← Chapters

အချစ်ကို မျိုးစေ့တစ်ခုသဖွယ် အသုံးချခြင်း...

Vol. 18 Ch. 244

အချစ်ကို မျိုးစေ့တစ်ခုသဖွယ် အသုံးချခြင်း...

Vol. 18 Ch. 244

ပိုးကောင်ငယ်၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရက်စက်မှု၊ သစ္စာစောင့်သိမှုနှင့် သေလိုစိတ်တို့ကြောင့် သူ အချိန်ကြာမြင့်စွာ မသုံးပဲနှင့် ထိုပိုးကောင်ငယ်ကို သူ့အပိုင်အဖြစ် မပြောင်းလဲနိုင်ကြောင်း သူသိသွားရသည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ နှစ်ပေါင်းများစွာ သို့တည်းမဟုတ် အဲထက်ပင် ပိုကြာနိုင်သေးသည်။ ပိုးကောင်ငယ်ကို ချိပ်ပိတ်ထားရမည် ဖြစ်၍ ထိုပိုးကောင်ငယ်ကို သူ့ကိုယ်ပိုင်အဖြစ် မပြောင်းနိုင်ခင် အချိန်အထိ ၎င်းအချိန်အတွင်းတွင် ဟန်တောင်တန်း ခေါင်းလောင်းကိုလည်း သူအသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် စုမင်တွင် ထိုအတွက် အချိန်မရှိသလို ထိုကဲ့သို့လည်း မိမိခွန်အားကို မဖြုန်းတီးနိုင်ပေ။

သို့သော် ဤအတိုင်း သတ်လိုက်ပြန်လျှင်လည်း ဖြုန်းတီးရာ ကျပေလိမ့်မည်။ ပိုးကောင်ငယ်၏ အရှိန်နှုန်းနှင့် ထိုးဖောက်နိုင်စွမ်းတို့ကို သူအထင်ကြီးနေမိသည်။ ထိုအရာကိုသာ သူ့အပိုင်အဖြစ် လုပ်နိုင်မည်ဆိုလျှင် ၎င်းသည် သူ့လက်ထဲတွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်လာမှာ သံသယ ရှိနေစရာပင် မလိုအပ်ပေ။

၎င်းကို မသတ်ပစ်နိုင်သလို ဖြည်းဖြည်းချင်း အချိန်ယူရန်လည်း မဖြစ်နိုင်မှန်း သူသိခဲ့ရချိန်တွင် သူ့၌ နည်းလမ်းတစ်ခုသာ ကျန်တော့ပေသည်။ ၎င်း၏ စိတ်ထဲတွင် စုမင်၏ အမှတ်အသားကို ဖိအားသုံးချန်ထားရပေမည်။ ပိုးကောင်ငယ်၏ ဉာဏ်ရည်ကို ပျက်စီးကောင်း ပျက်စီး သွားစေနိုင်သော်လည်း ၎င်းတွင် သူ့အမှတ်အသားရှိသည်နှင့် ပိုးကောင်ငယ်ကို ချက်ချင်း အသုံးပြုနိုင် သွားပေလိမ့်မည်။

ပိုးကောင်ငယ် သူ့ကို သစ္စာဖောက်သွား နိုင်ချေရှိလျှင်တောင် ထိုအရာသည် သတ်ပစ်ကာ ဖြုန်းတီးခြင်းနှင့် အသုံးမပြုနိုင်ခြင်းတို့ထက်စာလျှင် ကောင်းမွန်နေဆဲဖြစ်သည်။

သို့သော် အခြားသူတစ်ဦး၏ စိတ်ထဲတွင် စုမင် အမှတ်အသားကို တစ်ကြိမ်သာ ချန်ထားခဲ့ဖူးပြီး ထိုသည်မှာလည်း ဟယ်ဖုန်းအပေါ်တွင် ဖြစ်သည်။ ထို့အပြင် ဟယ်ဖုန်းသည် သူ့အား ဤပညာရပ် အသုံးပြုပုံကို သင်ပေးခဲ့သည့် တစ်ဦးတည်းသော သူလည်း ဖြစ်သည်။ အယူအဆ အရတော့ သူ့အမှတ်အသားကို ပိုးကောင်အပေါ်၌ အသုံးပြုနိုင်ပေသည်။

