← Chapters

အခန်း (၆၇၁-၆၇၂)

Vol. 51 Ch. 671-672

အခန်း (၆၇၁-၆၇၂)

Vol. 51 Ch. 671-672

အခန်း ၆၇၁ - ၂ ဘီလီယံအမှာစာ၊ တည်နေရာကူးပြောင်းခြင်းအစီအရင်ရွှေ့ပြောင်းခြင်း

“မင်းမှာ အုတ်မြစ်ကျောက် ၂ ဘီလီယံ ခွင့်ပြုချက်ရှိတယ်မဟုတ်ဘူးလား။ အကုန်လုံးကို သွင်းလိုက်။ မင်းမြင်တဲ့အတိုင်းပဲ ရှောင်းယီမှာ အရာအားလုံးရှိတယ်။ မင်းဒီမှာ အခြားအရာတွေလည်း ဝယ်လို့ရတယ်။”

လော့စ်က တုန့်ဆိုင်းသွားခဲ့သည်။

ရှောင်းယီသည် ချက်ချင်းပင် ရေကာကွယ်ပုလဲတစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။

“အနာဂတ်မှာ ခင်ဗျားတို့ အသွားအပြန်လုပ်တိုင်း ရေထဲက ဖြတ်လာရမှာဆိုတော့ ဒီရေကာကွယ်ပုလဲကို ခင်ဗျားကိုပေးလိုက်မယ်။ ဒါမှ နောက်ပိုင်းလာတဲ့အခါ ပိုပြီးလွယ်ကူသွားလိမ့်မယ်။”

လော့စ်၏ မျက်လုံးများ ချက်ချင်းပင် လင်းလက်သွားပြီး ၎င်းကိုယူကာ ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို ၂ ဘီလီယံဖိုး လုပ်ကြတာပေါ့။”

လူမှုဆက်ဆံရေးကို လက်ဆောင်နဲ့ ကိုင်တွယ်တာက အကောင်းဆုံးပဲ။

“ဒါပေမယ့် ငါတို့ဘက်က ချူဖုန်းမြို့ကို အရင်လာပြီးမှ ဒီကိုကူးပြောင်းလာရတာ အရမ်းအလုပ်ရှုပ်တယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရမှာဆိုတော့ ရေထဲကတစ်ဆင့် အမြဲတမ်းသွားနေလို့ မဖြစ်ဘူးမဟုတ်လား။”

လော့စ်က ပြောလိုက်သည်။

ရှောင်းယီက အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

“လောလောဆယ်တော့ ကျုပ်တို့ကျွန်းမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် မရှိသေးဘူး။ ဒီတော့ အခုချိန်ထိ ဒီတိုင်းပဲလုပ်နေရဦးမယ်။”

ကေဒါက ပြုံးလိုက်သည်။

“မင်းက ရှောင်းယီဆီကနေ အကြီးအကျယ် ဝယ်ယူဖို့ ဆုံးဖြတ်ထားပြီဆိုမှတော့ သူတို့ရဲ့တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဒီကို ရွေ့ပေးလိုက်ရင်ရော ဘယ်လိုလဲ။ ရေအောက်မှာ ထားတာက ထူးထူးခြားခြား အဓိပ္ပာယ်ရှိတာမျိုး မဟုတ်ဘူးလို့ ငါထင်တယ်။”

ကေဒါ၏ ကူညီအကြံပြုချက်ကို ထပ်မံကြားလိုက်ရသောအခါ ရှောင်းယီက ချက်ချင်းပြောလိုက်သည်။

“ကျုပ်တို့လည်း တည်နေရာကူးပြောင်းခြင်းစီအရင်ကို ရွေ့ပြောင်းချင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ရွေ့တတ်တဲ့သူ မရှိဘူး။ ခင်ဗျားတို့တိုင်းပြည်မှာ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ရွေ့ပြောင်းနိုင်တဲ့နည်းလမ်းရှိတာလား။”

“ဒါပေါ့ ငါတို့တိုင်းပြည်မှာ အကြီးစား တည်နေရာကူးပြောင်းခြင်းအစီအရင် ငါးခု၊ အလတ်စား ဆယ်ခု၊ အသေးစားတည်နေရာကူးပြောင်းခြင်းအစီအရင် နှစ်ဆယ်ကျော် ရှိတယ်။ အဲ့တော့ တည်နေရာကူးပြောင်းခြင်းအစီအရင်အတွက် အထူးပြုထားတဲ့ ဝန်ထမ်းတွေလည်း ရှိတယ်လေ။”

လော့စ်က ပြန်ဖြေလိုက်သည်။

“ဒါဆို ရေအောက်က တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ရွေ့ဖို့ ကူညီပေးနိုင်မလားလို့ သိချင်မိပါတယ်။”

ရှောင်းယီက မေးလိုက်သည်။

“ပြဿနာမရှိပါဘူး။ ငါ ချက်ချင်းပဲ လူစီစဉ်ပေးလိုက်မယ်။ ဒါပေမယ့် ရေအောက်လုပ်ငန်းဆိုတော့ ရေကာကွယ်ပုလဲ နည်းနည်းတော့ ထပ်ပြီးလိုအပ်လိမ့်မယ်။”

