← Chapters

အခန်း (၆၇၅-၆၇၆)

Vol. 51 Ch. 675-676

အခန်း (၆၇၅-၆၇၆)

Vol. 51 Ch. 675-676

အခန်း ၆၇၅ - လေတပ်၏ချီးကျူးဖွယ်ရာ စွမ်းပကား

ထိုကဲ့သို့သော လှောင်ပြောင်မှုကို ရင်ဆိုင်လိုက်ရသော်လည်း ဆီးနှင်းသစ်ရွက်မှော်ဆရာသည် သူ၏လုပ်ဆောင်မှုများကို ရပ်တန့်ခြင်း မရှိဘဲ သူ၏လက်အောက်ငယ်သားများအား မီးပုံးပျံများကို ဆင်းသက်ရန် အမိန့်ပေးလိုက်သည်။

“မင်းတို့ ဆီးနှင်းသစ်ရွက်မြို့က ငါတို့အမိန့်ကို ဖီဆန်ဖို့ ကြိုးစားနေတာလား။”

နောက်မှလိုက်လာသော SSS အဆင့်မှော်ဆရာက မေးလိုက်သည်။

“ဟမ့် မင်းတို့က ငါ့ရဲ့ ဆီးနှင်းသစ်ရွက်မြို့ကို တိုက်ခိုက်ဖို့ စစ်တပ်စေလွှတ်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီးလုပ်ပါ။ အဲ့လိုဖြစ်လာရင် ငါက ဆီးနှင်းသစ်ရွက်မြို့ကို စွန့်လွှတ်လိုက်ဖို့ ဝန်မလေးဘူး။ ဒါပေမယ့် အခုအချိန်ကစပြီး မင်းတို့က အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရန်သူကို ရင်ဆိုင်ရလိမ့်မယ်။ သူတို့ ဘယ်အချိန်မှာ ခုန်ထွက်လာပြီး မင်းတို့ရဲ့လှုပ်ရှားမှုတွေကို အနှောက်အယှက်ပေးမလဲဆိုတာတော့ မသိနိုင်ဘူးပေါ့။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက အေးစက်စွာ ပြန်ဖြေလိုက်သည်။

“မင်းက ငါတို့ကို ခြိမ်းခြောက်နေတာလား။”

နောက်မှလိုက်လာသော SSS အဆင့်မှော်ဆရာသည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ကာ မေးလိုက်သည်။

“မင်းက အဲ့လို့ထင်ရင်လည်း အဲ့လိုပဲပေါ့။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက အေးစက်စွာ ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် အခြား SSS အတင့်မှော်ဆရာတစ်ဦးက လျှို့ဝှက်စွာပြောလိုက်သည်။

“သူ့မှာ အဆင့်မြင့်မှော်ဆရာတွေကို ခုခံနိုင်စွမ်းရှိစေတဲ့ ကိရိယာတွေရှိလို့ ငါကြားဖူးတယ်။ သူ့ကိုသွားခိုင်းလိုက်ပါ။ သူတစ်ယောက်မရှိတာနဲ့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။”

“ဟမ့် ဒီတစ်ခါတော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။ ရန်သူကိုအနိုင်ယူပြီးရင် မင်းအတွက် ဘာဝေစုမှ ရှိတော့မှာမဟုတ်ဘူး။”

ဆီးနှင်းသစ်ရွက်မှော်ဆရာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းတို့ရဲ့ ပစ္စည်းတွေကို ငါလုံးဝစိတ်မဝင်စားဘူး။”

ထိုသို့ပြောနေစဉ်အတွင်း ‌ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ပင်လယ်မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး ချက်ချင်းပင် ဆီးနှင်းသစ်ရွက်မြို့၏ လှေငယ်ပေါ်သို့တက်ကာ ကမ်းဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

“အရှင်မှော်ဆရာ ကျုပ်တို့ ဒီလိုပဲ လက်လျှော့လိုက်တော့မှာလားယ”

သူ့နားရှိ လက်အောက်ငယ်သားတစ်ဦးက မေးလိုက်သည်။

ဆီးနှင်းသစ်ရွက်မှော်ဆရာက အေးစက်သောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“SSS အဆင့်မှော်ဆရာကို ကိုင်တွယ်နိုင်တဲ့ ရန်သူက ဘယ်လိုမှ ရိုးရှင်းမှာမဟုတ်ဘူး။ ဒါ့အပြင် တစ်ဖက်လူမှာ အခု လေတပ်ရှိနေပြီ။ ဒါကိုကြည့်လိုက်ရင် သူတို့ လုံးဝအကျိုးကျေအမြတ်ရမှာမဟုတ်ဘူး။”

မီးပုံးပျံတပ်မတော်သည် ရှောင်းယီတို့ဘက်သို့ ချဉ်းကပ်နေစဉ် လေကြောင်းခံတပ်သည်လည်း မီးပုံးပျံများနှင့် တစ်တန်းတည်း မြင့်တက်လာနေပြီဖြစ်သည်။

“နောက်ထပ်ဆယ်မီတာ ထပ်မြှင့်ပြီး အကြီးစားဒူးလေးတွေကို အဆင်သင့်ပြင်ထား။”

