← Chapters

အခန်း (၁၀၈၁-၁၀၈၂)

Vol. 91 Ch. 1081-1082

အခန်း (၁၀၈၁-၁၀၈၂)

Vol. 91 Ch. 1081-1082

အခန်း ၁၀၈၁ –

လူမိုက်များ ... ။

ကောင်းကင်ယံ၏ နက်ရှိုင်းသောအရပ်ရှိ ဆန်းကြယ်သည့် အာကာသဥမင်လှိုဏ်ခေါင်း အဆုံးတွင် အတိုင်းအဆမဲ့သော အာကာသ အချိန်မြစ်ကြီးတစ်စင်းလွင့်မျောနေ၏။

၎င်းမြစ်ရေသည် အထွတ်အထိပ် တာအိုစည်းမျဉ်းစွမ်းအားများဖြင့် ဖွဲ့စည်းထားပြီး လှိုင်းတံပိုးထန်နေချေပြီ။

မြစ်ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်မက်ဖွယ်ကောင်းသော လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်ထွက်လာသည်။

ထိုသူသည် လှိုင်းလုံးများကို နင်းဖြတ်လျက်ဖြင့် အချိန်မြစ်ကြောင်းကြီး တလျှောက် လျှောက်လှမ်းလာနေ၏။

သူ့ခန္ဓာကိုယ်၌ အလင်းများ တောက်ပနေကာ ဖြတ်သန်းသွားသောအရပ် ဒေသတိုင်းတွင် နေမင်းတစ်စင်း ရွေ့လျားလာ သကဲ့သို့ လင်းထိန်သွားစေသည်။

ထိုအသွင်သည် အလင်းနတ်ဘုရား တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှကာ ဝေဝါးပြီး တိုက်ရိုက်ကြည့်ရန် ခက်ခဲပေ၏။

“ ခရစ် ... ။ ”

လောကကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ‘လွတ်မြောက်ခြင်းဒေသ’သည် ကြီးမားသောဖိအားကို မခံနိုင်တော့ဘဲ ပြိုလဲတော့မည့်အသွင် ပြသလာ၏။

စုရီတစ်ယောက် တုန်လှုပ်သွားသည်။ ဝမ်ယဲ့ဘဝတွင် လောကကြီးအနှံ့ခြေဆန့်ကာ အချိန်မြစ်ကြီးကိုဖြတ်သန်း၍ နတ်ဘုရား လမ်းစဉ် ရှာဖွေခဲ့ဖူး၏။

သို့သော် အဆုံးတွင် အချိန်မြစ်ကြီး တစ်နေရာ၌ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာ ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့ရသည်။ ယင်းသည် သူ့ဝိညာဉ်ကို ပျက်သုဉ်းလုနီးပါးဖြစ်ခဲ့၏။

ထိုစွမ်းအားကို ‘နတ်ဘုရားပဋိညာဉ်’ဟု ဟုခေါ်သည်။ နတ်ဘုရားပဋိညာဉ်သည် တာအို အထွတ်အထိပ် နိယာမစည်းမျဉ်းတစ်ခုကဲ့သို့ အချိန်မြစ်ကြီးအထက်၌ တည်ရှိနေ၏။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ထိန်းချုပ်နိုင်သည်။ ထို့ကြောင့်အချိန်မြစ်အတွင်း ဖြတ်သန်းကာ နတ်ဘုရားလမ်းစဉ်ကို ရှာဖွေသူ မည်သူမဆို အမြစ်ပြတ်သုတ်သင်ခံရ၏။

ထိုစဉ်က ဝမ်ယဲ့ခမျာ အသက်ရှင် လွတ်မြောက်ခဲ့သည်မှာ သူ့ခွန်အားကြောင့် မဟုတ်ချေ။

အန္တရာယ်အပေါ် သိရှိလိုက်သည်နှင့် ငရဲဘုံကိုးပါးဓားမှ ရောင်ဝါများထုတ်လွှတ်ကာ သူ့ကို ပြန်လည်ဆွဲထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု ဤအာကာသဥမင်အဆုံးမှ ပေါ်ထွက်လာသော ရောင်ဝါများသည် ထိုစဉ်က ဝမ်ယဲ့ရင်ဆိုင်ခဲ့ရသည့် နတ်ဘုရာပဋိညာဉ် စွမ်းအားနှင့် အလွန်တူညီနေ၏။

နတ်တမန်အဘိုးအို ပြောကြားခဲ့ သကဲ့သို့ပေပင်။ ဝင်စားခြင်းဥပဒေစွမ်းအားကို နတ်ဘုရားများသည် လုံးဝခွင့်မပြုလိုကြချေ။

“ ဝင်စားခြင်းဓားဒိုမိန်း ... ။ ”

ထို့ကြောင့် အော်ဟစ် ကြုံးဝါးလျက် ညာလက်ကိုဆန့်ထုတ်လိုက်ရာ ဝင်စားခြင်း ဥပဒေ ဓားရောင်ဝါ ထွက်ပေါ်လာသည်။

“ ချွင် ... ချွင် ... ။ ”

အသိစိတ်ပင်လယ်အတွင်းရှိ ငရဲဘုံကိုးပါး ဓားသည်လည်းပြင်းစွာတုန်ခါလျက်ဖြင့် ထူးခြား ဆန်းကြယ်လှသောစွမ်းအားများကို ချက်ချင်း ထုတ်လွှတ်ပေးလာ၏။

ထိုအခိုက်အတန့်တွင် သူ့လက်ထဲရှိ ဓားကိုယ်ထည်မှ နေဝင်ဆည်းဆာအလင်းရောင် ကဲ့သို့ အဝါရောင်အလင်းများ ဖြာထွက်လာ၏။