လော့စ်က ပြောလိုက်သည်။

“ဘယ်နှစ်လုံးလိုအပ်လဲ။”

ရှောင်းယီ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ငါးလုံးဆို လုံလောက်ပါပြီ။ ငါးယောက်အတူတူဆိုရင် သုံးနာရီလောက်နဲ့ ပြီးနိုင်တယ်။ မင်းမှာ အဲ့လောက်အများကြီးမရှိဘူးဆိုရင် နည်းနည်းနဲ့လည်း ရပါတယ်။ ဒါပေမယ့် ရွေ့ပြောင်းချိန်ကတော့ ပိုကြာသွားလိမ့်မယ်။”

လော့စ်က ပြောလိုက်သည်။

“ဒါဆို ငါးလုံးပေးလိုက်ပါမယ်။ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အမြန်ဆုံးရွေ့ပြောင်းပြီးရင် ငွေဖြည့်ပြီး ကုန်သွယ်မှုကို စတင်နိုင်ဖို့ မျှော်လင့်တယ်။”

ရှောင်းယီက ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။

ဤကဲ့သို့ အလွန်ကြီးမားသည့် အုတ်မြစ်ကျောက်အရေအတွက်ကို နှစ်ဆပွားချိန်အား ကောင်းကောင်းအသုံးမချနိုင်လျှင် အမှန်တကယ် ဖြုန်းတီးရာရောက်သွားပေလိမ့်မည်။

ထို့အပြင် ရေကာကွယ်ပုလဲများမှာ ရှားပါးသောပစ္စည်းမျိုး မဟုတ်ချေ။ ရေသူမျိုးနွယ်ဆီသို့ လေ့ကျင့်ရန် သွားသည့်အချိန်တိုင်း အများအပြား ရရှိနိုင်သည်။

“မင်းဘက်က ဒီလောက်ထိ ပွင့်ပွင့်လင်းလင်းပြောလာပြီဆိုမှတော့ ငါလည်း အခုချက်ချင်း စီစဉ်ပေးလိုက်မယ်။”

လော့စ်က လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်။

ကေဒါသည်လည်း သူ့နောက်မှ ပြန်လိုက်သွားခဲ့သည်။

“သိပ်ကောင်းတယ်။ ဒူခန်းက တကယ်ကို အလုပ်ဖြစ်အောင် လုပ်ပေးလိုက်တာပဲ။”

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ အပြေးသွားကာ ရောင်းချနေသည့် ဝိုင်ပမာဏကို အနည်းငယ်လျှော့ချရန် ပြင်လိုက်သည်။

လော့စ်နှင့် တခြားသူများသည် ငွေဖြည့်ပြီးလျှင် ပြန်ယူသွားရန်အတွက် တစ်သုတ် သေချာပေါက် ဝယ်ကြမည်ဖြစ်ရာ သူတို့အတွက် သူ အချို့ ချန်ထားပေးရမည်ဖြစ်သည်။

ထိုအချိန်တွင် လီယန်သည် အပြင်ဘက်မှ ဝင်လာခဲ့ပြီး ပြောလိုက်သည်။

“အမွှေးအင်္ကျီ အစုံ ၅၀၀,၀၀၀ ထုတ်လုပ်ပြီးပြီ။”

“ဟုတ်ပြီ”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး အမွှေးအင်္ကျီများကို ဂရုချက်ထဲတွင် တင်သွင်းလိုက်သည်။

“【အမွှေးအင်္ကျီ】 (A အဆင့် ) ၁ လဲလှယ်မည် 【အုတ်မြစ်ကျောက်】 ၁၀။”

“အား သူဌေးရဲ့ အရင်းရှင်သဘာဝက မလှုပ်မယှက်နဲ့ ပေါ်လာပြန်ပြီ။”

“ဟုတ်တယ်။ အမွှေးအင်္ကျီတစ်ထည်ကို အုတ်မြစ်ကျောက် ၁၀ ခုတောင်ပေးရတယ်။ ဒါက နည်းနည်း များလွန်းမနေဘူးလား။”

“အပေါ်ကနှစ်ယောက် မင်းတို့သေချာမကြည့်လိုက်ရဘူးလား။ သူဌေးက သာမန်အမွှေးအင်္ကျီကို ရောင်းနေတာ မဟုတ်ဘူး Aအဆင့်ပဲ။ ပထမဆုံးဆောင်းတွင်းတုန်းက ဘောလုံးလိုဝတ်ခဲ့ရတာကို မင်းတို့မှတ်မိကြသေးတယ်မို့လား။”

“မှန်တယ်။ A အဆင့် အမွှေးအင်္ကျီရဲ့ အပူထိန်းစွမ်းရည်က သာမန်ထက် အများကြီးပိုကောင်းမှာသေချာတယ်။ အဲ့တော့ ဈေးကလည်း ပိုကြီးရမှာပေါ့။”

