← Chapters

ချန်ရှန်း

Vol. 18 Ch. 241

ချန်ရှန်း

Vol. 18 Ch. 241

စုမင်သည် ဟူကျီထံသို့ ပြန်လှည့်မထွက်ခင် ခဏတာသာ ရပ်တန့်သွားခဲ့သည်။ ထိုသည်မှာ အချိန် ခဏတာလေးပင် ဖြစ်သည်။ ထို့နောက် သူသည် နောက်ကိုပင် လှည့်မကြည့်ပင် ဟောက်နေသော ဟူကျီရှိရာ မြေပြင်ဆီသို့သာ ဆင်းသက် လိုက်လေသည်။

စုမင်က သူမကို မကြားဟန်ဆောင် လိုက်သည်ကို ပိုင်စုမြင်လိုက်သောအခါ မျက်မှောင်ကြုတ်ပြီး စက်ဆုပ်သွားမိသည်။ ထို့နောက် စစ်မာရှင်းထွက်သွားရာ ဘက်ဆီသို့ လှည့်ထွက် သွားတော့သည်။ သူမ၏လှုပ်ရှားမှုများက ကြော့ရှင်းနေပြီး သူမလှည့်ထွက်လိုက်ချိန်တွင် သူမခန္ဓာကိုယ်သည် လေထဲတွင် အရိုင်းဆန်ဆန်အလှ တစ်မျိုးဖြင့် လွင့်မျောသွားသကဲ့သို့ပင်။

သို့သော် ထိုအချိန်အထိပင် စုမင်သည် ပိုင်စုကို လှည့်မကြည့်ခဲ့ပေ။ သူ့အတွက်တော့ ဤမိန်းကလေးသည်လည်း အခြားသူများနှင့် အတူတူပင်ဖြစ်သည်။ သုမနှင့် ပတ်သက်၍ ထူးခြားသည့် တစ်ခုတည်းသော အရာသည် ပိုင်လင်း၏ မျက်နှာနှင့် မယုံနိုင်လောက်အောင် ဆင်တူသော သူမ၏ မျက်နှာပင်ဖြစ်သည်။ ထိုအရာကြောင့်လည်း ယခင်က စုမင်၏ စိတ်ခံစားချက်များ ပြင်းထန်သွားခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခုတော့ ထိုစိတ်လှုပ်ရှားမှုက ပြန်လည်တည်ငြိမ် သွားခဲ့လေပြီ။

သူ့နှလုံးသားထဲတွင် မသေချာမရေရာ ဖြစ်နေသော တစ်စုံတစ်ရာ ရှိသော်လည်း ပိုင်စုကြောင့်တော့ မဟုတ်ပေ။ စတုတ္ထတောင်ထွတ်မှ လက်ဝဲတော်ရံ၏ သဘောထားကြောင့်ပင် ဖြစ်သည်။ အစောလေးက ပြောသွားခဲ့သော လက်ဝဲတော်ရံ၏ စကားများအရ သူ၏ စုမင်ဘက်သို့ ဘက်လိုက်နေသည့်ပုံစံ ပါဝင်ပတ်သက်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြသွားခဲ့သည်။

‘ငါက လက်ဝဲတော်ရံနဲ့လည်း မရင်းနှီးပါဘူး။ ဘာကြောင့် သူအဲလို လုပ်ခဲ့တာလဲ...’

စုမင်မျက်လုံးများက တောက်ပသွားပြီး စိတ်ထဲတွင် သူ့ဆရာ၊ ထျန်းရှဲ့ကျီကို သတိရလိုက်မိ၏။

ဟူကျီသည် မြေပြင်ထက်တွင် ဟောက်နေဆဲပင်ဖြစ်ပြီး သွားရေစီးကြောင်းကြီး တစ်ခုကလည်း သူ့ပါးစပ်မှ စီးကျနေသေးသည်။ သူ့အိပ်မက်ထဲတွင် သူ့ဘဝ၏ အချိန်ကောင်းကို ပိုင်ဆိုင် နေရသကဲ့သို့ မျက်နှာထက်၌ ရူးသွပ်သော အပြုံးတစ်ခုပင် ရှိနေသေးသည်။ ကျီချဲသည် သူ့ဘေးတွင် လေးစားစွာရပ်နေပြီး အနားသို့ စုမင်နီးကပ်လာချိန်တွင် ချက်ချင်းပင် လက်သီးနှင့် လက်ဝါးထပ်ကာ ဦးညွှတ်လာသည်။