“ ခရစ် ... ။ ”

ထိုအလင်းသည် ထူးဆန်းနက်နဲပြီး ရောင်ဝါမျှဖြင့်ပင် ပတ်ဝန်းကျင်လေဟာနယ်မှာ ချက်ချင်းပြိုကျသွားခဲ့သည်။

သူ့ကိုပိတ်လှောင်ထားသော မီးခိုးရောင် ကပ်ဘေးလှောင်အိမ်သည်လည်း ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများ ပေါ်လာ၏။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

သည့်စဉ် စုရီသည် ဓားဖြင့် ခုတ်ပိုင်းချလိုက်ပြီဖြစ်၏။ အက်ကွဲနေသော မီးခိုးရောင် ကပ်ဘေးလှောင်အိမ်ကြီးခမျာ ချက်ချင်းပေါက်ကွဲသွားတော့သည်။

“ ခရစ် ... ။ ”

ယင်းသည်အဆုံး မဟုတ်ချေ။ ဓားအလင်းသည် လှောင်အိမ်ကိုဖြတ်ပြီးနောက် ရှေးဟောင်းယဇ်ပလ္လင်ပေါ် ထိမှန်သွား၏။

“ ဘောင်း ... ။ ”

ယဇ်ပလ္လင်ကြီးသည်လည်း ဓားချက် ထိမှန်သည်နှင့် တပြိုင်နက် အစိတ်စိတ်အမွှာမွှာ ကွဲအက်လွင့်စင်သွားသည်။

“ မကောင်းတော့ဘူး။ ”

ထိုရလာဒ်ကြောင့် အဝေးရှိ နတ်တမန်အဘိုးအိုခမျာ မျက်နှာပျက်သွား၏။ သို့သော် ထိုအချိန်မှာပင် အာကာသဥမင်ထံမှ ခံ့ညားထည်ဝါသော အသံကြီးတစ်သံ လွင့်ပျံလာချေပြီ။

“ ကန့်သတ် ... ။ ”

ထိုအမိန့်သံနှင့်အတူ အာကာသဥမင် တစ်ခုလုံးတုန်ခါသွားပြီး တားမြစ်စည်းမျဉ်းများ အလင်းတန်းသဖွယ် ပြေးထွက်လာသည်။

“ ဝမ် ... ။ ”

အာကာသဥမင်မှ ပြေးထွက်လာသော တားမြစ်စည်းမျဉ်းများသည် တံဆိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ စုရီပေါ် ဖိနှိမ့်လာ၏။

“ ချိုးဖြတ် ... ။ ”

“ ဝုန်း ... ။ ”

စုရီတစ်ယောက် ချက်ချင်း ပြန်လည် ခုခံလိုက်ရသည်။ သို့သော် သူ့ဓားရောင်ဝါသည် ဝုန်းခနဲပေါက်ကွဲသွားကာ နောက်ပြန် လွင့်စဉ်သွားတော့၏။

“ အဟွတ် အဟွတ် ... ဝေါ့။ ”

သွေးများ ပါးစပ်အပြည့်အန်ထုတ်ကာ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ယင်းမှာ တံဆိပ်တစ်ခုမျှသာဖြစ်သော်လည်း ကြီးစွာသော ခြိမ်းခြောက်မှုပါရှိ၏။ တည်ကြည်ခန့်ညားသော မျက်နှာသည်ပင် ဖြူလျော့သွားချေပြီ။

“ တကယ်ပဲ နတ်ဘုရားတွေရဲ့ စွမ်းအားလား။ ”

နှုတ်ခမ်းထောင့်မှ သွေးစများကို လက်ခုံဖြင့်သုတ်ကာ အကြည့်များအေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ဝုန်းဒိုင်းကြဲလာ၏။

တစ်ဖက်လူ၏ ဥပဒေစွမ်းအားသည် ဤလောကကြီးရှိ ဥပဒေစည်းမျဉ်းများစွာထက် သာလွန်နေချေပြီ။ သို့သော် အချိန်မြစ်ကြီးတွင် ဝမ်ယဲ့ကြုံခဲ့ရသော နတ်ဘုရားပဋိညာဉ်ထက်မူ များစွာအားနည်းနေသေး၏။

“ ကြည့်ရတာ ... နတ်ဘုရားပဋိညာဉ် စည်းမျဉ်းစွမ်းအားက ဒီသေမျိုးလောကကြီးကို ဆင်းသက်ဖို့ ကန့်သတ်ခံလိုက်ရပုံပဲ။ ”

စုရီမှ မှတ်ချက်ပေးလိုက်၏။ နတ်ဘုရားများသည် ကောင်းကင်ဘုံထက် မြင့်မားသော တည်ရှိမှုများဖြစ်သည်။

သို့တိုင် ထိုနတ်ဘုရားများသည်ပင် လောက၏စည်းမျဉ်းများမှ မလွတ်ကင်းနိုင်ချေ။ ဆိုလိုသည်မှာ ဝင်စားခြင်းကို နတ်ဘုရားများမှ ဆန့်ကျင်သကဲ့သို့ ဤလောက၏ စည်းမျဉ်း သည်လည်း သူတို့၏ နတ်ဘုရားပဋိညာဉ်ကို ကန့်သတ်ထားချေ၏။

ဤနည်းဖြင့် လောကကြီးအတွင်း သဟဇာတဖြစ်ခြင်းဟူသော အခြေအနေများကို ရရှိနိုင်ပေမည်။ မဟုတ်သော် နတ်ဘုရားများ၏ စိတ်ကြိုက်ခြယ်လှယ်ခြင်းကြောင့် လောကကြီး တစ်ခုလုံး ဖရိုဖရဲဖြစ်ရပေတော့မည်။

