← Chapters

အခန်း (၁၀၈၃-၁၀၈၄)

Vol. 91 Ch. 1083-1084

အခန်း (၁၀၈၃-၁၀၈၄)

Vol. 91 Ch. 1083-1084

အခန်း ၁၀၈၃ –

ဒီပင်္ကရာမြတ်ဗုဒ္ဒနှင့် အံ့ဖွယ်လှပလွန်းသော မိန်းကလေး။

“ စီနီယာ ... ဒီဂျူနီယာက ပုံရိပ်ယောင်ခေတ်က ချင်းချောင်ရှပါ ငါ့ဂိုဏ်းက ရာဟုနတ်ဘုရား (နဂါဦးခေါင်းနတ်ဘုရား) ကို ကိုးကွယ်ပါတယ် ...

... ရှေးယခင်က ငါဟာ အဲဒီအမျိုးသမီးရဲ့ ချုံခိုတိုက်ခိုက်မှုကိုခံရပြီး သူမ ချန်ထားရစ်ခဲ့တဲ့ ဒီလက်ရိုးထဲမှာပိတ်မိသွားတာပါ ကျေးဇူးပြုပြီး စီနီယာ ငါ့အသက်ကို ကယ်တင်ပေးပါ။ ”

ကြေးဝါသေတ္တာထဲမှ စိုးရိမ်နေသော အသံသည် ထပ်မံထွက်ပေါ်လာ၏။ မီကျန်းက မျက်ခုံးပင့်သွားသည်။

“ ဒါက အရိုးတစ်ခုလား ... ။ ”

“ မှန်ပါတယ်။ ”

“ မင်းက အဲဒီတုန်းက ရာဟုနတ်ဘုရားရဲ့ အစေခံတစ်ယောက်လား ... ။ ”

“ သဘာဝပါပဲ။ ”

“ ကောင်းပြီ၊ ငါ မင်းအသက်ကို ကယ်တင်ပါ့မယ်။ ”

ထို့နောက် မီကျန်းမှ မီးအိမ်ကို အသက်သွင်းလိုက်ပြီး တောက်ပနေသော နတ်မီးလျှံများ ထုတ်လွှတ်လိုက်၏။

“ သွား ... ။ ”

နတ်မီးတောက်အတွင်းတွင် ဥပဒေစည်းမျဉ်းများ၏ တောက်လောက်နေ၏။ ထိမှန်ရုံဖြင့် အင်မော်တယ်များပင် ချက်ချင်း ပြာကျသွားနိုင်မည်။ ဤတစ်ကြိမ်တွင် ယခင် တိုက်ခိုက်မှုထက် များစွာ ပြင်းထန်၏။

ခဏတွင်းမှာပင် မီးတောက်သည် ကျောက်လှောင်အိမ်အတွင်း ဝင်ရောက်လာကာ စုရီကို ကာကွယ်ထားသည့် အဖြူရောင် အလင်းထံ လောင်မြိုက်တော့သည်။

“ ဝုန်း ... ။ ”

ပြင်းစွာသော ပေါက်ကွဲမှုနှင့်အတူ ဥပဒေစည်းမျဉ်းများသည် မိုးစက်များအလား ပြန့်ကားကျသွားပြီး စည်းမျဉ်းစွမ်းအားမှာ အဖျက်စွမ်းအားများအဖြစ် ပျံ့နှံ့သွား၏။

အဖြူရောင်အလင်းလွှာသည် အလွန်လျှို့ဝှက်ပြီး စိတ်ကူးယဉ်ဆန်ချေပြီ။ နတ်ဘုရားတစ်ပါးလို ကြီးစိုးလိုသော နတ်မီးတောက်ကို တွန်းလှန်ပစ်၏။

“ ဟမ့် ... ။ ”

မီကျန်းတစ်ယောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆီမီးအိမ်ကိုအပြည့်အဝ အသက်သွင်းတော့၏။

“ ဝူး ... ။ ”

ချက်ချင်းပင် မရေမတွက်နိုင်သော နတ်ဘုရားမီးတောက်များသည် အချိန်မြစ်ကြီးမှ မြင့်တက်လာကာ လှောင်အိမ်ဆီသို့ ထပ်မံ ပြေးဝင်သွားလေသည်။

“ ဘန်း ... ဘန်း ... ။ ”

ပေါက်ကွဲသံများ ပဲ့တင်ထပ်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြေးဝါသေတ္တာ တုန်ခါသွားပြီး အဖြူရောင်အလင်းလွှာသည် ထင်ရှားသော မှိန်ဖျော့မှုများပြသလာ၏။

“ စီနီယာ ... အဲဒီလက်ရိုးရဲ့ စွမ်းအားတွေ ကုန်ဆုံးတော့မယ် မြန်မြန် ... ။ ”

ချင်းချောင်ရှက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။ တစ်ဖက်တွင်မီကျန်းသည် အနည်းငယ်ညည်းတွားလျက် သူ့တိုက်ခိုက်မှုကို အရှိန်မြင့်တင်လိုက်တော့၏။

“ ဘန်း ဘန်း ... ။ ”

အဖြူရောင်အလင်းလွှာ၏ ခုခံမှုကြောင့် ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ ယင်းက အဖြူရောင်အလင်းလွှာကို ပို၍ပင် မှိန်ဖျော့လာစေ၏။

“ ဖရူး ... ။ ”

