အခန်း (၆၅၉-၆၆၀)
Vol. 49 Ch. 659-660
အခန်း ၆၅၉ - ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ခြင်း အိမ်ယာခြံဝင်းအား အဆင့်မြှင့်တင်ခြင်း၊ သုတေသန
မြင့်မြတ်သောအရှင်မင်းကြီးသည် မှော်ဆရာ၏ သနားစရာကောင်းနေသည့်အခြေအနေကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သူ့ကို ငါကိုယ်နဲ့အတူ ပြန်ခေါ်သွားလိုက်မယ်။ ဗိုလ်ချုပ်အော့ ဒီနေရာကို မင်းကိုအပ်ထားခဲ့မယ်။”
“ဟုတ်ကဲ့!”
အော့က တုံ့ပြန်လိုက်သည်။
ဗိုလ်ချုပ်အော့သည် စောစောက ရှောင်းယီနှင့် အလဲအလှယ်လုပ်ခဲ့သည့် ဗိုလ်ချုပ်ဖြစ်သည်။
မြင့်မြတ်အရှင်သည် မှော်ဆရာနှင့်အတူ ထွက်ခွာသွားခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ အင်အားစုများမှာမူ ထိတ်လန့်နေဆဲပင်။
ဆီးနှင်းသစ်ရွက်မြို့၏ မှော်ဆရာသည် ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး သူ၏မျက်လုံးထဲတွင် မယုံနိုင်လောက်အောင်အားကောင်းသော မြင့်မြတ်အလင်းမှော်ဆရာသည် ၁၀ မိနစ်မပြည့်ခင်အချိန်အတွင်း၌ ဤကဲ့သို့ ဖမ်းဆီးခံလိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
သူက မိနစ် ၁၀ တောင် မခံနိုင်ဘူးလား။ သူတို့ရဲ့အလံမှာ အထူးသားရဲတစ်ကောင်ပုံစံ ရေးဆွဲထားတဲ့ အဖွဲ့က ဒီလောက်တောင် အားကောင်းတာလား။
ထိုအတောအတွင်း ဟော်ကျူးသည် ရှောင်းယီနှင့် မြင့်မြတ်အလင်းအင်ပါယာတို့ အလဲအလှယ်လုပ်နေသောမြင်ကွင်းကို ပျော်ရွှင်စွာဖြင့် ကြည့်ရှုနေခဲ့သည်။ သူသည် ရှောင်းယီနှင့် စာချုပ်ချုပ်ဆိုပြီးပြီဖြစ်ပြီး ရှောင်းယီ အားကောင်းလာလေလေ သူ့အတွက် အကျိုးရှိလေလေဖြစ်သည်။
“ဗိုလ်ချုပ် ဒါက ခင်ဗျားပြောပြောနေတဲ့ ကျွန်းပိုင်ရှင်လား။”
ဟော်ကျူး၏ဘေးရှိ လူယုံတစ်ယောက်က မေးလိုက်သည်။
ဟော်ကျူးက ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။
“အမှန်ပဲ ကျွန်းပိုင်ရှင်ရဲ့စွမ်းအားက မြင့်မြတ်အလင်းမှော်ဆရာထက် ပိုပြီးသာလွန်နေပြီ။ မင်းတို့ ဘာလို့ ဆက်တွန့်ဆုတ်နေသေးတာလဲ။ ဒါ့အပြင် ပင်လယ်ရေတွေ အဆက်မပြတ်မြင့်တက်လာနေတာကို မင်းတို့လည်းမြင်သားပဲ။ ငါတို့တိုက်ကြီးက နောက်ဆုံးမှာ ရေလွှမ်းမိုးသွားဦးမှာပဲ။ ကျွန်းပိုင်ရှင်ဆီမှာ ခိုလှုံလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ဒီပြဿနာအတွက် စိုးရိမ်စရာမလိုတော့ဘူး။”
“ဒါပေမယ့် ကျုပ်တို့မိသားစုတွေအားလုံးက မီးတိမ်တိုက်မြို့မှာလေ။”
“ဟုတ်တယ်။ ကျွန်းပိုင်ရှင်က ကျုပ်တို့မိသားစုတွေကို ခေါ်လာခွင့်ပေးမှာမို့လို့လား။”
“စိတ်မပူပါနဲ့ ကျွန်းပိုင်ရှင်က သူ့ကို သစ္စာခံချင်တဲ့လူတိုင်းကို ကြိုဆိုတယ်လို့ ပြောထားပြီးသား။”
ဟော်ကျူးက ပြန်ဖြေလိုက်သည်။
“ဒါဆို ဘာမှတွန့်ဆုတ်စရာမလိုတော့ဘူး။ ကျုပ်တို့ ဗိုလ်ချုပ်နောက်ကိုလိုက်မယ်။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောလာခဲ့ကြသည်။
ဤအချိန်တွင် ရှောင်းယီနှင့် အခြားသူများသည်လည်း အားနည်းသွားခဲ့ပြီဖြစ်သည်။ မမျှော်လင့်ထားသည့်အရာများကို ကာကွယ်ရန်အတွက် ရှောင်းယီသည် ကျန်းရွှဲ့အား အမြောက်များပစ်ခတ်ခြင်းကို ရပ်တန့်ပြီး နောက်ဆုတ်ရန် ပြောလိုက်သည်။
