← Chapters

အခန်း (၆၆၇-၆၆၈)

Vol. 50 Ch. 667-668

အခန်း (၆၆၇-၆၆၈)

Vol. 50 Ch. 667-668

အခန်း ၆၆၇ - ကေဒါယူဆောင်လာသော အံ့အားသင့်စရာ

ရှီထုန်းသည် ဤအရာကို မျှော်လင့်ထားသကဲ့သို့ ကြည့်နေခဲ့သည်။ သူသည်လည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်ပြီး ရှောင်းယီ၏ ကျွန်းပေါ်ရှိ ဝိုင်သည် အမှန်တကယ်ကို အလွန်အရသာရှိလွန်းလှပေသည်။

ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ လှည့်ထွက်ခွာသွားခဲ့သည်။

ကေဒါသည် လူပုဘုရင့်နိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် လော့စ်ရှိရာသို့ ပြေးသွားခဲ့သည်။

ဤအချိန်တွင် လော့စ်သည် ဆီးနှင်းသစ်ရွက်မြို့မှ သတင်းကို စိုးရိမ်တကြီးဖြင့် စောင့်မျှော်နေခဲ့သည်။

မနေ့က ဆီးနှင်းသစ်ရွကိမှော်ဆရာ လောင်းထည့်ပေးခဲ့သော ဘီယာသည် သူ၏နှုတ်ခမ်းကို အနည်းငယ်သာ စိုစွတ်စေနိုင်ခဲ့သော်လည်း ဘီယာ၏အရသာသည် သူ့ကို အဆုံးမဲ့ ပြန်လည်သတိရစေခဲ့သည်။

သူသည် မနေ့က တစ်ညလုံး ကောင်းကောင်းပင် အိပ်မပျော်နိုင်ခဲ့ချေ။ နံနက်ပိုင်းတွင် သူသည် မျက်ကွင်းညိုများနှင့် လူပုဘုရင့်နိုင်ငံ၏ ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိလာခဲ့သည်။

ဗလာဖြစ်နေသော ကုန်သွယ်ရေးစခန်းကို ကြည့်ရင်း လော့စ် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

“ဆီးနှင်းသစ်ရွက်မြို့ကလူလိမ်က တကယ်ကို ရွံဖို့ကောင်းတယ်။ ဒီနေ့တော့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဘီယာကို ရအောင်လုပ်ရမယ်။”

ကျိန်ဆဲရင်းနှင့်ပင် လော့စ်သည် မျှော်လင့်တကြီးဖြင့် အပြင်ဘက်ကို ကြည့်ရှုလိုက်ပြီး နောက်တစ်ဖန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ချလိုက်ပြန်သည်။

ရုတ်တရက် တံခါးဝရှိ ခေါင်းလောင်းသံ မြည်လာခဲ့သည်။ လော့စ်သည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းမော့ကြည့်လိုက်သော်လည်း ရောက်ရှိလာသူသည် ကေဒါဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ နောက်တစ်ဖန် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ချလိုက်ပြန်သည်။

“မင်္ဂလာပါ လော့စ် အဲ့ဒီမျက်နှာအမူအရာက ဘာလဲ။ ငါပစ္စည်းကောင်းတစ်ခု ယူလာတယ်။ မင်း မကြည့်ချင်ဘူးတာ သေချာလား။”

ကေဒါသည် လော့စ်၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဟမ့် မင်းအဆင့်မြင့်ဘီယာ ရှာတွေ့လာတာမျိုးမဟုတ်ရင် ငါ့ကို အနှောက်အယှက်မပေးနဲ့။”

လော့စ်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

ကေဒါ ကြက်သေသေသွားခဲ့သည်။

“မင်း ဆေးစွဲနေတဲ့လူ မင်းက ငါ့နောက်ကို လူလွှတ်ထားတာလား။”

“ထွက်သွား ထွက်သွား ငါစိတ်ရှုပ်နေတယ်။”

လော့စ်က ပြန်ပြောလိုက်သည်။

“ငါမှာ မင်းနောက်လိုက်ဖို့ အချိန်မရှိဘူး။ မင်းက အလကားကောင်ပဲ။”

ကေဒါသည် လော့စ်၏စကားကို ဂရုမစိုက်ဘဲ သူယူလာသည့် ဘီယာပုံးထဲမှ ဘီယာပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

လော့စ်သည် ထိုဘီယာပုလင်းကို မြင်လိုက်ရသည်နှင့် သူ၏မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။ ဤပုလင်းသည် ဆီးနှင်းသစ်ရွက်မြို့မှ ယူဆောင်လာသည့် ဘီယာထည့်သည့်ခွက်နှင့် အတိအကျတူညီနေလေသည်။

သူသည် ချက်ချင်းပင် စင်နောက်မှ အလျင်အမြန် ထွက်လာပြီး ကေဒါ ထုတ်ယူလိုက်သည့် ဘီယာပုလင်းကို ဖမ်းယူရန် လက်ဆန့်လိုက်သည်။

