← Chapters

အခန်း (၂၉၆-၂၉၇)

Vol. 29 Ch. 296-297

အခန်း (၂၉၆-၂၉၇)

Vol. 29 Ch. 296-297

အခန်း (၂၉၆) ကောင်းကင်နှင့် နေမင်းကို ဖုံးကွယ်ခြင်း

ဂူအပြင်ဘက်တွင် ကျင့်ကြံသူ နှစ်ဦးက ယှဉ်လျက် ရပ်နေပြီး မြေပြင်ပေါ်တွင် ရုန်းကန်နေသော ယုန်မိစ္ဆာကို ကြည့်နေကြ၏။

ကျင်ဝေမင်က ဖိအားကို အာရုံခံမိပြီး ခေါင်းဆတ်လိုက်သည်။ အောက်ဘက်ရှိ လူက ကျုံးယွမ် ဓားသိုင်းကို နားလည်သဘောပေါက်မှု အလွန် ထူးခြားလှ၏။ နောက်ပိုင်းတွင် သူတို့သာ အတူတကွ ခရီးဆက်နိုင်ပါက သူတို့၏ ခွန်အားများ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။

ချီရှူချင်းက ကျင်ဝေမင်၏ ဘေးတွင် ငှက်ငယ်လေးတစ်ကောင်ပမာ ယဉ်ကျေးသိမ်မွေ့စွာ ရပ်နေ၏။ ဤဒေသကို မရင်းနှီးသူများအဖို့ ချီရှူချင်းသည် ချန်ရွှေတောင်ကြား၏ ထိပ်တန်း ဒွာရသန့်စင်ခြင်း အဆင့်ရှိသူများအနက်မှ တစ်ဦးဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

ဂူထဲမှ အသံကို ကြားသောအခါ ကျင်ဝေမင် လှည့်ကြည့်လိုက်ရာ ချန်ဖေး တစ်ယောက် ဂူအပြင်ဘက်၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

"ခန်းမသခင် ချန်ပါလား... ခင်ဗျားအကြောင်း ကြားနေရတာ ကြာပြီ..."

ချန်ဖေး ဂူထဲတွင် ရှိနေမည်ဟု ကျင်ဝေမင် မျှော်လင့်မထားခဲ့သဖြင့် အနည်းငယ် အံ့အားသင့်သွား၏။ သူက လူအနည်းငယ်ကို စဉ်းစားထားသော်လည်း ချန်ဖေးကိုတော့ မေ့လျော့နေခဲ့သည်။ သူက ချန်ဖေးကို အထင်သေးခြင်း မဟုတ်သော်လည်း ချန်ဖေးမှာ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်နှစ်ခန့်သာ ရှိသေးသောကြောင့် ဖြစ်သည်။

ရှန်းထူချန်နှင့် ချန်ဖေးတို့ ယှဉ်ပြိုင်ရာတွင် ရှန်းထူချန် ရှုံးနိမ့်ခဲ့ကြောင်းကို ကျင်ဝေမင် ကြားဖူးထား၏။

ထိုအချိန်က ကျင်ဝေမင်သည် ချန်ဟုန်ဂိုဏ်းတွင် မရှိခဲ့ဘဲ ချန်ဖေးကို လူကိုယ်တိုင် မမြင်တွေ့ခဲ့ရသဖြင့် ချန်ဖေးကို ဒွာရသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်သစ် တစ်ဦးအဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျင်ဝေမင်၏ အမြင်တွင် ရှန်းထူချန်မှာ လူငယ်လေး တစ်ဦးမျှသာ ဖြစ်၏။

ချီရှူချင်းက ချန်ဖေးကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။ မကြာသေးမီ နှစ်များအတွင်း ချန်ဖေး၏ နာမည်သည် နတ်တိမ်မြို့တွင် လူတိုင်းသိသည့် နာမည်တစ်ခု မဟုတ်သည့်တိုင် လူအများ၏ ပါးစပ်ဖျားတွင် မကြာခဏ ရေပန်းစားလျက် ရှိသည်။

ယခု သူ့ကို ကြည့်ရသည်မှာ ရုပ်ရည်ချောမောပြီး သပ်ရပ်လှသဖြင့် မြင်သူတကာကို ပထမဆုံး အကြိမ် တွေ့မြင်ရုံဖြင့် သဘောကျ နှစ်သက်စေသည်။

"မိတ်ဆွေ နှစ်ယောက်စလုံးကို နှုတ်ခွန်းဆက်ပါတယ်..."

ချန်ဖေးက ကျင်ဝေမင်နှင့် ချီရှူချင်းတို့ကို အနည်းငယ် အရိုအသေပေး၍ နှုတ်ဆက်လိုက်သည်။ ကျင်ဝေမင်သည် နတ်တိမ်ဓားဂိုဏ်းမှ ဖြစ်ပြီး ချန်ဖေး၏ ဆရာ ဖုန်းရှိုးဖူနှင့်လည်း ပတ်သက်မှု ရှိ၏။

ဖုန်းရှိုးဖူကို သိုင်းပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်နိုင်သော်လည်း ကျင်ဝေမင်က ဒွာရသန့်စင်ခြင်း အဆင့်သို့ စောစီးစွာ တက်လှမ်းနိုင်ခဲ့ပြီး နတ်တိမ်ဓားဂိုဏ်း၏ အခြေခံအုတ်မြစ်လည်း ရှိပေသည်။ ကျင်ဝေမင်၏ ကျင့်ကြံမှုအဆင့်မှာ ဖုန်းရှိုးဖူထက် များစွာ မြင့်မား၏။

ဘေးတွင် ရပ်နေသော ချီရှူချင်းမှာ ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့ပုံ ရသော်လည်း အမှန်တကယ်တွင် ကျင်ဝေမင်ထက် အသက်ပိုကြီးပေသည်။

သို့သော်လည်း ဒွာရသန့်စင်ခြင်း အဆင့်၏ သက်တမ်းနှင့် နှိုင်းယှဉ်ပါက ဤအသက်ကွာဟမှုမှာ ကြီးမားလှသည်တော့ မဟုတ်ချေ။ ထို့ပြင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသော ဆေးလုံးများ၏ အာနိသင်ကြောင့် ချီရှူချင်းမှာ အသက် နှစ်ဆယ်ထက် မပိုသေးကြောင်း မည်သူမဆို ထင်မှတ်မှားနိုင်ပေသည်။

"လျှို့ဝှက်နယ်မြေက အတော်လေး အန္တရာယ်များတယ်... ခန်းမသခင် ချန်က ကျွန်တော်တို့နဲ့ အတူ သွားဖို့ ဆန္ဒရှိမလား..."

ကျင်ဝေမင်က ချန်ဖေး၏ ကျင့်ကြံမှုအဆင့်မှာ အနည်းငယ် အားနည်းသည်ဟု ခံစားရသော်လည်း အစောက ဖိအားပေးထားသည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် ချန်ဖေး၏ ကျုံးယွမ် ဓားသိုင်းအပေါ် နားလည်သဘောပေါက်မှုက အတော်လေး ကောင်းမွန်ကြောင်း သိလိုက်သည်။ အကယ်၍ သူတို့သာ ပူးပေါင်းလိုက်ပါက ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

"တောင်းပန်ပါတယ်... ကျွန်တော်က တစ်ယောက်တည်း သွားရတာ အကျင့်ပါနေလို့ပါ..."