နာ့နာသည် ရှောင်းယီနှင့် အခြားသူများကို စတင်ကုသပေးခဲ့ပြီး ရူးသွပ်ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများကို ဖယ်ရှားပေးခဲ့သည်။
အားနည်းသောအခြေအနေသည် ဆက်လက်တည်ရှိနေသော်လည်း နာ့နာကုသပေးပြီးနောက် ကြာချိန်မှာ တစ်ဝက်သာကျန်ရှိတော့သည်။
“ကျွန်းပိုင်ရှင် ကျွန်းပေါ်ပြန်သွားပြီး အနားယူသင့်တယ်။ တစ်ဖက်လူက အချိန်တိုအတွင်း လှုပ်ရှားရဲဦးမှာမဟုတ်ပါဘူး။”
ကျန်းရွှဲ့က အကြံပြုလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး အုတ်မြစ်ကျောက်သန်း ၁၀၀ နှင့်အတူ သူ့၏ကျွန်းသို့ ပြန်လာခဲ့လေသည်။
တိုက်ကြီး၏ကမ်းခြေရှိ ဒေသခံများသည်လည်း စစ်သားများအား အလျင်အမြန်ရုပ်သိမ်းသွားခဲ့သည်။ သူတို့အားလုံးသည် မြင့်မြတ်အလင်းမှော်ဆရာ၏ သနားစရာကောင်းသည့်အခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရကြသည်။
ကျန်းရွှဲ့သည်လည်း ဖမ်းဆီးခံထားရသော သင်္ဘောကြီးများကို ဆက်လက်ပစ်ခတ်ခြင်းမပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် ကမ်းခြေ၌ အဆင့်မြင့်မှော်ဆရာများရှိ၊မရှိ မသေချာသကဲ့သို့ SS အဆင့်နှင့် အထက်ရှိ မှော်ဆရာများကို ကာကွယ်ရန်အတွက် သူတို့ထံ၌ အင်အားမရှိသေးသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် အမြောက်များသည်လည်း အနားယူရန်နှင့် ကျည်ဆန်အချို့အား သိမ်းဆည်းရန် လိုအပ်ပေသည်။
ရှောင်းယီသည် သူ SSS အဆင့်မှော်ဆရာကို အပြတ်အသတ်အနိုင်ယူပြီးနောက် ထိုဒေသခံများသည် ဖမ်းဆီးထားသော သင်္ဘောကြီးများပေါ်ရှိ တည်နေရာကူးပြောင်းသည့်ပစ္စည်းကိရိယာများကို အသုံးပြုရန်အတွက် ဂရုတစိုက်စဉ်းစားမည်ဖြစ်ကြောင်း ယုံကြည်ပေသည်။
အဆုံးတွင် ဒေသခံများသည် သူတို့ တည်နေရာကူးပြောင်းသွားပါက ရှောင်းယီ၏အဖွဲ့ကဲ့သို့ ပေါက်ကွဲနိုင်သော တိုက်ခိုက်ရေးစွမ်းအားရှိသည့် အဖွဲ့တစ်ဖွဲ့နှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။
ရှောင်းယီသည် သူတစ်ယောက်တည်းဖြင့် နှစ်ဖက်စလုကို အပစ်အခတ်ရပ်စဲရန် စွမ်းဆောင်သွားခဲ့သည်။
ဗီလာသို့ ပြန်ရောက်သောအခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ချက်ချင်းသတိပေးလာခဲ့သည်။
“အုတ်မြစ်ကျောက်အမြောက်အမြား ရရှိထားကြောင်း ထောက်လှမ်းမိပါသည်။ ကျွန်း၏ဖွဲ့စည်းပုံကို ချိန်ညှိနိုင်ပါပြီ။”
အုတ်မြစ်ကျောက်သန်း ၁၀၀၊ ၎င်းကို တိုးချဲ့ပြီးနောက် စတုရန်းမီတာ ၁၀၀ သန်း ရရှိမည်ဖြစ်ပြီး စတုရန်းကီလိုမီတာ ၁၀၀ ဖြစ်သည်။
မူလက သူသည် ကျွန်း၏ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရန်အတွက် နှစ်ဆအခြေအနေရောက်သည့်အချိန်အထိ စောင့်ဆိုင်းရမည်ဟု ထင်ခဲ့သော်လည်း ယခုချက်ချင်း ပြုလုပ်နိုင်လိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။
ရှောင်းယီသည် ယနေ့ မြင့်မြတ်အလင်းအင်ပါယာအား ညှစ်ထုတ်သည့်အခါ နှစ်ဆမရရှိခဲ့ခြင်းကိုသာ အနည်းငယ် နောင်တရမိသည်။
သို့သော် ၎င်းသည် ယာယီတွေးတောမှုတစ်ခုသာဖြစ်သည်။ ရှောင်းယီသည် ကျွန်းကို ချက်ချင်းတိုးချဲ့လိုက်ပြီး ဖွဲ့စည်းပုံကို စတင်ချိန်ညှိလိုက်လေသည်။
