အခန်း (၂၉၂-၂၉၃)
Vol. 28 Ch. 292-293
အခန်း (၂၉၂) ယဇ်ပလ္လင်
"ဒီတစိခေါက် လျှို့ဝှက်နယ်မြေထဲကို နတ်တိမ် ဓားဂိုဏ်းကပါ လူလွှတ်လိုက်တာလား..."
ဖုန်းရှိုးဖူ၏ ခြံဝန်း အတွင်း၌ ချန်ဖေးနှင့် ဖုန်းရှိုးဖူတို့က ကျောက်စားပွဲ တစ်လုံး ဘေးတွင် ထိုင်နေကြပြီး လေထုထဲတွင် လက်ဖက်ရည် ရနံ့များ ပြန့်လွင့်နေ၏။
သတင်းကို လက်ခံရရှိပြီးနောက် ချန်ဖေးက ဂိုဏ်းသို့ ချက်ချင်း ပြန်လာခဲ့သည်။
လျှို့ဝှက်နယ်မြေ တစ်ခုကို အဆင့်မြှင့်တင်ခြင်းက အချိန်တို အတွင်း ဝိညာဉ် ပစ္စည်း အမြောက်အမြားကို ထွက်ပေါ်လာစေမည် ဖြစ်သည်။
"လူတစ်ယောက်က တာအိုကို နားလည်သွားတာနဲ့ အခြားလူတွေ အားလုံးပါ အကျိုးကျေးဇူး ခံစားရတယ်" ဟူသော စကားပုံက လျှို့ဝှက်နယ်မြေများ အတွက်လည်း အကျုံးဝင်ပေသည်။
လျှို့ဝှက်နယ်မြေကို ယေဘုယျ အဆင့်မြှင့်တင်ခြင်းက အတွင်းရှိ အရာအားလုံး အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည် ဖြစ်သည်။
အစစ်အမှန် တပည့် စမ်းသပ်မှု အတွင်း လျှို့ဝှက်နယ်မြေ၏ ယွမ်ချီ စွမ်းအင် အပြောင်းအလဲများကြောင့် အတွင်းရှိ သတ္တဝါများကို အလွန် ကြောက်မက်ဖွယ် ကောင်းသွားစေခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က လျှို့ဝှက်နယ်မြေမှာ ယွမ်ချီ စွမ်းအင် သိပ်သည်းဆ အပြောင်းအလဲကိုသာ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ယေဘုယျ အဆင့်မြှင့်တင်မှု ဖြစ်သဖြင့် လျှို့ဝှက်နယ်မြေ အတွင်းရှိ အရာအားလုံးက ပိုမို အကျိုးခံစားရမည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ ဝိညာဉ် ပစ္စည်းများက နေရာတိုင်းတွင် ရှိမနေသော်လည်း ပိုမို အဖြစ်များလာမည် ဖြစ်သည်။
ချန်ဖေး၏ လက်ရှိ ကျင့်ကြံမှုအရ ဒွာရများကို ဆက်လက် ဖွင့်လှစ်ခြင်းက သေချာပေါက် ရွေးချယ်စရာ တစ်ခု ဖြစ်သော်လည်း သူက အလွန်ဆုံး နောက်ထပ် ဒွာရ တစ်ခု သို့မဟုတ် နှစ်ခုသာ ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး ထို့နောက်တွင် ရပ်တန့်ကာ စိတ်စွမ်းအား တိုးတက်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးမှသာ ဒွာရများကို ပြန်လည် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
နဂါးဆင်နှိမ်နင်းခြင်းနှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန်၊ ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်၊ နှလုံးသားနယ်ပယ်၏ သိမ်မွေ့သော သန့်စင်မှုနှင့် ယွမ်ချီ စွမ်းအင်မှ စိတ်စွမ်းအားသို့ တုံ့ပြန်မှု... ဤအရာများ အားလုံးက ချန်ဖေး၏ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပေသည်။
အမြန်နှုန်းက နတ်ဘုရား ဆေးလုံး ကဲ့သို့သော ဆေးလုံးများနှင့် မယှဉ်နိုင်သော်လည်း သေချာပေါက် မနှေးကွေးလှချေ။
တစ်နှစ်လျှင် ဒွာရ တစ်ခု ဖွင့်လှစ်နိုင်သော ကောင်းမွန်သည့် ဒွာရသန့်စင်ခြင်း အဆင့် တစ်ခုကို ထည့်သွင်း စဉ်းစားပါက ချန်ဖေး၏ စိတ်စွမ်းအားက သေချာပေါက် အမီလိုက်နိုင်ပေသည်။
ချန်ဖေး၏ လက်ရှိ စိတ်စွမ်းအား ကြီးထွားမှုကပင် တစ်နှစ်လျှင် ဒွာရ နှစ်ခု ဖွင့်လှစ်ခြင်းကို ပံ့ပိုးရန် လုံလောက်နေပြီ ဖြစ်သည်။
တစ်နှစ်အတွင်း ဒွာရ နှစ်ခု ဖွင့်လှစ်ခြင်းသည် လေလွင့် ကျင့်ကြံသူများကို မဆိုထားနှင့် ကဏ္ဍ အသီးသီးရှိ အထူးချွန်ဆုံး သိုင်းပညာရှင်များပင် အိပ်မက်မက်ရမည့် စွမ်းဆောင်ရည် မျိုးဖြစ်သည်။ သို့သော် ချန်ဖေးက ဤအမြန်နှုန်းကို မကျေနပ်ချေ။
လျင်မြန်စွာ တိုးတက်ပြီးနောက် ကျင့်ကြံမှု နှုန်းက ရုတ်တရက် နှေးကွေးသွားခြင်းကို လူအများစုက လက်မခံနိုင်ကြပေ။ ဇိမ်ကျကျ နေရခြင်းမှ ချွေတာရသည့် ဘဝသို့ ကူးပြောင်းခြင်းက လူတစ်ယောက်၏ ခံယူချက်ကို အမှန်တကယ် စမ်းသပ်ခြင်း ပင်ဖြစ်သည်။ ချန်ဖေးက နှလုံးသားနယ်ပယ်ကို စူးစမ်းလေ့လာရန် သင့်မသင့်ပင် စဉ်းစားနေခဲ့၏။ နှလုံးသားနယ်ပယ်အတွင်း၌ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော ရတနာများ သေချာပေါက် ရှိနေမည် ဖြစ်သည်။
ချန်ဖေးက တစ်ယောက်တည်း သွားမည် မဟုတ်ဘဲ စစ်ယွမ်ဟိုင်နှင့် သူ၏ မြေးမလေးကိုပါ ခေါ်ဆောင်သွားရန် စီစဉ်ထားသည်။ မည်သို့ပင်ဆိုစေ သူတို့သည် တစ်သက်တာလုံး နှလုံးသားနယ်ပယ်နှင့် အပေးအယူ လုပ်လာခဲ့သူများ ဖြစ်ပြီး ထိုနေရာအကြောင်း ဗဟုသုတနှင့် နားလည်မှုများက ချန်ဖေးထက် များစွာ သာလွန်ပေသည်။
သို့သော် ဤအစီအစဉ်ကို အကောင်အထည် မဖော်မီ လျှို့ဝှက်နယ်မြေ အဆင့်မြှင့်တင်သည့် သတင်းက ရောက်ရှိလာခဲ့၏။
နှလုံးသားနယ်ပယ်၏ မသေချာ မရေရာမှုများနှင့် ယှဉ်လျှင် လျှို့ဝှက်နယ်မြေက အနည်းငယ် ပိုမို ရင်းနှီးကျွမ်းဝင်မှု ရှိပေသည်။ သေချာသည်မှာ အဆင့်မြှင့်တင်မှုကြောင့် လျှို့ဝှက်နယ်မြေက အရင်ကထက် ပိုမို အန္တရာယ်များလာမည်မှာ အသေအချာပင်။
သို့သော် ချန်ဖေး၏ ခွန်အားကလည်း ယခင်ကထက် အဆပေါင်းများစွာ တိုးတက်နေပြီ ဖြစ်သည်။
ထို့ကြောင့် ချန်ဖေးက ဤလျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။
မိမိဘာသာ ကျင့်ကြံခြင်းက သေချာပေါက် ရွေးချယ်စရာ တစ်ခု ဖြစ်သော်လည်း သိုင်းပညာ လမ်းစဉ်တွင် အချိန်ကျလာလျှင် တိုက်ခိုက်ရမည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက မိမိအတွက် သယံဇာတ လုံလောက်မည် မဟုတ်ပေ။
လက်ရှိတွင် နတ်တိမ် ဓားဂိုဏ်းနှင့် ရှန်းယန်ဂိုဏ်း တို့၏ ဆက်ဆံရေးက အပေါ်ယံတွင် တည်ငြိမ်နေပုံ ပေါ်သော်လည်း လက်တွေ့တွင်မူ ရေအောက် လှိုင်းများ လှုပ်ခတ်နေ၏။ ယွမ်ချန် ဓားဂိုဏ်းထက် အနည်းငယ် ပိုမို အားကောင်းသော ချန်ဟုန်ဂိုဏ်းမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ရှန်းယန်ဂိုဏ်းက ယွမ်ချန် ဓားဂိုဏ်းကို ရုတ်တရက် ပစ်မှတ်ထားလာပါက ယွမ်ချန် ဓားဂိုဏ်းက မိမိကိုယ်ကို ကာကွယ်ရန် မည်သည့်အရာကို အသုံးပြုမည်နည်း... ချန်ဖေးရော မိမိကိုယ်ကို ကာကွယ်ရန် မည်သည့်အရာကို အသုံးပြုမည်နည်း...
လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်းနှင့် ယွမ်ချီ စွမ်းအင်များကို အဆင့်မြှင့်တင်ခြင်း... ဝိညာဉ်အပင်များန
ဖြင့် ကျင့်ကြံခြင်းက ဒုတိယ ဦးစားပေး ဖြစ်ပြီး စိတ်စွမ်းအားကို မြှင့်တင်ခြင်းကသာ အရေးအကြီးဆုံး ဖြစ်သည်။ စိတ်စွမ်းအား မြင့်တက်လာသည်နှင့် ချန်ဖေး အနေဖြင့် ဒွာရများကို ဆက်လက်၍ လျင်မြန်စွာ ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
"ဒုတိယအဆင့် လျှို့ဝှက်နယ်မြေ... နတ်တိမ် ဓားဂိုဏ်းက စိတ်ဝင်စားတာ အံ့သြစရာ မဟုတ်ပါဘူး..." ဖုန်းရှိုးဖူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး တီးတိုး သက်ပြင်းချလိုက်၏။
လျှို့ဝှက်နယ်မြေကို အစပိုင်းတွင် အဖွဲ့အစည်း လေးခုက ပူးပေါင်း ထိန်းချုပ်ခဲ့သော်လည်း ပထမအဆင့် လျှို့ဝှက်နယ်မြေမျှသာ ဖြစ်သဖြင့် နတ်တိမ် ဓားဂိုဏ်းက အလေးအနက် မထားဘဲ ဂိုဏ်းလေးခုကိုသာ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒုတိယအဆင့် လျှို့ဝှက်နယ်မြေတွင် ဝိညာဉ် ပစ္စည်းများက စဉ်ဆက်မပြတ် ကြီးထွားလာနိုင်သည်။ အားလုံးက ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များ၏ ဝိညာဉ်ရေးရာ ကျင့်ကြံမှုတွင် အထောက်အကူ ပြုနိုင်သော ဝိညာဉ်အပင်များမှ သယံဇာတများ ဖြစ်ကြသည်။
နတ်တိမ် ဓားဂိုဏ်း ကိုယ်တိုင်တွင် ဒုတိယအဆင့် လျှို့ဝှက်နယ်မြေ တစ်ခု ရှိသော်လည်း မည်သည့် ဂိုဏ်းကမျှ ဤအဆင့်ရှိ လျှို့ဝှက်နယ်မြေများ များပြားနေခြင်းကို ညည်းညူမည် မဟုတ်ဘဲ နတ်တိမ် ဓားဂိုဏ်းလည်း ချွင်းချက် မဟုတ်ပေ။
ဤတစ်ကြိမ်တွင် သူတို့က စူးစမ်းလေ့လာမှုတွင် ပါဝင်ရန် တောင်းဆိုနေကြပြီး နောက်ပိုင်းတွင် ပူးပေါင်း စီမံခန့်ခွဲရန် တောင်းဆိုလာကြပေလိမ့်မည်။
အကယ်၍ အပြင်ဘက်မှ ရှန်းယန်ဂိုဏ်းက လောဘတကြီး စောင့်ကြည့်နေသော လက်ရှိ အထူး အခြေအနေမျိုးသာ မရှိခဲ့လျှင်...
နတ်တိမ် ဓားဂိုဏ်း၏ အတိတ်က အလေ့အထများ အရ ဤဒုတိယအဆင့် လျှို့ဝှက်နယ်မြေမှာ နတ်တိမ် ဓားဂိုဏ်း၏ သိမ်းပိုက်မှုကို မလွဲမသွေ ခံရမည် ဖြစ်သည်။
အဖွဲ့အစည်း လေးခု အနက် သုံးခုသာ ကျန်ရှိတော့ပြီး သဘာဝကျကျပင် သူတို့တွင် နတ်တိမ် ဓားဂိုဏ်းကို ငြင်းဆန်ရန် စွမ်းအား မရှိကြချေ။ ဆန္ဒမရှိသော်လည်း သူတို့၏ နိမ့်ကျသော အင်အားကြောင့် ဤအရာကို လက်ခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။
"ဆရာ... ဒီတစ်ကြိမ် ဆရာလည်း သွားမှာလား..." ချန်ဖေးက သူ့ကို မော့ကြည့်ကာ မေးလိုက်၏။
"ဒါပေါ့ သွားရမှာပေါ့... သိုင်းပညာ လမ်းစဉ်မှာ အခွင့်အရေး သေးသေးလေး ကအစ အလွတ်ခံလို့ မရဘူး... အသစ်ပေါ်လာတဲ့ ဒုတိယအဆင့် လျှို့ဝှက်နယ်မြေ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး..." ဖုန်းရှိုးဖူက ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
ဖုန်းရှိုးဖူမှာ ဒဏ်ရာကြောင့် နှစ်ပေါင်းများစွာ ဘေးဖယ်ခံထားရသော်လည်း ယခုအခါ နောက်ဆုံးတွင် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ရာ သူ၏ တစ်သက်တာလုံးကို ဒွာရသန့်စင်ခြင်း ကနဦးအဆင့်တွင်သာ ကျင့်ကြံရင်း ကုန်ဆုံးရန် ဆန္ဒမရှိချေ။ ဤလျှို့ဝှက်နယ်မြေက သူ့အတွက် ပြီးပြည့်စုံသော အခွင့်အရေး တစ်ခု ပင်ဖြစ်သည်။
"ကျွန်တော်လည်း သွားမယ်..." ချန်ဖေးက ပြုံးလျက် ပြောလိုက်၏။
"မင်း မသွားချင်ရင်တောင် ဂိုဏ်းချုပ်ကြီးက မင်းကို အတင်း သွားခိုင်းမှာ..."
ဖုန်းရှိုးဖူက ချန်ဖေး၏ ခွန်အားကို စဉ်းစားလိုက်သည်။ အပေါ်ယံတွင် သူက ယွမ်ချန် ဓားဂိုဏ်း အတွင်းရှိ အားအနည်းဆုံး ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင် ဖြစ်သော်လည်း လက်တွေ့တွင်မူ ဂိုဏ်း၏ ဒွာရသန့်စင်ခြင်း ကနဦးအဆင့်ရှိ မည်သူကမျှ ချန်ဖေးကို အနိုင်ယူနိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ လူတိုင်းက ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ပညာရှင် သုံးယောက်၏ တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်ပြီး သူတို့ အားလုံးကိုပါ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
ယခုအချိန်ထိတိုင်အောင် ဖုန်းရှိုးဖူမှာ သူ၏ တပည့်ဖြစ်သူ၏ ကျင့်ကြံမှု အမြန်နှုန်းက မြန်ဆန်လွန်းနေသည်ကို မယုံကြည်နိုင်သေးချေ။
"ဒီတစ်ကြိမ် လူဘယ်နှစ်ယောက် သွားမှာလဲ..."