အမှန်တစ်ကယ်တွင် ဤအရာနှင့်ပတ်သက်ပြီး စုမင် ယုံကြည်ချက် သိပ်မရှိပေ။ သို့သော် ဤတံဆိပ် ခတ်နှိပ်ခြင်း ပညာရပ်ကို သူအချိန်အတော်ကြာ လေ့ကျင့်ခဲ့ဖူး၏။ သူနားလည်ထားသည် အရဆိုလျှင် အခြားတစ်ဖက်ကသာ မခုခံလျှင် အမှတ်အသားကို ချန်ထားရန် လွယ်ကူလိမ့်မည် ဖြစ်သော်လည်း အခြားတစ်ဖက်ကသာ စတင်ခုခံခဲ့မည်ဆိုလျှင် ကျရှုံးနိုင်ချေက အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။ အခြားတစ်ဖက်က ခုခံနေချိန်မှာပင် အောင်မြင်နိုင်ချေ ရှိသော အခွင့်အလမ်းများကို ရှာဖွေလိုပါက ထိုအရာ၏ အားနည်းချက်ကို သူရှာဖွေ ရပေလိမ့်မည်။

၎င်း၏ အားနည်းချက်ကိုရှာတွေ့ပြီးသည်နှင့် စုမင်က တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို သုံးကာ ပိုးကောင်ငယ်၏စိတ်ထဲသို့ ဝင်ရောက်ပြီး နက်ရှိုင်းသောနေရာ၌ အမှတ်အသားကို ချန်ထားရပေမည်။

အခြားတစ်ဖက်သည် လူတစ်ဦးဖြစ်ခဲ့မည်ဆိုလျှင် အားနည်းချက်ကို ရှာရန်မှာ ပိုမိုလွယ်ကူ ပေလိမ့်မည်။ သို့သော် ဤလက်တဆစ်စာခန့် အရွယ်အစား ရှိသော ထူးဆန်းသည့် ပိုးကောင်ကလေးနှင့်ဆိုလျှင်တော့ ကိစ္စများက ထိုမျှလွယ်ကူမည်မဟုတ်ချေ။

ကံကောင်းစွာပင်၊ ပိုးကောင်ငယ်၏ စစ်မာရှင်းအပေါ် သစ္စာရှိမှုကို စုမင်သတိပြုမိခဲ့သည်။ ထို့ကြောင့်ပင် သူပိုးကောင်ငယ်ထံသို့ စကားပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပိုးကောင်ငယ်ထံတွင် အားနည်းချက် တစ်ခုကို သူဖန်တီးချင်ခဲ့သည်။

ဤအားနည်းချက် ပေါ်လာသည်နှင့် စုမင်က သူ၏ နတ်ဘုရား အာရုံဖြင့် ချက်ချင်းထိုးဖောက် ဝင်ရောက်လိုက်မှာ ဖြစ်သည်။ သူအောင်မြင်ခဲ့လျှင် ပိုးကောင်ငယ်ကို သူ့အပိုင်အဖြစ် ပြောင်းနိုင်မည်။ သူကျရှုံးခဲ့လျှင်တော့ နှမြောစရာကောင်းသည်ဟု ခံစားရနိုင်သော်လည်း သူသနား ညှာတာလိမ့်မည် မဟုတ်ပေ။

စုမင်သည် နတ်ဘုရားအာရုံကို ဟန်တောင်တန်း ခေါင်းလောင်း အပေါ်တွင် စုဝေးထားလိုက်ပြီး မုန်တိုင်းတစ်ခု အသွင်ဖြင့် ခေါင်းလောင်း အတွင်းသို့ ဝင်ရောက်ကာ အားနည်းနေသည့် ထူးဆန်းသော ပိုးကောင်ငယ်အပေါ်သို့ ကျရောက်သွားခဲ့သည်။