ရှုံးတိက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

လေကြောင်းခံတပ်သည် ချက်ချင်းပင် နောက်ထပ်ဆယ်မီတာ မြင့်တက်သွားခဲ့သည်။ ရှုံးတိသည် ဤလေကြောင်းခံတပ်သည် အလွန်တည်ငြိမ်ပြီး ညီညာသောမြေပြင်ပေါ်တွင်ရှိခြင်းနှင့် လုံးဝမခြားနားဟုပင် ခံစားနေရသည်။

နောက်ထပ်ဆယ်မီတာ မြင့်တက်သွားပြီးနောက် လေကြောင်းခံတပ်သည် လေထဲတွင် ဝေ့ဝဲလျက် ရပ်တန့်လိုက်လေသည်။ လက်ရှိအချိန်တွင် သူတို့နှင့် မီတာနှစ်ဆယ်ခန့်အကွာတွင်ရှိနေသော မီးပုံးပျံများကို ကြည့်ရှုပြီး ရှုံးတိသည် လက်ဟန်ပြလိုက်သည်။

“ပစ်...။”

လေသင်္ဘောပေါ်ရှိ အကြီးစားဒူးလေးကြီးများသည် ချက်ချင်းပင် ပစ်ခတ်တော့လေသည်။

ရှုံးတိ ဦးဆောင်သော စစ်သားများအားလုံးသည် ကျန်းယွင်ထျန်းမှ တင်းကျပ်စွာလေ့ကျင့်ပေးထားသော စစ်သားများဖြစ်သည်။ အကြီးစားဒူးလေးကဲ့သို့သော လက်နက်မျိုးသည် သူတို့ကျွမ်းကျင်ရမည့် အခြေခံလက်နက်ဖြစ်သည်။

အကြီးစားဒူးလေးများသည် နှေးကွေးစွာ ရွေ့လျားနေသည့် ကြီးမားသော မီးပုံပျံများကို ပစ်ခတ်ရန်အတွက် တမင်တကာ ပစ်မှတ်ထားရန်ပင် မလိုအပ်ပေ။

ဝူစ်ရှ်၊ ဝူစ်ရှ်၊ ဝူစ်ရှ်။

လေသင်္ဘောထဲမှ ကြီးမားထူးကဲသော မြားများ ပျံထွက်လာကာ ထိုမီးပုံးပျံများအား အလွယ်တကူ ထိုးခွဲနိုင်ခဲ့သည်။

၎င်းတို့သည် ပထမတန်းရှိ မီးပုံးပျံများအားလုံးကို ထိုးခွဲပစ်လိုက်၏။ အပေါက်ဖြစ်သွားသော မီးပုံးပျံများသည် အလျင်အမြန် အောက်သို့ကျဆင်းလာခဲ့ကြသည်။

ထိုအခါမှသာ နောက်တန်းမှ မီးပုံးပျံများသည် လေသင်္ဘောပေါ်၌ အကြီးစားဒူးလေးကြီးများကဲ့သို့သော သေစေနိုင်သည့်လက်နက်များရှိကြောင်း သတိထားမိသွားခဲ့သည်။

“အားလုံးမြင့်တက်ပြီး သူတို့အနားကို ချဉ်းကပ်လိုက်။”

နောက်တန်းတွင်ရှိနေသော SSS အဆင့်မှော်ဆရာ အော်ဟစ်လိုက်သည်။

မီူပုံးပျံအားလုံးပေါ်ရှိ စစ်သားများသည် လောင်စာထည့်ရန် ကြိုးစားခဲ့ကြပြီး မိမိတို့၏မီပုံးပျံများကို ရှုံးတိတို့၏လေသင်္ဘောနှင့် တစ်တန်းတည်းဖြစ်အောင် မြှင့်တင်ရန် ကြိုးစားလိုက်ကြသည်။

ရှုံးတိသည် ၎င်းတို့၏နှေးကွေးသောအရှိန်ကို ကြည့်ရှုကာ သူ၏နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကို တွန့်ကွေးလိုက်သည်။

“ဆက်ပြီးတိုက်ခိုက်ကြ။ သူတို့ ငါတို့ကို ဖမ်းမိနိုင်တော့မယ့်အချိန်ကျရင် အပေါ်ထပ်မြှင့်မယ်။”

“ဟုတ်ကဲ့။”

လေသင်္ဘောထဲမှ မြားများသည် ဆက်လက် ပစ်ခတ်နေခဲ့ပြီး ပစ်လွှတ်လိုက်သော မြားတိုင်းလိုလိုသည် မီူပုံးပျံတစ်ခုကို ပေါက်ကွဲသွားစေနိုင်ခဲ့သည်။

ထို့ကြောင့် မီးပုံပျံများစွာသည် ပင်လယ်ဘက်သို့ ကျဆင်းလာခဲ့ကြသည်။

ထိုအချိန်တွင် ထိုမီူပုံးပျံများ၏ တည်နေရာများသည် ရှောင်းယီ၏သင်္ဘောကြီးနှင့် နီးကပ်နေပြီဖြစ်သောကြောင့် သူတို့ကျဆင်းသွားသော နေရာများသည်လည်း ရှောင်းယီ၏သင်္ဘောနှင့် အတော်လေးနီးကပ်နေခဲ့သည်။