“ဆရာဦးလေးစုကို နှုတ်ဆက်ပါတယ်”

သူ့လေးစားမှုသည် အတုအယောင် ဖြစ်ဟန်မတူပဲ နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စုမင်နှင့် စစ်မာရှင်း၏ တိုက်ပွဲကို မြင်ပြီးချိန်တွင် သူ စုမင်ကို တိုက်ခိုက်ဖို့ ကြိုးစားရန် သွားခဲ့စဉ်က စုမင်အစ်ကိုနှစ်နှင့်သာ တွေ့ခဲ့ရသည်ကို ကံကောင်းသည်ဟု တွေးတောနေမိလေသည်။

စုမင်ကို တိုက်ခိုက်ပြီး သူယခုလေးတွင် မြင်တွေ့ခဲ့ရသော နတ်ဘုရားစွမ်းရည်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ စုမင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ကျီချဲတွင် ယုံကြည်မှုမရှိပေ။

‘စစ်မာရှင်းကိုတောင် အကြင်နာမဲ့မာန်မျိုးစေ့ ကြီးမြတ်သောပညာရပ် အသုံးပြုအောင်လို့ သူတစ်ကယ် ဖိအားပေးနိူင်ခဲ့တာပဲ... အနာဂါတ်ကျရင် ဒီစုမင်က အေးခဲကောင်းကင်ကလန်ထဲမှာ ထူးခြားတဲ့တည်ရှိမှုတစ်ခု ဖြစ်လာမှာ အသေအချာပဲ’

ဤအရာကို ကျီချဲ သေချာသိနေခဲ့သည်။ ဟူကျီ၏ လိုဏ်ဂူထဲတွင် ရှိနေခဲ့စဉ်က စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အသိကို ပြန်လည် သတိရလိုက်မိချိန်တွင် ကျီချဲ၏ လေးစားမှုသည် ရိုသေလေးစားမှုသို့ ပြောင်းလဲသွားခဲ့သည်။

စုမင် ခေါင်းညိတ်ပြလိုက်သည်။ သူ့ခြေထောက် မြေပြင်နှင့်ထိသည့် အခိုက်အတန့်မှာပင် ဟယ်ဖုန်းသည် ကောင်းကင်ပေါ်မှ ချက်ချင်း ပြန်လည်ဆုတ်ခွာ လာသည်။ စစ်မာရှင်း ထွက်ခွာသွားချိန်တွင် ရေခဲဝံပုလွေ၏ ဝိညာဉ်သည်လည်း သူနှင့်အတူ ပြန်လည် ထွက်ခွာသွားခဲ့သည်။ စုမင်ထံသို့ ပြန်လာချိန်တွင် ဟယ်ဖုန်းခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေသော်လည်း စုမင်ကို ကြည့်လိုက်သော သူ့မျက်လုံးများထဲ၌ ကျီချဲထက်ပိုသည့် ရိုသေလေးစားမှုများ ရှိနေခဲ့သည်။

စုမင် အားနည်းနေဆဲ အချိန်မှစ၍ ယခုအခြေအနေသို့ ရောက်ရှိလာသည်အထိ သူစောင့်ကြည့် နေခဲ့ရသည်ဟု ပြောဆိုနိုင်ပေသည်။ သူ့ရှေ့မှလူသည် အတိတ်ကစုမင်နှင့် လုံးဝကွဲပြားခြားနားသွားခဲ့ချေပြီ။ စုမင်၏ ကြီးထွားလာမှုကို မျက်မြင်တွေ့ခဲ့ရသဖြင့် သူ၏ ရိုသေလေးစားမှုသည် အခြားသူများနှင့်ယှဉ်လျင် ပိုမိုအားကောင်းကာ လေးနက်ပေသည်။

စုမင်သည် မိုက်မဲ၍ ကြင်နာတတ်သူ တစ်ယောက် မဟုတ်ကြောင်း သူသိနေခဲ့သည်။ သူ့အပြုအမူများသည် ရက်စက်ပြီး အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို အပြစ်ပြု စော်ကားခဲ့မည်ဆိုလျှင် သူက သေချာပေါက်ကို လက်စားပြန်ချေလိမ့်မှာ ဖြစ်သည်။