"မင်းနဲ့ ငါ အပါအဝင် ဒွာရသန့်စင်ခြင်း အဆင့် စုစုပေါင်း ခုနစ်ယောက် ရှိမယ်... ပြီးတော့ အတွင်းကလီစာသန့်စင်ခြင်း အဆင့် ငါးဆယ်လည်း ငါတို့နဲ့ အတူ ဝင်မှာ..."
ဖုန်းရှိုးဖူက သူ၏ လက်ဖက်ရည် ပန်းကန်ကို ချ၍ ချန်ဖေးကို ကြည့်ကာ ပြောလိုက်သည်။
"ဒီအရေအတွက်တွေက ဂိုဏ်းအသီးသီး ဆွေးနွေးပြီး ရရှိလာတာတွေပဲ... နတ်တိမ် ဓားဂိုဏ်းကလည်း ဒီအတိုင်းပဲ လုပ်မှာ..."
တစ်နာရီ ကြာပြီးနောက် ချန်ဖေး ရှိနေသော ခြံဝန်း အတွင်း၌...
"ခင်ဗျားတို့လည်း လျှို့ဝှက်နယ်မြေကို သွားမှာလား..." ချန်ဖေးက ကောဟုန်ကျယ်နှင့် ကျန်းဖန်းချုံးကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။
"ဒွာရ တစ်ခုလောက် ဖွင့်ဖို့ ရည်ရွယ်ပြီး ငါ အကြမ်းဖျင်း စမ်းကြည့်သေးတယ်... ဒါပေမဲ့ အောင်မြင်နိုင်ချေက အရမ်း နည်းသေးတယ်... အကယ်၍ လျှို့ဝှက်နယ်မြေထဲကနေ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဝိညာဉ်အပင် တစ်ခုလောက် ရခဲ့ရင် အောင်မြင်နိုင်ချေက အများကြီး ပိုများသွားလိမ့်မယ်..."
ကောဟုန်ကျယ်က တီးတိုး ပြောလိုက်၏။
ချန်ဖေးကို ရင်ဆိုင်ရချိန်တွင် သူတို့၏ အတိတ်က ဂိုဏ်းတူအစ်ကို ဆက်ဆံရေးနှင့် ယှဉ်ပါက အနည်းငယ် အားနည်းနေသကဲ့သို့ ခံစားနေရသည်။ အတွင်းကလီစာသန့်စင်ခြင်း အဆင့်နှင့် ဒွာရသန့်စင်ခြင်း အဆင့်တို့မှာ အဆင့်တစ်ခုသာ ကွာခြားသော်လည်း ကမ္ဘာနှစ်ခုလို ကွာခြားပေသည်။
"အကယ်၍ လျှို့ဝှက်နယ်မြေက အဆင့်မမြှင့်ဘူး ဆိုရင်တောင် ငါတို့ရဲ့ တိုးတက်မှုကို အခိုင်အမာ တည်ဆောက်ဖို့ အချိန်နည်းနည်း ယူပြီး အဆင့်တက်လှမ်းဖို့ အတင်း ကြိုးစားလို့ ရသေးတယ်... ဒါပေမဲ့ အခု ပိုကောင်းတဲ့ အခွင့်အရေး ရနေပြီ ဆိုတော့ သေချာပေါက် ဆုပ်ကိုင်ထားရမှာပေါ့..."
ကျန်းဖန်းကျုံးက ချန်ဖေးကို ပြုံးလျက် ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် ချစ်ခင်မှုများ တလက်လက် တောက်ပနေ၏။
လူနှစ်ယောက်၏ စကားကို ကြားပြီးနောက် ချန်ဖေးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ကောဟုန်ကျယ်နှင့် ကျန်းဖန်းကျုံး တို့သည် သူတို့၏ သိုင်းပညာ ရည်မှန်းချက်များတွင် တုန်လှုပ်ခြင်း မရှိသော စိတ်ပိုင်းဖြတ်မှုကို ပိုင်ဆိုင်ထားကြသည်။ တစ္ဆေနယ်မြေက မယုံကြည်နိုင်လောက်အောင် အန္တရာယ် များနေချိန်တွင်ပင် သူတို့က ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။ ယခုအခါ လျှို့ဝှက်နယ်မြေ ပွင့်လာပြီ ဖြစ်ပြီး အတွင်း၌ ကောင်းကင်နှင့် မြေကြီး ရတနာများ ပိုမို များပြားနေပြီ ဖြစ်သည်။
အကယ်၍ သူတို့က စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဝိညာဉ် ပစ္စည်းများကို အမှန်တကယ် ရရှိခဲ့ပါက ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းရန်အတွက် တိုင်းဆ၍ မရနိုင်သော အကျိုးကျေးဇူးများ ရှိပေလိမ့်မည်။
"ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေမှာ အခြား ဂိုဏ်းတွေက ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်တွေလည်း ပါလာမှာ ဆိုတော့ အထူး သတိထားကြနော်..." ချန်ဖေးက သူတို့ နှစ်ယောက်ကို ကြည့်ကာ အလေးအနက် သတိပေးလိုက်၏။
သုံးရက် အချိန်က မျက်တောင်တစ်ခတ် အတွင်းမှာပင် ကုန်လွန်သွားခဲ့ပြီး ဂိုဏ်းလေးခုက လျှို့ဝှက်နယ်မြေ ဝင်ပေါက်ရှိ တောင်ကြားတွင် စုဝေးရောက်ရှိနေကြသည်။ နတ်တိမ် ဓားဂိုဏ်းက နေရာတစ်ခုတွင် ရပ်နေပြီး အခြား ဂိုဏ်းသုံးခုကမူ သူတို့ကို မသိမသာ ရှောင်ရှားကာ နတ်တိမ် ဓားဂိုဏ်းနှင့် ခပ်ခွာခွာ နေကြ၏။
ချန်ဖေးက လူအုပ်ကြားတွင် ရပ်လျက် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များ ဖြစ်ကြသော ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များကို လေ့လာစောင့်ကြည့်နေသည်။
ရရှိနိုင်သော သတင်းအချက်အလက်များကိုသာ အခြေခံ၍ အကဲဖြတ်ရလျှင် ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များက ဒွာရသန့်စင်ခြင်း ကနဦးအဆင့်၏ အထွတ်အထိပ်သို့ နီးပါး ရောက်ရှိနေကြပြီး ဒွာရ သုံးဆယ်ကျော် ဖွင့်လှစ်ထားပြီး ဖြစ်ကြသည်။
ထိုသူများအနက် နတ်တိမ် ဓားဂိုဏ်းမှ လျောင်ဟန်ချင်၏ အရှိန်အဝါက အားအကောင်းဆုံး ဖြစ်ပြီး သူ၏ ချီစွမ်းအင်များက အချိန်မရွေး ဒွာရသန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ တက်လှမ်းတော့မည့် အလား သိမ်မွေ့စွာ တုန်ခါနေ၏။ သူက ဒွာရ ၃၆ ခုကို အပြည့်အဝ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ထင်ရှားနေသည်။ ဒွာရ ၃၆ ခုကို ဖန်တီးပြီးနောက် သိုင်းပညာရှင် တစ်ဦး အနေဖြင့် ဒွာရသန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ ဝင်ရောက်ရန်အတွက် ဒွာရ ၃၆ ခုကို တစ်ခုတည်း အဖြစ် ပေါင်းစပ်ရမည် ဖြစ်သည်။
ဒွာရ ၃၆ ခုစလုံး၏ စွမ်းအားကို ပေါင်းစပ်လိုက်မှသာ ဒွာရသစ် တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်ပြီး ဒွာရသန့်စင်ခြင်း အလယ်အလတ် အဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဤဒွာရ ၃၆ ခု၏ ပေါင်းစပ် အကျိုးသက်ရောက်မှုကြောင့် ဒွာရသန့်စင်ခြင်း အလယ်အလတ် အဆင့်မှာ ကနဦးအဆင့်ထက် သိသိသာသာ ပိုမို အားကောင်းပေသည်။
သွေးခုန်နှုန်း တစ်ခုကို အောင်မြင်ရန် လွယ်ကူခြင်း သို့မဟုတ် ခက်ခဲခြင်းမှာ ကျင့်စဉ် အပေါ်တွင် မူတည်ပြီး စိတ်စွမ်းအား၏ အားကောင်းမှုနှင့်လည်း အနီးကပ် ဆက်စပ်နေ၏။
