အခန်း (၆၇၇-၆၇၈)
Vol. 51 Ch. 677-678
အခန်း ၆၇၇ - အင်ပါယာသုံးခုဆုံးဖြတ်ချက်၊ တပ်များအား ပြန်လည်ရုပ်သိမ်းခြင်း
ရှောင်းယီသည် တိတ်တဆိတ်ဖြင့် မိမိ အလွန်အမင်းတောင်းဆိုမိခြင်းရှိ၊ မရှိ သံသယဝင်နေစဉ် အင်ပါယာသုံးခုသည် ယခုအခါ သူ့အပေါ်အသုံးပြုရမည့် မဟာဗျူဟာအသစ်တစ်ခုကို ပြန်လည်စဉ်းစားနေကြပြီဖြစ်သည်။
“ကျုပ်တို့အားလုံး မှော်ဆရာအသစ်တွေကို ပျိုးထောင်ပေးဖို့ ပြင်ဆင်နေကြတာဆိုတော့ ဟိုအပြင်လူအပေါ် ထားရှိတဲ့ ကျုပ်တို့ရဲ့ ချဉ်းကပ်ပုံကို နည်းနည်းလောက် ပြောင်းလဲသင့်တယ် မဟုတ်လား။”
“အမ်...လက်ရှိမှာ အဲ့ဒီအပြင်လူတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကြောင့် ကျုပ်တို့ရှေ့ကို ရောက်နေပြီ။ သူတို့သာ ပင်လယ်ထဲမှာ ပုန်းအောင်းနေမယ်ဆိုရင် ကျုပ်တို့ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အနိုင်ယူလို့လည်း မရဘူး။”
“အတိအကျပဲ။ အဲ့ဒါကြောင့် သူတို့တွေ ကျုပ်တို့ရဲ့ တိုက်ကြီးပေါ်ကို ခြေချမလာနိုင်အောင် စောင့်ကြည့်နေဖို့ပဲ လိုတယ်။ ကျုပ်တို့ လောလောလတ်လတ်သိမ်းပိုက်ထားတဲ့ ကျွန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အချိန်ဆွဲထားရမယ်။”
“မှန်တယ်။ ပင်လယ်က ကုန်းမကြီးကို မဝါးမျိုသွားခင် နိုင်ငံတစ်ခုလုံးကို အုတ်မြစ်ကျောက်ကျွန်းတွေပေါ် ရွှေ့ပြောင်းရမယ်။”
ဘုရင်သုံးပါးသည် ဝိုင်းထိုင်ဆွေးနွေးပြီးနောက် ကမ်းရိုးတန်းမှ အဓိကတပ်များကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။ မရှိမဖြစ်လိုအပ်သော ကင်းထောက်များကိုသာ ချန်ထားခဲ့သည်။
သူတို့ဆုံးဖြတ်ချက်ချမခင်မှာပင် ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ဆီးနှင်းသစ်ရွက်မြို့၏တပ်များကို ရုပ်သိမ်းရန် စတင်ခဲ့ပြီးဖြစ်သည်။ သူသည် စောင့်ကြည့်ရန် ကင်းထောက်များကိုပင် ချန်မထားခဲ့ချေ။
SSS မှော်ဆရာများကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခံခဲ့ရသည်။ ထိုအချက်တစ်ခုတည်းကပင် အပြင်လူ၏စွမ်းအားကို သက်သေပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် တပ်များကို အလဟဿအသုံးပြုခြင်းသည် အဓိပ္ပါယ်မရှိပေ။
သူတို့သိမ်းပိုက်ထားသော ကျွန်းကို ဖွံ့ဖြိုးတိုးတက်စေရန် အရာအားလုံးကို သွန်းလောင်းခြင်းသည်သာ ပိုကောင်းပေသည်။ ဆီးနှင်းသစ်ရွက်မြို့မှ အုတ်မြစ်ကျောက်များအားလုံးကို ကျွန်းကိုတိုးချဲ့ရန် အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် ကုန်းမကြီးပေါ်ရှိ အုတ်မြစ်ကျောက်များကိုလည်း ပိုမိုရရှိရန် ကြိုးစားရပေမည်။
မှန်ပါသည်။ မည်သည့်လူ့အဖွဲ့မျှ အုတ်မြစ်ကျောက်များကို အလွယ်တကူ လဲလှယ်ပေးမည်မဟုတ်ချေ။ သို့သော်လည်း အခြားမျိုးနွယ်စုများလည်း ရှိသေးပြီး ထိုမျိုးနွယ်စုများအတွင်းရှိ အုတ်မြစ်ကျောက်များကိုမူ မျှားထုတ်နိုင်ဆဲဖြစ်သည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သောအခါ ဆီးနှင်းသစ်ရွက်မှော်ဆရာသည် လူပုဘုရင့်နိုင်ငံက သူ့ကို အဘယ်ကြောင့် ဆက်သွယ်လာခြင်းမရှိသေးသည်ကို နားမလည်နိုင်ခဲ့ပေ။
