်သော်လည်း သူကိုယ်တိုင် လက်ခံအတည်ပြုလိုက်သည့် အရာမှန်သမျှသည် မည်သည့် အခမ်းအနားထက်မဆို ပို၍အရေးကြီးသည်ဟု ခံယူထားသူဖြစ်သည်။

ဤသို့ဖြင့် ဆရာတင်ပွဲ အခမ်းအနားသည် ရိုးရှင်းစွာဖြင့်ပင် ပြီးမြောက်သွားခဲ့လေသည်။

အခန်း (၅၇) ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်

"...ဒါကို ဓာတ်ကြီးငါးပါးလို့ ခေါ်တယ်၊ အဲဒါတွေကတော့ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးတို့ပဲ။ ဒီကျင့်စဉ်ရဲ့ အဓိကအချက်က ဓာတ်ကြီးငါးပါးရဲ့ သံသရာလည်ပတ်ပုံကို နားလည်သဘောပေါက်ဖို့ပဲ၊ ပြင်ပလောကရဲ့ ဖြစ်တည်မှုတွေကို အသုံးချပြီး ကိုယ့်ခန္ဓာကိုယ်ထဲက ဓာတ်ကြီးငါးပါးကို ပြန်လည်ထင်ဟပ်စေရမယ်။ ဒီအဆင့်ကို ရောက်ပြီဆိုရင်တော့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို သဘာဝအတိုင်း ခန္ဓာကိုယ်ထဲ ဆွဲသွင်းနိုင်ပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်

ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်..."

"...လောကမှာရှိတဲ့ အရာခပ်သိမ်းက ဓာတ်ကြီးငါးပါးကနေပဲ ဆင်းသက်လာတာ..."

ထောင်ဖန်းမင်က လက်ဖက်ရည်ခွက်ကို မကာ လက်ဖက်ရည်အချို့ကို စားပွဲပေါ်သို့ လောင်းချလိုက်သည်။

လက်ဖက်ရည်များက စားပွဲပေါ်တွင် အမြင့်မှ အနိမ့်သို့ ဖြည်းညှင်းစွာ စီးဆင်းသွားပြီး နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့ တစ်စက်ချင်း ကျလာ၏။

"ဒီလက်ဖက်ရည်ကို ကြည့်လိုက်စမ်း။ ရေက အောက်ဘက်ကို စီးဆင်းသွားတယ်၊ ဒါက ရေဓာတ်ရဲ့ သဘာဝပဲ။ လက်ဖက်ရည်ခွက်ရဲ့ မြေထည်ကလည်း မြေဓာတ်နဲ့ မီးဓာတ်တို့ တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုဖြစ်တည်စေတဲ့ သဘောတရားကို ဖော်ဆောင်နေတာ..."

"ဒါက လောကမှာရှိတဲ့ အရာခပ်သိမ်းမှာ ဓာတ်ကြီးငါးပါး ကိန်းအောင်းနေတယ်ဆိုတဲ့ သဘောတရားရဲ့ အဓိပ္ပာယ်ပဲ..."

ထောင်ဖန်းမင်သည် သူ၏ နှစ်ပေါင်းများစွာ နားလည်သဘောပေါက်ခဲ့မှုများကို အခြေခံကာ ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို ကျောက်ဖေး နားလည်လွယ်စေရန် အစွမ်းကုန် ကြိုးစားရှင်းပြနေသည်။

မနက်ခင်းကတည်းက ကောင်းကင်ကြီးသည် မှောင်မှိုင်းနေပြီး အချိန်မရွေး မိုးရွာတော့မည့်ပုံ ပေါက်နေသည်။

မနက်စာစားပြီးနောက် လီချင်းက ဆိုင်ဘက်သို့ ထွက်သွားသည်။

အမှန်စင်စစ် ဤဆိုင်က ခေါင်းတလားဆိုင်ဖြစ်သဖြင့် လူသူကင်းမဲ့နေတတ်သော်လည်း လီချင်းတစ်ယောက်တည်းနှင့်ပင် အလုပ်ကိစ္စများကို စီမံခန့်ခွဲနိုင်သည်။