စက္ကန့်ပိုင်းအတွင်း စုရီလက်ထဲမှ ကြေးနီသေတ္တာသည်တုန်ခါလျက် အဖြူရောင် အလင်းများ ပြန်လည်ကျုံ့ဝင်လာခဲ့သည်။ ဖိနှိပ်ခံရမှုကို သည်းမခံနိုင်တော့သည့် အနေအထားသို့ ရောက်ရှိလာချေပြီ။

“ ဟားဟားဟား ... စီနီယာ ... အဲ့ဒီမိစ္ဆာမရဲ့စွမ်းအားတွေကုန်ပြီ ငါ ... ငါ လွတ်မြောက်ပြီ ... ငါလွတ်ပြီ။ ”

ချင်းချောင်ရှက အားရပါးရ အော်ဟစ်ရယ်မောသည်။ မီကျန်းမှ အေးစက်စွာ ခေါင်းညိတ်လိုက်တော့၏။

စုရီသည် ထိုနေရာ၌ပင် ငြိမ်သက်စွာ ရပ်နေဆဲဖြစ်၏။ သို့သော် သူ့မျက်ဝန်းများမှာ ကြေးနီသေတ္တာထံသို့ ရောက်ရှိနေသည်။

ဤကြေးနီသေတ္တာထဲတွင် အမျိုးသမီး လက်အရိုးတစ်ဖက်ရှိ၏။ ယင်းသည်လွန်ခဲ့သော နှစ်က ရွှမ်ဟွမ်ကြယ်စု တားမြစ်နယ်မြေမှ သူရရှိလာခဲ့ခြင်းပေပင်။

ထိုလက်ရိုး၏ ပိုင်ရှင်မှာ လော့ယောင်ဟူသည် ဆန်းကြယ်သည့် အမျိုးသမီးဖြစ်သည်။

သူမလက်ရိုးထဲတွင် ချင်းချောင်ရှ ဝိညာဉ်အပိုင်းအစကို ပိတ်လှောင်ထားသည်။ ထိုသူမှာ ဤခေတ်မှ မဟုတ်ဘဲ ပုံရိပ်ယောင် ခေတ်မှ ဖြစ်ချေ၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ချင်းချောင်ရှသည် အချိန်မြစ်ကိုဖြတ်ကျော်ကာ ရွှမ်းဟွမ်ကြယ်စုသို့ ရောက်ရှိလာပြီးနောက် ကောင်းကင်လမ်းကို ဖျက်ဆီးခဲ့၏။

လော့ယောင်သည် ထိုစဉ်တည်းက ရွှမ်ဟွမ်ကြယ်စုရှိ ဝင်စားခြင်းတားမြစ်ဒေသကို စောင့်ကြပ်နေသူဖြစ်သည်။

ဟုန်ထျန်းကျွင်းနှင့် မရဏနိုင်ငံကို အုပ်စိုးသော ငရဲဧကရာဇ်တို့သည်ပင် သူမ၏ နောက်ခံကို မသိခဲ့ကြချေ။

ထိုသို့ချင်းချောင်ရှမှ ရွှမ်ဟွမ်နယ်မြေကို တိုက်ခိုက်လာစဉ် သူမက ပါးရိုက်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိစေခဲ့သည်။

သို့သော် ထိုတိုက်ပွဲတွင် အမျိုးသမီး သည်လည်း လက်တစ်ဖက် ပြတ်တောက် သွားရတော့၏။

ဟုန်ထျန်းကျွင်း၏ အဆိုအရ ထိုစဉ်က လော့ယောင်သည် အချိန်မြစ်၏ရိုက်ခတ်မှုကို ခံစားလိုက်ရကာ လိုက်ပါတိုက်ခိုက်ခံရသဖြင့် ရွှမ်ဟွမ်ကြယ်စုမှ ထွက်ခွာသွားခြင်း ပေပင်။

ထွက်မသွားမီ သူမ၏လက်အရိုးကို ချန်ထားရစ်ခဲ့ကာ နောင်တစ်ချိန်တွင် ပြန်လာပြီး ယူမည်ဟု မှာကြားခဲ့၏။

စုရီနှင့်ဆုံတွေ့စဉ်က သုံးနှစ်အတွင်း သူမ၏စစ်မှန်သော ခန္ဓာကိုယ်ပြန်လာခဲ့ကာ ဤသေတ္တာယူပြီး လက်ဆောင်ပေးမည်ဟု ဆိုထားသည်။

ယခု မီကျန်းက တိုက်ခိုက်လာစဉ် ထိုသေတ္တာထဲမှ ထူးဆန်းသော လှုပ်ရှားမှုများ ပြသလာသဖြင့် ထုတ်ယူကြည့်ခြင်းဖြစ်၏။

ရလာဒ်အနေဖြင့် ဤအရိုးဖြူလက်သည် နတ်ဘုရားစွမ်းအားကို ခုခံနိုင်သည်မှာ အမှန်ပင် ဖြစ်နေချေပြီ။ သို့သော် စုရီသည် သူ့အသက်ကို ဤအရိုးတွင် ပုံအပ်ထားသူမဟုတ်ချေ။

မီကျန်းတိုက်ခိုက်နေစဉ် တုန့်ပြန်ခြင်း မရှိခဲ့ခြင်းမှာ ဤအရိုးဖြူလက် အဘယ့်ကြောင့် အသက်ဝင်လာသည်ကို သိချင်သော ကြောင့်သာဖြစ်သည်။

တစ်ဖက်တွင် အသိစိတ်ပင်လယ်အတွင်းရှိ ငရဲကိုးပါးဓားသည် မီကျန်းပေါ်လာပြီးတည်းက အလွန်အမင်း တုန်ခါလျက် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြသလာခဲ့သည်။