“သခင်...” ဟယ်ဖုန်း စုမင်ထံ လေးလေးနက်နက် ဦးညွှတ်လိုက်ရင်း သူ့မျက်နှာထက်၌ ရှက်ရွံ့သောအမူအရာတစ်ခု ရှိနေခဲ့သည်။ “သခင်၊ ငါ့စွမ်းအားက ဝံပုလွေဝိညာဉ်ကို မယှဉ်နိုင်ပေမယ့်၊ စိတ်မပူပါနဲ့။ ငါ ကြိုးကြိုးစားစား လေ့ကျင့်ပြီး အနာဂါတ်မှာ မင်းအတွက် လက်တစ်ဖက် ဖြစ်ပေးပါ့မယ်။ မင်းကို စိတ်မပျက်စေရပါဘူး”

ဟယ်ဖုန်း ခေါင်းပြန်မော့ကာ ကတိပြုရင်း ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

“မင်း အခု ပြန်လာသင့်ပြီ”

စုမင် ဟယ်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ညာလက်ကို မြှောက်ကာ ကောင်းကင်သို့ လက်သီးဆုပ်ဖြင့် ညွှန်ပြလိုက်သည်။ ဝိညာဉ်လုယက်နှင့် ကျောက်စိမ်း ဓားရှည်တို့သည် ချက်ချင်း ပြန်လာကြကာ စုမင်ကို အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ကြသည်။ ကျောက်စိမ်းဓားရှည်သည် သူ့ခန္ဓာကိုယ်နှင့် ပြန်လည် ပေါင်းစပ်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင် ဝိညာဉ် လုယက်ကိုလည်း စုမင်က သိုလှောင်အိတ်အတွင်း ပြန်သိမ်းလိုက်သည်။

ဟယ်ဖုန်းလည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့အားလုံး ပျောက်ကွယ် သွားမှသာ စုမင်သည် နောက်လှည့်လိုက်ပြီး ဤတစ်ကြိမ် သူ့ခရီးစဉ်၏ ရည်ရွယ်ချက်ဖြစ်သော သူ့နောက်မှ အသုံးအဆောင်ပစ္စည်း သိုလှောင်ရာခန်းမကို လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် သိုလှောင်ခန်းမ အရှေ့တွင် ရပ်နေသောသူသည် သူ့ကိုယ်သူ အမျိုးသားအဖြစ် ဟန်ဆောင်ထားသော အမျိုးသမီးဟု ဟူကျီပြောဆိုခဲ့သည့်လူ ဖြစ်သည်။ စုမင်လှမ်းကြည့် နေသည်ကို သူမမြင်လိုက်ချိန်တွင် သူမအမူအရာသည် စစ်မာရှင်းပြန်မလာခင်က အမူအရာနှင့် ယှဉ်ပါက အလွန်အမင်း ကွာခြားနေခဲ့ချေသည်။

ယခင်က သူမအမူအရာသည် ရွံရှာစိတ်ပျက်မှုများနှင့် ပြည့်နေခဲ့ပြီး ဖြစ်နိုင်မည်ဆိုလျှင် စုမင်တို့ကို ဘေးဥပဒ်တစ်ခုလို ရှောင်ရှားသွားလိမ့်မည် ဖြစ်သည်။ ဟူကျီကို သဘောမကျသဖြင့် ဟူကျီနှင့် အတူလာသူများကိုလည်း မုန်းတီးနေခဲ့ခြင်းပင်။

သို့သော် ယခုတွင်မူ သူမမျက်နှာထက်၌ လေးစားမှု တစ်ခုရှိနေခဲ့သည်။ သူမထံသို့ စုမင်အကြည့် ကျရောက်လာသောအခါ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် ချက်ချင်း တိုးလိုက်ပြီး စုမင်ထံသို့ လက်သီးလက်ဝါးထပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

“ငါက ချန်ရှန်းပါ။ ဆရာဦးလေးစုကို နှုတ်ဆက်ပါတယ်”