လျောင်ဟန်ချင်၏ ကျင့်ကြံမှုမှာ ထိုနေရာတွင် ရှိနေသူများ အနက် သေချာပေါက် အမြင့်ဆုံး ဖြစ်ပြီး နတ်တိမ် ဓားဂိုဏ်းမှ ကျင့်ကြံသော ကျင့်စဉ်ကလည်း အခြား ဂိုဏ်းသုံးခုထက် သဘာဝကျကျပင် များစွာ သာလွန်ပေသည်။
ထို့အပြင် ယခုအချိန်တွင် လျောင်ဟန်ချင် ကိုင်ဆောင်ထားသော ဝိညာဉ်ဓားမှာ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်သည်။
လျောင်ဟန်ချင်က သူ၏ အရှိန်အဝါကို တမင်တကာ ထုတ်လွှတ်ခြင်း မရှိသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော သိမ်မွေ့သည့် ဖိနှိပ်မှု ခံစားချက်က လူအများအပြားကို မသက်မသာ ဖြစ်စေ၏။
အဆင့်မြင့် ဝိညာဉ်လက်နက် နှင့် ပေါင်းစပ်ထားသော ဤကျင့်ကြံမှုမျိုးဖြင့် လျောင်ဟန်ချင် တစ်ယောက်တည်းကပင် အဆင့်တူ သိုင်းပညာရှင် အများအပြားကို ဖိနှိပ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ လျောင်ဟန်ချင်ကို ဝန်းရံထားသော အခြား ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များ အနေဖြင့် သူတို့၏ ခန္ဓာကိုယ် ကျင့်ကြံသူများကို ခွဲခြားသိမြင်ရန် ခက်ခဲသော်လည်း အလွန် အစွမ်းထက်သော လက်နက်များကို ကိုင်ဆောင်ထားကြသည်။
ထိုသူများအနက် သုံးဦးမှာ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေသော ဝိညာဉ်ဓားများကို ကိုင်ဆောင်ထားကြ၏။ ဝိညာဉ်လက်နက် အဆင့် နှစ် ရှိသည်။ အဆင့်နိမ့် ဝိညာဉ်ဓားများ ဖြစ်သော်လည်း ဝိညာဉ် စွမ်းအင်များ ဖြာထွက်နေပုံ ပေါ်ပါက အဆင့်နိမ့် ဝိညာဉ်လက်နက်များ အနက် ထိပ်တန်း အဖြစ် သတ်မှတ်ခံရဆဲ ပင်။
ဆန့်ကျင်ဘက် အနေဖြင့် အခြား ဂိုဏ်းသုံးခုမှ ခေါင်းဆောင်များမှာ အသိပညာပိုင်းတွင် လျောင်ဟန်ချင် ထက် အနည်းငယ် အားနည်းနေပြီး သူတို့ ပိုင်ဆိုင်သော ဝိညာဉ်လက်နက်များမှာ အလယ်အလတ် အဆင့်တွင်သာ ရှိပေသည်။ အကယ်၍ ဝိညာဉ်လက်နက် ဖြင့် လျောင်ဟန်ချင်ကို အမှန်တကယ် တိုက်ခိုက်ရပါက တိုက်ကွက် ဘယ်လောက် ခံနိုင်မည်လဲ ဆိုသည်မှာ မေးခွန်းထုတ်စရာ ပင်။
သေချာသည်မှာ ဂိုဏ်းသုံးခု စလုံးတွင် အဆင့်မြင့် ဝိညာဉ်လက်နက်များ ရှိသော်လည်း အားလုံးက ယွမ်ချန် ဓားဂိုဏ်း၏ ဝိညာဉ်ချုပ်နှောင်ခြင်း စေတီ ကဲ့သို့သော ဂိုဏ်းကို ကာကွယ်စောင့်ရှောက်သည့် လက်နက်များဖြစ်ကြသည်။ ဤမျှ အစွမ်းထက်သော လက်နက်များကို လျှို့ဝှက်နယ်မြေသို့ ယူဆောင်လာရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။
လျှို့ဝှက်နယ်မြေ အတွင်း၌ မတော်တဆ ဆုံးရှုံးသွားပါက ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်လာမည် ဖြစ်ရာ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် ကသာ အမြင့်ဆုံး ပြင်ဆင်မှု ဖြစ်နေပြီ ဖြစ်သည်။
"ငါတို့ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတာနဲ့ လူတိုင်းက အနီးဆုံး ဂိုဏ်းတူတွေ ဆီကို သွားကြ... တစ်ယောက်တည်း မလှုပ်ရှားကြနဲ့..." ရန်ကျုံးယန်က ယွမ်ချန် ဓားဂိုဏ်းမှ အဖွဲ့ဝင်များကို တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ဤလျှို့ဝှက်နယ်မြေက ဝင်ရောက်လာသူများကို ကျပန်း နေရာချထားပေးမည် ဖြစ်ပြီး ထိုဖြစ်စဉ်ကို ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များပင် ရှောင်လွှဲ၍ မရနိုင်ချေ။ ခုခံမှုက လျှို့ဝှက်နယ်မြေ၏ စွမ်းအားဖြင့် နှင်ထုတ်ခံရမည် ဖြစ်ပြီး နောက်ဆုံးတွင် လုံးဝ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
"ဟုတ်ကဲ့..."
တပည့်များ အားလုံးက တစ်ခဲနက် ပြန်လည် ဖြေကြားလိုက်ကြပြီး အခြား အကြီးအကဲများကလည်း အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။
ရန်ကျုံးယန်က ဂိုဏ်းချုပ်ကြီးကို သတိရကာ ချန်ဖေးကို လှည့်ကြည့်လိုက်သည်။
ရက်အနည်းငယ် ကုန်လွန်သွားသော်လည်း ရန်ကျုံးယန် အနေဖြင့် ချွီချင်းရှန်း၏ ရှင်းပြချက်ကို မယုံကြည်နိုင်သေးချေ။
သို့သော်လည်း ဂိုဏ်းချုပ်ကြီး အနေဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို နောက်ပြောင်စရာ အကြောင်း မရှိပေ။ လူအများစုက ချန်ဖေး၏ ပါရမီကို လျှော့တွက်ထားကြသည်ဟု ပြော၍သာဖြစ် ရပေမည်။ ထို့အပြင် ဤလျှို့ဝှက်နယ်မြေ ခရီးစဉ် အတွင်း ချန်ဖေးက ယွမ်ချန် ဓားဂိုဏ်း အတွက် ဖုံးကွယ်ထားသော ဖဲချပ် တစ်ခု ဖြစ်လာနိုင်ပေသည်။
နာရီဝက် ကြာပြီးနောက် မြေကြီး အနည်းငယ် တုန်ခါသွားကာ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက် ဖြစ်သော တောင်ကြား၏ အလယ်ဗဟိုတွင် ဂယက်တစ်ခု ထွက်ပေါ်လာ၏။ နတ်တိမ် ဓားဂိုဏ်းက မည်သူ့ကိုမျှ မစောင့်ဆိုင်းဘဲ ဦးစွာ ဝင်ရောက်သွားပြီး အခြား ဂိုဏ်းသုံးခုက နောက်မှ လိုက်သွားကြသည်။
တစ်ချိန်တည်းမှာပင် မိုင်ဆယ်ဂဏန်းကျော် အကွာရှိ တောအုပ်ထူထပ်သော နေရာတစ်ခုတွင် ရှန်းယန်ဂိုဏ်းမှ လူများ စုဝေးနေကြ၏။ ယဇ်ပလ္လင်နှင့် ဆင်တူသော အစီအရင် တစ်ခုကို မြေကြီးပေါ်တွင် ချထားပြီး အလယ်ဗဟို တည့်တည့်တွင် ကျောက်စိမ်းပြား တစ်ချပ်ကို တင်ထားသည်။
အခန်း (၂၉၃) တစ္ဆေဆန်ဆန်နှင့် လျှို့ဝှက်ဆန်းကြယ်မှု
ဤသည်က မူလက ချန်ဟုန်ဂိုဏ်း၏ လက်ထဲတွင် ရှိခဲ့သော လျှို့ဝှက်နယ်မြေ၏ သော့ဖြစ်သည်။
အဝေးရှိ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်က ပွင့်သွားသည်နှင့် ဤနေရာရှိ ကျောက်စိမ်းပြားလေးက အနည်းငယ် တုန်ခါသွားပြီး အလင်းတန်းလေးများ ထွက်ပေါ်လာကာ လေထုထဲတွင် ဂယက်များ ဖြစ်ပေါ်စေ၏။
"နတ်တိမ် ဓားဂိုဏ်းက ဝင်သွားပြီ..."
