← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 50 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 50 Ch. 663-664

အခန်း ၆၆၃ - ဒေသခံများ၏ စမ်းသပ်စစ်ဆေးမှု၊ ကျူးကျော်ဝင်ရောက်ခြင်း၊ အသက်ရှင်ကျန်ရစ်သူများ ဆုတ်ခွာရခြင်း

မျက်မှောက်ရှိ စွမ်းအင်ကျောက် အရင်းအမြစ်ကြီးသည် ကြီးမားကျယ်ပြန့်သော်လည်း တကယ်တမ်းတွင် ပမာဏကို ရေတွက်ကြည့်လျှင် သိမ်းဆည်းထားသည့်ပမာဏသာ ကြီးမားပြီး ကာလရှည်ကြာ အသုံးပြုရန်အတွင် မလုံလောက်နိုင်ဟု ရှောင်ယီ တွေးလိုက်မိသည်။ သို့သော် ဤစွမ်းအင်ကျောက်ကို SSS အဆင့်၏အတာအဆီးကို ကျော်လွှားရန်အတွက်လည်း လိုအပ်ကြောင်း သိလိုက်ရသည့်အခါ ၎င်းကို စုဆောင်းထားရန် လိုအပ်လာခဲ့သည်။

“ရွှမ်းဝူ မင်းဒီမှာနေပြီး ငါတို့ရဲ့ သတ္တုတူးဖော်ရေးသမားတွေကို ကာကွယ်ပေးရမယ်။ တူးဖော်မှုပြီးသွားရင် သင်္ဘောတွေနဲ့အတူ ငါ့ကျွန်းနားက ရေပြင်ကို လိုက်သွားလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

သူသည် ဒေသခံကျွန်းပေါ်တွင် လုပ်ကိုင်နေသည့် သတ္တုတူးဖော်စက်ကို အလျင်အမြန် ပြန်ယူကာ စွမ်းအင်ကျောက်များ တူးဖော်ရန်အတွက် အသုံးပြုလိုက်သည်။

ရွှမ်းဝူ စောင့်ရှောက်ပေးနေသည့်အတွက် ရှောင်းယီသည် သတ္တုတူးဖော်ရေးသမားများ၏ လုံခြုံရေးကို စိုးရိမ်စရာမလိုတော့သောကြောင့် ဗီလာသို့ ပြန်သွားခဲ့သည်။ ယနေ့ သူသည် ရူးသွပ်ဆေးကို ထပ်မံသုံးစွဲခဲ့မိပြီး အားနည်းသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ငါရဲ့အဆင့်ကို မြန်မြန် မြှင့်တင်ဖို့ လိုနေပြီ။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်မိသည်။

တစ်ချိန်တည်းမှာပင် တိုက်ကြီး၏ကမ်းခြေရှိ ဒေသခံများသည် တစ်နေ့လုံး တိတ်ဆိတ်နေခဲ့ပြီးနောက် ထပ်မံစမ်းသပ်လာခဲ့ကြလေသည်။

ဤတစ်ကြိမ်တွင် သူတို့သည် ယီရန်ပင်းဘက်မှ သင်္ဘောကြီးသုံးစင်းကို လုံးဝလျစ်လျူရှုထားပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့နှင့် ဝေးကွာနေသည့် သင်္ဘောများကိုသာ ပစ်မှတ်ထားခဲ့သည်။

ထိုသင်္ဘောများသည် ပျံ့ကျဲနေသည့် သီးခြားအဖွဲ့များဖြစ်သောကြောင့် ဒေသခံများအတွက် ဖမ်းဆီးရန် လွယ်ကူနေခဲ့သည်။ ကျန်းရွဲ့သည်လည်း ကူညီရန်အတွက် အချိန်မီ မရောက်ရှိနိုင်ခဲ့ပေ။

“ဒီအပြင်ကလူတွေအကုန်လုံးက အဆင့်မြင့်ကျွမ်းကျင်သူတွေမဟုတ်ဘူး။”

“ဟုတ်တယ်။ ငါတို့ ခုနက ဖမ်းလိုက်တဲ့သင်္ဘောပေါ်မှာဆိုရင် အသန်မာဆုံးက B အဆင့်ပဲရှိတယ်။ သူတို့မှာ ခုခံနိုင်စွမ်း မရှိသလောက်ပဲ။”

“အဲ့ဒါကြောင့် ကျုပ်အဆိုပြုချင်တာက ကျုပ်တို့ ဖမ်းဆီးထားတဲ့သင်္ဘောတွေရဲ့ မဟာမိတ်အဖွဲ့တွေကို အခုချက်ချင်း ကျူးကျော်ဖို့ပဲ။ အဲ့ဒီအပြင်ကလူတွေရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေက ကျုပ်တို့အတွက် အရမ်းအသုံးဝင်တယ်။”

ဒေသခံဂိုဏ်းအများစုသည် အနည်းဆုံး အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ သင်္ဘောတစ်စင်းကို သိမ်းပိုက်ထားပြီး သင်္ဘောတစ်စင်းစီတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုစီ ပါရှိသောကြောင့် ဒေသခံများသည် ကျောက်တိုင်၏လုပ်ဆောင်ချက်များကို အလျင်အမြန် သိရှိလာခဲ့ကြသည်။