ဆိုလိုသည်မှာ နတ်ဘုရားပဋိညာဉ်ကို ခံစားလိုက်ရသဖြင့် ထိုဓားမှာလှုပ်ရှားချင်နေပုံ ပေပင်။

“ ဟမ့် အရိုးဖြူလက်လေးတစ်ဖက်က မင်းကိုကယ်တင်နိုင်မယ် ထင်နေတာလား ရူးပါ့ အဲ့ဒီမိန်းမအသက်ရှင်နေရင်တောင် ... မင်းကို ဒီနေ့ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ”

မီကျန်းက အားရပါးရ ကျိန်ဆဲသည်။

“ စိတ်မပူပါနဲ့ ... မင်းကို မသတ်ဘူး ... နတ်ဘုရားတွေရဲ့ အကျဉ်းထောင်ကိုပဲ ပို့မှာပါ။ ”

ထို့နောက် ဆီမီးအိမ်ကိုကိုင်လျက် အရိုးဖြူလက်၏စွမ်းအားအပေါ် လုံးဝနှိမ်နင်းရန် ပြင်လိုက်လေသည်။

စုရီမှ ပြုံးလိုက်၏။ သူ့မျက်ဝန်းများတွင် အေးစက်သော အကြည့်များ ပေါ်လာပြီးနောက် ငရဲဘုံကိုးပါးဓားဖြင့် တုန့်ပြန်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုစဉ်တစ်စုံတစ်ရာကို သတိပြုမိသွားသဖြင့် ရပ်တန့်ပြီးအချိန်မြစ်ထံ မျှော်ကြည့်လိုက်လေသည်။

“ အစေခံခွေးလေးတစ်ကောင်က သူ့သခင်တွေထက်တောင် မောက်မာပြီး ရိုင်းစိုင်း ပြနေတာပါလား။ ”

အဝေးမှ ထိုစကားသံနှင့်အတူ အချိန်မြစ်ကြီးတုန်ခါလျက် လှပသွယ်လျသော ပုံရိပ်တစ်ရိပ်သည် မြစ်ပြင်ကိုဖြတ်ကျော်ကာ တဟုန်ထိုး ရောက်ရှိလာချေပြီ။

သူမခန္ဓာကိုယ်တွင် ဆီးနှင်းကဲ့သို့ ဖြူလွလွန်းသောအလင်းမှုန်များ ရစ်ပတ်လျက် အိပ်မက်နတ်သမီးအလား ထင်မှတ်ရ၏။

အချိန်မြစ်ရှိ နိယာမစွမ်းအားများမှာ အလွန်ကြောက်စရာကောင်းသော်လည်း သူမ၏ ခြေဖဝါးအောက်တွင်မူ ပူဖောင်းလေးများပမာ ကြေမွသွားနေသည်။

ထိုမြင်ကွင်းက ခမ်းနားလွန်းလေရာ စုရီကိုပင်မှင်တက်သွားစေ၏။ အမျိုးသမီးတစ်ဦး အချိန်မြစ်ကို ဤကဲ့သို့ ဖြတ်ကျော်လာသည့် မြင်ကွင်းမှာ အမှန်ပင် အံ့မခန်းပေပင်။

“ သွား ... ။ ”

မီကျန်းတစ်ယောက် မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။ ဆီမီးအိမ်မှ တောက်ပသော အလင်းတန်းများက သူမထံ ပြေးဝင်သွားတော့၏။

“ ဒီအချိန်မြစ်ကြီးအထက်မှာ ... ဉာဏ်အလင်းမြတ်ဗုဒ္ဓရဲ့ ဉာဏ်အလင်းဆီမီး ဥပဒေက ငါ့ကိုဘာမှ မလုပ်နိုင်ပါဘူး။ ”

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

အမျိုးသမီးသည် အရှိန်မသတ်ဘဲ ထိုတိုက်ခိုက်မှုထံ ဆက်၍လျှောက်လှမ်းလာ၏။ ထို့နောက် အနားရောက်လာသော မီးလျှံကို လက်ဝှေ့ယမ်းကာ တစ်စစီ ကွဲအက်လျက် ပျောက်ကွယ်သွားစေတော့သည်။

မီကျန်းမှ မျက်နှာပျက်ယွင်းသွားကာ၊

“ ဒါ ... တကယ်ပဲ မင်းလား ... ၊ လုံးဝမဖြစ်နိုင်တာ ... မင်းကိုနတ်ဘုရားတွေ သတ်လိုက်ပြီ မဟုတ်လား။ ”

-ဟု အော်ဟစ်လိုက်၏။ သူသည် ထိုအမျိုးသမီး မည်သူမည်ဝါ ဖြစ်သည်ကို သိရှိသွားချေပြီ။

အမျိုးသမီးက သူ့ကိုလျစ်လျူရှုကာ စုရီလှောင်အိမ်ရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ တစ်ဆက်တည်းမှာပင် စုရီထံစိုက်ကြည့်ကာ အားနာဟန်ဖြင့် ညင်သာစွာပြောလာ၏။

“ တာအိုအစ်ကို ... ငါလာတာ နောက်ကျသွားတယ် မင်းအတွက် ဒီမှာဒုက္ခ ဖြစ်စေမိပြီ။ ”

“ တာအိုအစ်ကိုလား ... ။ ”