ကေဒါသည် ချက်ချင်းပင် ဘီယာပုလင်းကို ကာကွယ်ကာ ပြောလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ။”

လော့စ်သည် ၎င်းကို မဖမ်းမိသွားသော်လည်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဒါက ဘီယာလား။”

“သေချာတာပေါ့။ မင်းက ဒါကို ဘာထင်နေတာလဲ။ မြင်းဆီးရည်လို့လား။”

ကေဒါက ပြန်မေးလိုက်သည်။

“မြန်မြန် ငါ့ကို မြည်းခွင့်ပေး။”

လော့စ် စိတ်လှုပ်ရှားစွာဖြင့် ခုန်ဆွခုန်ဆွ လုပ်နေခဲ့သည်။

“ဆီးနှင်းသစ်ရွက်မြို့က လူလိမ်ကလည်း မနေ့က ဒီလိုမျိုးဘီယာပုလင်းတစ်လုံး ယူလာခဲ့သေးတယ်။ အရသာက တကယ့်ကို အံ့သြစရာပဲ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ကေဒါသည် အနည်ငယ် မှင်တက်သွားပြီး မေးလိုက်သည်။

“ဆီးနှင်းသစ်ရွက်မြို့မှာ ဒီလိုဘီယာရှိလို့လား။”

“အပိုစကားတွေ မပြောနဲ့တော့။ ငါ့ကို မြန်မြန်မြည်းခိုင်းစမ်းပါ။”

ကြည့်ရုံသာကြည့်ရပြီး မသောက်ရသေးသည့်အတွက် လော့စ်သည် ရူးသွပ်လုနီးပါးဖြစ် နေခဲ့သည်။

ကေဒါသည် အဖုံးကို ဖွင့်လိုက်ပြီး လော့စ် မနေ့က ရှူရှိုက်ခဲ့ရသည့် အနံ့ထက် ပိုမိုကြွယ်ဝသော အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါက မနေ့က ဘီယာထက်တောင် ပိုမွှေးနေသလိုပဲ။”

လော့စ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ကေဒါသည် လော့စ်အတွက် ခွက်အပြည့်လောင်းထည့်ပေးလိုက်၏။ လော့စ်သည် မစောင့်နိုင်တော့ဘဲ ခွက်ကိုကောက်ယူကာ တစ်ငုံသောက်ကြည့်လိုက်လေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဤဘီယာ၏အရသာထဲ၌ နှစ်မြုပ်သွားခဲ့သည်။

ကေဒါသည် ကျန်နေရှိသော ဘီယာများအား ပုလင်းလိုက် မော့သောက်လိုက်လေသည်။

“ဘယ်လိုလဲ။ မဆိုးဘူးမဟုတ်လား။”

ကေဒါက ဘီယာတစ်ငုံသောက်ပြီးနောက် ပြုံးရယ်ကာ မေးလိုက်သည်။

“မဆိုးဘူးဆိုတာထက် ပိုတယ်။ မနေ့က ငါသောက်ခဲ့တာထက်တောင် ပိုကောင်းသေးတယ်။”

လော့စ်က ပြောလိုက်သည်။

“ဒါကို ဘယ်ကရလာတာလဲ။”

“အပြင်လူတစ်ယောက်ဆီက။”

ကေဒါက ပြန်ဖြေလိုက်သည်။

“အပြင်လူလား။ ဆီးနှင်းသစ်ရွက်မြို့ကနေ မဟုတ်ဘူးလား။”

လော့စ်က ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

လူတိုင်းသည် ဤအရသာရှိသော ဘီယာချက်နည်းကို ပိုင်ဆိုင်နိုင်ခြင်းမရှိပေ။

ကေဒါသည် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။

“မဟုတ်ဘူး။ အဲဒီအပြင်လူရဲ့ ကျွန်းမှာ အထူးပြု ဘီယာချက်သမား ရှိတယ်။ ဘားလို့ခေါ်တဲ့ နေရာတစ်ခုတောင် ရှိတယ်။ အဲဒီမှာ မယုံနိုင်လောက်အောင် ကြွယ်ဝတဲ့ ဝိုင်အမျိုးအစားတွေရှိတယ်။ ဒီဘီယာထက် ပိုကောင်းတဲ့ဝိုင်ကိုတောင် ငါသောက်ခဲ့သေးတယ်။”

“ဒီထက် ပိုကောင်းတဲ့ဟာလား။”

လော့စ်က အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

“သေချာတာပေါ့။ အဲဒါက ပိုင်ကျိုလို့ခေါ်တဲ့ ဝိုင်အမျိုးအစားပါ။ အဲဒါက တကယ့်ကို ယောက်ျားတွေ သောက်ဖို့အတွက် ဝိုင်ကောင်းတစ်ခုပဲ။”

ကေဒါက ထိုအရသာကို ပြန်လည်သတိရနေမိသည်။

ကေဒါ ထိုသို့ပြောသည်ကို ကြားလိုက်ရသည်နှင့် လော့စ်သည် ထိုအပြင်လူကို တွေ့ဆုံချင်ပြီဖြစ်သည်။

