← Chapters

အခန်း (၆၇၃-၆၇၄)

Vol. 51 Ch. 673-674

အခန်း (၆၇၃-၆၇၄)

Vol. 51 Ch. 673-674

အခန်း ၆၇၃ - လူပုအရက်ချက်သူ ဘေလ်၊ အလုပ်သင်

ဘေလ်သည် လော့စ်ကို ဒေါသထွက်နေသည့်အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

“မင်း ဘာလို့ ဒီနှစ်အတွက် ကျန်တဲ့အမှာစာတွေကို ပယ်ဖျက်လိုက်တာလဲ။”

“ဒါက ရှင်းပါတယ်။ ငါတို့ ပိုကောင်းတဲ့ ပေးသွင်းသူတစ်ယောက်ကို ရှာတွေ့သွားလို့ပေါ့။”

လော့စ်က ပြန်ဖြေလိုက်သည်။

“ပိုကောင်းတဲ့ ပေးသွင်းသူလား။ ဟမ့် လူပုဘုရင့်နိုင်ငံထဲမှာ ငါ့ထက်ပိုကောင်းအောင် ဘီယာချက်နိုင်တဲ့သူ ရှိတယ်ဆိုတာ ငါမယုံဘူး။”

ဘေလ်က ဒေါသထွက်နေသည့်မျက်လုံးများဖြင့် လော့စ်ကို စိုက်ကြည့်လိုက်သည်။

လော့စ်က စကားပြန်မပြောဘဲ ခေါင်းသာခါလိုက်ပြီး ဘီယာပုလင်းတစ်ပုလုံးကို ဖွင့်ကာ ဘေလ်အတွက် တစ်ခွက်လောင်းထည့်ပေးလိုက်သည်။

ဘီယာ၏ရနံ့သည် ဘေလ်၏နှာခေါင်းထဲသို့ ချက်ချင်းပင် တိုးဝင်သွားခဲ့သည်။

“ဒါက...”

ဘေလ်၏မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။

“စမ်းသောက်ကြည့်လိုက်။”

လော့စ်က ပြောလိုက်သည်။

ဘေလ်က ချက်ချင်းပင် ခွက်ကို ကောက်ကိုင်ပြီး တစ်ငုံသောက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် လော့စ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

“ဒါကို ဘယ်သူချက်ထားတာလဲ။ သူဘယ်မှာလဲဆိုတာ ငါ့ကိုပြောပြစမ်းပါ။”

“အဲ့ဒါက အပြင်လူတစ်ယောက်ရဲ့ ကျွန်းပေါ်က အရက်ချက်တဲ့သူတစ်ယောက်ပဲ။”

လော့စ်က ပြန်ဖြေလိုက်သည်။

“ငါ့ကို သူ့ဆီခေါ်သွားပေး။”

ဘေလ်က အလောတကြီး ပြောလိုက်သည်။

“ငါ့ဘက်က အခုထိ ဘာအစီအစဉ်မှ မဆွဲရသေးဘူး။ မလောနဲ့။”

လော့စ်က မနှေးမမြန် ပြန်ဖြေလိုက်သည်။

“ငရဲကိုသွားပြီး အစီအစဉ်ဆွဲပါလား။ ငါ အခုချက်ချင်းသွားမယ်။”

ထို့နောက် ဘေလ်သည် လော့စ်ကို ဆွဲပြီး တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ ပြေးသွားတော့လေသည်။

လော့စ်သည် ကူကယ်ရာမဲ့သွားခဲ့ပြီး ရွေးချယ်စရာမရှိတော့ပဲ ဘေလ်ကို ရှောင်းယီ၏ကျွန်းသို့ ခေါ်သွားခဲ့ရလေသည်။

ရှောင်းယီသည် လော့စ်ပြန်ရောက်လာသည့်သတင်းကို ရလိုက်သောအခါ အလွန်အံ့အားသင့်သွားခဲ့သည်။

“သူတို့ စိတ်ပြောင်းသွားတာလား။ ဒါမှမဟုတ် ငါတို့အရက်မှာ ပြဿနာရှိနေလို့လား။”

သူသည် အမြန်အလျင် ပြေးသွားခဲ့ပြီးနောက် လော့စ်၏ဘေးတွင် သူစိမ်းတစ်ယောက် ပါလာသည်ကို တွေ့ရှိလိုက်ရသည်။

“ဒါက...”