ခြံဝင်းထဲတွင်မူ ဆရာနှင့် တပည့် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ကျောက်ဖေးသည် အလွန်အမင်း အာရုံစိုက်ကာ နားထောင်နေ၏။

သာမန်လူထက် ရှစ်ဆမျှ သာလွန်သော ထူးခြားသည့် သင်ယူနိုင်စွမ်းကြောင့် ထောင်ဖန်းမင် တစ်ကြိမ်ရှင်းပြရုံဖြင့် စကားလုံးတိုင်းကို ကျောက်ဖေး မှတ်မိသွားသည်။

မှတ်မိရုံသာမက တစ်ခါတစ်ရံတွင် ကျောက်ဖေးက တစ်ခုကိုသိလျှင် ဆယ်ခုကို မြင်နိုင်စွမ်းရှိသဖြင့် ထောင်ဖန်းမင်ကို အံ့အားသင့်စေရုံသာမက သူကိုယ်တိုင်ပင် ကျောက်ဖေးထံမှ အသိသစ်များ ပြန်လည်ရရှိသွားတတ်သည်။

အမှန်စင်စစ် ထောင်ဖန်းမင်ကိုယ်တိုင်ပင် သူပြောနေသည့် အချက်အလက်အားလုံးကို အပြည့်အဝ နားလည်ချင်မှ နားလည်မည်ဖြစ်သည်။

ထိုအချက်များသည် သူ့ဆရာက သူ့ကို သင်ပေးခဲ့စဉ်က ပြောကြားခဲ့သည့် စကားများသာ ဖြစ်သည်။

ဇာတ်ညွှန်း ဖတ်ပြနေသလိုသာ

ထောင်ဖန်းမင်သည် ထိုသင်ခန်းစာများကို သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ကျောက်ဖေးကို အကုန်အစင် လက်ဆင့်ကမ်း သင်ကြားပေးနေခြင်း ဖြစ်သည်။

သင်ယူမှုနှေးကွေးသူကို သင်ကြားပေးပုံက တစ်မျိုးဖြစ်သည်။ ထောင်ဖန်းမင်သည် လီချင်းကို သင်သကဲ့သို့ ကျောက်ဖေးကို ဘယ်သောအခါမှ သင်ကြားမည်မဟုတ်ပေ။

အသိပညာ အစိတ်အပိုင်း အသေးလေးတစ်ခုကိုပင် လီချင်းအား သင်ကြားရန်အတွက် ထောင်ဖန်းမင်မှာ အခြေခံ အချက်အလက်များအထိ အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ရှင်းပြရသည်။ တပည့်ဖြစ်သူက နားမလည်မည်ကို မစိုးရိမ်ဘဲ မှားယွင်းမှတ်သားသွားမည်ကိုသာ သူက ပို၍ စိုးရိမ်ရသည်။

တစ်ခါတစ်ရံ လီချင်း၏ ထုံအမှုကြောင့် ထောင်ဖန်းမင် ဒေါသထွက်ကာ စားပွဲကို ထုပြီး ဆူပူကြိမ်းမောင်းရသည်မှာလည်း တစ်ကြိမ်မကတော့ပေ။

သို့သော် ထက်မြက်သော တပည့်ဖြစ်သည့် ကျောက်ဖေးအတွက်မူ သင်ကြားရသည်မှာ အလွန်လွယ်ကူလှသည်။

နေရာအတော်များများတွင် စကားကို အရှည်ကြီး ရှင်းပြစရာမလိုဘဲ ကျောက်ဖေးက ချက်ချင်း သဘောပေါက်သွားသည်။

