← Chapters

အခန်း (၆၅၇-၆၅၈)

Vol. 49 Ch. 657-658

အခန်း (၆၅၇-၆၅၈)

Vol. 49 Ch. 657-658

အခန်း ၆၅၇ - ငှက်ကြီးများမှ လူစီးမီးပုံးပျံများအား ထိုးဖောက်ခြင်း၊ SSS အဆင့်မှော်ဆရာ

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ လျှောက်သွားပြီး ယီထျန်းဂရုထဲသို့ စာပို့လိုက်လေသည်။

“မိတ်ဆွေအပေါင်းတို့... ဒေသခံတွေ ကျွန်းပေါ်ကို ဝင်ရောက်စီးနင်းတာမျိုး မဖြစ်စေဖို့အတွက် သိမ်းပိုက်ခံထားရတဲ့ သင်္ဘောအားလုံးကို ဖျက်ဆီးပစ်ဖို့ ကျုပ်အမိန့်ပေးထားပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးပါ။”

“နည်းလမ်းမရှိတော့ဘူး။ သင်္ဘောကြီးတွေအများကြီး ဒီတိုင်းပဲ ဖျက်ဆီးခံလိုက်ရတော့မှာလား။ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်သလဲ။”

“ဟုတ်တယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့က သင်္ဘောကြီး ၃ စီးလုံး သိမ်းပိုက်ခံလိုက်ရတယ်။ ကျုပ်တို့ကို တစ်စီးလောက်တော့ ချန်ခဲ့ပေးပါလား။”

“ခင်ဗျားတို့ ရှေ့ရေးကို နည်းနည်းလောက်ပိုပြီး ကြိုမမြင်နိုင်ဘူးလား။ အခုမဖျက်ဆီးဘူးဆိုရင် ဒေသခံတွေက သဲလွန်စတွေနောက်ကို လိုက်ပြီး ခင်ဗျားပြန်းနေတဲ့နေရာကို ရောက်လာရင် သင်္ဘော ၃ စီးတင် မဟုတ်ဘူး ခင်ဗျားရဲ့မဟာမိတ်အဖွဲ့တစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်။”

“အမလေး ဒါတော့ အမှန်ပဲ။ ဖျက်ဆီးပစ်လိုက် ဖျက်ဆီးပစ်လိုက်ပါ။”

ဂရုထဲရှိ အဖွဲ့ဝင်များ သဘောတူတူ၊မတူတူ ကျန်းရွှဲ့သည် သင်္ဘောကြီးများဖြင့် သိမ်းပိုက်ခံထားရသည့် သင်္ဘောများဆီသို့ စတင်လှုပ်ရှားနေပြီဖြစ်သည်။

ကမ်းခြေရှိ ဒေသခံများသည် ကျန်းရွှဲ့၏လှုပ်ရှားမှုကို ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။

“လူစီးမီးပုံးပျံတွေ လွှတ်တင်လိုက်။”

ချက်ချင်းပင် လူစီးမီးပုံးပျံ ၁၀ ခု ကမ်းခြေဘက်မှ မိုးပေါ်သို့ မြင့်တက်လာခဲ့သည်။ သူတို့၏အမြင်တွင် ထိုသင်္ဘော ၃ စီးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လူစီးမီးပုံးပျံ ၁၀ ခုမှာ လုံလောက်နေပြီဖြစ်သည်။

ရှောင်းယီသည် ကမ်းခြေဘက်မှမြင့်တက်လာသော လူစီးမီးပုံးပျံများကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

“မင်းတို့က အရမ်းယုံကြည်မှုရှိနေပုံပဲ။”

ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ အန်းရန်ထံ စာပို့လိုက်လေသည်။

“ခွန်းယွီနဲ့ ဟွားဖုန့်ကို ပို့ပေးပါဦး။”

မကြာမီ သင်္ဘောကုန်းပတ်ပေါ်တွင် ကြီးမားသည့်ငှက်ကြီးနှစ်ကောင် ပေါ်ထွက်လာခဲ့သည်။

အမြောက်များ၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်းသို့ ရောက်ရှိလာပြီးနောက် ကျန်းရွှဲ့က ချက်ချင်း အမိန့်ပေးလိုက်သည်။

“သင်္ဘောဘေးဘက်ကိုပစ်။”

“ဟုတ်ကဲ့”

ထို့နောက် သူတို့သည် သင်္ဘောကြီး ၃ စီးစလုံးကို ပင်လယ်ပြင်ပေါ်တွင် ဘေးတိုက်အနေအထားဖြင့် ပစ်မှတ်ကို ချိန်ရွယ်ကာ ချက်ချင်းပင် စတင်ပစ်ခတ်တော့လေသည်။

ဝုန်း ဝုန်း ဝုန်း

သိမ်းပိုက်ခံထားရသော သင်္ဘောများသည် အမြောက်ဆဲများကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွား၏။ သို့သော်လည်း ဒေသခံများတွင် ပြန်လည်တိုက်ခိုက်နိုင်သည့် နည်းလမ်းမရှိပေ။

ရှောင်းယီ၏အမြောက်များသည် ၎င်းတို့အမြောက်များ၏ ပစ်ကွင်းနှင့် ပိုမိုဝေးကွာနေသောကြောင့် ၎င်းတို့ကို စိတ်ကြိုက်တိုက်ခိုက်ခိုင်းလိုက်ရုံသာ တတ်နိုင်တော့လေသည်။

“မီးပုံးတွေကို ပိုပြီးမြန်မြန်ပျံအောင်လုပ်လိုက်။ မဟုတ်ရင် ငါတို့အားလုံး ကစဉ့်ကလျားဖြစ်သွားလိမ့်မယ်။”