လူပုများ၏ အရက်ကို စွဲလန်းနှစ်သက်မှုအရ ၎င်းတို့သည် သူပိုင်ဆိုင်ထားသော မယုံနိုင်လောက်အောင် အရသာရှိသည့် ဘီယာအတွက် အရူးအမူးဖြစ်နေသင့်သည်။
သို့သော် ထိုနေ့ သူသွားတွေ့ခဲ့စဉ် လော့စ်သည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေခဲ့သည်။
“ငါဈေးတက်လိုက်တာက သူတို့ကို တကယ်ဒေါသထွက်စေခဲ့တာလား။”
ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ထိုသို့တွေးမိလိုက်သော်လည်း မသေချာခဲ့ပေ။
သို့သော်လည်း သူတို့သည် အနည်းဆုံး ဈေးတော့ဆစ်သင့်ပေသည်။ သို့သော် လော့စ်သည် ဈေးဆစ်ရန်ပင် လုံးဝကြိုးစားခြင်းမရှိခဲ့ပေ။
ဆီးနှင်းသစ်ရွက်မှော်ဆရာသည် ၎င်းကို နားမလည်နိုင်ခဲ့ပေ။
ရှောင်းယီသည်လည်း အလားတူ စိတ်ရှုပ်ထွေးခဲ့သည်။ ယခင်က မြင့်မြတ်အလင်းဘုရင်သည် ချက်ချင်းပင် အုတ်မြစ်ကျောက်များဖြင့် အကျဉ်းသားများကို လဲလှယ်ခဲ့သော်လည်း ယခုအခါ အင်ပါယာသုံးခုသည် မည်သည့်တုံ့ပြန်မှုမျှ ပေးမလာခဲ့ပေ။
“ကျွန်းပိုင်ရှင် အင်ပါယာသုံးခုက သူတို့ရဲ့ တပ်တွေကို ရုပ်သိမ်းနေပါပြီ။”
ရှုံးတိသည် ရုတ်တရက် အစီရင်ခံရန် ဝင်ရောက်လာခဲ့သည်။
ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။
“ဒီတော့ သူတို့တကယ်ပဲ လက်လျှော့လိုက်ကြပြီလား။”
ထို့နောက် သူသည် သင်္ဘောကုန်းပတ်ပေါ်သို့တက်ကာ လရောင်အောက်တွင် မှန်ပြောင်းကိုအသုံးပြုပြီး အင်ပါယာသုံးခုကိုကိုယ်စားပြုသော တပ်များသည် ကမ်းခြေမှ အမှန်တကယ် ဆုတ်ခွာနေသည်ကို အတည်ပြုခဲ့သည်။
“နောက်ဆုံးတစ်ကြိမ် စနစ်က ငါ SSS အဆင့်မှော်ဆရာတစ်ယောက်ကို ထိန်းချုပ်နိုင်တယ်ဆိုရင်တောင် အင်ပါယာတစ်ခုလုံးကို မထိန်းချုပ်နိုင်ဘူးလို့ ပြောခဲ့တာ အံ့အားသင့်စရာမရှိဘူး။ ဒီတော့ အင်ပါယာတစ်ခုက သူ့ရဲ့မှော်ဆရာတွေကို တကယ်ပဲ စွန့်လွှတ်လိုက်မှာပဲ။”
ရှောင်းယီက တွေးလိုက်မိသည်။
“ကျွန်းပိုင်ရှင် ဒါဆို ဒီမှော်ဆရာသုံးယောက်ကို ဖမ်းလိုက်ရတာက အချည်းနှီးဖြစ်သွားပြီပေါ့။”
ရှုံးတိက အံ့အားသင့်စွာ ပြောလိုက်သည်။
“တကယ်ကို အသုံးမဝင်တော့ဘူး။”
ရှောင်းယီက ဝမ်းနည်းစွာ ဝန်ခံလိုက်ရသည်။
နာ့နာ၏ကုသမှုအပြီးတွင် သူတို့သည် ပြန်လည်ကောင်းမွန်လာရန် ခက်ခဲနေပြီဖြစ်သည်။ သူတို့ပြန်လည်ကောင်းမွန်လာလျှင်ပင် ယခုအချိန်၌ ရှောင်းယီတွင် သူတို့ကို ထိန်းချုပ်နိုင်သည်အထိ အင်အားမလုံလောက်သေးချေ။
“အခု သူတို့ကို ဘေးဖယ်ထားလိုက်တော့။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို သူတို့ကို တစ်ချက်လောက် ကြည့်ခိုင်းလိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ အရှင်။”