သူ၏ယခင်အတွေးအတိုင်း မြို့ရိုးအတွင်းရှိ သစ်သားစက်ရုံများနှင့် သံမဏိဖွဲ့စည်းပုံဂိုဒေါင်များအားလုံးကို နံရံအပြင်ဘက်သို့ ရွှေ့ပြောင်းခဲ့သည်။
နောင်တွင် အဆင့်မြင့်အဆောက်အအုံများကိုသာ မြို့ရိုးအတွင်း၌ ထားရှိတော့မည်ဖြစ်သည်။
မြို့ရိုးအတွင်းရှိ ဧရိယာကို ၈၁ စတုရန်းကီလိုမီတာအထိ တိုးချဲ့ခဲ့ပြီး ဘေးတစ်ဖက်စီတွင် ၉ ကီလိုမီတာရှိသော စတုရန်းပုံစံဖြစ်သည်။
ယခင်မြို့ရိုး၏အလျားသည် သဘာဝအတိုင်း မလုံလောက်တော့ပေ။ သို့သော် သူသည် နောက်ဆုံးအကြိမ် မြို့ရိုးချဲ့ထွင်ခြင်းကတ် (SSS အဆင့်) ကို ရရှိခဲ့စဉ် နှစ်ဆအခြေမနေ၌ဖြစ်ခဲ့ပြီး ၎င်းတို့ကို နှစ်ခုရရှိထားခဲ့ခြင်းဖြစ်သည်။ သူသည် ယခင်က တစ်ခုသာအသုံးပြုခဲ့ပြီး ကျန်တစ်ခုမှာ ယခုတွင် အသုံးဝင်လာပြီဖြစ်သည်။
“မြို့ရိုးချဲ့ထွင်ခြင်းကတ် (SSS အဆင့်)- ရှိပြီးသားမြို့ရိုးကို သင့်တော်သောအရွယ်အစားသို့ တိုးချဲ့နိုင်သည်။”
မြို့ရိုးကို ချဲ့ထွင်ပြီးနောက် အလတ်စားနျူကလီးယားဓာတ်ပေါင်းဖိုကို မြို့ရိုး၏ထောင့်တစ်ခုတွင် နေရာချလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဤနျူကလီးယားဓာတ်ပေါင်းဖိုသည် အလွန်ဘေးကင်းပြီး ၎င်းတို့၏လူနေမှုဘဝကို မထိခိုက်စေပေ။
ထို့နောက် ရှောင်းယီသည် အဆောက်အဦးအဆင့်မြှင့်တင်ခြင်းကတ်ကို ထုတ်ယူကာ SS အဆင့်အထိ ပေါင်းစပ်ထားသော အိမ်ယာခြံဝင်းပေါ်တွင် အသုံးပြုလိုက်သည်။
“အိမ်ယာခြံဝင်းအား အဆင့်မြှင့်တင်ခြင်း အောင်မြင်ပါသည်။”
“အိမ်ယာခြံဝင်း (SSS အဆင့်)- ဧက ၄၀ ခန့် နေရာယူပြီး အဆောက်အဦးနှင့် ထောက်ပံ့ရေးဂိုဒေါင်များအတွက် နှစ်ဧက၊ ကြက်ဘဲမွေးမြူရေးအတွက် ကိုးဧက၊ မွေးမြူရေးအတွက် ကိုးဧက၊ လယ်ယာအတွက် နှစ်ဆယ်ဧက ပါဝင်သည်။ ၎င်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်အားလုံးကို ဖြည့်ဆည်းပေးနိုင်ပြီး မြေဆီလွှာအဆင့် ကျဆင်းမှုကို စိုးရိမ်ရန်မလိုအပ်ပါ။ စွမ်းအင်ပေးစနစ်တစ်ခု သီးသန့်ပါရှိပြီး အပိုစွမ်းအင်မလိုအပ်ပါ။ SS အဆင့် အိမ်ယာခြံဝင်းနှင့် နှိုင်းယှဉ်ပါက အပင်နှင့် တိရစ္ဆာန်ကြီးထွားမှုအရှိန်သည် နှစ်ဆဖြစ်ပြီး ထွက်ရှိမှုသည် နှစ်ဆဖြစ်သည်။”
အဆင့်မြှင့်တင်ထားသော အိမ်ယာခြံဝင်း၏ဧရိယာသည် နှစ်ဆဖြစ်ပြီး ‘အဆင့်’ ကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်သည်။ ဆိုလိုသည်မှာ ယခုအခါ အပင်နှင့် တိရစ္ဆာန်များအားလုံးကို အိမ်ယာခြံဝင်းထဲတွင် စိုက်ပျိုးမွေးမြူနိုင်ပြီး ယခင်ကကဲ့သို့ မြေဆီလွှာအဆင့်ကို ထည့်သွင်းစဉ်းစားရန်မလိုတော့ချေ။
လျှပ်စစ်သုံးစွဲခြင်း၏ ဂုဏ်သတ္တိကိုလည်း ဖယ်ရှားလိုက်သဖြင့် ခြံဝင်းသည် ယခုအခါ မိမိကိုယ်ကို မိမိအထောက်အပံ့ပြုနိုင်ပြီဖြစ်သည်။
ထို့အပြင် ကြီးထွားမှုအရှိန်နှင့် အထွက်နှုန်း နှစ်ဆတိုးလာခြင်းသည် အထွက်နှုန်း လေးဆတိုးလာခြင်းနှင့် ညီမျှပြီး ရှားနိုင်ငံ၏ မိတ်ဆွေအားလုံးကို လုံးဝထောက်ပံ့ပေးနိုင်ပြီဖြစ်သည်။
ထိပ်တန်းအဆင့်သို့ အဆင့်မြှင့်တင်ထားသော အိမ်ယာခြံဝင်းသည် အမှန်ပင် သာမန်ထက် ထူးကဲလှပေသည်။
ထို့နောက် ရှောင်းယီသည် စနစ်သိူလှောင်ခန်းထဲမှ အထူးဉာဏ်ရည်မြင့်ဓာတ်ခွဲခန်းကို ထုတ်ယူကာ ဗီလာနှင့် အနည်းငယ်နီးသောနေရာတွင် နေရာချလိုက်သည်။
