အခန်း (၁၀၈၇-၁၀၈၈)
Vol. 91 Ch. 1087-1088
အခန်း ၁၀၈၇ –
နတ်မိစ္ဆာခေတ်သို့ ရောက်ရှိခြင်း ... ။
“ တာအိုစု ငါတို့လည်း မင်းနဲ့အတူ လိုက်ပါရစေ။ ”
အပေါင်ဆိုင်စာရေးက တောင်းဆိုလာသည်။ သူတို့သခင်သည် နတ်ဆိုးခေတ်မှ ဖြစ်နေလေရာ ဤခရီးသည် အိမ်ပြန်ခြင်းပေပင်။
သည့်ပြင် ဤနှစ်များတစ်လျှောက် ကြယ်လွင်ပြင်အနှံ့အပြားတွင် အဓိပ္ပါယ်မဲ့စွာ လှည့်လည်နေခဲ့ရသည်။ ထို့ကြောင့် အိမ်ကို လွမ်းမိချေပြီ။
“ ကောင်းပြီ ... ။ ”
စုရီက သဘောတူလိုက်၏။ ထို့ကြောင့် မြည်ဟည်းသံနှင့်အတူ နှစ်ထပ်ဝါးအိမ်အရွယ်မှာ ကိုးလက်မအရွယ်အစားသို့ ချက်ချင်းကျုံ့ဝင် သွားကာ စုရီလက်ဝါးထက်သို့ ကျလာသည်။
“ ဝမ် ... ။ ”
အပေါင်ဆိုင်စာရေးသည် စုရီ စိတ်ပြောင်းသွားမည်ကို စိုးရွံ့နေပုံရ၏။ စုရီက ပ်ငလယ်လေးပါးမျှော်စင်သို့ ပြန်ရောက်သော အခါ ရှေးဟောင်းပစ္စည်း ရောင်းသူထံ တိုက်ရိုက်မေးလိုက်သည်။
“ မင်းဆီမှာ အာကာသနဲ့ ပတ်သက်တဲ့ ရတနာတွေ ရှိလား။ ”
“ ရှိတယ် ... ။ ”
ရှေးဟောင်းပစ္စည်းရောင်ဝယ်သူက လက်ဝေ့ယမ်းလိုက်ရာ အာကာသနိယာမများ စီးဆင်းနေသော ရှေးဟောင်းရတနာများစွာ ပေါ်ထွက်လာသည်။
“ ဒါတွေအားလုံးက ငါ စုဆောင်းထားတဲ့ အာကာသရတနာင်တွေပဲ အရင်တုန်းကတော့ သံတိုသံစတွေလိုဖြစ်နေပေမဲ့ အခုလောကကြီး အပြောင်းအလဲမှာ သူတို့ရဲ့ အင်မော်တယ် အစွမ်းတွေ ပြန်နိုးထလာကြပြီ ...
... အချို့ဆိုရင် ရှေးဟောင်းကာလက ကျန်ခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းတွေပဲ မင်း ကြိုက်တာ ရွေးပါ။ ”
ရှေးဟောင်းပစ္စည်းရောင်သူက ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။ စုရီမှ လေထဲပျံဝဲနေသော ရတနာများထံ ကြည့်ကာ ကျောက်စိမ်းလှံကို လှမ်းယူလိုက်၏။
ဤသည်မှာ ပထမတန်းစား အာကာသအင်မော်တယ် ရတနာတစ်ပါးပေပင်။ ဟုန်ယွင်က ဘေးမှကြည့်လျက်၊
“ တာအိုစု အကူအညီလိုလား။ ”
-ဟု မေးမြန်းလာသည်။
စုရီက ခေါင်းခါလျက် နတ်မိစ္ဆာခေတ်သို့ သွားမည့်အကြောင်းကို အကျဉ်းချုပ် ပြောကြား လိုက်သည်။
“ ငါ တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။ ”
“ ကောင်းပြီ ... မင်းစိတ်ချသွားပါ ဒီချင်ယွဲ့တောင်မှာ မင်းပြန်လာတဲ့အချိန်အထိ ငါစောင့်နေပါ့မယ်။ ”
ဤသည်မှာ စုရီ၏ မိတ်ဆွေများကို ကာကွယ်ပေးခြင်းမည်ချေသည်။ ယင်းကြောင့် စုရီမှ ပြုံးလိုက်၏။
“ ဖြစ်နိုင်ရင် ... ငါ့အတွက် တာအိုပလ္လင်တစ်ခုလောက် တည်ဆောက် ပေးတိုင်မလား။ ”
“ ဒါ သဘာဝပါပဲ။ ”
ဟုန်ယွင်တစ်ယောက် မျက်ဝန်းများ ဝင်းလက်သွားပြီး ချက်ချင်း ပြေးထွက်သွား တော့သည်။
ညသန်းခေါင်ယံအချိန်ရောက်သော် တာအိုပလ္လင်တစ်ခု တောင်ထိပ်ပေါ်၌ ထွက်ပေါ် လာချေ၏။ ထိုပလ္လင်ထက်၌ ဆန်းကြယ်သော စည်းမျဉ်းများ ဖုံးလွှမ်းနေပြီး အာကာသ လှိုင်းများ လှုပ်ခတ်နေချေပြီ။