ယင်းကြောင့် သူ ပြောနိုင်သည်မှာ နတ်ဘုရားတစ်ပါးသည် သေမျိုးလောကကြီးသို့ ဝင်ရောက်လိုသော် လောကနိယာမများမှ ကန့်သတ်ခြင်းခံရမည်ဖြစ်၏။

“ ငါ့နာမည် မီကျန်း .... မြင့်မြတ်တဲ့ နတ်ဘုရားလက်အောက်က အစေခံအိုကြီးပဲ ဘယ်မှာလဲနတ်ကျွန် ... ငါ့ကို လာကြိုပါ။ ”

“ ဒီကျွန်အိုကြီး ရှိပါတယ် ... သခင်။ ”

အာကာသဥမင်အတွင်းမှ အသံက အေးစက်စွာထွက်ပေါ်လာပြန်သည်။ နတ်တမန် အဘိုးအိုမှာ တုန်ယင်စွာဖြင့် လှမ်းတက်လာပြီး တံဆိပ်တစ်ခုကို ချက်ချင်းဖန်တီးလိုက်၏။

“ ဝှစ် ... ။ ”

ဦးခေါင်းအထက်တွင် မီးခိုးရောင် ပုတီးစေ့တစ်စေ့ ပေါ်လာ၏။ ထိုပုတီးစေ့သည် တောက်ပသော အလင်းတန်းများ ထွက်လာပြီး အာကာသဥမင်အတွင်းသို့ ပျံသန်းသွားသည်။

“ သွား ... ။ ”

ထိုမြင်ကွင်းကြောင့် စုရီတစ်ယောက် မျက်ဝန်းများမှေးစင်းသွားကာ အလျင်လိုလာ၏။ အသက်တရှိုက်စာအတွင်း ဓားအလင်းခုနစ်ချက် တရစပ်တည်း ပစ်လွှတ်လိုက်တော့သည်။

“ ရွှပ် ရွှပ် ရွှပ် ... ။ ”

ဝင်စားခြင်းဥပဒေနှင့် ငရဲဘုံကိုးပါးဓား၏ ဆန်းကြယ်သော အငွေ့အသက်များ ပါဝင်သည့် ဓားပိုက်ကွန်တစ်ခု ပြေးထွက်သွားချေပြီ။

သို့သော် နတ်တမန်အဖိုးအိုသည် ထိတ်လန့်ခြင်းမရှိဘဲ ပြုံးလျက် လှည့်ကြည့်ကာ၊

“ နောက်ကျသွားပြီ။ ”

-ဟု ပြောကြားလာခဲ့သည်။

“ ဘောင်း ... ။ ”

စကားဆုံးသည်နှင့် နတ်တမန်အဖိုးအို အသွင်သည် အပိုင်းပိုင်းပြတ်တောက်သွားကာ သေဆုံးသွားတော့သည်။ သို့သော် စုရီမှာမူ မျက်မှောင်ကြုတ်သွားခဲ့၏။

“ ဝှစ် ... ။ ”

အာကာသဥမင်အတွင်း တောက်ပသော နိယာမစွမ်းအားများ အလင်းမှုန်သဖွယ်ပျံသန်း ထွက်ပေါ်လာကာ ဝေဝါးသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။

ဤသည်မှာ အသတ်ခံလိုက်ရသော နတ်တမန် အဘိုးအိုပင် ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်မှ အတိုင်းအဆမဲ့သော အလင်းတန်းများ ထွက်ပေါ်နေပြီး အလင်းကို အုပ်စိုးသော နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါလှ၏။

ထိုသူ၏ ဖိအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လေးလံလာချေပြီ။ နတ်တမန်အဖိုးအိုသည် မီကျန်းဆင်းသက်ရန် လမ်းဖွင့်ပေးခဲ့ခြင်းပေပင်။

ဤသည်မှာ နတ်ဘုရားများသည် သေမျိုးကမ္ဘာသို့ မဆင်းသက်နိုင်သေးကြောင်း သက်သေပင်။ မဟုတ်သော် မီကျန်းကိုစေလွှတ် စရာမလိုချေ။

“ ဝင်စားခြင်းဥပဒေကို ကိုင်ဆွဲသူ နောက်ဆုံးတော့ မင်းကိုပြန်တွေ့ပြီ။ ”

မီကျန်းက စုရီကို မြင်ချိန်၌ နှုတ်ဆက်လာ၏။ မျက်လုံးများမှာ နေမင်းပမာ တောက်ပနေပြီး ထူးခြားသောရောင်ဝါများ ပေါ်ထွက်နေသည်။ ထိုနှုတ်ဆက်စကားကြောင့် စုရီတစ်ယောက် မျက်ခုံးပင့်သွား၏။

“ ငါတို့အရင်က ဆုံဖူးလို့လား။ ”

“ မှန်တယ် ... ။ ”

မီကျန်းက အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့်၊

“ မင်းကို နတ်ဘုရားပဋိညာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် သတ်ဖြတ်ခဲ့တာငါမြင်ဖူးတယ် တစ်ကြိမ်က အချိန်မြစ်ကြီးအထက်မှာ၊ နောက်တစ်ကြိမ်က ...

... ကံကြမ္မာနတ်ဘုရား နယ်မြေမှာပဲ ... အဲဒီတုန်းကနဲ့ယှဉ်ရင် အခု မင်းက တကယ်ပဲ အားနည်းလွန်းနေတယ်။ ”

-ဟု ပြောကြားလာ၏။

သူ့အသံနှင့် အကြည့်များတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ စုရီတစ်ယောက် အံ့အားသင့်သွားရသည်။

သူသည် နတ်ဘုရားများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို နှစ်ကြိမ်တိုင်အောင် ခံခဲ့ရသည်လော။ ဤသည်မှာ သူ့အတိတ်ဘဝ နှစ်ခုအကြောင်း ဖြစ်ရပေမည်။

“ ဒါပေမယ့် မင်း အားနည်းနေတာ မဆန်းပါဘူး မင်းလိုမိစ္ဆာတစ်ပါးကိုအမြစ်ပြတ် သတ်ဖြတ်ဖို့အတွက် နတ်ဘုရားတွေက အဲဒီကတည်းက စီစဉ်ထားခဲ့တာပဲ ...