ကျောက်ဖေးသည် သူ့ကို လုံးဝ စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

ထောင်ဖန်းမင်သည် ရေနှင့်မီးတို့ ပေါင်းစည်းခြင်း ဟူသော ဝေါဟာရကို ပြောလိုက်သည့်အခါ ကျောက်ဖေးက စဉ်းစားဟန်ဖြင့် - "ဆရာ၊ ရေကို အပူပေးရင် ရေနွေးငွေ့ဖြစ်သွားပြီး အဲဒီရေနွေးငွေ့က ပြန်အေးသွားရင် ရေပြန်ဖြစ်သွားတာပဲ။ အဲဒီလိုပဲ သတ္တုကို အပူပေးရင် အရည်ပျော်သွားပြီး ပြန်အေးသွားရင် သတ္တုအမာထည် ပြန်ဖြစ်သွားတာပဲ။ ဒါက ယင်နဲ့ ယန်တို့ရဲ့ သံသရာလည်ပတ်ပုံ သဘောတရားနဲ့ ကိုက်ညီနေတယ်လို့ ဆရာ မထင်ဘူးလား?" ဟု ဆိုလိုက်သည်။

"ထူးချွန်လိုက်တာ၊ ဟုတ်တာပေါ့၊ ဒါက အဓိက အချက်ပဲ" ထောင်ဖန်းမင်က ဝမ်းသာအားရ လက်ခုပ်တီးကာ ချီးမွမ်းလိုက်သည်။

သူသည် ဤသဘောတရားကို ခပ်ဝါးဝါးသာ နားလည်ခဲ့သော်လည်း ကျောက်ဖေး၏ ရှင်းလင်းပြတ်သားသော ဥပမာပေးမှုက သူ့ကို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားစေသည်။

ကျောက်ဖေးသည် ဘဝနှစ်ခုကို ရှင်သန်ခဲ့သူ ဖြစ်သည်။

ယခင်ဘဝက သတင်းအချက်အလက်များ အရှိန်အဟုန်ဖြင့် တိုးတက်နေသော ခေတ်တွင် နေထိုင်ခဲ့သူဖြစ်ရာ ထိုဆယ်စုနှစ်များအတွင်း သူရရှိခဲ့သော ဗဟုသုတများသည် ဤကမ္ဘာမှ လူသားများ တစ်သက်လုံး ရှာဖွေလျှင်ပင် မယှဉ်နိုင်သော ပမာဏ ဖြစ်သည်။

ကျောက်ဖေးသည် ဓာတ်ကြီးငါးပါး သဘောတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန် ယခင်ဘဝက သိပ္ပံနည်းကျ သုတေသန ရှုထောင့်များကို မကြာခဏ အသုံးချလေ့ရှိသည်။

မွန်းတည့်ချိန်နီးမှ ကောင်းကင်မှ

မိုးဖွဲဖွဲလေးများ စတင်ရွာကျလာသည်။

ဆရာနှင့် တပည့်တို့သည် သင်ကြားရေးနေရာကို အပြင်ဘက်မှ အိမ်ထဲသို့ ပြောင်းရွှေ့လိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ထောင်ဖန်းမင်၏ သင်ကြားမှုသည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့ပြီး ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်အားလုံးကို ကျောက်ဖေးအား လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။

"ဓာတ်ကြီးငါးပါး ဝိညာဉ်အာဟာရ ကျင့်စဉ်ကို အနှစ်ချုပ်ရရင်တော့ ဓာတ်ကြီးငါးပါးရဲ့ အလှည့်ကျ လည်ပတ်မှုကို အသုံးချပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေကို ငှါးရမ်းရင်း ကိုယ့်ရဲ့ ကိုယ်တွင်းစွမ်းအင်တွေကို ပြုစုပျိုးထောင်ဖို့ပဲ။ အဲဒီကနေတစ်ဆင့် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ကို တည်ဆောက်ယူရမှာ”