“ဟုတ်သားပဲ။ မင်းက ဆီးနှင်းသစ်ရွက်မြို့မှာလည်း ဒီလိုဘီယာမျိုးရှိတယ်လို့ ပြောခဲ့တယ်မလား။”

ကေဒါက မေးလိုက်သည်။

“ငါတို့ အရင်ကလည်း ကုန်သွယ်ခဲ့ဖူးပါတယ်။ သူတို့ ဘာလို့ ဒီအကြောင်း မပြောခဲ့တာလဲ။”

“ငါလည်း အဲ့ဒါကို စိတ်ဝင်စားနေတာ။ ဒါပေမယ့် မနေ့က ဆီးနှင်းသစ်ရွက်မြို့ရဲ့လူလိမ်က ဒီလိုမျိုးဘီယာပုလင်းတစ်လုံး ယူလာခဲ့ပြီး ငါ့ကို အနည်းငယ်လေးပဲ ငှဲ့ပေးခဲ့တာ။ သူက ပုလင်းတစ်ကို အုတ်မြစ်ကျောက် ၁၀၀၀၀ နဲ့ ရောင်းချင်တယ်တဲ့။”

လော့စ်က ပြန်ပြောလိုက်သည်။

“အုတ်မြစ်ကျောက် ၁၀၀၀၀ ဟုတ်လား။ ဒီကောင်က လူတွေကို ဓားပြတိုက်နေတာလား။”

ကေဒါက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“ဒါပေမယ့် အဲဒီဘီယာရဲ့ အရသာက တကယ် ကောင်းတယ်။”

လော့စ်က ပြန်ပြောလိုက်သည်။

“မင်းဒါတွေကို အုတ်မြစ်ကျောက် ဘယ်လောက်နဲ့ ဝယ်ခဲ့တာလဲ။ ၁၀၀၀၀ နဲ့တော့ရမှာမဟုတ်ဘူး ဟုတ်တယ်မလား။”

လော့စ်သည် မနေ့က အနည်းငယ်သာ သောက်ခဲ့ရသော်လည်း သူသည် ယနေ့သောက်ရသည့် အရသာသည် မနေ့ကထက် များစွာပိုကောင်းကြောင်း ခံစားနိုင်ပေသည်။

လူလိမ်က မနေ့က ဘီယာကို အုတ်မြစ်ကျောက် ၁၀၀၀၀ ဖြင့်‌ ဈေးခေါ်ခဲ့ပြီး စျေးနှုန်းကို ထပ်မံမြှင့်တင်ရန် ရည်ရွယ်ချက်ပင် ရှိနေခဲ့သည်။

ထို့ကြောင့် ဤဘီယာသည် ပို၍ပင် စျေးကြီးရမည် ဖြစ်သည်။

လော့စ်၏စကားကို ကြားလိုက်ရသည်နှင့် ကေဒါသည် ရှောင်းယီသည် အမှန်တကယ် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူသည် သူ့ကို ဤမျှတန်ဖိုးကြီးသည့်အရာကို ပေးခဲ့သည်။

“ဘာအုတ်မြစ်ကျောက်မှ မသုံးခဲ့ရဘူး။ မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးလိုက်တာ။”

ကေဒါသည် သူ၏မျက်နှာပေါ်တွင် ကြွားဝါနေဟန်ဖြင့် ပြောလိုက်သည်။

“ဘာ ဘယ်ကမိတ်ဆွေလဲ။ ငါ့ကိုလည်း မြန်မြန်မိတ်ဆက်ပေးစမ်းပါ။”

လော့စ်က အလျင်အမြန် ရှေ့တက်လာကာ ကေဒါကို ဆွဲယူလိုက်သည်။

“မင်းက ငါနဲ့သူ့ကြားက မိတ်ဆွေဆက်ဆံရေးကို အမြတ်ထုတ်ချင်နေတာလား။”

ကေဒါက ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး။”

လော့စ်က အလျင်အမြန် ရှင်းပြလိုက်သည်။

“ငါက သူနဲ့ ဒီဘီယာတွေကို ရောင်းဖို့ ပူးပေါင်းချင်ရုံပါပဲ။ မင်းတို့ရဲ့မိတ်ဆွေဆက်ဆံရေးကို သုံးပြီး သေချာပေါက်စျေး‌မဆစ်ပါဘူးကွာ။”

“ဒါကမှ ပိုကောင်းသေးတယ်။ ကောင်းပြီ ဒီကကိစ္စတွေကို မင်းစီစဉ်လိုက်တော့။ ငါအရင်ပြန်သွားလိုက်ဦးမယ်။”

ကေဒါက ဘီယာပုံးကို ကောက်မလိုက်၏။ ပုလင်းတစ်လုံး လျော့နည်းသွားသောကြောင့် ပုံးထဲရှိ ပုလင်းများသည် တစ်ခုနှင့်တစ်ခု တိုက်မိပြီး အသံများ ထွက်ပေါ်လာသည်။

“မင်းမှာ ဒီပုံးလည်း ရှိသေးတယ်ပေါ့။”