“ကျုပ် သဘောတူတယ်။ ကျုပ်တို့က အပြင်ကလူတွေကို မောင်းထုတ်လိုက်ပေမယ့် ခင်ဗျားတို့မြင်နေရသလိုပဲ ပင်လယ်ရေက ဆက်တက်နေတယ်။ ကျုပ်တို့ရဲ့တိုက်ကြီးက မကြာခင် လုံးလုံးနစ်မြုပ်သွားလိမ့်မယ်။”

“ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေနဲ့ အုတ်မြစ်ကျောက်တွေကို အသုံးပြုပြီး ပင်လယ်ပြင်ပေါ်မှာ တိုက်သစ်ကြီးတစ်ခု တည်ဆောက်တာက ကျုပ်တို့အတွက် တစ်ခုတည်းသော လမ်းကြောင်းပဲ။”

“ဟုတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီသင်္ဘောတွေပေါ်က ကျွန်းအထိမ်းအမှတ်ကျောက်တွေကို အနည်းဆုံး ၁၀ လောက်အထိ ရွှေ့ပြောင်းလို့မရဘူး။ ကျုပ်တို့ အဲ့လောက်ထိ မစောင့်နေနိုင်ဘူး။ အပြင်ကလူတွေရဲ့ ကျွန်းပေါ်မှာရှိနေသေးတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေအတွက် ကျုပ်တို့ တိုက်ခိုက်ရမယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်ကို ပြောင်းရွှေ့ရန် တစ်နှစ်လျှင် တစ်ကြိမ်သာ ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ဆွေးနွေးပြီးနောက် ဒေသခံအုပ်စုများသည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်းပင် လူများစေလွှတ်ကာ ထိုမဟာမိတ်အဖွဲ့များဆီသို့ တည်နေရာကူးပြောင်းသွားခဲ့ကြလေသည်။

သိမ်းပိုက်ထားသော သင်္ဘောများတွင် မြို့ပြန်ကျောက်များသာ ပါရှိခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် တစ်ဦးတည်းသာ တည်နေရာကူးပြောင်းနိုင်သောကြောင့် အခြေအနေမဆိုးလှပေ။

မဟာမိတ်အဖွဲ့အားလုံးသည် ရှောင်းယီဘက်မှ ကြိုတင်သတိပေးချက်ကို ရရှိထားပြီးဖြစ်သည်။ သူတို့သည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တည်နေရာကူးလာသူမှန်သမျှကို မြင်သည်နှင့် သတ်ဖြတ်ရမည်ဖြစ်သည်။

ထို့ကြောင့် မြို့ပြန်ကျောက်များကို အသုံးပြုသော ဒေသခံများသည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် မြားများဖြင့် ပစ်သတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြသည်။

မြို့ပြန်ကျောက်ဖြင့် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ကျွန်းသို့ ကျူးကျော်ဝင်ရောက်နိုင်သည့် ဒေသခံများမှာ တစ်ဦးမျှမရှိသလောက်ပင်ဖြစ်သည်။

သို့သော် သိမ်းပိုက်ခံထားရသည့် သင်္ဘောပေါ်တွင် ဦးတည်ချက်ကျောက်များသာ ပါရှိပါက ထိုမဟာမိတ်အဖွဲ့များမှာ အမှန်တကယ် အန္တရာယ်အတွင်းသို့ ကျရောက်နေခဲ့သည်။

ဒေသခံများသည် သင်္ဘောပေါ်တွင် တပ်ဖွဲ့များစုစည်းကာ ဦးတည်ချက်ကျောက်များကို အသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူများ၏ မဟာမိတ်အဖွဲ့များအား တိုက်ခိုက်ရန်အတွက် တိုက်ရိုက်ရွက်လွင့်သွားခဲ့ကြလေသည်။

တိုက်ကြီးပေါ်ရှိ ဒေသခံများသည် ပင်လယ်ထဲရှိ ကျွန်းငယ်လေးများပေါ်ရှိ ဒေသခံများနှင့်မတူချေ။ သူတို့တွင် ပိုမိုကောင်းမွန်သည့် ပစ္စည်းကိရိယာများနှင့် ပိုမိုအမြင့်မားသည့်အဆင့်များ ရှိပေသည်။

ရှေ့တန်းမှ တိုက်ခိုက်ပွဲတွင် အသက်ရှင်ကျန်ရစ်သူများအားလုံးနီးပါး၏ မဟာမိတ်အဖွဲ့များသည် တိုက်ကြီးပေါ်ရှိ ဒေသခံတပ်ဖွဲ့များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိကြပေ။

ကျန်းရွှဲ့သည် ဒေသခံများ၏ လှုပ်ရှားမှုများကို ရှောင်းယီထံ အစီရင်ခံလိုက်သော်လည်း ရှောင်းယီတွင်လည်း လက်ရှိအချိန်အတွက် အဖြေမရှိသေးပေ။ သူသည် အားနည်းနေဆဲဖြစ်ပြီး ဝမ်ချိုင်နှင့် အခြားသူများကို စေလွှတ်လိုက်သော်လည်း အရေအတွက်အနည်းငယ်သာ ကယ်တင်နိုင်ခဲ့သည်။