"ငါက မင်းလောက် ဉာဏ်မထက်မြက်တာ နှမြောစရာပဲ။ ငါ့ဘဝရဲ့ အချိန်အတော်များများကို အချည်းနှီးပဲ ကုန်ဆုံးစေခဲ့တယ်၊ မြေဓာတ်နဲ့ သစ်သားဓာတ်အပေါ်မှာ နားလည်မှု အနည်းငယ်ပဲ ရရှိခဲ့ပြီး အခြေခံအဆင့်ကိုတောင် မကျော်နိုင်ခဲ့ဘူး။"

"အခုတော့ မင်းလည်း ကိုယ်တွင်းစွမ်းအင်ကို ကျင့်ကြံတဲ့ နည်းလမ်းကို သင်ယူပြီးပြီ။ မင်းရဲ့ နားလည်နိုင်စွမ်းနဲ့ ပါရမီအရဆိုရင် အနာဂတ်မှာ ငါ့ထက် အများကြီး ပိုပြီးအောင်မြင်မှာ သေချာတယ်။ တစ်နေ့ကျရင် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ကိုတောင် မင်း ကျင့်ကြံနိုင်လိမ့်မယ်..."

ထောင်ဖန်းမင်သည် ကျောက်ဖေးကို ကြည့်ကာ စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များနှင့်အတူ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်လေတော့သည်။

နှမြောစရာကောင်းသည်မှာ သူသည် အိုမင်းမစွမ်းဖြစ်နေပြီဖြစ်ရာ ကျောက်ဖေးတစ်ယောက် မသေမျိုးလမ်းစဉ်ပေါ် အမှန်တကယ်ခြေချပြီး သူ၏နှစ်ရှည်လများ တောင့်တခဲ့သော ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည့် ထိုနေ့ရက်ကို မြင်တွေ့ခွင့်ရရန် သူ၏သက်တမ်းက မှီပါဦးမည်လား မသိနိုင်တော့ပေ။

ထောင်ဖန်းမင်သည် မတ်တပ်ထရပ်လိုက်စဉ် ရုတ်တရက် ကိုယ်ဟန်ချက်ပျက်ကာ ယိုင်လဲသွား၏

ကျောက်ဖေးက အမြန်လှမ်းဖမ်း၍ တွဲကူလိုက်ရသည်။

"ဘာမှမဖြစ်ပါဘူး... ငါ ထိုင်နေတာ ကြာသွားလို့ သွေးလေမမှန်ဖြစ်သွားတာပါ။ ကဲ... ငါ သွားနားတော့မယ်။ မင်းလည်း တစ်ညလုံး မအိပ်ရသေးဘူး မဟုတ်လား၊ စောစောစီးစီး အနားယူဖို့ မမေ့နဲ့ဦး။"

ထောင်ဖန်းမင်က ပြုံးလျက် လက်ကာပြကာ သမ်းဝေရင်း အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

ကျောက်ဖေးသည် ထောင်ဖန်းမင် အခန်းထဲရောက်သည်အထိ လိုက်လံကြည့်ရှုပေး၏

ထို့နောက် ခြံဝင်းထဲသို့ ပြန်ထွက်လာကာ လေထိန်းချုပ်ကျင့်စဉ်ကို စတင်လေ့ကျင့်တော့သည်။

ချီကျင့်စဉ်ကို သင်ယူခဲ့ပြီး မသေမျိုးလမ်းစဉ်၏ အရိပ်အယောင်ကို အနည်းငယ် တွေ့မြင်ခဲ့ရသော်လည်း ကျောက်ဖေးသည် သိုင်းပညာကို စွန့်လွှတ်ရန် အစီအစဉ်မရှိပေ။

သိုင်းပညာကို စတင်လေ့ကျင့်ကတည်းက သူ၏ခန္ဓာကိုယ်မှာ ပိုမိုသန်စွမ်းလာပြီး ခွန်အားမှာလည်း ယခင်ကနှင့် သိသိသာသာ ကွာခြားလာခဲ့သည်။