ရှောင်းယီက မေးလိုက်သည်။

“ဒါက ငါတို့ လူပုဘုရင့်နိုင်ငံရဲ့ အရက်ချက်သူ ဘေလ်။ သူက မင်းရဲ့ကျွန်းပေါ်က အရက်ချက်သူနဲ့ တွေ့ချင်နေတာ။”

လော့စ်က မိတ်ဆက်ပေးလိုက်သည်။

ရှောင်းယီ မျက်ခုံးပင့်လိုက်မိပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ အကြောင်းပြချက်သည် သူတို့ကျွန်းမှ အရက်များ စီးဝင်သွားခြင်းသည် ဘေလ်၏လုပ်ငန်းကို ထိခိုက်စေခဲ့ခြင်ကြောင့် ဖြစ်ပေလိမ့်မည်။

ဘေလ်သည် ရှောင်းယီကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါ ဒီတစ်ခါလာခဲ့တာ မင်းရဲ့အရက်ချက်သူကို ကြည့်ချင်ရုံပဲ။ တခြားဘာရည်ရွယ်ချက်မှမရှိဘူး။”

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး လက်ဟန်ပြကာ ပြောလိုက်သည်။

“ကျုပ်နောက်လိုက်ခဲ့ပါ။”

ရှောင်းယီသည် သူတို့နှစ်ယောက်ကို ဘားသို့ ခေါ်သွားပြီး ဒူခန်းအား ခေါ်လိုက်သည်။

“ဒူခန်း ဒီမှာ ဧည့်သည်တစ်ယောက်ရောက်နေတယ်။ ထွက်တွေ့လိုက်ဦး။”

ဒူခန်းသည် အနက်ရောင်မျဉ်းကြောင်းများပြည့်နေသောမျက်နှာဖြင့် လျှောက်ထွက်လာပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ရဲ့ ဒီစကားလုံးတွေက ကျုပ်ကို တကယ်နေရခက်စေတာပဲ။”

“လာ ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒါက လူပုဘုရင့်နိုင်ငံရဲ့ အရက်ချက်သူ ဘေလ်တဲ့။ သူက မင်းနဲ့ စကားပြောချင်နေတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ဒူခန်းက အံ့အားသင့်စွာဖြင့် ဘေလ်ကို ကြည့်ပြီး ပြောလိုက်သည်။

“သူက ကျုပ်ကို စိန်ခေါ်ဖို့ ရောက်လာတာလား။”

“မသိဘူး။ သူဘာလုပ်ချင်တာလဲဆိုတာ ကြည့်ကြည့်တာပေါ့။”

ရှောင်းယီက ခေါင်းခါလိုက်သည်။

လောလောဆယ် ရှားနိုင်ငံ၏ဘာသာစကားနှင့် လူပုဘုရင့်နိုင်ငံ၏ဘာသာစကားကို တစ်ချိန်တည်းတွင် နားလည်သည့်သူ မရှိသေးသောကြောင့် ရှောင်းယီသည်သာ ဘာသာပြန်အဖြစ် လုပ်ဆောင်ရမည်ဖြစ်သည်။

“မင်းက အရမ်းငယ်သေးတယ်လေ။ ဒီလိုအရသာရှိတဲ့ ဘီယာကို ဘယ်လိုလုပ်ပြီး ချက်နိုင်ရတာလဲ။”

ဘေလ်က အံ့အားသင့်စွာ ပြောလိုက်သည်။

ထိုစကားများက ဒူခန်းအား အတော်လေး မသက်မသာဖြစ်သွားစေခဲ့သည်။

“ဘီယာချက်တာက အသက်အရွယ်နဲ့ ဘာမှမသက်ဆိုင်ဘူးမဟုတ်လား။”

“ဒါပေါ့...အတွေ့အကြုံမလုံလောက်ရင် အရသာရှိတဲ့ ဘီယာကို ဘယ်လိုလုပ်ပြီးချက်နိုင်မှာလဲ။”

ဘေလ်က ပြန်ပြောလိုက်သည်။

ဒူခန်းက အေးစက်စွာ ရယ်မောလိုက်သည်။

“ဒါကတော့ ခင်ဗျားက အတွေ့အကြုံတစ်ခုတည်းကိုပဲ အားကိုးပြီး ချက်ခဲ့တာကိုး။ ကျုပ်တို့ကတော့ တင်းကြပ်တဲ့ လုပ်ငန်းစဉ်တွေကိုပဲ အားကိုးတယ်။ လုံးဝမတူဘူး။”

“လုပ်ငန်းစဉ်လား။”

ထိုစကားလုံးသည် ဘေလ် ပထမဆုံးအကြိမ် ကြားဖူးသည့် ဝေါဟာရဖြစ်သည်။

“ဟုတ်တယ်။ စံလုပ်ငန်းစဉ်တစ်ခု ထူထောင်ပြီး လုပ်ငန်းလည်ပတ်မှုလုပ်ထုံးအတိုင်း လိုက်နာရုံနဲ့ ဘယ်သူပဲဖြစ်ဖြစ် အရသာရှိတဲ့ အရက်တွေကို ချက်လို့ရတယ်။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

“အဲ့လိုလုပ်လို့ရလို့လား။”

ဘေလ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“မဟုတ်ရင်ရော..။ ကျုပ်တို့က ဒီလောက်များပြားတဲ့ထုတ်လုပ်မှုနှုန်းထားကို ဘယ်လိုထုတ်လုပ်ခဲ့တယ်ထင်လို့လဲ။”

ဒူခန်းက ပြန်မေးလိုက်သည်။

ဘေလ်က အတွေးများနေသည့်အနေအထားထဲသို့ ကျရောက်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူက ပြောလိုက်သည်။