“သင်္ဘောပေါ်က လေးသမားတွေ အသင့်ပြင်ထား။ အကွာအဝေးကို ထိန်းသိမ်းပြီး ရေထဲကျလာတဲ့သူတွေကို ဆက်ပစ်မယ်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

“ချင်းလုံ အဲ့ဒီမှော်ဆရာတွေကို ရှင်းလင်းတဲ့နေရာမှာ အာရုံစိုက်ထား။ သူတို့ကို သတိလစ်အောင်လုပ်ပြီး ဒီပေါ်ကို ပစ်တင်လိုက်။”

ရှောင်းယီသည် ပင်လယ်ထဲတွင်ရှိနေသော ချင်းလုံအား ပြောလိုက်သည်။

ချင်းလုံသည် စကားမများကြီးမပြောတော့ဘဲ ထိုမီးပုံးပျံများ ရေထဲကျသွားသောနေရာများဆီသို့ ကူးခတ်သွားခဲ့သည်။

ထိုရိုက်ချခံလိုက်ရသော မီးပုံပျံများထဲတွင် S အဆင့် သို့မဟုတ် SS အဆင့်များကို ပါဝင်သည်။ ရေထဲသို့ ကျသွားပြီးနောက် မီးပုံပျံများသည် နောက်ထပ်အချိန်ခဏကြာအောင် ခံနိုင်ရည်ရှိသေးသည်။

သို့သော် ချင်းလုံသည် မီးပုံးပျံများကို ပင်လယ်မျက်နှာပြင်ပေါ်တွင် တည်ငြိမ်စွာ တည်ရှိနေခွင့်ပေးမည်မဟုတ်ပေ။ သူသည် ရေကို လှိုင်းတံပိုးများဖြစ်ပေါ်လာစေရန် အသာအယာ လှည့်ပတ်ကူးခတ်လိုက်ရုံဖြင့် မီးပုံးပျံများ တိမ်းစောင်းသွားခဲ့ရသည်။

“အား...”

မီးပုံးပျံအတွင်းတွင်ရှိနေသော လူအားလုံး ရေထဲသို့ ပြုတ်ကျသွားခဲ့ကြသည်။

ထိုမှော်ဆရာများသည် ချင်းလုံကို စိတ်ဝိဉာည်တိုက်ခိုက်မှုများ အသုံးပြုရန် ကြိုးစားခဲ့ကြသော်လည်း ချင်လုံသည် ရေအောက်တွင် ပုန်းအောင်းနေပါက စိတ်ဝိဉာည်တိုက်ခိုက်မှုများ၏စွမ်းအားကို အားနည်းသွားစေကြောင်း တွေ့ရှိခဲ့ရသည်။

အဆင့်တူမှော်ဆရာများ၏တိုက်ခိုက်မှုများသည် ချင်းလုံအား လုံးဝအကျိုးသက်ရောက်မှုမရှိပေ။ အဆင့်ပိုမြင့်သောမှော်ဆရာများ၏တိုက်ခိုက်မှုများသာ ၎င်းကိုသက်ရောက်မှုရှိစေမည်ဖြစ်သည်။

သို့သော် ထိုမှော်ဆရာများသည် မိမိကိုယ်မိမိ နစ်မြုပ်မသွားရန် ကာကွယ်နေရာသည်သာမက သင်္ဘောဆီမှတိုက်ခိုက်မှုများကိုပါ ကာကွယ်ရန် လိုအပ်သည်။ သူတို့သည် ရေအောက်ရှိ တည်နေရာမသိရသော ချင်လုံကို တိုက်ခိုက်ရန်အတွင် သူတို့၏စိတ်ဝိဉာည်ကို ခွဲထုတ်ရန် အခွင့်အရေးမရှိပေ။

ထို့ကြောင့် ချင်းလုံသည် အခွင့်အရေးရှာဖွေကာ လျှို့ဝှက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်သာ လိုအပ်သည်။

လေထဲရှိ မီးပုံးပျံများသည် နောက်ဆုံးတွင် လေကြောင်းခံတပ်၏အမြင့်ကို လိုက်မီနိုင်လုနီးပါး ဖြစ်သွားခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူတို့မလိုက်မီနိုင်ရန် တဒင်္ဂအလိုတွင် လေသင်္ဘောသည် နောက်ထပ်ပိုမိုမြင့်တက်သွားသည်ကို မျှော်လင့်မထားဘဲ တွေ့ရှိခဲ့ကြရလေသည်။

“သူတို့ အပေါ်ကို ထပ်ပြီးမြင့်တက်နိုင်သေးတာလား။ ပြီးတော့ အရှိန်ကလည်း အရမ်းမြန်လွန်းမနေဘူးလား။”