ချန်ရှန်းသည် အမှန်တကယ်တွင် အလွန်အမင်းလှပပြီး ပန်းချီကားတစ်ချပ်လိုပင် လှပခြင်း ဖြစ်သည်။ သို့သော် ဂရုတစိုက် ဖုံးကွယ် ရုပ်ဖျက်ထားမှုအောက်တွင် ချန်ရှန်း၏ အသားအရေသည် အတော်ပင် မည်းနေသဖြင့် တောက်ပမှုကို ဖုံးကွယ်ခံထားရသည့် ပုလဲတစ်လုံးအသွင် ဖြစ်နေပြီး အခြားသူများအနေဖြင့် ပထမဆုံး အကြည့်တစ်ချက်နှင့်ပင် ချန်ရှန်းသည်

အမျိုးသားလား၊ အမျိုးသမီးလား ဆိုသည်ကို ပြောဆိုနိုင်ကြလိမ့်မည် မဟုတ်ပေ။

သူမသည် သူမခန္ဓာကိုယ်ကောက်ကြောင်းကို ဖုံးကွယ်နိုင်ရန် လျော့တိလျော့ရဲ ဝတ်စုံကိုလည်း ဝတ်ဆင် ထားသေးသည်။ အကယ်၍ ဤလူသည် အမှန်တစ်ကယ်ပင် အမျိုးသမီးဆစ်ဦးက အမျိုးသား ဟန်ဆောင်ထားခြင်းဟု ဟူကျီကသာ မပြောခဲ့လျှင် မည်သည့် သဲလွန်စမှ စုမင်ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့သော် ယခု ထိုလူကို ကြည့်လိုက်မိချိန်တွင်တော့ ဟာကွက်တချို့ကို တွေ့မြင်လိုက်ရသည်။

သို့သော် သူအချိန် အတော်ကြာ ငေးကြည့်နေခြင်း မပြုပဲ သိပ်မကြာခင်မှာပင် အကြည့်ပြန်လွှဲ လိုက်မိသည်။

“ငါ အသုံးအဆောင် ပစ္စည်းသိုလှောင်ခန်းမကို ဝင်ပြီး စက္ကူစအချို့ ရွေးချင်တယ်။ မင်းငါ့ကို ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်”

စုမင် ထိုလူကို အေးအေးဆေးဆေး ပြန်ပြောလိုက်ချိန်တွင် ဆရာဦးလေးဆိုသော အရှိန်အဝါမျိုးကို အသုံးမပြုခဲ့ပေ။

ချန်ရှန်း အလျင်အမြန် ခေါင်းညိတ်ပြပြီး လေးစားသော အမူအရာဖြင့် နောက်သို့ဆုတ်ကာ လမ်းဖွင့် ပေးလိုက်သည်။

“ဒီလမ်းပါ ဆရာဦးလေးစု။ များသောအားဖြင့် သိုလှောင်ခန်းမကို ကျွန်တော် စီမံခန့်ခွဲပါတယ်။ ကျေးဇူးပြုပြီး အထဲမှာ ခဏစောင့်ပေးပါ။ လိုချင်တဲ့ စက္ကူစတွေကို ကျွန်တော် အခုပဲ ယူလာပေးပါ့မယ်”

ချန်ရှန်း၏ လမ်းပြမှုအောက်၌ စုမင်ခန်းမထဲသို့ လျှောက်ဝင်လာခဲ့သည်။ ကျီချဲကတော့ ဟောက်နေသော ဟူကျီကိုသာ အပြင်ဘက်၌ စောင့်ကျန်ခဲ့လေသည်။ စုမင်၏ ခွင့်ပြုချက်မရပဲနှင့် သူနောက်မှ လိုက်မသွားရဲပေ။

စစ်မာရှင်းနှင့် မတိုက်ခိုက်ခင်ကမူ သူလုပ်ရဲသည် မလုပ်ရဲသည်မှာ အရေးမပါပဲ၊ ကျီချဲ ထိုသို့ လိုက်ဝင် သွားမိလိမ့်မည် ဖြစ်သည်။ သို့သော် ယခုစုမင်၏ စွမ်းအားကို မျက်မြင် တွေ့လိုက်ရပြီးချိန်တွင် နဝမတောင်ထွတ်အပေါ် ကျီချဲ၏ ထင်မြင်ချက်က ရုတ်ခြည်း ပြောင်းလဲ သွားခဲ့ရချေပြီ။