“ငါ မင်းကို ဆရာတင်လို့ရမလား။ မင်းရဲ့လုပ်ငန်းစဉ်တွေကို ငါသင်ချင်တယ်။”

ဘေလ်၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ လော့စ်သည် အချိန်တစ်ခုကြာအောင် ငေးကြောင်သွားခဲ့ပြီးနောက် ပြောလိုက်သည်။

“အရက်သမား မင်းနည်းနည်းလွန်သွားပြီလို့ မထင်ဘူးလား။”

ဒူခန်းသည်မူ ထိုအကြောင်းနှင့်ပတ်သက်၍ သိပ်မခံစားရပေ။ သူသည် ရှောင်းယီကိုသာ ကြည့်လိုက်သည်။

ဤလုပ်ငန်းသည် လုပ်ငန်းစဉ်ကို မှီခိုထားသည်ဆိုသော်လည်း အတွေ့အကြုံသည်လည်း မရှိမဖြစ်လိုအပ်သည်။ လုပ်ငန်းစဉ်များသည် ယခင်ကမ္ဘာတွင် သာမန်အသိပညာများသာဖြစ်သည်။

သူမျှော်လင့်မထားခဲ့သည်မှာ ရှောင်းယီ၏ ပြုံးကာ ပြောလိုက်သည့်ကို စကားများကိုပင်။

“အဆင်ပြေပါတယ်။ ကျုပ်တို့က ကျုပ်တို့ရဲ့အသိပညာတွေကို သိုမှီးထားမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ယူတာကတော့ သဘာအတိုင်း အခြေအနေတွေနဲ့အတူ လာရမှာပေါ့။”

“ပြောပါ။ ငါ အုတ်မြစ်ကျောက်ဘယ်နှစ်ခုပေးရမလဲ။ မင်းတောင်းသလောက် ငါပေးမယ်။”

ဘေလ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အုတ်မြစ်ကျောက်အပြင် ကျုပ်မှာ တခြားတောင်းဆိုချက်တွေရှိသေးတယ်။ ခင်ဗျား သဘောတူတယ်ဆိုရင် ဒီမှာနေပြီး သင်ယူလို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဘာအခြေအနေတွေလဲ။”

ဘေလ်က မေးလိုက်သည်။

“ပထမအချက်၊ သင်တန်းကြေးက အုတ်မြစ်ကျောက် ၁၀၀၀၀။ ဒုတိယအချက်၊ သင်တန်းပြီးဆုံးပြီးရင် ဒူခန်းရဲ့ လက်အောက်မှာ နှစ်လအလုပ်လုပ်ပေးရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

လော့စ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ရှောင်းယီသည် ဘေလ်ကို ဤနေရာတွင် အမှန်တကယ် သင်ယူခွင့်ပြုလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ချက်လုပ်ခြင်းနည်းပညာရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားပြီး လော့စ် သူ့ဆီက အရက်မဝယ်တော့မှာကို မစိုးရိမ်ဘူးလား။

ထိုအချက်နှင့်ပတ်သက်ပြီး ရှောင်းယီသည် လုံးဝမစိုးရိမ်ပေ။

အဘယ်ကြောင့်ဆိုသော တိုက်ကြီးသည် ကျွန်းကဲ့သို့ အလျင်အမြန်မချက်လုပ်နိုင်သလို အဆင့်မြင့်အစေ့အဆန်များလည်း အများကြီးမရှိချေ။ ထို့ကြောင့် ဘေလ် သင်ယူသွားရင်တောင် သာမန်အခြေခံဘီယာများကိုသာ ချက်လုပ်နိုင်ပေလိမ့်မည်။

ယင်းမှာ ရှောင်းယီ၏ ဘီယာရောင်းအားအပေါ် သိပ်ပြီးသက်ရောက်မှု ရှိမည်မဟုတ်ဘဲ ထိုအစား ၎င်းတို့အနေဖြင့် အဆင့်မြင့်အရက်ဈေးကွက်ကို ဦးတည်တိုက်ခိုက်ရန် အားအင်များကို ပိုမိုအသုံးချခွင့် ရသွားစေမည်ဖြစ်သည်။

ထို့အပြင် ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် လူပုဘုရင့်နိုင်ငံနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ထိုအရာက ပို၍အရေးကြီးပေသည်။

ကုန်သွယ်ရေးအရာရှိတစ်ယောက်က အုတ်မြစ်ကျောက် ၂ ဘီလီယံကို စုစည်းနိုင်ခြင်းသည် ထိုတိုင်းပြည်တွင် အုတ်မြစ်ကျောက်သိုလှောင်မှု ဘယ်လောက်ရှိမလဲဆိုသည်ကိုပင် မြင်ယောင်ကြည့်ရန် ခက်ခဲစေခဲ့သည်။

“ငါ သဘောတူတယ်။”