ကျောက်စိမ်းပြား၏ လှုပ်ရှားမှုကို မြင်သောအခါ ဝူယုံးကျောက်က ချွမ်ချန်မင်ကို လှည့်ကြည့်လိုက်သည်။ ချွမ်ချန်မင်က နှုတ်ဆိတ်နေပြီး သူ၏ လက်များက ယဇ်ပလ္လင်၏ စွမ်းအားကို အသက်သွင်းရန် လက်သင်္ကေတများ ပြုလုပ်နေ၏။ ပတ်ဝန်းကျင်ရှိ ယွမ်ချီ စွမ်းအင်များက ဂယက်ထသွားပြီး ယဇ်ပလ္လင်ဆီသို့ စီးဝင်သွားသည်။
ဂိုဏ်းများက ဒုတိယအဆင့် လျှို့ဝှက်နယ်မြေ ကိစ္စကို လူသိရှင်ကြား မထုတ်ပြန်ခဲ့သော်လည်း လူများစွာ၏ လှုပ်ရှားမှုများကို ရှန်းယန်ဂိုဏ်း၏ စုံစမ်းထောက်လှမ်းမှုများမှ သဘာဝကျကျပင် ဖုံးကွယ်ထား၍ မရနိုင်ချေ။
အသစ် ပေါ်ထွက်လာသော ဤဒုတိယအဆင့် လျှို့ဝှက်နယ်မြေကို နတ်တိမ် ဓားဂိုဏ်းက စိတ်ဝင်စားမည် ဖြစ်သကဲ့သို့ ရှန်းယန်ဂိုဏ်းသည်လည်း ချွင်းချက် မဟုတ်ပေ။
သို့သော် နတ်တိမ် ဓားဂိုဏ်းက ရှန်းယန်ဂိုဏ်းကို သူတို့နှင့်အတူ ခေါ်ဆောင်သွားမည် မဟုတ်ကြောင်း ရှင်းလင်းနေ၏။
ရှန်းယန်ဂိုဏ်းက မူလက ချန်ဟုန်ဂိုဏ်း ပိုင်ဆိုင်ခဲ့သော လျှို့ဝှက်နယ်မြေ သော့ကို ပစ်မှတ်ထားခဲ့သည်။
လျှို့ဝှက်နယ်မြေ သော့ကို ပုံမှန်အားဖြင့် တောင်ကြားထဲတွင် အသက်သွင်းရန် ရည်ရွယ်ထားသော်လည်း ယခုအချိန်တွင် ထိုသို့လုပ်ရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းနေသဖြင့် ယဇ်ပလ္လင်ကို အသုံးပြုရခြင်း ဖြစ်သည်။ ဤယဇ်ပလ္လင်ကို အသုံးပြုခြင်းအားဖြင့် လျှို့ဝှက်နယ်မြေ၏ အတားအဆီးကို အဝေးမှနေ၍ ဆွဲဖြဲပစ်နိုင်ပြီး ရှန်းယန်ဂိုဏ်းမှ အဖွဲ့ဝင်များကို ဝင်ရောက်ခွင့် ပေးနိုင်မည် ဖြစ်သည်။
ယဇ်ပလ္လင်က ပို၍ပို၍ လျင်မြန်စွာ လည်ပတ်လာသည်နှင့်အမျှ ကျောက်စိမ်းပြားပေါ်ရှိ အလင်းရောင်များက တဖြည်းဖြည်း အားကောင်းလာပြီး တံခါးပေါက် တစ်ခု ပွင့်လာတော့မည့် အလား ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေ၏။
ဖျောက်... ဖျောက်... ဖျောက်...
မြေကြီးပေါ်ရှိ ဝိညာဉ်ကျောက်တုံးများက တစ်ခုပြီးတစ်ခု ကွဲအက်သွားပြီး ယဇ်ပလ္လင်က ဝိညာဉ်ကျောက်တုံးများ ထံမှ စွမ်းအင်များကို စုပ်ယူကာ ကျောက်စိမ်းပြား အတွင်းသို့ အဆက်မပြတ် လောင်းထည့်ပေးနေသော်လည်း လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်က ထွက်ပေါ်လာခြင်း မရှိသေးပေ။
ချွမ်ချန်မင်၏ မျက်မှောင်များ အလွန် နက်ရှိုင်းစွာ ကြုတ်သွား၏။ တံခါးပေါက်ကို လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်နေရာတွင် ဖွင့်လှစ်ခဲ့ခြင်း မဟုတ်သဖြင့် ခက်ခဲမှုက သိသိသာသာ တိုးလာခဲ့ပြီ ဖြစ်သည်။ သူ၏ ညာလက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ သူ၏ ခြေရင်းရှိ ဝိညာဉ်လက်နက် တစ်ခုက ယဇ်ပလ္လင် အတွင်းသို့ ပျံသန်းသွားသည်။
ဓားကောက် ပုံသဏ္ဌာန် ဝိညာဉ်လက်နက်က ငိုကြွေးနေသကဲ့သို့ အနည်းငယ် တုန်ယင်နေပြီး ဝိညာဉ်စွမ်းအင်များ တက်ကြွလာကာ ယဇ်ပလ္လင် အတွင်းသို့ စုပ်ယူခံလိုက်ရ၏။
ဤဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းခံလိုက်ရသော ယဇ်ပလ္လင် တစ်ခုလုံးက မျက်စိကျိန်းမတတ် အလင်းရောင်များ ဖြာထွက်လာသည်။ လျှို့ဝှက်နယ်မြေ၏ ကျောက်စိမ်းပြားက ပြင်းထန်စွာ တုန်ခါသွားပြီး အလင်းတန်း တစ်ခုက ပစ်ထွက်သွားကာ ရှေ့ရှိ လွတ်နေသော နေရာကို သွားထိလိုက်၏။
လေထုက ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဂယက်များ အဆက်မပြတ် ပြန့်နှံ့သွားသည်။
ဂျွတ်... ဂျွတ်... ဂျွတ်...
စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းထဲတွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာ၏။ ထိုအက်ကွဲကြောင်းမှ တစ်ဆင့် စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များကို ဝေဝါးဝါး မြင်တွေ့နိုင်ပြီး ထိုနေရာမှ ထူထဲသော ယွမ်ချီ စွမ်းအင်များ ထွက်ပေါ်လာနေသည်။
ရှန်းယန်ဂိုဏ်းမှ လူများမှာ တက်ကြွသွားကြသော်လည်း သူတို့၏ ဝမ်းသာမှုကို မပြသနိုင်မီမှာပင် အက်ကွဲကြောင်းက ခဏတာ ပွင့်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ ပြောင်းပြန် ပြန်ပိတ်သွားတော့၏။
"ဘာတွေ ဖြစ်နေတာလဲ..." ဝူယုံးကျောက်က ချွမ်ချန်မင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဆွဲဖြဲလိုက်တာ မဟုတ်ဘူးလား... ဘာလို့ ပြန်ပိတ်သွားတာလဲ...
"သူတို့က ကျန်တဲ့ လျှို့ဝှက်နယ်မြေ သော့ သုံးခုကို ပြင်ဆင်ထားတယ်... အထူးသဖြင့် ဒီသော့ကို ချန်ဟုန်ဂိုဏ်းက အသုံးမပြုနိုင်အောင် တားဆီးဖို့ပဲ..." ချွမ်ချန်မင် မျက်မှောင် အလွန် နက်ရှိုင်းစွာ ကြုတ်လိုက်၏။
လျှို့ဝှက်နယ်မြေတွင် ပြည့်စုံသော သော့ လေးခု ရှိပြီး မူလက ဂိုဏ်းလေးခုက ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။
လျှို့ဝှက်နယ်မြေကို ဖွင့်ရန်အတွက် သော့လေးခုစလုံး ရှိခြင်းက အကောင်းဆုံး ဖြစ်သည်။ ဤသည်က မည်သည့် ပြဿနာကိုမဆို တားဆီးပေးမည် ဖြစ်သည်။ သေချာသည်မှာ အထူး အခြေအနေများတွင် သော့ နှစ်ခုလည်း အဆင်ပြေနိုင်ပေသည်။
လျှို့ဝှက်နယ်မြေက သော့တစ်ခုစီကြား ချိတ်ဆက်မှုဖြင့် အသက်ဝင်လာခြင်း ဖြစ်သည်။ ထိုအချိန်က မည်သည့် ဂိုဏ်းကမှ တစ်ယောက်တည်း ခိုးမဝင်ခဲ့ခြင်းမှာ ယခုကဲ့သို့ လုပ်ဆောင်ထားသောကြောင့်ပင် ဖြစ်သည်။ ပထမအဆင့် လျှို့ဝှက်နယ်မြေက မည်သည့် ဂိုဏ်းအတွက်မျှ ထိုသို့ လုပ်ဆောင်ရန် မတန်ခဲ့ပေ။
လွန်ခဲ့သော ခြောက်လက ချန်ဟုန်ဂိုဏ်း ဖျက်ဆီးခံခဲ့ရသည်။ အခြား ဂိုဏ်းသုံးခုက ချန်ဟုန်ဂိုဏ်း ပိုင်ဆိုင်သော သော့ကို မရှာတွေ့ခဲ့သဖြင့် သော့၏ ဝင်ရောက်မှု နည်းလမ်းကို ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြ၏။
တောင်ကြား၏ အခြားတစ်ဖက်တွင် သော့တစ်ချောင်း ရှိနေလျှင်တောင် လျှို့ဝှက်နယ်မြေကို ဖွင့်ရန် ခက်ခဲပေသည်။
ဂိုဏ်းသုံးခုမှ ပြုပြင်ပြောင်းလဲပြီးနောက် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် လုံးဝနီးပါး မဖြစ်နိုင်တော့ချေ။
ယခုအခါ မိုင်ဆယ်ဂဏန်းကျော် အကွာတွင် ရှိနေသဖြင့် လျှို့ဝှက်နယ်မြေကို ဖွင့်နိုင်ချေမှာ အဆပေါင်းများစွာ နည်းပါးသွားပြီ ဖြစ်သည်။ အထူး အခြေအနေများ မရှိဘဲ ဤသော့ တစ်ချောင်းတည်းဖြင့် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် လုံးဝ မလုံလောက်ဟု ဆိုရမည်။
"အခြား နည်းလမ်း မရှိတော့ဘူးလား..." ဝူယုံးကျောက်က မျက်မှောင်ကြုတ်လိုက်၏။
ဤလျှို့ဝှက်နယ်မြေ ခရီးစဉ် အတွက် ရှန်းယန်ဂိုဏ်းက လျှို့ဝှက်နယ်မြေ အတွင်းရှိ နတ်တိမ် ဓားဂိုဏ်းမှ အဖွဲ့ဝင်များကို ခြုံခို တိုက်ခိုက် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင် အမြောက်အမြားကို အထူးတလည် စေလွှတ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အကြိမ်က ရှန်းယန်ဂိုဏ်းမှာ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင် ဆယ်ဂဏန်းကျော် ဆုံးရှုံးခဲ့ရသဖြင့် အလွန်အမင်း ထိခိုက်နစ်နာခဲ့ရပြီး သူတို့၏ ဒေါသကို မြိုမသိပ်နိုင်ခဲ့ချေ။ ယခုအခါ နတ်တိမ် ဓားဂိုဏ်းကို အလစ်အငိုက် ဖမ်းရန် ဤအခွင့်အရေးကို အသုံးချဖို့ သူတို့ စီစဉ်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း ယနေ့ လျှို့ဝှက်နယ်မြေ အတွင်းသို့ပင် ဝင်မရပါက ဤအစီအစဉ်မှာ ဟာသ တစ်ခု ဖြစ်သွားလိမ့်မည်။ တံခါးဝကိုတောင် မဖြတ်နိုင်ဘဲနဲ့ ဘယ်လိုလုပ် သတ်ဖြတ်ဖို့ ပြောနိုင်တော့မှာလဲ…
"မလောပါနဲ့ဦး..."
ချွမ်ချန်မင်က သူ၏ ညာလက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ နောက်ထပ် ဝိညာဉ်လက်နက် တစ်ခုက ယဇ်ပလ္လင် အတွင်းသို့ ပျံသန်းသွား၏။ ဝိညာဉ်စွမ်းအင်ကို ထပ်မံ ထုတ်ယူ၍ ကျောက်စိမ်းပြား အတွင်းသို့ ထိုးသွင်းလိုက်သည်။ ကျောက်စိမ်းပြား ပြင်းထန်စွာ တုန်ခါသွားပြီး လျင်မြန်စွာ ပြန်လည် ကျုံ့ဝင်နေသော လျှို့ဝှက်နယ်မြေ၏ အက်ကွဲကြောင်းမှာ ယခုအချိန်တွင် နှေးကွေးသွား၏။
ချွမ်ချန်မင်က အက်ကွဲကြောင်းဆီသို့ အလျင်အမြန် ရွှေ့လျားသွားပြီး သူ၏ ဝတ်ရုံထဲမှ ကျောက်စိမ်း ပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ သူက တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး သူ၏ အမူအရာတွင် အနည်းငယ် နှမြောတွန့်တိုမှုများ ထွက်ပေါ်လာသော်လည်း ပုလင်းအဖုံးကို ဖွင့်၍ အတွင်းရှိ အရာများကို အက်ကွဲကြောင်းပေါ်သို့ လောင်းချလိုက်၏။
ရှဲ...