ပိုးကောင်ငယ်ကို သူ၏ နတ်ဘုရားအာရုံဖြင့် ဝန်းရံလိုက်မိသည်နှင့် အပြင်းအထန် ရုန်းကန် ခုခံနေသော ၎င်း၏ နတ်ဘုရားအာရုံကို စုမင်ချက်ချင်း အာရုံခံလိုက်မိသည်။ ၎င်းသည် ထိန်းချုပ် ခံရမည်ထက် သေဆုံးပစ်လိုက်မည်ဟု အော်ဟစ်နေသော စိတ်ဝိညာဉ် တစ်ခုဖြစ်ပြီး ထိုအရာက စုမင်၏ နတ်ဘုရားအာရုံကို ခဏတာ ငြိမ်သက်သွားစေသည်။

စုမင်စိတ်ထဲတွင် အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ ပိုးကောင်ငယ်က ပိုမိုရုန်းကန် လာသည်နှင့်အမျှ ဤပညာရပ်နှင့် နတ်ဘုရားအာရုံအပေါ် နားလည်မှုတစ်ခုကို သူရရှိလာခဲ့သည်။

‘ကြည့်ရတာ ငါ့နတ်ဘုရားအာရုံသာ လုံလောက်အောင် သန်မာမယ်ဆိုရင်၊ ဘာအားနည်းချက်မှတောင် ရှာနေစရာ မလိုလောက်ဘူး။ ဒီတိုင်း အားသုံးပြီး အမှတ်အသားကို ချန်ထားခဲ့ရုံပဲ...’

သု့နတ်ဘုရား အာရုံအောက်၌ ဟန်တောင်တန်းခေါင်းလောင်းတွင် အက်ကြောင်းလေး တစ်ခု တိတ်ဆိတ်စွာ ပွင့်သွားခဲ့သည်။ အက်ကြောင်း ပေါ်လာသည့် အချိန်မှာပင် ပိုးကောင်ငယ်၏ အရှိန်အဝါ အနည်းငယ်သည် အက်ကြောင်းမှတစ်ဆင့် ချက်ချင်းထွက်သွားလေသည်။

‘စစ်မာရှင်း၊ ငါ့အတွက် မင်းအားနည်းချက် ဖန်တီးပေးမှာကို စောင့်နေမယ်...’

စုမင်မျက်လုံးများထဲတွင် တောက်ပသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး သူ့နတ်ဘုရား အာရုံကို ရုန်းကန်နေသော ပိုးကောင်ငယ်၏ ပတ်ဝန်းကျင်၌ စုဝေးထားလိုက်သည်။

ထိုအချိန်တွင် အေးခဲကောင်းကင်ကလန် ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ၏ ပထမတောင်ထွတ်မှ တောင်ထိပ်အနီး၌ လိုဏ်ဂူတစ်ခုရှိနေသည်။ အပြင်မှကြည့်လျှင် ထိုလိုဏ်ဂူသည် မျှော်စင်ခန်းမကြီးနှင့်တူပြီး အထဲတွင် စစ်မာရှင်းသည် လေးနက် တည်ကြည်သော မျက်နှာထားနှင့် မျက်လုံးများမှိတ်ကာ တရားထိုင်လျက်ရှိသည်။

သူသည် ထွက်ခွာသွားလာခြင်းကို တားမြစ်ခံထားရပြီး နောက်လ အနည်းငယ်အကြာအထိ တောင်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သူ့ခေါင်းထဲ၌ စုမင်နှင့် တိုက်ပွဲကိုသာ သတိရနေမိသည်။ ထိုတိုက်ပွဲသည် သူ့အား ပြိုင်ဘက်၏ စွမ်းရည်ကို အမှန်တစ်ကယ် နားလည်သွားစေခဲ့သည်။ သူ့အတွက် စုမင်သည် လည်ချောင်းထဲတွင် စူးနေသော ငါးရိုးတစ်ချောင်းနှင့် တူ၏။