လော့စ်က မျက်လုံးစိမ်းကြီးများဖြင့် ပြောလိုက်သည်။

ကေဒါသည် အလျင်အမြန်ပင် ပုံးကို ကာကွယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ကုန်သွားပြီ မရှိတော့ဘူး။ မင်းလိုချင်ရင် ကိုယ်တိုင်သွားဝယ်။ ဒါက ငါ့မိတ်ဆွေက ပေးလိုက်တာကွ။”

“ဒီပုံးက အနည်းဆုံး ပုလင်း ၁၂ လုံး ထည့်လို့ရတယ်။ ငါ့ကို နောက်ထပ် တစ်လုံးပေးလိုက်။ မဟုတ်ရင် မင်းကို ဒီကနေ ထွက်သွားခွင့် မပေးဘူး။”

လော့စ်သည် တိုက်ရိုက်ပင် ကေဒါကို ကိုင်ဆွဲကာ စတင်၍ မျက်နှာပြောက်တိုက်တော့လေသည်။

“မင်းက ငါတို့ လူပုဘုရင့်နိုင်ငံတော်ကြီးရဲ့ ကုန်သွယ်ရေးအရာရှိပဲ။ မင်း ဒီလိုပုံစံဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ။”

ကေဒါက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ချီးကိုအပြုအမူလား။ မြန်မြန် တစ်လုံးထုတ်လိုက်။ မဟုတ်ရင် မင်းဒီနေ့ ဒီကနေ သေချာပေါက် ထွက်သွားလို့ မရဘူး။”

လော့စ်က မျက်နှာထူထူဖြင့် ပြောလိုက်သည်။

ကေဒါသည် လော့စ်ကို မခုခံနိုင်တော့ဘဲ နောက်ထပ် ဘီယာပုလင်းတစ်လုံး ထုတ်ပေးလိုက်မှသာ ထွက်ခွာခွင့်ရခဲ့သည်။

အသစ်ရရှိလာသည့် ဘီယာပုလင်းကို ကြည့်ရင်း လော့စ်က တတွတ်တွတ် ရေရွတ်နေခဲ့သည်။

“ဒီပုလင်းကို သေချာပေါက် သိမ်းထားရမယ်။ ငါတို့ရဲ့မိသားစုအမွေအနှစ်အဖြစ်တောင် ဆက်ဆံရမယ်။”

သူသည် ထိုဘီယာပုလင်းကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် ထိုင်ခုံပေါ်တွင် ဇိမ်ကျကျ ထိုင်ချလိုက်သည်။

ကေဒါ၏မိတ်ဆွေသည် ကေဒါအား တစ်ပုံးလုံး တိုက်ရိုက်လက်ဆောင်ပေးလိုက်နိုင်သည်မှာ သူ၏ဘီယာထုတ်လုပ်မှုသည် နိမ့်ကျမည်မဟုတ်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။

ယခုတွင် သူသည် ထုတ်လုပ်မှုပိုမိုမြင့်မားသော လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိပြီဖြစ်သဖြင့် ဆီးနှင်းသစ်ရွက်မြို့၏ လူလိမ်အား သေသွားခိုင်းလိုက်လို့ရပြီဖြစ်သည်။

“စျေးမြှင့်ချင်သေးတာလား။ ငါက ကေဒါရဲ့မိတ်ဆွေကို ဒီဘီယာကိုဝယ်ဖို့ စျေးပိုပေးလိုက်မယ်။ ဒါ့အပြင် ကေဒါ့ရဲ့မိတ်ဆွေရဲ့ ဘီယာက ဆီးနှင်းသစ်ရွက်မြို့ကဟာထက် ပိုကောင်းတယ်။”

လော့စ်က တွေးလိုက်မိသည်။

သူ ထိုကိစ္စအကြောင်း တွေးနေစဉ်တွင် ဆီးနှင်းသစ်ရွက်မှော်ဆရာ ထပ်မံရောက်ရှိလာခဲ့သည်။

“လော့စ် မင်း အုတ်မြစ်ကျောက်တွေ ပြင်ဆင်ပြီးပြီလား။”

ဆီးနှင်းသစ်ရွက်မှော်ဆရာ ပြုံးရယ်ကာ ပြောလိုက်သည်။

“ငါ ဒီနေ့ ဘီယာသုံးပုလင်းလုံး ပြင်ဆင်ပြီးသွားပြီ။”

“မင်းရဲ့ဘီယာကို အရင်ကြည့်ရအောင်။”

လော့စ်က အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။

လော့စ်၏ တုံ့ပြန်မှုကို ကြည့်ရှုရင်း ဆီးနှင်းသစ်ရွက်မှေော်ဆရာက စိတ်ထဲမှ တွေးလိုက်မိသည်။

“ဟမ့် သူက စျေးဆစ်ဖို့ တွေးနေတာပဲ။ တကယ်ကို အတွေးလွန်နေပြီ။ ငါက ဒီနေ့ စျေးနှုန်းမြှင့်ဖို့ ရောက်လာတာကွ။”

