← Chapters

အခန်း (၂၉၈-၂၉၉)

Vol. 29 Ch. 298-299

အခန်း (၂၉၈-၂၉၉)

Vol. 29 Ch. 298-299

အခန်း (၂၉၈) ပြတ်သားသော အောင်ပွဲ

ချန်ရှီဝမ်က ချန်ဖေး၏ စကားများကြောင့် ဒေါသထွက်သွားပြီး ရယ်မောလိုက်၏။ ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်နှစ်သာ ရှိသေးသောသူက ဤမျှ မောက်မာရဲသည်လား။

ချန်ဖေးမှာ ထူးခြားသော ပါရမီ ရှိပြီး အခြားသော ဒွာရသန့်စင်ခြင်း အဆင့် သိုင်းပညာရှင် အများစုထက်ပင် သာလွန်ကြောင်း လူတိုင်း သိကြသည်။

သို့သော် မည်မျှပင် ခွန်အားကြီးမားသော ပါရမီ ရှိစေကာမူ လက်တွေ့အဖြစ် ပြောင်းလဲရန် အချိန် လိုအပ်ပေသည်။ အချိန် မရှိဘဲနှင့် ပါရမီကို တကယ့် စွမ်းရည်အဖြစ်သို့ ပြောင်းလဲရန် လုံးဝ မဖြစ်နိုင်ချေ။

သို့သော်လည်း ချန်ရှီဝမ်က ဓားအစီအရင်ထဲရှိ ဓားပုလဲစေ့ ခြောက်ဆယ်ကို မြင်သောအခါ သူ၏ အမူအရာက အေးခဲသွား၏။ အထူးသဖြင့် ဓားပုလဲစေ့ တစ်ခုစီမှ ထွက်ပေါ်လာသော အငွေ့အသက်ကို အာရုံခံမိသောအခါ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။

ချန်ရှီဝမ်က ယွမ်ချန်ဓားဂိုဏ်း၏ နာမည်ကြီး အမွေအနှစ်တစ်ခု ဖြစ်သော ကျုံးယွမ် ဓားအစီအရင်ကို သေချာပေါက် သိထား၏။ အနီးအနားရှိ ဂိုဏ်းများက ဤကျင့်စဉ်ကို လေ့လာခဲ့ကြပြီး ရှန်းယန်ဂိုဏ်းကလည်း ချွင်းချက် မဟုတ်ချေ။

ဒါပေမဲ့ ဒီဓားပုလဲ ခြောက်ဆယ်ကကော ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဤသည်မှာ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက် လုပ်ဆောင်နိုင်သည့် အရာလား။ ဓားပုလဲ အရေအတွက်ကို ဤမျှအထိ တိုးမြှင့်ရန် ကျင့်စဉ်အပေါ် မည်မျှ နက်ရှိုင်းသော နားလည်သဘောပေါက်မှု လိုအပ်မည်နည်း။

"ဘုန်း..."

ဓားပုလဲ တစ်ခုက ချန်ရှီဝမ်၏ ဓားကို ဝင်တိုက်ပြီး ချက်ချင်း ကွဲအက်သွားကာ ကြွပ်ဆတ်ပုံ ရ၏။ သို့သော် ချန်ရှီဝမ်၏ မျက်နှာတွင် အပြုံး အရိပ်အယောင် မရှိဘဲ အံ့အားသင့်မှုများသာ ရှိနေသည်။

ဤဓားပုလဲကြောင့် ချန်ရှီဝမ်၏ လက်မောင်းက အနည်းငယ် ထုံကျဉ်သွား၏။

ဤသည်မှာ ဓားပုလဲ တစ်ခုတည်းသာ ဖြစ်ပြီး လောလောဆယ် သူ၏ ပတ်လည်တွင် ဓားပုလဲ ငါးဆယ့်ကိုးခု ကျန်ရှိနေသေးသည်။ တစ်ချိန်တည်းမှာပင် အစောက ကွဲအက်သွားသော ဓားပုလဲမှာ တစ်ခဏအတွင်း မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။