တစ်စုံတစ်ခုကို တိုက်စားသွားသကဲ့သို့ ပုလင်းထဲမှ အရာများက လုံးဝ အမည်းရောင် ဖြစ်နေပြီး လူတို့ကို ပျို့အန်ချင်စိတ် ဖြစ်စေကာ သူတို့၏ စိတ်ကိုပင် အနက်ရောင် မြူခိုး တစ်လွှာဖြင့် ဖုံးအုပ်သွားစေသည်။
ယခုအချိန်တွင် အနက်ရောင် အရာဝတ္ထုက လျှို့ဝှက်နယ်မြေ၏ အက်ကွဲကြောင်းတွင် တွယ်ကပ်သွားပြီး သံမဏိများ အရည်ပျော်၍ ပျော့ပျောင်းသွားသကဲ့သို့ အက်ကွဲကြောင်းက ရုတ်တရက် ပျော့ပျောင်းသွား၏။
ချွမ်ချန်မင်က ယဇ်ပလ္လင်ဆီသို့ ပြန်လည် ရွှေ့လျားသွားပြီး ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာကို အတွင်းသို့ ပစ်ထည့်လိုက်သည်။ ယဇ်ပလ္လင်က အဆက်မပြတ် တုန်ခါနေပြီး အရပ်လေးမျက်နှာမှ ယွမ်ချီ စွမ်းအင်များကို ဆွဲယူလာ၏။ ကျောက်စိမ်းပြားပေါ်တွင် အက်ကွဲကြောင်းများ စတင် ပေါ်လာသော်လည်း ထွက်ပေါ်နေသော အလင်းရောင်များက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လျှို့ဝှက်နယ်မြေက ရုတ်တရက် ဆွဲဖြဲခံလိုက်ရပြီး လူများ ဝင်ရောက်နိုင်သော တံခါးပေါက် တစ်ခု ထွက်ပေါ်လာ၏။
"ကောင်းတယ်..."
ဝူယုံးကျောက်၏ မျက်နှာပေါ်တွင် အလိုအလျောက် အပြုံးတစ်ခု ပေါ်လာသည်။ သူ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် ဘေးတွင် ရပ်နေသော ချွမ်ချန်မင်၏ တားဆီးခြင်းကို ခံလိုက်ရ၏။ ဝူယုံးကျောက်က ချွမ်ချန်မင်ကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ပညာရှင် ခွန်နစ်ယောက်ပဲ ဝင်လို့ရမယ်... အဲဒီထက် ပိုရင် သော့က ကျိုးသွားလိမ့်မယ်... ဒီသော့က တခြား သော့သုံးခုရဲ့ ပြင်ဆင်မှုကို ခံထားရတယ်..."
ချွမ်ချန်မင်၏ မျက်နှာမှာ တစ်လျှောက်လုံး အတော်လေး ခက်ထန်နေ၏။ သူက နေ့ဝက်လောက် အလုပ်ရှုပ်နေခဲ့ပြီး ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ အသုံးပြုခဲ့ရသည်။ ထို့အပြင် အဆင့်နိမ့် ဝိညာဉ်လက်နက် နှစ်ခု ဆုံးရှုံးခဲ့ရပြီး အရေးအကြီးဆုံးမှာ ဂိုဏ်းချုပ်ကြီး ပေးသနားထားသော ရတနာလည်း ဆုံးရှုံးသွားပြီ ဖြစ်သည်။ ရလဒ် အနေဖြင့် ဝင်ရောက်ခွင့် ရရှိသူများမှာ ကန့်သတ်ချက် ရှိနေသေးသည်။
ဝူယုံးကျောက်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွား၏။ ဒွာရသန့်စင်ခြင်း ကနဦးအဆင့် ပညာရှင် ခုနစ်ယောက်ကိုသာ ဝင်ခွင့် ပြုသည်။ ဤသည်က နတ်တိမ် ဓားဂိုဏ်းဘက်ရှိ ဒွာရသန့်စင်ခြင်း အဆင့် ပညာရှင်များနှင့် အတူတူပဲ မဟုတ်ဘူးလား... ဘယ်မှာလဲ အားသာချက်က…
"ဒါဆို ဟိုဘက်က ဘယ်လိုလုပ် လူတွေ အများကြီး ဝင်သွားတာလဲ..."
"ဘာလို့လဲဆိုတော့ အဲဒါက ပုံမှန် ပွင့်နေတဲ့ ဝင်ပေါက် ဖြစ်ပြီး ငါတို့ဟာက မဟုတ်လို့ပဲ..."
ချွမ်ချန်မင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ နတ်တိမ် ဓားဂိုဏ်းက သူတို့ကို အချိန်အတော်ကြာကတည်းက သတိထားနေခဲ့သည်။ သူတို့က လျှို့ဝှက်နယ်မြေ၏ အတားအဆီးကို ဆွဲဖြဲနိုင်ခဲ့သော်လည်း ဤသော့က အခြားသော သော့သုံးခုက ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရမည်သာ ဖြစ်သည်။
ထိုသို့ မဟုတ်ပါက သော့ကျိုးသွားပြီး လမ်းပြပေးမည့် သော့ မရှိတော့လျှင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အကန့်အသတ်မရှိ လှိုင်းများဖြင့် ကျပန်း နေရာရွှေ့ပြောင်းခံရမည် ဖြစ်ပြီး မည်သည့် နေရာသို့ ရောက်သွားမည် ဆိုသည်ကို မသိနိုင်တော့ချေ။
"လျှို့ဝှက်နယ်မြေ ထဲကို ရောက်တာနဲ့ နေရာက ကျပန်း ဖြစ်သွားမယ်... ပြီးတော့ ငါက သော့ရဲ့ တုန်ခါမှုတွေကို ယဇ်ပလ္လင်နဲ့ ဖုံးကွယ်ထားလို့ သူတို့က ငါတို့ ဝင်လာမှန်း သိမှာ မဟုတ်သေးဘူး... ဒါကြောင့် အခွင့်အရေး ရှိသေးတယ်... ဒါပေမဲ့ ဝင်မဝင် ဆိုတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပဲ..." ချွမ်ချန်မင်က သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝူယုံးကျောက်ကို ကြည့်ကာ ပြောလိုက်သည်။
"တကယ် တခြား နည်းလမ်း မရှိတော့ဘူးလား..." ဝူယုံးကျောက်က အနည်းငယ် မလိုလားစွာဖြင့် မေးလိုက်၏။
လျှို့ဝှက်နယ်မြေ အတွင်း၌ လူတိုင်းက နတ်တိမ် ဓားဂိုဏ်း သို့မဟုတ် နတ်တိမ်ဓားဂိုဏ်း၏ မဟာမိတ်များ ဖြစ်ကြသည်။ အကယ်၍ ရှန်းယန်ဂိုဏ်းမှ အဖွဲ့ဝင်များတွင် အရေအတွက် အသာစီး မရပါက သူတို့သည် လူတိုင်း၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။
အပြင်ဘက်တွင် အခြား ဂိုဏ်းများက ရှန်းယန်ဂိုဏ်း၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့၍ သူတို့ကို မည်သည့်အရာမျှ မလုပ်ရဲကြချေ။
သို့သော် လျှို့ဝှက်နယ်မြေ အတွင်း၌ သူတို့၏ လုပ်ရပ်များကို သန့်ရှင်းသပ်ရပ်စွာ လုပ်ဆောင်နိုင်သရွေ့ နောက်ပိုင်းတွင် အပြစ်အားလုံးကို နတ်တိမ် ဓားဂိုဏ်း အပေါ် လွှဲချနိုင်ပြီး ရှန်းယန်ဂိုဏ်းကို ပြောစရာ စကား မရှိအောင် လုပ်နိုင်ပေသည်။
လက်ရှိ လျှို့ဝှက်နယ်မြေတွင် ရန်သူများဖြင့် ပြည့်နှက်နေသည်ဟု ဆိုရမည် ဖြစ်သည်။ ဤကဲ့သို့ ဝင်ရောက်သွားခြင်းက လျှို့ဝှက်နယ်မြေကို အသုံးပြု၍ နတ်တိမ် ဓားဂိုဏ်းကို လိုက်လံ သတ်ဖြတ်မည့်အစား လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် နတ်တိမ် ဓားဂိုဏ်းက သူတို့ကို လိုက်လံ သတ်ဖြတ်တော့မည် ဖြစ်သည်။
"ငါတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး... သော့က အရမ်း အားနည်းနေပြီ..." ချွမ်ချန်မင် ခေါင်းခါယမ်းလိုက်၏။
ဝူယုံးကျောက်က ချွမ်ချန်မင်ကို တည်ကြည်လေးနက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။ "ဒီလျှို့ဝှက်နယ်မြေကို ဖျက်ဆီးဖို့ နည်းလမ်း ရှိလား..."