ချန်ဖေးက ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။ သူက ဤလျှို့ဝှက်နယ်မြေသို့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဝိညာဉ်ပစ္စည်းများကို ရှာဖွေရန် သီးသန့် လာရောက်ခြင်း ဖြစ်ပြီး ယင်းပစ္စည်းများမှာ မည်သည့် ဒွာရသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်မဆို လိုချင်တပ်မက်မည့် အရာများ ဖြစ်သည်။

တကယ်တမ်း ထိုအရာများကို တွေ့ရှိပါက မည်သို့ ခွဲဝေယူကြမည်ဆိုသည်မှာ ပြဿနာ တစ်ရပ် ဖြစ်လာပေလိမ့်မည်။

ယခုအချိန်တွင် ကျင်ဝေမင်က ယဉ်ကျေးစွာ ဆက်ဆံနေသော်လည်း ထိုကဲ့သို့ ဝိညာဉ်ပစ္စည်းမျိုးနှင့် ကြုံတွေ့လာပါက တစ်ဖက်လူက ဤမျှ သဘောထားကြီးမည် မဟုတ်ချေ။

ကျင်ဝေမင်က မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ သူက စေတနာဖြင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပြီး ချန်ဖေး၏ အားနည်းသော ကျင့်ကြံမှုကို အထင်မသေးခဲ့သော်လည်း ချန်ဖေးက ချက်ချင်း ငြင်းပယ်လိုက်သဖြင့် ကျင်ဝေမင်မှာ အတော်လေး မကျေမနပ် ဖြစ်သွားသည်။

"ဒီလျှို့ဝှက်နယ်မြေက အန္တရာယ်များတယ်... ခန်းမသခင် ချန် တကယ်ပဲ အတူတူ မသွားချင်ဘူးလား..."

ချီရှူချင်းက ကျင်ဝေမင်၏ ခံစားချက်ကို ရိပ်မိသဖြင့် ချန်ဖေးကို ကြည့်ကာ ဖြည်းညင်းစွာ အကြံပြုလိုက်သည်။

"မိတ်ဆွေတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..."

ချန်ဖေးကလည်း ကျင်ဝေမင်၏ အမူအရာကို သတိပြုမိပြီး ရိုသေစွာ အရိုအသေပေးလိုက်၏။ ဤမျှ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်သည်ကိုပင် တစ်ဖက်လူက ချက်ချင်း တုံ့ပြန်နေပါလျှင် တကယ်တမ်း အတူတကွ ခရီးသွားပါက မည်သို့ ဖြစ်လာမည်ကို ပြောရန် ခက်ခဲလှပေသည်။

"အဲဒါဆိုရင်လည်း ကျွန်တော်တို့ အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး..."

ကျင်ဝေမင်က ခံစားချက်မဲ့သော မျက်နှာဖြင့် အနည်းငယ် အရိုအသေပေးကာ ချီရှူချင်းကို အချက်ပြ၍ လှည့်ထွက်သွား၏။ ချီရှူချင်းက ချန်ဖေးကို တစ်ချက်ကြည့်ကာ ခေါင်းအနည်းငယ် ခါယမ်းပြီး ကျင်ဝေမင်၏ နောက်မှ လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ နှစ်ယောက်စလုံး ချန်ဖေး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားကြသည်။

ချန်ဖေးက သူ၏ လက်ဖဝါးကို ဆန့်ထုတ်၍ အစိမ်းရောင်ရင့်ရင့် ကျောက်တုံးကို တစ်ချက်ကြည့်လိုက်သည်။ ဘာကာ ပျောက်ဆုံးသွားမှုမှာ ဤကျောက်တုံးနှင့် ပတ်သက်နေနိုင်လောက်၏။ သို့သော်လည်း ယခုအချိန်တွင် ဤကျောက်တုံးလေး တစ်တုံးကိုသာ အားကိုး၍ ဘာကာကို ရှာဖွေရန်မှာ ကောင်းကင်‌ပေါ် တက်လှမ်းရသကဲ့သို့ ခက်ခဲလှပေသည်။

ချန်ဖေးက ကျောက်တုံးကို သေချာစွာ သိမ်းဆည်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အရင်တစ်ခေါက် လျှို့ဝှက်နယ်မြေသို့ လာရောက်စဉ်က ဘာကာ တစ်ယောက်တည်း တစ္ဆေအကာရှပင်ဆီသို့ သွားခဲ့သည်ကို မှတ်မိသွားသည်။

တစ္ဆေအကာရှပင်၏ အသီးက စိတ်ကို အေးချမ်းစေနိုင်၏။ စိတ်နှင့် ဝိညာဉ်ကို တိုက်ရိုက် အားဖြည့်ပေးနိုင်သော ဝိညာဉ်ပစ္စည်း မဟုတ်သော်လည်း စိတ်စွမ်းအားနှင့် ပတ်သက်သည့် မည်သည့်အရာမဆို အလွန် တန်ဖိုးကြီးမားလှပေသည်။ လုံလောက်သော ပမာဏကို စားသုံးပါက စိတ်စွမ်းအား တိုးတက်မှုကိုပင် အထောက်အကူ ပြုနိုင်ပေသည်။

"အဲဒီတုန်းက ငါ သွားခဲ့တဲ့ လမ်းကြောင်းက ဒီဘက်ကို... အဲဒီသစ်ပင် ရှိနေသေးဖို့ မျှော်လင့်ရတာပဲ..."

ချန်ဖေးက ဘာကာ သွားခဲ့သည့် လမ်းကြောင်းကို မှတ်မိကာ သူ၏ ပုံရိပ်က တစ်ဟုန်ထိုး ရွေ့လျားသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။

မြေပြင်ပေါ်တွင် ဖိအားပေးခံထားရသဖြင့် မလှုပ်မရှားနိုင် ဖြစ်နေသော ယုန်မိစ္ဆာများမှာ ဖိအားများ ပျောက်ကွယ်သွားသည်ကို ခံစားမိသည်နှင့် တစ်ပြိုင်နက် မတ်တတ်ထရပ်ကာ သူတို့၏ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက်ကြ၏။ သူတို့၏ ရိုးရှင်းသော ဉာဏ်ရည်က မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိချေ။ အနည်းငယ် ပို၍ အင်အားကြီးသော ယုန်မိစ္ဆာသာလျှင် သူတို့ ကြုံတွေ့ခဲ့ရသည်များကို သိရှိပေသည်။

အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းတို့သည် အခြားသူတစ်ဦး၏ ဆုံးဖြတ်ချက်အပေါ် လုံးလုံးလျားလျား မူတည်နေ၏။