နောင်တစ်ချိန်တွင် သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ပါက သူ၏စွမ်းအားသည် အရှိန်အဟုန်ဖြင့် ခုန်တက်သွားပေလိမ့်မည်။

လုံလောက်သော ခွန်အားရှိမှသာ မိမိကိုယ်ကိုယ်အတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များ ချမှတ်နိုင်မည်ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ထောင်ဖန်းမင်မှာမူ သူ၏ဘဝတစ်ဝက်ကျော် ကျင့်ကြံခဲ့သော်လည်း ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်ကို ဒုတိယအဆင့်အထိသာ ရောက်ရှိခဲ့ပြီး အခြေခံအားဖြင့် သာမန်လူတစ်ယောက်သာ ဖြစ်နေသေးသည်။

ကျောက်ဖေးကဲ့သို့ သိုင်းကျွမ်းကျင်သူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက သူတို့သည် လုံးဝ ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ကံဆိုးသည်မှာ ကျောက်ဖေးတွင် လောလောဆယ် ကျင့်ကြံရန် အရင်းအမြစ်များ လုံလောက်စွာ မရှိခြင်းပင်။ လေဟုန်စီးကျင့်စဉ် တစ်ခုတည်းကိုသာ အားကိုးပြီး သွေးလေသန့်စင်နေရသဖြင့် တိုးတက်မှုက အလွန်နှေးကွေးနေသည်။

သိုင်းကျောင်းသို့ ပြန်သွားလျှင်ပင် ကျောင်းမှပေးသော သွေးအားဖြည့်ကိုယ်ခန္ဓာသန်မာစေသော စွပ်ပြုတ် နှင့် နဂါးကျားရိုးအားဖြည့်စွပ်ပြုတ်တို့သည် သူ့အတွက် အကျိုးသက်ရောက်မှု သိပ်မရှိတော့ပေ။

"လကုန်ဖို့ ခုနစ်ရက်၊ ရှစ်ရက်လောက်ပဲ လိုတော့တယ်။ လကုန်ပြိုင်ပွဲမှာ ပါဝင်ဖို့ ကိုယ်ပွားတစ်ခုကို ပြန်လွှတ်ရဦးမယ်။"

ကျောက်ဖေးက စိတ်ထဲမှ အစီအစဉ်ဆွဲလိုက်သည်။

လကုန်ပြိုင်ပွဲတွင် အနိုင်ရသူသည် သိုင်းမှတ် ၁၅၀ ရရှိမည်ဖြစ်ပြီး ၎င်းကို သွေးဝိညာဉ်ဆေးလုံးသုံးလုံးနှင့် လဲလှယ်နိုင်သည်။

ထိုဆေးလုံးများမှာ အလွန်တန်ဖိုးရှိသဖြင့် လက်လွှတ်မခံသင့်ပေ။

ကျောက်ဖေး လေထိန်းချုပ်ကျင့်စဉ် ကျင့်ပြီးသွားသောအခါ လီချင်းက နောက်ဖေးခြံထဲသို့ ပြန်ရောက်လာပြီး ခဏတာ ရပ်ကြည့်နေသည်။

"အစ်ကိုကျောက်... ဒါက ဘာသိုင်းလဲ? ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲဗျ? ဒီလို အနှေးသိုင်းကို လေ့ကျင့်တော့ ဘာထူးမှာမို့လို့လဲ?"