ဤသည်မှာ ထိုက်ရှဝူကျန့်တာအိုရူရ် ဖြစ်သည်။ စုရီ၏ လမ်းညွှန်မှုဖြင့် ဟုန်ယွင်မှ ရေးထိုးပေးထားခြင်းပေပင်။
အချိန်နှင့် အာကာသတံခါးကို ဖွင့်လှစ်ပေးကာ အချိန်မြစ်ကြီးထံသို့ ပို့ဆောင် ပေးနိုင်ချေ၏။ စုရီ ပလ္လင်ထက်သို့ တက်လှမ်း သွားတော့သည်။
“ တာအိုစု ... အချိန်မြစ်ကို ဖြတ်ကျော်ပြီးခရီးသွားတာက အရမ်းအန္တရာယ် များလွန်းပါတယ် မင်းသတိထားပါ။ ”
ဟုန်ယွင်မှ မှာကြားလိုက်သည်။ စုရီက ခေါင်းညိတ်ပြ၏။ အချိန်မြစ်သည် ခေတ်များကို ဆက်သွယ်ထားသော အချိန်နှင့်အာကာသ စီးကြောင်းကြီးဖြစ်သည်။
တစ်စုံတစ်ဦးသည် တိကျသော အာကာသဆုံမှတ်တစ်ခုမရှိသော် လမ်းပျောက် သွားနိုင်သည်။ ဤနည်းဖြင့် အချိန်မြစ်အတွင်း စီးမျောလျက် အချိန်မုန်တိုင်းများ၏ တိုက်စားခြင်း ခံရနိုင်၏။
သို့သော် စုရီမှာမူ စိုးရိမ်စရာမရှိချေ။ ဆဋ္ဌမမြောက်ဘဝဝမ်ယဲ့သည် ဤမြစ်ကြီးကို ဖြတ်ကျော်ကာ နတ်မိစ္ဆာခေတ်သို့ သွားရောက် လည်ပတ်ခဲ့ဖူးသလို၊ သတ္တမမြောက်ဘဝရှန့်မူ သည်လည်း နတ်မိစ္ဆာခေတ်မှလာသူဖြစ်၏။
“ အလွန်ဆုံး တစ်လပဲ၊ ငါ ပြန်လာခဲ့မယ်။ ”
စုရီက အာကာသအတက်အကျ လှိုင်းအတွင်းသို့ လှမ်းဝင်လိုက်ကာ စကားချန် ခဲ့လေသည်။ အလင်းတန်းများ တောက်ပလျက် သူ့ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားချေပြီ။
***
နတ်မိစ္ဆာခေတ်။ ဤသည်မှာ အလွန်ရှေးကျသော ကျင့်ကြံမှုကမ္ဘာကြီးတစ်ခု ဖြစ်လေသည်။
ဆန္ဒခြောက်ပါးနတ်ဆိုးဂိုဏ်းအတွင်း အဖြူရောင်ဝတ်စုံဖြင့်ရွှယ်လျူသည် ပလ္လင်ကြီး တစ်လုံးထက်တွင် ထိုင်နေ၏။
သူမရှေ့တွင် ဂိုဏ်း၏ အကြီးအကဲများ ရှိနေသည်။ ထိုအကြီးအကဲများအနက် တစ်ဦးက ရှေ့လှမ်းတက်လာပြီး၊
“ ဂိုဏ်းချုပ်ကိုတင်ပြရရင် ... ကြယ်တာရာမူလတောင်တဝိုက် လုံးဝပိတ်ဆို့ ထားလိုက်ပါပြီ အဆင့်မြင့်အကြီးအကဲ (၃၉)ဦးနဲ့ နတ်ဆိုးဝိညာဉ်(၁၀၀)ကျော်ကလည်း အသင့် စောင့်ဆိုင်းနေပါတယ်။ ”
ကြယ်တာရာမူလတောင်သည် ရွှယ်လျူမှ စုရီထံပေးပို့လိုက်သော အာကာသဆုံမှတ်နေရာ ဖြစ်လေသည်။ စုရီရောက်လာသည်နှင့် ပိုက်ကွန်ကို သိမ်းလိုက်ရုံပေပင်။
“ ကောင်းပြီ ... ဒီညမှာ မင်းကိုယ်တိုင် အဲ့ဒီတောင်ကို သွားပြီး ကြီးကြပ်ပါ ဒီလူယုတ်မာ ရောက်လာတာနဲ့ မလွတ်စေနဲ့။ ”
ရွှယ်လျူက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်သည်။ ဤအဖိုးအိုသည် အင်မော်တယ်အဆင့် မိစ္ဆာအိုကြီးဖြစ်၏။
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
“ ရှန့်မူရဲ့ မိသားစုဝင်တွေ အားလုံးကို မြေအောက်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ပါ ငါ့အမိန့်ရတာနဲ့ ချက်ချင်းသတ်ပစ် ... ။ ”
“ နားလည်ပါပြီ။ ”
“ ပြီးတော့ ... နတ်ဆိုးခေတ်ရဲ့ မိစ္ဆာဂိုဏ်းကြီးခုနစ်ဂိုဏ်းကို ဆက်သွယ်ထားပါ သုံးရက်အတွင်း အဆင့်မြင့်အကြီးအကဲ (၉)ဦးစီ စေလွှတ်ပေးဖို့သတိပေးလိုက်။ ”
