အခန်း (၆၅၅-၆၅၆)
Vol. 49 Ch. 655-656
အခန်း ၆၅၅ - ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၊ လေတပ်
“ကျွန်းပိုင်ရှင် အဖွဲ့တွေပြင်ဆင်ပြီးပါပြီ။ မကြာခင်မှာ ရှုံးတိဆီကို တည်နေရာကူးပြောင်းပါတော့မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“အဖွဲ့နှစ်ဖွဲ့စလုံးမှာ အသက်ရှင်ကျန်ရစ်သူတစ်ယောက်နဲ့ ဒေသခံလေးယောက်စီပါပါတယ်။ ဒေသခံတွေမှာ မြို့ပြန်ကျောက်မရှိပေမယ့် အသက်ရှင်ကျန်ရစ်သူတွေဆီမှာတော့ ရှိပါတယ်။ သူတို့ မကျော်လွှားနိုင်တဲ့ အန္တရာယ်တွေ့ရင် ဒေသခံစစ်သားတွေက အသက်ရှင်ကျန်ရစ်သူတွေ ပြန်ပြီးတည်နေရာကူးပြောင်းနိုင်ဖို့ ကိုယ့်ကိုယ်ကို စတေးကြပါလိမ့်မယ်။ အသက်ရှင်ကျန်ရစ်သူမှာလည်း ထွက်ပြေးဖို့ အခွင့်အရေးမရှိတော့ဘူးဆိုရင် မြို့ပြန်ကျောက်ကို ချက်ချင်းဖျက်ဆီးပစ်ပါလိမ့်မယ်။”
ဤအစီအစဉ်သည် အင်အားကြီရန်သူများ မြို့ပြန်ကျောက်ရရှိသွားခြင်းမှ ကာကွယ်ရန်လည်း ဖြစ်သည်။
“ကောင်းပြီ သူတို့ကို အရမ်းနက်နက်ကြီး ဝင်ခိုင်းစရာမလိုဘူး။ ဟော်ကျုးတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာပဲ နေခိုင်းလိုက်။ ဘေးကင်းရေးက ပထမပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
လူဆယ်ယောက် ရောက်ရှိလာပြီးနောက် ရှောင်းယီသည် သူတို့ကို ဂရုတစိုက်လှုပ်ရှားရန် ညွှန်ကြားလိုက်ပြီး တစ်ယောက်စီတိုင်းကို ရေကာကွယ်ပုလဲတစ်လုံးစီပေးကာ စားခိုင်းလိုက်သည်။
ရှောင်းယီသည် ၎င်းတို့ကို မီးတိမ်တိုက်မြို့မှ ကာကွယ်ထားသည့်နေရာသို့ ကိုယ်တိုင်ဦးဆောင်ခေါ်သွားခဲ့သည်။ ထို့နောက် ရေအောက်မှ ပုန်းအောင်းကာ ကမ်းပေါ်တက်သွားပြီး ဟော်ကျိုးကို ရှာလိုက်သည်။
“မင်း ငါ့ရဲ့ အဖွဲ့နှစ်ဖွဲ့ကို တောထဲဝင်ဖို့ စီစဉ်ပေးရမယ်။”
ရှောင်းယီက တိုက်ရိုက်ပြောလိုက်သည်။
ရှောင်းယီ၏စကားကိုကြားသောအခါ ဟော်ကျူးက အနည်းငယ်တွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် သူတို့ကို မီးတိမ်တိုက်မြို့ရဲ့စစ်သားတွေအဖြစ် ဟန်ဆောင်ခိုင်းလိုက်ပါ။ ဒါက ပိုပြီးဘေးကင်းလိမ့်မယ်။”
“စိတ်ကူးကောင်းပဲ မီးတိမ်တိုက်မြို့ရဲ့စစ်သားဝတ်စုံနည်းနည်းလောက် ငါ့ကိုယူလာခဲ့ပေး။”
ရှောင်းယီက သဘောတူလိုက်သည်။
မကြာမီ ဟော်ကျူး၏စီစဉ်မှုအောက်တွင် လူဆယ်ယောက်စလုံး မီးတိမ်တိုက်မြို့၏စစ်သားဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ကြသည်။
မီးတိမ်တိုက်မြို့၏ဝတ်စုံတွင် ဦးထုပ်နှင့် မျက်နှာဖုံးများပါရှိသောကြောင့် ဖွင့်ဟမပြပါက အတွင်းရှိလူများ၏မျက်နှာကို မြင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ထိုအဖွဲ့နှစ်ဖွဲ့သည် ထွက်ပြေးသွားသော အပြင်လူများကို ရှာဖွေသည့်ဟန်ဆောင်ကာ တောအုပ်ထဲသို့ ဝင့်ကြွားဝါစွာ ဝင်ရောက်သွားခဲ့ကြလေသည်။