ချန်ဖေးက လျင်မြန်စွာ ရွေ့လျားရင်း ပတ်ဝန်းကျင် လေထုကို အာရုံခံကာ တစ္ဆေအကာရှပင်ကို ရှာဖွေနေသည်။ ယုန်မိစ္ဆာကို မသတ်ခဲ့ခြင်းမှာ တန်ဖိုးမရှိခြင်းကြောင့် ဖြစ်သလို အခြား မိစ္ဆာသားရဲများ ဂူကို ဝင်ရောက်ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ယုန်မိစ္ဆာကို ဆက်လက် စောင့်ကြပ်ခိုင်းထားခြင်းက ပို၍ အဆင်ပြေသောကြောင့် ဖြစ်သည်။

ဆယ့်ငါးမိနစ်ခန့် ပြေးလွှားပြီးနောက် ချန်ဖေး၏ ပုံရိပ်က အနည်းငယ် ယိမ်းယိုင်သွားပြီး တွင်းကြီးတစ်ခု၏ အရှေ့တွင် ရပ်တန့်သွားသည်။ ထိုတွင်းကြီးမှာ ဧရာမ အရွယ်အစားရှိပြီး အတွင်းရှိ မြေဆီလွှာများမှာ ကြီးမားသော ခွန်အားတစ်ခုကြောင့် အဆက်မပြတ် မွှေနှောက်ခံထားရပုံ ပေါ်ကာ တွင်းပတ်လည်တွင် အေးစက်သော လေထုက ဖုံးလွှမ်းနေ၏။

"တစ္ဆေအကာရှပင်က နေရာရွှေ့သွားတာလား..."

ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ညာဘက်လက်ဖြင့် အရှေ့သို့ ညွှန်ပြလိုက်ရာ မှေးမှိန်သော စွမ်းအင်ကြိုးမျှင်များက သူ၏ လက်ဖဝါးထဲသို့ စုစည်းလာ၏။ တစ်ခဏအတွင်းမှာပင် မီးခိုးရောင် စွမ်းအင်ကြိုးမျှင် တစ်ချောင်းက ချန်ဖေး၏ လက်ချောင်းထိပ်မှ ပေါ်ထွက်လာသည်။

ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်က အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားပြီး မြူခိုးများကဲ့သို့ သိမ်မွေ့သော ဝိညာဉ်စွမ်းအားများက ဤချီစွမ်းအင်ထဲသို့ ဝင်ရောက်ကာ အားဖြည့်ပေးလိုက်သည်။ ဤပညာရပ်မှာ ချန်ဖေးက မိုယန်စံအိမ်တွင် အမှတ်မထင် ရရှိခဲ့ခြင်း ဖြစ်၏။ သူ၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး ခြေရာခံခြင်းကို ပိုမို ကောင်းမွန်စေသည်။

မိုင်ထောင်ချီ၍ ခြေရာခံရန် မလုံလောက်သော်လည်း ခပ်လှမ်းလှမ်း အကွာအဝေးများတွင်တော့ အသုံးဝင်ပေသည်။

ချို့ယွင်းချက်များစွာ ရှိသော်လည်း အသုံးဝင်သည့် နေရာအချို့တော့ ရှိနေဆဲဖြစ်သည်။

အစောက ဘာကာ၏ ဂူထဲတွင် ဤနည်းလမ်းကို အဘယ်ကြောင့် အသုံးမပြုခဲ့သနည်းဆိုလျှင် ဂူအတွင်းရှိ ဘာကာ၏ ချီစွမ်းအင်များမှာ ယုန်မိစ္ဆာများကြောင့် ရောထွေး ညစ်ညမ်းနေပြီ ဖြစ်သဖြင့် ချန်ဖေး အနေဖြင့် ထုတ်ယူ၍ မရနိုင်တော့သောကြောင့် ဖြစ်သည်။ နံရံပေါ်ရှိ အစိမ်းရောင်ရင့်ရင့် အရာများမှာလည်း ချီစွမ်းအင် လုံးဝ မပါဝင်ဘဲ စူးရှသော အနံ့သာ ကျန်ရစ်ခဲ့သည်။သူ့ရှေ့ရှိ တစ္ဆေအကာရှပင် မူလ အမြစ်တွယ်ခဲ့သော တွင်းကြီးမှာ ဖျက်ဆီးမခံရသေးသဖြင့် အချိန်အတော်ကြာ ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း ချန်ဖေးက တစ်စုံတစ်ရာကို ထုတ်ယူနိုင်ဆဲ ဖြစ်သည်။

ချန်ဖေးက ဝိညာဉ်စွမ်းအားကို ဖြည့်သွင်းလိုက်သည်နှင့်အမျှ လက်ချောင်းထိပ်ရှိ မီးခိုးရောင် ချီစွမ်းအင်မှာ ပိုမို ကြီးမားလာပြီး မူလပိုင်ရှင်၏ တည်နေရာကို တုံ့ပြန်သည့် သိမ်မွေ့သော လှုပ်ခတ်မှုများ ထွက်ပေါ်လာသည်။ လှုပ်ခတ်မှု အကြိမ်အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ချန်ဖေး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။ တစ္ဆေအကာရှပင်က အဝေးကြီးသို့ မရောက်သေးချေ။

ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်၏။ ဤကဲ့သို့သော မိစ္ဆာအပင်များအတွက် ရွေ့လျားမှု အမြန်နှုန်းမှာ သူတို့၏ မွေးရာပါ အားနည်းချက် ဖြစ်သည်။ အသိဉာဏ်ရှိသော မိစ္ဆာအပင်များသာလျှင် အနည်းငယ်မျှ ရွေ့လျားနိုင်စွမ်း ရှိကြခြင်း ဖြစ်သည်။ အခြားသော ဝိညာဉ်အပင်များမှာမူ ရွေ့လျားနိုင်စွမ်း လုံးဝ မရှိကြချေ။

လက်ချောင်းထိပ်ရှိ အာရုံခံစားမှုကို လိုက်၍ ချန်ဖေးက လျင်မြန်စွာ ရွေ့လျားကာ ညာဘက်သို့ ပြေးထွက်သွား၏။ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ လက်ချောင်းထိပ်ရှိ ချီစွမ်းအင်၏ လှုပ်ခတ်မှုမှာ ပိုမို မြန်ဆန်လာသည်။

ဤအကွာအဝေးကို အခြေခံ၍ ချီစွမ်းအင် အချက်အလက်များကို မထုတ်ယူဘဲနှင့်ပင် ချန်ဖေး အနေဖြင့် အချိန်အနည်းငယ် ပေးလိုက်ရုံဖြင့် တစ္ဆေအကာရှပင်ကို ရှာတွေ့နိုင်စွမ်း ရှိသည်။ သို့သော်လည်း ပန်းတိုင်က ရှင်းလင်းနေသဖြင့် အချိန်အနည်းငယ် သက်သာစေရန်သာ ဖြစ်သည်။

သိပ်မကြာမီမှာပင် ချန်ဖေးက မြေကုန်းလေး တစ်ခုသို့ ရောက်ရှိလာ၏။ အခြားနေရာများရှိ စိမ်းလန်းစိုပြည်မှုများနှင့် နှိုင်းယှဉ်ပါက ဤကုန်းလေးမှာ လုံးဝ ပြောင်သလင်းခါနေပြီး မြေဆီလွှာမှာလည်း အနည်းငယ် မည်းမှောင်နေပုံ ရသည်။