ဘေလ်က လုံးဝမတွန့်ဆုတ်ဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

ချက်လုပ်နည်းပညာအပေါ် စွဲလန်းနေသည့် လူပုတစ်ယောက်အနေနှင့် သူသည် အဆင့်မြင့်ချက်လုပ်နည်းများကိုသာ ရရှိနိုင်မည်ဆိုလျှင် ဘာမဆိုစွန့်လွှတ်ရန် သဘောတူလိမ့်မည်ဖြစ်သည်။

ထို့အပြင် ရှောင်းယီ၏ တောင်းဆိုချက်နှစ်ခုက သူ့ကို အများကြီးဆုံးရှုံးစေသည်မဟုတ်ချေ။

“ဒီလိုဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒူခန်း ဒီကိစ္စကို မင်းပဲစီမံလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

ဒူခန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်မှာ ကန့်ကွက်စရာမရှိဘူးဆိုရင် ခင်ဗျားက ရှားနိုင်ငံရဲ့ဘာသာစကားကနေ စပြီးသင်ယူရမယ်။”

ဘာသာစကားအကြောင်းပြောရလျှင် ရှောင်းယီကလည်း ပြောလိုက်သည်။

“နှစ်ဖက်စလုံးရဲ့ ဆက်သွယ်ရေးကို လွယ်ကူစေဖို့အတွက် ခင်ဗျားဘက်က အရည်အချင်းရှိတဲ့သူတချို့ကို ခေါ်လာပြီး ခင်ဗျားတို့ဘာသာစကားကို သင်ကြားပေးဖို့ စီစဉ်ပေးပါဦး။”

လော့စ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“မှန်ပါတယ်။ မင်းက ဒီမှာ အမြဲတမ်း ငါတို့ရဲ့ ဘာသာပြန်အဖြစ် နေနိုင်မှာမဟုတ်ဘူး။ ငါ အခုချက်ချင်းပြန်သွားပြီး စီစဉ်ပေးမယ်။”

“ဒီလိုဆိုရင် ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက လက်ယှက်ကာ ပြောလိုက်သည်။

“ငါတို့က မိတ်ဆွေတွေပဲလေ။ ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။”

ထို့နောက် လော့စ်က ထရပ်ကာ ထွက်ခွာသွားခဲ့သည်။

ထိုအတောအတွင်း ဘေလ်နေထိုင်ရန်အတွက် ဧည့်ခန်းတစ်ခန်း စီစဉ်ပေးလိုက်ပြီး ရှားနိုင်ငံဘာသာစကားကို စတင်သင်ယူစေခဲ့သည်။

လူပုဘုရင့်နိုင်ငံနှင့် ကိစ္စများ ကိုင်တွယ်ပြီးနောက် ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ သွားလိုက်သည်။ ထိုနေရာတွင် ရှီခုန်းသည် သူ၏ဘေးရှိ လက်ထောက်တချို့နဲ့ စကားပြောနေခဲ့သည်။

ရှောင်းယီ ရောက်လာသည်ကို မြင်သောအခါ ရှီခုန်းသည် သူ၏လက်ထောက်များကို ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင်ကမူ ရှောင်းယီဆီ လျှောက်လာခဲ့သည်။

“ကျွန်းပိုင်ရှင်”

ရှီခုန်းက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် နှုတ်ဆက်လိုက်သည်။

“ခင်ဗျားရဲ့ လေသံကို နားထောင်ကြည့်ရရင် သတင်းကောင်းတစ်ခုခု ရှိပုံပဲ။”

ရှောင်းယီက ပြုံးကာ မေးလိုက်သည်။

“သတင်းကောင်းကြီးပဲ။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အကုန်လုံးက ကျွန်းပိုင်ရှင့်ကျေးဇူးကြောင့်ပါ။ ခင်ဗျားသာ အဲဒီအဆင့်မြင့်အရက်တွေကို လူပုဘုရင့်နိုင်ငံရဲ့ တည်နေရာကူးပြောင်းခြင်းဆိုင်ရာဝန်ထမ်းတွေကို မပေးခဲ့ရင် သူတို့က ကျုပ်ရဲ့မေးခွန်းတွေကို ဒီလောက်ပြီးပြည့်စုံအောင် ဖြေကြားပေးခဲ့မှာ မဟုတ်ဘူး။”

ရှောင်းယီက သူ့ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“သူတို့က ခင်ဗျားကို တချို့အရာတွေ သင်ပေးခဲ့တာလား။”

“သင်ပေးတယ်လို့ ပြောလို့ရတယ်။ နောက်ထပ် နည်းနည်းလောက်သုတေသနလုပ်ပြီးရင် ကျုပ် မကြာခင်မှာ အောင်မြင်မှုရလာလိမ့်မယ်လို့ ခံစားရတယ်။”

ရှီခုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အဲဒီအချိန်ကျရင် ကျုပ်တို့ကျွန်းက တည်နေရာကူးပြောင်းခြင်းအစီအရင်ကို လွတ်လွတ်လပ်လပ် ရွေ့ပြောင်းနိုင်လိမ့်မယ်။ မူလက ကျုပ် တစ်သက်လုံး ဒီအဆင့်ကို မရောက်နိုင်တော့ဘူးလို့ ထင်ထားခဲ့တာ။”