ထို့နောက် ရှောင်းယီသည် သင်္ဘောပေါ်သို့ ပြန်လာခဲ့ပြီး အနည်းငယ်တွေးတောပြီးနောက် ယခင်က စွမ်းအင်ပုံဆောင်ခဲတွင်းသတ္တုကြောကို ရှာဖွေတွေ့ရှိခဲ့သည့် လျူယွမ်လုံထံသို့ စာပို့လိုက်လေသည်။
“မင်းရဲ့မဟာမိတ်အဖွဲ့နဲ့ ဆွေးနွေးပြီးပြီလား။ မင်းတို့ဘက်က ပူးပေါင်းပြီးထုတ်လုပ်ချင်လား။”
ရှောင်းယီက မေးလိုက်သည်။
“အားနာပါတယ် သူဌေးကြီး။ ကျုပ်တို့ အခုချိန်ထိ ပူးပေါင်းထုတ်လုပ်ဖို့ကို မစဉ်းစားရသေးပါဘူး။”
လျူယွမ်လုံက မြန်မြန်ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။ နောက်ပိုင်းမှာ ငါတို့ ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။ မင်းတို့ တူးဖော်ပြီးတာနဲ့ မင်းဆီကနေ ဝယ်ရတာမျိုးတောင် ဖြစ်လာနိုင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ အဲဒီအချိန်ကျရင် ကျုပ်တို့ ခင်ဗျားကို အထူးဈေးနှုန်းနဲ့ပေးပါ့မယ်။”
လျူယွမ်လုံက ပြန်ဖြေလိုက်သည်။
စကားပြောဆိုခြင်း ပြီးဆုံးပြီးနောက် လျူယွမ်လုံသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ မြေပုံကို ကြည့်ရှုလိုက်သည်။ သူသည် စွမ်းအင်ပုံဆောင်ခဲတွင်းတည်နေရာနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။
“နောက်ထပ် ခြောက်နာရီလောက်ပဲလိုတော့တယ်။”
လျူယွမ်လုံက တွေးမိလိုက်သည်။
မြေပုံကို အသုံးပြုပြီးနောက် သတ္တုတွင်းသည် အမှန်တကယ် ရှားနိုင်ငံအသက်ရှင်ကျန်ရစ်သူများနယ်မြေအတွင်းတွင် တည်ရှိနေသည်ကို သူသိလိုက်ရသည်။ သူသည် ချက်ချင်းပင် သူ၏လူများကို စုစည်းကာ မြေပုံတွင်ပြသထားသောနေရာသို့ အပြေးအလွှားထွက်လာခဲ့လေသည်။
ယခုအချိန်တွင် သူတို့သည် ထိုနေရာသို့ ရောက်ခါနီးနေပြီဖြစ်သည်။
“ခေါင်းဆောင် ဒီမှာ ကျွန်းတွေမရှိသလိုပဲ။”
လက်အောက်ငယ်သားတစ်ဦးက စစ်သုံးမှန်ပြောင်းဖြင့် လှမ်းကြည့်ရင်း မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
လျူယွမ်လုံလည်း မျက်မှောင်ကျုံ့လိုက်မိသည်။
“ငါတို့အဲ့နေရာကို ရောက်ပြီးမှ ပြောကြတာပေါ့။”
စကားပြောဆိုမှုပြီးနောက် ရှောင်းယီသည် ကမ်းခြေရှိ ဒေသခံများသည် တိုက်ခိုက်မှုများ ဆက်မလုပ်တော့ဟန်ရှိသည်ကို မြင်တွေ့လိုက်ရ၏။ ထို့ကြောင့် သူသည် ရေသူမျိုးနွယ်ဆီသို့သွားရောက်ပြီး သူ၏တိုက်ခိုက်ရေးကျွမ်းကျင်မှုများကို လေ့ကျင့်ရန် ပြင်ဆင်လိုက်လေသည်။
သူသည် ရေဖိအားကို အသုံးပြုကာ အမြန်ဆုံးအဆင့်တက်နိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ သူသည် SSS အဆင့်သို့ အမြန်ဆုံးအဆင့်တက်နိုင်ပါက တိုက်ကြီးပေါ်ရှိ ဒေသခံများအား ရင်ဆိုင်ရန်အတွက် ပို၍ယုံကြည်မှုရှိလာပေလိမ့်မည်။
ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ပင်လယ်ကြမ်းပြင်သို့ စတင်ထွက်ခွာတော့မည့်ဟန်ရသော ရေသူမျိုးနွယ်စု၏မျိုးနွယ်စုခေါင်းဆောင်လင်းနီကျိအား တွေ့လိုက်ရလေသည်။