“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”
ထို့နောက် ရွှယ်လျူသည် အားရကျေနပ်သွားဟန်ဖြင့် အကြီးအကဲအားလုံး ပြန်စေလိုက်သည်။ ခန်းမအတွင်း သူမ တစ်ယောက်တည်းသာ ကျန်ရှိခဲ့၏။
ယနေ့ခတ်တွင် သူမ၏ ဆန္ဒခြောက်ပါးဂိုဏ်းသည် နံပါတ်တစ်နတ်ဆိုး အင်အားစုဖြစ်လာပြီး ခေတ်တစ်ခေတ်၏ အုပ်စိုးရှင်ဟုပင် မှတ်ယူနိုင်သည်။
ထိုသို့သော အင်အားစုကြီး၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူမ၏အာဏာမှာ အဆုံးမဲ့ပေပင်။
သို့သော် သူမ၏လမ်းသည် စိတ်မကောင်းစွာဖြင့် အတားအဆီးကြီးတစ်ခု ရှိနေသည်ကို သူမသာသိချေပြီ။
“ ရှန့်မူ ... နင့်ကြောင့် ငါ့ရဲ့နှလုံးသားမှာ နတ်ဆိုးတစ်ကောင်ရပြီး အခုချိန်ထိ နတ်ဘုရား မဖြစ်နိုင်သေးဘူး ... နင့်ရဲ့ရှန့်မိသားစုကို ငါ နင်းခြေထားပေမယ့် ဒီနတ်ဆိုးကနေ ...
... မလွတ်မြောက်နိုင်ဘူး ... ဒါကြောင့် နင့်ရဲ့ဆရာကိုသတ်ပြီး အခုသူ့သမီးကို ဖမ်းထား လိုက်ပြီ မင်းရောက်လာတဲ့အခါ ပျော်ရွှင်စရာ တွေ့ဆုံမှု ဖြစ်ပါစေလို့ ငါဆုတောင်းတယ်။ ”
နန်းတော်အပြင်ဘက် အမှောင်ထဲတွင် အပ်ချုပ်သမားသည် တိတ်ဆိတ်စွာရပ်နေပြီး သူ့ မျက်ဝန်းများ၌ မုန်းတီးနာကျည်းနေသော သတ်ဖြတ်လိုစိတ်များ ရစ်သိုင်းနေခဲ့၏။
***
နတ်မိစ္ဆာခေတ်တွင် ကမ္ဘာပေါင်းများစွာ ပါရှိသည့်အနက် ထာဝရကမ္ဘာသည် ထိပ်တန်း ကမ္ဘာတစ်ခု ဖြစ်သည်။
“ ခရစ် ... ။ ”
သန်းခေါင်ယံအချိန်တွင် ထာဝရကမ္ဘာတောင်ပိုင်း၌ လေဟာနယ်ကြီး ဖျပ်ခနဲကွဲအက်သွားကာ အလင်းမှုန်များ ထွက်ပေါ်လာလေသည်။
ထိုအလင်းမှုန်များသည် ညအမှောင်ထု အောက်တွင် ပိန်သွယ်မြင့်မားသော လူရိပ်အဖြစ် ပေါင်းစည်းသွား၏။ ဤသည်မှာ စုရီပေပင်။
အချိန်မြစ်ကို ဖြတ်သန်းလာစဉ် ရွှယ်လျူပေးထားသော အာကာသဆုံမှတ်အပေါ် အသုံးမပြုဘဲ ဝမ်ယဲ့လာရောက်လည်ပတ်စဉ်က အာကာသဆုံမှတ်ကို သုံးခဲ့ခြင်းဖြစ်သည်။
“ ဟမ့် ... ငါ့တကယ် အားနည်းနေသေးတာပဲ။ ”
အချိန်မြစ်ကို ဖြတ်သန်းလာစဉ် သူ့ခန္ဓာကိုယ်သည် အာကာသလှိုင်းများစွာ၏ ရိုက်ပုတ်မှုကြောင့် ပြိုကျလုနီးပါးဖြစ်ခဲ့ရ၏။
ငရဲဘုံကိုးပါးဓားကိုသာ အသုံးပြုခြင်း မရှိခဲ့သော် ထိုရူးသွပ်ဖွယ် အချိန်စွမ်းအားများ၏ ဖျက်ဆီးခြင်းကို ဧကန်ခံရပေမည်။
“ အင်မော်တယ်အဆင့် မရောက်သေးဘဲ အချိန်မြစ်ကို အတင်းအကြပ်ဖြတ်သန်းတာက တကယ့်ကို အန္တရာယ်များလွန်းပါတယ်။ ”
ကံကောင်းထောက်မစွာဖြင့် ဘေးကင်းစွာ ရောက်ရှိလာခဲ့၏။ အဆုံး၌သက်ပြင်းချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည်။
သန်းခေါင်ယံ အချိန်ဖြစ်ရာ အဝေးရှိ နတ်ဆိုးတောင်သည် အမှောင်ထဲဝပ်တွားသည့် နဂါးကြီးတစ်ကောင်သကဲ့သို့ ခန့်ညား ထည်ဝါစွာနေချေပြီ။