ကမ်းခြေမှ သူတို့ကို စောင့်ကြည့်နေဆဲဖြစ်သော ခံစစ်လိုင်းကို ကြည့်ရှုရင်း ရှောင်းယီရေရွတ်လိုက်မိသည်။
“ကမ္ဘာ့စည်းမျဉ်းတွေပဲ ဖြစ်ရမယ်။ သူတို့က ငါအုတ်မြစ်ကျောက်တွေ အလွယ်တကူရသွားမှာကို မလိုလားကြဘူးပဲ။”
ဖမ်းဆီးခံထားရသော SS အဆင့်နှင့် အောက်ရှိ မှော်ဆရာများနှင့်ပတ်သက်၍မူ ရှောင်းယီသည် သူတို့နှင့် စာချုပ်ချုပ်ဆိုရန် မတွန့်ဆုတ်ခဲ့ပေ။ သူသည် ၎င်းတို့၏မြို့များကို မထိန်းချုပ်နိုင်သည့်တိုင် မှော်ဆရာများကိုယ်၌ကပင် ကြီးမားသော ပိုင်ဆိုင်မှုများဖြစ်ပေသည်။
သို့သော် ဂရုတစိုက်စစ်ဆေးမေးမြန်းပြီးနောက် မှော်ဆရာတစ်ဦး၏ အဆင့်နိမ့်လေလေ မှော်ဆရာနှင့်အတူ မြို့ကိုထိန်းချုပ်နိုင်ခြေ ပိုများလေလေဖြစ်ပြီး အဆင့်မြင့်အဆင့်များသည်မူ ၎င်းကို ခွင့်မပြုကြောင်း သူတွေ့ရှိခဲ့ရသည်။
ထိုအရာမှာ အဓိပ္ပါယ်ရှိပေသည်။ မြို့တစ်မြို့၏မှော်ဆရာသည် အဆင့်နိမ့်နေပါက ဖွံ့ဖြိုးတိုးတက်မှုသည်လည်း နိမ့်ကျပေလိမ့်မည်။ ထို့ကြောင့် မှော်ဆရာသည် အရာရာတိုင်းကို ထိန်းချုပ်နေပေသည်။
သို့သော် မြို့တစ်မြို့ သို့မဟုတ် နိုင်ငံတစ်ခု၏ မှော်ဆရာသည် အဆင့်မြင့်နေပါက ထိုလူ့အဖွဲ့အစည်းသည်လည်း အဆင့်မြင့်မည်ဖြစ်သောကြောင့် အခြေအနေတစ်ခုလုံးကို လုံးဝမထိန်းချုပ်နိုင်ချေ။
သူ၌ရှိသော သတင်းအချက်အလက်များအရ သတ်မှတ်ချက်အနိမ့်ဆုံးအဆင့်သည် SS အဆင့် ဖြစ်သည်။
သူ၏အကျဉ်းသားများထဲရှိ SS-အဆင့်မှော်ဆရာအားလုံးသည် မြို့တစ်မြို့လုံးကို မထိန်းချုပ်နိုင်ကြောင်း ပြောခဲ့ကြပြီး S အဆင့်တစ်ယောက်သာ ထိန်းချုပ်နိုင်သည်ဟု ပြောခဲ့သည်။
သူတို့ လှည့်စားမည်ကိုမူ စိုးရိမ်စရာမလိုချေ။ သူတို့တစ်ဦးချင်းစီတိုင်းသည် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။
အကျဉ်းချုပ်စဉ်းစားမှုအပြီးတွင် ရှောင်းယီသည် ချက်ချင်းပင် ၎င်းတို့ကို လွှတ်ပေးခဲ့ပြီး လုပ်ငန်းတာဝန်တစ်ခု သတ်မှတ်ပေးခဲ့သည်။ ယနေ့ညသန်းခေါင်မတိုင်မီ ၎င်းတို့ယူဆောင်နိုင်သည့် အုတ်မြစ်ကျောက်များအားလုံးကို ယူဆောင်လာရမည်ဖြစ်သည်။
“ဒါပေမယ့် ကျွန်းပိုင်ရှင် မြို့က ကျုပ်တို့ ဖမ်းမိသွားပြီဆိုတာကို သိပြီးသွားပြီ။ အခု ပြန်သွားမယ်ဆိုရင် ကျုပ်တို့ အုတ်မြစ်ကျောက်တွေကို ချောချောမွေ့မွေ့ ထုတ်လာနိုင်မှာ မဟုတ်ဘူး။”
မှော်ဆရာတစ်ဦးက ရှုံ့မဲ့ကာ ပြောလိုက်သည်။
“ဒါက မင်းရဲ့ကျွမ်းကျင်မှုပေါ်မှာ မူတည်တယ်။ မင်းရဲ့ မြို့သခင်နဲ့ စကားပြောကြည့်လိုက်။ အကယ်၍ သူတို့ဘက်က ငြင်းဆန်နေမယ်ဆိုရင် ငါကိုယ်တိုင်လာပြီး သဘောတူတဲ့အထိ ရိုက်နှက်မယ်လို့ သူတို့ကို ပြောလိုက်။ နားလည်ပြီလား။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ။”
သူတို့အားလုံး တပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ကောင်းပြီ။ ငါ့ကျွန်းက တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးပြီး ပြန်သွားလိုက်။ ဒါက အချိန်ကုန်သက်သာစေတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ အရှင်။”