“ကျွန်းပိုင်ရှင်ရှောင်းလား။”
လင်းနီကျိသည် ရှောင်းယီကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ပြီး မေးလိုက်သည်။
“မင်းကိုယ်တိုင်ရောက်လာတာ အကြောင်းတစ်ခုခုရှိလို့လား။”
“မရှိပါဘူး။ ကျုပ် ရေထဲမှာ ကျုပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကို လေ့ကျင့်ချင်ရုံပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အချိန်ကောင်းပဲ အတူတူသွားကြရအောင်။”
လင်းနီကျိက ပြောလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီး ဘေးဘက်သို့ အစိမ်းရောင်အလင်းဖျော့ဖျော့ ဖြာထွက်နေသော တည်နေရာကူးပြောင်းအစီအရင်ကို ကြည့်ကာပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်လင်း မင်းတို့ရေသူမျိုးနွယ်မှာ စွမ်းအင်ကျောက်တွေ ရှိသေးလားဆိုတာ သိချင်မိတယ်။”
“ချူဖုန်းမြို့က တည်နေရာပြောင်းခြင်းအစီအရင်အတွက် စွမ်းအင်ကျောက်တွေ မလုံလောက်တော့ဘူးလား။”
လင်းနီကျိက စိုးရိမ်တကြီး မေးလိုက်သည်။
ဤသည်မှာ သူတို့ရေသူမျိုးနွယ်၏ သေရေး၊ရှင်ရေးနှင့် သက်ဆိုင်နေသော အဓိကကိစ္စတစ်ခုဖြစ်သည်။ သူတို့၏လက်ရှိတည်ငြိမ်နေသောအခြေအနေမှာ ရှောင်းယီယူဆောင်လာခဲ့သော တပ်ကူများကြောင့်သာဖြစ်သည်။ အကယ်၍ ထိုတပ်ကူများ မရောက်လာနိုင်တော့ပါက သူတို့မျိုးနွယ်စုသည် ပုဇွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များ၏ အုပ်စုများကို ရင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။
ထို့အပြင် ရှောင်းယီသည် သူတို့အရေးတကြီးလိုအပ်သော အဆင့်မြင့်အစားအစာများစွာကို ပေးစွမ်းနိုင်သည်။ ၎င်းသည် သူတို့၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပေသည်။
“ဟုတ်တယ်။ ချူဖုန်းမြို့မှာ စွမ်းအင်ကျောက်တွေ အများကြီးမကျန်တော့ဘူး။ နောက်ထပ် အကြိမ် ၂၀ လောက်ပဲ တည်နေရာကူးပြောင်းနိုင်တော့မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့လိုလား။ ကျုပ်တို့မျိုးနွယ်စုမှာ နည်းနည်းတော့ရှိသေးတယ်။ နောက်မှ မင်းဆီ နည်းနည်းပို့ပေးလိုက်မယ်။ မင်းပြန်ရင် ယူသွားလို့ရအောင်။”
လင်းနီကျိက အမြန်ပြောလိုက်သည်။
ချူဖုန်းမြို့ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်သည် ရေသူမျိုးနွယ်၏ သေရေး၊ရှင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်နေသောကြောင့် လင်းနီကျိအနေဖြင့် အထူးဂရုပြုရမည်ဖြစ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် မျိူနွယ်စုခေါင်းဆောင်လင်း။”
ရှောင်းယီက သူ၏လက်နှစ်ဖက်ကိုယှက်ရင်း ပြောလိုက်သည်။
“ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။”
လင်းနီကျိသည် ရှောင်းယီအား နောက်ထပ်အဝေးတစ်နေရာသို့ ရေကူးကာ ခေါ်ဆောင်သွားခဲ့သည်။