စစ်မာရှင်းမွေးဖွားခဲ့ချိန်ကစ၍ အရာအားလုံးက သူ့အတွက် လွယ်ကူခဲ့သည်။ အေးခဲ ကောင်းကင်ကလန်သို့ သူဝင်ရောက်ပြီးနောက်ပိုင်းတွင်လည်း လွယ်ကူဆဲ ဖြစ်သည်။ ကျောင်းတော်၏ မျိုးဆက်ဟောင်းများက သူ့ကို မြင့်မားစွာ အသိအမှတ် ပြုထားပြီး ရွယ်တူ မျိုးဆက်များက သူ့ကို လေးစားကိုးကွယ်ကြသည်။ ထို့ပြင် သူသည် အခြားသူများနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။ သူ့တွင် အေးခဲကောင်းကင် ကလန်အတွင်း မရေမတွက်နိုင်သော မိတ်ဆွေများ ရှိသည်ဟုပင် ပြောဆိုနိုင်ပေသည်။

မိန်းကလေးများနှင့် အမျိုးသမီးများစွာတွင်လည်း အချစ်မာန်မျိုးစေ့များ စိုက်ပျိုး ထားသေးသည်။ ကျောင်းတော်၏ မျိုးဆက်ဟောင်းများက ထိုအကြောင်းကို သိသော်လည်း သူ့ကို ရပ်တန့်ခြင်း မပြုခဲ့ကြပေ။ သူတို့၏ လုပ်ရပ်များက သူ့ကိုစိတ်သက်သာရာ ရစေခဲ့သည်။ သူ အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သော ပညာရပ်ကိုလေ့ကျင့်ရန် အပြင်သို့ ခရီးထွက်ခွာ ချိန်တွင်လည်း သူ့အမြင်ကို ဖမ်းစားနိုင်သူများသည် သူ့လက်ထဲမှ လွတ်မြောက်ရန် ခက်ခဲခဲ့သည်။

အမှန်တော့ သူ၏ နောက်ထပ်ပစ်မှတ်က ပိုင်စုဖြစ်သည်။ ထိုမိန်းကလေးတွင် တပည့် တော်တော်များများ မသိသော နောက်ခံကြီးကြီးမားမား ရှိသည်။ သူတို့က သူမသည် သတ္တမတောင်ထွတ်၏ တပည့်တစ်ဦးဟုသာ သိထားကြသော်လည်း စစ်မာရှင်း မတော်တဆ သိရှိခဲ့ရသည်မှာ သူမအဖေသည် ကောင်းကင်ဘုံတံခါးဝ အလွှာကိုးခုမှ သတ္တမမြောက်အလွှာရှိ တပည့်များထဲက တစ်ဦးဖြစ်သည်ဆိုတာကိုပင်။

စစ်မာရှင်း အသေးစိတ်ကျကျတော့ မသိခဲ့ရပေ။ အဆုံးတွင်တော့ ကောင်းကင်ဘုံ တံခါးဝသည် သူ့အတွက် မြင့်မြတ်သော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခု ဖြစ်နေဆဲပင်။ ထိုနေရာသည် အေးခဲ ကောင်းကင်ကလန်၏ အစစ်အမှန် ပင်မအူတိုင်ဖြစ်ပြီး အစွမ်းအထက်ဆုံး အင်အားစုများ စုဝေးနေသော နေရာ ဖြစ်သည်။

ကောင်းကင်ဘုံတံခါးဝမှ တပည့်များသည် ဆင်းလာခဲပြီး ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်များ၏ တပည့်များရှေ့သို့ ပေါ်လာခဲသည်။ တစ်ခုသည် ကောင်းကင်တွင်ဖြစ်ပြီး တစ်ခုက မြေပြင်တွင် ဖြစ်သည်။ သူတို့သည် မတူကွဲပြားသော လောကများတွင် နေထိုင်ကြသကဲ့သို့ သီးခြားနေထိုင်ကြသည်။

ကောင်းကင်ဘုံ တံခါးဝ၏ တပည့်တစ်ဦး ဖြစ်လာရန်မှာ ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်များ၏ တောင်ထွတ်များမှ လူတိုင်း၏ အိပ်မက်ပင်ဖြစ်သည်။