... နတ်ဘုရားပဋိညာဉ်နဲ့ လောကရဲ့ စည်းမျဉ်းတွေကိုပိတ်ဆို့ပြီး မင်းလို့သံသယရှိသူ မှန်သမျှကို သတ်ဖြတ်ခဲ့ရတယ် ... ဒါ့ပြင် ...

... သေမျိုးကမ္ဘာတွေမှာ ကပ်ဘေးတွေ ဖန်တီးခဲ့တယ်၊ နတ်ဘုရားလောကနဲ့ သေမျိုး လောကကို အဆက်အသွယ် ဖြတ်တောက် ပစ်ခဲ့ရတယ် ...

... နတ်ကျွန်တွေအများကြီးကို သေမျိုးကမ္ဘာကြီးထဲလွှတ်ပြီး ဝင်စားခြင်း ဥပဒေကို ရှာဖွေခိုင်းခဲ့တယ် အခုတော့ ...

... ကြည့်ရတာ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးတကယ် အချည်းနှီး မဖြစ်ခဲ့ဘူးပဲ အရင်က နတ်ဘုရားတွေကို ရင်ဆိုင်နိုင်ခဲ့တဲ့ မင်းနဲ့ယှဉ်ရင် အခုမင်းဟာ ... ငါ့ကိုတောင် ရင်ဆိုင်ဖို့ အားနည်းလွန်းပါတယ်။ ”

မီကျန်းက သက်ပြင်းချလိုက်သည်။ တစ်ဖက်တွင် စုရီသည် မျက်မှောင်ကြုတ်လျက် အတွေးထဲ နစ်မျောသွား၏။

ရွှမ်ဟွမ်ကြယ်စု၏ ပျက်စီးသွားသော ကောင်းကင်လမ်း၊ အရှေ့ပိုင်းကြယ်လွင်ပြင်၏ ကောင်းကင်ဘုံ၊ အင်မော်တယ်နယ်မြေ၏ အင်မော်တယ်ကပ်ဘေး စသည့် ဖြစ်ရပ်များမှာ ထိုနတ်ဘုရားများ၏လက်ချက် ဖြစ်ခဲ့ပုံပေပင်။

သည့်ပြင် ဤကပ်ဘေးများသည် သူ့အပေါ်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်၏။ သူ့လမ်းကို လုံးဝဖျက်ဆီးပစ်ရန်ပေပင်။

ထိုအသိသည် သူ့ကိုကျောရိုးတလျှောက် အေးစက်လာစေခဲ့သည်။ သို့သော် ချက်ချင်းပင် တစ်စုံတစ်ရာကို သတိထားမိလာပြီး၊

“ ဒါဆို မင်းပြောတဲ့ နတ်ဘုရားတွေဟာ... တကယ်ပဲ သူရဲဘောကြောင်သူတွေပဲ။ ”

-ဟု တုန့်ပြန်မှတ်ချက်ပေးလိုက်၏။

သူ့အသံနှင့် အမူအရာတွင် မထီမဲ့မြင်ပြုမှုများပါဝင်နေသည်။ မီကျန်းခမျာ မျက်မှောင်ကြုတ်သွားတော့၏။

“ ဒါဟာ မင်းရဲ့နောက်ဆုံးစကားအဖြစ် ငါသတ်မှတ်လိုက်လို့ရမလား။ ”

စုရီက ထိုစကားကိုလျစ်လျူရှုလျက် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြန်၍ စိုက်ကြည့်လိုက်ကာ၊

“ မင်းရဲ့နတ်ဘုရားတွေသာ အရာရာကို လုပ်နိုင်စွမ်းရှိရင် ဘာလို့ အရင်ကတည်းက ငါ့ကို ရှာမတွေ့ခဲ့တာလဲ၊ ဘာလို့ဒီလိုအစီအစဉ်တွေနဲ့ ငါ့လမ်းကိုပိတ်ဆို့နေရတာလဲ။ ”

-ဟု လှောင်ပြောင်မေးမြန်းလိုက်သည်။

ဤတစ်ကြိမ်၌ မီကျန်းတစ်ယောက် စကားလုံးများပျောက်ဆုံးလျက် တိတ်ဆိတ်သွား တော့သည်။ သို့တိုင် သူ့မျက်ဝန်းများတွင် မကျေနပ်မှုများထင်ဟပ်လာ၏။ ယင်းကြောင့် စကားပြောရန်ပြင်လိုက်စဉ် စုရီမှသူ့စကားကို ဆက်ပြောလာခဲ့သည်။

“ ဒီလောက် ကြာမြင့်တဲ့ နှစ်ကာလတွေ ကုန်ဆုံးသွားတာတောင် ... သူတို့ငါ့ကိုတကယ် မသတ်နိုင်သေးဘူး လောကကြီးအပေါ် ကပ်ဘေးတွေဖန်တီးပြီး ...