သူတို့နှစ်ယောက်စလုံးသည် SS အဆင့်ဖြစ်သောကြောင့် အုပ်စုလေးခုထက်ပို၍ မကြုံတွေ့ရသရွေ့ ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဖြစ်သည်။
ရှောင်းယီသည် ရေသူမျိုးနွယ်နှင့်အတူ မွန်းစတားများကို ကြိတ်ခြေကာ အဆင့်မြှင်တင်နေစဉ် အပြင်လူများအကြောင်း သတင်းသည်လည်း တိုက်ကြီးတစ်ခွင်လုံးသို့ လုံးဝပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစပိုင်းက ဝင်မပါခဲ့ကြသော အဖွဲ့များစွာလည်း ယခုအချိန်၌ ရောက်ရှိလာခဲ့ကြသည်။ ပို၍စောစီးစွာ ရောက်ရှိနေသူများမှာ ပင်လယ်နှင့်ပိုနီးသော မြို့ငယ်များမှဖြစ်သည်။
ယခုရောက်ရှိလာသူများမှာ ကုန်းတွင်းပိုင်းမြို့များ၊ နိုင်ငံများပင်ဖြစ်သည်။
ထိုအင်အားကြီးအဖွဲ့များရောက်ရှိလာပြီးနောက် မြို့ငယ်လေးများမှ အဖွဲ့များကို ဘေးသို့တွန်းထုတ်ကာ ၎င်းတို့ကာကွယ်ထားသည့်နေရာများကို လွှဲယူလိုက်ကြသည်။ မီးတိမ်တိုက်မြို့သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
“အခု ဒီနေရာကို ငါတို့ပိုင်သွားပြီ။ မင်းတို့ အခုချက်ချင်းထွက်သွားကြစမ်း။”
ဗိုလ်ချုပ်တစ်ဦးက ဟော်ကျူးအား မောက်မာစွာ ပြောလိုက်သည်။
တစ်ဖက်လူ၏ စွမ်းအားကြီးမားလှသော အရှိနိအဝါကို ကြည့်ရှုလိုက်ပြီးနောက် ဟော်ကျူးသည် သဘောမတူသည့် စကားလုံးတစ်ဝက်မျှပင် မပြောဝံ့ဘဲ သူ၏အဖွဲ့ကို ဘေးတစ်ဖက်သို့ ခေါ်သွားခဲ့ရပြီး ယခင်က တောအုပ်ထဲသို့ ဝင်ရောက်သွားပြီးဖြစ်သော အဖွဲ့ငယ်နှစ်ဖွဲ့အား အသိပေးရန် လူအချို့ကို စေလွှတ်လိုက်လေသည်။
ကမ်းခြေပေါ်ရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော ရှုံးတိသည်လည်း ကမ်းခြေပေါ်ရှိ အပြောင်းအလဲများကို ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
အဖွဲ့များ ပြောင်းလဲသွားပြီး အလံများ ပြောင်းလဲသွားကာ လူဦးရေ ပိုများလာခဲ့သည်။
သူသည် ဤကိစ္စကို ကျန်းယွင်ထျန်းထံသို့ ချက်ချင်းပင် အစီရင်ခံလိုက်သည်။ ကျန်းယွင်ထျန်းသည် အနည်းငယ်တွေးတောပြီးနောက် ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်သည်။
“အခုချက်ချင်း ၅ ကီလိုမီတာ နောက်ဆုတ်ပြီး အခြားအသက်ရှင်ကျန်ရစ်သူအဖွဲ့တွေကို အခုချိန်မှာ တိုက်ကြီးဆီ ထိုးစစ်မဆင်ဖို့ သတိပေးလိုက်။”
“ဟုတ်ကဲ့”
ရှုံးတိက တုံ့ပြန်လိုက်ပြီး ထိုစာကို ယီထျန်းဂရုထဲသို့ ချက်ချင်းပေးပို့လိုက်လေသည်။
“ဘာ...။ ကမ်းခြေက တပ်ဖွဲ့တွေ ပြောင်းလဲသွားတာလား။ ငါ ဘာလို့ မသိလိုက်ရတာလဲ။”
“တကယ် ပြောင်းသွားပြီ။ အလံတွေပြောင်းသွားတာက အထင်ရှားဆုံးပဲ။”
“ပြောင်းသွားတော့ကော ဘာဖြစ်လဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ရေတပ်တိုက်ပွဲအတွေ့အကြုံက ငါတို့လောက်မရှိဘူး။ သူဌေးကြီးရဲ့အဇူရာနဂါးကိုတောင် ထည့်မပြောရသေးဘူးနော်။”
“ဒါပေမယ့် သူဌေးကြီးအဖွဲ့က နောက်ဆုတ်သွားပြီလေ။ မင်းက တကယ် နောက်မဆုတ်ချင်တယလား။”