ချန်ရှီဝမ်က ဓားအစီအရင်ထဲတွင် ရပ်နေပြီး အပြင်ဘက်ရှိ ချန်ဖေးကို မော့ကြည့်လိုက်၏။

ဓားပုလဲ အရေအတွက်က မှားယွင်းနေပြီး သူတို့၏ ခွန်အားမှာလည်း နားလည်၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ ဘာတွေ ဖြစ်နေတာလဲ။ ချန်ဖေးက ဒွာရသန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ နှစ်နှစ်သာ ရှိသေးသည်။ သူက ဓားသိုင်းကို ဘယ်လိုလုပ် ဒီအဆင့်အထိ မြှင့်တင်နိုင်ခဲ့တာလဲ။

မဟုတ်ဘူး... ပုံမှန် ကျုံးယွမ်ဓား သိုင်းဆိုရင်တောင် ဤမျှလောက် စွမ်းအားမျိုး မရှိနိုင်ချေ။ ဤသည်မှာ ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ် ဟုတ်သေးရဲ့လား။

ချန်ရှီဝမ်က ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မရေမတွက်နိုင်သော ဓားချီများဖြင့် ဝန်းရံခံထားရ၏။ သူ ဖောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူ ယခု ချန်ဖေး၏ ပြိုင်ဘက် မဟုတ်ကြောင်း သူ သိပြီး ဆက်နေပါက ဤနေရာတွင် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ ချန်ရှီဝမ် တွေးနေသည်များကို သိနေသည့်အလား ကျုံးယွမ် ဓားအစီအရင်က ရုတ်တရက် လည်ပတ်မှု အရှိန်မြှင့်လိုက်၏။

ထို့နောက် ဓားပုလဲစေ့ ခြောက်ဆယ်က ဓားသိုင်းကွက် အမျိုးမျိုးကို ထုတ်လွှတ်ကာ ချန်ရှီဝမ်ကို ဝိုင်းရံတိုက်ခိုက်ကြသည်။

ဤသည်မှာ ပြိုင်ဘက်ကင်း ဓားသမား ခြောက်ဆယ် ရှိနေသကဲ့သို့ ပင်ဖြစ်သည်။ ဓားကွက် တစ်ခုစီက အလွန် ရိုးရှင်းသော်လည်း သူတို့၏ ကြီးမားလှသော ခွန်အားများက ဤရိုးရှင်းသော ဓားသိုင်းကွက်များကို အံ့မခန်း စွမ်းအားကြီးမားစေသည်။

"ပွင့်စမ်း..."

ချန်ရှီဝမ်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ၏ ဓားချီက ချက်ချင်း ပေါက်ကွဲထွက်လာကာ ဧရာမ ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွား၏။ ဧရာမ ဓားကြီးက အရပ်မျက်နှာ အားလုံးသို့ ခုတ်ပိုင်းလိုက်သည်။ ဓားပုလဲများ တားဆီးခံထားရချိန်ကို အခွင့်ကောင်းယူ၍ ချန်ရှီဝမ်က ဓားအဖြစ် ပြောင်းလဲကာ ညာဘက် နောက်ကျောဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဆုတောင်း ဓားသိုင်း။

ကောင်းကင်ဘုံကို ပြစ်မှားမိသော်လည်း ငါ့နှလုံးသားက ဓားအပေါ် သစ္စာရှိ၏။ နေ့စဉ် ကျင့်ကြံရာတွင် ငါ၏ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ခါးသီးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း စသည့် လူသားတို့၏ ခံစားချက် မှန်သမျှကို ဓားထဲသို့ ထည့်သွင်းထားသည်။

အချိန်ကြာလာသည်နှင့်အမျှ စိတ်သည် ဓားကဲ့သို့ ဖြစ်လာပြီး ဓားဆန္ဒက နှလုံးသား ဖြစ်လာ၏။ နှလုံးသား လှုပ်ရှားသောအခါ ဓားက လှုပ်ရှားသည်။ ဆုတောင်း ဓားသိုင်းမှာ သေချာပေါက် နက်နဲသော ဓားသိုင်းပညာ တစ်ခု ဖြစ်၏။ ဤကျင့်စဉ်ကို နက်ရှိုင်းစွာ ကျင့်ကြံထားပါက ဓားဆန္ဒမှာ ချောက်နက်ကြီးကဲ့သို့ နက်နဲပေလိမ့်မည်။