ဤအမွှေးအင်္ကျီကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပုံစံကွက်ကိုအသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုပုံစံကွက်သည် ရှောင်းယီ နောက်ဆုံးအကြိမ် ရတနာမြေပုံတူးဖော်ခဲ့စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းအတွက် ကုန်ကြမ်းများကိုသာ ထောက်ပံ့ပေးရန်လိုသောကြောင့် ထုတ်လုပ်မှုစွမ်းဆောင်ရည်က အလွန်မြင့်မားသည်။ တစ်ပတ်မပြည့်ခင်မှာပင် အမွှေးအင်္ကျီ ၅၀၀,၀၀၀ စုံကို ထုတ်လုပ်နိုင်ခဲ့သည်။

“ဈေးကြီးပေးရင် အရည်အသွေးကောင်းကောင်းရတယ်။ စျေးကြီးတယ်ထင်ရင် မဝယ်နဲ့လေ။ အပိုစကားတွေ လျှောက်မပြောနဲ့။ မဟုတ်ရင် မင်းရဲ့ IQ ကို ထုတ်ဖော်မိသွားလိမ့်မယ်။”

“ဒီအမွှေးအင်္ကျီကိုမြင်တော့မှပဲ သတိထားမိတော့တယ်။ ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာနေပုံပဲ။”

“ဟုတ်တယ်။ လက်ရှိအခြေအနေအရ လာမယ့်အပတ်က ဆောင်းတွင်းဖြစ်သင့်တယ်။”

“ပထမတစ်ခေါက်ကလို အေးလွန်းတာမျိုးတော့ မဖြစ်သင့်တော့ဘူးမို့လား။”

“လက်ရှိပုံစံအရတော့ မဖြစ်သင့်ဘူး။ ဒါပေမယ့် ဒီကမ္ဘာကြီးက ရူးသွပ်မသွားဘူးဆိုတာကိုလည်း ဘယ်သူမှ အာမ၊မခံနိုင်ဘူး။”

ဂရုထဲတွင် နာရီဝက်ခန့် တင်သွင်းထားပြီးနောက် ရှောင်းယီသည် ကျန်အမွှေးအင်္ကျီများကို ဈေးကွက်ခန်းမထဲတွင် တင်သွင်းလိုက်လေသည်။

“ဘာ ငါဝယ်တောင်မဝယ်ရသေးဘူးလေ။ ဘာလို့ သူဌေးက အကုန်လုံးကို ဈေးကွက်ခန်းမထဲမှာ ချိတ်လိုက်တာလဲ။ ဈေးက အုတ်မြစ်ကျောက် ၁၅ ခုတောင်ဖြစ်သွားပြီ။”

“ဟေး နာရီဝက်တောင် ကြာနေပြီကို မင်းအခုထိ မဝယ်ရသေးဘူးလား။ ဒီမှာ ဘယ်သူက မင်းကိုစောင့်နေမှာမို့လို့လဲ။”

“မှန်တယ်။ မင်း ထပ်ပြီးစဉ်းစားနေရင် ဘာမှကျန်တော့မှာတောင်မဟုတ်တော့ဘူးနော်။”

ထိုအချိန်တွင် ရှောင်းယီသည် သူတို့ဂရုထဲတွင် ပြောနေသည့်စကားများကို ကြည့်ရှုရန် အချိန်မရှိတော့ပေ။ လော့စ်စီစဉ်ပေးလိုက်သည့်လူများ ရောက်ရှိလာပြီဖြစ်သည်။

ရှောင်းယီသည် သဘာဝအတိုင်း တည်နေရာကူးပြောင်းခြင်းအစီအရင်တည်ရှိရာနေရာကို အပြေးသွားခဲ့ပြီး ရေထဲရှိ လူများသည် တည်နေရာကူးပြောင်းခြင်းအစီအရင်၏ အခြေစိုက်စင်တစ်ခုလုံးကို ဖြုတ်ပြီး သင်္ဘောကြီးနှင့် ရှောင်းယီ၏ကျွန်းဆီသို့ သယ်ယူသွားပုံကို ကြည့်နေခဲ့သည်။

ရှောင်းယီ၏ တောင်းဆိုချက်အရ ၎င်းကို အပန်းဖြေစခန်းအနီးရှိ ကွင်းပြင်တွင် တပ်ဆင်ထားမည်ဖြစ်သည်။

တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်းများ ပြီးဆုံးသည်အထိ ၎င်းသည် နှစ်နာရီခွဲသာ ကြာမြင့်ခဲ့သည်။

“ဒီတစ်ကြိမ်တော့ ကျေးဇူးအများကြီးတင်ပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါက ကျေးဇူးတင်လက်ဆောင်အသေးစားလေးပါ။ ဘာမှမဟုတ်ပေမယ့် လက်ခံပေးပါဦး။”