ထိုအရာများကို အဆင်ပြေအောင် ပြုလုပ်ပြီးတဲ့နောက် ရှောင်းယီ ထရပ်လိုက်လေသည်။
ဗီလာထဲမှ ထွက်လာသည်နှင့် သူသည် မြို့ရိုးအတွင်း၌ တိမ်များထဲထိတိုင်အောင် မြင့်မားလှသည့် အဆောက်အဦးကြီးတစ်ခုကို မြင်လိုက်ရလေသည်။
“ဒီဓာတ်ခွဲခန်းက အရမ်းမြင့်လွန်းတယ်။”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။ ၎င်း၏မြေနေရာသည် လုံလောက်စွာကြီးမားနေပြီးဖြစ်ပြီး ဤမျှလောက်မြင့်မားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
“အထူးဉာဏ်ရည်မြင့်ဓာတ်ခွဲခန်း: မြေပြင်ပေါ်တွင် စုစုပေါင်း ရှစ်ဆယ့်တစ်ထပ်၊ မြေအောက်တွင် ဆယ့်ကိုးထပ်၊ စုစုပေါင်း အထပ်တစ်ရာ။”
စနစ်က အချိန်ကိုက် သတိပေးလာခဲ့သည်။
ရှောင်းယီသည် ဓာတ်ခွဲခန်းတံခါးဆီသို့ လျှောက်သွားလိုင်သည်။
ဒရစ်
တစ်စုံတစ်ခုက သူ့ကို စကင်ဖတ်နေဟန်ရှိသည်။
ထို့နောက် အီလက်ထရွန်းနစ်အသံတစ်ခုကို ကြားလိုက်ရလေသည်။
“သခင်ရှောင်းယီ ဓာတ်ခွဲခန်းမှ ကြိုဆိုပါတယ်။”
အလိုအလျောက်တံခါးပွင့်သွားပြီးနောက် အထဲတွင် လူပုံသဏ္ဍာန်စက်ရုပ် ၅၀ ခန့် မတ်တပ်ရပ်နေကြလေသည်။
“ဟမ် သူတို့က အလုပ်လုပ်စရာမလိုဘူးလား။”
ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။
“သခင်က အခုထိ သုတေသနပရောဂျက်ကို မတင်ပြရသေးပါဘူး။”
စက်ရုပ်တစ်ခုက ပြောလာခဲ့သည်။
ရှောင်းယီသည် တုန်လှုပ်သွားခဲ့ပြီး မေးလိုက်သည်။
“ဘယ်ဟာမဆို သုတေသနလုပ်နိုင်လား။”
“ဒါပေါ့။”
“ဒါဆို ငါ့ကို အာကာသယာဉ်တစ်စီးလောက် သုတေသနလုပ်ဖို့ ကူညီပေးပါ။”
“လက်ရှိပစ္စည်းထောက်ပံ့မှုအခြေအနေအရ အပြည့်အဝသောပါဝင်မှုက ခန့်မှန်းခြေအားဖြင့် တစ်နှစ်လောက် ကြာပါမယ်။”
ရှောင်းယီ၏နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်တုန်ယင်သွားခဲ့သည်။ တစ်နှစ်အတွင်း သူသည် လက်မှတ်ထိုးဝင်ခြင်းဖြင့် တစ်ခုလောက်တော့ ရရှိနိုင်ကောင်းပေသည်။
သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ရှောင်းယီသည် နည်းငယ်တွေးတောကာ မေးလိုက်သည်။
“မီးခိုးမထွက်တဲ့ ယမ်းမှုန့်ကို သုတေသနလုပ်မယ်ဆိုရင်ရော။”
“ခန့်မှန်းခြေအားဖြင့် နှစ်ရက်ခန့် ကြာပါမယ်။”
စက်ရုပ်က ပြန်ဖြေလာခဲ့သည်။
“ကောင်းတယ်။ ဒါဆို မီးခိုးမထွက်တဲ့ယမ်းမှုန့်ကို မင်းတို့အားလုံး အမြန်ဆုံးသုတေသနလုပ်ကြတော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ထိုစက်ရုပ်များသည် ချက်ချင်းပင် စတင်လှုပ်ရှားလိုက်ကြပြီး တစ်ချိန်တည်းမှာပင် ရှောင်းယီထံမှ အခြေခံပစ္စည်းအချို့ကို တောင်းဆိုခဲ့ကြသည်။
ဥပမာ နိုက်ထရစ်အက်စစ်နှင့် ဆာလဖျူရစ်အက်စစ်ကဲ့သို့သော ဓာတုဗေဒပစ္စည်းများကို ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများဖြစ်သည်။
ဤဓာတ်ခွဲခန်း၏ကိရိယာများနှင့် ပစ္စည်းများသည် အဆင့်မြင့်သော်လည်း စမ်းသပ်မှုအတွက် ကုန်ကြမ်းများကို ထပ်မံပေးဆောင်ရန် လိုအပ်သေးသည်။
ရှောင်းယီသည် ဤပြဿနာကို အန်းယွဲ့လက်ထဲသို့ တိုက်ရိုက်လွှဲအပ်လိုက်လေသည်။ လိုအပ်ပစ္စည်းများအား အန်ယွဲ့ဆီမှ တောင်းဆိုခိုင်းလိုက်သည်။
ထို့နောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ထပ်မံရောက်ရှိလာခဲ့ပြီး လျူယွမ်လုံက သူ့ထံသို့ စာပို့ထားသည်ကို တွေ့ရှိလိုက်ရသည်။