ဤခေတ်သည် နတ်ဆိုးတာအိုကို ကျင့်ကြံ၏။ ထို့ကြောင့်လေထုထဲ ထူးခြားသည့် ကြမ်းတမ်းသည့် တာအိုဥပဒေများဖြင့် ပြည့်နှက်နေချေပြီ။
“ ကမ္ဘာတစ်သောင်း မိစ္ဆာနန်းတော် ရှိနေသေးလား တွေးမိပါတယ်။ ”
စုရီက အတိတ်ကို ပြန်လည် သတိရလာခဲ့သည်။ ထိုစဉ်ကာလများစွာက ဝမ်ယဲ့သည် ဤတောင်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူး၏။
ရည်ရွယ်ချက်မှာ နတ်မိစ္ဆာခေတ်၏ ကျင့်ကြံခြင်းယဉ်ကျေးမှု မြစ်ဖျားခံရာရှာဖွေပြီး နတ်ဘုရားလမ်းသို့ တက်လှမ်းရန် ဖြစ်သည်။ ယင်းကြောင့် လက်အောက်ငယ်သားအချို့ စုဆောင်းကာ ရှေးဟောင်းကျမ်းစာများ ရှာဖွေခိုင်းခဲ့ရ၏။
ထိုလက်အောက်ငယ်သားများထဲမှ တစ်ဦးသည် ကမ္ဘာတစ်သောင်း မိစ္ဆာနန်းတော် တည်ထောင်သူပေပင်။ ဤနေရာသို့ ရောက်ရှိ လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ ထိုသူများကို ရှာဖွေရန်ဖြစ်သည်။
“ နှစ်ပေါင်း သိန်းနဲ့ချီ ကြာသွားပြီ... အဲ့ဒီတုန်းက လူတွေကော ရှိပါ့ဦးမလား ... ။ ”
ဆဋ္ဌမမြောက်ဘဝဝမ်ယဲ့သည် အင်မော်တယ်ဘုရင်တစ်ပါးအဖြစ် နှစ်ပေါင်း (၁၉၀,၀၀၀) နေထိုင်ခဲ့သည်။
ထို့နောက် ရှန့်မူသည် အသက်(၂၃)နှစ်အထိ နေထိုင်၏။ ကွမ်ျကူးမှာမူ နှစ်ပေါင်း (၁၆၀,၀၀၀) ကုန်လွန်ခဲ့လေသည်။ အဆုံး၌ စုရွှမ်ကြွယ်သည် နှစ်ပေါင်း (၁၀၈၀၀၀) ဝင်စားခဲ့၏။
ထို့ကြောင့် သူ့အတွေးမှာ လွန်အံ့ မဆိုသာချေ။ စုရီတစ်ယောက် တွေးတောနေစဉ် လေဟုန်စီးလာသံများ ကြားလိုက်ရသည်။
***
အခန်း ၁၀၈၈ –
မိစ္ဆာတစ်သောင်း အမိန့် ... ။
“ အစောပိုင်း ထူးဆန်းတဲ့ အသံနဲ့ဖြစ်စဉ်တွေက ဒီဘက်မှာမဟုတ်လား။ ”
“ မှန်တယ် ... ကြည့်စမ်း ... ဟိုမှာ ငါတို့ထက်အရင် ရောက်နေတဲ့သူ ရှိနေပြီ။ ”
အလင်းတန်းများစွာ ပေါ်လာပြီး ကျင့်ကြံသူတစ်စု ရောက်ရှိလာသည်။ ရှေ့ဆုံးမှ ဦးဆောင်သူမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်၏။
အမျိုးသားမှာ ဝတ်ရုံရှည်ကြီးဖြင့် မောက်မာသောအသွင်ရှိပြီး၊ အမျိုးသမီးသည် ခရမ်းရောင်ဝတ်စုံဖြင့် သိမ်မွေ့ထည်ဝါလှ၏။
“ ဟမ့် ... ကျင့်ကြံခြင်းမရှိတဲ့ သေမျိုးတစ်ယောက်လား။ ”
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက စုရီကိုမြင်ပြီးနောက် အံ့အားသင့်သွားလေသည်။ မည်သို့ပင် စစ်ဆေးကာမူ တစ်ဖက်လူသည် သာမန်ဖြစ်ချေ၏။
“ ဘယ်လိုလုပ် သာမန်လူဖြစ်နိုင်မှာလဲ။ ”
အမျိုးသားက မျက်မှောင်ကြုတ်ကာ၊
“ ဒီလိုသန်းခေါင်ယံမှာ သေမျိုး တစ်ယောက်က မိစ္ဆာတောင်တန်းဆီလာဝံ့မယ် ထင်နေသလား ... ကောင်လေး မင်းခုနက အလင်းတန်းတွေကို မြင်လိုက်သလား ငါ့ကိုမြန်မြန်ပြောစမ်း။ ”
-ဟု မေးမြန်းလာ၏။ စုရီမှ ပြန်မဖြေဘဲ မျက်မှောင်ကြုတ်သည်။ ထိုစဉ် ခရမ်းရောင်ဝတ် အမျိုးသမီးက အမျိုးသားထံလှည့်ကြည့်ကာ၊
“ ရုံဝမ် ... မင်းရဲ့လေသံကို ဆင်ခြင်ပါ ... သေမျိုးတစ်ယောက်ရှေ့မှာ အာဏာပြနေတာ မင်း ... မရှက်ဘူးလား။ ”