အခန်း ၆၆၈ - ဂွတ်ဘိုင်၊ လော့စ်နှင့် ကေဒါ ရောက်ရှိလာခြင်း

“မင်း အုတ်မြစ်ကျောက်တွေ မပြင်ဆင်ရသေးပုံပဲ။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက ပြုံးရယ်ကာ ပြောလိုက်သည်။

“အရမ်းကောင်းတယ်။ ဒီနေ့ ဒီဘီယာသုံးပုလင်းရဲ့ စျေးနှုန်းက မနေ့ကနဲ့ မတူတော့ဘူး။”

လော့စ်က မျက်ခုံးပင့်လိုက်သည်။

“အို မင်းက စျေးနှုန်းမြှင့်တင်ဖို့ ကြိုးစားနေတာလား။”

“သေချာတာပေါ့။ ငါ့ဘီယာက ဒီထက်ပိုမြင့်တဲ့စျေးနှုန်း ထိုက်တန်တယ်မဟုတ်ဘူးမလား။”

ဆီးနှင်းသစ်ရွက်မှော်ဆရာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

လော့စ်က ပြုံးရယ်ကာ ခေါင်းခါလိုက်ပြီး ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။

“ငါကတော့ အဲ့လိုမထင်ဘူး။”

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် အနည်းငယ်ကြက်သေသေသွားခဲ့ပြီးနောက်၊ မျက်မှောင်ကျုံ့ကာပြောလိုက်သည်။

“လော့စ် မင်း ဘာကိုဆိုလိုတာလဲ။ မင်းက ဒီဘီယာကို မလိုချင်တော့ဘူးလား။”

“သေချာပေါက် လိုချင်တာပေါ့။ ဒါပေမယ့် အရမ်းစျေးကြီးတယ်။ ငါတို့ သေချာစဉ်းစားဖို့ လိုတယ်။”

လော့စ်က ပြန်ပြောလိုက်သည်။

ထိုစကားသည် ဆီးနှင်းသစ်ရွက်မှော်ဆရာ၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေခဲ့သည်။ သူသည် လော့စ်၏ အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာကို ကြည့်ရှုရင်း အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဟမ့် ဒါဆိုရင်တော့ ငါတို့ ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့။ မင်းစဉ်းစားပြီးတဲ့အချိန်ကျရင်တော့ ဒီဘီယာရဲ့ စျေးနှုန်းက နောက်ထပ် ပြောင်းလဲသွားနိုင်သေးတယ်။”

“နှုတ်ဆက်ပါတယ်။”

လော့စ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ဒေါသတကြီးဖြင့် ထရပ်လိုက်ပြီး သူ၏အဖွဲ့ကို ဦးဆောင်ကာ လူပုဘုရင့်နိုင်ငံတော်မှ ထွက်ခွာသွားခဲ့သည်။

သူတို့ ထွက်ခွာသွားပြီးနောက် ကေဒါ ရောက်ရှိလာကာ ထိုလူများကို ကြည့်ပြီး မေးလိုက်သည်။

“ဆီးနှင်းသစ်ရွက်မြို့က လူလိမ်တွေလား။”

“ဟုတ်တယ်။ သူတို့က စျေးနှုန်းကိုတောင် မြှင့်တင်ချင်နေသေးတယ်။ ငါ သူတို့ကို မောင်းထုတ်ပစ်လိုက်ပြီ။”

လော့စ်က ပြန်ပြောလိုက်သည်။

“မင်း သူတို့ကို လုံးဝရန်သူဖြစ်အောင် လုပ်မိသွားမှာ မကြောက်ဘူးလား။ ငါ့မိတ်ဆွေမှာ ဘီယာအရင်းအမြစ်တွေ မရှိတော့ရင်ရော။”

ကေဒါက ပြုံးရယ်ကာ ပြောလိုက်သည်။

“ဆီးနှင်းသစ်ရွက်မြို့မှာ သုံးပုလင်းပဲရှိတယ်။ ဒါပေမယ့် မင်းရဲ့မိတ်ဆွေဆီမှာတော့ သုံးပုလင်းထက် ပိုရှိတယ်ဆိုတာ သေချာတယ်။”

လော့စ်က ပြုံးကာ ပြန်ပြောလိုက်သည်။

ကေဒါက သူ့ကို လက်မထောင်ပြလိုက်ပြီး မေးလိုက်သည်။

“မင်းဘက်က ပြင်ဆင်ပြီးပြီလား။”

“သေချာတာပေါ့။ အရာအားလုံး စီစဉ်ပြီးပြီ။ သွားလိုက်ကြရအောင်။”

လော့စ်က ပြောလိုက်သည်။ သူသည် အနည်းငယ်မျှပင် စိတ်မရှည်နိုင်တော့ပေ။

ကေဒါက သူ့ကို ကြည့်ရင်း အကြံဆိုးဖြင့် ပြောလိုက်သည်။

“ကောင်းပြီ သွားကြမယ်။ ဒါပေမယ့် မင်း ခဏလောက်ဆော့ အသက်အောင့်ထားဖို့ လိုလိမ့်မယ်။”