“သူဌေး စွမ်းအင်ပုံဆောင်ခဲသတ္တမိုင်းတွင်းကို ခင်ဗျားနဲ့အတူ ပူးပေါင်းပြီး ထုတ်လုပ်ချင်ပါတယ်။”
အခန်း ၆၆၀ - ပူးပေါင်းဆောင်ရွက်မှုနှင့် ဝေစု၊ ရေအောက်မီးထွန်းကိရိယာများ
“အခုမှ ကျုပ်နဲ့ ဘာလို့ ပူးပေါင်းချင်တာလဲ။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်တို့တူးဖော်တဲ့နေရာမှာ ပြဿနာတွေကြုံနေရတယ်။ ကျုပ်တို့ဘက်က အမြတ်ခွဲတမ်း ၆၀ ရာခိုင်နှုန်း စွန့်လွှတ်နိုင်ပါတယ်။”
လျူယွမ်လုံက ဘာမှမဖုံးကွယ်ထားဘဲ ပြန်ဖြေလာခဲ့သည်။
ရှောင်းယီက မျက်ခုံးပင့်လိုက်သည်။
“ ၆၀ ရာခိုင်နှုန်းဆိုရင်တော့ မလုံလောက်ဘူး။”
လျူယွမ်လုံသည် အစကတည်းက သူနှင့်ပူးပေါင်းရန် ရွေးချယ်ခဲ့ပါက ၆၀ ရာခိုင်နှုန်းပင်မဆိုထားနှင့် ၅၀-၅၀ ဆိုလျှင်ပင် ရှောင်းယီ သဘောတူခဲ့မည်ဖြစ်သည်။
ထိုအချိန်က သူ့ထံတွင် စွမ်းအင်ကျောက်များသည် ရှားပါးနေဆဲဖြစ်ပြီး ရှောင်းယီသည် အခြားရင်းမြစ်များကို မရှာဖွေရသေးချေ။
သို့သော် ယခုအချိန်တွင်မူ ရေသူမျိုးနွယ်မှ ပေးလိုက်သော စွမ်းအင်ကျောက်များသည် ရှောင်းယီနှင့် သူ့လူများ အချိန်တစ်ခုအထိ သုံးစွဲရန် လုံလောက်နေပြီဖြစ်ပြီး စွမ်းအင်ကျောက်များ၏ လိုအပ်ချက်က အရမ်းအရေးမကြီးတော့ချေ။
ထို့အပြင် တစ်ဖက်လူသည် အစကတည်းက သူနှင့်ပူးပေါင်းချင်စိတ်မရှိခဲ့ခြင်းဖြစ်ပြီး ယခု ဒုက္ခရောက်မှ သူ့ဆီရောက်လာခြင်းကလည်း ရှောင်းယီအား အနည်းငယ် မနှစ်မမြို့ဖြစ်စေခဲ့သည်။
မလိုအပ်သည့်အချိန်တွင် သူ့ကိုကန်ထုတ်ပစ်လိုက်ပြီး လိုအပ်သည့်အချိန်တွင်မှ သူ့ကိုလာရှာခြင်းလော။
လျူယွမ်လုံသည် ရှောင်းယီ၏ မနှစ်မြို့မှုကို နားလည်ဟန်ရှိပြီး ပြောလာခဲ့သည်။
“ဒါဆိုရင် သူဌေးကြီးအနေနဲ့ ဘယ်ဝေစုအချိုးအစားက သင့်တော်တယ်လို့ထင်ပါသလဲ။”
“ခုနစ်ဆယ်-သုံးဆယ်။ ငါကခုနစ်ဆယ်ယူမယ်၊ မင်းတို့က သုံးဆယ်ယူ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းသဘောတူရင် အခုချက်ချင်း ပူးပေါင်းလို့ရတယ်။ မဟုတ်ရင်တော့ မေ့ပစ်လိုက်။”
ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ လျူယွမ်လုံ ချင့်ချိန်ကြည့်လိုက်သည်။
“ဒါဆိုရင်တော့ ကျုပ်တို့မဟာမိတ်အဖွဲ့ဘက်ကို ပြန်ပြီးအစီရင်ခံဖို့ ခက်ခဲလိမ့်မယ်။”
“ဒါဆိုရင် မေ့ပစ်လိုက်တော့။”
ရှောင်းယီက ပြတ်ပြတ်သားသားပင် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
လျူယွမ်လုံ တုန်လှုပ်သွားပြီး ကျသွားသော ဖုန်းခေါ်ဆိုမှုကို ကြည့်ရှုကာ မျက်မှောင်ကျုံ့ပြီး တွေးမိလိုက်သည်။
“သူဌေးကြီးက အခု စွမ်းအင်ကျောက်တွေ မလိုအပ်တော့ဘူးလား။”
အဆုံးတွင် နောက်ဆုံးအကြိမ် ရှောင်းယီသည် သူနှင့် ပူးပေါင်းလိုခဲ့ပြီး သူငြင်းဆိုပြီးနောက်မှာပင် သူ့ဆီမှ ဝယ်ယူလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ယခုတော့ သူသည် ထိုအကြောင်း လုံးဝမပြောတော့ချေ။ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြယ်သွားသည်ကိုပင် လုံးဝဂရုမစိုက်သလိုပင်။
“သူဌေးကြီးက စွမ်းအင်ကျောက်အတွက် တခြားရင်းမြစ်တွေ ရှာတွေ့ပြီးသွားပြီလား။”