ဒေသခံများတွင် SSS အဆင့်မှော်ဆရာအသစ်များ ပေါ်ထွက်လာနိုင်ခြေရှိ၊မရှိကိုလည်း သူစဉ်းစားရန် လိုအပ်သည်။

သူလုပ်နိုင်သည်မှာ သူ၏အဆင့်မြင့် အမြောက်ဆန်များကို အသက်ရှင်ကျန်ရစ်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန်သာ ဖြစ်ပေသည်။

“လူတိုင်း ရန်သူတွေကို တွန်းလှန်နိုင်အောင် ကူညီဖို့အတွက် ကျုပ်တို့က သေစေနိုင်သောပေါက်ကွဲနိုင်တဲ့အမြောက်ဆန်တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနေပါတယ်။ ကိုယ်တိုင်ဝယ်ယူပြီး အသုံးပြုကြပါ။ လက်ရှိမှာတော့ အမြောက်ဆန်တစ်ခုကို အုတ်မြစ်ကျောက် ၁၀ ခုနဲ့ ရောင်းပါမယ်။”

ရှောင်းယီက ဂရုချက်ထဲတွင် ပြောလိုက်သည်။

“ကောင်းလိုက်တာ။ သူဌေးက တကယ်ကြီး ကျုပ်တို့ကို အဲဒီအဆင့်မြင့်အမြောက်ဆန်တွေ ရောင်းပေးလိုက်တာပဲ။ အခု ဒေသခံတွေကို ကာကွယ်နိုင်ဖို့ တကယ်ပဲ အခွင့်အရေးရှိလာပြီ။”

“ဟုတ်တယ်။ အဲဒီအမြောက်ဆန်က တကယ့်ကို ထူးဆန်းတယ်။ တစ်ချက်ပစ်လိုက်ရုံနဲ့ သင်္ဘောတစ်စီးရဲ့ တစ်ဝက်ကို ပျက်စီးသွားစေတယ်။”

“ယီရန်ပင်းသူဌေးရဲ့ ရေတပ်က ပစ်လိုက်တာကို ပထမဆုံးအကြိမ် မြင်လိုက်ရတုန်းကဆိုရင် ကျုပ် စိုရွှဲသွားလုနီးပါးပဲ။”

လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

သို့သော် ထိုအမြောက်ဆန်များဖြင့်ပင် အချို့မဟာမိတ်အဖွဲ့များသည် ဒေသခံများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိသေးပေ။

ယီထျန်းဂရုချက်ထဲရှိ အဖွဲ့ဝင်အရေအတွက်မှာ စတင်ကျဆင်းလာခဲ့သည်။

လူ ၈၀,၀၀၀ ခန့် ရှိခဲ့သည့် အိုင်ဒီအရေအတွက်သည် လျင်မြန်စွာ ကျဆင်းကာ ၇၀,၀၀၀ သို့ ရောက်ရှိလာခဲ့သည်။ ပျောက်ကွယ်သွားသည့် အိုင်ဒီများသည် ဒေသခံများလက်ထဲသို့ ရောက်ရှိသွားသည်မှာ ထင်ရှားပေသည်။

“အဲ့ဒီဒေသခံတွေက ကြောက်စရာကောင်းလွန်းတယ်။ ကျုပ်တို့မဟာမိတ်အဖွဲ့က သူတို့ကို မတွန်းလှန်နိုင်ဘူး။ ကျုပ်တို့ ပုန်းလျှိုးကွယ်လျှိုးနဲ့ သင်္ဘောတွေရော လူတွေအားလုံးရော တိုက်ကြီးကနေ ဆုတ်ခွာလာနေပြီ။”

“ဒီမှာလည်း အတူတူပဲ။ အခု ဆုတ်ခွာလိုက်တာက အုတ်မြစ်ကျောက်တွေ နည်းသွားရုံပဲ။ ဒါပေမယ့် ဆက်နေပြီး ဒေသခံတွေ ပစ်မှတ်ထားတာခံရရင် ကျုပ်တို့ရဲ့ အခြေစိုက်စခန်းကို ဆုံးရှုံးရလိမ့်မယ်။”

“အိုး ကျုပ်တို့လည်း လက်လျှော့လိုက်တော့မယ်။ ပုံရိပ်နှိမ့်ချပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာက ပိုကောင်းတယ်။”

ထိုစကားဝိုင်းကိုကြည့်လိုက်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။

“ဒေသခံတွေက ဒီလောက်မြန်မြန် တုံ့ပြန်လာလိမ့်မယ်လို့ ကျုပ်တကယ်မမျှော်လင့်ထားခဲ့မိဘူး။ ခင်ဗျားတို့ စိတ်ချပါ။ ခင်ဗျားတို့ ကျုပ်ဆီကနေ ဝယ်ထားတဲ့ အမြဲတမ်းတည်နေရာကူးပြောင်းခွင့်တွေက ထာဝရတည်တံ့နေမှာပါ။ သင်္ဘောတွေအများကြီးကို ကျုပ်တို့ အကုန်လုံး မစောင့်ရှောက်ပေးနိုင်ဘူး။ အဲ့ဒါကြောင့် ဆုတ်ခွာတာက ပညာရှိတဲ့ လှုပ်ရှားမှုပဲ။ အကယ်၍ ခင်ဗျားတို့ဘက်က တိုက်ကြီးကို စူးစမ်းရှာဖွေဖို့ အဖွဲ့ငယ်လေးတွေ ထပ်ပို့ချင်သေးတယ်ဆိုရင် ကျုပ် သူတို့တွေကို အခမဲ့ တည်နေရာကူးပြောင်းပေးပါ့မယ်။”