ထိုသို့ပြောရင်းဖြင့် သူသည် ကျွန်းပေါ်ရှိ ထူးခြားထုတ်ကုန်များကို သူတို့ထံသို့ ပို့ပေးလိုက်သည်။ ထိုထဲတွင် အဆင့်မြင့်ဘီယာနှင့် ပိုင်ကျိုတစ်လုံးစီလည်း ပါဝင်ပေသည်။

ထိုလူငါးယောက်သည် လော့စ်ဆီမှ ဤကျွန်းပေါ်ရှိ ဝိုင်များမှာ အလွန်ထူးခြားကြောင်း သိရှိထားပြီးဖြစ်ရာ လက်ဆောင်ထဲတွင် ဝိုင်များပါလာသည်ကိုမြင်သောအခါ တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်လိုက်ကြသည်။

“ကျွန်းပိုင်ရှင်ရှောင်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ။”

ထိုလူများ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်သွားပြီးနောက် လော့စ်က ပြောလိုက်သည်။

“ဒီတစ်ခါ ငါတို့ အုတ်မြစ်ကျောက်တွေအများကြီး သုံးခဲ့တာဆိုတော့ အထက်လူကြီးတွေက ဂျွန်နီဆိုတဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ကို ခန့်အပ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး မင်းမှာ ပြဿနာရှိလား။”

“ဘယ်ကသာ မရှိပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို ငါ အခု ဂျွန်နီကို သွားခေါ်လာပြီး ငွေဖြည့်တဲ့လုပ်ငန်းကို စတင်လိုက်တော့မယ်။”

လော့စ်က ပြောလိုက်သည်။

“ကောင်းပြီ ကျုပ် ဒီမှာစောင့်နေပါ့မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

မကြာမီ လော့စ်သည် လူတစ်ယောက်နှင့်အတူ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် သူတို့ကို ကြိုဆိုပြီး ပြောလိုက်သည်။

“လော့စ်၊ ဂျွန်နီ ကြိုဆိုပါတယ်။”

ထိုစဉ် ဂျွန်နီက တည်ကြည်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။

“အင်း အလုပ်ကိစ္စကို အခုစလိုက်ရအောင်။ ဝယ်ယူတဲ့ပစ္စည်းတွေက သခင်လော့စ်ပြောသလောက် ကောင်း၊မကောင်း အတည်ပြုဖို့လိုတယ်။ အကယ်၍ ပြဿနာမရှိဘူးဆိုရင် ငွေဖြည့်ခြင်းလုပ်ငန်းကို အခုချက်ချင်းစတင်မယ်။ ပမာဏကို ကြီးကြပ်ဖို့အတွက်ကတော့ ငါတာဝန်ယူမယ်။”

“ပြဿနာမရှိပါဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ဒူခန်းကို ဂျွန်နီအား အစမ်းသောက်ကြည့်ရန် SSS အဆင့် ဝိုင်များကို ပြင်ဆင်ခိုင်းလိုက်သည်။

စမ်းသောက်ကြည့်နေစဉ်တွင် ဂျွန်နီ၏ မျက်နှာသည် တည်တင်းနေပြီး ရှောင်းယီသည် သူ၏ဝိုင်အပေါ် ထိုလူ၏သဘောထားက ဘယ်လိုမျိုးလဲဆိုသည်ကို မသိနိုင်ခဲ့ချေ။

သို့သော် လော့စ်က ဘေးနားမှ တိုးတိုးပြောလိုက်သည်။

“ဒီကောင်က အမြဲတမ်း အဲ့လိုမျက်နှာတင်းတင်းနဲ့ပဲနေတတ်တယ်။ ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ မင်းရဲ့ဝိုင်က သူ့ကို အနိုင်ပိုင်းနိုင်မှာပါ။”

ရှောင်းယီက ခေါင်းအနည်းငယ်ငြိမ့်လိုက်၏။ သူသည် ဒူခန်း၏ လက်စွမ်းအပေါ် ယုံကြည်မှုအပြည့်ရှိသည်။

ဂျွန်နီသည် စမ်းသောက်ကြည့်ပြီးနောက် ပြောလာခဲ့သည်။

“ပြဿနာမရှိဘူး။ ငွေဖြည့်ခြင်းလုပ်ငန်းကို စလိုက်ရအောင်။”

လော့စ်နှင့် ဂျွန်နီတို့၏ သဘောတူညီချက်ကို ရရှိပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ အုတ်မြစ်ကျောက်များနှင့် ပြည့်နှက်နေသည့် လှည်းများ တစ်စီးပြီးတစ်စီး ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် သူတို့သည် အပန်းဖြေစခန်း၏ ကွင်းပြင်ကို ပြည့်နှက်သွားစေခဲ့သည်။ ရှောင်းယီသည် ရွေးချယ်စရာမရှိတော့ပဲ ရေတွက်ပြီးသား အုတ်မြစ်ကျောက်များကို ကျွန်းပေါ်သို့ သယ်ယူသွားရန် လူများစီစဉ်လိုက်ရတော့လေသည်။