လျူယွမ်လုံသည် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားခဲ့ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။
“ဟင်း ငါ အစကတည်းက သူဌေးနဲ့ ပူးပေါင်းခဲ့သင့်တယ်။ အဲ့အချိန်တုန်းကဆိုရင် ငါတို့ ၅၀-၅၀ ခွဲဝေဖို့တောင် ညှိနှိုင်းနိုင်ကောင်းတယ်။”
သို့သောလည်း ပတ်ပတ်လညခက ကျယ်ပြောလှသည့် ပင်လယ်ပြင်ကို ကြည့်ရှုရင်း လျူယွမ်လုံသည် ရှောင်းယီဆီသို့ ဝန်လေးစွာဖြင့် စာတစ်စောင်ပို့လိုက်တော့လေသည်။
“သူဌေး ကျုပ် ပူးပေါင်းဖို့ သဘောတူပါတယ်။ ကျုပ်က နေရာပေးမယ်။ ခင်ဗျားဘက်က တူးဖော်ရေးကို ကိုင်တွယ်ပေးပါ။ ရိတ်သိမ်းမှုကို ခုနစ်ဆယ်-သုံးဆယ် ခွဲဝေမယ်။ ခင်ဗျား ခုနစ်ဆယ်ယူ၊ ကျုပ်တို့က သုံးဆယ် ယူပါမယ်။”
ရှောင်းယီသည် ထိုစာကိုဖတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ပြဿနာမရှိဘူး။ မင်းအခု သတ္တုတွင်းနေရာမှာ ရှိနေလောက်ရောပေါ့။ ငါမကြာခင်မှာ တည်နေရာကူးပြောင်းပြီး လာကြည့်မယ်။”
ထို့နောက် ရှောင်းယီသည် ဟွားဖုန့်ကိုခေါ်ဆောင်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ လျူယွမ်လုံရှိရာသို့ တာ်နေရာကူးပြောင်းသွားခဲ့သည်။ သူသည် လျူယွမ်လုံ၏သင်္ဘောကို သမုဒ္ဒရာအလယ်တွင် တစ်ကောင်တည်းကျောက်ချထားသည်အား မြင်တွေ့လိုက်ရပြီးနောက် အံ့အားသင့်သွားခဲ့သည်။
လူကြီးတစ်ယောက်၏အရပ်ထက် ပိုမိုမြင့်မားသော ဟွားဖုန့်ကို ကြည့်ရှုပြီး လျူယွမ်လုံနှင့် အခြားသူများသည် သဘာဝအတိုင်း နောက်ဆုတ်မိလိုက်ကြသည်။
S အဆင့် ဟွားဖုန့်ကို ခေါ်ဆောင်လာခြင်းသည် လျူယွမ်လုံတွင် မကောင်းသောရည်ရွယ်ချက်များ ရှိနေခြင်းမှ ကာကွယ်ရန်လည်းဖြစ်သည်။ နောက်ဆုံးတွင် အရာရာတိုင်းကို သတိထားရန်လိုအပ်ပြီး ရှောင်းယီသည် အားနည်းနေဆဲဖြစ်သည်။
“မကြောက်ပါနဲ့။ ဒါက ငါ့ရဲ့ စာချုပ်ဆိုထားတဲ့ သားရဲပါ။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့ဘက်မှာ ဘာတွေဖြစ်နေတာလဲ။ သတ္တုတွင်းကို မရောက်သေးဘူးလား။”
လျူယွမ်လုံသည် ဟွားဖုန့်ကို မနာလိုအားကျစွာကြည့်ပြီး ပြောလိုက်သည်။
“ကျုပ်တို့ရောက်နေပါပြီ ဒီနေရာပဲ။”
“ဒီမှာလား။ ကျွန်းတောင်မရှိဘူးလေ။ ဘယ်လိုလုပ်ပြီး သတ္တုတွင်းရှိနိုင်မှာလဲ။”
ရှောင်းယီသည် ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို ချက်ချင်းသတိပြုမိသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ရေအောက်မှာလို့တော့ မပြောနဲ့နော်။”
လျူယွမ်လုံက အကူညီမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ ရှောင်းယီက သူ့ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“မင်းက တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ။ တူးဖော်ရေးပတ်ဝန်းကျင်က ဒီလိုမျိုးဆိုတာ ငါသိရင် သေချာပေါက် ပိုကြီးတဲ့ဝေစုကိုတောင်းပစ်မှာ။”
ထိုစကားကိုကြားလိုက်ရသောအခါ လျူယွမ်လုံက စိုးရိမ်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
“သူဌေးကြီး ၇၀ ရာခိုင်နှုန်းက အများကြီးပါပဲ။ ကျုပ်တို့ မြေပုံအတွက်တောင် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတာပါ။”
သူသည် ရှောင်းယီ သူ့စကားကို ပြန်ပြောင်းလိုက်မည်ကို ကြောက်ရွံ့နေဟန်ရှိသည်။