“ဆုတ်ဆုတ်၊ မဆုတ်ဆုတ် ငါကတော့ သူဌေးကြီးနောက်ကိုလိုက်မှာပါ။”
“ချီး ငကြောက်တွေပဲ။ သူတို့ ဘယ်လောက်ပဲစွမ်းအားကြီးကြီး ဒီကို လေထဲကပျံလာလို့မရဘူး။”
ဂရုထဲ၌ အပူတပြင်းဆွေးနွေးနေဆဲအချိန်တွင် ကမ်းခြေဘက်မှ မိုးပျံဘောလုံး ၁၀၀ ကျော် မြင့်တက်လာခဲ့သည်။
ယနေ့လေတိုက်ရာအရပ်သည် ၎င်းတို့ကို အလွန်အထောက်အကူဖြစ်စေခဲ့ပြီး ထိုအန္တရာယ်ရှိသောများပျံဘောလုံးများသည် ပင်လယ်ဘက်သို့ အမြန်ပျံသန်းသွားခဲ့ကြသည်။
“သေစမ်း ခုနက ဂြိုဟ်ဆိုးက ဘယ်သူလဲကွ။ သူတို့က တကယ်ပဲ ဒီကိုပျံလာနေကြပြီ။”
“အာ သူတို့မှာ လေယာဉ်ပျံတွေတောင် ရှိနေပြီလား။”
“လေယာဉ်ပျံ မဟုတ်ဘူး။ အကြီးစားမိုူပျံပူပေါင်းအမျိုးအစားပဲ။ ဒီနေ့ လေကလည်း ငါတို့ဘက်ကို တိုက်နေတာ။ အမြန်နောက်ဆုတ်ကြ။ အဆင့်မြင့်မှော်ဆရာတစ်ယောက်လောက်သာ ခုန်ချလာခဲ့ရင် ငါတို့အားလုံး ပြီးသွားလိမ့်မယ်။”
ယခုအခါ ဘယ်သူမှ နေရာမှာ အေးအေးဆေးဆေး မနေနိုင်ကြတော့ပေ။ သူတို့သည် ချက်ချင်းပင် ၎င်းတို့၏သင်္ဘောများကို မောင်းနှင်ကာ နောက်ဆုတ်သွားခဲ့ကြလေသည်။
အခန်း ၆၅၆
အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကျန်းရွှဲ့သည် ချက်ချင်းပင် တူနေရာကူးပြောင်းကာ ရောက်ရှိလာခဲ့သည်။ သူမသည် ထိုအကြီးစားမီပုံးကြီးများကို မြင်လိုက်ရသည်နှင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
“နတ်ဘုရားလေးသမားအားလုံး အသင့်ပြင်ထား။”
“ဟုတ်ကဲ့ မဒမ်”
ရှုံးတိက ပြန်ဖြေလိုက်သည်။
လူစီးမှးမီးပုံးပျံများသည် သာမန်ရွက်သင်္ဘောများထက် အနည်းငယ်ပိုမြန်ပြီး မကြာမီ နောက်ကျကျန်ခဲ့သူများအား လိုက်မိသွားခဲ့သည်။
၎င်းတို့ နောက်သို့ လိုက်မီသွားသောအခါ သင်္ဘောများ၏အမြန်နှုန်းနှင့် ယှဉ်လိုက်ပြီး အပေါ်မှအောက်သို့ စတင်ထိုးစစ်ဆင်ကြတော့လေသည်။
ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်
အထက်မှ မြားမိုးများ ကျဆင်းလာသည်။ ကုန်းပတ်ပေါ်ရှိ သင်္ဘောသားများသည် ၎င်းတို့၏ဒိုင်းများကို ကိုင်မြှောက်ပြီး သင်္ဘောခန်းများဆီသို့ ပြေးဝင်သွားကြသည်။
ထိုစဉ် စစ်သားတစ်ဦးသည် သူ၏ကိုယ်ခန္ဓာအပိုင်းအစတစ်ခုကို ဖော်ပြလိုက်မိပြီး အပေါ်မှ တည့်တည့်ကျဆင်းလာသော မြားကြောင့် ချက်ချင်းပင် ဒဏ်ရာရသွားခဲ့လေသည်။
အပေါ်က လေးသမားတိုင်းသည် မီတာ ၁၀၀ အကွာအဝေးမှ ဝါးရွက်ကိုပင် ထိမှန်အောင်ပစ်ခတ်နိုင်သည့် လေးသမားများဖြစ်သည်မှာ သေချာပေသည်။
သို့သော် သင်္ဘောပေါ်ရှိသူများတွင် ပြန်လည်ပစ်ရန်အခွင့်အရေး မရှိပေ။
မြှားများကို အပေါ်တည့်တည့်သို့ ပစ်လွှတ်လိုက်သည့်အခါ မိုးပျံပူဖောင်းရှိသည့်အမြင့်ကို ရောက်သည့်အချိန်တွင်မူ မြှား၏သေစေနိုင်သည့် အရှိန်အဟုန်မှာ အတော်လေး လျော့ပါးသွားမည်ဖြစ်သည်။
ထို့အပြင် ထိုလူစီးမီးပုံးပျံများကို သတ္တုအလွှာတစ်လွှာဖြင့် ကာရံထားခဲ့သည်။ ၎င်းသည် မည်သည့်သတ္တုစပ်ဖြစ်သည်ကို မသိရသော်လည်း လေးနှင့်မြားများအား ခုခံနိုင်သည်မှာ သိသာထင်ရှားပေသည်။