ယခုအချိန်တွင် ချန်ရှီဝမ်၏ ကြောက်ရွံ့မှုက ဓားအဖြစ် ပြောင်းလဲသွားပြီး ဓားဆန္ဒများကို တစ်ဟုန်ထိုး တိုးပွားလာစေကာ မြေဆွဲအား စက်ကွင်းကို ချက်ချင်း ဖြတ်တောက်လိုက်ပြီး မြေဆွဲအားက ချန်ရှီဝမ်အပေါ်သို့ ဖိမချနိုင်အောင် တားဆီးလိုက်သည်။

ချန်ရှီဝမ်၏ အမြန်နှုန်းက တစ်ရှိန်ထိုး မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားအစီအရင်၏ အစွန်းသို့ ရောက်ရှိသွား၏။

ကျုံးယွမ် ဓားအစီအရင်ထဲမှ ထွက်ခွာပြီး ဂူထဲမှ ထွက်သွားရန် ခြေတစ်လှမ်းသာ လိုတော့သည်။

သို့သော်လည်း ချန်ရှီဝမ် ဤခြေတစ်လှမ်းကို မလှမ်းနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဓားပုလဲ ဒါဇင်ပေါင်းများစွာက ထိုနေရာတွင် စောင့်ဆိုင်းနေပြီး ဖြစ်သောကြောင့်တည်း။ အစောက ချန်ရှီဝမ် ထုတ်လွှတ်လိုက်သော ဓားချီများမှာ ဓားပုလဲများ၏ ရိုက်ခွဲခြင်းကို ခံလိုက်ရပြီး ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့ချေ။

"ကွဲစမ်း..."

ချန်ရှီဝမ်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး ဧရာမ ဓားအလင်းတန်း တစ်ခုက လျှပ်စီးကြောင်း တစ်ခုကဲ့သို့ အရှေ့သို့ တစ်ဟုန်ထိုး ဝင်ရောက်သွား၏။ ဓားက လေထုကို ခွဲကာ တစ္ဆေတစ်ကောင် ငိုကြွေးသကဲ့သို့ အသံမျိုး ထွက်ပေါ်လာပြီး ကြားရသူကို ကျောချမ်းသွားစေသည်။

"ဘုန်း..."

ဂူတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဂူ၏ နေရာအနှံ့အပြားတွင် အက်ကွဲကြောင်းကြီးများ ပေါ်လာကာ ဂူက အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်နေသည်။

ချန်ရှီဝမ်မှာ ဤကြီးမားသော ခွန်အားကို အပြည့်အဝ မထုတ်လွှတ်နိုင်မီမှာပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ သူ၏ အရှေ့ရှိ ဓားပုလဲ ဒါဇင်ပေါင်းများစွာ ကွဲအက်သွားပြီး အသက်ပြန်ဝင်လာသည့်အလား ဖြစ်နေသည်။

အားနည်းနည်း ထပ်စိုက်လိုက်ရုံဖြင့် သူ ဖောက်ထွက်နိုင်ပေလိမ့်မည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ကွဲအက်သွားသော ဓားပုလဲများက မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။ ချန်ရှီဝမ်၏ မျက်နှာမှာ ဖြူရော်နေပြီး သူ၏ အင်္ကျီလက်ထဲမှ လက်မောင်းများက အဆက်မပြတ် တုန်ယင်နေသည်။ သူ သတိမထားမိဘဲ သူ၏ လက်မောင်းများတွင် သွေးကြောင်း အနည်းငယ် ပေါ်လာသည်။

သူတို့၏ အပြန်အလှန် တိုက်ခိုက်မှုတွင် ချန်ရှီဝမ်က တောင့်ခံထားနိုင်ပုံ ရသော်လည်း သူ ရှုံးနိမ့်သွားကြောင်းကို သူ တစ်ယောက်တည်းသာ သိပေသည်။ သူ၏ အစွမ်းကုန် တိုက်ခိုက်မှုက ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ဘဲ သူ၏ လက်မောင်း နှစ်ဖက်စလုံး ဒဏ်ရာရသွားခဲ့သည်။

ချန်ရှီဝမ် အနေဖြင့် ထိုသိုင်းကွက်ကို ထပ်မံ ထုတ်သုံးနိုင်ရန် အလွန် ဖြစ်နိုင်ခြေ နည်းပါးလှပေသည်။