လူစီးမီးပုံးပျံများပေါ်ရှိ ဒေသခံများက အော်ဟစ်နေကြသည်။

ကမ်းခြေရှိ မှော်ဆရာသည်လည်း အမြောက်၏ပြင်းအားကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။

“ဒါက လူပုတွေရဲ့ အဆင့်မြင့်ဆုံးအမြောက်တွေထက်တောင် ပိုပြင်းသေးတယ်။ ဒီသင်္ဘော ၃ စီးကို ဖြုတ်ချရမယ်။ လူစီးမီးပုံးပျံ ၁၀ ခု ထပ်လွှတ်လိုက်စမ်း။”

“ဟုတ်ကဲ့”

ထို့နောက် ကမ်စခြေမှ နောက်ထပ်လူစီးမီးပုံးပျံ ၁၀ ခု ကောင်းကင်းထက်သို့ ထပ်မံမြင့်တက်လာခဲ့သည်။

“သူတို့ နီးလာရင် အဲ့ဒီလူစီးမီးပုံးပျံတွေဆီကို သွာပြီး ထိုးဖောက်ပစ်လိုက်။”

ရှောင်းယီက ခွန်းယွီနှင့် ဟွာဖုံ့ကို ညွှန်ကြားလိုက်သည်။

“သူတို့ရဲ့ အဆင့်မြင့်မှော်ဆရာတွေကို သတိထားရမယ်။ အထူးသဖြင့် ဟွားဖုန့် မင်းက S အဆင့်ပဲရှိသေးတယ်။ အဲ့ဒါကြောင့် အထူးသတိထားပါ။ ငါတို့သင်္ဘောတွေရဲ့ ထိန်းချုပ်မှုအကွာအဝေးထဲကနေ ထွက်မသွားနဲ့။”

ခွန်းယွီနှင့် ဟွားဖုန့်က ခေါင်းညိတ်ပြလိုက်ကြသည်။

ကိုယ်ကျပ်ဝတ်စုံတွင် ၎င်းဘာသာ အလိုအလျောက် ညှိယူနိုင်သော သတိပေးမှုလုပ်ဆောင်ချက် ပါရှိသော်လည်း ၎င်းတို့ကို ဝတ်ဆင်ခြင်းသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ပြင်းထန်စွာ ထိခိုက်စေမည်ဖြစ်သည်။

ခွန်းယွီနှင့် ဟွားဖုန့်၏ တိုက်ခိုက်မှုသည် အဓိကအားဖြင့် ၎င်းတို့၏ ခြေသည်းများနှင့် နှုတ်သီးများပေါ်တွင် မူတည်နေခြင်းဖြစ်ပြီး ကိုယ်ကျပ်ဝတ်စုံဝတ်ဆင်ခြင်းသည် ထိုချွန်ထက်သော အစိတ်အပိုင်းများကို ဖုံးကွယ်သွားမည်ဖြစ်သည်။

တပိုင်နှင့် အခြားသူများသည် အသက်ရှူရန်နှင့် ဘေးကင်းရန်အတွက်သာ အဓိကထားကာ ကိုယ်ကျပ်ဝတ်စုံဝတ်ဆင်ကြခြင်းဖြစ်ပြီး ရေအောက်နဂါးနန်းတော်နယ်မြေတွက် အဆင့်တက်ရန်အတွက်သာ ဖြစ်ကာ လက်ရှိအခြေအနေနှင့် ကွဲပြားပေသည်။

ပထမဆုံးလူစီမီးပုံးပျံ ၁၀ ခုသည် ရှောင်းယီ၏ သင်္ဘောကြီးများအနီးသို့ ပျံသန်းလာခဲ့ပြီဖြစ်သည်။

“သွားတော့။”

ရှောင်းယီက ပြောလိုက်သည်။

ခွန်းယွီနှင့် ဟွားဖုန့်တို့ ချက်ချင်းပင် ပျံတက်သွားခဲ့ကြသည်။

“သတိထား...”

ရှောင်းယီ၏ သင်္ဘောဆီမှ ငှက်ကြီးနှစ်ကောင် ပျံတက်လာသည်ကို မြင်လိုက်ရသောအခါ ကမ်းခြေရှိ မှော်ဆရာက ချက်ချင်းပင် အော်ဟစ်လိုက်၏။

သို့သော် လူစီးမီးပုံးပျံများ၏ လှုပ်ရှားနိုင်စွမ်းမှာ ကန့်သတ်ချက်ရှိပေသည်။ သူတို့သည် ခွန်းယွီတို့ လာနေသည်ကို သတိပြုမိလိုက်ကြသော်လည်း ထွက်ပြေးရန် အချိန်လုံးဝမရှိတော့ပေ။

လူစီးမီးပုံးပျံများပေါ်ရှိ စစ်သားများသည် ချက်ချင်းပင် ခွန်းယွီနှင့် ဟွားဖုန့်အား လေးနှင့်မြားဖြင့် တိုက်ခိုက်လိုက်ကြသော်လည်း ထိုသူနှစ်ဦးသည် ၎င်းတို့၏ကိုယ်ခန္ဓာကို အပေါ်သို့ တိုက်ရိုက်ပျံတက်သွားပြီး မြားများအား ရှောင်ရှားလိုက်ကြသည်။

ခွန်းယွီနှင့် ဟွားဖုန့်သည် လူစီးမီးပုံးပျံများအပေါ်သို့ တိုက်ရိုက်ပျံတက်သွားခဲ့ပြီး ဒေသခံများသည် ၎င်းတို့ကို နောက်ထပ်ရှာဖွေနိုင်ခြင်းမရှိတော့ချေ။

သူတို့သည် သူတို့၏ကိုယ်ခန္ဓာကို ချိန်ညှိလိုက်ပြီးနောက် ၎င်းတို့၏ပစ်မှတ်များပေါ်သို့ ထိုးဆင်းလာကြတော့လေသည်။

ဗြိ...