... ငါ့လမ်းကို ပိတ်ဆို့ခဲ့တယ် ... ငါ့ကိုလုပ်ကြံကြတယ် ဒါဘယ်လောက်တောင် အရှက်မရှိလိုက်တဲ့ လူမိုက်တွေလဲ။ ”

***

အခန်း ၁၀၈၂ -

နတ်ဘုရားများကိုယ်စား အပြစ်ပေးလိုသူ။

နတ်ဘုရားများကို လူမိုက်အဖြစ် ခေါ်ဆိုခြင်းသည် နတ်အစေခံမီကျန်းအတွက် သည်းမခံနိုင်သော စော်ကားမှုဖြစ်နေ၏။ ထို့ကြောင့် မီကျန်းက မျက်နှာပျက်လျက်၊

“ ဝင်စားခြင်းဥပဒေ စွမ်းအားသာမရှိရင် မင်းကိုအရင်ကတည်းက သတ်ပြီးနေလောက်ပြီ အရှုံးသမားက နတ်ဘုရားတွေကို စော်ကားဝံ့သလား ဟမ့် ... ။ ”

-ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။ သို့သော် စုရီက ရယ်မောလျက်၊

“ ဟားဟားဟား ... ဒီလိုစကားလုံးတွေနဲ့ ငြင်းခုံနေရတာ အဓိပ္ပာယ်မရှိပါဘူး။ ”

-ဟု တုန့်ပြန်သည်။

ရှေးယခင်က ဝမ်ယဲ့၊ ရှန်မူ၊ ကွမ်ကျူးနှင့် စုရွှမ်ကြွယ်ကို နတ်ဘုရားများ ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိသည်မှာ ရှာမတွေ့၍ဖြစ်ပေသည်။

ဆိုလိုသ်ညမှာ ထိုသို့နတ်ဘုရားများ မတွေ့နိုင်အောင် ငရဲဘုံကိုးပါးဓားသို့မဟုတ် အခြားသော စွမ်းအားတစ်စုံတစ်ရာမှ သူ့ကို ဖုံးကွယ်ပေးထားခြင်းဖြစ်နိုင်၏။

ယခုတစ်ကြိမ် ရှာတွေ့သွားခြင်းမှာ ကာလကြာရှည်စွာ ထောင်ချောက်ဆင်ထားခြင်း ကြောင့်သာဖြစ်သည်။

ထိုစဉ် မီကျန်းက ကောင်းကင်ကို မော့ကြည့်ကာ လက်တစ်ဖက်ဆန့်ထုတ်လျက် အာကာသဥမင်ထဲ တစ်စုံတစ်ရာကို ဆွဲယူလိုက်သည်။

“ ဝှစ် ... ။ ”

အလင်းရောင်များ တောက်ပလျက် ကျောက်ပြားကြီးတစ်ချပ် ချက်ချင်း ပေါ်လာ၏။ ထိုကျောက်ပြားကြီး ပေါ်လာသည်နှင့် တားမြစ် နယ်မြေတစ်ခုလုံးကို မီကျန်းပိုင်စိုးသွားသည့် အလား ခံစားလိုက်ရသည်။

“ အခု မင်းကို သေမျိုးကမ္ဘာကနေ အချိန်မြစ်ဆီခေါ်သွားပေးမယ် နတ်ဘုရားတွေရဲ့ ပြစ်ဒဏ်နဲ့ မင်းရဲ့ဝင်စားခြင်းကို အပြီးတိုင် ဖျက်ဆီးပစ်မယ် ဟားဟားဟား ... ။ ”

မီကျန်းက ရွှင်မြူးနေသော အမူအရာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ သို့တိုင် စုရီသည် တုန်လှုပ်ခြင်းမရှိဘဲ၊

“ ကောင်းပြီ ... မင်းရဲ့ ဖျော်ဖြေမှုကို လိုက်ကြည့်ရအောင်။ ”

-ဟု တုန့်ပြန်လိုက်သည်။ ထိုအမူအရာကြောင့် မီကျန်းတစ်ယောက် မျက်ခုံးပင့်သွား၏။

မျှော်လင့်ထားသကဲ့သို့ တစ်ဖက်လူတွင် စိတ်ပျက်အားငယ်သွားသည့် အမူအရာမျိုးကို လုံးဝမတွေ့ရချေ။

“ ဝှစ် ... ။ ”

ထို့ကြောင့် စကားမဆိုတော့ဘဲ အင်္ကျီလက်ကိုလှုပ်ခါလျက် ကျောက်ပြားကြီးကို အသက်သွင်းလိုက်သည်။

“ ဝူး ... ။ ”

များမကြာခင် လေထုအလယ်တွင် ကျယ်လောင်စွာ မြည်ဟည်းလျက် (၃၃)မီတာ ခန့်ကျယ်ဝန်းသော ကျောက်လှောင်အိမ်ကြီး ဖြစ်ပေါ်လာ၏။

“ ဘယ်လိုလဲ ဒီပိတ်ဆို့မှုကို ... ။ ”

မီကျန်းက ပြုံးလျက် မေးပြန်သည်။ စုရီမှလက်နှစ်ဖက်ကို နောက်ပို့လိုက်ကာ သူ့ အပေါ် လှောင်ပိတ်လာသောကျောက်နံရံများထံ ငေးကြည့်လျက် တည်ငြိမ်စွာဖြင့်၊

“ ခေတ်အဆက်ဆက် ဒီနေ့အထိ ငြင်းလို့မရတဲ့ အမှန်တရားတစ်ခု ရှိတယ် မင်း ကြားချင်လား။ ”

-ဟု ပြန်မေး၏။

“ ငါ့ကို အလင်းပြပါဦး။ ”

မီကျန်းတစ်ယောက် သားကောင်ကို ပိတ်လှောင်ထားနိုင်ခဲ့သည့် မုဆိုးတစ်ဦးကဲ့သို့ လှောင်ပြုံးဖြင့် မျက်ခုံးပင့်ပြလာသည်။

“ စကားများလွန်းတဲ့ လူမိုက်တွေက အသက်မရှည်ကြဘူး ... ။ ”

“ ဟမ့် ... ဟားဟားဟား ... ။ ”

စုရီစကားကြောင့် မီးကျန်မှ အံ့အားသင့်သွားရာမှ ရုတ်တရက် အော်ဟစ် ရယ်မောလိုက်လေသည်။ ထို့နောက် စုရီကို ပြန်ကြည့်ကာ၊

“ ဝန်ခံပါတယ် ... ငါတို့မင်းကို သတ်လိုက်ရင်တောင် မင်းမှာဝင်စားခြင်းဥပဒေ ရှိနေတာကြောင့် ပြန်လည် မွေးဖွားနိုင်တဲ့ အရည်အချင်းရှိနေတယ် ...