ဂျေဘီနှင့် အခြားသူများသည်လည်း ဒေသခံများ၏ ဆုတ်ခွာသွားမှုကို သတိပြုမိခဲ့ကြသည်။ ရှောင်းယီ သတ်မှတ်ပေးထားသော အမြောက်ကုန်သွယ်မှုကို အလျင်အမြန်ပြီးစီးအောင် ဆောင်ရွက်ပြီးနောက် ၎င်းတို့သည် ၎င်းတို့၏လူများကို စုစည်းကာ တိုက်သစ်ကြီးကို ပြန်လည်စူးစမ်းရှာဖွေရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
အဓိကတပ်မများကို ရုပ်သိမ်းထားသော်လည်း ကင်းထောက်အဖွဲ့များ ကျန်ရှိနေသေးသည်။ သူတို့သည် အသက်ရှင်ကျန်ရစ်သူအဖွဲ့များနှင့် ရင်ဆိုင်တွေ့ဆုံကြသောအခါ ဟန်ပြတိုက်ပွဲတစ်ခုတော့ တိုက်ခိုက်ကြရပေလိမ့်မည်။
ကင်းထောက်အဖွဲ့သည် သူတို့နှင့်ဆုံတွေ့သည့် အသက်ရှင်ကျန်ရစ်သူများကို အားနည်းသည်ဟုထင်လျှင် သူတို့သည် မတွန့်ဆုတ်ဘဲ ဝါးမျိုပစ်ပေလိမ့်မည်။
သို့သော် အသက်ရှင်ကျန်ရစ်သူများသည် အားကောင်းသည်ဟု ထင်ရပါက ထိုကင်းထောက်အဖွဲ့သည် ချက်ချင်းပင် ဆုတ်ခွာသွားမည်ဖြစ်ပြီး အခြားအဖွဲ့များအား သူတို့ကို ဝိုင်းရံတိုက်ခိုက်ရန် တပ်ကူခေါ်ကြပေလိမ့်မည်။
မှန်ပါသည်။ ဤဝိုင်းရံတိုက်ခိုက်မှုများ၏ အတိုင်းအတာမှာ များစွာသေးငယ်ပေသည်။ ယခုအခါ ကုန်းမကြီးရှိဒေသခံများသည် ၎င်းတို့၏အာရုံကို ကျွန်းများဆီသို့ ပြောင်းလဲထားခဲ့ကြသည်။
တစ်နည်းဆိုရသော် တိုက်ကြီးသည် နစ်မြုပ်သွားသည့်တိုင် သူတို့တွင်သွားစရာနေရာမရှိဖြစ်တော့မည်မဟုတ်ချေ။
နောက်ပြန်ဆုတ်စရာ နေရာရှိနေသောကြောင့် သူတို့သည် သေသည်အထိတိုက်ခိုက်နေရန် မလိုအပ်တော့ပေ။
ဂျေဘီဘက်မှ လှုပ်ရှားလာသည်ကိုမြင်လိုက်ရသောအခါ ရှောင်းယီသည် ယီထျန်းဂရုချက်ထဲတွင် ပို့စ်တင်လိုက်လေသည်။
“အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ကုန်းမကြီးရဲ့ဒေသခံတွေ ဆုတ်ခွာသွားပါပြီ။ ကင်းဖောက်အဖွဲ့တချို့ ကျန်နေသေးပေမယ့် ကျုပ်တို့ စူးစမ်းရှာဖွေမှုကို ပြန်လုပ်နိုင်ပါတယ်။ ဘေးကင်းဖို့အတွက် အဆင့်မြင့်အသက်ရှင်ကျန်ရစ်သူတွေကို စေလွှတ်ကြပါ။”
“ဟမ် ဘာတွေဖြစ်နေတာလဲ။ ဒေသခံတွေက ဘာလို့ ဆုတ်ခွာနေကြတာလဲ။”
“ဟုတ်တယ်။ မကြာသေးခင်ကမှ သေသေ၊ ရှင်ရှင်ဆိုပြီး အသင့်ရှိနေကြတာမဟုတ်ဘူးလား။”
“သူတို့က လှည့်စားနေတာလား။ မနေ့ကလေးတင် ငါတို့ ဆုတ်ခွာခဲ့ရတာလေ။ အခု သူတို့လည်း ဆုတ်ခွာနေရပြီလား။”
“ဖြစ်နိုင်တာက ကျုပ် အဆင့်မြင့်မှော်ဆရာအသစ်တစ်သုတ်ကို ထပ်ပြီးဖမ်းမိလိုက်တာကြောင့်ထင်တယ်။”
ရှောင်းယီက ရှင်းပြလိုက့်ရသည်။
“အာ..တစ်..တစ်သုတ်လား။ သခင်ကြီး အဲ့ဒါက ဘယ်နှစ်ယောက်လဲဆိုတာ ပြောပြနိုင်မလား။”
“သိပ်မများပါဘူး။ ငါးဆယ်လောက်ပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ငါးဆယ်လောက်ပါပဲလား။ လောက်လေးပဲလား။ နားထောင်ကြည့်စမ်းပါ။ ခင်ဗျားပြောနေတာ လူသားစကားတောင် ဟုတ်သေးရဲ့လား။”
