အခန်း (၆၆၉-၆၇၀)
Vol. 50 Ch. 669-670
အခန်း ၆၆၉ - SSS အဆင့် ကောင်းကင်ခံတပ်၊ အရင်းမရှိသည့် စီးပွားရေး
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- လေကြောင်းခံတပ် (SSS အဆင့်) ၁။”
“နှစ်ဆရိတ်သိမ်းမှု အသက်သွင်းလိုက်ပါပြီ၊ ရရှိသောအရင်းအမြစ်များ- လေကြောင်းခံတပ် (SSS အဆင့်) ၂။”
“လေကြောင်းခံတပ် (SSS အဆင့်)- ကြီးမားသော လေကြောင်းကာကွယ်ရေး ဂျက်စွမ်းအင်သုံး လေသင်္ဘော။ အကြီးစားဒူးလေး ၂၀ တပ်ဆင်ထားသည်။ စစ်သည်ဝင် ၅၀၀ ဆံ့သည်။ အမြင့် ၁၀၀၀၀ မီတာအထိတက်နိုင်သည်။ ကိုယ်ထည်ကာကွယ်ရေးနှင့် လေထုညီမျှမှုစနစ်များ ပါဝင်သည်။ အမြန်နှုန်း ၆၀ ကီလိုမီတာနှုန်းအထိရှိသည်။”
ယခင်က ရှောင်းယီသည် ဒေသခံများ၏ လူစီးမီးပုံးပျံများကို မြင်ခဲ့ရသည့်အခါက အနည်းငယ် အားကျမိခဲ့ပြီး သူသည် မည်သည့်အချိန်တွင် လူစီးမီးပုံးပျံအနည်းငယ်ရရှိပြီး ပျံသန်းနိုင်မည်ကို စိတ်ကူးယဉ်မိခဲ့သည်။
သူသည် စနစ်က ဤမျှစဉ်းစားတွေးခေါ်နိုင်စိမ်းရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သူကို တိုက်ရိုက်ပင် လေကြောင်းခံတပ်တစ်ခုအား ဆုလာဘ်အဖြစ် ပေးသနားခဲ့သည်။
ဒေသခံများ၏ မီးပုံးပျံများသည် အလွန်ခေတ်မီဟန်ရှိသော်လည်း ၎င်းတို့သည် တကယ်တမ်းတွင် သာမန်မျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေပူဖောင်းများတွင် အပေါ်သို့တွန်းကန်အား ရှိပြီး ရေပြင်ညီရွေ့လျားမှုအရှိန်သည် ရာသီဥတုအပေါ်၌ လုံးဝမူတည်နေသောကြောင့်ဖြစ်သည်။
လေပြင်းပြင်းတိုက်လျှင် ၎င်းသည် မြန်မြန်ပြေးမည်ဖြစ်ပြီး လေတိုက်အားနည်းလျှင် လုံးဝမရွေ့လျားနိုင်တော့ပေ။
စနစ်မှ ရှောင်းယီအား ပေးခဲ့သော ဆုလာဘ်သည် အခမဲ့ရွေ့လျားနိုင်ပြီး အရှိန်သည်လည်း မနိမ့်လှပေ။ အနည်းဆုံး သာမန်သင်္ဘောများထက် များစွာလျင်မြန်သည်။
“အကယ်၍ ဒေသခံတွေ မီးပုံးပျံတွေကို သုံးပြီး ငါတို့ကို ထပ်ပြီတိုက်ခိုက်ရဲရင် သူတို့တွေ ပြန်လမ်းမရှိစေရဘူး။”
ရှောင်းယီ ထိုသို့တွေးလိုက်ပြီး ဤဆုလာဘ်ကို စနစ်အာကာသတွင် ထည့်သွင်းလိုက်သည်။
လက်ရှိ အမြောက်နှင့် အမြောက်ဆန်များ၏ စာရင်းကို ကြည့်ကာ အနှစ်ချုပ်သဘော တွက်ချက်ပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုထဲသို့ စာတင်လိုက်လေသည်။
“သံမဏိရဲ့ အကန့်အသတ်ကြောင့် အိုင်ဒီတစ်ခုကို အမြောက် ၂ ခုနဲ့ အမြောက်ဆန် ၁၀ ခုအထိပဲ ဝယ်ယူနိုင်ပါမယ်။”
“အာ ရောင်းတောင်မရောင်းရသေးဘူး ဝယ်ယူမှုကန့်သတ်ချက်ကို စတင်လိုက်ပြီလား။”
“ဟုတ်တယ် သံမဏိမရှိဘူးဆိုရင် ကျုပ် အနည်းငယ်ထောက်ပံ့ပေးနိုင်တယ်။ ကျုပ်မှာ အရင်ရခဲ့တဲ့ သံလက်ကျန်အနည်းငယ်ရှိသေးတယ်။”
“ဟုတ်တယ်။ ကျုပ်တို့မှာလည်း နည်းနည်းရှိတယ်။ လူတိုင်းပဲ ထုတ်ကြည့်ရအောင်။ သူဌေးကို အမြောက်နည်းနည်းလောက် ထပ်လုပ်ခွင့်ပေးနိုင်တဲ့အထိ စုဆောင်းနိုင်မလားလို့။”
“အမြောက်နှစ်ခုတည်းဆိုရင် မလုံလောက်ဘူး။”