သူ့အမြင်တွင် နဝမတောင်ထွတ်မှ လူများအားလုံးသည် ထူးဆန်းသော်လည်း ဟူကျီမှလွဲ၍ ကျန်သူတိုင်းသည် အစွမ်းထက် မာန်စွမ်းအားရှင်များပင် ဖြစ်သည်။ ပန်းများကို နှစ်သက်သော ထိုနူးညံ့ ညင်သာသည့်လူနှင့် သတ်ဖြတ်လိုသည့် အသိကို ဖော်ပြခဲ့သော စုမင်တို့သည် အစွမ်းထက် မာန်စွမ်းအားရှင်များ ဖြစ်သည်။ သူတို့၏ အကြီးဆုံး စီနီယာအစ်ကိုကြီးသည်လည်း အလားတူပင် ဖြစ်ပေလိမ့်မည်။ ကျီချဲ၏ ယူဆချက်အရ၊ ထိုလူသည် ပို၍ပင် အစွမ်းထက်သောဖြစ်တည်မှုတစ်ခု ဖြစ်နေနိုင်သည်။

‘အဲဒါကမှ အစစ်အမှန် နဝမတောင်ထွတ်ပဲ။ တခြား ကောလာဟလတွေ အကုန်လုံးက အတုအယောင်တွေ... မင်း နဝမတောင်ထွတ်ကို ဝင်တဲ့အချိန်မှပဲ အဲဒီမှာနေတဲ့ လူထူးဆန်းတွေရဲ့ ကြောက်စရာကောင်းတာတွေကို သိလာလိမ့်မယ်...’

ကျီချဲ သက်ပြင်းချမိသည်။ ဤနည်းလမ်းဖြင့် နဝမတောင်ထွတ်သို့ ဝင်လိုက်ရခြင်းသည် သူ့အတွက် မကောင်းသော အရာမဟုတ်ဟု ခံစားနေရလေသည်။ ဤအရာသည် သူ့အတွက် အခွင့်အရေး တစ်ခုပင် ဖြစ်နေနိုင်သေးသည်။

သူ အတွေးထဲနစ်မြုပ်နေချိန်တွင် ဟူကျီ၏ စည်းချက်ကျကျ ဟောက်သံများက သူ့နားထဲ ဝင်လာခဲ့သည်။ ဤအသံသည် နေ့လည်အချိန်တွင် သိပ်ကျယ်လောင်သည့်ပုံ မပေါ်သော်လည်း တိတ်ဆိတ်နေသော ညအချိန်တွင် အကယ်၍ တစ်စုံတစ်ယောက်သည်သာ ထိုအသံကို တောထဲ၌ ကြားလိုက်ရပါက သားရဲရိုင်းအချို့ဟု သေချာပေါက်တွေးကာ ကြောက်ရွံ့မှုကြောင့် သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲ သွားပေလိမ့်မည်။

ဤဟောက်သံများသည် လူတစ်ဦး၏ နားထဲသို့ ရောက်လာချိန်တွင် ဟိန်းဟောက် သံများကဲ့သို့ပင်။

ကျီချဲ ဟူကျီကို လှည့်ကြည့်လိုက်မိပြီး သူ့မျက်လုံးများအတွင်း၌ သိလိုမှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။

‘ဒီလူက သာမန်လူတစ်ဦးနဲ့ မတူပါဘူး...’

လိုဏ်ဂူထဲတွင် ရှိနေခဲ့စဉ်က သူ့လက်များကို ဤလူကဆွဲထားပြီး အိပ်မောကျသွားစေရန် အတင်းဖိအားပေးခံခဲ့ရသည်ကို သတိရသွားမိ၏။ အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သော အရာများသည် သူ့မျက်နှာအား တဖြည်းဖြည်း ဖြူရော်သွားစေသည်။

‘အိပ်မက်များထဲသို့ ဝင်ရောက်ခြင်း... အကယ်၍ ဒီလူက သူကြိုက်တဲ့ အချိန်တိုင်း ဘယ်သူ့ကိုမဆို အိပ်မက်ထဲ ဆွဲခေါ်နိုင်မယ်ဆိုရင်၊ သူ့စွမ်းအားကလည်း သေချာပေါက်ကို ကြောက်ဖို့ ကောင်းနေလောက်တယ်။ သူတို့အားလုံးက ဘီလူးတွေပဲ။ နဝမတောင်ထွတ်မှာ ရှိတဲ့လူအားလုံးက ဘီလူးတွေချည်းပဲ”