အေးစက်သော လေထုက လေထဲတွင် ဝဲပျံနေပြီး သူစိမ်းများကို မဝင်ရောက်လာစေရန် တားဆီးထားကာ လူများကို အလိုအလျောက် အဝေးသို့ ရှောင်ရှားချင်စိတ် ပေါ်လာစေသည်။

ချန်ဖေးက သူ၏ လက်ချောင်းထိပ်ရှိ တားဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ လျှော့ချလိုက်ရာ ထို လျှို့ဝှက်ဆန်းကြယ်သော အာရုံခံစားမှု နောက်သို့ လိုက်ပါသွားသော ချီစွမ်းအင်က အရှေ့သို့ လွင့်မျောသွားပြီး မြေကုန်းလေးထဲသို့ တိုက်ရိုက် ပျောက်ကွယ်သွား၏။

ချန်ဖေး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ အနက်ရောင် အလင်းလုံး တစ်လုံးက သူ၏ လက်ဖဝါးထဲတွင် စုစည်းလာသည်။ နောက်တစ်ခဏတွင် အနက်ရောင် အလင်းတန်း တစ်ခုက ချန်ဖေး၏ လက်ဖဝါးမှ ထွက်ပေါ်လာပြီး အရှေ့ရှိ မြေကုန်းလေးကို ဝင်တိုက်လိုက်သည်။

"ဘုန်း..."

မီတာ တစ်ရာ ပတ်လည်ရှိ မြေပြင်က တုန်ခါသွားပြီး ကုန်းလေးပေါ်ရှိ မြေကြီးများက လှိုင်းထကာ အက်ကွဲသွားပြီး မည်းမှောင်သော ဖုန်မှုန့်များက ကောင်းကင်သို့ ထလွင့်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

တစ်ခဏအကြာတွင် ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက် ကုန်းလေးပေါ်တွင် ဧရာမ တွင်းကြီးတစ်ခု ပေါ်လာကာ ထိုတွင်းကြီး၏ နောက်ကွယ်တွင် ဂူတစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

တွင်းကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂူထဲမှ အေးစက်သော လေထုက တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။ သာမန်လူတစ်ယောက်သာ ဤလေထုနှင့် ထိတွေ့မိပါက ချက်ချင်းပင် အေးခဲသေဆုံးသွားပေလိမ့်မည်။ ကျင့်ကြံမှု အားနည်းသော သိုင်းပညာရှင်များပင်လျှင် ဤကဲ့သို့ အေးစက်သော လေထုကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။

"ဒီမှာ ရတနာ ရှိတယ်..."

ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဤဂူထဲတွင် ရတနာတစ်ခု ရှိနေရမည် ဖြစ်ပြီး ထို့ကြောင့်ပင် တစ္ဆေအကာရှပင်က သူ၏ဧရာမ ခန္ဓာကိုယ်ကြီးကို ဤဂူထဲသို့ ခက်ခက်ခဲခဲ ရွှေ့ပြောင်းကာ ဤရတနာကို ပိုင်ဆိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ရမည်။

ယခု ပေါ်ထွက်လာသော အချက်အလက်များအရ တစ္ဆေအကာရှပင်က အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး အဆင့် ၂ မိစ္ဆာအဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ချန်ဖေးက ငြိမ်သက်စွာ ရပ်နေရင်း ဂူထဲရှိ စွမ်းအင်များကို အာရုံခံလိုက်ပြီးနောက် နောက်တစ်ခဏတွင် သူက နေရာမှ ပျောက်ကွယ်သွားကာ ဂူထဲသို့ ရောက်ရှိသွား၏။

ဂူထဲတွင် မှောင်မိုက်နေပြီး အေးစက်သော လေထုများကသာ ဝန်းရံနေသည်။ ချန်ဖေးက ဂူကြမ်းပြင်ပေါ်ရှိ အမှတ်အသားများကို ကြည့်လိုက်ရာ တစ္ဆေအကာရှပင် ဆွဲတိုက်သွားသည့် မြောင်းရာများကို တွေ့လိုက်ရသည်။

ခြေရာများကို လိုက်၍ ချန်ဖေးက အောက်သို့ ဆင်းသွားရာ သိပ်မကြာမီ ပိုမို ကြီးမားသော ဂူတစ်ခုသို့ ရောက်ရှိသွား၏။ ဂူ၏ အလယ်တွင် ဧရာမ အကာရှပင်ကြီး တစ်ပင် ရပ်တည်နေပြီး ထူထပ်သော သစ်ရွက်များက ဂူ၏ အမိုးကို အကုန်လုံးနီးပါး ဖုံးအုပ်ထားသည်။

သို့သော် ဤစိမ်းလန်းစိုပြည်မှုက လူများကို အသက်ဝင်မှု ခံစားချက်ကို မပေးစွမ်းနိုင်ဘဲ နက်ရှိုင်းသော သေဆုံးခြင်း အငွေ့အသက်များကိုသာ ပျံ့နှံ့စေပြီး ကြည့်မိသူတိုင်း၏ ရင်ထဲတွင် အရိပ်မည်းကြီး တစ်ခု ကျရောက်သွားစေသည်။

တစ်စုံတစ်ယောက် လာမည်ကို ကြိုသိနေသည့်အလား အကာရှပင်ကြီးက အနည်းငယ် တုန်ခါသွားပြီး ဂူထဲရှိ ထူထပ် အေးစက်နေသော လေထုက ရုတ်တရက် ပိုမို ပြင်းထန်လာကာ အပူချိန်ကလည်း ချက်ချင်း ကျဆင်းသွား၏။ ချန်ဖေး ထုတ်လွှင့်လိုက်သော ထွက်သက်လေကိုပင် ရေနွေးငွေ့အဖြစ် မြင်တွေ့နိုင်ပေသည်။

သစ်ကိုင်းတစ်ကိုင်းက ချန်ဖေး၏ မျက်နှာဆီသို့ လေကို ခွင်း၍ ထိုးဝင်လာပြီး လက်သီးတစ်ဆုပ်စာပင် မဝေးတော့သည့် အကွာအဝေးမှ ချန်ဖေး၏ နဖူးကို ဖောက်ထွက်တော့မည် ကဲ့သို့ ဖြစ်လာသည်။

သို့သော် ထိုလက်သီးတစ်ဆုပ်စာ အကွာအဝေးကို သစ်ကိုင်းက မည်သို့မျှ ကျော်ဖြတ်နိုင်ခြင်း မရှိချေ။ အနက်ရောင် အလင်းတန်း တစ်ခုက ချန်ဖေး၏ အရှေ့တွင် ကာကွယ်ထားပြီး ထိုရုတ်တရက် တိုက်ခိုက်မှုကို ရပ်တန့်ပစ်လိုက်သည်။