စုရီမှ အံ့အားသင့်သွားသည်။ တစ်ဖက်အမျိုးသမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်များသည် ခါးအထိ ဖြာကျနေ၏။

အသားအရေမှာ ဖြူစင်ဝင်းပကာ မျက်နှာသည်လည်း လောကတွင် အလှဆုံးဟု ဆိုနိုင်ပေမည်။ ထူးခြားသည်မှာ သူမ၏ မျက်ခုံး နှစ်ခုကြားတွင် မှဲ့နီတစ်လုံးရှိနေခြင်းဖြစ်၏။

မျက်ဝန်းများမှာ အနန္တစကြဝဠာကဲ့သို့ နက်ရှိုင်းလှပြီး ကျောတွင်လေးပေခန့်ရှည်သော သွေးဆေဘာဓားတစ်လက် လွယ်ထားသည်။

သူမအရှိန်အဝါမှာ သည်လောကကြီး တစ်ခုလုံးကို အုပ်စိုးနိုင်၏။ သူ့ကိုကြည့်နေသော သူမမျက်ဝန်းများသည်ပင် အားနာခြင်းနှင့်အတူ သနားဂရုဏာစိတ်များ ပါဝင်နေသည်။

သို့သော် တစ်ဖက်လူကို လော့ယောင် ဖြစ်ကြောင်းမှတပါး အခြားအထောက်အထား ရှာမတွေ့ချေ။

ဝင်စားခြင်းဥပဒေကို ရှေးခေတ်ဦးကတည်းက ရွှမ်ဟွမ်ကြယ်စု၌ စောင့်ကြပ်ပေးခဲ့သော အမျိုးသမီးပေပင်။

“ ဒီမိန်းမ ... ။ ”

ကြေးနီသေတ္တာထဲမှ ချင်းချောင်ရှက ကြောက်လန့်တကြား ဖြစ်လာ၏။ မီကျန်းမှာ အံကြိတ်လျက် ထပ်မံတိုက်ခိုက်လိုက်သည်။

“ ဖျက်ဆီးပစ် ... ။”

အတိတ်ဗုဒ္ဒဆီမီးအိမ်မှ ကုဋေကုဋာမက အလင်းတန်းများထွက်ပေါ်လာပြီး အချိန်မြစ် အပေါ် ပိုက်ကွန်သဖွယ် ဖုံးအုပ်သွား၏။

“ ချွင် ... ။ ”

အမျိုးသမီးမှာမူ ထိုအချင်းအရာများကို ကျောခိုင်းလျက် လှည့်၍ပင်မကြည့်ချေ။ သူမ၏ ကျောပေါ်မှ သွေးဆေဘာက မြည်သံပြုလျက် ကောင်းကင်ပေါ် ပျံတက်လာ၏။

ထိုခဏ၌ လောကကြီးတစ်ခုလုံး သွေးရောင်လွှမ်းသွားကာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပေါက်ကွဲ ထွက်လာတော့သည်။

“ ရွှပ် ... ။ ”

“ ဘောင်း ဘောင်း ... ။ ”

ဆေဘာဓားအလင်းတစ်ချက် ဖြတ်သန်းသွားပြီးနောက် နတ်ဘုရားမီးလျှံများ အားလုံးသည် မီးရှူးမီးပန်းများပမာ ကြေမွ ပျောက်ကွယ်သွားတော့သည်။

“ ခွမ်း ... ။ ”

တစ်ဆက်တည်းမှာပင် အတိတ်ဗုဒ္ဓဆီမီးအိမ်သည်လည်း လွင့်ထွက် ပေါက်ကွဲသွားတော့၏။ သွေးဆေဘာမှာ နတ်ဘုရားများကို ချေမှုန်းနိုင်သော စွမ်းအား တစ်ခုလိုပေပင်။

မီကျန်းတစ်ယောက် တုန်ယင်သွားပြီး၊

“ ဒီနေ့မှာ ... ဉာဏ်အလင်း မီးအိမ်ကိုင်ဆောင်သူ ဒီပင်္ကရာမြတ်ဗုဒ္ဒနဲ့ နတ်ဘုရားအားလုံး ပူးပေါင်းပြီး ဒီလူကို သတ်ဖို့ဆုံးဖြတ်ထားတာပဲ မင်း ... နတ်ဘုရားတွေရဲ့ အပြစ်ပေးခံရမှာကို မကြောက်ဘူးလား။ ”

-ဟု အော်ဟစ်လိုက်၏။

သို့တိုင် အမျိုးသမီးမှလျစ်လျူရှုလျက် စုရီကိုပိတ်လှောင်ထားသော လှောင်အိမ်ထံ ချိုးဖြတ်ပေးလိုက်သည်။

“ ခရစ် ... ။ ”

“ တာအိုအစ်ကို ... အချိန်သိပ်မရဘူး ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ဟာ တခြားသော မိတ်ဆွေတွေနဲ့ နယ်နိမိတ်စစ်မြေပြင်မှာ ...