ကျီချဲသည် ထိုအကြောင်းကို တွေးမိလေလေ၊ ပိုမိုထိတ်လန့် တုန်လှုပ်မိလေလေ ဖြစ်ပြီး ပိုမိုထိတ်လန့်မိလေလေ ပိုမိုအံ့အားသင့် လာရလေလေပင် ဖြစ်သည်။

သိုလှောင်ခန်းမအတွင်းရှိ ထိုင်ခုံများထဲမှ တစ်လုံးတွင် စုမင်ထိုင်နေခဲ့သည်။ သူ့ဘေးမှ စားပွဲပေါ်တွင် ဆီမီးအိမ်တစ်ခုရှိသည်။ အပြင်ဘက်တွင် လင်းနေဆဲ ဖြစ်သော်လည်း မီးမှ အလင်းရောင်သည် ပတ်ဝန်းကျင်သို့ ဖြာကျနေဆဲပင် ဖြစ်သည်။

သိုလှောင်ခန်းမသည် အလွန်မကြီးမားသလို အရမ်းလည်းမသေးပေ။ ပစ္စည်းအမျိုးမျိုးကို သိုလှောင်ထားသော စင်များ အတန်းလိုက်ရှိနေခဲ့သည်။ ၎င်းပစ္စည်းများထဲမှ အချို့သည် အတန်ငယ် ကျိုးပဲ့နေပုံပေါ်သော်လည်း အချို့ကတော့ အသစ်အတိုင်းပင်ဖြစ်သည်။

စင်များအကြားမှ ချီရှန်း၏ ခန္ဓာကိုယ်ကို သူရံဖန်ရံခါ မြင်နေရသည်။ သူမသည် စင်များကို ဖြတ်လျှောက်သွားပြီး စင်များပေါ်မှ စာရွက်အမျိုးမျိုးကို ကောက်ယူနေခဲ့သည်။ ခဏအကြာတွင် သူမသည် စက္ကူစများကို စုမင်ရှေ့သို့ ပြန်ယူလာခဲ့ပြီး စားပွဲပေါ်သို့ တလေးတစားတင်ပေးလိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ခေါင်းငုံ့လျက် ခပ်တိုးတိုး ပြောလာသည်။ “ရှေးဟောင်းပစ္စည်း သိုလှောင်ခန်းမမှာရှိတဲ့ပစ္စည်းတွေက မပြည့်စုံဘူး ဆရာဦးလေးစု။ ဒီနေရာမှာ ဒီလိုစာရွက်မျိုးတွေပဲရှိတယ်။ ကျေးဇူးပြုပြီး မင်းလိုချင်တာကို တစ်ချက်လောက် ကြည့်ကြည့်ပါဦး။ ငါအဲ့တာကို မင်းအတွက် ထပ်ယူပေးပါ့မယ်”

“ဒီစာရွက်တွေကို တခြားတောင်ထွတ်တွေက တပည့်တွေက မှတ်တမ်းတင်ဖို့ သုံးကြတာ။ မင်းမလုံလောက် သေးဘူးလို့ထင်ရင်၊ ငါတို့်မှာ သိုလှောင်ထားတဲ့ ဝါးစာလိပ်တွေရှိသေးတယ်”

ချန်ရှန်းပြောပြီးချိန်တွင် သူမမျက်လုံးထောင့်မှနေ၍ စုမင်ကိုခိုးကြည့်လိုက်မိသည်။

စုမင် ခေါင်းကိုညိတ်ကာ စားပွဲပေါ်ရှိစာရွက်များကိုကြည့်လိုက်သည်။ ၎င်းတို့ထဲမှ အချို့သည် ကြမ်းတမ်းကာ အညိုရင့်ရောင် ရှိသည်။ အချို့ဆိုလျှင် သားရဲအရေများထက်တွင် အရည်အသွေး ပိုမိုဆိုးရွားသေးသည်။

စုမင် တစ်ဖြည်းဖြည်း မျက်မှောင်ကြုတ် လာသည်ကို မြင်လိုက်ချိန်တွင် ချန်ရှန်းက အလျင်အမြန် ပြောဆိုလိုက်သည်။ “အမ်... ဆရာဦးလေးစု။ ဒီမှာက အဲဒါတွေပဲ ရှိလို့ပါ။  အဲဒီ စာရွက်တွေကို အစားထိုးနိုင်မယ့် တစ်စုံတစ်ရာ တွေ့နိုင်မလားဆိုတာ မင်း တစ်ချက်လောက် လှည့်ပတ်ကြည့်ကြည့်ပါလား”