သို့သော် တောင်ထွတ်သခင်များသည်သာ ကောင်းကင်ဘုံ တံခါးဝကို ဝင်ရောက်နိုင်ကြသည်။  ထိုသူများမဟုတ်လျှင် တပည့်များသည် အေးခဲကောင်းကင်လိုဏ်ဂူကို ဖြတ်သန်းကာ လူရိုင်း ၁၀၀၀၏ ဦးခေါင်းများကို ရရှိပြီးမှသာ ကောင်းကင်ဘုံတံခါးဝသို့ ဝင်ရောက် နိုင်ပေလိမ့်မည်။

‘ငါ ကောင်းကင်ဘုံတံခါးဝကို ဝင်ရမယ်’

စစ်မာရှင်း လက်သီး တင်းတင်းဆုပ်မိသည်။ သူ့တွင် ပိုင်စုအပေါ် မည်သည့်ခံစားချက်မှ မရှိသော်လည်း ပိုင်စုနှင့် ထိတွေ့မိချိန်တွင် ပိုင်စုက သူ့ကိုချစ်ကြောင်း သူသိခဲ့ရသည်။

ဟုတ်ပေသည်။ ဤလိုမျိုး ချစ်ခြင်းမေတ္တာကို သူအပြင်တွင် ခရီးထွက်စဉ်က နည်းအမျိုးမျိုး သုံး၍ တိုးပွားအောင်ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။ သူ့ရည်မှန်းချက်က သူမထံတွင် အချစ်မာန်မျိုးစေ့ကို စိုက်ပျိုးရန်မဟုတ်ပေ။ အဆုံးတွင်တော့ ကောင်းကင်ဘုံ တံခါးဝရှိ ပိုင်စု၏ဖခင်ကို သူသတိထားနေဆဲပင် ဖြစ်သည်။

သို့သော် သူ့တွင် သူမထံ၌ အချစ်မာန်မျိုးစေ့ စိုက်ပျိုးလိုသော အတွေးမရှိလျှင်ပင် သူမနှင့်နီးစပ်အောင် မကြိုးစားဟုတော့ မဆိုလိုပေ။  အေးခဲ ကောင်းကင်လိုဏ်ဂူသို့ ဝင်ရောက်ခွင့် ရဖို့ သူ့အားကူညီပေးရန် သူမကိုအသုံးချချင်သည်။

အေးခဲကောင်းကင်လိုဏ်ဂူသည် လူရိုင်း၁၀၀၀၏ ဦးခေါင်းများနှင့်သာ ဖွင့်နိုင်ခြင်းဖြစ်ပြီး သူ့တွင် ခေါင်းအလုံအလောက် ရှိရန် အလွန်ဝေးကွာသေး၏။

အဆုံးတွင်တော့ သူတို့မြေသို့ လူရိုင်းများစွာ ကျူးကျော်လာခြင်း မရှိပါက၊ သူသည် လူရိုင်း၁၀၀၀၏ ဦးခေါင်းကိုရရန် ကောင်းကင်မြူခိုးအတားအဆီးအပြင်ဘက်ရှိ လောကထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကာ စွန့်စားရန်လိုအပ်ပေသည်။ ဤအရာသည် သူ့အတွက် အနည်းငယ် ခက်ခဲနေသည်။

သူ့အစီအစဉ်သည် အေးခဲကောင်းကင် လိုဏ်ဂူထဲသို့ ဝင်ရောက်ပြီး ထိုနေရာတွင် စွမ်းအား တိုးတက်အောင် ပြုလုပ်ရန်ဖြစ်သည်။ ထိုသို့ပြုလုပ်ပြီးသည်နှင့် အပြင်သို့ပြန်ထွက်ကာ လူရိုင်း၁၀၀၀၏ ဦးခေါင်းများကို စုဆောင်းမည်။ ဤအစီအစဉ်နှင့်ဆိုလျှင် သူ့၌ ပိုမိုယုံကြည်ချက် ရှိချေသည်။