လီချင်းက နားမလည်နိုင်စွာ မေးလိုက်သည်။

ကျောက်ဖေးက ပြုံးလျက် - "အခု ငါကျင့်နေတာက လေဟုန်စီးကကွက်လို့ ခေါ်တယ်၊ အဲဒါက ကကွက်ကျင့်စဉ်တစ်မျိုးပဲ။ ကကွက်

ကျင့်စဉ်ဆိုတာ သွေးချီအင်အားကို ပြုစုပျိုးထောင်ဖို့အတွက်ပဲ။"

လီချင်းက အံ့အားသင့်စွာဖြင့် - "သွေးချီအင်အားအကြောင်း ကျွန်တော် သိတယ်ဗျ။ သိုင်းပညာရှင်တိုင်း သွေးချီကို ကျင့်ကြံရတယ်လေ။ သွေးနဲ့ချီ ပိုသန်စွမ်းလေ၊ သိုင်းပညာရှင်က ပိုစွမ်းအားကြီးလေပဲ။ ဟုတ်တယ်မလား အစ်ကိုကျောက်?"

သိုင်းပညာကို အလေးထားသော ဤကမ္ဘာတွင် အခြေခံသိုင်းပညာ သဘောတရားများကို သာမန်လူများပင် အတော်အတန် သိရှိကြသည်။

ကျောက်ဖေးက ခေါင်းညိတ်ပြကာ "မှန်တယ်၊ သွေးနဲ့ချီအင်အားဆိုတာ သိုင်းပညာရှင်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ပဲ။ “

“မင်းလည်း သိုင်းပညာလေ့ကျင့်ချင်တယ်ဆိုတော့ သွေးနဲ့ချီကို အရောင်တင်ဖို့က မဖြစ်မနေ လိုအပ်တယ်။ အဲဒါကြောင့် ငါမင်းကို ဒီ လေထိန်းချုပ်ကျင့်စဉ်ကို အရင်သင်ပေးမယ်။"

လီချင်းသည် သိုင်းကျောင်းတွင် တရားဝင် စာရင်းမသွင်းရသေးသော်လည်း၊ ကျောင်းအနေဖြင့် ကျန်းလင်းခရိုင်မှ မိုင်ပေါင်းများစွာ ဝေးကွာသော ပိုင်ဖန်းမြို့လေးအထိ လိုက်လံစုံစမ်းနေမည် မဟုတ်ပေ။

ရက်အနည်းငယ် ကြိုတင်သင်ကြားပေးခြင်းသာ ဖြစ်သည်။

ကျောက်ဖေး လကုန်ပြိုင်ပွဲအတွက် ပြန်သွားသည့်အခါ ငွေအနည်းငယ် အကုန်အကျခံပြီး လီချင်း၏အမည်ကို ကျောင်းသားစာရင်းထဲ ထည့်ပေးလိုက်ရုံသာ ရှိသည်။

သိုင်းကျောင်းအသီးသီးတွင် ဤကဲ့သို့သော သာဓကများစွာ ရှိခဲ့ဖူးသည်။

ဥပမာအားဖြင့် ချမ်းသာသော မိသားစုမှ သားသမီးများသည် သိုင်းသင်ရမည့်အရွယ် မရောက်ခင်ကတည်းက သိုင်းကျောင်းများနှင့် ကြိုတင်ဆက်သွယ်ထားလေ့ရှိပြီး လူပြောသူပြောမဖြစ်စေရန် ကျောင်းတွင် နာမည်ကြိုတင် စာရင်းသွင်းထားတတ်ကြသည်။

အမှန်တကယ်တွင် သိုင်းကျောင်းမှ မျိုးဆက်အလိုက် သင်ကြားပေးခဲ့သော တပည့်ပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှရာ တရားဝင် စာရင်းမဝင်သော်လည်း လိုက်လံစုံစမ်းခြင်းမျိုးမှာ ရှားပါးလှသည်။

ထို့ပြင် ကျောက်ဖေးအတွက်လည်း သင်တန်းကြေး ငွေဒင်္ဂါးဆယ်ပြားဆိုသည်မှာ လောလောဆယ်တွင် အရေးမကြီးလှသော ပမာဏသာ ဖြစ်ပေတော့သည်။

All Chapters