“သူတို့ရဲ့ လေသင်္ဘောက အရမ်းမြန်တယ်။ ငါတို့ လိုက်မမီနိုင်ဘူး။ ငါတို့ ပြန်ပြီးဆုတ်ခွာသင့်တယ်။ မဟုတ်ရင် တစ်ခုပြီးတစ်ခု ပစ်ချခံရလိမ့်မယ်။”

“အမှန်ပဲ အမြင့်ကို အခုချက်ချင်း လျှော့ချပြီး ဆုတ်ခွာဖို့ အသင့်ပြင်ကြ။”

ထိုအချိန်တွင် နောက်တန်းတွင်ရှိနေသော SSS အဆင့်မှော်ဆရာသုံးဦးသည်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိသွားခဲ့သည်။

“ဒီပြင်လူဆီမှာ ဒီလိုမျိုးအဆင့်မြင့်မားပစ္စည်းရှိနေမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။”

“ဒါပေမယ့် နောက်ဆုံးတိုက်ပွဲတုန်းက သူတို့မှာ ဒီဟာမရှိဘူးမို့လား။”

“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အကျိုးသက်ရောက်မှုပဲဖြစ်ရမယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဘယ်လောက်တောင်အံ့ဩဖွယ်ကောင်းတယ်ဆိုတာ ခင်ဗျားတို့ သိပြီးသားဖြစ်မှာပါ။”

အခြားမှော်ဆရာနှစ်ဦးက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

“လူဦးရေနည်းပါးပေမယ့် အဲ့ဒီအပြင်တွေ ဒီလောက်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာတာ မအံ့ဩစရာတော့ဘူး။”

“သူတို့ကို အခုချက်ချင်းသတ်ပစ်ဖို့ ကြိုးစားတာက သိပ်မဖြစ်နိုင်ပုံပဲ။”

“ဒါဆို ဘာလုပ်မှာလဲ။ ငါတို့လည်း ဆုတ်ခွာကြမလား။”

“ဆုတ်ခွာကြရအောင်။ ပင်လယ်ထဲကျသွားရင် ငါတို့ရဲ့အားသာချက်တွေ လုံးဝပျောက်ဆုံးသွားလိမ့်မယ်။”

ဆွေးနွေးမှုအနည်းငယ် ပြုလုပ်ပြီးနောက် SSS-အဆင့်မှော်ဆရာသုံးဦး၏ မီးပုံးပျံများသည် ချက်ချင်းပင် အလျင်အမြန် ဆင်းသက်သွားခဲ့ကြသည်။

သူတို့သုံးဦးသည် တပ်ဖွဲ့၏နောက်ဆုံးတွင်ရှိနေပြီး လေကြောင်းခံတပ်နှင့် အတော်လေးဝေးကွာနေသောကြောင့် အချိန်တစ်ခုထိ လေသင်္ဘော၏တိုက်ခိုက်ခြင်းခံရမည်ကို စိုးရိမ်စရာမလိုပေ။

“နောက်ဆုံးက အင်ပါယာမှော်ဆရာသုံးယောက်က ရှက်စရာအရမ်းကောင်းတယ်။ သူတို့က တိုက်ရိုက်ဆုတ်ခွာဖို့ ရွေးချယ်လိုက်တာပဲ။”

“ဟုတ်တယ်။ သူတို့က ငါတို့ကို အစားထိုးစစ်သားတွေအဖြစ် အသုံးပြုနေတာ။ ဆီးနှင်းသစ်ရွက်မှော်ဆရာ အရမ်းပြတ်ပြတ်သားသားသား ထွက်သွားတာ အံ့ဩစရာမရှိဘူး။”

“ဒါပေမယ့် ငါတို့မှာ ဆီးနှင်းသစ်ရွက်မှော်ဆရာလို စွမ်းရည်မျိုးမရှိဘူး။ ငါတို့သာ သူတို့ကို ဖီဆန်လိုက်ရင် ငါတို့မြို့တွေကို သူတို့အင်ပါယာက မကြာခင်မှာပဲ သိမ်းပိုက်လိုက်လိမ့်မယ်။”

“အို နောက်ဆုံးတော့ စွမ်းအားကပဲ စကားပြောတာပါပဲ။”

ရှေ့ဆုံးရှိ မီးပုံးပျံများသည် အင်ပါယာသုံးခု၏မှော်ဆရာများ၏ရှက်ဖွယ်ကောင်းမှုကို မကျေမနပ်ပြောဆိုနေကြရင်း ပင်လယ်ဘက်သို့ အလျင်အမြန်ဆင်းသက်လာခဲ့သည်။

ထိုမီးပုံပျံများ ပင်လယ်ဘက်သို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ ရန်သူ့သင်္ဘောများသည်လည်း ရှောင်းယီတို့ဘက်သို့ ရွက်လွှင့်လာကာ ရေထဲကျသွားသည့် မိတ်ဆွေများကို ကယ်ဆယ်ရန် ကြိုးစားလိုက်ကြသည်။

“ကျန်းရွဲ့ အမြောက်တွေ ပစ်ပြီး သူတို့ လာပြီးကယ်ဆယ်တာကို တားဆီးလိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် ဝေါ်ကီတော်ကီကို ထပ်မံကောက်ယူလိုက်သည်။