လူစီးမီးပုံးပျံများသည် ကြီးမားသော အက်ကြောင်းကြီးတစ်ခုအဖြစ် ဆုတ်ဖြဲခံလိုက်ရပြီး အတွင်းဘက်မှ

လေပူများ စီးထွက်သွားကာ လူစီးမီးပုံးပျံတစ်ခုလုံးကို အောက်သို့ လျင်မြန်စွာ ပြုတ်ကျသွားစေခဲ့သည်။

“အား”

မီးပုံးပျံထဲရှိ ဒေသခံများသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ဒေသခံများသည် လူစီးမီးပုံးပျံများ၏ အောက်ခြေနှင့် ဘေးဘက်များတွင် အလွန်တင်းကျပ်သော အကာအကွယ်များ ပြုလုပ်ထားသော်လည်း မိုးပေါ်မှ တိုက်ခိုက်လာမည်ကိုမူ မျှော်လင့်မထားခဲ့ကြချေ။

လူစီးမီးပုံးပျံထဲရှိ မှော်ဆရာစည်လည်း အလွန်တုန်လှုပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော ခွန်းယွီ မီးပုံးပျံအား တိုက်ခိုက်လိုက်စဉ်က သူသည် စိတ်ဝိဉာည်တိုက်ခိုက်မှုကို အသုံးပြုခဲ့သော်လည်း တစ်ဖက်လးက တုံ့ပြန်မှုမရှိခဲ့သောကြောင့်ပင်။

ဤသည်မှာ အဓိပ္ပာယ်တစ်ခုသာရှိသည်။ ဤငှက်ကြီး၏အဆင့်သည် သူ့ထက်ပိုမြင့်နေပေသည်။

အကယ်၍ ၎င်းတို့သည် တူညီသောအဆင့်တွင်ရှိပါက ခွန်းယွီသည် သေချာပေါက် ထိခိုက်သွားမည်ဖြစ်သည်။

မှော်ဆရာသည် ထိုအဆုံးသတ်ကြောင့် လုံးဝ ကြက်သေသေသွားခဲ့သည်။ သူသည် အခြားအသက်ရှင်ကျန်ရစ်သူများ၏သင်္ဘောများကို တိုက်ခိုက်သည့်အခါက အလွန်ချောမွေ့ခဲ့ပြီး သူသင်္ဘောကြီးပေါ်သို့ တက်နိုင်လိုက်သည်နှင့် လုံးဝခုခံနိုင်စွမ်းမရှိတော့ပေ။

သို့သော် ဤအကြိမ်တွင်မူ သူသည် သင်္ဘောပေါ်ပင် မတက်ရသေးဘဲ ပျံသန်းနေသော SS အဆင့် ငှက်တစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရ၏။

“သူတို့မှာ ဒီလိုမျိုး အဆင့်မြင့်သားရဲတွေ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။”

မှော်ဆရာသည် တီးတိုးရေရွတ်လိုက်ရင်း ကမ်းခြေဘက်သို့ အလံများဖြင့် ချက်ချင်းအချက်ပြလိုက်လေသည်။

ကမ်းခြေရှိ ဒေသခံကင်းထောက်များသည် သူတို့ပြသလိုက်သော အလံအချက်ပြမှုကို မြင်သွားခဲ့ကြပြီး ချက်ချင်းပင် သူတို့၏အထက်လူကြီးထံသို့ အစီရင်ခံလိုက်ကြလေသည်။

“အစီရင်ခံပါတယ်။ ရှေ့တန်းက အင်အားကြီးရန်သူနဲ့ ကြုံတွေ့ခဲ့ရကြောင်း သတင်းပို့လာပါတယ်။”

“ဟမ် ဒီအကြိမ် စေလွှတ်လိုက်တဲ့ မှော်ဆရာက S အဆင့်ဖြစ်သင့်တယ်မဟုတ်လား။ သူတောင် ရန်သူကအင်းအားကြီးတယ်လို့ ပြောနေရင် ရန်သူက SS အဆင့် ဒါမှမဟုတ် ဒါထက်မြင့်တဲ့ အဆင့်ပဲဖြစ်ရမယ်။ အဲ့ဒီငှက်ကြီးနှစ်ကောင်ရဲ့ အဆင့်က ဒီလောက်တောင်မြင့်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။”

တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကောင်းကင်တွင် လူစီးမီးပုံးပျံများကို ဆက်တိုက်ဖျက်ဆီးနေသော ငှက်ကြီးနှစ်ကောင်ကို စိတ်ဝင်စားစွာဖြင့် ကြည့်ရှုနေခဲ့သည်။

“မီးပုံးပျံတစ်ခုပြင်လိုက်။ ငါသွားကြည့်မယ်။”

ထိုတန်ဖိုးကြီးဝတ်စုံဝတ်ဆင်ထားသူက ပြောလိုက်သည်။

“ဟုတ်ကဲ့”

မကြာမီ ပုံမှန်မဟုတ်သော မီးပုံးပျံတစ်ခု ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

ရှောင်းယီက ထိုမီးပုံးပျံကို ကြည့်လိုက်ပြီးနောက် အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။

“ခွန်းယွီ ဟွားဖုန့် အခုချက်ချင်း ပြန်လာခဲ့။”