ဤနည်းလမ်းသည် လှည့်စားခြင်းနှင့်တူသဖြင့် အေးခဲကောင်းကင် ကလန်ထဲ၌ ၎င်းကို ခွင့်ပြုမထားပေ။ အခြားသူများ အနေဖြင့် အဘယ်ကြောင့် ခွင့်မပြုထားခြင်းကို နားမလည်သော်လည်း သူတို့ ဘာမှမလုပ်နိုင်ကြပေ။

သို့သော် စစ်မာရှင်းကတော့ ထိုနည်းလမ်းများကို မလိုက်နာချင်ပေ။ ထို့ကြောင့် သူပိုင်စုကို မျက်စိကျခဲ့ခြင်း ဖြစ်သည်။ ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များရှိ တောင်ထွတ်များမှ တပည့်တစ်ဦး အတွက် အေးခဲ ကောင်းကင်လိုဏ်ဂူကို ဖွင့်ပေးနိုင်မည့် ကောင်းကင်ဘုံတံခါးဝမှ လူတစ်ဦး ရှိနေသရွေ့၊ သူ့အိပ်မက်များက အကောင်အထည် ပေါ်လာပေလိမ့်မည်။

ထို့အပြင် လူများအားလုံး စတေးရမည်ဆိုလျှင်ပင် သူ၏ အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သော ပညာရပ်နှင့် ဆိုလျှင် အောင်မြင်မှုရရန် ယုံကြည်ချက် ရှိပေသည်။ သူအောင်မြင်သည်နှင့် တစ်ပြိုင်နက် သူ့သွမ်းအားက အဆပေါင်းများစွာ တိုးတက် လာပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူမာန်ကလေးငယ်များ ရှာမတွေ့လျှင်တောင် စိုးရိမ်စရာ မလိုတော့ပေ။ ထိုအရာသည် အချိန်များစွာ လိုအပ်နိုင်သော်လည်း ထိုက်တန်သည်ဟု သူယုံကြည်သည်။

ထိုအရာသည် သူစုမင်နှင့်မတွေ့ခင်အချိန်အထိ မှန်နေခဲ့သည်။ အတိအကျ ပြောရမည်ဆိုလျှင် စုမင်နှင့် မတိုက်ခင်အချိန်အထိ ဖြစ်သည်။ သူ့စိတ်ထဲတွင် အရူးအမူး စွဲလမ်းဖွယ် အတွေးတစ်ခု ပေါ်လာခဲ့သည်။

စုမင် ခန္ဓာကိုယ်တွင် မာန်မျိုးစေ့ကိုစိုက်ပျိုးကာ သူ့မာန်သားတော် အဖြစ် ပြောင်းလဲ ပစ်ချင်သည်။

ထိုသို့ လုပ်လိုက်ပါက အေးခဲကောင်းကင် လိုဏ်ဂူအတွင်း၌ အောင်မြင်နိုင်ချေသည် အဆပေါင်းများစွာ တိုးတက် လာလိမ့်မည်ဖြစ်ပြီး သူရရှိမည့်စွမ်းအားကလည်း တိုးလာပေလိမ့်မည်။ ဤအရာသည် သူ့အတိတ်က အစီအစဉ်များထံမှ ရနိုင်မည့်စွမ်းအားထက် ပိုမိုများပြားပေသည်။

ဤအရာတွင် အကျိုးအမြတ်များစွာ ရှိသည်။ သူ၏ မာန်ကလေးငယ်များအားလုံး သေဆုံးရန်မလိုခြင်းတောင် ဖြစ်နိုင်ချေရှိသည်။ ဤအကျိုးကျေးဇူးများက စစ်မာရှင်း၏ နှလုံးသားကို စိတ်လှုပ်ရှားမှုကြောင့် ခုန်လှုပ်စေခဲ့သည်။

‘သူမအဖေကို ဒီအကြောင်းပြောပြီး လက်ခံလာအောင် ဘာမဆိုလုပ်ပေးမယ်လို့ ပိုင်စုက ငါ့ကို ကတိပေးပြီးပြီ... အရင်တုန်းက သူ့တောင်းဆိုချက်ကို ဘယ်တုန်းကမှ သူ့အဖေ မငြင်းဖူးဘူးလို့တောင် သူငါ့ကို ပြောခဲ့သေးတယ်။ ဒီကိစ္စက ငါ့အိတ်ကပ်ထဲ ရောက်နေပြီ။ ဘယ်လောက်ကြာမယ် ဆိုတာပဲ ငါမသိသေးတာ... ဒါပေမဲ့ အခုတော့ ငါအမြန်လုပ်လို့ မဖြစ်တော့ဘူး...’