အခန်း ၆၇၄ - ကျေးဇူးတင်ခြင်း၊ ဒေသခံများ လှုပ်ရှားလာခြင်း၊ လေတပ်များ လှုပ်ရှားလာခြင်း

ရှီခုန်း၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီ အလွန်ပျော်ရွှင်သွားခဲ့သည်။အဘယ်ကြောင့်ဆိုသော ရှီခုန်းသည် သူ့ကိုယ်သူ ကျွန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးပြည့်စုံစွာ သတ်မှတ်လိုက်ပြီဖြစ်သောကြောင့်ပင်။

“ဒါက ကျိန်းသေပေါက် အကောင်းဆုံးအရာပဲ။”

ရှောင်းယီက ပျော်ရွှင်စွာပြောလိုက်သည်။

“ဒါပေမယ့် ဒါက အစပဲရှိသေးတယ်။ ခင်ဗျားအပေါ် ကျုပ်မျှော်လင့်ချက်ကြီးကြီးထားတယ်။ အနာဂတ်မှာ ခင်ဗျားကိုယ်တိုင် အကြီးစားတည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်နိုင်မယ်လို့ ကျုပ်မျှော်လင့်တယ်။”

“ကျုပ်ကိုယ်တိုင် တည်နေရာကူးပြောင်းခြင်အစီအရင်ကို တည်ဆောက်ရမယ်။”

ရှီခုန်း ငေးကြောင်သွားခဲ့သည်။

“ကျုပ် တကယ်ပဲ အဲ့ဒီအဆင့်ကို ရောက်နိုင်တဲ့အထိ အခွင့်အရေးရှိပါ့မလား။”

“ဒါပေါ့ ခင်ဗျားက အခုမှ C အဆင့်ပဲရှိသေးတယ်။ ရှေ့ဆက်သွားစရာ ခရီးရှည်ကြီးရှိပါသေးတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အခွင့်အရေးကျိန်းသေရှိတယ်။”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ရှီခုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။

ရှောင်းယီလက်အောက်သို့ ဝင်ရောက်လာပြီးကတည်းက ရှီခုန်းသည် ကျင့်ကြံရေးကိုသာ အဓိကအာရုံစိုက်ထားခဲ့ပြီး အဆင့်မြင့်အစားအစာအမျိုးမျိုးကိုလည်း လုံလောက်စွာ ထောက်ပံ့ပေးခဲ့သည်။

ရှီခုန်းသည် တည်နေရာကူးပြောင်းပေးသူဖြစ်လာပြီးကတည်းက C အဆင့်တွင်သာ ပိတ်မိနေခဲ့ပြီး ၎င်းသည်လည်း အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

သို့သော် ရှောင်းယီလက်အောက်သို့ ဝင်ရောက်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပင် သူသည် အောင်မြင်မှုကို ခံစားရတော့မည်ဟု ခံစားခဲ့ရသည်။

နောက်တစ်ဆင့် အောင်မြင်လိုက်သည်နှင့် သူ့ကိုယ်သူအဆင့်မြှင့်တင်ရန် အချိန်ပိုရလာပေလိမ့်မည်။

ရှောင်းယီက လက်ခါပြကာ ပြောလိုက်သည်။

“ကျေးဇူးတင်စရာမလိုပါဘူး။ ခင်ဗျားရဲ့ စွမ်းရည်တွေတိုးတက်လာတာက ကျုပ်တို့ကျွန်းအတွက် အကျိုးကျေးဇူးအများကြီးရှိတယ်။ ဒါနဲ့ ဒီအလုပ်သင်တွေရော ဘယ်လိုရှိလဲ။”

“သူတို့ရဲ့ လက်ခံနိုင်စွမ်းက အရမ်းကောင်းတယ်။ တိုးတက်မှုလည်း အရမ်းမြန်တယ်။ ဒါပေမယ့် ကျုပ် ပြဿနာတစ်ခုတွေ့ခဲ့ရတယ်။”

ရှီခုန်းက ပြောလိုက်သည်။

“ဘာပြဿနာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ကျုပ် စိတ်ထင်နေတာလားတော့ မသိဘူး။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဒီကိုရွေ့လာတာ ၁၀ နာရီလောက်ပဲရှိသေးပေမယ့် ဒီအလုပ်သင်တွေရဲ့ သင်ယူမှုနှုန်းက အရင်ကထက် အများကြီးပိုမြန်လာနေတယ်။”

ရှောင်းယီသည် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“ဒါက ကျုပ်တို့ကျွန်းမှာ အရှိန်မြှင့်တဲ့လုပ်ဆောင်ချက်ရှိတယ်ဆိုတာကို ပြသနေတာပဲ။ ဒါက ကောင်းတဲ့အရာပဲ။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ရှီခုန်းသည်လည်း အနည်းငယ် ကြောင်အသွားခဲ့ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒါက ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလား မသိလို့ ခင်ဗျားကို အစီရင်ခံလိုက်ရတာ။”