သင်္ဘောကုန်းပတ်ကို ရှင်းလင်းပြီးနောက် လူစီးမီးပုံးပျံများမှ လက်ကောက်ဝတ်ခန့်အထူရှိသော ကြိုးများသည် ရွက်တိုင်၊ ရွက်နှင့် ပျဉ်းပြားများဆီသို့ ဆင်းသက်လာခဲ့သည်။
မီးတောက်များကို ငြိမ်းသတ်ပြီးနောက် စစ်သားများသည် ကြိုးများကို လက်ဖြင့်ဆွဲကာ သင်္ဘောပေါ်သို့ ဆင်းသက်လာခဲ့ကြလေသည်။
“အဲ့ဒီကြိုးတွေကို ပစ်ချလိုက်။ သူတို့ကို တက်မလာခိုင်းနဲ့။”
သင်္ဘောခန်းထဲရှိ အသက်ရှင်ကျန်ရစ်သူသူတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော် လူတိုင်းသည် ကျွမ်းကျင်လေးသမားများ မဟုတ်ကြချေ။ ကြိုးများသည် လေထဲတွင် လှုပ်ခါနေပြီး ပစ်မှတ်ထားရန်မှာ မဖြစ်နိုင်ပေ။
ပိုဆိုးသည်မှာ ဘယ်သူမဆို ပစ်ခတ်ရန် အပြင်ထွက်လိုက်သည်နှင့် အပေါ်ရှိမြားများက သူတို့ကို အကာအကွယ်အောက်ကို ပြန်လည်မောင်းထုတ်လိုက်မည်ဖြစ်သည်။
မိနစ်ပိုင်းအတွင်း လူစီးမီးပုံးပျံများသည် ကုန်းပတ်ပေါ်မှ ၂ မီတာခန့်အကွာတွင်သာ လွင့်မျှောနေပြီး တပ်သားများက တိုက်ရိုက်ပင် ခုန်ချလာကြသည်။
ရှောင်းယီသာ ဤနေရာတွင် ရှိနေမည်တိုပါက အံ့အားသင့်သွားမည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော ထိုစစ်သားအားလုံးသည် အဆင့် A အဆင့်ချည်းဖြစ်သောကြောင့်ပင်။
လူစီးမီးပုံးပျံများ၏တောင်းထဲတွင် ရပ်နေသေးသော စစ်သားတစ်ဦးသည် အဆင့် S မှော်ဆရာဖြစ်သည်။
စုစုပေါင်း စစ်သား ၁၂ ယောက်သည် သင်္ဘောတစ်စီးလုံးကို နှိမ်နှင်းရန် လုံလောက်ပေသည်။
တိုက်ပွဲသည် မစတင်ခင်ကတည်းက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ မှော်ဆရာသည် ထိုသင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီး ကမ်းခြေဆီသို့ သင်္ဘောအား ဦးတည်သွားစေခဲ့သည်။
ကျန်ရှိနေသော ရေတပ်သည် ၎င်းတို့ထဲမှ တစ်စီး လုယူခံလိုက်ရသည်ကို ကြည့်ရှုနေရုံသာတတ်နိုင်ပြီး အခြားလူစီးမီးပုံးပျံတစ်ခု ၎င်းတို့အပေါ် အာရုံစိုက်လာမည်ကို စိုးရိမ်ပြီး မရပ်ရဲကြပေ။
ထို့နောက် လူစီးမီးပုံးပျံ ၁၀၈ ခု မြင့်တက်လာခဲ့ပြီး ဒေသခံများသည် သင်္ဘော ၉၉ စီးကို ဖမ်းဆီးသိမ်းပိုက်ခဲ့ကြသည်။
ကျန်းရွှဲ့ ယီထျန်းဂရုထဲတွင် ချက်ချင်းသတိပေးလိုက်သည်။
“သတိပေးချက် - ဒေသခံတွေက သင်္ဘော ၉၉ စီးကို ရယူထားတယ်။ သူတို့က အဲ့ဒီသင်္ဘောတွေရဲ့ မြို့ပြန်ကျောက်တွေ သို့မဟုတ် ဦးတည်ချက်ကျောက်တွေကို အသုံးပြုပြီး သင်တို့ရဲ့မဟာမိတ်အဖွဲ့ဆီကို တည်နေရာကူးပြောင်းလာနိုင်တယ်။ လူတိုင်းပဲ အသင့်ပြင်ထားကြပါ။”
“သူတို့က သင်္ဘောတွေကို အနုကြမ်းစီးလိုက်ကြပြီလား။”
“ဒေသခံတွေရဲ့ လူစီးမီးပုံးပျံကြီးတွေက အဲဒီလောက် တောင် အစွမ်းထက်တာလား။”