“သခင်ကြီးက စွမ်းအားကြီးတယ်။ ကျုပ်ပ်တို့ တိုက်သစ်ကြီးကို ထပ်ပြီးစူးစမ်းရှာဖွေလို့ရပြီ။”
“ကျုပ်မေးပါရစေ။ အဲ့ဒီမှော်ဆရာငါးဆယ်ကျော်ထဲမှာ SSS အဆင့်တွေ ပါသေးလား။”
အခန်း ၆၇၈ - ဖမ်းဆီးခံမှော်ဆရာများ၏မြို့များတစ်မြို့ပြီးတစ်မြို့ သစ္စာခံခြင်း
“ရှိတယ်။”
ရှောင်းယီက တရားဝင်ဝန်ခံလိုက်သည်။
“အဲ့ဒီမှော်ဆရာတွေထဲမှာ SSS အဆင့်မှော်ဆရာတစ်ယောက်လည်းပါတယ်။ သူက ကျုပ်တို့ရဲ့မြားမိုးတွေကြားမှာ သေလုမျောပါးဖြစ်သွားခဲ့တယ်။”
ဂရုချက်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားခဲ့သည်။
“သေစမ်း ကျွမ်းကျင်သူကတော့ တကယ့်ကိုကျွမ်းကျင်သူပဲ။ မြားမိုးတစ်ခုတည်းနဲ့ SSS အဆင့်မှော်ဆရာကို ချေမှုန်းလိုက်တယ်။”
“နောက်ဆုံးတစ်ကြိမ်တုန်းက သခင်ကြီးက အင်ပါယာတစ်ခုကနေ SSS အဆင့်မှော်ဆရာတစ်ယောက်ကိုပြန်ရွေးဖို့ အုတ်မြစ်ကျောက်သန်းတစ်ရာ ညှစ်ထုတ်လိုက်ခဲ့တာကို ကျုပ်မှတ်မိသေးတယ်။”
“ဒီတော့ ဒီတစ်ခါ နောက်ထပ်အုတ်မြစ်ကျောက်သန်းတစ်ရာ ထပ်ရမှာဦးလား။”
“ငါတော့ အရမ်းမနာလိုဖြစ်နေပြီ။”
“ဒီတစ်ခါတော့ မရတော့ဘူး။ အဲ့ဒီအင်ပါယာတွေက သူတို့ရဲ့မှော်ဆရာတွေကို ရိုးရိုးလေးပဲ စွန့်လွှတ်လိုက်တယ်။”
ရှောင်းယီက ထပ်ပြောလိုက်သည်။
“ဘာကွ။ သူတို့က သူတို့ရဲ့မှော်ဆရာတွေကို စွန့်ပစ်လိုက်တာလား။ မဖြစ်နိုင်ဘူး။”
“မှော်ဆရာတွေက အဲ့ဒီအင်ပါယာတွေရဲ့ အထွတ်အမြတ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။”
“ဒေသခံတွေ မျိုးနွယ်စုတွေနဲ့နေတုန်းကဆိုရင်တော့ အဲ့လိုမျိုးပဲပေါ့။ အခု သူတို့က မြို့တွေ၊ နိုင်ငံတွေအဖြစ် စည်းရုံးထားတယ်လေ။ အဲ့တော့ အကြောင်းအရာတွေကလည်း ပြောင်းလဲသွားတာပေါ့။”
“”ဟုတ်တယ်။ အခြေအနေတွေက ပိုပိုပြီးခက်ခဲလာသလိုပဲ။ လောကကြီးရဲ့ စည်းမျဉ်းတွေကလည်း ခဏခဏ ပြောင်းလဲနေတယ်။”
“သခင်ကြီးက ကျုပ်တို့ကိုကူညီနေသေးတာ ကံကောင်းတယ်။ မဟုတ်ရင် ကျုပ်တို့ ဘယ်လိုမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။”
“ပထမဆုံးက အစားအစာ၊ အခုတော့ လက်နက်တွေ။ သူဌေးက ငါတို့အတွက် အချိန်ကိုက်သူရဲကောင်းပဲ။”
ရှောင်းယီသည် ၎င်းတို့၏စကားဝိုင်းကို လစ်လျူရှုကာ မြို့ပြန်ကျောက်တစ်ခုကို အသက်သွင်းပြီး ဗီလာသို့ ပြန်လည်ကူးပြောင်းသွားခဲ့သည်။
လေကြောင်းခံတပ်နှစ်ခုသည် ထိုနေရာတွင် ဆက်လက်ရှိနေဆဲပင်။ ဒေသခံများ သိမ်းပိုက်ထားသော သင်္ဘောများသည် ကမ်းရိုးတန်းတစ်လျှောက် ထွက်ခွာသွားပြီဖြစ်သည်။
သူပိုင်ဆိုင်သော ရေယာဉ်များအားလုံးမှာ ရွက်သင်္ဘောကြီးများသာ ဖြစ်ကြပြီး အရှိန်ချင်းမှာလည်း တူညီနေသဖြင့် လိုက်လံဖမ်းဆီးရန် အခွင့်အရေးမရှိပေ။
သံချပ်ကာသင်္ဘောသည် ကျန်းယွင်ထျန်းနှင့်အတူ ရှိနေဆဲဖြစ်ပြီး သူသည် သူတို့ပြန်လည်သိမ်းပိုက်ထားသော မဟာမိတ်ကျွန်းကို မျက်တောင်မခတ်တန်း စောင့်ကြည့်နေရသည်။