“အင်း ငါတို့ကျွန်းက အပြင်လူတွေဖြစ်တဲ့အတွက် မူလကတည်းက ဒီလိုအရှိန်မြှင့်လုပ်ဆောင်ချက်မျိုး ရှိခဲ့တယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ရှီခုန်း အံ့အားသင့်သွားခဲ့ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကုန်းမကြီးပေါ်က အင်အားစုအားလုံးက ခင်ဗျားတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ကျွန်းကို သိမ်းပိုက်ချင်ကြတာ အံ့သြစရာမရှိတော့ဘူး။”

“ဒါက ကျုပ်တို့အကြား ပဋိပက္ခဖြစ်ရခြင်းရဲ့ အကြောင်းအရင်းဖြစ်နိုင်တယ်။ ဒီပဋိပက္ခကိုသာ ဖြေရှင်းနိုင်ရင် ကျုပ်တို့ သင့်သင့်မြတ်မြတ် နေနိုင်လိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေါ့။ ခင်ဗျားတို့ရဲ့ နတ်ဘုရားတွေက တခြားပဋိပက္ခတွေကို ထပ်ပြီးဖန်တီးပေးလိမ့်မယ်။ ကိုပ်တို့ စစ်ပွဲဖြစ်နေတာကို သူတို့က သိပ်ကြိုက်တယ်လေ။”

ရှီခုန်းသည် အနည်းငယ် ငေးကြောင်သွားခဲ့ပြီးနောက် ပြောလိုက်သည်။

“ခင်ဗျားပြောချင်တာက နတ်ဘုရားတွေက ကျုပ်တို့ကို တမင်တကာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခိုင်းနေတာလား။”

“ဒါပေါ့ ကြည့်လေ၊ ကျုပ်တို့က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့လူတွေပဲ။ ကျုပ်တို့ ငြိမ်းချမ်းစွာ အတူတူနေလို့ မရဘူးလား။”

ရှောင်းယီက ပြောလိုက်သည်။

ရှီခုန်းက လေးလေးနက်နက် သဘောတူကာ ပြောလိုက်သည်။

“ဒါဆို နတ်ဘုရားတွေက ဘာလုပ်ချင်တာလဲ။”

ရှောင်းယီက ခေါင်းခါပြီး ပြောလိုက်သည်။

“သူတို့ဘာလုပ်ချင်တာလဲဆိုတာ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်။”

ထိုအချိန်တွင် ယွမ်ရှီသည် ဘေးတစ်ဖက်မှ အပြေးရောက်လာကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ရှုံးတိဆီက စာရောက်လာပါတယ်။ တိုက်သစ်ကြီးက ဒေသခံတွေ ထူးထူးဆန်းဆန်း ပြုမူနေကြပြန်ပြီတဲ့။”

“အခုပဲကြည့် သူတို့ထပ်ရောက်လာပြန်ပြီ။”

ရှောင်းယီက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“သူ့ကို ပြန်ပြောလိုက်။ ငါအခုချက်ချင်းလာခဲ့မယ်လို့။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်ပြီး ရှုံးတိတပ်စွဲထားတဲ့ သင်္ဘောကြီးဆီသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

“ကျွန်းပိုင်ရှင်”

ရှုံးတိက ကြိုဆိုကာ နှုတ်ဆက်လိုက်သည်။

“အခြေအနေဘယ်လိုလဲ။”

ရှောင်းယီက မေးလိုက်သည်။

“တစ်ဖက်က ရုတ်တရက်ကြီး ကျုပ်တို့ကို တိုက်ခိုက်လာတယ်။ စုစုပေါင်း မီးပုံပျံ ငါးဆယ်နီးပါးလောက် မြင့်တက်လာတယ်။”

ရှုံးတိက ပြန်ဖြေလိုက်သည်။

“တစ်ဖက်က တော်တော်လေးကို ရန်လိုလာနေတာပဲ။ တစ်ချက်တည်းနဲ့ ကျုပ်တို့ကို ဝါးစားပစ်တော့မယ့်ပုံပေါက်နေတာ။”

ရှောင်းယီသည် သင်္ဘောကုန်းပတ်ပေါ်သို့ လျှောက်သွားပြီး နေဝင်ဆည်းဆာအောက်တွင် မီးပုံးပျံများ မိမိတို့ဘက်သို့ ပျံသန်းလာနေသည်ကို ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် လေသည် သိပ်မတိုက်သောကြောင့် ထိုမီးပုံးပျဲများ၏ အမြန်နှုန်းမှာ အလွန်နှေးကွေးနေခဲ့သည်။

“ကျွန်းပိုင်ရှင် ကျုပ် အရင်ဆုံးပြန်ဆုတ်ပြီး အခွင့်အရေးရတဲ့အချိန်မှ ပြန်လာဖို့ အကြံပြုချင်ပါတယ်။”