"ဒီ... ဒါက ငါ မလုပ်နိုင်တဲ့ အရာပဲ..." ချွမ်ချန်မင် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ခေါင်းခါယမ်းလိုက်၏။
ဝူယုံးကျောက်က ကျန်ကျင်းရှန်း၏ ဒေါသကို တွေးမိကာ သွားကြိတ်လိုက်သည်။ ဤကဲ့သို့ ပြန်သွားပါက ပြစ်တင် ဝေဖန်ခံရရုံလောက်နှင့် ပြီးသွားမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ နတ်တိမ် ဓားဂိုဏ်းက မကြာမီတွင် အခြားသော ဒုတိယအဆင့် လျှို့ဝှက်နယ်မြေ တစ်ခုကို ထိန်းချုပ်နိုင်တော့မည် ဖြစ်ပြီး ထိုအချက်က ရှန်းယန်ဂိုဏ်း အတွက် အလွန် အကျိုးယုတ်စေမည် ဖြစ်သည်။
ဝူယုံးကျောက်က သူ၏ လက်ထဲရှိ အဆင့်မြင့် ဝိညာဉ်လက်နက် ကို ကြည့်လိုက်၏။ အကယ်၍ သူသာ နတ်တိမ် ဓားဂိုဏ်းမှ လျောင်ဟန်ချင်ကို သတ်ဖြတ်ရန် အခွင့်အရေး ရခဲ့ပါက လျှို့ဝှက်နယ်မြေ အတွင်းရှိ နတ်တိမ် ဓားဂိုဏ်း၏ အင်အားမှာ များစွာ လျော့ကျသွားမည် ဖြစ်ပြီး အခြား ဂိုဏ်းများကလည်း သူတို့၏ ရှန်းယန်ဂိုဏ်းကို တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ထိုဂိုဏ်းများသည် ရှန်းယန်ဂိုဏ်းမှ အဖွဲ့ဝင်များ အားလုံးကို အထဲတွင် မရှင်းနိုင်ခဲ့ပါက လှုပ်ရှားခဲ့သော ဂိုဏ်းများ အားလုံး ဒုက္ခရောက်ကြမည် ဖြစ်သည်။ ဤကဲ့သို့ ဖျက်ဆီးခံရနိုင်ခြေ ရှိသော အခြေအနေမျိုးတွင် ပါဝင်ပတ်သက်နေသူများ အနေဖြင့် အလွန်အမင်း သတိထားရန် လိုအပ်ပေလိမ့်မည်။
"မင်းတို့ ခြောက်ယောက် ငါနဲ့ လိုက်ခဲ့..."
ဝူယုံးကျောက်က လူခြောက်ယောက်ကို လက်ညှိုးထိုးကာ လှည့်ပြောလိုက်ပြီး အော်ဟစ်ကာ ဦးစွာ ပြေးဝင်သွား၏။ ရှန်းယန်ဂိုဏ်းမှ အဖွဲ့ဝင်များက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဝူယုံးကျောက် နောက်သို့ လိုက်သွားကြသည်။
လျှို့ဝှက်နယ်မြေ အတွင်း၌...
လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖြတ်သန်းသွားစဉ် ချန်ဖေး၏ ခန္ဓာကိုယ်တွင် အာရုံခံစားမှု အားလုံး တစ်ခဏမျှ ပျောက်ဆုံးသွား၏။ ကံကောင်းထောက်မစွာဖြင့် ဤခံစားချက်က ချက်ချင်းပင် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားပြီး ချန်ဖေး မျက်လုံး ဖွင့်လိုက်သောအခါ သူကိုယ်သူ ချောက်ကမ်းပါး တစ်ခုတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။
နက်ရှိုင်းပြီး ဖိနှိပ်နေသော အရှိန်အဝါ တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထား၏။ ချန်ဖေး မျက်မှောင်ကြုတ်လိုက်ပြီး မသိမသာ မော့ကြည့်လိုက်ရာ မြင့်မားသော တောင်တစ်တောင် ပေါ်လာသည်။ ချန်ဖေး၏ အမြင်တွင် ချန်ဖေးက တောင်ခြေတွင် ရပ်နေခြင်း ဖြစ်သည်။
ဤမြင့်မားလှသော တောင်ကြီးနှင့် ယှဉ်လျှင် ချန်ဖေးက အလွန် သေးငယ်နေသည်မှာ သေချာသည်။
အရှိန်အဝါ သေးငယ်နေခြင်း မဟုတ်ဘဲ ဤတောင်မှ ထွက်ပေါ်လာသော အရှိန်အဝါက ကျောချမ်းစရာ ကောင်းနေခြင်း ဖြစ်သည်။ ချန်ဖေးမှာ ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အလွန် မသက်မသာ ဖြစ်နေဆဲ ပင်။
"ပန်းဖျင် တောင်..."
ရင်းနှီးနေသော တောင်ထွတ်များကို ကြည့်ရင်း ချန်ဖေးက သူ လျှို့ဝှက်နယ်မြေ အတွင်းသို့ ပထမဆုံး ဝင်ရောက်စဉ်က တွေ့ခဲ့ရသော ပန်းဖျင် တောင်နှင့် ဆင်တူသည့် အချက်အချို့ကို သတိပြုမိလိုက်သော်လည်း ကွာခြားချက် အများအပြားလည်း ရှိနေ၏။
အခြား အရာအားလုံးကို ဘေးဖယ်ထားလိုက်မည် ဆိုလျှင်ပင် ထိုစဉ်က ပန်းဖျင် တောင်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ် ကောင်းခဲ့သော်လည်း ယခုကဲ့သို့ ပထမဆုံး အကြိမ် မြင်လိုက်ရုံဖြင့် လူတို့ကို အကြောက်တရားဖြင့် တုန်ယင်သွားစေနိုင်သည် အထိတော့ သေချာပေါက် မဟုတ်ခဲ့ချေ။
ချန်ဖေး၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ဝေဝါးသော ပုံရိပ် တစ်ခု အဖြစ် ပြောင်းလဲကာ တောင်ခြေမှ ထွက်ခွာသွား၏။ ဆယ့်ငါးမိနစ် ကြာပြီးနောက် ချန်ဖေး ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် ချန်ဖေးက ဤတောင်သည် ယခင်က သူမြင်ခဲ့ဖူးသော ပန်းဖျင် တောင် အမှန်တကယ် ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
"လျှို့ဝှက်နယ်မြေရဲ့ အဆင့်မြှင့်တင်မှုက ပန်းဖျင် တောင်ကို အများကြီး ပြောင်းလဲသွားစေတယ်... ဒီလျှို့ဝှက်နယ်မြေမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ..."
ချန်ဖေး၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာ၏။ လျှို့ဝှက်နယ်မြေ၏ အဆင့်တက်လှမ်းမှုက ချန်ဖေး၏ လက်ရှိ စွမ်းအားအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ဟု သူ ထင်ထားခဲ့သည်။ ယခု ကြည့်ရသည်မှာ ချန်ဖေးက အနည်းငယ် အကောင်းမြင်လွန်းနေခဲ့ပုံ ပေါ်သည်။
ပန်းဖျင် တောင်၏ တည်ရှိနေမှု သက်သက်ကပင် ချန်ဖေးကို ခြိမ်းခြောက်နေပြီး တောင်ပေါ်သို့ တက်ရန် တွန့်ဆုတ်နေစေသည်။
လျှို့ဝှက်နယ်မြေ၏ လျှို့ဝှက်ချက်က ပန်းဖျင် တောင်ပေါ်တွင် ရှိနေနိုင်သော်လည်း ချန်ဖေးက ထိုနေရာသို့ သွားသင့် မသွားသင့် မဆုံးဖြတ်ရသေးပေ။ မည်သို့ပင်ဆိုစေ အန္တရာယ်က ရှင်းလင်းနေ၏။
"အရင်ဆုံး ဘာကာကို သွားရှာရအောင်..."
ချန်ဖေး တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဦးတည်ချက် တစ်ခုဆီသို့ ထွက်သွားလိုက်သည်။