ရှောင်းယီသည် မြို့ သို့မဟုတ် နိုင်ငံ၏အဆင့်မြင့်လေလေ၊ ၎င်း၏မှော်ဆရာအုတ်မြစ်က ပို၍နက်ရှိုင်းလေလေဖြစ်ကြောင်း စာချုပ်ချုပ်ချုပ်ဆိုရာတွင် အောင်မြင်သွားသော မှော်ဆရာများထံမှ သိခဲ့ရသည်။
ထို့ကြောင့် အင်ပါယာတစ်ခု၏ SSS မှော်ဆရာကို အနိုင်ရသည့်တိုင် မောက်မာနေ၍မရချေ။ အင်ပါယာတစ်ခုတွင် SS အဆင့်မှော်ဆရာများစွာ ရှိနေနိုင်သေးသည်။
သူတို့သည် အင်ပါယာ၏မှော်ဆရာအသစ်ဖြစ်လာရန် အကောင်းဆုံး SS အဆင့်မှော်ဆရာကို ရိုးရိုးလေးရွေးချယ်လိုက်မည်ဖြစ်သည်။
ထိုအချက်က ရှောင်းယီသည် ကျန်းရွဲ့အား ၎င်းတို့နောက်သို့ မလိုက်ခိုင်းရသည့် အကြောင်းပြချက်တစ်ခုဖြစ်သည်။
သူ့ကိုယ်ပိုင်ကျွန်းပေါ်သို့ ပြန်ရောက်သောအခါ သူသည် အပန်းဖြေစခန်းဘေးရှိ ရင်ပြင်သို့ လမ်းလျှောက်သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများသည်သည် ကုန်သွယ်ရေးဈေးကွက်ငယ်အတွင်း လမ်းလျှောက်နေကြဆဲဖြစ်ပြီး ကုန်ပစ္စည်းများကို ကြည့်ရှုနေကြသည်။
မကြာမီ မှော်ဆရာတစ်ဦးသည် တည်နေရာကူးပြောင်းခြင်းအစီအရက်ထဲမှ ထွက်လာခဲ့ပြီး သူ့နောက်တွင် ကင်းဗတ်စက္ကူဖြင့်ဖုံးအုပ်ထားသော လှည်းများစွာ လိုက်ပါလာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့မြို့က သစ္စာခံပါတယ်။ ဘဏ္ဍာတိုက်ထဲမှာ ကျောက်သင့်နှစ်သန်းရှိပါတယ်။ နောက်ဆုံးအစိတ်အပိုင်းအာလုံးကို ဒီမှာရောက်နေပါပြီ။”
မှော်ဆရာက ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အတွင်းဘက်ကို ဆွဲသွားလိုက်ပါ။”
“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်။”
မှော်ဆရာသည် သူ၏လက်အောက်ငယ်သားများအား အုတ်မြစ်ကျောက်များကို ကျွန်းအတွင်းပိုင်းသို့ ဆွဲသွင်းရန် လက်ဟန်ပြလိုက်သည်။
အနီးအနားရှိ ခရီးသွားအသက်ရှင်ကျန်ရစ်သူများသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် တီးတိုးပြောဆိုမှုများ စတင်ကြတော့သည်။
သူတို့သည် ထိုလူများ၏ ဘာသာစကားကို နားမလည်နိုင်သောကြောင့် လှည်းများအတွင်ဏ္ဌ၌ မည်သည့်အရာများ တင်ဆောင်ထားသည်ကို မသိနိုင်ခဲ့ကြပေ။
“အဲ့ဒါက ဘာလဲ။ ကင်းဗတ်စက္ကူနဲ့တောင် ဖုံးအုပ်ထားတယ်။ ကြည့်ကြည့် အုတ်မြစ်ကျောက်တွေကို အပေါ်ဆုံးမှာ ထပ်ထားတယ်ဟ။ အထဲကဟာက အုတ်မြစ်ကျောက်ထက်ပိုပြီး အရေးကြီးနိုင်လို့လား။”
“ပိုကောင်းတဲ့အရာ တစ်ခုခုပဲ ဖြစ်ရမယ်။ ကံကောင်းလိုက်တဲ့သူဌေးပဲ။ ပစ္စည်းကောင်းတွေဆိုတာ လှည်းနဲ့အထပ်ထပ်ကို ရောက်လာတာပဲ။”
“သွားရည်ကျမနေနဲ့။ မင်းရဲ့အသုံးအဆောင်တွေကို ဝယ်ပြီးရင် နောက်ဆုံးအနားယူချိန်လေးကို ပျော်ပျော်ရွှင်ရွှင်ခံစားလိုက်။ ငါတို့ မကြာခင်ထွက်သွားရတော့မယ်။”
“အမှန်ပဲ။ သွားကြရအောင်။ သူဘယ်လောက်ကောင်းတဲ့ပစ္စည်းတွေ ရလာပါစေ၊ ဘယ်တစ်ခုကမှ ငါတို့အတွက်မဟုတ်ဘူး။”