“သေစမ်း ကျုပ်တို့ သင်္ဘောတစ်စီးဆုံးရှုံးသွားပြီ။ ကျုပ် ကောင်းကောင်းပြင်ဆင်ထားရမယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့မှာ အစစ်အမှန်ကျွမ်းကျင်သူတွေ မရှိဘူး။”
“အဆိပ်ငွေ့ဗုံးတွေ၊ ယမ်းမှုန့်တွေ၊ လေးတွေ လက်နက်တွေအကုန်လုံးကို တည်နေရာကူးပြောင်းမယ့်နေရာနားမှာ ပုံထားလိုက်လေ။ တစ်ယောက်ယောက်ပေါ်လာတယနဲ့ တစ်ခါတည်း ဖောက်ခွဲပစ်လိုက်ပေါ့။”
စကားပြောခန်းကို ဖတ်ရှုပြီးနောက် ကျန်းရွဲ့သည် နောက်ထပ်မဟာမိတ်အဖွဲ့တစ်ခု ထပ်မံပြောင်းလဲတော့မည်ကို သိရှိလိုက်ရသည်။
ရှောင်းယီသည် ရေအောက်မြေပြင်တွင် သုံးနာရီကြာအောင်နေထိုင်ခဲ့ပြီး ရေကာကွယ်ပုလဲ ၁၅ လုံးစုဆောင်းခဲ့သည်။ ပုဇွန်စစ်သည်များနှင့် ကဏန်းဗိုလ်ချုပ်များ မရှိတော့သည်ကို တွေ့လိုက်ရသောအခါ ရှောင်းယီက ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်လင်း ကျုပ်ပြန်လိုက်ပါဦးမယ်။”
“ကောင်းပြီ။ ကျုပ် မင်းကို လိုက်ပို့ပြီး စွမ်းအင်ကျောက်တချို့ သွားယူလိုက်မယ်။”
လင်းနီကျိက ပြန်ဖြေလိုက်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်နားသို့ ရောက်လာသောအခါ ရှောင်းယီသည် တပိုင်နှင့် အခြားသူများ ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။
“ဒီနေ့ စောစောအလုပ်ပြီးလာတာလား။”
“မင်းက ငါတို့ကို အနက်ပိုင်းထဲ သွားခွင့်မပေးထားတော့ အစွမ်အဖျားပိုင်တွေကိုပဲ ရှင်းလင်းလိုက်တယ်လေ။ ကျန်နေတဲ့ ပြန့်ကျဲနေတဲ့အုပ်စုတွေကိုလည်း ဖြေရှင်းပြီးတာကြာပြီ။”
ပဏ္ဍိတငယ်လေးက ပြန်ဖြေသည်။
“မင်း တော်တော်ကျွမ်းနေပြီပဲ။”
ရှောင်းယီက ရယ်မောလိုက်သည်။ ဝမ်ချိုင်နှင့် သားရဲဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားခဲ့သည်။
“မင်းတို့နှစ်ယောက် အဆင့်တက်သွားပြီလား။”
ဝမ်ချိုင်နှင့် သာရဲဘုရင်တို့နှစ်ယောက်စလုံးသည် SS အဆင့် စာချုပ်ချုပ်ဆိုထားသော သားရဲများဖြစ်လာခဲ့ကြသည်။
“ဝုတ် ဝုတ်”
ဝမ်ချိုင်က ဟောင်လိုက်သည်။
“အရမ်းကောင်းတယ်။”
ရှောက်င်းက စိတ်လှုပ်ရှားစွာ ရေရွတ်မိလိုက်ပြီး ၎င်းတို့နှင့် စွမ်းအင်ကျောက်များကို ယူဆောင်ကာ တာ်နေရာကူးပြောင်းခြင်စအစီအရင်မှတစ်ဆင့် ချူးဖုန်းမြို့သို့ ပြန်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင် ခုနက အပေါ်ဘက်မှာ အသံတွေ တော်တော်လေးကျယ်ခဲ့တယ်။ တိုက်ခိုက်နေတယ်ထင်တယ်။ အခုတော့ ငြိမ်သွားပါပြီ။ နည်းနည်းလောက် ထပ်စောင့်ဦးမလား။”
ရှောင်းယီပေါ်လာသောအခါ ရှီခုန်းက အကြံပြုလိုက်သည်။
“ထပ်ဖြစ်ပြန်ပြီလား။”
ရှောင်းယီက မျက်ခုံးပင့်လိုက်မိသည်။
“မင်းတို့အကုန်လုံး ဒီမှာနေခဲ့။ ငါသွားကြည့်လိုက်မယ်။”
ထို့နောက် သူသည် စွမ်းအင်ကျောက်များအား ရှီခုန်းထံသို့ ပေးအပ်ကာ သတိထားပြီး ရေမျက်နှာပြင်ဆီသို့ ရွေ့လျားသွားခဲ့သည်။
“သတိထားပါ ကျွန်းပိုင်ရှင်”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
ဝူး...