- ဟု တားမြစ်လိုက်သည်။ သို့တိုင် အမျိုးသားက မကျေမနပ်ဖြင့် စုရီကိုစစ်ဆေးပြီး၊
“ ဒီကောင်လေးက သာမန်လူနဲ့ မတူဘူး၊ ငါသူ့ကို စမ်းကြည့်လိုက်မယ်။ ”
-ဟု ဆိုလာသည်။
“ ရပ်စမ်း ငါတို့လာရတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့။ ”
ထို့နောက် အမျိုးသမီးက စုရီကို ပြန်ကြည့်ကာ၊
“ ကောင်လေး ... ဒီနေရာက အရမ်း အန္တရာယ်များတယ် ... မြန်မြန်ထွက်သွားတာ မင်းအတွက် အကောင်းဆုံးပဲ။ ”
- ဟု သတိပေးလိုက်သည်။
ပြီးနောက် သူ့ကိုလျစ်လျူရှုကာ အခြားလူများခေါ်ဆောင်လျက် တောင်တန်း အတွင်း ဆက်လျှောက်သွားတော့၏။ အမျိုးသား မှာမူ မကျေမနပ်ဖြင့် စုရီကိုပေစောင်းစောင်း စိုက်ကြည့်သွားလေသည်။
“ နှမြောစရာပဲ ... ။ ”
စုရီက သက်ပြင်းချလိုက်သည်။
“ ဘာကို နှမြောတာလဲ ကောင်လေး။ ”
ရုတ်တရက် အမှောင်ထဲမှ ပိန်ချုံးနေသော အဘိုးကြီးတစ်ဦး ထွက်လာပြီး မေးမြန်းလာ၏။ သူ့ထံမှ မှော်ဆန်သော အငွေ့အသက်များ ဖြာထွက်နေသည်။
“ သူတို့တွေသာ ငါ့ကိုတိုက်ခိုက်လာရင် သူတို့ကိုဖမ်းဆီးပြီး မှတ်ဉာဏ်ကိုစစ်ဆေးမို့ စိတ်ကူးနေတာ အခုတော့ လွတ်သွားပြီ။ ”
စုရီက အဖိုးအိုထံ လှည့်မကြည့်ဘဲ ထွက်ခွာသွားသော လူအုပ်ထံမျှော်ကြည့်လျက် ပြန်ဖြေပေးလိုက်သည်။ အဘိုးအိုခမျာ မျက်ခုံးပင့်သွား၏။
“ မင်း ... ။ ”
“ ဘာလို့လဲ ... မင်း မကူညီချင်ဘူးလား။ ”
ဤတစ်ကြိမ်တွင် စုရီသည် ပြုံးလျက် အဖိုးကြီးထံ လှည့်ကြည့်လိုက်သည်။ အဖိုးကြီးမှ တုန်ရင်လာပြီး၊
“ ငါ့ကို ခွင့်ပြုပါဦး ကိစ္စလေးရှိနေလို့ မင်းကိုမကူညီနိုင်တာ နားလည်ပေးပါ။ ”
-ဟု ဆိုပြီး ချက်ချင်း ပြေးတော့၏။ သို့သော်လမ်းတစ်ဝက်မှာပင် စုရီ၏အသံသည် သူ့နားထဲဝင်ရောက်လာခဲ့သည်။
“ နေပါဦး ... မင်းကိုပါ လွှတ်ပေးလိုက်ရင် ဒီညငါ့ကိုဘယ်သူလာပြီး ကူညီတော့မှာလဲ။ ”
အဘိုးကြီးမှ ထိတ်လန့်တကြား ခုခံရန်ပြင်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ လက်တစ်ဖက်က သူ့လည်ပင်းထံ ကြက်ကလေးကဲ့သို့ ဖမ်းဆုပ်လာပြီဖြစ်ချေ၏။
“ စီနီယာ ... ငါ့ကို ချမ်းသာပေးပါ ... ငါတကယ် မရည်ရွယ်ပါဘူး။ ”
“ ဟမ့် ... မင်းခုနက ငါ့ဆီလာတာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ဆိုတာ ငါသိတယ် စိတ်မပူနဲ့ ငါမင်းရဲ့မှတ်ဉာဏ်တွေကို စစ်ဆေးပြီး အသက်ချမ်းသာခွင့် ပေးပါ့မယ်။ ”
ထို့နောက် စုရီက ဝိညာဉ်ရှာဖွေခြင်းကို စတင်လိုက်တော့၏။ အဖိုးကြီးခမျာ နာကျင်မှု များကြောင့် မျက်နှာရှုံ့မဲ့တွန့်လိမ်လာသည်။
ကမ္ဘာတစ်သောင်း မိစ္ဆာနန်းတော်သည် လွန်ခဲ့သော ကာလများစွာကပင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