ထိုစကားများကို ကြားသောအခါ စုမင်ထရပ်ပြီး စင်များထံလျှောက်သွားလိုက်သည်။ သို့သော် သူဝေးဝေး မရောက်ခင်မှာပင် ရုတ်တရက်ရပ်တန့်လိုက်ပြီး ချန်ရှန်းကို ကြည့်ကာ သူ့ဘေးမှ အရာတစ်ခုကို ညွှန်ပြလိုက်သည်။

“မင်းမှာ အဲဒါမျိုး ဘယ်လောက်များများရှိလဲ”

ချန်ရှန်းသည် စုမင်နောက်မှ လိုက်လာနေရင်းဖြင့် သူညွှန်ပြရာသို့ ချက်ချင်း လှည့်ကြည့် လိုက်မိသည်။ လက်မောင်း တစ်ခုစာခန့်ရှည်ပြီး လက်သီးဆုပ်ခန့် အကျယ်ရှိသော အဖြူရောင် သစ်သားတုံး တစ်ခုကို သူမစင်ပေါ်၌ တွေ့လိုက်ရ၏။

၎င်း၏ အရောင်က အလွန်ဖြူဖွေးနေပြီး အစက်အပြောက် ကင်းစင်နေပုံ ပေါ်သည်။

“ဒါက အဖြူရောင်သစ်သားဒြပ်ထုပါ။ ဒီလို သစ်သားမျိုးက အေးခဲကောင်းကင် ကလန် ပတ်ဝန်းကျင်မှာ မရှိဘူး။ ကောလာဟလတွေအရ အေးခဲကောင်းကင် ကလန်ရဲ့ အရှေ့ဘက် လီသိန်းပေါင်းများစွာ အကွာက နေရာတစ်ခုမှာပဲ ထုတ်လုပ်တာလို့ ပြောကြတယ်။ အရောင်က အရမ်းကောင်းလို့၊ အများအားဖြင့် ကုလားထိုင်တွေလုပ်တဲ့နေရာမှာ သုံးကြတယ်... ဒီနေရာမှာ အဲဒီသစ်သား တချို့တော့ ရှိတယ်”

စကားပြောနေရင်းမှပင် ချန်ရှန်းရှေ့သို့ အနည်းငယ်ဆက်သွားလိုက်ပြီး အမျိုးအစားတူ သစ်သားတုံးများကို ထုတ်ယူလိူက်သည်။

“ဒါတွေက ဒီမှာရှိတဲ့ဟာတွေပါ ဆရာဦးလေးစု”

“ကျေးဇူးပါ။ ဒီလောက်ဆို လုံလောက်ပါပြီ”

စုမင်ခပ်ရေးရေး ပြုံးလိုက်ပြီး အဖြူရောင် သစ်သားအပိုင်းများကို ယူလိုက်သည်။ သူ့လက်ကို တစ်ချက်လှည့်လိုက်သည်နှင့် သစ်သားတုံးများသည် ပျောက်ကွယ်သွားပြီး သိုလှောင်အိတ်ထဲသို့ ရောက်သွားကြသည်။

“အဲဒီသစ်သားတုံးတွေအတွက် တန်ဖိုးကို...”

စုမင်သည် ချန်ရှန်းကိုကြည့်လိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

“ဆရာဦးလေးစု၊ မင်းက အခုမှ အေးခဲကောင်းကင်ကလန်ကို ရောက်ခါစမို့ သိပ်မသိလို့ပါ။ ဒါတွေက တကယ်တော့ ဈေးမကြီးပါဘူး။ မင်းဘယ်လိုပေးချေရမလဲဆိုတာ ငါဆုံးဖြတ်ရုံနဲ့ ရပါတယ်။ မင်း ဒီတိုင်းပဲ ယူသွားလိုက်ပါ”

ချန်ရှန်းက အလျင်အမြန်ဖြေပြီး ပြုံးပြလာ၏။ စုမင်အမြင်တွင် ချန်ရှန်းသည် အမျိုးသမီးမှ အမှန်တကယ် ဟန်ဆောင်ထားခြင်း ဖြစ်ကြောင်း အရိပ်အယောင်များကို ထိုအပြုံးက ဖော်ပြသွားခဲ့ချေသည်။