... တိုက်ပွဲဝင်နေရတယ် ... ဒီနတ်ခွေးကိုအရင်သတ်ပြီးရင် မင်းကိုဒီကနေ ခေါ်ထုတ်သွားပေးမယ်။ ”

အမျိုးသမီးက ထိုသို့ပြောပြီးသည်နှင့် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ သူမ၏ နက်ရှိုင်းသော မျက်ဝန်းပြာများမှာ သွေးကဲ့သို့ နီမြန်းသွားပြီး အရှိန်အဝါသည်လည်း လုံးဝ ပြောင်းလဲသွားတော့၏။

သွေးရောင်ဝါ လှိုင်းလုံးများသည် ကောင်းကင်တခွင်လွှမ်းခြုံသွားပြီး သူမဘေး၌ သွေးရောင် နိယာမစည်းမျဉ်းများ ရစ်ပတ်ကာ ပျက်စီးခြင်း၊ အလောင်းတောင်၊ သွေးပင်လယ် ကဲ့သို့သော မြင်ကွင်းများ ပေါ်လာသည်။

“ အသက်ဝင် ... ။ ”

မီကျန်းခမျာ ကြောက်လန့်စွာဖြင့် အတိတ်ဗုဒ္ဒဆီမီးအိမ်ကို အစွမ်းကုန်အသုံးပြုပြီး လက်ဦးမှုရယူလိုက်သည်။

“ ဖိနှိမ် ... ။ ”

ဒီပင်္ကရာမြတ်ဗုဒ္ဒ ပုံရိပ်သည် မီးလျှံများ အတွင်းမှပေါ်ထွက်လာပြီး အချိန်မြစ်ကြီးအပေါ် ဖိနှိပ်ရန် ကြိုးစားတော့၏။

သို့သော် ထိုအချိန်မှာပင် အမျိုးသမီးက တိုက်ခိုက်လာပြီဖြစ်သည်။ သူမ၏လေးပေရှိ သွေးဆေဘာဓားမှာ အချိန်မြစ်ကိုဖြတ်ကျော်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြေးဝင်လာ၏။

“ ဘန်း ... ။ ”

“ ဒါ ... ။ ”

ဒီပင်္ကရာမြတ်ဗုဒ္ဒသည် ပေါ်လာရုံမျှသာ ရှိသေးပြီး ဆီမီးအိမ်နှင့်အတူ ထိုဆေဘာဓား၏ အောက်တွင် လုံးဝကြေမွသွားတော့၏။

ဖွဲ့စည်းကာစ ဆီမီးအိမ်နှင့် နတ်ဘုရား မီးလျှံများသည်လည်း ဆပ်ပြာပူဖောင်းများပမာ တစ်စစီကွဲအက်သွားခဲ့သည်။

“ မကောင်းတော့ဘူး ... ။ ”

မီကျန်းက ကြောက်လန့်တကြား ထွက်ပြေးတော့၏။ သို့သော် သွေးဆေဘာဓား အလင်းအောက်တွင် အလွယ်တကူပင် နစ်မြုပ် သွားရတော့သည်။

“ မင်းလိုခွေးလေးတစ်ကောင်က ... ငါ့ဓားအောက်မှာ တကယ်လွတ်မြောက်နိုင်မယ် ထင်လား။ ”

***

အခန်း ၁၀၈၄ –

တစ်ဦးတည်းသောခွန်အားဖြင့် လောကကြီးကို ပြောင်းလဲပေးခြင်း။

မီကျန်းခန္ဓာကိုယ်မှာ သွေးဆေဘာအောက်တွင် ကြေမွပျက်စီးနေပြီး လုံးဝလွတ်မြောက်ခြင်းမရှိ ဖိနှိမ်ခံထားရ၏။

စုရီပင် ထိုမြင်ကွင်းထံ မျက်ခုံးပင့်လိုက်မိလေသည်။ ဤအမျိုးသမီးမှာ အမှန်ပင် ကြမ်းတမ်းလှချေ၏။

“ တာအိုအစ်ကို ... ဒီခွေးဟာ ဉာဏ်အလင်းမီးအိမ်ဗုဒ္ဓရဲ့ လက်အောက်ခံပါပဲ အရင်က မင်းရဲ့အစွမ်းသတ္တမျိုးနဲ့ဆိုရင်တော့ အတွေးတစ်ချက်နဲ့တင် အမှုန့်ခြေနိုင်ပါတယ်။ ”

အမျိုးသမီးက ညင်သာစွာ ဆိုလိုက်သည်။ သူမသည် စုရီတစ်ယောက် အတိတ်မှတ်ဉာဏ် မနိုးထသေးကြောင်း မှန်းဆနိုင်၏။

ယင်းကြောင့် သွေးမျက်ဝန်းများတွင် ဝမ်းနည်းရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။ စုရီမှ သူမထံ ပြန်ကြည့်ကာ နှာခေါင်းကို ပွတ်သပ်ပြီး တိတ်ဆိတ်သွား၏။၊

တစ်ဖက်တွင် မီကျန်းသည် သွေးဆေဘာဓားအလင်း၏ တိုက်စားမှုဒဏ်မှ ကြောက်လန့်တုန်လှုပ်စွာဖြင့်၊

“ နတ်ဘုရားတွေ အားလုံး မင်းကိုဝိုင်းသတ်ခဲ့တာ မေ့သွားပြီလား။ ”

-ဟု အော်ဟစ်လာသည်။

“ ရွှပ် ... ။ ”

“ ဘန်း ... ။ ”

အမျိုးသမီးက လက်ချောင်းဖြင့် ဓားအလင်းတစ်ချက် တောက်လိုက်သည်။ သွေးဆေဘာဓားအလင်းတစ်လက် သတ်ဖြတ် လိုစိတ်များဖြင့် ပြေးဝင်လာပြီး မီကျန်းကို အစအနမကျန် ဖျက်ဆီးပစ်လိုက်တော့၏။