နောက်ဆုံးလူစီးမီးပုံးပျံကို ဖျက်ဆီးပစ်ပြီးနောက် သူတို့သည် သင်္ဘောကြီးဆီသို့ ချက်ချင်းပင် ပြန်လည်ပျံသန်းသွားခဲ့သည်။

သင်္ဘောကြီးပေါ်ရှိ အမြောက်များသည်လည်း ဆက်လက်တိုက်ခိုက်နေဆဲပင်။

၎င်းတို့သည် ဒေသခံများ သိမ်းပိုက်ထားသော သင်္ဘောကြီးများအား အမြောက်ဆံများဖြင့် တစ်စီးပြီးတစ်စီး အစစီခွဲထုတ်ခံနေခဲ့ရသည်။

ကောင်းကင်ထက်တွင် ရတနာများဖြင့် ပြောင်လက်နေသော မီးပုံးပျံတစ်ခုသည် ရှောင်းယီဘက်သို့ ဖြည်းဖြည်းချင်း လွင့်မျောလာနေဆဲပင်။

“ကျွန်းပိုင်ရှင် အဲ့ဒီမီးပုံးပျံကို ဘာလို့မတိုက်ခိုက်တာလဲ။”

ကျန်းရွှဲ့က ချဉ်းကပ်ပြီး မေးလိုက်သည်။

“အဲ့ဒီမီးပုံးပျံထဲမှာ ပါလာတဲ့လူက အဆင့်မြင့်မှော်ဆရာ ဖြစ်နိုင်တယ်။ သူဆင်းလာတဲ့အထိ စောင့်ကြည့်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“SS အဆင့်ကလွဲလို့ ကျန်တဲ့လူတွေအကုန်လုံး တခြားသင်္ဘော ၂ စီးဆီကို အခုချက်ချင်း တည်နေရာကူးပြောင်းလိုက်။”

“ဟုတ်ကဲ့”

ကျန်းရွှဲ့က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပြီး လူတိုင်းအား သင်္ဘောပေါ်မှထွက်ခွာရန် စတင်ခေါ်ယူလိုက်လေသည်။

ကျန်သည့်လူများအားလုံး ထွက်ခွာသွားပြီးနောက် ရှောင်းယီသည် တပိုင်နှင့် အခြားသူများကို ရူးသွပ်ဆေးတစ်လုံးစီ ပေးလိုက်သည်။

ဤအကြိမ်ရောက်လာမည့်သူသည် သေချာပေါက် SSS အဆင့်မှော်ဆရာဖြစ်လိမ့်မည်ဟု သူကြိုသိနေခဲ့သည်။

ရှောင်းယီက သူကိုယ်တိုင်နှင့် တပိုင်အတွက် ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်လိုက်ပြီး သားရဲဘုရင်၊ ဝမ်ချိုင်နှင့် ခွန်းယွီတို့ကိုမူ မဝတ်ဆင်ခိုင်းခဲ့ချေ။

ဆေးလုံးကို သောက်သုံးလိုက်ရုံနှင့် သူတို့အားလုံး SSS အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်သည်။ ထိုအရာမှာ SSS သာဖြစ်သော်လည်း ထိုသို့ဆိုလျှင်ပင် ၎င်းတို့၏အသက်အန္တရာယ်ကို အနည်းဆုံးဘေးကင်းစေပေလိမ့်သည်။

တန်ဖိုးကြီးဝတ်စုံဝတ်ဆင်ထားသော မှော်ဆရာသည် အလယ်ရှိသင်္ဘော လုံးဝဗလာဖြစ်သွားသည်ကို မြင်တွေ့လိုက်ရပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“စိတ်ဝင်စားစရာပဲ။”

ကျန်းရွှဲ့သည် အခြားသင်္ဘောနှစ်စီးအား ကမ်းခြေသို့ ဆက်တိုက်တိုက်ခိုက်ရန် ညွှန်ကြားလိုက်လေသည်။ ရှောင်းယီရှိရာ အလယ်ရှိသင်္ဘောပေါ်တွင်မူ လူတစ်ဦးနှင့် သားရဲလေးကောင်သည် ကုန်းပတ်ပေါ်၌ ထိုင်နေခဲ့ကြသည်။

ရတနာများဖြင့်စီခြယ်ထားသည့် အရောင်တဝင်းဝင်းတောက်ပနေသော မီးပုံးပျံသည် ကုန်းပတ်ပေါ်မှ အမြင့် ၅ မီတာခန့်အကွာသို့ လျင်အမြန် ဆင်းလာပြီး လွင့်မျောနေခဲ့သည်။

ထို့နောက် တန်ဖိုးကြီးဝတ်စုံဝတ်ဆင်ထားသော မှော်ဆရာသည် ထိုအပေါ်မှ ခုန်ချလာခဲ့သည်။

“မှော်ဆရာ (SSS အဆင့်) - စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွင် ကျွမ်းကျင်ပြီး ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည်လည်း မအားနည်းချေ။ မှတ်ချက်- ဤပစ်မှတ်သည် အလွန်အန္တရာယ်များသည်။”

“မျှော်လင့်ထားတဲ့အတိုင်း ဒါက SSS အဆင့်မှော်ဆရာပဲ။”

ရှောင်းယီသည် သူ့စိတ်ထဲတွင် တွေးမိလိုက်ပြီး စာချုပ်စွမ်းအားဖြင့် သူ၏သားရဲများအား ချက်ချင်းညွှန်ကြားလိုက်လေသည်။

“ဆေးလုံးကို သောက်လိုက်တော့။”

အခန်း ၆၅၈ - ဆေးသောက်ပြီး မှော်ဆရာနှင့်တိုက်ခိုက်ခြင်း၊ အုတ်မြစ်ကျောက်သန်း ၁၀၀ ညှစ်ယူခြင်း