“အသက်အောင့်ထားရမှာလား။”

လော့စ်က ကေဒါကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

သို့သော် ကေဒါသည် သူ၏ကလေးဆန်သော အတွေးကြောင့် ဆက်၍ရှင်းပြမနေတော့ဘဲ သူ့ကို တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ရှောင်းယီသည် ရှီခုန်းအား လူပုဘုရင့်နိုင်ငံမှ တည်နေရာကူးပြောင်းခွင့်ကို တိုက်ရိုက်ခွင့်ပြုရန် ကြိုတင်ညွှန်ကြားထားပြီးဖြစ်သည်။

ထို့ကြောင့် ကေဒါနှင့် လော့စ်သည် ချူဖုန်းမြို့၏ ဆည်နေရာကူးပြောင်းခြင်းအစီအရင်သို့ အောင်မြင်စွာ တည်နေရာကူးပြောင်းနိုင်ခဲ့သည်။

တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လော့စ်သည် မမျှော်လင့်ဘဲ ရေများကြောင့် သီးသွားခဲ့ရသည်။ ရေသီးနေသော လော့စ်ကို ကြည့်ရင်း ကေဒါသည် ဟက်ဟက်ပက်ပက်ရယ်မောကာ သူ့ကို ရေမျက်နှာပြင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ခဏအကြာတွင် လှေငယ်ပေါ်တွင် လှဲအိပ်နေသော လော့စ်သည် ကေဒါအား ကျိန်ဆဲတော့လေသည်။

“မင်း မကောင်းဆိုးဝါးကောင်။ ဘာလို့ ချူဖုန်းမြို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်က ရေအောက်မှာဆိုတာ ငါ့ကို ကြိုတင်မပြောတာလဲ။”

လော့စ်က ကျိန်ဆဲလိုက်သည်။

“ငါလည်း ပထမဆုံးအကြိမ်လာတုန်းက ရေသီးခဲ့တာပဲ။ အဲ့ဒါကြောင့် မင်းကိုပါ စမ်းကြည့်စေချင်တာပေါ့။”

ကေဒါက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“ငါ့ xxxx”

လော့စ်က ဆက်လက်ကျိန်ဆဲတော့လေသည်။

“ကောင်းပြီ ကောင်းပြီ ငါဒီမှာရှိနေတာပဲ မင်း ရေမနစ်ပါဘူး။”

ကေဒါက ပြုံးရယ်ကာ ပြောလိုက်သည်။

လော့စ်၏ မျက်နှာအမူအရာမှာ ဆိုးရွားနေသော်လည်း သူသည် အလျင်အမြန်ပင် ပြဿနာတစ်ခုကို သတိထားမိသွားခဲ့သည်။

“မင်းရဲ့ ရေကူးကျွမ်းကျင်မှုက ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းနေတာလဲ။”

“ငါ့မိတ်ဆွေက ငါ့ကို ရေကာကွယ်ပုလဲတစ်လုံး ပေးခဲ့တယ်လေ။ အဲ့ဒါကို စားလိုက်ရင် ရေထဲမှာ လမ်းလျှောက်လို့ရတယ်၊ အသက်ရှူလို့ရတယ်၊ စကားပြောလို့လည်းရတယ်။”

ကေဒါက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“မင်းက ငါ့ကို လှည့်စားနေတာပဲ။”

လော့စ်က အားနည်းစွာဖြင့် ညည်းညူလိုက်သည်။

“ဒါပေမယ့်၊ မင်းရဲ့မိတ်ဆွေက တကယ့်ကို မိတ်ဆွေကောင်းပဲ။ ဒီလိုပစ္စည်းကောင်းမျိုးကိုတောင် မင်းကို ပေးချင်စိတ်ရှိတယ်။”

“ဟုတ်တယ် မင်းက သူ့မိတ်ဆွေကို ဘယ်သူလို့ ထင်နေတာလဲ။”

ကေဒါက ပြောလိုက်သည်။

လော့စ်သည် ပင်လယ်ပြင်ကြီးကို ကြည့်ရှုရင်း စိတ်ကူးသာ ယဉ်နေလိုက်သည်။

မကြာမီ သူတို့သည် ရှုံ့တိမှ စောင့်ကြပ်နေသော သင်္ဘောကြီးဆီသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီထံသို့ အစီရင်ခံပြီးနောက် သူတို့နှစ်ဦးသည် ချက်ချင်းပင် တည်နေရာကူးပြောင်းသွားခဲ့ကြသည်။

ကေဒါနှင့် လော့စ်တို့ ကျွန်းပေါ်သို့ တည်နေရာကူးပြောင်းသွားပြီးနောက် ရှောင်းယီသည် ၎င်းတို့ကို ကြိုဆိုကာ ပြောလိုက်သည်။

“ဒီနေ့ ကျုပ်တကယ်ကို အလုပ်များလွန်းနေတယ်။ အဲ့ဒါကြောင့် မင်းတို့ကို လာကြိုဖို့ မဖြစ်နိုင်ခဲ့ဘူး။”