“ဟုတ်တယ် ငါ ထပ်ဝယ်ချင်သေးတယ်။ ဒါမှ ရည်ရွယ်ထားတဲ့အတိုင်း အကျိုးသက်ရောက်မှုရှိလိမ့်မယ်။”
ရှောင်းယီသည် သူတို့ဆွေးနွေးနေသည့်နည်းလမ်းကို အကောင်အထည်ဖော်ရန် စတင်လိုက်ပြီးဖြစ်သည်။
ကျွန်း၏အဆင့်မြင့်အစားအစာများနှင့် အခြားစိုက်ပျိုးမွေးမြူရေးထွက်ကုန်အချို့သည် အဓိကအားဖြင့် လူတိုင်းလက်ထဲရှိ သတ္တုအမျိုးမျိုးနှင့် လဲလှယ်ရန်ဖြစ်သည်။
အမြောက်တစ်ခုအတွက် လိုအပ်သော သတ္တုသည် တကယ်ကို များပြားလွန်းပေသည်။ မဟာမိတ်အဖွဲ့တစ်ခုလုံးရှိ သတ္တုအားလုံးသည် အမြောက် ၁၀ ခုခန့် သွန်းလောင်းနိုင်သည်။
သို့သော် မဟာမိတ်အဖွဲ့တစ်ခုတွင် အနည်းဆုံးကျွန်း ၉ ခုရှိပြီး ကျွန်းတစ်ခုစီအတွက် အမြောက် ၁ ခုသာ ပျမ်းမျှရရှိပြီး အပိုတစ်ခုကို အရှင်အဖြစ် အသုံးပြုနိုင်သည်။
ထို့အပြင် မဟာမိတ်အဖွဲ့သည် သတ္တုအနည်းငယ် လက်ကျန်ရှိနေရန် လိုအပ်သည်။ မဟုတ်ပါက အခြားထုတ်လုပ်မှုပုံစံများ ရရှိပြီး သတ္တုများလိုအပ်လာပါက ကြည့်ရှုနေရုံသာ တတ်နိုင်ပေလိမ့်မည်။
ဤနည်းဖြင့် ရရှိလာသော သတ္တုသည် အလွန်အကန့်အသတ်ရှိပြီး ရှောင်းယီသည် သူ့ကျွန်းပေါ်ရှိ လက်ကျန်ပစ္စည်းများကိုလည်း သုံးစွဲရမည်ဖြစ်သည်။
ကံကောင်းစွာဖြင့် မကြာသေးမီက ထိုဒေသခံကျွန်းများမှ သတ္တုရိုင်းအမြောက်အမြားတူးဖော်ရရှိခဲ့သည်။ မဟုတ်ပါက အိုင်ဒီတစ်ခုစီအတွက် အမြောက် ၂ ခုအတွက်ပင် လုံလောက်နိုင်မည်မဟုတ်ပေ။
ဂျေဘီသည် သူ၏အဆက်အသွယ်များမှတစ်ဆင့် ရှောင်းယီသည် ယီထျန်းဂရုထဲတွင် ထိုအဆင့်မြင့်အမြောက်နှင့် အမြောက်ဆန်များ ရောင်းချရန် ပြင်ဆင်နေကြောင်း သိရှိသွားပြီးနောက် သူသည် ရှောင်းယီထံသို့ ချက်ချင်းပင် စာတစ်စောင် ပေးပို့လိုက်လေသည်။
“ယီ ကျုပ်လည်း အဲ့ဒီအမြောက်တွေကို ခင်ဗျားဆီကနေ တစ်သုတ်လောက် ဝယ်ချင်တယ်။”
ဂျေဘီက ပြောလိုက်သည်။
“တကယ်ကို စိတ်မကောင်းပါဘူး။ ကျုပ်တို့လက်ထဲမှာရှိနေတဲ့ သတ္တုက တကယ်ကိုမလုံလောက်ဘူး။ အဲ့ဒါကြောင့် ပြည်ပကလူတွေကို မရောင်းသေးဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ခဏလေးနေပါဦး။”
ဂျေဘီက အလျင်မမြန် ပြောလိုက်သည်။
“ကျုပ်တို့ဘက်က ကုန်ကြမ်းပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ပါတယ်။ ခင်ဗျားဘက် ကျုပ်တို့အတွက် ထုတ်လုပ်ပေးရုံပါပဲ။ ကုန်ကျစရိတ်က ခင်ဗျားတို့ဂရုထဲက ကုန်ကျစရိတ်အတိုင်းပဲ။ ဒါဆို ဖြစ်နိုင်မလား။”
ဤကဲ့သို့သော အရင်းမရှိသည့် စီးပွားရေးကို ငြင်းဆန်လျှင်မူ မိုက်မဲရာကျပေလိမ့်သည်။
“ပြဿနာမရှိဘူး။”
ရှောင်းယီက ပြန်ပြောလိုက်သည်။ အထူးသဖြင့် ယနေ့သည် နှစ်ဆရိတ်သိမ်းရမည့်နေ့ဖြစ်ပြီး တစ်ဖက်လူမှ ထောက်ပံ့ပေးလိုက်သော ကုန်ကြမ်းပစ္စည်းများသည် သူ၏လက်ထဲတွင် နှစ်ဆဖြစ်သွားမည်ဖြစ်သည်။
ဂျေဘီသည် ချက်ချင်းပင် သူ၏အသင်းအဖွဲ့တစ်ခုလုံးအား သတ္တုအမျိုးမျိုး စုဆောင်းရန် လှုံ့ဆော်လိုက်လေသည်။