ရှုံးတိက ချက်ချင်းအကြံပြုလိုက်သည်။

ရှုံးတိ၏အမြင်တွင်မူ ဤတစ်ကြိမ်တွင် တစ်ဖက်လူသည် ဤအကြီးစားတိုက်ခိုက်မှုကို ကောင်းကောင်းပြင်ဆင်ထားပေလိမ့်မည်။ ထိုမီးပုံးပျံများပေါ်တွင် SSS အဆင့်မှော်ဆရာ တစ်ယောက်ထက်မက ရှိနိုင်ပေသည်။

ရှောင်းယီသည် နောက်ဆုံးတစ်ကြိမ်က SSS အဆင့်မှော်ဆရာတစ်ယောက်ကို ဖြေရှင်းပေးခဲ့သော်လည်း သူ့၏ကိုယ်ပိုင်အင်အား၊ အိမ်မွေးတိရစ္ဆာန်သုံးကောင်၏အင်အားနှင့် ရူးသွက်ဆေးကို စုပေါင်းပြီး လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုအချိန်တုန်းက မှော်ဆရာသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုသည် ရှောင်းယီအတွက် အကျိုးမရှိသည့်အတွက် တဒင်ွဂငေးကြောင်သွားလဲ့ပြီး ရှောင်းယီသည် တစ်ဖက်လူ၏အားနည်းချက်ကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။

မဟုတ်လျှင် ဆေးသောက်ပြီး အဆင့်ကို မြှင်တင်ထားသော ရှောင်းယီတို့၏ SSS အဆင့်နှင့် အစစ်အမှန် SSS အဆင့်မှော်ဆရာကို အနိုင်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော် ရှောင်းယီက ခေါင်းခါကာ ပြောလိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။

“မလိုဘူး။ ဒီနေ့ ငါတို့ သူတို့ကို ရင်ဆိုင်တိုက်ခိုက်မယ်။”

“ဒါပေမယ့် ကျုပ်တို့မှာ လေတပ်မရှိဘူးဆိုတော့ တိုက်ခိုက်ရတာ လွယ်ကူမှာမဟုတ်ဘူး။”

ရှုံးတိက ပြန်ဖြေလိုက်သည်။

“ဘယ်သူက ငါတို့မှာ လေတပ်မရှိဘူးလို့ ပြောတာလဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“မင်း တပ်ဖွဲ့ကို မြန်မြန်စုစည်းပြီး လေကြောင်းတိုက်ပွဲအတွက် ပြင်ဆင်ထား။”

ရှုံးတိသည် တဒင်္ဂ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ‘ဟုတ်ကဲ့’ ဟုပြန်ဖြေလိုက်လေသည်။

ရှုံးတိသည် တပ်ဖွဲ့ကို အမြန်ဆုံးပြင်ဆင်ပြီးနောက် ရှောင်းယီအား အစီရင်ခံလိုက်သည်။

“ကျွန်းပိုင်ရှင် တပ်ဖွဲ့စုည်းပြီးပါပြီ။ ကျေးဇူးပြုပြီး အမိန့်ပေးပါ။”

ရှောင်းယီက ခေါင်းညိတ်ပြီး လက်ခါလိုက်ကာ စနစ်အာကာသထဲမှ လေကြောင်းခံတပ်ကို ထုတ်ပေးလိုက်လေသည်။

ချက်ချင်းပင် သင်္ဘောကြီးဘေးတွင် လေကြောင်းခံတပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။

ရှုံးတိသည် ရုတ်တရက် ဧရာမလေသင်္ဘောကြီးနဲ့ လေသင်္ဘောအောက်တွင် ချိတ်ဆွဲထားသော ဧရာမတောင်းကြီးကို မြင်လိုက်ရသောအခါ လုံးဝကြက်သေသေသွားခဲ့သည်။

“တက်ကြ။ ဒါကို လုပ်ဆောင်ရတာက အရမ်းရိုးရှင်းတယ်။ သွားပြီး အဲဒီမီးကုံးတွေအားလုံးကို ပစ်ချလိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ရှုံးတိက အသံပြတ်ပြတ်ဖြင့် ပြန်ဖြေလိုက်သည်။

ပြီးနောက် သူသည် တပ်ဖွဲ့ကို လေကြောင်းခံတပ်ပေါ်သို့ တက်ရန် ညွှန်ကြားလိုက်လေသည်။ အနည်းငယ်လေ့လာပြီးနောက် မည်သို့လည်ပတ်ရမည်ကို သူနားလည်သွားခဲ့သည်။

SSS အဆင့်တွင်ရှိသည့်ပစ္စည်းသည် အနည်းနှင့်အများ ဉာဏ်ရည်တုလည်ပတ်ရေးစနစ် ရှိလိမ့်မည်ဖြစ်သည်။

ထို့ပြင် ဉာဏ်ရည်တုလည်ပတ်ရေးစနစ်ဆိုသည်မှာ ပြဿနာမရှိဘူးဟုဆိုလိုခြင်းဖြစ်ကာ ရိုးရှင်းပြီး နားလည်ရလွယ်သည်။