‘အခု အရေးကြီးဆုံးအရာက စုမင်ကို ငါ့မာန်သားတော်အဖြစ် ပြောင်းလဲဖို့ပဲ’

စစ်မာရှင်းသည် မျက်လုံးများကို ပိတ်ထားပြီး သူ့ခေါင်းထဲတွင် အတွေးများစွာ ဖြစ်ပေါ်နေခဲ့သည်။

‘ငါ တောင်က ခွာလို့မရတာ စိတ်မကောင်းစရာပဲ။ ငါ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အချိန်ကျလာရင်တောင် စုမင်ကိုထိဖို့ ခက်ခဲနေဦးမှာပဲ... ဟာ... ဒီလိုဖြစ်မယ်မှန်းသာ ငါသိထားခဲ့ရင်၊ ဟန်တောင်တန်း ခေါင်းလောင်းကို လက်လျှော့လိုက်ပြီး သူနဲ့မိတ်ဆွေလုပ်ပြီးမှ သူ့ဆီမှာ မာန်မျိုးစေ့ စိုက်ခဲ့ပါတယ်’

စစ်မာရှင်းတစ်ယောက် မျက်လုံးမှိတ်ထားရင်းမှပင် မျက်မှောင်ကြုတ် လိုက်သည်။ သူ့အတွေးများထဲ၌ နစ်မြုပ်နေရင်းမှပင်၊ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

‘ပိုင်စု’ စစ်မာရှင်း မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးများက ဝင်းလက် တောက်ပနေခဲ့သည်။ ‘စုမင် ပိုင်စုကို မြင်တုန်းက သူနဲ့ပတ်သက်ပြီး တစ်ခုခု ကွဲပြားခြားနား သွားတယ်။ ပြီးတော့ သူ့ကိုကြည့်ရတာ ဟန်လုပ်နေတာနဲ့မတူဘူး...’

စစ်မာရှင်း၏ မျက်လုံးများက စူးရှတောက်ပသွားပြီး နှုတ်ခမ်းများသည် အပြုံးတစ်ခုကြောင့် တဖြည်းဖြည်း တွန့်ချိုးသွားသည်။

“အချစ်ကို ကြိုးတစ်ခုအဖြစ် အသုံးချပြီး အဲဒါကို မာန်မျိုးစေ့အဖြစ် ပြောင်းလဲရမယ်။ အဲဒါက ဖူးပွင့်လာတာနဲ့ အချစ်ကနေ ဘာမှမရှိခြင်းအဖြစ် ပြောင်းလဲ သွားလိမ့်မယ်။ အဲဒီ အခိုက်အတန့်မှာ၊  အဲလူဆီက အသက်တွေအားလုံးကို မာန်မျိုးစေ့က စုပ်ယူပစ်လိမ့်မယ်။ အကြင်နာမဲ့ ပညာရပ်ကို လေ့ကျင့်ဖို့ အချစ်ကိုအသုံးချတဲ့ နည်းလမ်း တစ်ခုကိုသာ ငါတီထွင် နိုင်မယ်ဆိုရင်၊ ငါ အပြောင်းအလဲတွေ လုပ်နိုင်လိမ့်မယ်။ ပိုင်စုကို ကြိုးတစ်ချောင်းအဖြစ် သုံးပြီး စုမင်ဆီမှာ မာန်မျိုးစေ့ကို စိုက်မယ်” စစ်မာရှင်းသည် တီးတိုးရေရွတ်နေပြီး အကြင်နာမဲ့သော ဆိုးယုတ်မှုများက သူ့အပြုံးထဲတွင် ထင်ရှားလာခဲ့သည်။