ချန်ဖေး၏ အခက်အခဲကို သတိပြုမိသွားသည့်အလား ဂူထဲတွင် မရေမတွက်နိုင်သော သစ်ကိုင်းများ ရုတ်တရက် ပြန့်ကားလာပြီး သူတို့၏ ကြီးမားလှသော ခွန်အားများက ဂူထဲတွင် ပဲ့တင်ထပ်သွားကာ ချန်ဖေး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းရန် ကြိုးစားကြ၏။

အခန်း (၂၉၇) မောက်မာခြင်း

စွမ်းအင်များက ဂနာမငြိမ်စွာ လှိုင်းထနေပြီး အေးစက်သော လေထုက ဂူထဲရှိ သက်ရှိအားလုံးကို အေးခဲသွားစေမည့်အလား ဖြစ်နေသည်။ ဖုန်မှုန့်များမှအစ လွင့်စင်နေသော ကျောက်စရစ်ခဲများအထိ အရာအားလုံးက နှေးကွေးသွား၏။

မြင့်မားသော သစ်ကိုင်းများကသာ အေးစက်သော အရှိန်အဟုန်ဖြင့် တစ်ဟုန်ထိုး ဝင်ရောက်လာပြီး သေမင်းကို စောင့်ဆိုင်းနေရန်မှလွဲ၍ အခြား ထွက်ပေါက် မရှိတော့သည့်အလား ထင်မှတ်ရသည်။

"ဘုန်း..."

ဂူတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဂူနံရံများတွင် အက်ကွဲကြောင်းများ ပေါ်လာသော်လည်း ချက်ချင်းပင် အေးစက်သော ခွန်အားတစ်ခုကြောင့် အေးခဲသွား၏။ ဖုန်မှုန့်များနှင့် မီးခိုးများက ထောင်းခနဲ ထသွားပြီး ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မီးခိုးများနှင့် ဖုန်မှုန့်များ အနည်းငယ် ကင်းစင်သွားသောအခါ တစ္ဆေအကာရှပင်၏ သစ်ကိုင်းများက အနက်ရောင် အလင်းလုံး တစ်လုံးကို ဝိုင်းရံထားကြောင်း တွေ့လိုက်ရပြီး သစ်ကိုင်းများမှ ကြောက်မက်ဖွယ် ကောင်းသော ခွန်အားများ ထွက်ပေါ်လာကာ အလွှာလိုက်၊ အထပ်လိုက် အလင်းလုံးကို မညှာမတာ ညှစ်ခြေနေကြ၏။

တစ္ဆေအကာရှပင်၏ သစ်ကိုင်းများက သံမဏိချောင်းများကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းနေပြီး ပြင်းထန်သော ရိုက်ခတ်မှု ခွန်အားကို ပြသနေသည်။ သို့သော်လည်း အနက်ရောင် အလင်းလုံးမှာ လုံးဝ မလှုပ်မယှက် ရှိနေပြီး တစ္ဆေအကာရှပင်၏ ညှစ်ခြေမှုကြားမှ အနည်းငယ်မျှပင် ထိခိုက်မှု မရှိချေ။

ချန်ဖေးက အနက်ရောင် အလင်းလုံး၏ အလယ်တွင် ရပ်နေသည်။ ဤသည်မှာ ယွမ်ချန် ဓားကျမ်းစာ၏ စွမ်းအား ဖြစ်သည်။ ကျုံးယွမ်ဓားသိုင်းနှင့် ဘီလူးဝိဉာဉ် ဓားသိုင်းတို့ကို ပေါင်းစပ်ပြီးနောက် ဤအနက်ရောင် အလင်းတန်းမှာ ကာကွယ်ရေးနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု နှစ်ပိုင်းစလုံးတွင် များစွာ တိုးတက်လာခဲ့သည်။

ချန်ဖေးက လုံးဝ မလှုပ်မယှက် နေသည့်တိုင်အောင် တစ္ဆေအကာရှပင်က သူ၏ ကာကွယ်မှုကို ဖောက်ထွင်းနိုင်ခြင်း မရှိချေ။

ချန်ဖေး၏ လက်ထဲတွင် ယွမ်ချန် ဓားကျမ်းစာက တစ်ချိန်က ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သော ယွမ်ချန်ဓားဂိုဏ်း၏ ယခင် ခမ်းနားမှု အချို့ကို အနည်းငယ်မျှ ပြသနေပေသည်။

ယွမ်ချန်ဓားဂိုဏ်း၏ စွမ်းအားနှင့် ဤအဆင့် ၂ မိစ္ဆာ၏ အဆင့်အတန်းကို ခေတ္တမျှ စမ်းသပ်ပြီးနောက် ချန်ဖေးက တစ္ဆေအကာရှပင်ကို သတ်ဖြတ်ရန် သူ၏ ချန်ယွမ် ဓားကို ဝှေ့ယမ်းတော့မည့် ဆဲဆဲတွင် ရုတ်တရက် အနည်းငယ် ရပ်တန့်သွား၏။

"ရောက်နေမှတော့... ဘာလို့ ကိုယ့်ကိုယ်ပိုင်ရုပ်သွင်ကို ဖုံးကွယ်ထားရမှာလဲ..."

ချန်ဖေး၏ အသံက ဂူထဲတွင် ပဲ့တင်ထပ်သွား၏။ သူက လျင်မြန်သော လှုပ်ရှားမှုဖြင့် တစ္ဆေအကာရှပင်၏ သစ်ကိုင်းများကို ဖောက်ထွက်ကာ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ပေါ်လာသည်။

ချန်ဖေး၏ အသံက ဂူထဲတွင် ပဲ့တင်ထပ်သွားသော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ဘဲ အရာအားလုံးက ချန်ဖေး၏ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ ရှိနေသည်။

တစ္ဆေအကာရှပင်က ချန်ဖေး၏ လွတ်မြောက်သွားမှုကို အာရုံခံမိသောအခါ ပင်စည်တစ်ခုလုံးက တုန်ခါသွားပြီး လေထဲမှ တစ်စုံတစ်ရာကို စုပ်ယူနေသည့်အလား ဖြစ်နေ၏။ ဂူထဲရှိ အေးစက်သော လေထုက ဆက်လက်၍ ကျဆင်းလာပြီး သစ်ကိုင်းများပင်လျှင် ငွေရောင်သမ်းသော မီးခိုးရောင် အလွှာတစ်ခု ဖုံးလွှမ်းသွားကာ ကျောချမ်းဖွယ် ကောင်းလှသည်။

"ငါ့လို အမည်မသိ လူတစ်ယောက်ကို ရင်ဆိုင်ရတာ ဒီလောက်တောင် သတိထားနေဖို့ လိုလို့လား..."