လက်ရှိအချိန်၌ ထိုနန်းတော်မှာ အပျက်အစီးများသာ ကျန်တော့သော်လည်း မကြာသေးခင်ကမှ ထိုနေရာတွင် ရတနာအချို့ ပြန်လည်ထွက်ပေါ်လာသဖြင့် လူအများက ကံကြမ္မာစမ်းရန် ဝင်ရောက်လာခြင်းပေပင်။
“ အချိန်က အရာအားလုံးကို တကယ်ပြောင်းလဲစေတာပဲ ဒီတောင်ကြီးက ရှိနေသေးပေမယ့် လူတွေကတော့ မရှိကြတော့ဘူး။ ”
စုရီက အဖိုးကြီးကို လွှတ်ချလိုက်သည်။ အဖိုးကြီးခမျာ အသက်ကို ပြင်းပြင်းရှူလျက် ချက်ချင်းထွက်ပြေးတော့၏။
စုရီက သူ့ကိုလျစ်လျူရှုလိုက်ပြီး အမိန့်တစ်ခုအား လေထဲထွင်းထုလိုက်သည်။ ဤသည်မှာ မိစ္ဆာတစ်သောင်းအမိန့် ပေပင်။
ထိုစဉ်က ဝမ်ယဲ့သည် သူ၏ လက်အောက်ငယ်သားများကို ဆင့်ခေါ်ရန် အသုံးပြုသည့် တံဆိပ်ဖြစ်ချေ၏။
“ အရင်ဆုံး တောင်တန်းထဲကို သွားကြည့်ရအောင် တစ်ခုခုရနိုင်မလား။ ”
လေထုအလယ် ထူးခြားသော စွမ်းအင်လှိုင်းတစ်ခု အရပ်ရပ်သို့ပြန့်ကားသွား သည်ကို တစ်ချက်ကြည့်ကာ စုရီတစ်ယောက် တောင်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။
တောင်တန်းကြီး၏ ဗဟိုဒေသကြီးတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ကျင့်ကြံသူ ရာပေါင်းများစွာသည် ချော်ရည်ကန် တစ်ကန်၏ အလယ်တွင်တည်ရှိနေသော ခန့်ညားထည်ဝါလှသည့် နန်းတော်ကြီးထံသို့ ဝင်ရောက်ရန် ကြိုးစားနေကြ၏။
သို့သော် နန်းတော်ရှေ့ရှိ ကျောက်ရုပ်ကြီးများမှာ သက်ရှိများအလား နိုးထလာကြပြီး ထိုကျင့်ကြံသူများကို ဟန့်တားနေခြင်းဖြစ်သည်။
ဤကျောက်ရုပ်များမှာ ရှေးခေတ်က နတ်ဘုရားများကိုပင် ယှဉ်နိုင်သောစွမ်းအားများ ရှိခဲ့ကြသည်မှာ သံသယဖြစ်စရာမလိုချေ။ သို့သော် ယခုအခါ အားနည်းနေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သာမန် ကျင့်ကြံသူများအတွက် မကျော်ဖြတ်နိုင်သော နတ်ဘုရားအစောင့်ကြီးနှစ်ပါးကဲ့သို့ အတုံးအရုံး သေဆုံးနေကြရသည်။
ခရမ်းရောင်ဝတ် အမျိုးသမီးနှင့် အဖွဲ့သည်လည်းရောက်ရှိသွားပြီး ရပ်တန့်လျက် အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်ကြသည်။
ဤနန်းတော်အတွင်း အင်မော်တယ် ရတနာများ ပြန်လည်ထွက်ပေါ်လာသည်ဟု ကောလာဟလများကြောင့် ဤလူတိုင်းသည် ရူးသွပ်နေချေပြီ။
ယခုအချိန်၌ ထိုသူများနှင့်အတူ တိုက်ပွဲဝင်ခြင်းသည် သူမတို့အတွက် ရူးမိုက်ရာ ကျပေမည်။
“ နှစ်ပေါင်းများစွာ ကုန်လွန် သွားခဲ့တာတောင် ... ဒီနန်းတော်က တကယ်ပဲ ရှိနေသေးတာလား ... ။ ”
ထိုအချိန်တွင် စုရီသည်လည်း ရောက်ရှိလာကာ အမှောင်ထဲမှနေ၍အံ့အားသင့် သွားလေသည်။ ဤသည်မှာ ကမ္ဘာတစ်သောင်း မိစ္ဆာနန်းတော်ဖြစ်ချေပြီ။
“ ဖရူး ... ။ ”
ရုတ်တရက် နန်းတော်ကြီးမှာ တုန်ခါသွားပြီးနောက် နီရဲသော အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက်လာလေသည်။
မိုင်ပေါင်း သုံးထောင်ပတ်လည်ရှိသော မိစ္ဆာတောင်တန်းတစ်ခုလုံး ပြင်းစွာလှုပ်ခါလျက် ကောင်းကင်၌ သွေးရောင်အတောင်ပံတစ်စုံ ပုံရိပ်ကြီး ပေါ်ထွက်လာသည်။