ရှောင်းယီနှင့် အခြားသူများ၏ပတ်လည်ရှိ ခြိမ်းခြောက်နိုင်သည့်အော်ရုအရှိန်အဝါများ ရုတ်တရက် ပြင်းထန်လာခဲ့သည်။

အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသော မှော်ဆရာမှာ ကျဆင်းလာနေဆဲဖြစ်သည်။ သူသည် ၎င်းတို့၏အရှိန်အဝါများ လျင်မြန်စွာ မြင့်တက်လာပြီး မကြာမီ သူ့အဆင့်နီးနီးသို့ ရောက်ရှိလာသည်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။”

ယခုအချိန်တွင် အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသော မှော်ဆရာသည် ထိတ်လန့်တုန်လှုပ်နေပြီဖြစ်ပြီး မီးပုံးပျံပေါ်သို့ ပြန်တက်ချင်သည့်အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် လေထဲမှာ လက်ဆုပ်လက်ကိုင် ဘာတစ်ခုမှ မရှာနိုင်တွေ့ခဲ့ဘဲ ကမ္ဘာ့မြေကြီး၏ဆွဲအားက သူ့ကို ကုန်းပတ်ပေါ်သို့ရောက်အောင်သာ ဆွဲချလိုက်လေသည်။

ရှောင်းယီသည် စနစ်၏သတိပေးချက်ကို ထပ်မံကြည့်ရှုလိုက်ပြီး အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသည့် မှော်ဆရာ၏ ခြိမ်းခြောက်မှုအဆင့်သည် အလွန်အန္တရာယ်ရှိသည်မှ အန္တရာယ်မှာ သာမန်အဆင့်ရှိသည်သို့ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရလေသည်။

“တိုက်...”

ရှောင်းယီက ချက်ချင်းအမိန့်ပေးလိုက်သည်။ သူသည် စိတ်ရှုပ်စရာစကားများအား ပြောဆိုရင်ပင် ပျင်းရိနေခဲ့သည်။

မှော်ဆရာများ၏ စွမ်းရည်များသည် ပင်ကိုယ်အားဖြင့် ထူးဆန်းပြီး ၎င်းတို့ဆေးဝါးသုံးစွဲထားသော အခြေအနေသည်လည်း နာရီဝက်သာ ကြာမြင့်သောကြောင့် စက္ကန့်တိုင်းကို အမိအရဆုပ်ကိုင်ထားရမည်ဖြစ်သည်။

မှော်ဆရာသည် မျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီး စိတ်ဝိဉာည်တိုက်ခိုက်မှုတစ်ခုကို စတင်ထုတ်လွှတ်လိုက်လေသည်။

ဝမ်ချိုင်၊ ခွန်းယွီနှင့် သားရဲဘုရင်တို့ ဒယိမ်းဒယိုင်းဖြစ်သွားကြသော်လည်း ရှောင်းယီနှင့် တပိုင်သည်မူ လုံးဝထိခိုက်ခြင်းမရှိဘဲ တိုက်ရိုက်ထိုးစစ်ဆင်ခဲ့ကြသည်။

အသေးစိတ်အလှဆင်ထားသော ဝတ်စုံဝတ်ဆင်ထားသည့် မှော်ဆရာသည်လည်း အံ့အားသင့်သွားခဲ့သည်။ သူတို့၏အဆင့်သည် တူညီနေလျှင်ပင် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုသည် ၎င်းတို့ပေါ်၌ အနည်းငယ်တော့ သက်ရောက်မှုရှိသင့်ပေသည်။ ဤသို့ဆိုလျှင် ဤလူနှင့်ဝက်ဝံက အဘယ်ကြောင့် လုံးဝထိခိုက်ခြင်းမရှိရသနည်း။

သူ ထိုသို့အာရုံပျံ့လွင့်နေစဉ် ရှောင်းယီ၏ရွှမ်းယွမ်ဓားသည် သူ၏နှလုံးဆီသို့ ထိုးဖောက်ဝင်ရောက်လာပြီဖြစ်သည်။

အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသည့် မှော်ဆရာသည် လိပ်ပြာလွင့်လုမတတ်ဖြစ်သွားခဲ့ပြီး ဘေးတစ်ဖက်သို့လှည့်ကာ ရှောင်တိမ်းလိုက်သည်။

ဗြိ

သူ၏ကြီးကျယ်ခမ်းနားလှသော ဝတ်ရုံများသည် ရွှမ်းယွမ်ဓား၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး လက်ချောင်းတစ်ချောင်းခန့်နက်သော ဒဏ်ရာတစ်ခု ကျန်ရစ်စေခဲ့သည်။

အင့်”

အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသည့်မှော်ဆရာသည် ညည်းညူလိုက်ရသည်။

ထိုအခိုက်၌ပြီးနောက် ချက်ချင်းပင် ဝက်ဝံလက်ဖဝါးတစ်ခုသည် သူ၏ကျောပေါ်သို့ ကျရောက်လာခဲ့ပြီး အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသည့် မှော်ဆရာသည် အရှိန်အဟုန်ဖြင့် စီးနင်းတိုက်ခိုက်လာနေသော သံချပ်ကာမြင်းတပ်နှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။

ခရက်

သူ၏ကျောရိုး ကျိုးသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ငါ့ကို ကယ်ကြစမ်း။”

နောက်ဆုံးတွင် အသေးစိတ်အလှဆင်ထားသောဝတ်စုံကို ဝတ်ဆင်ထားသည့် မှော်ဆရာသည် သူ၏ယုံကြည်မှုရှိသောမျက်နှာဖုံးကို ခွာချပြီး မီးပုံးပျံဆီသို့ အော်ဟစ်လိုက်လေသည်။