၎င်းတို့ကို ရေတွက်ခြင်းတစ်ခုတည်းကပင် ရှစ်နာရီအပြည့် ကြာမြင့်ခဲ့သည်။

ထိုမြင်ကွင်းကို အပန်းဖြေစခန်းကို လာရောက်လည်ပတ်ကြသည့် အသက်ရှင်ကျန်ရစ်သူများလည်း မြင်တွေ့ခဲ့ရကြပြီး သူတို့၏ မေးရိုးများ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့ကြသည်။

အခန်း ၆၇၂ - နှစ်ဆ ၄ ဘီလီယံ၊ အမြောက်များ ဆက်လက်ရောင်းချခြင်း

“အဲ့ဒါ ယီရန်ပင်းတို့က အုတ်မြစ်ကျောက်တွေ ရေတွက်နေကြတာလား။”

“ဟုတ်မယ့်ပုံပဲ။ သူတို့ ဒီလောက်များတဲ့ အုတ်မြစ်ကျောက်တွေကို ဘယ်ကရလာတာလဲ။”

“အဲဒီလူတွေကို မင်းမမြင်ခဲ့ဘူးလား။ သူတို့ဆီက ရလာတာဖြစ်နိုင်တယ်။”

“ဟုတ်တယ်။ သူဌေးက တကယ်ကို အားကောင်းတာပဲ။ ဒါပေမယ့် အဲဒီလူပုတွေမှာ ဘာလို့ အုတ်မြစ်ကျောက်တွေ အဲလောက်အများကြီး ရှိတာလဲ။”

“ခင်ဗျားတို့ ပါးစပ်ကို သတိထားစမ်းပါ။ အဲဒီလူတွေက ဒီကမ္ဘာရဲ့ ဒေသခံလူမျိုးတွေ ဖြစ်နိုင်တယ်။ အမြဲတမ်း လူပုတွေလို့ ခေါ်မနေကြနဲ့။ သူတို့သာ နားလည်ရင် ဒုက္ခရောက်သွားလိမ့်မယ်။”

“အမှန်ပဲ။ သူတို့က လူပုတွေဆိုရင်တောင် သူတို့အရပ်အမောင်းက ဒီလောက်ပဲရှိတာပဲလေ။ အဲဒီလိုပြောတာက အရမ်းမလေးမခန့်ပြုရာရောက်တယ်။”

“အာ ခင်ဗျားပြောမှ သတိထားမိတယ်။ ဒါက တကယ်ဖြစ်နိုင်တယ်။ ရေသူမတွေ၊ သမန်းဝံပုလွေတွေတောင် ပေါ်လာနေပြီ။ လူပုတွေ ရှိတယ်ဆိုရင်လည်း မထူးဆန်းပါဘူး။”

“ငါအရင်က ကစားတဲ့ ဂိမ်းတွေထဲမှာ လူပုတွေက လက်ရာမြောက်တဲ့လက်နက်တွေကို ထုလုပ်တတ်တယ်။ ဒီကမ္ဘာက လူပုတွေကလည်း အဲ့လိုမျိုးပဲလားမသိဘူး။”

“တကယ်လို့ အဲ့လိုဆိုရင် ယီရန်ပင်းက ပိုပြီးအားကောင်းသွားမှာပေါ့။ လူပုတွေရဲ့ အဆင့်မြင့်လက်နက်တွေကို ကိုင်ထားမှတော့ ဘယ်သူမှ တားဆီးနိုင်တော့မှာမဟုတ်ဘူး။”

“အားကောင်းသူတွေက အမြဲအားကောင်းလာမှာပဲ။ ဒါကိုတော့ ရှောင်လွှဲလို့မရဘူး။ မနာလိုဖြစ်မနေနဲ့။ အပန်းဖြေပြီးရင် ပြန်သွားပြီး အလုပ်သာကြိုးစားလိုက်။”

“ဟုတ်တယ်။ အိမ်မှာ သတ္တုတွင်းမရှိဘူးဆိုရင် ကိုယ်တိုင်ကြိုးစားရမှာပဲ။ အောင်မြင်အောင် ကြိုးပမ်းရမှာပေါ့။”

လူတိုင်း၏အံ့အားသင့်နေသည့် အကြည့်များအောက်တွင် ထိုအုတ်မြစ်ကျောက်များတွေကို ကျွန်းပေါ်သို့ သယ်ယူသွားခဲ့ကြသည်။

ထို့နောက် ရှောင်းယီသည် ဒီဂျစ်တယ်ငွေကြေး ၂.၀၂ ဘီလီယံကို လူပုများ၏ ကတ်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

“ဒီသန်း၂၀က ခင်ဗျားတို့တိုင်းပြည်အတွက် ကျုပ်တို့ရဲ့ ဖြူစင်တဲ့စိတ်ရင်းကို ဖော်ပြတဲ့လက်ဆောင်ပါ။ ကျုပ်တို့ ပူးပေါင်းဆောင်ရွက်မှုအတွက် ပျော်ရွှင်ပါစေလို့ မျှော်လင့်တယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ကျွန်းပိုင်ရှင်ရှောင်း။”