ဤအချိန်တွင် အသင်းအဖွဲ့ကြီးတစ်ခု၏ အခြေခံအုတ်မြစ်မှာ ထင်ရှားပေါ်လွင်လာခဲ့သည်။ နှစ်နာရီအတွင်းမှာပင် ဂျေဘီသည် ကုန်ကြမ်းပစ္စည်း ယူနစ် ၁၀၀၀၀၀ ကို စုဆောင်းနိုင်ခဲ့သည်။
သူသည် အမြောက် ၁၀၀၀၀၀ ထုတ်လုပ်နိုင်သည့် ဤကုန်ကြမ်းပစ္စည်းများကို ရှောင်းယီထံ တိုက်ရိုက်ပို့ပေးလိုက်သည်။
ရှောင်းယီ လက်ထဲရောက်ရှိလာပြီးနောက် ၎င်းသည် အမြောက် ၂၀၀၀၀၀ အတွက် ကုန်ကြမ်းပစ္စည်းများ ဖြစ်သွားခဲ့သည်။
ရှောင်းယီသည် ချက်ချင်းပင် ထိုကုန်ကြမ်းပစ္စည်းများအားလုံးကို အမြောက်များအဖြစ် ပြောင်းလဲထုတ်လုပ်ကာ အမြောက် ၁၀၀၀၀၀ ကို ဂျေဘီထံသို့ ပို့ပေးလိုက်သည်။
“【အမြောက်】 (S အဆင့်) ၁၀၀၀၀၀ လဲလှယ်မည် [အုတ်မြစ်ကျောက်] ၅၀ သန်း။”
ဂျေဘီ လက်ထဲတွင် ဤမျှများပြားသော အုတ်မြစ်ကျောက်များ မရှိသော်လည်း ရှောင်းယီသည် ၎င်းကို အသုတ်လိုက် ကုန်သွယ်နိုင်အောင် စီစဉ်ပေးခဲ့သည်။ ဂျေဘီသည် အရင်ဆုံး အပိုင်းတစ်ပိုင်းကို လဲလှယ်နိုင်ပြီး လဲလှယ်ပြီးသည့်အပိုင်းကို ရောင်းချကာ အုတ်မြစ်ကျောက်များနှင့် ဆက်လက်ကုန်သွယ်နိုင်မည်ဖြစ်သည်သည်။
ဤအသေးစိတ်လုပ်ဆောင်ချက်သည် ဂျေဘီ၏ စီးပွားရေးပင်ဖြစ်သည်။ ရှောင်းယီသည် အမြောက်များကို ဂရုထဲတွင် စတင်စာရင်းသွင်းပြီးဖြစ်သည်။
“【အမြောက်】 (S အဆင့်) ၁ လဲလှယ်မည် 【အုတ်မြစ်ကျောက်】 ၅၀၀၊ မှတ်ချက်- တူညီသော အိုင်ဒီသည် နှစ်ကြိမ်သာ ဝယ်ယူနိုင်သည်။”
“【သေစေနိုင်သောပေါက်ကွဲနိုင်သည့်အမြောက်ဆန်】 (S အဆင့်) ၁ လဲလှယ်မည် 【အုတ်မြစ်ကျောက်】 ၁၀၊ မှတ်ချက်- တူညီသော အိုင်ဒီသည် ဆယ်ကြိမ်သာ ဝယ်ယူနိုင်သည်။”
ထိုပစ္စည်းနှစ်မျိုးကို ဂရုထဲတွင် စာရင်းသွင်းပြီးနောက် ၎င်းတို့သည် ချက်ချင်းပင် ရူးသွပ်စွာ စတင်ဝယ်ယူတော့လေသည်။
အမြောက် ၂ ခုနှင့် အမြောက်ဆန် ၁၀ ခု၊ စုစုပေါင်း အုတ်မြစ်ကျောက် ၁၁၀၀ သည် တိုက်သစ်ကြီးကို စူးစမ်းရှာဖွေခဲ့ကြသည့် ဤအသက်ရှင်ကျန်ရစ်သူများအတွက် အလွန်ကြီးမားသော ကိန်းဂဏန်းတစ်ခုမဟုတ်ပေ။
တစ်ခဏအတွင်း အိုင်ဒီများ၏ ၈၀% နီးပါးသည် အများဆုံးပမာဏကို ဝယ်ယူရန် ရွေးချယ်ခဲ့ကြသည်။
အမြောက်တစ်ခုနှင့် အမြောက်ဆန် ၂ခု၊ ၃ ခုကို ဝယ်ယူရန် ရွေးချယ်သည့် အိုင်ဒီအချို့လည်း ရှိပြီး ၎င်းတို့အတွက် အုတ်မြစ်ကျောက်မလုံလောက်ဟု ထင်ရသည်။
“လဲလှယ်မှု အောင်မြင်ပါသည်။ ရရှိသောအရင်းအမြစ်များ- အုတ်မြစ်ကျောက် ၆၈ သန်း။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောအရင်းအမြစ်များ- အုတ်မြစ်ကျောက် ၁၃၆ သန်း။”
သူ၏ရိတ်သိမ်းမှုကို ကြည့်ရှုရင်း ရှောင်းယီ တွေးလိုက်မိသည်။
“အကြီးစားနိုင်ငံတွေက စစ်ရေး/လက်နက်စီးပွားရေးလုပ်ချင်ကြတာ အံ့သြစရာမဟုတ်တော့ဘူး။ ဒါက ပိုက်ဆံအရအမြန်ဆုံးနည်းလမ်းပဲ။”
ဤအချိန်တွင် လော့စ်၏ ဘားထဲရှိ စမ်းသပ်မှုသည်လည်း အဆုံးသတ်ခဲ့ပြီဖြစ်ပြီး ဤအပြင်လူ၏ ကျွန်းပေါ်ရှိ ဝိုင်များသည် အလွန်အရသာရှိသည်ဟု သူခံစားမိခဲ့သည်။