လေးသမားတစ်စုသည် ချက်ချင်းပင် မီးပုံးပျံများပေါ်တွင် ထွက်ပေါ်လာပြီး ရှောင်းယီနှင့် အခြားသူများကို ပစ်ခတ်ကြတော့သည်။

“ဝေါင်း”

သားရဲဘုရင်သည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ၅ မီတာအမြင့်တွင်သာရှိနေသော မီးပုံးပျံဆီသို့ တိုက်ရိုက်ခုန်တက်လိုက်လေသည်။

သားရဲဘုရင် မီးပုံးပျံထဲသို့ ဝင်ရောက်သွားပြီးနောက် A အဆင့်လေးသမားများသည် လုံးဝခုခံနိုင်စွမ်းမရှိဘဲ စက္ကန့် ၅ အတွင်း သားရဲဘုရင်၏ အပြတ်အသတ်သုတ်သင်ခြင်းကို ခံလိုက်ရလေသည်။

ဝမ်ချိုင်သည် ပြိုလဲနေပြီးသော တန်ဖိုးကြီးဝတ်စုံဝတ်ဆင်ထားသည့် မှော်ဆရာကို တိုက်ရိုက်ခုန်အုပ်လိုက်ပြီး သူ၏ပစ်မှတ်မှာ ထိုလူ၏လည်ချောင်းဖြစ်ပေသည်။

တန်ဖိုးကြီးဝတ်စုံဝတ်ဆင်ထားသော မှော်ဆရာသည် စိတ်ဝိဉာည်တိုက်ခိုက်မှုကို အသုံးပြုရန် ပြင်လိုက်နေစဉ် ရုတ်တရက် သင်္ဘောဘေးမှ ဧရာမနဂါးခေါင်းကြီးတစ်ခု မြင့်တက်လာခဲ့ပြီး နဂါးမျိုးနွယ်၏ဖိအားဖြင့် မှော်ဆရာ၏ စိတ်ဝိဉာည်တိုက်ခိုက်မှုစွမ်းရည်အား တိုက်ရိုက်ဖြတ်တောက်လိုက်လေသည်။

ဝမ်ချိုင်သည် ထိုမှော်ဆရာ၏လည်ပင်းအား တည့်တည့်ကိုက်ချလိုက်သည်။

ခရက်

တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားသော မှော်ဆရာသည် ပြင်းထန်စွာဒဏ်ရာရသွားပြီး သေဆုံးလုနီးပါးဖြစ်သွားသည်။

ရှောင်းယီသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် ချက်ချင်းပင် နာ့နာကိုခေါ်ပြီး ပြောလိုက်သည်။

“ နည်းမျိုးစုံသုံးပြီး သူ့ကို ဘယ်တော့မှ ပြန်သတိမရတော့ဘဲ အိပ်ရာထဲမှာပဲ အသက်မဲ့တဲ့ ရုပ်အလောင်းတစ်ခုလို ဖြစ်သွားအောင်လိုက်။”

“ဟုတ်ကဲ့”

နာ့နာက တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ထိုမှော်ဆရာအား စတင်၍ ခွဲစိတ်ကုသတော့လေသည်။

“ကျွန်းပိုင်ရှင် အခုအခြေအနေက အရေးပေါ်ဖြစ်နေတော့ ဒီခွဲစိတ်မှုက ဘယ်တော့မှ နဂိုအတိုင်းပြန်မဖြစ်နိုင်တဲ့ ထိခိုက်မှုကို ဖြစ်စေလိမ့်မည်။ နောက်ပိုင်းမှာ ကျွန်မပြန်ပြီးခွဲစိတ်ကုသပေးမယ်ဆိုရင်တောင် သူ့ကို နိုးလာအောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။”

နာ့နာက ခွဲစိတ်ရင်း ပြောလိုက်သည်။

“အဆင်ပြေတယ်။ မြန်မြန်သာလုပ်။”

ရှောင်းယီက ပြောလိုက်သည်။

သုံးမိနစ်အကြာတွင် နာ့နာက ပြန်ဖြေလာခဲ့သည်။

“ပြီးပြီ။ သူ့ကိုယ်ထဲမှာ နာနိုစက်ရုပ်တစ်ခုလည်း ချန်ထားခဲ့တယ်။ အဲ့ဒါနဲ့ သူ့ကို ဘယ်တော့မှ နိုးမလာနိုင်တာသေချာအောင် လုပ်ထားတယ်။”

“ကောင်းတယ်။”

ရှောင်းယီက ပြောလိုက်ပြီးနောက် ထိုမှော်ဆရာကို ဂုတ်မှဆွဲကိုင်ကာ ဒေသခံများအား အော်ဟစ်လိုက်လေသည်။

“သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် အုတ်မြစ်ကျောက်နဲ့ လာလဲကြ။ အုတ်မြစ်ကျောက်သန်း ၁၀၀၊ မိနစ် ၁၅ ပဲစောင့်မယ်။ အချိန်ကျော်သွားရင် ဒါမှမဟုတ် အုတ်မြစ်ကျောက်အရေအတွက်မလုံလောက်ရင် သူ့ကို တစ်ခါတည်းသတ်ပစ်မယ်။”

မိနစ် ၁၅ ပြည့်ပြီးနောက် ဆေး၏အာနိသင်သည် ကုန်ဆုံးသွားမည်ဖြစ်ပြီး သူတို့သည်လည်း အားနည်းသွားမည်ဖြစ်သည်။

“အာ ဒါက မြင့်မြတ်အလင်းအင်ပါယာရဲ့ မှော်ဆရာပဲ။ သူ တကယ်ကြီ ဖမ်းဆီးခံလိုက်ရတာပဲ။”