“ကောင်းလိုက်တာ။ သူဌေးက တကယ့်ကို အံ့မခန်းပဲ။”

“ဟုတ်တယ်။ ကျုပ်တို့က ဒီမှာ ကူညီပေးနိုင်တာသိပ်မရှိဘူး။ အတားအဆီးဖြစ်နေမိမှာတောင် စိုးရတယ်။ အခုခဏလောက်တော့ ဆုတ်ခွာလိုက်ကြရအောင်။”

“ဟုတ်တယ်။ သူဌေးဆီကနေ အမြဲတမ်း တည်နေရာကူးပြောင်းလို့ရတာပဲ။”

ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောများ တစ်စင်းပြီး တစ်စင်း ပျောက်ကွယ်သွားခဲ့ကြပြီး လူတိုင်းသည် မိမိတို့၏ မဟာမိတ်အဖွဲ့များဆီသို့ ပြန်လညခဆုတ်ခွာရန် ရွေးချယ်လာခဲ့ကြသည်။

“မှော်ဆရာကြီး ပင်လယ်ထဲက သင်္ဘောတွေအားလုံး ပျောက်ကွယ်သွားပါပြီ။ မြင့်မြတ်အလင်းမှော်ဆရာကို အနိုင်ယူခဲ့တဲ့ ရေတပ်ကြီးပဲ ကျန်ပါတော့တယ်။”

ကင်းထောက်တစ်ဦးက အစီရင်ခံလိုက်သည်။

ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာက ခေါင်းညိတ်လိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် ထိုလူများသည် ဤနေရာတွင် အသုံးမဝင်ချေ။ အိမ်ပြန်ခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။

“မနေ့က မြင့်မြတ်အလင်းမှော်ဆရာကို အနိုင်ယူပြီးတော့ သူတို့ တိတ်ဆိတ်သွားခဲ့တယ်။ သူတို့ အများကြီး ဆုံးရှုံးခဲ့လို့ပဲဖြစ်ရမယ်။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက ပြောလိုက်သည်။

“သူတို့ကို အနီးကပ် စောင့်ကြည့်ထား။ ငါက ဖမ်းမိတဲ့ကျွန်းအသစ်ကို သွားစစ်ဆေးကြည့်ဦးမယ်။”

“ဟုတ်ကဲ့”

အနီးအနားရှိ ပင်လယ်ထဲတွင် ဂျေဘီသည်လည်း သူ၏ သင်္ဘောတပ်ကို နောက်တန်းသို့ ဝေးဝေးခေါ်ဆောင်သွားခဲ့သည်။ သူသည် တိုက်ကြီးကို စတင်စူးစမ်းရရုံသာ ရှိသေးပြီး ဤမျှ မြန်မြန် အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ဂျေဘီသည် ရှောင်းယီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရသည်ကို ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ရှောင်းယီသည် မနေ့က SSS အဆင့် မှော်ဆရာတစ်ဦးကို အနိုင်ယူခဲ့ကြောင်း သတင်းကို ကြားသိလိုက်ရသည့်အခါက သူ၏ ကျောပြင်တစ်လျှောက်တွင် ချွေးအေးများပင် စီးထွက်လာခဲ့သည်။

အကယ်၍ ယခင်က SSS အဆင့်မှော်ဆရာတစ်ဦးသာ သူ့ဘက်သို့ တိုက်ခိုက်လာခဲ့ပါက သူတို့၏သင်္ဘောသည် အချိန်အတော်ကြာကတည်းက ဖမ်းဆီးခံခဲ့ရပေလိမ့်မည်။

ဂျေဘီသည် နည်းဗျူဟာကျွမ်းကျင်သူတစ်ဦးဖြစ်၏။ အချိန်ပေးပါက သူသည် SSS အဆင့်သို့ အလျင်အမြန် ရောက်ရှိနိုင်မည်ဟု ယုံကြည်ပေသည်။

သို့သော် လက်ရှိအချိန်တွင် SSS အဆင့်မှော်ဆရာတစ်ဦးနှင့် တွေ့ဆုံရပါက သူသည် ချက်ချင်းပင် သေဆုံးသွားမည်ဖြစ်ပြီး ဘာမှပင်ပြောနိုင်မည်မဟုတ်ပေ။

ထုံးစံအတိုင်း မနေ့က ရှောင်းယီသည် SSS အဆင့်မှော်ဆရာတစ်ဦးကို အနိုင်ယူခဲ့သည့်အတွက်သာ ထိုကမ်းခြေပေါ်ရှိ ဒေသခံများသည် ကီလိုမီတာအနည်းငယ် နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။