ဂျွန်နီက ငွေပမာဏကို အတည်ပြုပြီးနောက် နောက်ဆုံးတွင် မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်။

“အုတ်မြစ်ကျောက်တွေ သယ်လာတဲ့ ယာဉ်တွေက အခု ဗလာဖြစ်နေပြီ။ ဒီနေ့ ဝိုင်နည်းနည်းလောက် ပြန်ယူသွားရအောင်။”

“ကောင်းပြီ ကျုပ် အခုပဲ စီစဉ်ပေးပါ့မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ဒူခန်းကို ဝိုင်များ ပြင်ဆင်ခိုင်းလိုက်သည်။ လက်ကျန်များ ကုန်လုနီးပါးဖြစ်သွားသည်အထိ ၎င်းတို့၏လှည်းများကို ဖြည့်ပေးခဲ့သည်။

လော့စ်နှင့် ဂျွန်နီတို့သည် ကျေနပ်စွာဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ အဆုံးသတ်အနေနှင့် သူတို့သည် ဤမျှအရသာရှိသည့် ဝိုင်များကို ရရှိခဲ့ပြီး နောက်ဆက်တွဲကိစ္စများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုစဉ် ဒူခန်းက ရောက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် လူပုဘုရင့်နိုင်ငံက ဒီနှုန်းထားနဲ့ စားသုံးမယ်ဆိုရင် ကျုပ်တို့ရဲ့ လက်ရှိထုတ်လုပ်မှုနှုန်းက ကျိန်းသေပေါက် မလိုက်နိုင်တော့ဘူး။ အဲ့ဒါကြောင့် စကေးကိုမြှင့်တင်ဖို့ အကြံပြုချင်ပါတယ်။”

“အင်း ဒါပေမယ့် စကေးကို မြှင့်တင်ပြီးရင် မင်းတစ်ယောက်တည်း စီမံခန့်ခွဲနိုင်ပါ့မလား။”

ရှောင်းယီက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အရက်ချက်နည်းကို သူတစ်ယောက်တည်းသာ နားလည်ပြီး အရည်အသွေးကို အာမ၊မခံနိုင်ဘူးဆိုလျှင် ထုတ်လုပ်မှုတိုးချဲ့ခြင်းသည် အဓိပ္ပာယ်ရှိတော့မည်မဟုတ်သောကြောင့်ပင်။

အရည်အသွေးမရှိလျှင် ကိုယ့်အမှတ်တံဆိပ်ကိုယ် ဖျက်ဆီးနေခြင်းပင်။

ရှောင်းယီသည် ထုတ်လုပ်နိုင်သည့် အမာဏနည်းနည်းသာ ရောင်းရလျှင်ပင် အရည်အသွေးပြဿနာကိုတော့ အာမခံချင်သည်။

“ဒါက တကယ်ကို နည်းနည်းတော့ ခက်ခဲတယ်။ အဲ့ဒါကြောင့် အခု ကျုပ် အလုပ်သင်နည်းနည်းလောက် ခေါ်ယူဖို့ စီစဉ်ထားတယ်။ စကေးကိုတော့ ဖြည်းဖြည်းချင်း တိုးချဲ့ပြီး သူတို့ကို သင်ပေးရင်း လေ့ကျင့်ခိုင်းမယ်။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီ၊ မင်းရဲ့စိတ်ကူးအတိုင်းပဲ လုပ်လိုက်ပါ။ အကူအညီလိုရင် ဦးလေးအန်းဆီကနေ လူတောင်းလိုက်။”

“ဟုတ်ကဲ့”

ဒူခန်းက ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ငါ့ဆီမှာ တောင်းဆိုချက်တစ်ခုတော့ရှိတယ်။ အဲ့ဒါက ရောင်းချမယ့် အရက်တိုင်းက စံချိန်မီရမယ်။ နည်းနည်းလေးမှ ပစ်ထားလို့မရဘူး။ နားလည်လား။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ဒူခန်းကို ညွှန်ကြားပြီးနောက် ရှောင်းယီသည် ကျွန်းဆီသို့ အလျင်အမြန်ပြန်သွားပြီး တောင်ကုန်းတစ်ခုလိုပုံထားသည့် အုတ်မြစ်ကျောက်များစွာကို ကြည့်ပြီး ပြတ်ပြတ်သားသားပင် ရိတ်သိမ်းရန် ရွေးချယ်လိုက်သည်။

“ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၂ ဘီလီယံ။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် ၄ ဘီလီယံ။”

“ငွေဖြည့်ပေးတဲ့အတွက် ငါ မင်းကို သန်း၂၀ထပ်ပေးထားတာတောင်မှ တစ်ခုတစ်လေတောင် အပိုမပေးဘူး။”