“ရှုံးတိ နောက်ဆုံးက မီးပုံးပျံသုံးခုကို မြင်လား။ သူတို့ကို ပင်လယ်ထဲ မြန်မြန်ဆင်းသက်နိုင်အောင် ကူညီပေးလိုက်ပါ။”

အခန်း ၆၇၆ - ဖမ်းဆီးခံရသူများ၊ ချင်းလုံ ဒဏ်ရာရခြင်း၊ ထပ်မံငွေညှစ်ခြင်း

“ဟုတ်ကဲ့”

ရှုံးတိက ပြန်ဖြေပြီးနောက် အခြားဆင်းသက်နေသော မီးပုံပျံများကို လစ်လျူရှုကာ လေသင်္ဘောကို တည့်တည့်မောင်းနှင်သွားခဲ့သည်။

လေသင်္ဘောသည် လေတင်ဘက်သို့ တည့်တည့်မောင်းနှင်လာခဲ့သည်။ ၎င်းတို့၏ပစ်ကွင်ထဲသို့ ဝင်ရောက်လာသောအခါ နောက်မှရှိသော မီးပုံးပျံသုံးခုဆီသို့ ပစ်ခတ်ကြတော့သည်။

ဆင်းသက်နေဆဲဖြစ်သော မီးပုံးပျံထဲရှိ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို အံ့အားသင့်စွာ ငေးကြည့်နေခဲ့ကြသည်။

“ဒါက ဘာပစ္စည်းလဲ။ လေကိုဆန့်ကျင်ပြီး ပျံသန်းနေတာလား။”

“ဟုတ်တယ်။ ငါတို့ရဲ့မီးပုံးပျံတွေလိုမျိုး လေကို ကျောပေးစရာ မလိုဘူးလား။”

“ပြီးတော့ ဘာလို့ ဒီလောက်တောင်မြန်နေရတာလဲ။”

SSS အဆင့်မှော်ဆရာသုံးဦးသည် ဆင်းသက်နေစဉ် လေသင်္ဘော၏အရှိန်ကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

“မြန်မြန် ငါတို့ ပိုပြီးမြန်မြန်ဆင်းရမယ်။”

“မှန်တယ်။ သူတို့ ငါတို့မီးပုံးပျံတွေကို ဖျက်ဆီးလာမှာကို တားဆီးကြ။”

သို့သော် ထိုအချိန်တွင် အရှိန်မြှင့်တင်ရန်မှာ နောက်ကျလွန်းနေပြီဖြစ်သည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

လေသင်္ဘောနှစ်ခုလုံးရှိ အကြီးစားဒူးလေးကြီးများမှ အသံများ မြည်ဟီးလာခဲ့သည်။

သူတို့သည် မီးပုံပျံတစ်ခုစီကို ဒူးလေးမြား လေး၊ ငါးချောင်းဖြင့် ကြိုဆိုပေးလိုက်သည်။

ဗြိ ဗြိ

မီးပုံးပျံသုံးခုလုံး ပေါက်ပြဲသွားခဲ့သည်။ လူစီးတောင်းများသည် ပင်လယ်ဆီသို့ လွတ်လွတ်ကျွတ်ကျွတ် ပြုတ်ကျသွားကြတော့လေသည်။

SSS အဆင့်မှော်ဆရာသုံးဦးသည် သူတို့၏လူစီးတောင်းများကို တစ်ချိန်တည်းလိုလို ဖျက်ဆီးလိုက်ပြီး သစ်သားပြားများကို အောက်ဘက်သို့ ပစ်ချကာ ၎င်းတို့နောက်သို့ ခုန်ချသွာစခဲ့ကြသည်။

ဗွမ်း

မီးပုံးပျံများပေါ်ရှိ စစ်သားများသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ရပြီး မှော်ဆရာများသည်မူ သစ်သားပြားများပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လာခဲ့ကြသည်။

ခရက်

ဧရာမနဂါးအမြီးတစ်ခုသည် ရေမျက်နှာပြင်ထဲမှ ဖောက်ထွက်လာကာ ထိုသုံးဦးကို ရိုက်နှက်လိုက်လေသည်။

“ဒါက အဲ့ဒီသတ္တဝါပဲ။ အတူတူလုပ်ကြရအောင်။ စိတ်ဝိညာည်ပေါက်ကွဲမှု...။”

မှော်ဆရာတစ်ဦးက အော်ဟစ်လိုက်သည်။

ရှောင်းယီသည် လေကြောင်းခံတပ်အား အကွာအဝေးကို ထိန်းသိမ်းထားရန်နှင့်မှော်တဆရာသုံးဦးကို ဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ကောင်းကင်ယံမှ မြားမိုးများ ရွာသွန်းလာခဲ့ပြီး ၎င်းတို့ကို ဖုံးလွှမ်းသွားခဲ့သည်။

မှော်ဆရာများသည် ပင်လယ်မှ ပျဉ်ပြားများကို ဆတ်ခနဲဆွဲယူကာ မြားများကို တားဆီးလိုက်ကြသည်။

သို့သော် ဝါးမြားများ၏ ထိုးဖောက်နိုင်စွမ်းကို သူတို့ အထင်သေးလွန်းခဲ့သည်။ သူတို့အလျင်အမြန်ကောက်ယူလိုက်ကြသော သစ်သားပြားများသည် မြားမိုးအား ရပ်တန့်နိုင်ခဲ့ခြင်းမရှိပေ။

ထပ်!