အခန်း ၆၆၄ - ဆီးနှင်းသစ်ရွက်မှော်ဆရာ၏အတွေးများ၊ လူပုများ ရောက်ရှိလာခြင်း

ထိုသတင်းကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် ဂျေဘီသည် သူ၏အဖွဲ့အား ပိုမိုဝေးရာသို့ ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီး ရှောင်းယီအား အနည်းငယ်ပင် ကျေးဇူးတင်စိတ် ဖြစ်ခဲ့မိသည်။

ယီရန်ပင်းသည် ထိုမှော်ဆရာ၏အင်ပါယာမှ အုတ်မြစ်ကျောက် သန်း ၁၀၀ ပင် ညှစ်ယူခဲ့ကြောင်း ဂျေဘီ ကြားသိလိုက်ရသည့်အခါက သူသည် အားကျသွားမိသော်လည်း ၎င်းကို သင့်တော်သည်ဟုသာ ယူဆလိုက်သည်။

ထိုကဲ့သို့သော ကြီးမားသည့်သူဌေးကြီးကို အနိုင်ယူခဲ့ပြီး ထိုက်တန်သည့် ဆုလာဘ်များမရှိပါက မည်သူမျှ ဆရာကြီးများကို တိုက်ခိုက်ရန် စိတ်အားထက်သန်မှု ရှိတော့မည်မဟုတ်ပေ။

“ဂိုဏ်းချုပ် ရှားနိုင်ငံက သင်္ဘောတွေအားလုံး ဆုတ်ခွာသွားပါပြီ။ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောတွေပဲ ကျန်ပါတော့တယ်။”

တစ်စုံတစ်ယောက်က ထိုသို့ပြောရင်းဖြင့် ဂျေဘီနားသို့ လျှောက်လာခဲ့သည်။

ဂျေဘီသည် အနည်းငယ် တွေးတောပြီးနောက် ရှောင်းယီထံသို့ စာတစ်စောင် ပို့လိုက်သည်။ ထိုစာမှာ ထူးထူးခြားခြားပင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

“ကျုပ်တို့ ခင်ဗျားရဲ့သင်္ဘောတွေနောက်ကနေ လိုက်လို့ရမလား။ ကျုပ်တို့ ခင်ဗျားကို လုံးဝအနှောက်အယှက်မပေးပါဘူး။”

ရှောင်းယီသည် ဂျေဘီ၏ စာကို ဖတ်ရှုပြီးနောက် အနည်းငယ် တွေးတောကာ အကြောင်းပြန်လိုက်သည်။

“ရတယ် ဒါပေမယ့် တစ်ကီလိုမီတာကျော်အထိ အကွာအဝေးကို ထိန်းထားရမယ်။ ပြီးတော့ အန္တရာယ်တစ်ခုခုဖြစ်လာရင် ကျုပ်တို့ ကယ်တင်နိုင်ပေးမယ်လို့ အာမ၊မခံနိုင်ဘူး။”

အဆုံးစွန်သောအားဖြင့် ဂျေဘီသည် ယခင်က ကုန်သွယ်မှုတွင် အုတ်မြစ်ကျောက်များနှင့် ပတ်သက်၍ အလွန်ရက်ရောခဲ့ပေသည်။ သူတို့သည် သူ့နောက်သို့ လိုက်နေခြင်းမျှသာဖြစ်ပြီး ၎င်းကို သူတို့၏ တည်နေရာကူးပြောင်းခွင့်များကို ထိန်းသိမ်းခြင်းအဖြစ် ယူဆနိုင်ပေသည်။

“နားလည်ပါပြီ ကျေးဇူးတင်ပါတယ်။”

ဂျေဘီက ပြောလိုက်သည်။

စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့် ဂျေဘီက ချက်ချင်းအမိန့်ပေးလိုက်သည်။

“သင်္ဘောအပိုတွေကို မဟာမိတ်အဖွဲ့ကို ပြန်ပို့လိုက်တော့။ တစ်စင်းတည်းချန်ထားခဲ့ပြီး ယီရန်ပင်းဆီကို ရွေ့လျားမယ်။”

“ဟုတ်ကဲ့”

ဂျေဘီသည် ရှောင်းယီရှိရာအရပ်သို့ လှမ်းကြည့်ကာ စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။

“ငါတို့ကြားက ကွာဟချက်က ဒီလောက်ကြီးများလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။”

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ၎င်းတို့၏ ဆီးနှင်းသစ်ရွက်မြို့မှ အောင်မြင်စွာ သိမ်းပိုက်ထားသည့် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ ကျွန်းပေါ်သို့ သွားရောက်ရန်အတွက် မြို့ပြန်ကျောက်ကို အသုံးပြုခဲ့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူသည် ပိုမိုများပြားသော သတင်းအချက်အလက်များကို ချက်ချင်းပင် ရရှိလိုက်လေသည်။

“အုတ်မြစ်ကျောက်တွေနဲ့ချည်း သီးသန့်ပြုလုပ်ထားတဲ့ ဒီကျွန်းက တကယ်ပဲ ဒီလောက်တောင် အင်အားကြီးတယ်လား။”