ထိုအသီးဝိုင်များပင် လူပုဘုရင့်နိုင်ငံတွင် ဈေးကွက်ရှိသင့်ပြီး လူပုဘုရင့်နိုင်ငံ၏ အမျိုးသမီးများ သောက်သုံးရန်အတွက် သင့်လျော်ပေသည်။
ကေဒါသည် ယစ်မုူနေသည့် လော့စ်ကို ကြည့်ရင်း ပြုံးရယ်ကာ ပြောလိုက်သည်။
“ဒီနောက်ဆုံးတစ်ခုကို စမ်းကြည့်လိုက်ဦး၊ ငါကတော့ ဒါက ယောက်ျားတွေ သောက်ဖို့ အထူးထုတ်လုပ်ထားတာလို့တောင် ခံစားရတယ်။ ဒီရာသီနဲ့ အရမ်းသင့်လျော်တယ်လို့ ငါထင်တယ်။”
လော့စ်သည် နောက်ဆုံးဝိုင်ကို မြန်မြန်ဆန်ဆန် ကောက်ယူလိုက်ပြီး ဝိုင်၏ပြင်းထန်သောအနံ့သာ သူ၏နှာခေါင်းထဲသို့ တိုးဝင်လာခြင်း မရှိပါက လော့စ်သည် ၎င်းကို ရေသန့်တစ်ခွက်ရှိသည်ဟုသာ ထင်မိမည်ဖြစ်သည်။
သူသည် ပိုင်ကျိုကို သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေသည်။
အား
အဟွတ် အဟွတ်
ဤပိုင်ကျိုသည် ဤမျှပြင်းထန်လိမ့်မည်ဟု သူမမျှော်လင့်ထားမိခဲ့ပေ။ သူသည် မမျှော်လင့်ဘဲ သီးသွားခဲ့သည်။
ဤသည်မှာ ယနေ့သူ ဒုတိယအကြိမ် သီးသွားရခြင်းဖြစ်သည်။
သို့သော် ပထမအကြိမ်တွင် သူသည် ချူဖုန်းမြို့၏ရေများကြောင့် သီးခဲ့ရခြင်းဖြစ်ပြီး ၎င်းကို အေးမြသည်ဟု ခံစားရသော်လည်း ယခုတွင် သူသည် မီးလုံးတစ်လုံးသည် သူ၏ပါးစပ်၊ အစာပြွန်နှင့် ဝမ်းဗိုက်တွင်ပင် လောင်ကျွမ်းနေသည်ဟု ခံစားရနေပြီး ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာခဲ့သည်။
“တကယ့်ကို ဝိုင်ကောင်းပဲ။”
လော့စ်က စိတ်လှုပ်ရှားစွာဖြင့် ထုတ်ဖော်ပြောဆိုလိုက်သည်။ သူသည် အရက်သီးခြင်းကြောင့် စီးကျလာသော မျက်ရည်များကို မသုတ်ဘဲ ပြောလိုက်သည်။
“ဒီဟာသာရှိရင် ဆောင်းရာသီမှာ အပူချိန်ကို ထိန်းထားနိုင်လိမ့်မယ်။”
“ဟုတ်တယ်။ ဆောင်းတွင်းက ရောက်လာတော့မယ်။ ဒီပိုင်ကျိုက တကယ်ကောင်းတဲ့အရာပဲ။ ရှောင်းယီရဲ့စကားအရ ဒီဟာက ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်တယ်။ ဆိုလိုတာက ဒဏ်ရာရတဲ့အခါ ဒါနဲ့ ဆေးကြောလိုက်ရင် ပုပ်သိုးပြီး အနံ့ဆိုးထွက်လာတော့မှာ မဟုတ်ဘူး။”
ကေဒါက သူ၏စောစောရောက်ရှိမှုကို အားကိုးကာ ဆရာကြီးပုံစံဖမ်းနေခဲ့သည်။
“တကယ်လား။ ဒါဆို ဒါက တကယ်ကို ကောင်းတဲ့အရာပဲ။”
လော့စ်က ဝိုင်ခွက်ကို နောက်တစ်ဖန် ကောက်ယူကာ အနည်းငယ်သောက်ကြည့်လိုက်ပြီး ပိုမိုနွေးထွေးလာသည်ကို ခံစားလိုက်ရသည်။
“ငါတို့မိတ်ဆွေ ရှောင်းယီက ဘယ်မှာလဲ။ သူနဲ့ ကြီးမားတဲ့စီးပွားရေးတစ်ခု ဆွေးနွေးစရာရှိတယ်။”
လော့စ်က ချက်ချင်းပြောလိုက်သည်။
အခန်း ၆၇၀ - ငါက တကယ်ကို စီးပွားရေးလုပ်တတ်တဲ့သူမဟုတ်ဘူး။
“ဒါက ငါ့မိတ်ဆွေပဲ။ ငါတို့မဟုတ်ဘူး။”
ကေဒါက မကျေနပ်စွာဖြင့် ပြောလိုက်သည်။
“ငါတို့တွေအားလုံး မကြာခင် မိတ်ဆွေတွေဖြစ်လာမှာပဲ မဟုတ်ဘူးလား။”
လော့စ်က ပြုံးရယ်ကာ ပြောလိုက်သည်။