မှော်ဆရာတစ်ဦးစီသည် ဒူးလေးမြှား နှစ်ချောင်း၊ သုံးချောင်းဖြင့် ထိမှန်ခံလိုက်ရလေသည်။

ကံကောင်းထောက်မစွာပင် သူတို့၏ စိတ်ဝိဉာည်ပေါက်ကွဲမှုသည် ချင်းလုံကို ဒဏ်ရာရသွားစေခဲ့ပြီး ရေအောက်သို့ ဖြည်းဖြည်းချင်းနစ်မြုပ်သွားစေခဲ့သည်။ သို့မဟုတ်ပါက ထိုနဂါးသည် သူတို့ကို သေချာပေါက် ရိုက်နှက်ပစ်လိုက်မည်ဖြစ်သည်။

ရှောင်းယီသည် နာ့နာနှင့်အတူ ရေအောက်သို့ ချက်ချင်းငုပ်ဆင်းသွားပြီး ချင်းလုံကို ရှာဖွေကာ သူမအား ၎င်းကို ကုသခိုင်းလိုက်သည်။

လေကြောင်းခံတပ်သည် ရပ်တန့်မည့်လက္ခဏာ မပြခဲ့ပေ။ မှော်ဆရာများ၏ စိတ်ဝိဉာည်ပေါက်ကွဲမှုများသည် ထိုအမြင့်သို့ မရောက်ရှိနိုင်ခဲ့ပေ။

“ငါတို့ ဒီတစ်ခါတော့ တကယ်ပဲ မှားသွားပြီ။”

“ငါတို့သာ ဆီးနှင်းသစ်ရွက်မြို့ရဲ့ မှော်ဆရာတွေနဲ့အတူ ဆုတ်ခွာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။”

သို့သော် ဤကမ္ဘာတွင် နောင်တအတွက် ဆေးမရှိချေ။

ကာ်ဆယ်ရန်ထွက်လာကြသော ဒေသခံများ၏သင်္ဘောကြီးများသည်လည်း အနီးသို့ ကပ်လာနိုင်ခြင်းမရှိပေ။ ကျန်းရွှဲ့၏ အမြောက်များက ၎င်းတို့ကို ဆက်တိုက်ဆုတ်ခွာနေစေခဲ့သည်။

“ငါတို့ အညံ့ခံပါတယ်။”

မှော်ဆရာသုံးဦးသည် ချက်ချင်းပင် အညံ့ခံလိုက်ကြသည်။ သူတို့သည် မြင့်မြတ်အလင်းမှော်ဆရာကဲ့သို့ ရှင်လျက်နှင့်သေနေရသောဘဝမျိုးကို မလိုမရှိကြချေ။

သူတို့၏အညံ့ခံသည့်အသံကို ကြားလိုက်ရသောအခါ ရှောင်းယီက ရှုံးတိအား အမိန့်ပေးလိုက်သည်။

“ဆက်ပစ်။ မရပ်နဲ့။”

“ဟုတ်ကဲ့။”

ရှောင်းယီ၏အမိန့်ဖြင့် ရှုံးတိ၏တပ်ဖွဲ့ဝင်များသည် ပို၍ပင်ပျော်ရွှင်စွာ ပစ်ခတ်ကြတော့သည်။

အခြားပေါလောပေါ််နေသော မှော်ဆရာများသည် အင်ပါယာသုံးဦး၏ အခြေအနေကို မြင်လိုက်ရသောအခါ ၎င်းတို့သည် ချက်ချင်းပင် အညံ့ခံကြောင်း အော်ဟစ်ကြတော့သည်။

ထိုလူများကိုမူ ရှောင်းယီက လက်ခံလိုက်သည်။ ၎င်းတို့၏အဆင့်သည် သူ့အတွက် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။

သို့သော် ထို SSS အဆင့်မှော်ဆရာသုံးဦးအား ထိန်းချုပ်ရန်မှာ အန္တရာယ်များလွန်းလှပေသည်။ ပထမဆုံးအနေဖြင့် သူတို့ကို ဒုက္ခိတဖြစ်စေရန်ဟူသည် ရွေးချယ်စရာတစ်ခုသာ ရှိပေသည်။

နာ့နာသည် ချင်းလုံအား အရေးပေါ်ကုသမှုပေးခဲ့ပြီး ကြီးမားသောသင်္ဘောပေါ်တက်ရန် လုံလောက်ရုံအချိန်မျှသာ ၎င်းကို နိုးထစေခဲ့သည်။

၎င်း၏အရွယ်အစားကြောင့် ရှောင်းယီသည် ၎င်းကို တစ်ခြားနည်းလမ်းဖြင့် မတင်ဆောင်နိုင်ခဲ့ပေ။