ဤနည်းဖြင့် နတ်ဘုရားအစေခံဆိုသည့် မီကျန်းခမျာ သေဆုံးသွားသည်။ အမျိုးသမီးက ခွေးတစ်ကောင်သတ်လိုက်သကဲ့သို့ ဂရုမစိုက်ဘဲ သွေးဆေဘာဓားကို ပြန်လာစေလိုက်သည်။

“ ဝှစ် ... ။ ”

“ ကလန် ... ။ ”

“ စီနီယာ ... စီနီယာ မင်းအဆင်ပြေရဲ့လား။ ”

ထိုစဉ် ကြေးနီသေတ္တာမှ ချင်းချောင်ရှက စိုးရိမ်နေသံဖြင့် ခပ်တိုးတိုး မေးမြန်းလာသည်။ စုရီက ကြေးနီသေတ္တာကို အမျိုးသမီးထံ ပစ်ပေးလိုက်ကာ၊

“ ဒီမှာ မင်းရဲ့ပစ္စည်းဟု။ ”

-ဟု ပြောကြားလိုက်သည်။

အမျိုးသမီးသည် သေတ္တာကို လက်ခံရယူပြီးနောက် လက်ချောင်းနှင့်တစ်ချက် ခေါက်လိုက်ရာ ချင်းချောင်ရှအသံမှာ ချက်ချင်းပင် ရပ်တန့်သွားတော့၏။

သည့်နောက် သူမက မော့ကြည့်လိုက်ရာ သူမ၏ သွေးရောင်မျက်ဝန်းများမှာ နဂိုအတိုင်း မျက်ဝန်းပြာများအဖြစ် ပြန်လည် ပြောင်းလဲသွားပြီးဖြစ်သည်။

တည်ငြိမ်သော အရှိန်အဝါများ ပြောင်းလဲပြသကာ၊

“ တာအိုအစ်ကို ... နှစ်ကာလတွေ မြောက်များစွာ ကုန်ဆုံးပြီးတဲ့နောက်မှာတော့ ဝင်စားခြင်းကနေ မင်း ပြန်လာနိုင်တဲ့အတွက် တကယ်ဝမ်းသာရပါတယ် ...

... အခုက အားနည်းနေသေးသလို အတိတ်က မှတ်ဉာဏ်တွေလည်း မရှိသေးဘူး ဒါပေမဲ့ နောင်တစ်ချိန်မှာ တာအိုအစ်ကိုဟာ အဲဒီအချိန်ကထက် ပိုသန်မာလာလိမ့်မယ် ...

... နှမြောစရာကောင်းတာက အချိန် သိပ်မရတော့ဘူး ငါနယ်နိမိတ်စစ်မြေပြင်ကို ပြန်သွားရတော့မယ် တာအိုအစ်ကိုနဲ့အတူ အရင်လို သောက်စားမူးယစ်ခွင့် မရတာတော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ ”

အဆုံး၌ အမျိုးသမီးက သက်ပြင်းချလိုက်သည်။

“ တာအိုအစ်ကိုရဲ့ စိတ်ထဲမှာ သံသယတွေ အများကြီး ရှိနေမှာပါ ဒါပေမဲ့ နောင်တစ်ချိန်မှာ အားလုံးကို နားလည်သွားမှာပါ။ ”

သ်ည့နောက် စကားအချို့ထပ်ပြောရန် ပြင်နေစဉ်မှာပင် သူမသည် တစ်စုံတစ်ခုအပေါ် သတိပြုမိဟန်ဖြင့် အချိန်မြစ်ကြီးထံ ပြန်၍ လှည့်ကြည့်လိုက်သည်။

တစ်ဆက်တည်းမှာပင် မျက်မှောင်ကြုတ်လျက်၊

“ ဒီပင်္ကရာဗုဒ္ဒက ဒီကအပြောင်းအလဲကို သိသွားပြီ သူ နယ်နိမိတ်စစ်မြေပြင်ကနေ .. ဒီကို ဆင်းသက်ဖို့ ကြိုးစားနေတယ်။ ”

-ဟု ပြောကြားလာ၏။

ဤတစ်ကြိမ်တွင် စုရီသည် သိချင်စိတ်များကို မထိန်းနိုင်တော့ဘဲ ပြန်၍ မေးလိုက်လေသည်။

“ မင်းလည်း အဲ့ဒီစစ်မြေပြင်မှာ ရှိနေတာလား ... မင်းက ဒီပင်္ကရာမြတ်ဗုဒ္ဒနဲ့ တိုက်ခိုက်နေတာလား။ ”

“ မှန်ပါတယ် ... ငါ့ရဲ့ မိတ်ဆွေတွေ တားဆီးပေးမှုကြောင့်သာ ဉာဏ်အလင်းမီးအိမ် ဒီပင်္ကရာမြတ်ဗုဒ္ဒက ဒီကိုမလာနိုင်ပဲ သူ့ခွေးကို လွှတ်လိုက်တာ ဖြစ်ပါတယ်။ ”

စုရီတစ်ယောက် စိတ်ထဲ၌ တုန်လှုပ်သွားရ၏။ ယနေ့ဖြစ်စဉ်တွင် ဤမျှစွာ ကြီးမားသောတစ်စုံတစ်ရာ ပါဝင်နေသည်လော။

“ ဒါပေမဲ့ စိတ်မပူပါနဲ့ ... နတ်ဘုရားတွေ ကိုယ်တိုင်လာမယ်ဆိုရင်တောင် စည်းမျဉ်းတွေ ကန့်သတ်ချက်ကြောင့် သူတို့ရဲ့ ဝိညာဉ် အပိုင်းအစကိုသာ ပို့လွှတ်နိုင်မှာပါ ...