ထို့နောက် ရှောင်းယီ ဖမ်းဆီးခဲ့သော မှော်ဆရာများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ မြို့တစ်မြို့မှ ခုခံခဲ့ခြင်းမရှိဘဲ အားလုံး သစ္စာခံကတိပြုခဲ့ကြသည်။
မှော်ဆရာများသည် ၎င်းတို့၏မြို့များကို ကောင်းကောင်းစည်းရုံးနိုင်ခဲ့ကြခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ရှောင်းယီ၏ကြီးမားသည့်စွမ်းအားက သူတို့ကို အနိုင်ရစေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
အဆုံးတွင် အင်ပါယာကြီးလေးခုမှ SSS အဆင့်မှော်ဆရာအားလုံးသည် သူ့လက်ချက်ကြောင့် ပြိုလဲခဲ့ကြရခြင်းဖြစ်ပြီး သူသည် ထိုထဲမှသုံးယောက်ကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
မှန်ပါသည်။ နောက်ဆုံးသုံးယောက်သည် ရှောင်းယီတို့ဘက်မှ လေကြောင်းခံတပ်များကိုသာ အားပြုခဲ့ကြပြီး ရေပြင်ထက်တွင် အလစ်အငိုက်မိခဲ့သဖြင့် ထိုအောင်ပွဲမှာ ကံကောင်း၍ ရခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်ငြားလည်း ထိုရလဒ်သည် မြို့တိုင်းကို တုန်လှုပ်အံ့သြသွားစေခဲ့သည်မှာ အမှန်ပင်။
သူတို့၏မျက်လုံးထဲတွင် SSS အဆင့်မှော်ဆရာသည် ဘယ်လိုပဲဖြစ်ဖြစ် အနိုင်မယူနိုင်သည့်သူဖြစ်သင့်သည်။
ရှောင်းယီက ထိုဒဏ္ဍာရီကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။
သူသည် ဆယ်နာရီခွဲအထိ စောင့်ဆိုင်းခဲ့သည်။ မှော်ဆရာအားလုံး ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ဘဏ္ဍာတိုက်များထဲရှိ ပစ္စည်းများကို ယူဆောင်လာခဲ့ကြသည်။
“ကျွန်းပိုင်ရှင် အုတ်မြစ်ကျောက်တွေအပြင် ကျုပ်တို့သိမ်းပိုက်ထားတဲ့ မဟာမိတ်ကျွန်းတွေကို ဘယ်လိုလုပ်သင့်ပါသလဲ။”
မှော်ဆရာတစ်ဦးက မေးလိုက်သည်။
ထိုညနေခင်းတွင် တိုက်ခိုက်ခဲ့သော ဒေသခံအားလုံးသည် မဟာမိတ်အဖွဲ့အနည်းဆုံးတစ်ခုကို သိမ်းပိုက်ထားသည်။
ယခုအခါ ၎င်းတို့၏မှော်ဆရာများ ဖမ်းဆီးခံထားရပြီး မြို့သခင်များ လက်နက်ချခဲ့သောကြောင့် ထို မဟာမိတ်အဖွဲ့များသည်လည်း ရှောင်းယီ၏ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။
ကံကောင်းချင်တော့ ၎င်းတို့ကို သိမ်းပိုက်ပြီးနောက် ဒေသခံများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏လုပ်ဆောင်ချက်များကို လေ့လာနေဆဲဖြစ်ပြီး ကျွန်းများကို ချဲ့ထွင်ရန် ၎င်းတို့၏ဘဏ္ဍာအားလုံးကို မသုံးစွဲရသေးပေ။
ထို့ကြောင့် ထိုဘဏ္ဍာတိုက်များရှိ အုတ်မြစ်ကျောက်များသည် မထိခိုက်ဘဲ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။
“မင်းတို့ကိုင်တွယ်ထားတဲ့ မဟာမိတ်အဖွဲ့တစ်ခုစီရဲ့ ဧရိယာစုစုပေါင်းကို တွက်ပြီး အစီရင်ခံလိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ အရှင်။”
ထို့နောက် အန်းယွဲ့သည် ချက်ချင်းပင် ကိန်းဂဏန်းများကို စုစည်းကာ ရှောင်းယီအား လွှဲအပ်လာခဲ့သည်။