... အဲဒါက ဒီကနေ့ မင်းရဲ့ယုံကြည်မှု အရင်းအမြစ်မဟုတ်လား ဒါပေမယ့် ဒီတစ်ကြိမ် မတူဘူး ... ငါတို့ မင်းကိုမသတ်ဘူး ...

... မင်းကို အသက်ရှင်လျက်ဖြင့် ပုရွက်ဆိတ်လိုအားနည်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ခွန်အားမရှိတော့တဲ့အထိ ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုး ငါတို့ပေးမယ်။ ”

စကားဆုံးသည်နှင့် မီကျန်းက ကျောက်လှောင်အိမ်ကိုကိုင်ကာ လေထဲသို့ ပျံတက်သွားပြီး အာကာသဥမင်အတွင်း ဝင်ရောက်လိုက်လေသည်။

သူ့ဦးတည်ရာသည် အချိန်မြစ်ဆီသို့ ဖြစ်ချေ၏။ စုရီမှ ခုခံခြင်း မပြုချေ။ ငြိမ်သက်စွာ လိုက်ပါသွားလေသည်။

အာကာသဥမင် အဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော လှိုင်းပုတ်သံများဖြင့် မြစ်ကြီးတစ်စင်း စီးဆင်းနေ၏။ ပတ်ဝန်းကျင်မှာ နက်ပြာရောင်ဖြစ်ပြီး မည်သည့်အရာမျှ မရှိချေ။

မြစ်ပြင်ရှိ လှိုင်းလုံးပုတ်သံများသည်သာ ဆူညံသံအဖြစ်ကြားနေရသည်။ ထိုလှိုင်းများကို ဥပဒေစည်းမျဉ်းများဖြင့် ဖွဲ့စည်းထားချေ၏။

မြစ်ရေစီးကြောင်းတွင် အချိန်များ ကုန်ဆုံးနေပြီး အတိတ်ကိုဖြတ်ကာ ပစ္စုပ္ပန်ထံ ပြေးဝင်နေသော အနာဂတ်ပုံရိပ်များစွာ ဖြစ်ပေါ်နေချေပြီ။

ကျောက်လှောင်အိမ်ထဲတွင် ရပ်နေသောစုရီသည် ထိုမြစ်ကိုမြင်သောအခါ ကံကြမ္မာမြစ်အကြောင်း သတိရလာသည်။

သူ့ပထမဘဝသည် ကံကြမ္မာမြစ်ပေါ်တွင် ရပ်နေခဲ့၏။ နှိုင်းယှဉ်ရမည်ဆိုပါသော် ထိုစဉ်က ကံကြမ္မာမြစ်သည် ဤအချိန်မြစ်ထက် များစွာ ခမ်းနားထည်ဝါပြီး အံ့ဖွယ်ကောင်းချေပြီ။

အနည်းဆုံးတော့ ကံကြမ္မာမြစ်ထဲ၌ လောကီရေးရာ အတက်အကျများ၊ ခေတ်များ မွေးဖွားသေဆုံးမှုနှင့် မရေမတွက်နိုင်သော သမိုင်းများကုန်ဆုံးနေ၏။ မြင်ကွင်းများမှာ ထူးဆန်း အံ့သြဖွယ်ရာများသာပေပင်။

ယခု အချိန်မြစ်မှာမူ အချိန်နှင့် အာကာသကြားရှိ အကျိုးသက်ရောက်မှုများသာ ပါရှိသော စည်းမျဉ်းများဖြစ်၏။

“ ဝူး ... ။ ”

မီကျန်း၏ ပုံရိပ်သည် အချိန်မြစ်ပေါ်တွင် ရပ်လိုက်သည့်အခါ ဖိနှိပ်ထားသည့်နှောင်ကြိုးမှ လွတ်မြောက်သွားသလို အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာခဲ့သည်။

ယင်းသည် အချိန်နှင့်အာကာသ မြစ်ရေပြင်ပေါ်ထွန်းလင်းစေသည့် နေမင်းကြီး တစ်စင်းလိုပေပင်။

“ ဒါက ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ။ ”

မီကျန်းက ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့ပုံရိပ်သည်လည်း ပြောင်းလဲလာတော့၏။

အဘိုးကြီးပုံစံမှသည် အသားဖြူဖွေးပြီး အလင်းများဖြာထွက်နေသော အနက်ရောင်ဝတ် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွား၏။

မျက်လုံးများသည် ရွှေရောင် ဆီမီးခွက်များအလား တောက်ပလျက် အရပ် မျက်နှာအားလုံးကို လင်းလက်စေသည်။ စုရီက ထိုအသွင်ကြောင့် ခဏမျှစဉ်းစားပြီး၊

“ မင်းရဲ့နတ်ဘုရားက ဗုဒ္ဓဘာသာဂိုဏ်းဝင်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟားဟားဟား ... ငါ့ရဲ့ဇာစ်မြစ်ကို မင်းနားမလည်သေးဘူးပဲ ... မျှော်လင့်ထားတဲ့ အတိုင်း မင်းရဲ့ဝင်စားမှုက တကယ့်ကို အားနည်းလွန်းပါတယ် ...