ချန်ဖေးက ဂူ၏ အပေါ်ဘက် ညာဘက်သို့ ကြည့်လိုက်သည်။ အနက်ရောင် ဓားတစ်လက်က လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး အရိပ်တစ်ခုက ချန်ဖေး၏ တိုက်ခိုက်မှုကို ပေါ့ပါးစွာ ရှောင်တိမ်းကာ အခြား ကျောက်တုံး တစ်တုံးပေါ်သို့ ဆင်းသက်သွား၏။

ယွမ်ချန်ဓားဂိုဏ်းက လူတိုင်းက ချန်ဖေးကို သိကြသည်မို့ သဘာဝကျကျ သတိထားရမည် ဖြစ်သည်။

ချန်ရှီဝမ်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း သူ၏ မျက်လုံးများတွင်မူ အပြုံးအရိပ်အယောင် လုံးဝ မရှိဘဲ နက်ရှိုင်းသော အေးစက်မှုများသာ ပျံ့နှံ့နေသည်။

"ရှန်းယန်ဂိုဏ်းလား..."

ချန်ဖေးက ချန်ရှီဝမ်၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကာ မျက်ခုံးအနည်းငယ် တွန့်သွား၏။ အစောက တောင်ကြားထဲတွင် မည်သူကမျှ ဤကဲ့သို့ ပုံပန်းသဏ္ဌာန်နှင့် လေထုမျိုး မရှိခဲ့ချေ။

လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကို နည်းလမ်းပေါင်းစုံဖြင့် ပြောင်းလဲနိုင်ပြီး ချန်ဖေး ကိုယ်တိုင်လည်း ၎

ပြုလုပ်ရန် သူ၏ ကြွက်သားများကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။ သို့သော် သူ၏ အတွင်းစိတ်ကို ပြောင်းလဲရန် ခက်ခဲပြီး သူ၏ ကျင့်စဉ်နှင့် စိတ်စွမ်းအားတို့နှင့် နီးကပ်စွာ ဆက်စပ်နေပေသည်။

ချန်ဖေးက ယခု သူ၏ ကိုယ်ပိုင် အမှတ်အသားကို ပြောင်းလဲနိုင်စွမ်း မရှိတော့ချေ။ အများဆုံး အနေဖြင့် သူ၏ ရုပ်သွင်ကို ဖုံးကွယ်ရန်သာ ကြိုးစားနိုင်သည်။ ထို့ကြောင့် သူ အပြင်ထွက်သောအခါ ရုပ်ဖျက်ရန်ပင် ဒုက္ခမခံတော့သည်မှာ အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်သည်။

ဒွာရသန့်စင်ခြင်း အဆင့် သိုင်းပညာရှင်များက လူများကို သူတို့၏ ပုံပန်းသဏ္ဌာန်ဖြင့် မှတ်မိကြသော်လည်း သူတို့၏ ကိုယ်ရည်ကိုယ်သွေး လက္ခဏာများကို ပို၍ အားထားကြသည်။ စိတ်စွမ်းအားက ဤလက္ခဏာများကို အမှားအယွင်း အလွန်နည်းပါးစွာဖြင့် ချက်ချင်း ဖမ်းယူနိုင်ပေသည်။

"မင်း ငါ့ကို ထွက်လာအောင် မလုပ်သင့်ဘူး..."

ချန်ရှီဝမ်က ချန်ဖေး၏ မေးခွန်းကို တိုက်ရိုက် မဖြေချေ။ သူ၏ အပြုံးက ပိုမို တောက်ပလာ၏။ သူ ချန်ဖေးထံသို့ ခုန်အုပ်တော့မည့် ဆဲဆဲတွင် သူ၏ အမူအရာက ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဂူ၏ အပြင်ဘက်သို့ လှစ်ခနဲ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ချန်ဖေးက မလှုပ်မယှက် နေနေသည်။ ချန်ရှီဝမ် အဘယ်ကြောင့် ထွက်ပြေးသွားသည်ကို သူ သိသည်။ အပြင်ဘက်တွင် လူနှစ်ယောက်က သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ရန် လုံးဝ မကြိုးစားဘဲ ပြေးလာနေကြသောကြောင့် ဖြစ်သည်။ တစ်ခဏအကြာတွင် ထိုလူနှစ်ယောက်က ဂူထဲသို့ ဝင်လာပြီး ချန်ဖေးနှင့်အတူ စိမ်းလန်းစိုပြည်နေသော တစ္ဆေအကာရှပင်ကို တွေ့လိုက်ရသည်။

"မင်းပဲ..."

ကျင်ဝေမင်က ချန်ဖေးကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ ကျင်ဝေမင်နှင့် ချီရှူချင်းတို့က အနီးအနားတွင် ရောက်ရှိနေပြီး ဆူညံသံများကို အာရုံခံမိသဖြင့် စုံစမ်းရန် ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

ချီရှူချင်းက ချန်ဖေးကို မညှာမတာ တိုက်ခိုက်နေသော တစ္ဆေအကာရှပင်ကို တစ်ချက် ကြည့်လိုက်သည်။

ဤလွန်ကဲစွာ အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသော လေထုမှာ ဒွာရသန့်စင်ခြင်း အဆင့်များအတွက်ပင် အလွန် မနှစ်မြို့ဖွယ် ကောင်းလှသည်။

ထို့ပြင် ချီရှူချင်း အနေဖြင့် ဤမိစ္ဆာသစ်ပင်၏ မူလပုံစံကို သေချာစွာ မခွဲခြားနိုင်ချေ။ထိုသစ်ပင်မှာ မျိုးဗီဇ ပြောင်းလဲသွားသည့်အလား ပို၍ တူနေသည်။

"ခန်းမသခင် ချန်... အကူအညီ လိုသေးလား..."

ချီရှူချင်းက ညင်သာစွာ ပြောလိုက်ရာ သူမ၏ သိမ်မွေ့သော အသံက စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်သည့်အလား ထင်မှတ်ရပြီး ပတ်ဝန်းကျင်ရှိ အေးစက်နေသော လေထုကိုပင် အနည်းငယ် နွေးထွေးသွားစေသည်။

"မိတ်ဆွေတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော် တစ်ယောက်ထဲ ကိုင်တွယ်နိုင်ပါတယ်..."

ချန်ဖေးက တစ္ဆေအကာရှပင်၏ သစ်ကိုင်းများမှ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း လျင်မြန်စွာ ရွေ့လျားကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

ချီရှူချင်းက ကျင်ဝေမင်ဘက်သို့ လှည့်ကာ "ငါတို့ အဲဒါကို လုယူသင့်သလား..."