“မြင့်မြတ်အလင်းမှော်ဆရာက SSS အဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး တိုက်ကြီးရဲ့ ထိပ်ဆုံးလူတွေထဲက တစ်ယောက်ပဲ။ ဒါက အဲ့ဒီအပြင်လူတွေက အရမ်းအစွမ်းထက်တယ်လို့ ဆိုလိုနေတာလား။”

“အမြန်ပြန်ဆုတ်ကြစို့။ မြင့်မြတ်အလင်းမှော်ဆရာတောင်မှ ဖမ်းဆီးခံလိုက်ရတာ။ ငါတို့မြို့က ဒီပျော်ပွဲရွှင်ပွဲမှာ ဝင်မပါတော့ဘူး။”

မြင့်မြတ်အလင်းအင်ပါယာ၏ ဗိုလ်ချုပ်သည်လည်း သူ၏မှော်ဆရာအား ဂုတ်မှဆွဲကိုင်ခံထားရသည်ကို မြင်သွားခဲ့ပြီး ချက်ချင်း အော်ဟစ်လိုက်လေသည်။

“မြင့်မြတ်သောအရှင်မင်းကြီးကို ဒီအကြောင်း အခုချက်ချင်း အသိပေးလိုက်ကြစမ်း။”

“ဟုတ်ကဲ့”

သူ့ဘေးနားရှိ သတင်းပေးသည် အနောက်ဘက်ရှိ အသေးစား ယာယီတည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုထဲသို့ ချက်ချင်းပြေးဝင်သွားခဲ့သည်။

မကြာမီ တည်နေရာကူးပြောင်းခြင်စအစီအရင်သည် အလင်းတန်းများ အနည်းငယ်တောက်ပသွားပြီး ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူ၏နောက်မှ အသေးစားရထားတွဲ ထောင်ပေါင်းများစွာ အဆက်မပြတ် နေရာကူးပြောင်းလာခဲ့သည်။

“မြင့်မြတ်သောအရှင်မင်းကြီး။”

မြင့်မြတ်အလင်းအင်ပါယာ၏ ဗိုလ်ချုပ်က သူ့ကို တွေ့ဆုံပြီး ပြောလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ။ မှော်ဆရာက အရမ်းစွမ်းအားကြီးတာကို ရန်သူက ဘယ်လိုလုပ်ပြီးဖမ်းဆီးလိုက်နိုင်တာလဲ။”

မြင့်မြတ်သောအရှင်မင်းကြီးက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

မြင့်မြတ်အလင်းဗိုလ်ချုပ်က ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော်မျိုး မသိပါဘူး။ မှော်ဆရာက သင်္ဘောပေါ်ကို ကိုယ်တိုင်တက်သွားပြီး လေးသမား ၁၀ ယောက်ပဲခေါ်သွားခဲ့တယ်။ အခုချိန်ထိ စစ်သားတစ်ယောက်မှ ပြန်ရောက်မလာသေးပါဘူး။”

မြင့်မြတ်သောအရှင်မင်းကြီးက အဝေးကို လှမ်းကြည့်လိုက်သည်။ လူစီးမီးပုံးပျံများအောက်တွင် ဂုတ်မှအဆွဲခံထားရသည့်လူမှာ အမှန်တကယ် မြင့်မြတ်အလင်းမှော်ဆရာပင်ဖြစ်သည်။

“သူတို့ကို ပြန်ပြောလိုက်။ ငါတို့ရဲ့ မှော်ဆရာ အသက်ရှင်နေတာကို မြင်ရမှ လဲလှယ်ပေးနိုင်မယ်။”

မြင့်မြတ်သောအရှင်မင်းကြီးက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော်မျိုး ကိုယ်တိုင်သွားလိုက်ပါ့မယ်။”

မြင့်မြတ်အလင်းဗိုလ်ချုပ်က တုံ့ပြန်လိုက်ပြီး သင်္ဘောတစ်စီးပြင်ဆင်ကာ ရှောင်းယီဘက်သို့ ရွက်လွှင့်သွားခဲ့ဖြစ်သည်။

“မပစ်နဲ့ ငါစကားပြောဖို့လာတာ။”

မြင့်မြတ်အလင်းဗိုလ်ချုပ်က အော်ပြောလိုက်သည်။

ကျန်းရွှဲ့သည် သဘာဝအတိုင်း အမြောက်ပစ်ခတ်မှုကို ရပ်တန့်လိုက်ပြီး လူတိုင်း၏အာရုံများမှာ ရှောင်းယီအပေါ်တွင်သာ ရှိနေခဲ့ကြသည်။

မကြာမီ သူတို့သည် ရှောင်းယီ၏သင်္ဘောအနီးသို့ ချဉ်းကပ်လာခဲ့ကြလေသည်။

“မှော်ဆရာ”

မြင့်မြတ်အလင်းဗိုလ်ချုပ်က ချဉ်းကပ်ပြီးနောက် အသံကျယ်ကျယ်နှင့် အော်ခေါ်လိုက်သည်။

သို့သော် မြင့်မြတ်အလင်းမှော်ဆရာက လုံးဝမတုံ့ပြန်ခဲ့ချေ။ မြင့်မြတ်အလင်းဗိုလ်ချုပ်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“မင်း ငါတို့မှော်ဆရာကို ဘာလုပ်လိုက်တာလဲ။”