... အတိတ်မှတ်ဉာဏ်ကိုတောင် မနိုးထနိုင်သေးဘူး မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်ရိုးရှင်းတဲ့မေးခွန်းကို မင်း မေးလာမှာလဲ။ ”

“ စကားများတဲ့ လူမိုက်တွေက သေကြတယ်တိုတာ မင်းအတွက် သတိပေးချက် မဟုတ်ဘူး ဒီနေ့ မင်းရင်ဆိုင်ရမယ့် ကံကြမ္မာပဲ။”

“ ဟားဟားဟား။ ”

မီကျန်းက စုရီစကားကို မထီမဲ့မြင်ပြုကာ ရယ်မောလိုက်၏။ ထို့နောက် တံဆိပ်တစ်ခုကို လေထုအလယ် ရေးဆွဲကာ တစ်စုံတစ်ရာကို ရွတ်ဆိုလိုက်တော့သည်။

“ ထာဝရမှောင်မိုက်မှုထဲမှာ၊ ငါတို့ဟာ ကြီးကျယ်ခမ်းနားတဲ့ သစ္စာတရားတစ်ခုအပေါ် ကိုင်ဆွဲထားရမယ် ... ။ ”

ထိုရွတ်ဆိုသံ ထွက်ပေါ်လာသည်နှင့် အချိန်မြစ်သည် ပြင်းစွာထကြွလာပြီး ရောင်ဝါ တစ်ခု တိုးထွက်လာ၏။

“ ဝုန်း ... ။ ”

အဆိုပါရောင်ဝါသည် အချိန်မြစ်ပြင်၌ လှိုင်းလုံးများဖြစ်ပေါ်စေလျက် နားကွဲမတတ် မြည်ဟည်းရိုတ်ပုတ်လာစေသည်။

ထိုအချိန်တွင် မီကျန်း၏ မျက်နှာအမူအရာမှာ ဘာသာတရားကိုင်းရှိုင်းပြီး လေးနက်တည်ကြည်နေ၏။

“ လောကကြီးအတွက် ဆီးမီးအိမ်ကို ထွန်းညှိပြီး အယုတ်အလတ်အမြတ်မရွေး ဉာဏ် အလင်းပေးဖို့ ငါတို့ကိုယ်ငါတို့ ပေးဆပ်မယ်။”

များမကြာမီ အချိန်မြစ်ထဲမှ ဥပဒေစည်းမျဉ်းများဖြင့် ဖွဲ့တည်ထားသော အပြာရောင်ဆီမီးအိမ်တစ်လုံး ရေမျက်နှာပြင် အပေါ် တိုးထွက်လာတော့၏။

ယင်းသည် တစ်ပေမျှသာရှိသော မီးအိမ်တစ်လုံးဖြစ်သည်။ သို့သော်မြစ်ရေပြင်ကို ထာဝရဖိနှိပ်နိုင်စွမ်းရှိနေကာ အတုမဲ့ဖိအားများ ပေးစွမ်းလာ၏။

စုရီ၏ မျက်လုံးများ စူးရှသွားကာ မှေးစင်းသွားလေသည်။ မီးအိမ်သည် ရတနာ တစ်ခု မဟုတ်ဘဲ တံဆိပ်တစ်ခုဖြစ်ချေ၏။

“ သစ္စာတရားအတွက် ... ဒီအစေခံရဲ့ခန္ဓာကိုယ်ကြီးက နတ်ဘုရားတွေရဲ့ ကိုယ်စား အပြစ်ပေးမှုကို စတင်ပါ့မယ်။ ”

ရုတ်တရက် မီကျန်းက ဟိန်းဟောက်လိုက်ပြီး ထိုမီးအိမ်ထံလှမ်းဆွဲယူ လိုက်တော့သည်။

ဤအချိန်တွင် မီကျန်းသည် ကောင်းကင်ဘုံကိုးပါးကို ကိုင်ဆောင်ထားသော အုပ်စိုးရှင်တစ်ပါးကဲ့သို့ အရှိန်အဝါသည် အကန့်အသတ်မဲ့ ဖြစ်လာ၏။

“ ဒါ ... နတ်ဘုရားတစ်ပါးရဲ့စွမ်းအားလား။ ”

စုရီမှ မျက်ခုံးပင့်လိုက်သည်။ မီကျန်း၏ မျက်လုံးများသည် နေမင်းလို တောက်ပနေပြီး အသံမှာ မိုးကြိုးကဲ့သို့ ကျယ်လောင်ချေ၏။

“ ဝုန်း ... ။ ”

သူ့ရွတ်ဆိုသံသည် အချိန်မြစ်ကြီး တလျှောက်ပဲ့တင်ထပ်နေကာ လှိုင်းလုံးများကို တဟုန်ထိုးမြင့်တက်လာစေသည်။

သူ့မျက်နှာတွင် ကြီးမားလှသည့် ဘုန်းတန်ခိုးအာနုဘော်များဖြင့် ပြည့်နေကာ၊

“ အခု ... မင်း ရယ်နိုင်သေးလား။ ”

-ဟု စုရီထံ လှည့်ကာမေးမြန်းသည်။ စုရီမှစကားမဆိုဘဲ လက်နှစ်ဖက်နောက်ပို့ကာ တုန်လှုပ်ခြင်းအလျင်းကင်းနေ၏။

သူသည် စုရီနှလုံးသားကို ချေမှုန်းရန် ဤမေးခွန်းမျိုး တစ်ကြိမ်ထက်မက မေးမြန်း ခဲ့ဖူးသည်။ သို့သော် အကြိမ်တိုင်း သူ့အတွက် မျှော်လင့်ထားသော အဖြေမျိုးမရခဲ့ချေ။