... အခု ငါ့လိုပဲပေါ့ ... ငါဟာ ငါ့ရဲ့ ဝိညာဉ်ဆန္ဒလေးတစ်ခုပါပဲ အကယ်၍သာငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကြီး လာမယ်ဆိုရင် စည်းမျဉ်းတွေရဲ့ တားဆီးမှုကို ခံရမယ့်အပြင် ဒီအချိန်မြစ်ရဲ့ လားရာကိုပါ ပြောင်းလဲ သွားစေပါလိမ့်မယ်။ ”

... ဒါဆိုရင် ငါ တာအိုအစ်ကိုကို ဒီနေရာမှာတွေ့ခွင့်မရတော့ဘူး အလားတူပဲ နတ်ဘုရားတွေလည်း တာအိုအစ်ကိုကို တိုက်ရိုက် မသတ်နိုင်သလို ...

... တာအိုအစ်ကိုကလည်း သူတို့ ဘယ်ခေတ်မှာရှိနေလဲ သူတို့ရဲ့တည်နေရာကို အတိအကျ မတွက်ဆနိုင်ပါဘူး။ ”

“ ဝုန်း ... ။ ”

သူမ စကားပြောနေစဉ်မှာပင် အချိန်မြစ်ကြီးသည် ပြင်းထန်စွာတုန်ခါလာပြီး စည်မျဉ်းများက လှိုင်းလုံးကြီးများအဖြစ် ထကြွလာတော့သည်။

ဤနေရာသို့ ဦးတည်နေသော ဆန်းကြယ်သည့် အာကာသဥမင်သည်လည်း ပြိုလဲပျက်စီးတော့မည့် အလားအလာများ ပြသလာခဲ့၏။

အမျိုးသမီးက သက်ပြင်းချကာ၊

“ အချိန် မရှိတော့ဘူး ... ငါမင်းကို ပြန်ပို့ပေးပါရစေတာအိုအစ်ကို ... ။ ”

-ဟု ဆိုလာခဲ့သည်။

သည့်နောက် သူမ၏ သွယ်လျသော လက်များကိုဆန့်ထုတ်လိုက်ရာ အတိုင်းအဆမဲ့ အလင်းမှုန်များက လှိုအာကာသဥမင်ထဲသို့ စီးဝင်သွားပြီး ပြိုလဲတော့မည့်လမ်းကို ပြန်လည်တည်ငြိမ်သွားစေ၏။

“ တာအိုအစ်ကို ... မြန်မြန်သွားတော့။ ”

စုရီက အာကာသဥမင်အတွင်း လှမ်းဝင်လိုက်ရာမှ ရုတ်တရက် သတိရလာပြီး ပြန်လှည့်ကြည့်ကာ၊

“ အရင်က လက်ရိုးထဲမှာ ကျန်ခဲ့တဲ့ မင်းရဲ့ဝိညာဉ်ကပြောဖူးတယ် မင်းရဲ့ခန္ဓာကိုယ် သုံးနှစ်အတွင်းမှာ ပြန်လာမယ်လို့ ... အခု နှစ်နှစ်ကျော်နေပြီ ... ။ ”

သို့သော် သူ့စကားမဆုံးခင်မှာပင် အာကာသဥမင်၏စွမ်းအားက သူ့ကိုဆွဲခေါ်သွား ခဲ့တော့သည်။

အချိန်မြစ်ပြင်အထက်တွင် အမျိုးသမီးသည်လည်း ပျောက်ကွယ်သွားသည့် အာကာသဥမင်ကိုကြည့်ကာ သက်ပြင်းချလျက်၊

“ တာအိုအစ်ကို ... ငါမင်းဆီကို အရောက်လာခဲ့မှာပါ ... ။ ”

-ဟု ခပ်တိုးတိုး ကတိပေးလိုက်၏။

ထို့နောက် အမျိုးသမီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ကာ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။

“ ဝုန်း ... ။ ”

များမကြာမီမှာပင် အချိန်မြစ်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး အတိုင်းအဆမဲ့သော စည်းမျဉ်းပွက်ပွက်ဆူလာကာ အရာအားလုံး ဝေဝါးသွားခဲ့၏။

“ နောက်ဆုံးတော့ ... ခြေတစ်လှမ်း နောက်ကျသွားပြန်ပြီ။ ”

အလွန်လေးနက် ခံ့ညားသော အသံကြီးတစ်သံ မြစ်၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။

ယင်းသည် တ်ဘုရားမီးလျှံများ သိုင်းခြုံထားသည့် ကြာပလ္လင်အထက်တွင် ထိုင်နေသော ဗုဒ္ဓတစ်ပါးပေပင်။

“ ဒါပေမဲ့ ဒါကလည်း ကိစ္စမရှိပါဘူး အနည်းဆုံးတော့ ... ဒီလူရဲ့သဲလွန်စကို ငါတို့ သိလိုက်ရပြီ ... ။ ”

သည့်နောက် အချိန်မြစ်ကြီးနှင့် ထိုဗုဒ္ဓပုံရိပ်သည်လည်း လုံးဝပျောက်ကွယ်ပြီး အမှောင်ထုသည်သာ ကျန်ရစ်ခဲ့တော့သည်။