“သာမန်တိုက်ပွဲမှာ မင်းမှာရှိသမျှအရာအားလုံးကို ရင်းနှီးလုပ်ရတာပဲလေ။ ဘယ်သူမှ မထိန်းထားနိုင်ဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် သူ့ဒဏ်ရာတွေကို ကြည့်ရတာတော့ မင်းတို့ ထပ်ပြီးတွန့်ဆုတ်နေဦးမယ်ဆိုရင် သူကို တကယ်ပဲ ကယ်တင်နိုင်တော့မှာမဟုတ်ဘူးနော်။”

ဗိုလ်ချုပ်သည် မှော်ဆရာ၏ရင်ဘတ် အပေါ်အောက်လှုပ်ရှားနေသည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ သူသည် တုန့်ဆိုင်းမနေဘဲ ဤနေရာရှိအခြေအနေကို သတင်းပြန်ပို့ရန်အတွက် သတင်းပေးတစ်ယောက်ကို ချက်ချင်းစေလွတ်လိုက်လေသည်။

“လဲလှယ်လိုက်။”

မြင့်မြတ်သောအရှင်မင်းကြီးက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

မှော်ဆရာများကို မရှိမဖြစ်လိုအပ်ပေသည်။ မှော်ဆရာသာ မရှိပါက သူသည် နတ်ဘုရားများနှင့် ဆက်သွယ်၍မရနိုင်တော့သလို နတ်ဘုရားများ၏ဆုလာဘ်များကိုလည်း လက်ခံ၍ရတော့မည်မဟုတ်ချေ။ ၎င်းသည် သူတို့ကို အခြားအင်ပါယာများထက် နောက်ကျသွားစေလိမ့်မည်ဖြစ်သည်။

မြင့်မြတ်သောအရှင်မင်းကြီး၏ ရာဇသံကို လက်ခံရရှိပြီးနောက် မြင့်မြတ်အလင်းဗိုလ်ချုပ်က ချက်ချင်းပြောလိုက်သည်။

“ငါတို့မှော်ဆရာကို လွှတ်ပေးလိုက်။ ငါတို့ အခုချက်ချင်းလဲလှယ်ပေးမယ်။”

မြင့်မြတ်အလင်းဗိုလ်ချုပ်၏နောက်တွင် သင်္ဘောကြီး ၅ စီးရှိပြီး တစ်စီးစီတွင် ယာဉ်မောင်းတစ်ဦးစီသာပါရှိသည်။ ၎င်းမှလွဲ၍ ကျန်အရာအားလုံးမှာ အုတ်မြစ်ကျောက်များသာဖြစ်သည်။

“ဒီလောက်တောင် တည့်တိုးကြီးလား။ သူတို့က နည်းနည်းလျှော့ပေးထားလို့လား။”

ရှောင်းယီသည် သူ၏စိတ်ထဲတွင် တွေးလိုက်မိသော်လည်း ယခုအချိန်သည် ထိုအကြောင်းစဉ်းစားရန် အချိန်မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဆေး၏အာနိသင်မှာ ကုန်ဆုံးတော့မည်ဖြစ်သောကြောင့်ပင်။

သူတို့ အချိန်ပိုဆွဲနေ၍ ထို S အဆင့်ဗိုလ်ချုပ်သည် သူတို့ အားနည်းနေကြောင်း သိသွားပါက နောက်ထပ် အပြောင်းအလဲများ ဖြစ်လာနိုင်ပေသည်။

“လဲလှယ်ကြရအောင်။”

ရှောင်းယီသည် ထိုသင်္ဘောများကို မောင်းလာခိုင်းလိုက်ပြီး ၎င်းတို့၏ယာဉ်မောင်းများကို ဆင်းခိုင်းကာ စနစ်ကို အသုံးပြုပြီး အုတ်မြစ်ကျောက်အရေအတွက်ကို အလျင်အမြန် ရေတွက်လိုက်လေသည်။ အုတ်မြစ်ကျောက်သန်း ၁၀၀ အပြည့်ဖြစ်ပြီး တစ်ခုမျှမလျော့ချေ။

မြို့ငယ်လေးတစ်မြို့တွင်ပင် အုတ်မြစ်ကျောက်သိန်းချီရှိရာ အင်ပါယာတစ်ခုသည် သဘာဝအတိုင်း ပိုများမည်ဖြစ်သည်။ သို့သော် ရှောင်းယီသည် ဘယ်လောက်ထိရှိသည်ကိုမူ အတိအကျမသိချေ။ သူသည် အုတ်မြစ်ကျောက်သန်း ၁၀၀ ဟူသည့်အရေအတွက်ကို ပုံမှန်အတိုင်းပြောလိုက်ခြင်းဖြစ်ပြီး တစ်ဖက်လူမှ အမှန်တကယ် ပေးဆောင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ရှောင်းယီသည် မှော်ဆရာအား တစ်ဖက်သို့ ပစ်ပေးလိုက်သည်။ ဗိုလ်ချုပ်သည် ထိုလူကို ကမန်းကတန်းဖမ်းလိုက်ပြီး မှော်ဆရာသည် အသက်ရှူနေသေးကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် နှောင့်နှေးနေမနေဘဲ ချက်ချင်းပင် ကမ်းခြေသို့ အပြေးသွားကာ သူတို့နှင့်အတူပါလာသော သမားတော်အား ကုသခိုင်းလိုက်သည်။

“မြင့်မြတ်သောအရှင်မင်းကြီး မှော်ဆရာရဲ့ဒဏ်ရာက အရမ်းပြင်းထန်လွန်းပြီး ဒီမှာအခြေအနေတွေက အရမ်းရှုပ်ထွေးလွန်းနေတယ်။ ကျွန်တော်မျိုး သူကို ပြန်ပြီးကုသဖို့လိုပါတယ်။”

သမားတော်က အရေးကြီးသည့်အချက်များကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။

All Chapters