ချန်ဖေးက ဓားအစီအရင်၏ အပြင်ဘက်တွင် တည်ငြိမ်သော မျက်နှာဖြင့် ရပ်နေ၏။ သူ၏ နောက်ကွယ်တွင် ချန်ဖေးကို မညှာမတာ တိုက်ခိုက်နေခဲ့သော တစ္ဆေအကာရှပင်မှာ အစောက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကို အာရုံခံမိပြီးနောက် အလိုအလျောက် ရပ်တန့်သွားသည်။

တစ္ဆေအကာရှပင်က နောက်ဆုံးတွင် သေရေးရှင်ရေး အန္တရာယ်ကို အာရုံခံမိသွား၏။ အရှေ့ရှိ လူသား နှစ်ဦးက မျှော်လင့်ထားသည်ထက် များစွာ သာလွန်သော ခွန်အားကို ပြသနေကြသည်။

မိမိမှာ ယခုလေးတင် အသွင်ပြောင်းလဲထားပြီး ခွန်အားမှာ အထွတ်အထိပ်တွင် ရှိနေကာ အသွင်မပြောင်းမီ အဆင့်ထက် များစွာ သာလွန်နေသည်။ သို့သော် ရုတ်တရက် ဤမျှ စွမ်းအားကြီးမားသော လူသားများက သူ့၏ အရှေ့တွင် ပေါ်လာခဲ့သည်။

တစ္ဆေအကာရှပင်၏ ဧရာမ ပင်စည်ကြီး တုန်ခါသွားပြီး မရေမတွက်နိုင်သော သစ်ကိုင်းများ ရုတ်တရက် ကျုံ့ဝင်သွားကာ မီးခိုးရောင် အလင်းတန်း အလွှာတစ်ခုက မျက်နှာပြင် တစ်ခုလုံးကို ဖြတ်သန်း စီးဆင်းသွားပြီး လေထုကို ပို၍ပင် ကျောချမ်းဖွယ် ဖြစ်လာစေသည်။

ချန်ဖေးက တစ္ဆေအကာရှပင်၏ အပြောင်းအလဲများကို အာရုံခံမိသော်လည်း ဂရုမစိုက်ဘဲ ချန်ရှီဝမ်ကိုသာ စိုက်ကြည့်နေ၏။

ကျုံးယွမ်ဓား သိုင်းနှင့် ဘီလူး ဝိညာဉ် ဓားသိုင်းတို့ကို ပေါင်းစပ်ဖန်တီးထားသော ယွမ်ချန် ဓားကျမ်းစာက အမှန်တကယ်ပင် အလွန် စွမ်းအားကြီးမားကြောင်း ပြသနေသည်။ ချန်ရှီဝမ် ကဲ့သို့သော ဝါရင့် ဒွာရသန့်စင်ခြင်း အဆင့် တစ်ယောက်ပင်လျှင် အတွင်းတွင် ပိတ်မိနေပြီး လွတ်မြောက်နိုင်စွမ်း မရှိချေ။

အကယ်၍ ဘီလူးဝိဉာဉ် ဓားသိုင်းကိုသာ ပေါင်းစပ်မထားပါက ချန်ရှီဝမ်၏ အသည်းအသန် ဓားသိုင်းက ဓားအစီအရင်ကို ဖောက်ထွက်ပြီး သူ့ကို လွတ်မြောက်ခွင့် ပေးနိုင်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကျုံးယွမ်ဓားသိုင်းက စစ်မြေပြင်ကို ထိန်းချုပ်ရန် ပို၍ ရည်ရွယ်ပြီး ဘီလူးဝိဉာဉ် ဓားသိုင်းက သိုင်းကွက် တစ်ကွက်တည်းဖြင့် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးလိုပါက ပို၍ သင့်လျော်သောကြောင့် ဖြစ်သည်။

"ရှန်းယန်ဂိုဏ်းနဲ့ ယွမ်ချန်ဓားဂိုဏ်းကြားမှာ ဘာရန်ငြိုးမှ မရှိဘူး... ဒီနေ့ ဖြစ်ခဲ့တာတွေက ငါ့ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှုကြောင့်ပါ... ငါ လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်..."