မှော်ဆရာ၏၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

ဤသတင်းအချက်အလက်များအရ ဆီးနှင်းသစ်ရွက်မှော်ဆရာသည် စင်ကြယ်သော အုတ်မြစ်ကျောက်များဖြင့် ဖွဲ့စည်းထားသည့် ကျွန်းများတွင် အရှိန်မြှင့်တင်ခြင်း၊ အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ ဂုဏ်သတ္တိများ ရှိကြောင်း သိရှိခဲ့ရသည်။

အရှိန်မြှင့်တင်ခြင်းဆိုသည်မှာ ကျွန်းပေါ်တွင် တစ်ရက်သည် ၎င်းတို့၏ တိုက်ကြီးပေါ်ရှိ တစ်လနှင့် ညီမျှခြင်းကို ဆိုလိုပေသည်။ အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းသည် လက်နက်ကိရိယာများကို ပြန်လည်ထုတ်လုပ်ပေးပြီး သယံဇာတများကို မကုန်မခမ်းနိုင်အောင် ထောက်ပံ့ပေးထားသည်။

ဤဂုဏ်သတ္တိသုံးရပ်စလုံးသည် အလွန်ပင်ပုံမှန်မဟုတ်သော အရာများဖြစ်ပြီး ပေါင်းစည်းလိုက်သည့်အခါ မည်သို့ဖြစ်လာမည်နည်း။

“ဒါသာရှိရင် ဆီးနှင်းသစ်ရွက်မြို့ မမြင့်တက်လာမှာကို ဘာများစိုးရိမ်စရာတော့လို့လဲ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။

“အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာကို ပြင်ဆင်ဖို့ လိုအပ်တယ်။ အရာရာတိုင်းကို ဒီကိုပဲ ရွှေ့ပြောင်းလိုက်လို့ရတယ်။”

ဆီးနှင်းသစ်ရွက်မြို့မှ သိမ်းပိုက်ထားသည့် အသက်ရှင်ကျန်ရစ်သူများ၏ မဟာမိတ်အဖွဲ့များသည် အင်အားအရာ၌ အကန့်အသတ်ရှိပြီး ကျွန်းကိုးခုအနက် အကြီးဆုံးကျွန်းသည် ၁၀,၀၀၀ စတုရန်းမီတာထက် နည်းပါးကာ ဆီးနှင်းသစ်ရွက်မြို့၏ နေထိုင်သူများအတွက် လုံးဝနေရာမပေးနိုင်ပေ။

သို့သော် ၎င်းသည် ဆီးနှင်းသစ်ရွက်မြို့အတွက် ပြဿနာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဘဏ္ဍာတိုက်ထဲတွင် အုတ်မြစ်ကျောက် နှစ်သန်းနီးပါး ကျန်ရှိနေသေးသောကြောင့်ဖြစ်သည်။

“လူပုပြည်ထောင်ဆီကနေ နည်းနည်းလောက် ထပ်ရယူဖို့ လိုနေသေးပုံပဲ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက တစ်ကိုယ်တည်း တွေးလိုက်မိသည်။

ထိုအချိန်တွင် ဆီးနှင်းသစ်ရွက်မြို့၏ စစ်သားတစ်ဦးသည် ဘီယာပုလင်းတစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့သည်။

“မှော်ဆရာ ကျုပ်တို့ ဒါကို ရှာတွေ့ခဲ့ပါတယ်။”

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ၎င်းကို ယူလိုက်ပြီး ပုလင်းဖုံးကိုဖွင့်ကာ ဂရုတစိုက် ရှူရှိုက်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက်တောက်ပသွားခဲ့သည်။

“ဒါက ဘီယာပဲ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက အံ့အားသင့်စွာ ပြောလိုက်သည်။

“ဒါကို ဘယ်မှာတွေ့ခဲ့တာလဲ။ ဘယ်လောက်ရှိလဲ။”

“အများကြီးမရှိပါဘူး။ ပုလင်းခုနှစ်လုံးပဲရှိပါတယ်။”

စစ်သားက ပြန်ဖြေလိုက်သည်။

“အကုန်လုံး ယူလာခဲ့”

မှော်ဆရာက ချက်ချင်းအမိန့်ပေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤဘီယာ၏အရသာသည် လူပုဘုရင့်နိုင်ငံက ဘီယာထက် အရသာနှင့် ပိုမိုပြည့်စုံပြီး ပိုမိုမွှေးကြိုင်သောကြောင့်ဖြစ်သည်။ သူသည် လူပုများနှင့် မည်သို့သော ကုန်သွယ်မှုမျိုး ပြုလုပ်ရမည်ကို တွေးတောနေချိန်တွင် ဤကျွန်းပေါ်၌ ဤမျှကောင်းမွန်သော ဘီယာများ ရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားမိခဲ့ပေ။

လူပုများ၏ အရက်ကိုစွဲလမ်းသော အလေ့အကျင့်ကိုထောက်လျှင် ဤဘီယာသည် ၎င်းတို့ကြား၌ ကျော်ကြားလာမည်မှာ သေချာပေသည်။