မူရင်းကုန်းမကြီးမှ မြင့်တက်လာသော မီးပုံးပျံများထဲတွင် အမှန်တကယ်ပင် SSS အဆင့်မှော်ဆရာ သုံးယောက် ရှိနေခဲ့သည်။ ၎င်းတို့သည် အဓိကအင်အားစုကြီးသုံးခုမှဖြစ်သော်လည်း အားလုံးသည် နောက်ကွယ်တွင် ပုန်းကွယ်နေပြီး ထို SS အဆင့်မှော်ဆရာများကို ရှေ့တန်းမှ ထိုးစစ်ဆင်ခိုင်းနေခဲ့သည်။

ဆီးနှင်းသစ်ရွက်မြို့၏မှော်ဆရာသည် ရှေ့ဆုံးမှ ဦးဆောင်ရမည့် ကံကြမ္မာမှ လွတ်မြောက်အောင် မရှောင်ရှားနိုင်ခဲ့ချေ။ သူစီးလာသည့် မီးပုံးပျံသည် ပထမတန်းတွင် ဖြစ်နေပြီး ရှောင်းယီ၏သင်္ဘောကြီးဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားနေခဲ့သည်။

“မှော်ဆရာ ကြည့်ကြည့် အရှေ့မှာဘာရှိနေတာလဲ။”

စစ်သားတစ်ယောက်က ရုတ်တရက် ရှေ့ဘက်ကို ညွှန်ပြပြီး အော်ဟစ်လိုက်သည်။

ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဧရာမလေသင်္ဘောကြီးနှစ်စင်းသည် ကောင်းကင်သို့ မြင့်တက်လာနေပြီး လေသင်္ဘောအောက်တွင်လည်း ဧရာမတောင်းကြီးများ ချိတ်ဆွဲထားလေသည်။

“မကောင်းတော့ဘူး။ ရန်သူ့ဘက်မှာလည်း လေတပ်တွေရှိနေပြီ။ အခုချက်ချင်း အရှိန်လျှော့လိုက်။”

ဆီးနှင်းသစ်ရွကိမှော်ဆရာက ချက်ချင်းအမိန့်ပေးလိုက်သည်။

သို့သော်လည်း မီးပုံးပျံများ၏မြန်နှုန်းကို ထိန်းချုပ်ရသည်မှာ အလွန်ခက်ခဲပေသည်။ သူတို့ကိုယ်တိုင်က လေတိုက်နှုန်းကို အားကိုးပြီး ရှေ့ဆက်သွားနေရခြင်းဖြစ်သည် အရှိန်လျှော့ချင်လျှင် လေအပူပေးစနစ်ကို ပိတ်ပြီး မီးပုံးပျံများကို အောက်သို့ကျဆင်းသွားစေရုံသာ တတ်နိုင်ပေလိမ့်မည်။

နောက်မှလိုက်လာသော SSS။အဆင့်မှော်ဆရာများသည် ဆီးနှင်းသစ်ရွက်မှော်ဆရာ၏လှုပ်ရှားမှုကို အလျင်အမြန်မြင်သွားခဲ့ပြီး ချက်ချင်းပင် အသံကျယ်ကျယ်နှင့် စစ်ဆေးမေးမြန်းလိုက်သည်။

“ဆီးနှင်းသစ်ရွက်မှော်ဆရာ မင်းဘာလုပ်နေတာလဲ။”

“ရန်သူ့ဘက်မှာ လေတပ်ရှိနေပြီ။ အဲ့ဒါက ကျုပ်တို့ မီးပုံးပျံတွေထက် အများကြီးပိုအဆင့်မြင့်တယ်။ အခုချက်ချင်းဆုတ်ခွာဖို့ အကြံပြုပါတယ်။”

“ဟမ့် ရန်သူ့ဘက်မှာ လေတပ်နှစ်ခုပဲရှိတာ။ ငါတို့မှာ မီးပုံပျံတွေ အများကြီးရှိတယ်။ ဒါတောင် မင်းက တကယ်ပဲ ကြောက်နေတယ်။ တကယ်ကို အရှက်ရစရာပဲ။”

“မှန်တယ်။ လူအယောက်နှစ်ဆယ်နဲ့ တစ်ယောက်ဆိုရင် တစ်ယောက်ဘက်က အမြဲတမ်းရှုံးမှာပဲ။ အဲ့ဒီအပြင်လူကို အနိုင်ယူလိုက်တာနဲ့ ငါတို့အတွက် အထူးကြွာ်ဝတဲ့ ဆုလာဘ်တွေ ရလာလိမ့်မယ်။”

“ဟုတ်တယ်။ သူတို့သင်္ဘောပေါ်က အမြောက်တွေက လူပုတွေ လုပ်ထားတဲ့ အမြောက်တွေထက် ပိုကောင်းတယ်။”

“ဆီးနှင်းသစ်ရွက်မှော်ဆရာ မင်းဘယ်တုန်းက ဒီလောက်ကြောက်တတ်သွားတာလဲ။”

All Chapters