ရှောင်းယီ ရေရွတ်လိုက်သည်။

လူပုဘုရင့်နိုင်ငံမှ အုတ်မြစ်ကျောက်များ သယ်ဆောင်လာသည့်အချိန်တွင် ရှောင်းယီသည် ကြားဝင်၍မရေတွက်ခဲ့ချေ။ စနစ်ကို အသုံးပြုပြီး ရေတွက်မည်ဆိုပါက လျင်လျင်မြန်မြန် ရေတွက်နိုင်မည်ဖြစ်ပြီး ရှစ်နာရီလုံးလုံး မလိုအပ်ပေ။ သို့သော် ထိုသို့လုပ်လိုက်လျှင် စနစ်သည် ထိုအရာများအား သူရိတ်သိမ်းလိုက်သည်ဟု မှတ်ယူပြီး နှစ်ဆဖြစ်သွားပေလိမ့်မည်။

လူပုဘုရင့်နိုင်ငံရှေ့တွင် ထိုအခြေအနေကို မဖော်ပြသင့်ချေ။

အကယ်၍ ထိုအရာများ နှစ်ဆဖြစ်သွားလျှင် အငြင်းပွားစရာများ ဖြစ်လာမည်ဖြစ်ပြီး ရှင်းလင်း၍ရနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် အချိန်ခဏဖြုန်းရုံသာ တတ်နိုင်ခဲ့လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တွင် အချိန်အများကြီးရှိပေသည်။

ရှောင်းယီသည် တောင်ပုံယာပုံဖြစ်နေသော အုတ်မြစ်ကျောက်များကို အဖွဲ့တစ်ဖွဲ့အား စောင့်ကြည့်ခိုင်းထားခဲ့ပြီး ဗီလာဆီသို့ ပြန်သွားခဲ့သည်။

ဂျေဘီသည် အမြောက်များကို အကုန်ဝါးမြိုပြီးသွားပြီဖြစ်ပြီး ရှောင်းယီက ငွေကြေးလဲလှယ်မှုကို သဘောတူခဲ့သည်။

“ရရှိသော အရင်းအမြစ်များ...”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ- အုတ်မြစ်ကျောက် သန်း ၁၀၀။”

ငွေကြေးလဲလှယ်မှု ပြီးဆုံးပြီးနောက် ရှောင်းယီသည် ဂျေဘီထံ နောက်ထပ် စာတစ်စောင်ပို့ကာ ပြောလိုက်သည်။

“ငါတို့အတွင်းပိုင်းမှာ မချေဖျက်ရသေးတဲ့ အမြောက်တချို့ ရှိသေးတယ်။ မင်းလိုချင်သေးလား။”

“လိုချင်တယ်”

ဂျေဘီက ချက်ချင်းပြန်ဖြေလာခဲ့သည်။

ဤအဆင့်မြင့်အမြောက်များသည် များလေကောင်းလေဖြစ်ပြီး မလိုချင်စရာ အကြောင်းမရှိပေ။

သူတို့သည် နောက်ကျမှ တိုက်သစ်ကြီးထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ဂျေဘီကိုယ်တိုင် ဦးဆောင်လာခြင်းဖြစ်သည့်အတွက် ရတနာသေတ္တာရရှိနိုင်မည့် အကောင်းဆုံးနည်းလမ်းကို အမြန်ဆုံးရှာဖွေတွေ့ရှိခဲ့ကြပြီး အုတ်မြစ်ကျောက်များကို အလျင်အမြန် စုဆောင်းနိုင်ခဲ့သည်။

ဂျေဘီတို့ ယခင်က အတူတကွ စုဆောင်းခဲ့သည့် ကုန်ကြမ်းများသည် အမြောက် ၁၀၀,၀၀၀ စာသာရှိပြီး နိုင်ငံခြားသား အိုင်ဒီများအတွက် တစ်ယောက်ကို ပျမ်းမျှ အမြောက် ၂ လက်နက်အောက်သာ ရရှိနိုင်သောကြောင့် ကွာဟချက်ရှိနေဆဲပင်။

“ငါတို့မှာ အများကြီးကျန်နေသေးတယ်။ မင်း စားလို့မကုန်နိုင်လောက်ဘူးနော်။”

ရှောင်းယီက သတိပေးလိုက်သည်။

“ရတယ် ခင်ဗျားထုတ်လုပ်နိုင်နေသမျှ ကျုပ်တို့ စားသုံးနိုင်တယ်။”

ဂျေဘီက ပြောလိုက်သည်။

“အမြောက် ၁၁၀,၀၀၀ လောက်ကျန်သေးတယ်။ အမြောက်တစ်လက်နက်ကို အုတ်မြစ်ကျောက် ၆၀၀။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“နောက်ထပ် ၁၀၀ တိုးသွားပြန်ပြီလား။”

ဂျေဘီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ဒါပေါ့ မင်းက ကုန်ကြမ်းတွေ မထောက်ပံ့ပေးထားဘူးလေ။”

“ဒါပေမယ့် ကုန်ကြမ်းတွေအတွက် အုတ်မြစ်ကျောက် ၁၀၀ တောင်မလိုအပ်ဘူး။”