ပုလင်း ခုနှစ်လုံးသာ ရှိသော်လည်း ၎င်းတို့တည်ရှိနေသရွေ့ ဤကျွန်းပေါ်တွင် ဤဘီယာကို ရရှိနိုင်သည့် လမ်းကြောင်းတစ်ခု ရှိသည်ဟု ဆိုလိုသည်။ ထိုလမ်းကြောင်းကို ရှာဖွေတွေ့ရှိသည်နှင့် လူပုဘုရင့်နိုင်ငံရှိ အုတ်မြစ်ကျောက်များအားလုံး သူအပိုင်ဖြစ်သွားမည်မဟုတ်ပါလား။

လူပုဘုရင့်နိုင်ငံတွင် အခြေခံအားဖြင့် လူပုများသာ နေထိုင်ကြပြီး ၎င်းတို့သည် လက်မှုပညာတွင် အလွန်ကျွမ်းကျင်ကြသည်။ တိုက်ကြီးတစ်ခုလုံးရှိ လက်နက်ကိရိယာများ၏ ၈၀% ကျော်ကို လူပုများမှ ပြုလုပ်ထားခြင်းဖြစ်သည်။

ထို့ကြောင့်ပင် လူပုဘုရင့်နိုင်ငံသည် ခိုင်မာသော ငွေကြေးဖြစ်သည့် အုတ်မြစ်ကျောက်များကို အမြောက်အမြား စုဆောင်းထားနိုင်ခဲ့သည်။

ဤအကြောင်းကို တွေးမိသည်နှင့် ဆီးနှင်းသစ်ရွက်မှော်ဆရာက ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။

“မြေကြီးထဲကို သုံးပေလောက်တူးရမယ်ဆိုရင်တောင် ဒီဘီယာရဲ့မူလအရင်းအမြစ်ကို ရှာဖွေကြစမ်း။”

“ဟုတ်ကဲ့”

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ဘီယာ၏ မူလအရင်းအမြစ်ကို ရှာဖွေနေချိန်တွင်ပင် ရှောင်းယီသည် ရှီခုန်းထံမှ စာတစ်စောင် လက်ခံရရှိခဲ့လေသည်။

“ကျွန်းပိုင်ရှင် လူပုဘုရင့်နိုင်ငံက တည်နေရာကူးပြောင်းခွင့်တောင်းဆိုနေပါတယ်။ ငြင်းပယ်လိုက်ရမလား။”

ရှီခုန်းက မေးလိုက်သည်။

“လူပုဘုရင့်နိုင်ငံလား။”

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။

“လူပုဘုရင့်နိုင်ငံရဲ့ ဂုဏ်သတင်းက ဘယ်လိုလဲ။”

“သူတို့ရဲ့ စိတ်သဘောထားက ထူးဆန်းတယ်။ ဒါပေမယ့် မိတ်ဆွေဖြစ်လာနိုင်မယ်ဆိုရင်တော့ သူတို့က ပြောလို့၊ဆိုလို့ အဆင်ပြေတယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“သူတို့ရဲ့ သတ္တုအရည်ကျိုခြင်းနဲ့ ပန်းပဲလုပ်ငန်းကျွမ်းကျင်မှုက အရမ်းအံ့သြစရာကောင်းတယ်။ အဲ့ဒါကြောင့် တိုက်ကြီးပေါ်က လက်နက်ကိရိယာတွေရဲ့ ၈၀% ကနေ ၉၀% အထိကို လူပုတွေက ထုတ်လုပ်ထားတာလေ။”

“လက်နက်ရောင်းတဲ့သူတွေလား။”

ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါဆို သူတို့ အရမ်းချမ်းသာတယ်လို့ ဆိုလိုတာပေါ့။”

“ဟုတ်တယ်။ လူပုဘုရင့်နိုင်ငံရဲ့ ဂိုဒေါင်တွေထဲမှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိတယ်လို့ ဆိုကြတယ်။ သူတို့က အခြားမြို့တွေနဲ့ကုန်သွယ်တဲ့နေရာမှာ အုတ်မြစ်ကျောက်နဲ့မှုပဲ လက်ခံတယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသိလိုက်ရသည်နှင့် ရှောင်းယီက အကြောင်းပြန်လိုက်သည်။

“သူတို့ကို တည်နေရာကူးခွင့်ပေးလိုက်။ ကျုပ် တစ်ချက်လောက်လာကြည့်မယ်။”

“ဟုတ်ကဲ့။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ရှုံးတိဘက်သို့ ရောက်ရှိလာခဲ့ပြီး ထိုမှတစ်ဆင့် လှေငယ်တစ်စင်းပေါ်သို့ ပြောင်းရွှေ့ကာ ချူဖုန်းမြို့၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ဦးတည်သွားလိုက်သည်။

ဤလှုပ်ရှားမှုသည် ကမ်းခြေကို စောင့်ကြည့်နေသည့် အဖွဲ့ကို တိုက်ရိုက်ကြောက်ရွံ့ထိတ်လန့်သွားစေခဲ့ပြီး ၎င်းတို့အား နောက်ထပ်တစ်မိုင်ခန့် နောက်ဆုတ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် တာဝန်ကျနေသည့် မှော်ဆရာများအဖွဲ့သည် ချက်ချင်းပင်စုရုံးကာ ရှောင်းယီဆီသို့ ဦးတည်သွားခဲ့ကြသော်လည်း သူတို့သည် အလွန်နီးကပ်စွာ မသွားရဲကြပေ။