ကေဒါက ကျစ်ခနဲ စုပ်သပ်မိလိုက်၏။ ထို့နောက် ထရပ်ကာ ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။ ဒူခန်းသည် သူလာနေသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ပြောလိုက်သည်။
“ကျေးဇူးပြု၍ ထိုင်ပါဦး။ ကျုပ် ကျွန်းပိုင်ရှင်ကို ချက်ချင်းအကြောင်းကြားပေးပါ့မယ်။”
ကေဒါသည် သူ၏စကားများကို မနားလည်သော်လည်း ဒူခနခးသည် Xiao Yi အား အသိပေးနိုင်သည့် သေးငယ်သည့်ကိရိယာလေးအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသဖြင့် နောက်သို့ ပြန်လျှောက်သွားခဲ့သည်။
“ကျွန်းပိုင်ရှင် ဒီလူပုနှစ်ယောက်က စမ်းသပ်ပြီးသွားပြီထင်တယ်။ သူတို့ရဲ့မျက်နှာအမူအရာအရဆိုရင်တော့ အရမ်းကျေနပ်နေသလိုပဲ။ အခု ခင်ဗျားကို တွေ့ချင်နေတဲ့ပုံပဲ။”
ဒူခန်းက ဖုန်းခေါ်ဆိုမှုကို ချိတ်ဆက်ပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီ ငါ ချက်ချင်းလာခဲ့မယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
သူ စာရင်းသွင်းထားသည်မှာ ကြာပြီဖြစ်ပြီး ရောင်းအားစိုးရိမ်စရာရှိနေသော အဆင့်မြင့်အစားအစာများကို ကြည့်ရှုပြီးနောက် ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းကာ ထရပ်လိုက်ပြီး ဗီလာထဲမှ ထွက်ခွာကာ အပန်းဖြေစခန်းသို့ လှည်းတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။
လက်ရှိတွင် သံမဏိကို အဓိကအားဖြင့် စစ်ရေးကိရိယာများ၊ ဥပမာ- သံချပ်ကာစစ်သင်္ဘောများ၊ အမြောက်များနှင့် အမြောက်ဆန်များအတွက် ထောက်ပံ့ပေးနေရသဖြင့် ကျွန်း၏ရထားလမ်းသယ်ယူပို့ဆောင်ရေး တည်ဆောက်မှုသည် ရပ်တန့်ရလုနီးပါးဖြစ်နေခဲ့သည်။
ကျွန်း၏ သယ်ယူပို့ဆောင်ရေးအများစုသည် လှည်းများပေါ်တွင်သာ မှီခိုနေရဆဲပင်။
ဘားသို့ ရောက်ရှိလာပြီးနောက် ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“စောင့်ခိုင်းထားရတာ စိတ်မကောင်းပါဘူး။”
“ဘယ်ကသာ ဘယ်ကသာ ဒီလိုပစ္စည်းကောင်းအတွက်၊ ဘယ်လောက်ကြာကြာ စောင့်ရ၊စောင့်ရ အရေးမကြီးဘူး။”
လော့စ်က ပြုံးရယ်ကာ ပြောလိုက်သည်။
“ကျုပ်တို့ရဲ့အရက်သေစာတွေက ခင်ဗျားတို့ရဲ့မျက်လုံးကို ဖမ်းစားနိုင်လိုက်ပြီထင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့ကျွန်းပေါ်က သောက်စရာတွေက တကယ်ပဲ အရမ်းအရသာရှိတယ်။”
လော့စ်က ပြောလိုက်သည်။
“ငါမေးချင်တာက ဒီသောက်စရာတွေရဲ့ ထုတ်လုပ်နိုင်စွမ်းက ဘယ်လောက်ရှိလဲ။”
ဤအရက်သေစာများသည် အရသာရှိသော်လည်း တစ်နေ့လျှင် တစ်ပုလင်းသာ ထုတ်လုပ်နိုင်ပါက အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပေ။
“လက်ရှိမှာ ကျုပ်တို့ကျွန်းက စွမ်းအရည်အပြည့်နဲ့ထုတ်လုပ်နိုင်မယ်ဆိုရင် တစ်လကို ဘီယာ တန်ချိန် ၂၀၀၀၀၀၊ အရက် တန်ချိန် ၁၀၀၀၀၀ နဲ့ အခြားသောက်စရာ တန်ချိန် ၁၀၀၀၀၀ ကိုထုတ်လုပ်နိုင်တယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒီအမာဏက သိပ်မများပေမယ့် ကျုပ်တို့အသုံးပြုဖို့တော့ လုံလောက်တယ်။ ပြီးတော့ ထုတ်လုပ်မှုကိုလည်း ထပ်ပြီးတိုးချဲ့နိုင်သေးတယ်။”