အဆင့် ၁ မိစ္ဆာ အများစုမှာ ဒွာရသန့်စင်ခြင်း အဆင့်များအတွက် တန်ဖိုးမရှိဘဲ အဆင့် ၂ မိစ္ဆာများသာ အသုံးဝင်ပေသည်။

ကျင်ဝေမင်က တစ္ဆေအကာရှပင်၏ အေးစက်သော လေထုကို ကြည့်လိုက်သည်။ ဤမိစ္ဆာမှာ အဆင့် ၂ တွင်သာ ရှိသေးသော်လည်း သတ်ဖြတ်ပြီးနောက် သူတို့အတွက် အသုံးဝင်မည့်အရာ သိပ်များများစားစား မရှိချေ။

တိကျသော ကျင့်စဉ်များ ရှိသည့် ကျင့်ကြံသူ အချို့သာလျှင် ဤကဲ့သို့ အေးစက်ပြီး မှိုင်းညှို့သော အရာများကို အထူးတလည် နှစ်သက်ကြပေသည်။

လုယူရန် ကိစ္စနှင့် ပတ်သက်၍ ကျင်ဝေမင်က လူနှစ်ယောက် မလိုဘဲ သူတစ်ယောက်တည်းနှင့်ပင် ချန်ဖေးကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။

သို့သော် ချန်ဖေးကို ရိုက်နှက်ပြီးနောက် မိမိအတွက် အသုံးမဝင်သော အရာတစ်ခုကို လုယူရန်မှာ အဓိပ္ပာယ် မရှိသလို ဖြစ်နေသည်။

ဤလျှို့ဝှက်နယ်မြေတွင် အဆင့် ၂ မိစ္ဆာများမှာ ရှားပါးလှသည်တော့ မဟုတ်ချေ။ အကောင်းဆုံး နည်းလမ်းမှာ အားစိုက်ထုတ်မှု အနည်းဆုံးဖြင့် အကြီးမားဆုံး အကျိုးအမြတ်ကို ရယူရန် ဖြစ်သည်။

"သွားမယ်..."

ကျင်ဝေမင်က ချန်ဖေးကို တစ်ချက်ကြည့်ကာ ဂူထဲမှ ထွက်ခွာသွား၏။ ချီရှူချင်းက ချန်ဖေးကို ပြုံးပြပြီး ကျင်ဝေမင်၏ နောက်မှ လိုက်ကာ ဂူထဲမှ ထွက်သွားသည်။

"ဂူထဲမှာ စိတ်ပိုင်းဆိုင်ရာ အမှတ်အသားတွေ ချန်ထားတာကို မင်း အာရုံခံမိလား..." ဂူနှင့် မိုင်အနည်းငယ် အကွာတွင် ကျင်ဝေမင်က ချီရှူချင်းကို ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်၏။

"စိတ်ပိုင်းဆိုင်ရာ အမှတ်အသား... အစောက ဂူထဲမှာ တခြားလူတွေ ရှိနေတာလား…”ချီရှူချင်းမှာ အံ့အားသင့်သွားသည်။ သူမက မည်သည့် စိတ်ပိုင်းဆိုင်ရာ အမှတ်အသားကိုမျှ တကယ် အာရုံမခံမိချေ။ ဂူထဲရှိ အေးစက်သော လေထုက ချီရှူချင်း၏ အာရုံခံစားမှု အများစုကို အနှောင့်အယှက် ပေးခဲ့သည်။

"သူ ထွက်သွားပြီ... ဒါပေမဲ့ အဝေးကြီး မရောက်သေးဘူး... သူက ဂူထဲက အခြေအနေကို စောင့်ကြည့်နေတာ..." ကျင်ဝေမင်၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။

ချီရှူချင်းက ရုတ်တရက် သဘောပေါက်သွားသည်။ ကျင်ဝေမင်က ချန်ဖေးနှင့် မငြင်းခုံချင်၍ တစ္ဆေအကာရှပင်ကလည်း တန်ဖိုးမရှိပုံ ပေါ်သဖြင့် ချန်ဖေးကိုသာ ပေးလိုက်သည်ဟု သူမက ထင်နေခဲ့သည်။

ကျင်ဝေမင်က တစ်စုံတစ်ယောက် ချန်ဖေးကို စောင့်ကြည့်နေမှန်း သိထားပြီး ထိုနေရာကို ရည်ရွယ်ချက်ရှိရှိ အမှတ်အသား ပြုလုပ်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ တစ်စုံတစ်ယောက်က ချန်ဖေးအပေါ် ပြင်းထန်သော အစီအမံများ ပြုလုပ်ရန် စီစဉ်နေကြောင်း ဤအရာက အခိုင်အမာ ပြသနေသည်။

"နှမြောစရာပဲ... သူသာ နေခဲ့ဖို့ သဘောတူရင် ဒီကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး..."

ချီရှူချင်းက ခေါင်းအနည်းငယ် ခါယမ်းလိုက်၏။ သူတို့သာ တစ္ဆေအကာရှပင်ကို အတူတကွ သတ်ဖြတ်ရန် နေခဲ့ပါက စိတ်ပိုင်းဆိုင်ရာ အမှတ်အသား ချန်ထားခဲ့သူသည် ထွက်ပေါ်လာဲမည် မဟုတ်ချေ။

"သူ့မှာ လုံလောက်တဲ့ ခွန်အား မရှိဘဲနဲ့ မောက်မာပြီး သူ့ကိုယ်သူ ထူးခြားတယ်လို့ ထင်နေတာ... ဒီဒုက္ခက သူ့ကို သင်ခန်းစာ ပေးလိမ့်မယ်..." ကျင်ဝေမင်က သရော်လိုက်သည်။

ချန်ဖေးအပေါ် ကျင်ဝေမင်၏ မကျေနပ်မှုများက သူ၏ မျက်နှာတွင် အထင်အရှား ပေါ်လွင်နေ၏။ ဒွာရသန့်စင်ခြင်း အဆင့်ရှိသူများမှာ ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိပြီး ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားများကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့၏ အချိန်က တိုတောင်းလွန်းလှသည်။

"ငါတို့ နောက်မှ ပြန်သွားဖို့ လိုသေးလား..." ချီရှူချင်းက ညင်သာစွာ မေးလိုက်သည်။

"အဲ့ဒီသစ်ပင်က ငါတို့အတွက် အသုံးမဝင်ဘူး... တခြားဟာ သွားရှာကြတာပေါ့..."

ကျင်ဝေမင်က ခေတ္တမျှ စဉ်းစားပြီး ခေါင်းခါလိုက်သည်။

နောက်ဆုံးတွင် ချန်ဖေးကို မည်သူ သတ်သွားမည်ဆိုသည်ကို သူ လုံးဝ ဂရုမစိုက်ချေ။ ဤလျှို့ဝှက်နယ်မြေမှ သူ ဘာရနိုင်မည်ဆိုသည်ကိုသာ သူ ပို၍ အာရုံစိုက်နေ၏။

နတ်တိမ်ဓားဂိုဏ်းနှင့် ရှန်းယန်ဂိုဏ်းတို့ အကြား ရှုပ်ထွေးသော အခြေအနေများကြားတွင် ကျင်ဝေမင်မှာ အလားအလာရှိသော အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် သူ၏ ကိုယ်ပိုင် ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရန် စိတ်အားထက်သန်နေသည်။

"ကောင်းပြီ..."

ချီရှူချင်းက ခေါင်းညိတ်ကာ "တပည့်တွေ အရင်က ပေးထားတဲ့ အချက်အလက်တွေအရ... ဟိုဘက်မှာ အိပ်မက်ကြာပန်း ရှိသင့်တယ်... ငါတို့ သွားခူးလို့ ရတယ်..."