“ပစ္စည်းတွေက ရှားပါးမှုအလိုက် တန်ဖိုးကြီးတယ်။ အမြောက်ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေက ဈေးကွက်ထဲမှာ အခြေခံပျောက်သွားပြီ။ အဲ့ဒါကြောင့် အခု အရမ်းစျေးကြီးလာတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေါ့ မင်း ဒါကို စျေးကြီးတယ်လို့ထင်ရင် စောင့်ကြည့်လို့ရပါတယ်။”

ဂျေဘီ ကူကယ်ရာမဲ့သွားခဲ့သည်။ ယခုအချိန်တွင် ရှောင်းယီတွင်သာ ဤအဆင့်မြင့်အမြောက်များ ရှိနေသည်ကို သူက စောင့်ရမည်လော။ နောက်ထပ် နှစ်ပတ်လောက် ထပ်စောင့်လျှင်ပင် ဤကဲ့သို့အဆင့်မြင့်အမြောက်များအား ဖွင့်နိုင်သည့်သူ ရှိလာမည်မဟုတ်ချေ။

“ကျုပ်ယူမယ်။”

ဂျေဘီက နာကျည်းချက်ကြီးစွာ ပြောလိုက်သော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။

သူသည် ထိုအမြောက်များကို ဂျေဘီနှင့် လဲလှယ်ခဲ့ပြီး သူ့ဘာသာသူ ဖြည်းဖြည်းချင်း ချေဖျက်ခိုင်းခဲ့သည်။

သေစေနိုင်သည့်ပေါက်ကွဲနိုင်သောဗုံးများကိုမူ ရှောင်းယီသည် ဈေးကွက်ခန်းမထဲတွင် ချိတ်ဆွဲလိုက်သည်။

တစ်လုံးကို အုတ်မြစ်ကျောက် ၂၀။

ထို့အပြင် အရေအတွက်ကိုလည်း ကန့်သတ်ထားခဲ့သည်။

ထိုစျေးနှုန်းကို မြင်လိုက်ရသောအခါ နိုင်ငံခြားသားများသည် လူတစ်ကိုယ်လုံး နေရထိုင်ရခက်သွားခဲ့သည်။

သူတို့သည် အမြောက်များကို ဝယ်ယူရန် အုတ်မြစ်ကျောက် အမြောက်အမြားကို အသုံးပြုခဲ့ပြီးသားဖြစ်ပြီး ယခု ဤအမြောက်ဆန်များကို ကောင်းကင်လောက်မြင့်မားသည့်စျေးနှုန်းဖြင့် ထပ်ဝယ်ရဦးမည်လော။

“ဘုရားရေ ဒီလူက ရူးသွားပြီလား။ အမြောက်ဆန်တစ်ခုကို အုတ်မြစ်ကျောက် ၂၀ တောင်ပေးရတယ်တဲ့လား။”

“တကယ်ပဲ။ အဲ့ဒီအမြောက်ဆန်တွေက ရွှေနဲ့လုပ်ထားလို့လား”

“ငါတော့ သူ့အမြောက်ဆန်တွေကို မဝယ်တော့ဘူး။ ကျည်အစိုင်အခဲတွေပဲ သုံးတော့မယ်။”

“ဒါပေမယ့် အဲဒီအမြောက်ဆန်တွေရဲ့ သတ်ဖြတ်နိုင်စွမ်းက အရမ်းကြီးလွန်းတယ်။ အရေးကြီးတဲ့အချိန်မှာ အသက်ကို ကယ်တင်နိုင်လိမ့်မယ်။”

“အင်း အရံအနေနဲ့ နှစ်ခု၊သုံးခုလောက် ဝယ်ထားလိုက်ပါမယ်လေ။ ပုံမှန်အခြေအနေမှာတော့ ကျည်အစိုင်အခဲတွေပဲ သုံးရမယ်။”

“ဒါက သဘာဝကျပါတယ်။ ဘာမှမဖြစ်ခင် ကာကွယ်ထားတာက ပိုကောင်းတယ်။”

ဤသို့ဖြင့် ရှောင်းယီသည် အမြောက်သံတစ်ချက်ကြားတိုင်း ရွှေစင်သောင်းချီ ကုန်သည်ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း လူတိုင်းကို အပြည့်အဝ သက်သေပြပေးခဲ့သည်။

ရှောင်းယီ လူတိုင်း၏ အုတ်မြစ်ကျောက်များကို အရူးအမူး လုယက်နေချိန်တွင် လော့စ်သည် လူပုဘုရင့်နိုင်ငံသို့ ပြန်ရောက်သွားပြီးဖြစ်ပြီး သူ့ဆီသို့ ဧည့်သည်တစ်ယောက် အလည်ရောက်လာခဲ့သည်။

“မင်း အရက်သမား ဒီအချိန်ကျမှ ဒီကိုလာပြီး ဘာလုပ်နေတာလဲ။”

လော့စ်သည် ညစ်ပတ်စုတ်ပြတ်နေသည့် ဘေလ်တစ်ယောက် ဒုန်းဆိုင်းဝင်လာသည်ကို မြင်လိုက်ရပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

All Chapters