သင်္ဘောပေါ်သို့ရောက်သောအခါ သူသည် ၎င်းကို အိမ်သို့ပြန်ပို့ရန် ဦးတည်ချက်ကျောက်တုံးကို အသုံးပြုလိုက်သည်။

နာ့နာ၏အဆိုအရ ချင်းလုံသည် အသက်အန္တရာယ်မရှိသော်လည် ရေရှည်ပြန်လည်အားမွေးရန်လိုအပ်ပေသည်။

ရေရှည်အနားယူရန် လိုအပ်သောကြောင့် ဤနေရာတွင် ရည်ရွယ်ချက်မရှိဘဲ နေနေရခြင်းသည် အဓိပ္ပါယ်မရှိပေ။ အိမ်ပြန်လိုက်ခြင်းက ပို၍လုံခြုံပေသည်။

ရှောင်းယီ၏ကျွန်းအနီးသို့ ပြန်ရောက်သောအခါ ချင်းလုံသည် အိပ်ပျော်သည့်အခြေအနေသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

လေကြောင်းခံတပ်သည် မှော်ဆရာသုံးဦးအား နာရီဝက်လုံးလုံးကြာသည်အထိ မြားများဖြင့် သွန်းလောင်းပြီးနောက် ရှောင်းယီသည် နောက်ဆုံးတွင် ရပ်တန့်ခိုင်းလိုက်လေသည်။

ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသော ရှောင်းယီသည် ထိုနေရာသို့ လှေငယ်တစ်စင်းဖြင့် လှော်ခတ်သွားလိုက်ပြီး ထိုသုံးဦးသည် အလွန်အမင်းဒဏ်ရာအပြင်းအထန်ရကာ စွမ်းအင်များကင်းမဲ့နေသည်ကို တွေ့ရှိလိုက်ရသည်။

“ပြည့်စုံတယ်။ နှစ်ဆရတဲ့အချိန်နဲ့ ဒီထိပ်တန်းအာဏာရှင်တွေကို နောက်တစ်ခါထပ်ပြီး ညှစ်ထုတ်ရမယ်။”

သူက စဉ်းစားလိုက်သည်။

“ဒီတစ်ခါ ငါးဘီလီယံလား။ ဒါမှမဟုတ် ဆယ်ဘီလီယံလား။”

လူပုဘုရင့်နိုင်ငံရှိ ကုန်သွယ်ရေးအရာရှိတစ်ဦးတည်းသည်ပင် ချောင်းတစ်ချက်ဟန့်ရုံဖြင့် ၂ ဘီလီယံနှစ်ကို ရရှိနိုင်သည်။ ဤအကောင်ကြီးများသည် အနည်းဆုံး တစ်ဘီလီယံလောက်တော့ စီမံနိုင်သင့်သည်မဟုတ်လော။

ထို့နောက် သူသည် ထိုလူသုံးဦးကို ချည်နှောင်ကာ နာ့နာအား သူတို့၏ခန္ဓာကိုယ်များကို မည်သည့်အခါမျှ မနိုးထလာနိုင်စေရန် စီမံခိုင်းပြီး ကမ်းဘက်သို့ဦးတည်၍ အော်ဟစ်လိုက်သည်။

“ဒီမှော်ဆရာသုံးဦးရဲ့အာဏာပိုင်တွေ တစ်နာရီအတွင်း အုတ်မြစ်ကျောက်တစ်ဘီလီယံ ယူလာခဲ့။ မဟုတ်ရင် သူတို့သေရမယ်။”

ရှောင်းယီ၏စကားကိုကြားလိုက်ရသောအခါ မြင့်တက်နေမင်းအင်ပါယာ၊ အော်ဂုအင်ပါယာ နှင့် ချင်ကျူးအင်ပါယာ၏ တပ်မတော်များသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။

ရှေ့တန်းစစ်ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့၏ဘုရင်များထံသို့ အစီရင်ခံတင်ပြခဲ့ကြပြီး ဘုရင်သုံးပါးသည် ချက်ချင်းပင် တိုင်ပင်ဆွေးနွေးကြတော့သည်။

“အုတ်မြသ်ကျောက်ကို လက်လွှဲခိုင်းတာက ကျုပ်ကို တကယ်ဒေါသထွက်စေတယ်။ ကျုပ်တို့လည်း ကျုပ်တို့ သိမ်းပိုက်ထားတဲ့ အပြင်လူတွေရဲ့ကျွန်းတွေကို တိုင်းချဲ့ထွင်ဖို့ လိုသေးတယ်။”

“မှန်တယ်။ မှော်ဆရာအသစ်တစ်ယောက်ကိုပဲ ထပ်ပြီးလေ့ကျင့်ပေးကြရအောင်။”

“ဒါက အရမ်းနှေးလွန်းတယ်။ ကျုပ်တို့ရဲ့ ကြီးထွားမှုကိုလည်း ထိန်းထားရဦးမယ်လေ။ မြင့်မြတ်အလင်းဘုရင်ကို မေးကြည့်ကြရအောင်။”