သို့သော် ထိုအရာကို ပထမဆုံးမြင်ခဲ့သူမှာ ဟူကျီမဟုတ်ဟု သူယုံကြည်ပေသည်။ လူတိုင်းတွင် အခြားသူများကို မပြောပြချင်သည့် သူတို့ကိုယ်ပိုင် လျှို့ဝှက်ချက်များနှင့် ဇာတ်လမ်းများ ရှိသည်။ ချန်ရှန်းတစ်ယောက် အေးခဲကောင်းကင် ကလန်ထဲ၌ ဤကဲ့သို့ အမြဲတမ်း ဝတ်ဆင်သည်မှာလည်း အကြောင်းအရင်း ရှိပေလိမ့်မည်။

“ကျေးဇူး တင်ပါတယ်”

ထိုကမ်းလှမ်းမှုကို စုမင်လက်ခံလိုက်ပြီး ချန်ရှန်းကို ခေါင်းညိတ် ပြလိုက်သည်။

“အိုး... ဟုတ်သားပဲ။ ဆရာဦးလေးစု ဒီသစ်သားကနေ ကိုယ့်ဘာသာ သစ်သား စာလိပ်တွေ လုပ်ဖို့ စဉ်းစားမှတော့ အထူးကြိုးမျှင်အချို့ကို လိုလိမ့်မယ်...”

ထိုသို့ ပြောလိုက်ပြီးချိန်တွင် ချန်ရှန်းသည် အပ်ချည်မျှင် ရစ်ထားသော အဖြူရောင် ရစ်လုံးတစ်ခုကို ထုတ်ယူပြီး စုမင်ကို ပေးလာခဲ့သည်။

“တစ်ခြား အဖြူရောင်သစ်သားတုံးတွေ ရှာချိန်တုန်းက ငါဒါကိုတွေ့ခဲ့တာ။ ဒါက ခန်းမထဲမှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါတွေက သားရဲရိုင်းတစ်ကောင်ရဲ့ အကြောမျှင်တွေမို့လို့ အရမ်းခိုင်မာတယ်လို့ ငါကြားဖူးတယ်။ အဲဒါက သစ်သားစာလိပ်တွေကို

သေချာပေါက် အတူတူချိတ်တွဲပေးနိုင်မှာပဲ”

စုမင် ထိုအရာကို မယူခဲ့ပေ။ ထိုအစား ပါးပါးနပ်နပ် ပြုံးလိုက်ပြီး ချန်ရှန်းကို လှမ်းကြည့်လိုက်သည်။ အကယ်၍ ဤလူသည် သူ့ကို သစ်သားတုံးများ ပေးရန်သာဆုံးဖြတ်ခဲ့လျှင် ချန်ရှန်းသည် သူ့ထံမှ အမြင်ကောင်းရရန် ကြိုးစားနေခြင်း ဖြစ်မည်ဟုသာ သူရိုးရိုးရှင်းရှင်း တွေးမိပေလိမ့်မည်။ သို့သော် ချန်ရှန်းသည် သူ့အား သားရဲအကြောမျှင်ကို ပေးချင်လာလျှင်တော့ ဤအရာသည် အမြင်ကောင်းရရန် ကြိုးစားနေရုံ သက်သက်ကဲ့သို့ သေချာပေါက်ရိုးရှင်းသော အရာတစ်ခု မဟုတ်တော့ပေ။ အဆုံးတွင်တော့ ဆရာဦးလေးဆိုသော အဆင့်အတန်းနှင့် စုမင် အမှန်တကယ် အံဝင်ခွင်ကျ မဖြစ်သေးခြင်းလည်း ပါ၏။

စုမင်မျက်နှာထက်မှ ထိုအမူအရာကို မြင်လိုက်ချိန်တွင် ချန်ရှန်းမျက်နှာထက်၌ စိတ်မသက်မသာ ဖြစ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ခဏတာ တွန့်ဆုတ်နေပြီးမှ သူမသည် အံကြိတ်လိုက်ပြီး စုမင်ကို အလေးအနက် ဦးညွှတ်လိုက်သည်။

“ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ၊ ဆရာဦးလေးစု...”

***

All Chapters