“ငါတို့က မိတ်ဆွေတွေဖြစ်နေပြီပဲ။ ဒီလောက် ယဉ်ကျေးနေရာ မလိုပါဘူး။”

ကေဒါက ပြုံးရယ်ကာ ပြောလိုက်သည်။

ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် သဘောတူကာ ပြောလိုက်သည်။

“ဟုတ်တာပေါ့ မိတ်ဆွေတွေက အရမ်းယဉ်ကျေးနေစရာမလိုဘူး။”

“ဘားကို သွားကြရအောင်။ ထိုင်ရင်း စကားပြောကြတာပေါ့။”

ရှောင်းယီသည် ၎င်းတို့ကို ဦးဆောင်ကာ ဘားဆီသို့ လျှောက်သွားလိုက်သည်။

လော့စ်က အံ့အားသင့်စွာဖြင့် ကေဒါက တိုးတိုးပြောလိုက်သည်။

“သူက ငါတို့ လူပုမျိုးနွယ်ရဲ့ ဘာသာစကားကို ပြောနေတယ်လို့ မထင်ဘူး။ ငါတို့က ဘယ်လိုလုပ်ပြီး နားလည်နိုင်နေရတာလဲ။”

“ဘယ်လိုလဲ။ ငါ့မိတ်ဆွေက မိုက်တယ်မလား။”

ကေဒါက ပြန်ပြောလိုက်သည်။

လော့စ်က သူ့ကို လက်မထောင်ပြလိုက်သည်။

ဘားသို့ ရောက်ရှိလာခဲ့ပြီးနောက် ကေဒါက မိတ်ဆက်ပေးလိုက်သည်။

“ဒါက ငါတို့ လူပုဘုရင့်နိုင်ငံရဲ့ ကုန်သွယ်ရေးအရာရှိပဲ။ သူက ဒီတစ်ခါ မင်းနဲ့ ဝိုင်ကိစ္စအကြောင်း စကားပြောဖို့ လာခဲ့တာ။”

လာပြီ။

ရှောင်းယီသည် စိတ်ထဲမှ တွေးလိုက်မိ၏။ ထို့နောက် ပြုံးရယ်ကာ ပြောလိုက်သည်။

“အရမ်းကောင်းတယ် ကျုပ်လည်း ကျုပ်တို့ရဲ့ဝိုင်ကို ခင်ဗျားတို့ဆီ တင်သွင်းဖို့ စီစဉ်နေတာ။”

“ဒီလိုဆိုရင် ယဉ်ကျေးနေစရာမလိုတော့ဘူး။ ဒီမှာရှိတဲ့ ဝိုင်အားလုံးကိုသာ ယူလာလိုက်။ ဘယ်ဟာတွေက ငါတို့ လူပုဘုရင့်နိုင်ငံအတွက် ပိုသင့်တော်လဲဆိုတာ ငါကြည့်မယ်။”

လော့စ်က တိုက်ရိုက်ပြောလိုက်သည်။

“အိုကေ ပြဿနာမရှိဘူး။”

ရှောင်းယီသည် ချက်ချင်းပင် ဒူးခန်းအား ဝိုင်အမျိုးအစားအားလုံးအား အနည်းငယ်စီ ယူလာရန် ပြောလိုက်သည်။

ယူလာသည့် ဝိုင်များ၏ အနံ့များကို ရှူရှိုက်ရင်း လော့စ်သည် လုံးဝမူးယစ်သွားခဲ့ပြီး ဖြည်းဖြည်းချင်း စတင်မြည်းစမ်းကြည့်လိုက်သည်။

ကေဒါနှင့် လော့စ်တို့သည် ခဏအတွင်း မပြီးဆုံးနိုင်သည်ကို မြင်လိုက်ရသောအခါ ရှောင်းယီက အားနာဟန်ဖြင့် ပြောလိုက်သည်။

“ခင်းဗျားတို့ အရင်ဖြည်းဖြည်းချင်း စမ်းကြည့်ကြပါ။ မလုံလောက်သေးရင် ဒူခန်းကို နောက်ထပ် ထပ်ယူခိုင်းလိုက်ပါ။ ကျုပ်မှာ အရေးကြီးကိစ္စတချို့ ရှိလို့ ကိုင်တွယ်ဖြေရှင်းဖို့ လိုနေတယ်။”

“ရပါတယ် မင်းသွားလိုက်ပါ။ ပြီးသွားမှ ငါတို့ကို လာရှာလှည့်။”

ကေဒါက ပြောလိုက်သည်။

ရှောင်းယီသည် အလျင်အမြန် ထွက်ခွာလာကာ ဗီလာဆီသို့ ပြေးရောက်လာခဲ့သည်။

ယနေ့မနက် ဒူခန်း သူ့ကို လှမ်းနှိုးပြီးနောက် ရှောင်းယီသည် စနစ်ဆီမှ အသိပေးချက်တစ်ခု ရရှိခဲ့လေသည်။