ကျွန်းတွင် အရှိန်မြှင့်တင်သည့်အကျိုးသက်ရောက်မှုရှိသောကြောင့် ဤထုတ်လုပ်မှုကို ယခင်ကမ္ဘာ၏ နှစ်စဉ်ထွက်ရှိမှုသို့ ပြောင်းလဲလိုက်ပါက တန်ချိန် ၅၀၀၀၀ သာရှိသဖြင့် ထုတ်လုပ်မှုသည် အမှန်တကယ်ပင် မကြီးမားလှပေ။
သို့သော် လော့စ်အတွက် ဤထုတ်လုပ်မှုနှုန်းသည် ကြီးမားနေပြီဖြစ်ကာ အရေးအကြီးဆုံးမှာ ဤသောက်စရာများ၏ အရည်အသွေးသည် အလွန်ကောင်းမွန်နေခြင်းဖြစ်သည်။
“ချစ်ရသောမိတ်ဆွေ မင်းက တကယ်ကြီး ငါ့ကို အံ့အားသင့်စေခဲ့တာပဲ။”
လော့စ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ငါ ဘေးလ်ဆိုတဲ့ အရက်သမား ချက်ထားတဲ့ အဆင့်နိမ့်တဲ့ဟာတွေကို နောက်ထပ်မသောက်တော့ဘူး။ ဟုတ်သားရဲ ဒီသောက်စရာတွေရဲ့ စျေးနှုန်းက ဘယ်လောက်လဲလို့ ငါတွေးမိတယ်။”
ရှောင်းယီသည် အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။
“အုတ်မြစ်ကျောက်နဲ့ တွက်ကြည့်မယ်ဆိုရင် ဘီယာစျေးနှုန်းက C အဆင့် ၂၀၀ မီလီလီတာကို အုတ်မြစ်ကျောက် ၁ ခု၊ အဆင့်တစ်ဆင့်တိုးတိုင်း လဲလှယ်မှုပမာဏကို တစ်ဝက်လျှော့ပြီး အရက်စျေးနှုန်းက နှစ်ဆတိုးလာတယလိမ့်မယ်။”
ဤစျေးနှုန်းသည် ရှောင်းယီ ဂရုထဲတွင် ရောင်းချသည့်စျေးနှုန်းထက် ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသည်။
လူပုဘုရင့်နိုင်ငံမှ အုတ်မြစ်ကျောက်များ ပိုမိုရရှိနိုင်ရန်အတွက် ရှောင်းယီသည် ၎င်းတို့ကို ဈေးနှိမ်ရန် မကြိုးစားခဲ့ပေ။
သို့သော် ထိုစျေးနှုန်းကို ကြားလိုက်ရပြီးနောက် ကေဒါနှင့် လော့စ်တို့ ကြက်သေသေသွားခဲ့ကြသည်။
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိသည်။
“ဘာလဲ။ စျေးကြီးလွန်းတယ်လို့ ထင်နေကြတာလား။ ဒါပေမယ့် ဒါက ဈေးလျှော့ပေးထားတာပဲ။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ချစ်ရပါသောမိတ်ဆွေ အထင်မလွဲပါနဲ့။ မင်းဖော်ပြတဲ့ စျေးနှုန်းက အရမ်းကြီးလို့မဟုတ်ပါဘူး ဈေးပေါလွန်းနေလို့ပါ။”
လော့စ်က အလျင်အမြန် ပြောလိုက်သည်။
ကေဒါကလည်း ခေါင်းညိတ်လိုက်သည်။
“အရင် ဆီးနှင်းသစ်ရွက်မြို့ရဲ့မှော်ဆရာ ဒီမှာ B အဆင့်ဘီယာအရည်အသွေးလောက်ပဲရှိတဲ့ ပုလင်းတစ်လုံးကို ယူလာပြီး အုတ်မြစ်ကျောက် ၁၀၀၀၀ တောင်းခဲ့တယ်။ ဒီကောင် လော့စ်က အဲဒီစျေးနှုန်းကို တကယ်ကို လက်ခံခဲ့တယ်လေ။ ကံကောင်းတာက တစ်ဖက်လူက သူ တကယ်ပဲ ဒီဘီယာကို လိုချင်နေတယ်ဆိုတာ သိသွားပြီး စျေးနှုန်းမြှင့်တင်ချင်သေးတဲ့အတွက် ချက်ချင်းမရောင်းခဲ့ဘူး။ မဟုတ်ရင် သူက B အဆင့် ဘီယာ သုံးပုလင်းအတွက်နဲ့ အုတ်မြစ်ကျောက် ၃၀၀၀၀ ပေးခဲ့ရလောက်ပြီ။”
“ဟုတ်တယ်။ မဟုတ်ရင် ငါ အများကြီးဆုံးရှုံးရလိမ့်မယ်။ ငါ့မိတ်ဆွေကို တကယ်ကျေးဇူးတင်ရမယ်။”
လော့စ်က မတတ်သာဘဲ သက်ပြင်းချလိုက်မိသည်။
ဘေးတွင် ရှိနေသော ရှောင်းယီသည်မူ လုံးဝမှင်တက်နေခဲ့သည်။ ဤအချိန်တွင် သူသည် သူ့ကိုယ်သူ အချက်ပေါင်းတစ်ထောင်လောက် ရိုက်ပစ်ချင်နေခဲ့သည်။