ယခင်က ထိုအာကာသ၌ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်တိုင်းသည် အိပ်မက်တစ်ခုအလားပေပင်။ စုရီ၊ မီကျန့်၊ အမျိုးသမီး၊ ဒီပင်္ကရာဗုဒ္ဒတို့သည် အိမ်မက်အတွင်းမှ ဆန္ဒများသာဖြစ်ချေမည်။

***

“ ဘာတွေ ဖြစ်နေတာလဲ။ ”

ရုတ်တရက် ကြယ်မုန်တိုင်းဒေသကို ဖုံးလွှမ်းထားသော ကပ်ဘေးစွမ်းအားများသည် ချက်ချင်းပါးလျလာ၏။

တားမြစ်မြေအတွင်းရှိ ဗလာနယ်ပယ် သေလွန်ဝိညာဉ်များမှာ ဤအပြောင်းအလဲကို သတိပြုမိလိုက်သည်။ မြူများဖုံးလွှမ်းနေသော ရတနာတစ်သောင်းနယ်မြေတွင် မြူခိုးများမှာ လွင့်စင်ပျောက်ကွယ် လာနေ၏။

“ ဟမ့် ... အားလုံး ခံစားမိကြလား ဒီလောကကြီးမှာ အင်မော်တယ်ချီစွမ်းအင်တွေ ပြန်လည်နိုးထလာနေပြီ။ ”

အဖိုးကြီးတစ်ယောက်မှ တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ အင်မော်တယ် ချီသည် သူတို့အတွက် မရှိမဖြစ်စွမ်းအင်ပေပင်။

သူ့စကားကြောင့် အဘိုးကြီးများ အားလုံး စိတ်လှုပ်ရှားသွားသည်။ လူတိုင်းအသက်ပြင်းစွာ ရှူရှိုက်လျက်၊

“ ဟုတ်တယ် ... ဒါဟာ အင်မော်တယ်နယ်ပဘ်အတွက် ဥပဒေနိယာမ စွမ်းအားတွေပဲ။ ”

-ဟု အတည်ပြုလာကြ၏။

“ ဒါဆိုရင် ... ငါတို့အားလုံးရှာနေတဲ့ လွတ်မြောက်ခြင်းဒေသက တကယ်ပဲ ပေါ်လာ တာများလား။ ”

“ သေချာပေါက်ပဲ ဒါသေချာပေါက်ပဲ။ ”

သူတို့ကဲ့သို့သော ခန္ဓာကိုယ်ပျက်စီးနေသည့် သေလွန်ဝိညာဉ်များအတွက် အပြောင်းအလဲမှာ ကောင်းကင်ဘုံမှ ပေးသနားသော ဆုလာဘ် ကဲ့သို့ပေပင်။

ဓမ္မအဆုံးခေတ်ကပ်ဘေးကြီး မတိုင်မီ ဤလောကနှင့် အင်မော်တယ်နယ်မြေကြီးသည် ဆက်သွယ်မှု ရှိခဲ့သည်။

သေမျိုးကမ္ဘာမှ ကျင့်ကြံသူများသည် အောင်မြင်မှုရရှိပါက မင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်သလို အင်မော်တယ်များလည်း ဤလောကသို့ ဆင်းသက်နိုင်ခဲ့၏။

ယခု ဤကဲ့သို့ ကျင့်ကြံခြင်းလမ်းများ ပြန်လည်ပေါ်ထွက်လာခြင်းဖြင့် ခေတ်သစ် တစ်ခု ရောက်ရှိလာပေတော့မည်။

“ ဒီအပြောင်းအလဲတွေရဲ့ နောက်ကွယ်မှာ တာအိုစုရှိနေမယ်လို့ မင်းမထင်ဘူးလား။ ”

တစ်စုံတစ်ဦးမှ ရုတ်တရက် သတိရလာသည်။ သူ့‌ဘေးရှိ သေလွန်ဝိညာဉ်မှ တွေးဆဟန်ဖြင့်၊

“ ဖြစ်နိုင်တယ် ... တာအိုစုက လွတ်မြောက်ခြင်းဒေသထဲကို ဝင်သွားပြီးမှသာ ဒီဖြစ်စဉ် ထွက်ပေါ်လာတာ။ ”

“ ငါတို့တွေ ကံကောင်းတယ် တာအိုစုရဲ့ကျေးဇူးကြောင့်သာ ကျိန်စာတွေကို ဖြေရှင်းနိုင်ခဲ့ပြီ ... မဟုတ်ရင် ဒီရွှေခေတ်ကြီး ရောက်လာရင်တောင် လွဲချော်နေဦးမှာပဲ။ ”

“ တာအိုစုက ဝင်စားခြင်းဥပဒေကို အုပ်စိုးသူဖြစ်ပြီး ကပ်ဘေးတွေအတွက်တော့ တကယ်သဘာဝရန်သူပဲ ... သူက ကပ်ဘေး ကျိန်စာတွေကို ချေမှုန်းပစ်နိုင်တယ် ... ။ ”

လူအများမှာ စိတ်လှုပ်ရှားစွာဖြင့် သုံးသပ်စကားများ ပြောဆိုနေ၏။ ယနေ့သည် တစ်ယောက်တည်း၏ ခွန်အားဖြင့် ခေတ်သစ်ကို ယူဆောင်ပေးလာခြင်းဖြစ်သည်။

တာအိုစုဟူသည် လောကတစ်သောင်းကို အလင်းဆောင်ပေးနိုင်သော မီးရှူးတိုင်ကြီးကဲ့သို့ ဒဏ္ဍာရီလာ ဖြစ်တည်မှုတစ်ခုပေပင်။

***

All Chapters