“နှစ်ဆရိတ်သိမ်းမှု ဖြစ်ပေါ်နေပါပြီ။ အကျိုးသက်ရောက်မှု တစ်ရက်ကြာမြင့်သည်။”

နှစ်ဆအကျိုးသက်ရောက်မှု အသက်ဝင်နေစဉ်အတွင်း သူသည် အုတ်မြစ်ကျောက်များ ပိုမိုရရှိရန် လိုအပ်သောကြောင့် ကျွန်းတစ်ခုလုံးသည် နောက်တစ်ဖန် ရူးသွပ်စွာ ထပ်မံ၍ လည်ပတ်လာခဲ့သည်။

ဤတစ်ကြိမ်တွင် အဆင့်မြင့်အစားအစာများသည် သိပ်ပြီးလူကြိုက်မများတော့ပေ။ ဤကာလဖွံ့ဖြိုးတိုးတက်မှုအပြီးတွင ကျွန်းများစွာသည် အဆင့်မြင့်အစားအစာများစွာကို ထုတ်လုပ်လာနိုင်ပြီဖြစ်သည်။

ထို့ကြောင့် ပုံမှန်အားဖြင့် ယီထျန်းဂရုနှင့် ဈေးကွက်တွင် အဆင့်မြင့်အစားအစာများကို စာရင်းသွင်းထားပြီး မည်သည့်အချိန်တွင်မဆို ဝယ်ယူနိုင်သည်။

ဤတစ်ကြိမ်တွင် နှစ်ဆအခြေအနေဖြင့် အဆင့်မြင့်အစားအစာများကို အနည်းငယ်အပိုအဖြစ်သာ အသုံးပြုနိုင်ပြီး အဓိကထုတ်ကုန်များမှာ S အဆင့် အမြောက်များနှင့် အမြောက်ဆန်များဖြစ်သည်။

ရှောင်းယီသည် အဆင့်မြင့်အမြောက်များနှင့် အမြောက်ဆန်များကို ရောင်းချတော့မည်ဟု ကြားလိုက်ရသည်နှင့် ယီထျန်းဂရုသည် ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

“သူဌေးက တကယ့်ကို အံ့မခန်းပဲ။ ဒီလိုမျိုး အဆင့်မြင့်လက်နက်တွေကိုတောင် မျှဝေချင်စိတ်ရှိတယ်။”

“ကောင်းလိုက်တာ။ ဒီအမြောက်တွေသာရှိရင် ဒေသခံတွေကို ရင်ဆိုင်ဖို့ ပိုပြီးယုံကြည်မှုရှိလာလိမ့်မယ်။”

“အပိုစကားတွေ မပြောတော့ဘူး။ စင်ပေါ်သာ အမြန်တင်လိုက်တော့။ ငါ အုတ်မြစ်ကျောက်တွေ ပြင်ဆင်ထားပြီးပြီ။”

“လက်နက်က အဆင့်မြင့်တယ်ဆိုပေမယ့် စျေးကလည်း အရမ်းကြီးတယ်။ အမြောက်တစ်ခုကို အုတ်မြစ်ကျောက် ၅၀၀၊ အမြောက်ဆန်တစ်ခုကို သော့ကျောက် ၁၀ခုပဲ။”

“ဒီပိုက်ဆံက ထိုက်တန်တယ်။ သူ‌ဌေး ထုတ်ယူလာတဲ့ ကိရိယာတွေက အားလုံး S အတင့်ချည်းပဲဆိုတာလည်း သိထားရမယ်။ မင်းလက်ထဲမှာ S အဆင့် ကိရိယာတွေ ရှိလို့လား။”

“ဟုတ်တယ်။ ကံကောင်းတာက ငါတို့ တိုက်သစ်ကြီးကို ရက်ပေါင်းများစွာ စူးစမ်းရှာဖွေခဲ့တယ်။ မဟုတ်ရင် ငါတို့မှာ အုတ်မြစ်ကျောက်တွေ အများကြီး တကယ်ရှိမှာမဟုတ်ဘူး။”

“ချီး ဒါကမင်းတို့မဟာမိတ်အဖွဲ့က တော်တော်အသုံးမကျဘူးလို့ပဲဆိုရမယ်။ ငါတို့မဟာမိတ်အဖွဲ့ဆိုရင် တိုက်သစ်ကြီးကနေ အုတ်မြစ်ကျောက် လေးထောင်နီးပါး ရခဲ့တယ်။”

“အပေါ်က သူဌေး မင်း အဲ့ဒီလောက်အများကြီး ဘယ်လိုရခဲ့တာလဲ။”

“လုံလောက်တဲ့အဖွဲ့တွေ စီစဉ်လိုက်ရုံပဲလေ။”

ရှောင်းယီသည် အုပ်စုအတွင်းရှိ ဆွေးနွေးမှုများကို လျစ်လျူရှုထားသော်လည်း ယနေ့ သူလက်မှတ်ထိုးဝင်ရာမှ ရရှိလာသော ဆုလာဘ်ကို ကြည့်ရှုရင်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

All Chapters