B အဆင့်ဘီယာ ၅၀၀ မီလီလီလာ ပုလင်းတစ်လုံးကို တကယ်ပဲ အုတ်မြစ်ကျောက် ၁၀၀၀၀ နဲ့ ရောင်းနိုင်တယ်လား။ သူက အုတ်မြစ်ကျောက် ၅ ခုတည်းမဲ့ ရောင်းခဲ့တာလေ။
ကောင်းပြီ နောက်ထပ်ဘယ်သူမဆို ငါက အမြတ်ကြီးစားတဲ့သူလို့ပြောလာခဲ့ရင် ငါ သူ့ကို ဖျက်ဆီးပစ်မယ်။
ငါ အများကြီး ဆုံးရှုံးသွားပြီ။ အများကြီး ဆုံးရှုံးသွားပြီ။
ရှောင်းယီသည် နောင်တရနေခဲ့သော်လည်း သူသည် သူ၏စကားကို ပြန်လည်ပြင်တးဆင်မည်မဟုတ်ချေ။
စျေးနှုန်းကို ဖော်ပြပြီးသားဖြစ်သောကြောင့် လွယ်လွယ်ကူကူ ပြောင်းလဲ၍မရပေ။ မဟုတ်ပါက သူသည် လူအများအား ကတိမတည်သည့်ပုံရိပ်မျိုးသာ ပေးလိုက်ရမည်ဖြစ်ပြီး အနာဂတ်တွင် စီးပွားရေးလုပ်ရန် ခက်ခဲလာမည်ဖြစ်သည်။
ငါ အခြားအရင်းအမြစ်တွေကနေ အုတ်မြစ်ကျောက်တွေ ပိုပြီးရှာဖွေနိုင်ပါသေးတယ်။
ရှောင်းယီသည် တည်ကိုယ်တည်း တွေးလိုက်မိပြီး သူ၏စိတ်များသည်မူ အလျင်အမြန် လည်ပတ်နေခဲ့သည်။
ရပြီ
“ဒါဆိုရင်တော့ ခင်ဗျားတို့ အလိမ်ခံလိုက်ရမှာသေချာတယ်။ ဆီးနှင်းသစ်ရွက်မြို့ရဲ့ဘီယာက ကျုပ်တို့ဆီကနေ ရလာတာ ဖြစ်နိုင်တယ်။”
ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။
“အမ်”
ကေဒါနှင့် လော့စ်တို့သည ရှောင်းယီအား ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
“ဆီးနှင်းသစ်ရွက်မြို့က ဒီမျိုးဘီယာကို အရင်က ခင်ဗျားတို့နဲ့ ကုန်မသွယ်ခဲ့ဖူးဘူး မဟုတ်ဘူးမလား။”
ရှောင်းယီက မေးလိုက်သည်။
လော့စ်က ခေါင်းခါပြလိုက်သည်။
“ဒါပေါ့ ဘာလို့လဲဆိုတော့ သူတို့က ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေကို သိမ်းပိုက်ထားပြီး သူတို့ကျွန်းပေါ်မှာ အဲ့ဒါကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်။”
ရှောင်းယီက ခန့်မှန်းလိုက်သည်။
“ခင်ဗျားတို့ သူတို့ကို ထုတ်လုပ်မှုအကြောင်း မေးခဲ့ဖူးတယ်မဟုတ်လား။”
“ငါမေးခဲ့တယ်။ သူတို့က သူတို့ရဲ့ထုတ်လုပ်မှုက အရမ်းနိမ့်လွန်းပြီး တစ်နေ့ကို နှစ်ပုလင်း၊သုံးပုလင်းတည်း လုပ်နိုင်တယ်လို့ ပြောခဲ့တယ်။”
လော့စ်က ပြန်ပြောလိုက်သည်။
“ဒါဆို အခြေခံအားဖြင့် အတည်ပြုနိုင်သွားပြီ။ တစ်ဖက်လူက ခင်ဗျားတို့ကို လှည့်စားနေတာပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီဘာယာချက်လုပ်နည်းကို ကျွမ်းကျင်သွားတာနဲ့ ထုတ်လုပ်မှုအရွယ်အစားကို အဆုံးမရှိချဲ့ထွင်နိုင်တယ်။ နှစ်သုံးပုလင်းတည်း ဘယ်လိုရှိနိုင်မှာလဲ။”
“သေစမ်း ဆီးနှစ်သစ်ရွက်မြို့ရဲ့ မှော်ဆရာတွေက တကယ်ကို ကောင်းတဲ့လူတွေမဟုတ်ဘူး။ နောက်ပိုင်းကျရင် သူတို့နဲ့ ကုန်သွယ်မှုအားလုံးကို ၁၀% တိုးပစ်မယ်။”
လော့စ်က မုန်းတီးစွာဖြင့် ပြောလိုက်သည်။
ရှောင်းယီက ဆက်ပြောလိုက်သည်။
“တကယ်တော့ ခုနက ကျုပ်ဖော်ပြခဲ့တဲ့ စျေးနှုန်းကို နောက်ထပ်လျှော့ချလို့ရပါသေးတယ်။”