“စိတ်ကူးကောင်းပဲ မြင့်တက်နေမင်း ခင်ဗျားက သူနဲ့အရင်းနှီးဆုံးဆိုတော့ ခင်ဗျားသွားလိုက်ပါ။”

မြင့်တက်နေမင်းဘုရင်က ခေါင်းညိတ်ကာ မြင့်မြတ်အလင်းအင်ပါယာသို့ တိုက်ရိုက်တည်‌နေရာကူးပြောင်းသွားခဲ့သည်။

“ဘယ်လေက ခင်ဗျားကို ဒီကို ခေါ်လာခဲ့တာလဲ။”

မြင့်တက်နေမင်းဘုရင်ကို မြင်လိုက်ရသောအခါ မြင့်မြတ်အလင်းဘုရင်က ပြုံးရယ်ကာ မေးလိုက်သည်။

“ကျုပ် ခင်ဗျားရဲ့မှော်ဆရာ အခြေအနေဘယ်လိုရှိသလဲဆိုတာ မေးဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ။”

မြင့်တက်နေမင်းဘုရင်က ပြန်ဖြေလိုက်သည်။

ထိုအခိုက်တွင် မြင့်မြတ်အလင်းဘုရင်၏ မျက်နှာပေါ်ရှိအပြုံးသည် ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။

“အရမ်းဆိုးတယ်။ ကျုပ် မှော်ဆရာအသစ်တစ်ယောက် ပျိုးထောင်ပေးဖို့ပဲ ဆုံးဖြတ်လိုက်ပြီ။”

“သူ့ဒဏ်ရာတွေက အဲ့ဒီလောက်တောင် ဆိုးလို့လား။ ဆေးကုသမှုမှာနာမည်ကြီးတဲ့ ခင်ဗျားရဲ့ မြင့်မြတ်အလင်းအင်ပါယာတောင်မှ သူ့ကို မကယ်တင်နိုင်ဘူးလား။”

မြင့်တက်နေမင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

မြင့်မြတ်ဘုရင်က ခေါင်းခါလိုက်သည်။

“ကုလို့မရတော့ဘူး။ အဲ့ဒီအပြင်လူက သူ့ကို လုပ်ကြံထားတယ်ဆိုတာ ကျုပ်သေချာတယ်။”

“ကျုပ်မေးလိုက်မိတာ ကံကောင်းတာပဲ။”

မြင့်တက်နေမင်းက ပြောလိုက်သည်။

မြင့်မြတ်ဘုရင်က မျက်မှောင်ကျုံ့လိုက်သည်။

“ဒါက ဘာကိုဆိုလိုတာလဲ။”

“ရှက်ရွံ့စွာနဲ့ပဲ ဝန်ခံလိုက်ရမယ်။ ကျုပ်တို့ရဲ့မှော်ဆရာလည်း အဖမ်းခံထားရတယ်။”

မြင့်တက်နေမင်းက နာကျင်စွာဖြင့် ပြန်ဖြေလိုက်သည်။

အခြေအနေမှန်ကို နားလည်သဘောပေါက်သွားပြီးနောက် မြင့်မြတ်ဘုရင်က တိုက်တွန်းလိုက်သည်။

“သဘောမတူညီလိုက်နဲ့။ ခင်ဗျား ပြန်ရလာမယ့် မှော်ဆရာက အသက်ရှူရုံပဲရှိပြီး ဘယ်တော့မှ နိုးထလာတော့မှာမဟုတ်ဘူး။”

“နားလည်ပြီ။ ကျုပ်တို့လည်း မှော်ဆရာအသစ်တစ်ယောက် လေ့ကျင့်ပေးရမယ်ထင်တယ်။”

မြင့်တက်နေမင်းက ပြန်ဖြေလိုက်သည်။

အိမ်ပြန်ရောက်လာသောအခါ မြင့်တက်နေမင်းသည် မြင့်မြတ်ဘုရင်၏သတိပေးချက်ကို အခြားဘုရင်နှစ်ပါးထံသို့ လွှဲပြောင်းပေးလိုက်သည်။

“အဲ့ဒီအပြင်လူက တကယ်ကို ဉာဏ်နီဉာဏ်နက်များလွန်းတယ်။ ကျုပ်တို့ မေးလိုက်မိတာကိုပဲ ကျေးဇူးတင်ရမယ်။”

ဘုရင်နှစ်ပါးက တပြိုင်တည်း ရေရွတ်မိလိုက်ကြသည်။

ထိုအတောအတွင်း ရှောင်းယီသည် သင်္ဘောကြီးပေါ်တွင် အင်ပါယာသုံးခုမှ ပြန်ရောက်လာမည့် သတင်းစကားကို စောင့်မျှော်နေခဲ့သည်။ နာရီဝက်နီးပါးကြာမြင့်ပြီးနောက်တွင်ပင် ၎င်းတို့၏တပ်များထံမှ တုံ့ပြန်မှုမရှိခဲ့ပေ။

“ငါ အများကြီး တောင်းဆိုမိသွားလို့များလား။”

All Chapters