ကျင်ဝေမင်က ခေါင်းညိတ်လိုက်ပြီး သူ၏ ပုံရိပ်က အရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွား၏။ ချီရှူချင်းက ဂူရှိရာသို့ နောက်ကြောင်းပြန် လှည့်ကြည့်ကာ နှမြောတသဖြစ်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

ဂူထဲတွင် ချန်ဖေးက ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည့်အလား ပေါ့ပေါ့ပါးပါးဖြင့် တစ္ဆေအကာရှပင်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေ၏။

သစ်ကိုင်းများက ကောင်းကင်ကို ဖုံးကွယ်ထားသကဲ့သို့ ရှိသော်လည်း ကွက်လပ်များ ရှိနေဆဲ ဖြစ်သည်။ ဤကွက်လပ်များကို အခြားသူများ သတိပြုမိရန် ခက်ခဲသော်လည်း ချန်ဖေးကမူ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပေသည်။

ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာတွင် ချန်ဖေး၏ ကျွမ်းကျင်မှုက ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီး ကြီးကျယ်သော ပြီးပြည့်စုံမှု အဆင့်သို့ လျင်မြန်စွာ တိုးတက်နေသဖြင့် သူ၏ ကိုယ်ဖော့ပညာမှာ အံ့မခန်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ္ဆေအကာရှပင် ကဲ့သို့သော အသစ်တက်လှမ်းလာသည့် အဆင့် ၂ မိစ္ဆာ တစ်ကောင်အနေဖြင့်ပင် ချန်ဖေးနှင့်ပက်သက်၍ လုံးဝ အကူအညီမဲ့နေပေသည်။

ရုတ်တရက် ချန်ဖေးက အနည်းငယ် ရပ်တန့်သွားပြီး သေးသွယ်သော ကြိုးတစ်ချောင်းဖြင့် နောက်သို့ ဆွဲချခံလိုက်ရသကဲ့သို့ မီတာ ဒါဇင်ပေါင်းများစွာ အကွာသို့ ချက်ချင်း လွင့်စင်သွား၏။ ချန်ဖေး ရပ်နေခဲ့သော နေရာတွင် ဓားအလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး ထိုဧရိယာ တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။

တစ္ဆေအကာရှပင်၏ ဓားမြှောင်ကဲ့သို့ ထက်မြက်သော သစ်ကိုင်းများမှာ ဤဓားအလင်းတန်းအောက်တွင် ပူဖောင်းများကဲ့သို့ အလွယ်တကူ ပျက်စီးသွားကြ၏။

"ကိုယ်ဖော့ပညာက အတော်ကောင်းတာပဲ... မင်းက တကယ် ပါရမီပါတယ်..."

ချန်ရှီဝမ်က ဂူထဲတွင် ပြန်လည် ပေါ်လာပြီး ချန်ဖေးကို ငုံ့ကြည့်ကာ "ဒါပေမဲ့ ဒီသစ်ပင်ကို ရဖို့အတွက် မင်းက ငါ့နေရာကို ထုတ်မပြောခဲ့တာလား..."

"မင်းသေချာလို့လား... ငါ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးဆိုတာ..." ချန်ဖေးက ချန်ရှီဝမ်ကို ကြည့်ကာ ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ချန်ရှီဝမ်က ချန်ဖေး၏ အပြုံးကို မြင်သောအခါ လန့်သွားပြီး သူ ချုံခိုတိုက်ခိုက်ခံရခြင်းများ ရှိမရှိ အလိုအလျောက် တွေးလိုက်မိ၏။ သို့သော် ပတ်ဝန်းကျင်တွင် အခြား မည်သူမျှ မရှိကြောင်း ချက်ချင်း သိလိုက်သည်။ ဤလျှို့ဝှက်နယ်မြေသို့ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်များသာ ဝင်ရောက်ခွင့် ရှိသည်။ ချန်ရှီဝမ် အနေဖြင့် သူထက် ပိုသန်မာသူများ၊ ပို၍ပင် သန်မာသူများ ရှိကြောင်း ဝန်ခံသော်လည်း မီတာ ဒါဇင်ပေါင်းများစွာ အတွင်း သူ အာရုံမခံနိုင်လောက်အောင် သူတို့၏ ချီစွမ်းအင်ကို ဖုံးကွယ်ထားရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ချန်ဖေးက သူ့ကို အရူးလုပ်ပြီး ကစားနေခြင်းသာ ဖြစ်ရမည်။

"မင်း တော်တော် ရဲတင်းတာပဲ..."

ချန်ရှီဝမ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက ကြွက်ဖမ်းမည့်သူ ဖြစ်သင့်သော်လည်း ချန်ဖေး၏ စကားများက သူ့ကို ရန်စလိုက်ပြီး အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ ဤအရာက ချန်ရှီဝမ်ကို ရှက်ရွံ့မှုနှင့် ဒေါသ နှစ်မျိုးစလုံးကို ခံစားရစေသည်။

"ပတ်ဝန်းကျင်မှာ တခြား ဘယ်သူမှ မရှိဘူးဆိုတာ သေချာလား..." ချန်ဖေးက ဆက်ပြောလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ..."

ချန်ရှီဝမ်က ဓားကို ကိုင်ဆောင်ထားရင်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဓားရှည် တစ်လက်အဖြစ် ပြောင်းလဲကာ ချန်ဖေးထံသို့ ခုတ်ပိုင်းလိုက်၏။ ထက်မြက်သော လေထုက ဂူတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပြီး တစ္ဆေအကာရှပင်၏ အေးစက်သော လေထုကို ဖိနှိပ်ပစ်လိုက်သည်။

"ငါက ဘာလို့ အကူအညီ လိုအပ်မှာလဲ... အတည်ပြုရုံ သက်သက်ပါ..."

ချန်ဖေးက ချန်ရှီဝမ်၏ ပေါက်ကွဲထွက်လာသော ဓားအလင်းတန်းကို ကြည့်ကာ တည်ငြိမ်စွာ နေလိုက်သည်။ ချန်ရှီဝမ်၏ ရှေ့တွင် အနက်ရောင် ကာကွယ်မှု တစ်ခု ပေါ်လာပြီး သူ၏ လွှမ်းမိုးနေသော ဓားအလင်းတန်းကို အပြည့်အဝ တားဆီးပစ်လိုက်၏။

အနက်ရောင် ကာကွယ်မှုက အဆက်မပြတ် တုန်ခါနေပြီး အချိန်မရွေး ကွဲအက်သွားတော့မည့်အလား ဖြစ်နေသော်လည်း နောက်ဆုံးတွင်တော့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိခဲ့သည်။

ထို့နောက် ချန်ဖေးက ချန်ယွမ် ဓားကို မြှောက်လိုက်ရာ ဂူထဲမှ ကျုံးယွမ် ဓားအစီအရင် ထွက်ပေါ်လာပြီး ချန်ရှီဝမ်ကို အပြည့်အဝ ဖုံးလွှမ်းသွား၏။ ဓားပုလဲများ လေခွင်းသံများ မြည်ဟည်းသွားပြီး စုစုပေါင်း ဓားပုလဲ ခြောက်ဆယ်က အရပ်မျက်နှာ အားလုံးကို ပြည့်နှက်သွားသည်။

"ဒါမှသာ ငါ စိတ်ချလက်ချ ဆက်လုပ်လို့ ရမှာ..."

All Chapters