တိုက်ခိုက်ရေးလှေငယ်တစ်စင်း သူ၏ခေါင်းပေါ်မှ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။
၎င်းသည် သူအရင်က မြင်ဖူးသည့်တစ်ခုဖြစ်ကောင်းဖြစ်နိုင်သည်။ ရှောင်းယီသည် လှေကိုယ်ထည်အောက်တွင် ပုန်းပြီး ဒေသခံများ၏စကားများကို နားထောင်ကြည့်လိုက်သည်။
“အဲ့ဒီလူစီးမီးပုံးပျံတွေကို တကယ်ပဲ ပို့ပေးခဲ့တာပဲ။ ရာနဲ့ချီတဲ့သင်္ဘောရာတွေကို လွယ်လွယ်လေးရလိုက်တယ်။ ဒီတစ်ခါတော့ ငါတို့ ဆီးနှင်းသစ်ရွက်မြို့လည်း ရလောက်တယ်မဟုတ်လား။”
“ဘယ်သူသိမှာလဲ။ ငါတို့နောက်က အရေးကြီးပုဂ္ဂိုလ်တွေက မျှဝေမပေးချင်မှာကိုပဲ စိုးရိမ်မိတယ်။”
“ခွန်အားသာရှိရင် မင်းလုပ်ချင်တာလုပ်လို့ရတယ်။ သူတို့ ဘယ်လောက်မောက်မာနေလဲတိုတာကို ကြည့်လိုက်စမ်း။ ငါ သူတို့ကို ထိုးကြိတ်ပစ်လိုက်ချင်တယ်။”
“မိုက်မဲတဲ့အလုပ်တွေ မလုပ်စမ်းပါနဲ့။ အဲ့အချိန်ကျရင် မှော်ဆရာကြီးတောင်မှ မင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး။”
“ငါ ပြောရုံပါပဲဟ။ ပြောရရင် နောက်ဆုံးအကြိမ်တုန်းက ပင်လယ်သတ္တဝါက ဘာလို့ ထပ်မပေါ်လာတော့တာလဲ။”
“ဘယ်သူသိမှာလဲ။ လူစီးမီးပုံးပျံတွေရဲ့ပစ်မှတ်က သူရောက်နေတဲ့နေရာထက် ကျော်လွန်သွားလို့ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပင်မရေတပ်နောက်ကိုလိုက်ပြီး အရမ်းဝေးသွားတာလည်း ဖြစ်နိုင်တာပဲ။”
သူတို့၏စကားများမှတစ်ဆင့် ရှောင်းယီသည် လေတပ်များပါဝင်သော အင်အားစုအသစ်တစ်ခု ရောက်ရှိလာကြောင်း သိလိုက်ရပြီး ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူများကို လုံးဝအလစ်အငိုက် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“ဒေသခံတွေရဲ့လှည့်ကွက်တွေက တကယ်ကိုမကုန်နိုင်ဘူး။”
သူသည် ထိုသို့ စောဒကတက်လိုက်ရင်း စာချုပ်၏စွမ်းအားကို အသုံးပြုကာ ချင်းလုံကို ခေါ်လိုက်သည်။
တိုက်ပွဲအတွက် မဟုတ်ချေ။ ပိုမိုအင်အားကြီးသော အင်အားစုများသည် ၎င်းတို့ထံ၌ အဆင့်မြင့်မှော်ဆရာများ ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ တိုက်ပွဲဝင်ပြီး ဒုက္ခရှာရန်မှာ မထိုက်တန်ချေ။
ချင်းလုံသည် သူတို့ကို သင်္ဘောပေါ်သို့ ပြန်လည်ခေါ်ဆောင်ရန်သာ လိုအပ်ပေသည်။
ယခုတလော မြို့ပြန်ကျောက်များစွာကို ပြန်လည်အားသွင်းထားရသည်။ ထောက်ပံ့ပေးထားသော စွမ်းအင်ပြွန်များသည် နည်းပါးလှပြီး အခေါက်တိုင်းကို ချွေတာနေရသည်။
ထိုစဉ် ချင်းလုံသည် သူ့ဆီသို့ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး ရှောင်းယီနှင့် သူ၏သားရဲများအား ကျန်ရွှဲ့ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
မိနစ် ၂၀ အကြာတွင် ချင်းလုံသည် ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာပြီး ရှောင်းယီနှင့် အခြားသူများသည် ၎င်း၏ဦးခေါင်းပေါ်မှတစ်ဆင့် သင်္ဘောပေါ်သို့ ခုန်ချလိုက်ကြသည်။
ကျန်းရွဲ့သည် သူ့ကိုမြင်သောအခါ တိုက်ရိုက် လျှောက်လာခဲ့လေသည်။
“အခြေအနေဘယ်လိုလဲ။”
ရှောင်းယီက ဒေသခံများသိမ်ပိုက်ထားသော သင်္ဘောများကို ကြည့်ရင်း မေးလိုက်သည်။
“ဒေသခံတွေက ဖိပြီးတော့ မတိုက်ခိုက်လာသေးဘူး။ သူတို့က သင်္ဘောပေါ်က တည်နေရာကူးပြောင်းပေးသူတွေကို သုံးပြီး မဟာမိတ်အဖွဲ့တွေကို တိုက်ခိုက်မှာကို ကျွန်မကြောက်မိတယ်။ ကျွန်မတို့ သူတို့သိမ်ပိုက်ထားတဲ့ သင်္ဘောတွေအကုန်လုံးကို ချေမှုန်းပစ်သင့်လား။ ပြန်မရနိုင်မှတော့ ဖျက်ဆီးပစ်လိုက်မယ်။ ရန်သူအတွက် ဘာမှချန်မထားနိုင်ဘူး။”
“လုပ်လိုက်တော့”
ရှောင်းယီသည်လည်း အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ ပြောလိုက်သည်။
“အကုန်လုံးကို ချေမွှပစ်လိုက်။”
“ဟုတ်ကဲ့”
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။