ရှောင်းယီက သူ့ကိုကြည့်ပြီး ပြန်ဖြေလိုက်သည်။
“သဘောတူညီပြီးပြီဆိုမှတော့ ငါ့ဘက်က သဘောတူညီချက်အတိုင်း လိုက်နာမှာပါ။ ကတိအတိုင်း လုပ်ဆောင်ခြင်းက ငါ့ရဲ့မူပဲ။”
“ကျေးဇူးတင်ပါတယ် သူဌေး ကျေးဇူးတင်ပါတယ်။”
လျူယွမ်လုံက ချက်ချင်းပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
“မင်းရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး ငါ့ရဲ့သင်္ဘောတစ်စီး လဲလှယ်မယ်။ မင်းငါ့ကို ယုံကြည်တယ်ဆိုရင် အခုပြန်သွားလို့ရတယ်။ တူးဖော်ရေးပြီးသွားရင် မင်းရဲ့ဝေစုကို မင်းဆီကို ပို့ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကျုပ်တို့ ယုံကြည်ပါတယ်။ သေချာပေါက်ယုံကြည်ပါတယ်။”
လျူယွမ်လုံက ပြောလိုက်သည်။
“ဒါဆို သူဌေးကိုပဲ ဒုက္ခရောက်ပေးရတော့မယ်။”
ရှောင်းယီ၏ သင်္ဘောကြီးကို လဲလှယ်ပေးပြီးနောက် ရှောင်းယီသည် ၎င်း၏သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။ လျူယွမ်လုံသည်လည်း နှုတ်ဆက်စကား ဆိုပြီးနောက် ထွက်ခွာသွားခဲ့လေသည်။
လျူယွမ်လုံ ထွက်ခွာသွားပြီးနောက် ရှောင်းယီသည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ကာ စစ်သားနှစ်ဦးနှင့်အတူ ရေထဲသို့ငုပ်လျှိုးသွားခဲ့သည်။
စစ်သားနှစ်ဦးစလုံးသည် ရေကာကွယ်ပုလဲကို စားသုံးထားပြီးဖြစ်သဖြင့် ကိုယ်ကျပ်ဝတ်စုံကို မဝတ်ဆင်ထားခဲ့ကြပေ။
သူတို့သုံးယောက်သည် ပင်လယ်ကြမ်းပြင်ဆီသို့ အလျင်အမြန် ရေကူးသွားလဲ့သော်လည်း နာရီဝက်ကြာပြီးနောက်တွင်ပင် ရှောင်းယီနှင့် အခြားသူများသည် ကြမ်းပြင်ကို မမြင်ရသေးချေ။
“ဒါက အရမ်းနက်လွန်းမနေဘူးလား။”
ရှောင်းယီ အလွန်အံ့အားသင့်သွားခဲ့သည်။
သူ ရေသူမျိုးနွယ်ဆီ သွားတုန်းက တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် တိုက်ရိုက်သွားခဲ့ခြင်းဖြစ်သောကြောင့် ရေအတိမ်အနက်ကို သူသတိမထားမိခဲ့ချေ။ ယခု ပင်လယ်ရေမျက်နှာပြင်မှ ပင်လယ်ကြမ်းပြင်ဆီသို့ ရေကူးသွားရသည့်အချိန်မှသာ သမုဒ္ဒရာကြီးသည် အမှန်တကယ် မည်မျှနက်ရှိုင်းကြောင်း နားလည်သွားခဲ့လေသည်။
ဆက်လက်ထိုးဆင်းသွားပြီး နောက်ထပ် တစ်နာရီခန့်အကြာတွင် ပတ်ဝန်းကျင်သည် လုံးဝမှောင်မိုက်သွားပြီး အမှောင်ထုဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ရှောင်းယီ မျက်ကျုံ့ကာ ပြောလိုက်သည်။
“ဒီနေရာက အရမ်းမှောင်လွန်းတယ်။ သတ္တုကြောကို လုံးဝရှာမတွေ့နိုင်ဘူး။ အရင်ဆုံး အပေါ်ကိုပြန်တက်ကြရအောင်။ ငါ မီးထွန်းနိုင်တဲ့ကိရိယာတွေရှာပြီးမှ ပြန်ဆင်းမယ်။”
“ဟုတ်ကဲ့ အရှင်”
အခြားစစ်သားနှစ်ယောက်က ပြန်ဖြေလိုက်ကြသည်။
သူတို့သုံးယောက်သား မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့ဘဲ ပြန်လာခဲ့ကြရသည်။
သင်္ဘောပေါ်သို့ ပြန်ရောက်သောအခါ ကောင်းကင်သည်လည်း လုံးဝမှောင်မိုက်သွားပြီဖြစ်သည်။
“မင်းတို့အားလုံး ဒီမှာနေပြီး နယ်မြေကို စောင့်ကြည့်ထား။ ငါ မီးထွန်းနိုင်တဲ့ကိရိယာတွေ သွားရှာလိုက်ဦးမယ် “
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ အရှင်။”
သင်္ဘောပေါ်က လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