ထိုအတောင်ပံပုံရိပ်ကြီးသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းအုပ်မိုးကာ ကြောက်မက်ဖွယ် ဖိအားများထုတ်လွှတ်နေ၏။
“ ဒါ ... ။ ”
လူတိုင်းထိတ်လန့်ကုန်သည်။ ခရမ်းရောင်ဝတ် အမျိုးသမီးမှာ ရုတ်တရက် သူမ ကြားသိထားသော ဒဏ္ဍာရီတစ်ခုကို သတိရလာ၏။
ဤနန်းတော်၏ တည်ထောင်သူမှာ ကမ္ဘာဦးသွေးပင်လယ်ကြီးမှ မွေးဖွားလာသည့် ခြေသုံးချောင်းကျီးမိစ္ဆာဖြစ်ပြီး ကြယ်တာရာ များကိုပင် ဝါးမြိုနိုင်သူဟုဆိုကြသည်။
ယခု မြင်တွေ့နေရသော အတောင်ပံကြီးသည် ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ပုံရိပ်ဖြစ်နိုင်ပေမည်။
ထိုစဉ်မှာပင် နန်းတော်ထဲမှ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးကြီးတစ်ဦး ဖြည်းညှင်းစွာ လှမ်းထွက်လာ၏။
သူ ပေါ်လာသည်နှင့် ကောင်းကင်မှ အတောင်ပံကြီးမှာ ပြန်လည်ပျောက်ကွယ်လျက် မူလအတိုင်း ပြန်၍ငြိမ်သက်သွားတော့သည်။
အဘိုးကြီးက လူတိုင်းကို ကျော်လွန်ပြီး အမှောင်ရိပ်ထဲမှ စုရီထံလှမ်းကြည့်လိုက်သည်။ ထို့နောက် တုန်တုန်ရီရီဖြင့် မှင်သပ်နေခဲ့၏။
“ နှစ်ပေါင်းများစွာ ကုန်လွန်သွားတာတောင် မင်းဒီမှာ ရှိနေသေးတာလား။ ”
စုရီမှ အံ့အားသင့်စွာ ပြောလိုက်သည်။ ထိုစကားကြားသောအခါ အဘိုးကြီးမှာ အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဒူးထောက် လိုက်တော့၏။
“ ဒီလက်အောက်ငယ်သား ဝူမင်က ... သခင်ပြန်ရောက်ရှိလာ မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်။ ”
ဤမြင်ကွင်းကို ငေးကြည့်နေမိသော ခရမ်းရောင်ဝတ် အမျိုးသမီးနှင့် အခြားသူများမှာ ဆွံ့အသွားကြသည်။
ဝူမင်ဟူသည့်အမည်မှာ မိစ္ဆာတစ်သောင်းနန်းတော် တည်ထောင်ခဲ့သည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး၏ အမည်ဖြစ်၏။
ထိုသို့သော ပုဂ္ဂိုလ်ကြီးသည် သေမျိုးလူငယ်တစ်ဦးကို သခင်ဟုခေါ်ဆိုကာ ဒူးထောက်နေချေပြီ။ မယုံနိုင်စရာပေပင်။
“ ထပါ ... ငါ့ကိုနန်းတော်ထဲဝင်ခွင့်ပြုဦး။ ”
“ အမိန့်အတိုင်းပါ သခင်။ ”
ရုတ်တရက် ဝူမင်က ရပ်ကြည့်နေသည့် ကျင့်ကြံသူများ၏ မှတ်ဉာဏ်ကိုဖျက်သိမ်းကာ တောင်ခြေသို့ ပို့ဆောင်လိုက်တော့၏။
သည့်နောက် နှစ်ယောက်သား နန်းတော်အတွင်း လှည့်ဝင်လာခဲ့လေသည်။ နန်းတော်အတွင်း၌ ရှေးဟောင်းစာအုပ်များ ပြည့်နှက်နေ၏။
စုရီက စာရေးစားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်စဉ် အတိတ်မှ အမှတ်တရများစွာ ဝင်ရောက်လာခဲ့သည်။ ထိုစဉ်က ဤနန်းတော်၌ အချိန်အတော်ကြာအောင် သူနေခဲ့ဖူး၏။
နတ်ဆိုးခေတ်တွင် သူရောက်ရှိ နေကြောင်းကို ဝူမင်တို့အဖွဲ့မှတပါး အခြားသော မည်သူမျှမသိခဲ့ကြချေ။ သူ့ရည်ရွယ်ချက်မှာ နတ်ဆိုးခေတ်ကိုလေ့လာပြီး နတ်ဘုရားလမ်းစဉ် အတွက် အခွင့်အရေးရှာဖွေရန်ပေပင်။