ဧရိယာများသည် ပျမ်းမျှအားဖြင့် စတုရန်းမီတာတစ်သောင်းခန့်သာရှိပြီး နှစ်ဆတိုးလျှင်ပင် စတုရန်းမီတာ နှစ်သောင်းသာရရှိမည်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ၎င်းတို့ကို ဂရုမစိုက်တော့ပေ။
သူ၏လက်ရှိကြွယ်ဝမှုဖြင့် ထိုပမာဏသည် အိတ်ကပ်ထဲရှိငွေမျှသာဖြစ်သည်။
၎င်းကိုစုဆောင်းရန်အတွက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရွှေ့ပြောင်းပြီး အုတ်မြစ်ကျောက်များကို ပြန်လည်ရယူကာ ကျွန်းများကို ဖျက်ဆီးရမည်ဖြစ်သည်။ အုတ်မြစ်ကျောက်နှစ်သောင်းအတွက် ဖြစ်နိုင်ခြေရှိသော အနာဂတ်အထူးပစ္စည်းများကို စွန့်လွှတ်ခြင်းသည် မထိုက်တန်လှပေ။
အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက် သူသည် ယခုခဏအတွက် ထိုကျွန်းများကို ဒေသခံများထံတွင် ချန်ထားရန်သာ ရွေးချယ်လိုက်သည်။
“ဒီကျွန်းတွေကို မင်းတို့စိတ်ကြိုက် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြပါ။ ဒါပေမယ့် မြို့သခင်တွေနဲ့ မှော်ဆရာတွေကတော့ စာချုပ်ချုပ်ဆိုရမယ်။”
သူက ပြောလိုက်သည်။
“နားလည်ပါပြီ။”
အချိန်အတန်ကြာပြီးနောက်တွင်ပင် ထူးခြားသောအထူးပစ္စည်းများ ပေါ်ပေါက်လာခြင်းမရှိပါက ထိုကျွန်းများကို ပြန်လည်ရယူပြီး သူ၏ကိုယ်ပိုင်ကျွန်းထဲသို့ ပေါင်းစည်းလိုက်မည်ဖြစ်သည်။
ရှောင်းယီသည် မှော်ဆရာများ ပို့ဆောင်လာသော အုတ်မြစ်ကျောက်များဆီသို့ လမ်းလျှောက်သွားပြီး ရိတ်သိမ်းရန် ရွေးချယ်လိုက်သည်။
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် သန်း ၄၅၀။”
နံပါတ်များ နှစ်ဆတိုးလာသည်ကို ကြည့်ရှုပြီးနောက် ရှောင်းယီသည် အန်းယွဲ့အား အုတ်မြစ်ကျောက်များကို မှော်ဆရာများထံသို့ ပြန်လည်ပေးအပ်ရန် ပြောလိုက်သည်။ ထိုသို့ဖြင့် သူတို့ ယခုသိမ်းပိုက်ထားသော ကျွန်းများကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။
အဆုံးတွင် သူတို့သည် မြို့တစ်မြို့လုံးကို ပြောင်းရွှေ့လာရမည်ဖြစ်ပြီး သူတို့အတွက် နေရာလိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် သူသည် အန်းယွဲ့အား ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် အုတ်မြစ်ကျောက်၏ အခြေခံအသိပညာများကို သင်ကြားပေးခိုင်းလိုက်သည်။ ဤသို့ဖြင့် အခြေခံကျသည့်အမှားများ နောက်ထပ်ရှိလာတော့မည်မဟုတ်ချေ။
အန်းယွဲ့၏ ဟောပြောပွဲကို ကြားနာလိုက်ရသောအခါ မှော်ဆရာများသည် အုတ်မြစ်ကျောက်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏စွမ်းအားကို သူတို့နောက်ထပ်လျှော့တွက်မိခဲ့ကြောင်း သိရှိသွားခဲ့ကြသည်။
ရှောင်းယီသည်မူ သူ၏အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ ည ၁၁ နာရီကျော်သောအခါ သူသည် ဤနေ့၏ အုတ်မြစ်ကျောက်ရရှိမှုကို စတင်တွက်ချက်ကြည့်လိုက်သည်။
အဆင့်မြင့်အစားအစာများ၏ ရောင်းဝယ်မှုသည် စိုးရိမ်စရာဖြစ်နိုင်သော်လည်း နှစ်ဆရိတ်သိမ်းမှုက ကြီးမားသောငွေကြေးပမာဏကို ဆောင်ကြဉ်းပေးခဲ့သည်။