“စုမင် ငါမင်းကို မျက်စိကျလိုက်တာနဲ့၊ မင်း... ပြေးမလွတ်တော့ပါဘူးကွာ”

စစ်မာရှင်း၏ မျက်လုံးများက စူးရှတောက်ပနေသည်။ သို့သေည် ထိုအခိုက်အတန့်တွင် သူ့အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားပြီး အလျင်အမြန်ခေါင်းမော့လာခဲ့သည်။ ထို့နောက် လိုဏ်ဂူ အပြင်သို့ပင် အလျင်အမြန်ပြေးထွက်လိုက်ပြီး အဝေးတွင်ရှိသော နဝမတောင်ထွတ်ထံသို့ လှမ်းကြည့်လိုက်သည်။

“ငါ့ မြွေလေး”

စစ်မာရှင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး မျက်နှာအမူအရာက ချက်ချင်း မည်းမှောင် သွားသည်။

သူ့အဖိုးတန်ရတနာ မြွေလေး၏ အရှိန်အဝါကို သူအာရုံခံလိုက်မိသည်။ စုမင်ဖမ်းဆီး သွားခဲ့ချိန်မှစ၍ ၎င်း၏ အရှိန်အဝါက ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ရုတ်တရက် ပေါ်ပေါက်လာမှုသည် စစ်မာရှင်း၏ နှလုံးသားထဲမှ ၎င်းနှင့် ချိတ်ဆက်မှုကို ဆတ်ခနဲ ဖြစ်သွားစေသည်။

အမှန်တွင် ဤမြွေလေး သူ့ကို သခင်အဖြစ် အသိအမှတ်ပြုရန် ပြုလုပ်နိုင်ခဲ့သည်မှာ သူလွန်ခဲ့သော အချိန်အနည်းငယ်က ရရှိထားခဲ့သည့် သွေးပန်းချီတစ်ခုကြောင့် ဖြစ်သည်။ ထိုပန်းချီသည် အချိန်ကြာမြင့်စွာတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး သူရှေးဟောင်း စာလိပ် ပေါင်းများစွာတွင် ရှာဖွေခဲ့ပြီးမှသာ ပန်းချီကား၏ အသုံးပြုပုံကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အသုံးပြုပုံသည် ထူးဆန်းသော သက်ရှိများနှင့် သူ့အကြား၌ ဆက်နွှယ်မှုတစ်မျိုး ဖြစ်ပေါ်စေပြီး သူ့အား သခင်အဖြစ် အသိအမှတ်ပြုခံရကာ ထိန်းချုပ်၍ ရစေနိုင်ခြင်း ဖြစ်သည်။

ထိုသွေးပန်းချီသည် ကောင်းကင် မြူခိုးအတားအဆီး အပြင်ရှိ လူရိုင်းများ ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သို့သော် စစ်မာရှင်းလက်ထဲသို့ရောက်လာချိန်တွင် ၎င်းကစုတ်ပြဲနေသဖြင့် သန်မာသော သက်ရှိများအပေါ် အသုံးချ၍မရပေ။ ထို့ကြောင့်ပင် သူမြွေလေးနှင့်တွေ့ကာ ၎င်း၏စွမ်းအားကို သတိပြုမိခဲ့ချိန်က ဤမြွေလေးသည် ကလေးငယ်လေး ဖြစ်နေဆဲ ဖြစ်၍ သူ တုံ့ဆိုင်းခြင်း အလျင်းမရှိပဲ သွေးပန်းချီကို အသုံးချခဲ့ခြင်းဖြစ်သည်။

ယခုတွင် သူတို့အကြားရှိ ဆက်နွှယ်မှုကို သူရှင်းရှင်းလင်းလင်း ခံစားလိုက်မိချေသည်။ မြွေလေး၏ အရှိန်အဝါသည် ပိုမိုမှေးမှိန် လာသည်နှင့်အမျှ စစ်မာရှင်းသည်လည်း ချီတုံချတုံ ဖြစ်လာခဲ့သည်။

***

All Chapters