ထို့ကြောင့် စာပေကျမ်းဂန်များ ဖတ်ရှုခြင်းဖြင့်သာ အချိန်များကုန်လွန်ခဲ့သည်။ သို့သော် သူထွက်သွားပြီးမကြာမီ အင်မော်တယ် နယ်မြေမှ အင်မော်တယ်ဘုရင်များ နတ်မိစ္ဆာ ခေတ်သို့လာရောက်ခဲ့ကြ၏။
ထို့အတွက်ကြောင့် ဝူမင်သည် ကမ္ဘာတစ်သောင်း မိစ္ဆာနန်းတော်ကို ကိုယ်တိုင် ဖျက်သိမ်းကာ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်ချေ၏။
ရှာဖွေသူများထဲတွင် ဝမ်ယဲ့၏ရန်သူ သွေးတိမ်တိုက်ဘုရင် ရွှယ်ရှောင်ကျိသည်လည်း ပါဝင်သည်။ တစ်ဖက်လူသည် ထိုစဉ်အချိန်က အခြားသူများနှင့် ပူးပေါင်းကာ ဝမ်ယဲ့ကို လုယက်တိုက်ခိုက်ခဲ့ဖူး၏။
ယင်းကြောင့် ဝမ်ယဲ့၏ တာအိုအုတ်မြစ်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ပြန်လည်ဝင်စားရန် ရွေးချယ်လိုက်ရခြင်းပေပင်။
“ သွေးတိမ်တိုက် အင်မော်တယ်ဘုရင်က ငါ့ကိုဘာအတွက် လာရှာတာလဲ မင်းသိလား။ ”
စုရီက မေးလိုက်သည်။ ဝူမင်မှ ခေါင်းခါပြ၏။
“ ဒီလက်အောက်ငယ်က လုံးဝ ... မသိလိုက်ပါဘူး အဲဒီတုန်းက သူတို့သတင်း ကြားတာနဲ့ ကမ္ဘာတစ်သောင်းမိစ္ဆာနန်းတော်ရဲ့ အဖွဲ့ဝင်တွေကို ထိခိုက်စေမှာ စိုးရိမ်ခဲ့ပြီး ဂိုဏ်းကို ချက်ချင်းဖျက်သိမ်းလိုက်တာပါ ...
... ဒီလက်အောက်ငယ်သားရဲ့ အစီအစဉ်ကတော့ တစ်ယောက်တည်း လျှို့ဝှက် စုံစမ်းမို့ပါပဲ ကံမကောင်းစွာနဲ့ပဲ အဆုံးမှာတော့ သူတို့တွေ တစ်စုံတစ်ရာ ရှာဖွေနေတယ် ဆိုတာလောက်ကိုပဲ ...
... ခန့်မှန်းနိုင်ခဲ့ပါတယ် ... ဒါက ယေဘူယျဆန်လွန်းတာမို့ ... နက်နက်နဲနဲ ထပ်စုံစမ်းမယ်လုပ်တော့ သူတို့တွေအားလုံး ပြန်ထွက်သွားကုန်ကြပါပြီ ...
... နောက်ဆုံးမှာတော့ သူတို့လည်း ဘာသဲလွန်စမှရသွားပုံမရပါဘူး ဒီလက်အောက် ငယ်သားလည်း သဲလွန်စမရလိုက်ပါဘူး။ ”
“ ကောင်းပြီ ... ထားလိုက်ပါ ငါကိစ္စအချို့ဖြေရှင်းစရာရှိတယ် ကျန်တဲ့လူတွေ ခေါ်လိုက်ဦး ... ။ ”
“ နားလည်ပါပြီ သခင်။ ”
စုရီက ဝူမင်ကို အခြားသူများကို ဆင့်ခေါ်စေလျက် ဆန္ဒခြောက်ပါး မိစ္ဆာဂိုဏ်းနှင့် ပတ်သက်သော သတင်းများ စုံစမ်းပေးရန် တာဝန်ပေးလိုက်တော့သည်။
ထိုညမှာပင် နတ်မိစ္ဆာခေတ်၏ နေရာအနှံ့အပြားတွင် ပုန်းအောင်းနေသော ဝမ်ယဲ့၏ လက်အောက်ငယ်သားများမှာ မိစ္ဆာ တစ်သောင်းအမိန့်မှ ဆက်သွယ်မှုလှိုင်းများကို သတိထားမိလာ၏။
လောင်းကစားဝိုင်းမှ အဝတ်စုတ်နှင့် အဖိုးကြီး၊ သင်္ချိုင်းကြီးထဲတွင် အိပ်စက်နေသော အနက်ဝတ်အဖိုးအို၊ သမုဒ္ဒရာအောက်ခြေမှ ငွေရောင်ဆံပင်နှင့် မိန်းကလေး အစရှိသည့် နေရာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်(၇)ဦး ချက်ချင်းပြေးလွှားလာခဲ့သည်။
သို့သော် သူတို့ရောက်ရှိသွားချိန်၌ စုရီမှာ အနားယူနေပြီဖြစ်၏။ ဝူမင်က လူတိုင်းအပေါ် စုရီကိုယ်စား အမိန့်များခွဲဝေပေးလိုက်သည်။
***