“နောက်ထပ် ဈေးလျှော့လို့ရသေးတာလား။”
လော့စ်က ပိုမိုစိတ်လှုပ်ရှားသွားပြီး သူ၏ကိုယ်ကို ရှေ့သို့ကိုင်းကာ မေးလိုက်သည်။
“နောက်ထပ် ဘယ်လိုလျှော့ဈေးတွေ ရှိသေးလဲ။”
“ကျုပ်တို့ကျွန်းမှာ ကိုယ်ပိုင်ငွေကြေးစနစ်ရှိတယ်။ ခင်ဗျားတို့ ကတ်တစ်ခုလုပ်ပြီး ကြိုတင်ငွေသွင်းထားနိုင်ရင် ငွေပိုသွင်းလေ လျှော့ဈေးကို ပိုပြီးခံစားရလေပဲ။ ၁၅% အထိရတယ်။”
ရှောင်းယီက ဆွဲဆောင်လိုက်သည်။
ယခင်ကမ္ဘာတွင် ပြီးသွားပြီဖြစ်သော ဤစျေးကွက်ရှာဖွေရေးနည်းလမ်းသည် ဤနေရာတွင်မူ ဆန်းသစ်မှုတစ်ခုဖြစ်သည်။
ဤလျှော့ဈေးကို ကြားရသည်နှင့် လော့စ်သည် မည်သည့်တုံ့နှေးမှုမျှမရှိဘဲ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။
“ယူမယ် ငါတို့ ယူမယ်။”
တစ်ဖက်လူက သူချထားသောငါးစာကို ကိုက်မိသွားသည်အား မြင်လိုက်ရသည်နှင့် ရှောင်းယီသည် ချက်ချင်းပင် ၎င်းတို့ကို ဇီဝချစ်ပ်ထုတ်လုပ်ရေးစက်ဆီသို့ ခေါ်ဆောင်သွားကာ မိတ်ဆက်ပေးလိုက်သည်။
လော့စ်သည် ချက်ချင်းပင် လူပုဘုရင့်နိုင်ငံ၏ အမည်ဖြင့် ကတ်တစ်ခုအတွက် လျှောက်ထားလိုက်သည်။
“ဒီကတ်ထဲက ငွေကြေးတွေက အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူးမလား။”
လော့စ်က မေးလိုက်သည်။
“အဲ့လိုမဖြစ်ပါဘူး။ ကျုပ်တို့က ခင်ဗျားကို လစဉ်ဘလ်ပေးမှာပါ။ တကယ်လို့ ပြဿနာရှိတယ်လို့ထင်ရင် သုံးစွဲမှုမှတ်တမ်းတွေကို အချိန်မီ စစ်ဆေးလို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
လော့စ်က ခေါင်းညိတ်ပြီး မေးလိုက်သည်။
“အမြင့်ဆုံးလျှော့ဈေးကို ခံစားနိုင်ဖို့ အုတ်မြစ်ကျောက် ဘယ်လောက်သွင်းရမလဲ။”
ရှောင်းယီသည် သူ၏စိတ်ကို ခိုင်ခိုင်ထားပြီး ပြန်ဖြေလိုက်သည်။
“အနည်းဆုံး အုတ်မြစ်ကျောက် တစ်ဘီလီယံသွင်းရမယ်။ ပြီးရင် အမြင့်ဆုံးလျှော့ဈေးကို ခံစားလို့ရပြီ။”
ထို့သို့ပြောပြီးနောက် ရှောင်းယီသည် လော့စ်၏ တုံ့ပြန်မှုကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။
“ဒါက သိပ်မများပါဘူး။”
လော့စ်သည် သူ၏ခေါင်းကို အနည်းငယ်ညိတ်ကာ ပြောလိုက်သည်ကို သူကြားလိုက်ရသည်။
“ဖူး”
ရှောင်းယီသည် သွေးဟောင်းများ အန်ထုတ်ပစ်ရလုနီးပါး ဖြစ်သွားပြီး အတွင်းဒဏ်ရာများပင် ရလုမတတ်ဖြစ်သွားခဲ့သည်။
ထိုစဉ် ဘေးတွင်ရှိနေသော ကေဒါက ပြောလိုက်သည်။
“မင်းမှာ အုတ်မြစ်ကျောက် ၂ ဘီလီယံ ခွင့်ပြုချက်ရှိတယ်မဟုတ်ဘူးလား။ အကုန်လုံးကို သွင်းလိုက်။ မင်းမြင်တဲ့အတိုင်းပဲ ရှောင်းယီမှာ အရာအားလုံးရှိတယ်။ မင်းဒီမှာ အခြားအရာတွေလည်း ဝယ်လို့ရတယ်။”
ကေဒါ၏ အကူအညီကို ကြားလိုက်ရသည်နှင့် ရှောင်းယီသည် ချက်ချင်းပင် ဆက်ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျုပ်တို့ကျွန်းမှာ အဆင့်မြင့်အစားအစာတွေလည်း အများကြီးရှိတယ်။ လိုအပ်ရင် ဈေးကွက်စျေးနှုန်းထက် ၁၅% လျှော့ဈေးနဲ့ ဝယ်လို့ရပါတယ်။ နေ့စဉ်သုံးပစ္စည်းတွေလည်းပါတယ်။”