ရှောင်းယီသည် သူတို့ကို လျစ်လျူရှုထားပြီး တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့ကာ ရေထဲသို့ ခုန်ချလိုက်လေသည်။

“သူ ဘာလို့ ရေထဲကို ခုန်ချသွားတာလဲ။”

“ဒါက ချူဖုန်းမြို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ရှိတဲ့နေရာဖြစ်သင့်တယ်။ သူက တည်နေရာကူးပြောင်းခြင်းအစီအရင်ကနေတစ်ဆင့် တိုက်ကြီးရဲ့အတွင်းပိုင်းကို သွားချင်နေတာထင်တယ်။”

“မဖြစ်နိုင်ဘူး။ ချူဖုန်းမြို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်က ပိတ်ထားကြာပြီလေ။ အခြားနိုင်ငံတွေ ဒါမှမဟုတ် မြို့တွေကလည်း ချူဖုန်းမြို့ရဲ့ အခြေအနေကို သိထားသင့်တယ်။ သူ့ကို တည်နေရာကူးပြောင်းခွင့် ပေးမှာမဟုတ်လောက်ဘူး။”

“ဒါဆို သူက ဘာလုပ်နေတာလဲ။”

ထိုမှော်ဆရာများသည် မီတာ ၁၀၀၀ အကွာမှ တိုက်ခိုက်ရေးလှေငူ်များဖြင့် ကြည့်ရှုနေခဲ့ကြပြီး အနားသို့အရမ်းကပ်သွားရန် မဝံ့မရဲဖြစ်နေကြသည်။

ရှောင်းယီ တည်နေရာကူးပြောင်းခြင်းအစီအရင်သို့ ရောက်ရှိလာသည့်အခါ ရှီခုန်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

“ကျွန်းပိုင်ရှင် အခု အသက်သွင်းလိုက်ရတော့မလား။”

ရှီခုန်းက မေးလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

ရှီခုန်းသည် ချက်ချင်းပင် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်ပြီး လူပုဘုရင့်နိုင်ငံ၏ တည်နေရာကူးပြောင်းခြင်းအစီအရင်၏ ကိုဩဒိနိတ်များနှင့် ချိတ်ဆက်လိုက်လေသည်။

တည်နေရာကူးပြောင်းခြင်းအစီအရင်ပေါ်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ဆံပင်များရှုပ်ပွနေပြီး ကြီးမားသောပူဖောင်းပုံစံနှင့် နီမြန်းနေသည့် နှာခေါင်းရှိသည့် လူပုတစ်ဦး ထွက်ပေါ်လာခဲ့သော်လည်း နောက်အခိုက်တွင် ထိုလူသည် ရုတ်တရက်ကြုံလိုက်ရသော ရေများကြောင့် ရေသီးသွားခဲ့ရလေသည်။

ရေများအတွင်းတွင် ရှိနေသည့်အတွက် ထိုလူပုသည် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းမရှိလဲ သဘာဝအတိုင်း ရေသီးသွားခဲ့ရခြင်းဖြစ်သည်။

ရှောင်းယီသည် ရေကာကွယ်ပုလဲတစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။

“ဒါကိုမြို့ချလိုက်။ ပြီးရင် အဆင်ပြေသွားလိမ့်မယ်။”

ဤအရေးပေါ်အခြေအနေတွင် လူပုသည် ထိုအကြောင်းကို အများကြီးတွေးမနေတော့ဘဲ ရေကာကွယ်ပုလဲကိုယူကာ သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ရေကာကွယ်ပုလဲကို မျိုချပြီးနောက် လူပုသည် ရေအောက်တွင် အသက်ရှူနိုင်သည်ကို တွေ့ရှိလိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။

“ဒါက ဘာပစ္စည်းလဲ။ အရမ်း မှော်ဆန်လွန်းတယ်။”

လူပုက မေးလိုက်သည်။

“ဒီနေရာက စကားပြောလို့မကောင်းဘူး။ ကမ်းပေါ်တက်ပြီး စကားပြောကြရအောင်။”

ရှောင်းယီက ထိုသို့ပြောကာ လူပုကို ခေါ်ဆောင်ပြီး အပေါ်သို့ တက်သွားခဲ့သည်။

လှေငယ်ပေါ်သို့ ရောက်ရှိလာသည်နှင့် လူပုက သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီမှာကမှ ပိုပြီးအဆင်ပြေသေးတယ်။”

ထို့နောက် သူသည် လှေငယ်ပေါ်တွင် ပျင်းရိစွာ လှဲအိပ်လိုက်ပြီး ရှောင်းယီကို ကြည့်ကာမေးလိုက်သည်။

“မင်းက အပြင်လူပဲ ဖြစ်ရမယ်။”

ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။

“ခင်ဗျားကိုကြည့်ရတာ အပြင်လူတွေကို အရမ်းရန်လိုမနေသလိုပဲ။”

ထိုအခါ လူပုသည် ရှောင်းယီကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ငါက မင်းတို့ကို ဘာလို့ ရန်လိုရမှာလဲ။”

All Chapters