ယင်းကြောင့် မီကျန်း၏မျက်ဝန်းများ ရေခဲကဲ့သို့ အေးစက်သွားသည်။ ဂုဏ်သိက္ခာကို စိန်ခေါ်ခံရသူတစ်ဦးကဲ့သို့ သည်းမခံနိုင်တော့ဘဲ အဆုံး၌ တိုက်ရိုက်လှုပ်ရှားလာတော့၏။

“ ဖိနှိပ် ... ။ ”

အမိန့်သံနှင့်အတူ အပြာရောင် ဆီမီးအိမ်ကနေ တောက်ပသောအလင်းရောင် တစ်ချက် ထုတ်လွှတ်လာသည်။

“ ဝှစ် ... ။ ”

၎င်းသည် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ပွင့်ဖတ်များအဖြစ် ပြောင်းလဲသွားပြီး စုရီကိုပိတ်ထားသော လှောင်အိမ်အတွင်း ဝင်ရောက်သွား၏။

“ ဝုန်း ... ။”

လှောင်အိမ်တစ်ခုလုံး တုန်ခါလာသည်။ စည်းမျဉ်းပွင့်ဖတ်များကနေ အလင်းရောင်များ ပေါက်ကွဲလျက် စုရီထံလွင့်ဝဲသွား၏။

ထိုအချိန်တွင် မီကျန်းမျက်လုံးထဲ၌ ဖုံးကွယ်မထားနိုင်သော စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

ရှေးယခင်က ဤဝင်စားသူအပေါ် နတ်ဘုရားများစွာတို့ မည်သို့ပူးပေါင်းနှိမ်နင်းပြီး သတ်ပစ်ခဲ့ရသည်ကို နှစ်ကြိမ်မြင်တွေ့ဖူး၏။

ထို့ကြောင့် တစ်ဖက်လူသည် မည်မျှ ကြောက်စရာကောင်းသည်ကို သဘာဝအတိုင်း သူ နားလည်သဘောပေါက်ထားသည်။

ထိုစဉ်က နတ်ဘုရားများကို ပူးပေါင်း နှိမ်နင်းစဉ်ကပင် ကြီးမားသောတန်ဖိုးတစ်ခု ပေးဆောင်ခဲ့ရဖူးသည်။

ယနေ့တွင် နတ်ဘုရားအစေခံအနေဖြင့် သူတို့၏ဆန္ဒများကိုကိုယ်စားပြုပြီး တစ်ဖက်လူ အပေါ် လုံးဝဖိနှိမ်နိုင်သော် မည်မျှရူးသွပ်ဖွယ် ကောင်းကြောင်း တွေးဆမရချေ။

“ ဟမ့် ... ။ ”

သို့သော် ထိုခဏမှာပင် မီကျန်း၏ မျက်လုံးများရှိစိတ်လှုပ်ရှားမှုများ ပျောက်ကွယ် သွားပြီး မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားလေသည်။

အဘယ့်ကြောင့် ဆိုသော် ကျောက်လှောင်အိမ်ထဲတွင် အဖြူရောင်သလင်း အလွှာတစ်ခု စုရီထံပါးမှ ရုတ်တရက် တိုးထွက်လာခြင်းကြောင့်ပေပင်။

“ ဝုန်း ... ။ ”

ထို့နောက်တွင် စည်းမျဉ်းများဖြင့် ဖန်တီးထားသော သူ့အလင်းမှုန်များစွာသည် ကွဲကြေသွားကာ လှောင်အိမ်နံရံကို ပြင်းထန်စွာ စောင့်မိကုန်လေသည်။

“ ငါ မင်းကို အခွင့်အရေးပေးခဲ့ပေမယ့် ... မင်းက အသုံးမဝင်ဘူး။ ”

ထိုမြင်ကွင်းကြောင့် စုရီတစ်ယောက် နှာခေါင်းရှုံ့လိုက်သည်။ တစ်ဆက်တည်းမှာပင် ညာဘက်လက်ကို ဝှေ့ရမ်းကာ ကြေးဝါ သေတ္တာတစ်လုံး ပေါ်လာခဲ့၏။

အဖြူရောင်သလင်းလွှာသည် ထိုကြေးဝါသေတ္တာထဲကနေ ထွက်ပေါ်လာခြင်းဖြစ်ချေပြီ။

“ ဖရူး ... ။ ”

၎င်းစွမ်းအားသည် လျှို့ဝှက် ဆန်းကြယ်လွန်းပြီး ‌‌ကျောက်လှောင်အိမ်ကို ပြင်းစွာတုန်ခါမှုဖြစ်လာစေသည်။

“ နတ်ဘုရားမူလစွမ်းအား ... ။ ”

မီကျန်းတစ်ယောက် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ တစ်ဆက်တည်းမှာပင် ထိတ်လန့်လျက် ခြေလှမ်းများဆုတ်ခွာမိ၏။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ဒီအမျိုးသမီးကို နတ်ဘုရားတွေက သတ်လိုက်ပြီ မဟုတ်ဖူးလား ဒီမှာဘယ်လိုလုပ်ပြီး ... ။ ”

သို့သော် သူ့စကားမဆုံးခင်မှာပင် ကြေးဝါသေတ္တာထဲကနေ အလျင်လိုနေသော အသံတစ်သံ ထွက်ပေါ်လာတော့၏။

“ စီနီယာ၊ ဒါက အဲဒီအမျိုးသမီးရဲ့ လက်ရိုးလေးတစ်ခုပါပဲ မင်းအဲဒီလောက်အထိ ကြောက်စရာမလိုပါဘူး။ ”

***

All Chapters