ရှောင်းယီသည် ရှုံးတိဆီသို့ တိုက်ရိုက်တည်နေရာကူးပြောင်းသွားခဲ့သည်။
“ကျွန်းပိုင်ရှင် ဘာလို့ ရောက်လာတာလဲ။”
ရှုံးတိသည် ရှောင်းယီ ရူးသွပ်ဆေးသုံးစွဲပြီးနောက် အားနည်းသည့်အခြေအနေတွင်ရှိနေကြောင်း သိထားသည်။
“ဒီမှာ ငါကိုင်တွယ်ရမယ့် အရာတစ်ခုရှိနေတယ်။ တိုက်ကြီးက ဒေသခံတွေ တုံ့ပြန်လာသေးလား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မရှိပါဘူး။ သူတို့က နည်းနည်းထပ်ပြီး နောက်ဆုတ်သွားကြတယ်။”
ရှုံးတိက ပြောလိုက်သည်။
ရှောင်းယီ ခေါင်းညိတ်ပြလိုက်သည်။
“သတိကို မလျှော့ထားနဲ့။ သူတို့ သေချာပေါက် ငါတို့ကို ထပ်ပြီးတိုက်ခိုက်လာလိမ့်မယ်။”
“ဟုတ်ကဲ့”
ရှုံးတိကို ညွှန်ကြားပြီးနောက် ရှောင်းယီသည် ရှီခုန်းကိုခေါ်ဆောင်ကာ တည်နေရာကူးပြောင်းအစီအရင်တည်နေရာဆီဟို့ လှေငယ်တစ်စင်းဖြင့် ရောက်ရှိသွားခဲ့သည်။
ရေအောက်တွင် မီးထွန်းနိုင်သည့်ကိရိယာများကို ရှာဖွေချင်ပါက ရေသူမျိုးနွယ်ကို မေးရမည်ဖြစ်သည်။
တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ရေသူမျိုးနွယ်ဘက်သို့ တည်နေရာကူးသွားပြီးနောက် တည်နေရာကူးပြောင်းခြင်စအစီအရင်ဘေးတွင် တပ်စွဲထားသော ရေသူအစောင့်တပ်သားက ရှောင်းယီကို ချက်ချင်းတွေ့လိုက်လေသည်။
“ကျွန်းသခင်ရှောင်း”
အစောင့်တပ်သားက နှုတ်ဆက်လိုက်သည်။
“ဒီအချိန်ကြီး ဒီကိုရောက်လာတာ ကိစ္စရှိလို့လား။”
“ငါ မင်းတို့မျိုးနွယ်စုခေါင်းဆောင်ဆီက ပစ္စည်းတစ်ခုငှားစရာရှိတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုအစောင့်တပ်သားက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပေးပါ။”
ထို့နောက် ထိုလူသည်လင်းနီကျိရှိရာ သန္တာကျောက်များဖြင့် တည်ဆောက်ထားသော အိမ်တစ်လုံးဆီသို့ ခေါ်ဆောင်သွားကာ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် ကျွန်းပိုင်ရှင်ရှောင်း လာတွေ့ပါတယ်။”
လင်းနီကျိသည် ချက်ချင်းပင် အိမ်ထဲမှ ရေကူးကာထွက်လာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်း ဒီလောနောက်ကျမှ ရောက်လာရတာ တစ်ခုခုလိုအပ်တာရှိလို့လား။”
“ကျုပ် ရေအောက်မှာမီးထွန်းနိုင်တဲ့ကိရိယာအချို့ လိုအပ်နေတယ်။”
ရှောင်းယီက တိုက်ရိုက်ပြောလိုက်သည်။
“ဒါက ရိုးရှင်းပါတယ်။ ကျုပ်တို့မှာ အလင်းငါး၊ အလင်းရေခူ၊ မီးအိမ်ငါးစတဲ့ အရာတွေ အများကြီးရှိတယ်။”
လင်းနီကျိက ပြောလိုက်သည်။
“မင်းဘယ်ဟာမျိုးလိုချင်လဲ။”
“သယ်ဆောင်ရလွယ်ကူပြီး နည်းနည်းလောက် တောက်ပမယ့်အရာမျိုး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဪ ပြီးတော့ ပင်လယ်ရေနက်ထဲမှာ လိုက်လျောညီထွေဖြစ်ဖို့လည်းလိုတယ်။”
မီးထွန်းပေးနိုင်သည့်သတ္တဝါများသည် ရေတိမ်ပိုင်းမှဖြစ်ပြီး ပင်လယ်နက်ပတ်ဝန်းကျင်ကို လိုက်လျောညီထွေမဖြစ်နိုင်ပါက ပင်လယ်နက်ထဲတွင် သေဆုံးသွားမည်ဖြစ်ပြီး ထို့နောက် ဆက်လက်တောက်ပနေမည်မဟုတ်တော့ပေ။
“ဒါဆိုရင် ရောင်စုံအလင်းပြန်သန္တာကောင်က အကောင်းဆုံးပဲ။ အခြားသတ္တဝါတွေမှာက သူတို့ရဲ့ကိုယ်ပိုင်ရေလွှာတွေရှိတယ်။ ဒါပေမယ့် သန္တာကောင်ကိုကျ ပင်လယ်ကြမ်းပြင်ရဲ့ နေရာတိုင်းလိုလိုမှာ တွေ့နိုင်တယ်။”
လင်းနီကျိက ပြောလိုက်သည်။