ချန်ရှီဝမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချန်ဖေးကို လှည့်ကြည့်ကာ ပြောလိုက်၏။ ယခု လွတ်မြောက်ရန် လမ်းမရှိတော့သဖြင့် ချန်ရှီဝမ်က မသေချင်တော့ချေ။

ဒွာရသန့်စင်ခြင်း အဆင့်၏ သက်တမ်းမှာ အနှစ် နှစ်ရာ ဖြစ်ပြီး ကြီးမားလှသော ခွန်အားက ဘဝကို အပြည့်အဝ ခံစားရန် လုံလောက်ပေသည်။

"လူသတ်သမားက အသတ်ခံရမှာပဲ... မင်းက လျော်ကြေးပေးမယ်ဆိုပြီး နောက်ပြောင်နေတာလား..."

ချန်ဖေးက သူ၏ ချန်ယွမ် ဓားဖြင့် မြေကြီးကို ဖွဖွလေး ပုတ်လိုက်ရာ ဓားပုလဲ ခြောက်ဆယ်က လေခွင်းသံများနှင့်အတူ အပေါ်သို့ ထောင်တက်သွား၏။ နက်ရှိုင်းပြီး ထက်မြက်သော လေထုက ဓားအစီအရင်၏ နေရာအနှံ့အပြားသို့ ပြည့်နှက်သွားပြီး ဖိနှိပ်ထားသော လေထုက ချန်ရှီဝမ်ကို ဝါးမျိုတော့မည့်အလား ဖြစ်နေသည်။

"မင်း ငါ့ကို သတ်ရဲရင် ရှန်းယန်ဂိုဏ်းက မင်းကို သေချာပေါက် သတ်လိမ့်မယ်... ယွမ်ချန်ဓားဂိုဏ်းကလည်း မင်းကြောင့် ပျက်စီးရလိမ့်မယ်..." ချန်ရှီဝမ်က အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်သည်။

"ရှန်းယန်ဂိုဏ်းက အင်အားကြီးတယ်... အဲဒါကြောင့်ပဲ အစောက ပတ်ဝန်းကျင်မှာ လူရှိမရှိ မင်းကို ငါ မေးခဲ့တာလေ..."

ချန်ဖေးက ခေါင်းအနည်းငယ် ခါယမ်းလိုက်ရာ ချန်ယွမ် ဓားက မျက်စိကျိန်းမတတ် တောက်ပသွားပြီး ဓားအစီအရင်ထဲတွင် အနက်ရောင် အလင်းတန်းများ လှိုင်းထသွား၏။ ချန်ရှီဝမ်က ဒေါသတကြီး အော်ဟစ်ကာ ချန်ဖေးကို ကျိန်ဆဲရင်း သူ၏ လက်ထဲရှိ ဓားက ဝိညာဉ်စွမ်းအားကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

သို့သော် ပြီးပြည့်စုံသော အဆင့် ကျင့်စဉ် နှစ်ခုမှ ဖန်တီးထားသော ဓားအစီအရင်ကို ခံနိုင်ရည်ရှိရန် မလုံလောက်ချေ။ သာမန် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့် တစ်ယောက်အတွက် ဤအစီအရင်ထဲသို့ ကျရောက်သွားခြင်းမှာ သေချာပေါက် သေဆုံးရမည် ဖြစ်ပြီး ချန်ရှီဝမ်လည်း ချွင်းချက် မဟုတ်ချေ။

"ဘုန်း..."

ဂူနံရံများ ရုတ်တရက် ကွဲအက်သွားပြီး ဧရာမ တုန်ခါမှုလှိုင်း တစ်ခုက အရပ်မျက်နှာ အားလုံးသို့ တိုက်ခတ်သွား၏။ ချန်ဖေးက မလှုပ်မယှက် ရပ်နေပြီး လေက သူ၏ အဝတ်အစားများနှင့် ဆံပင်များကို တိုက်ခတ်သွားသည်။

ချန်ရှီဝမ်၏ ရူးသွပ်နေသော အသံမှာ အချိန်အတော်ကြာကတည်းက ရပ်တန့်သွားပြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ချန်ရှီဝမ်မှာ ဓားအစီအရင်ထဲတွင် မရှိတော့ချေ။ ဓားအစီအရင်၏ ကြီးမားလှသော ခွန်အားအောက်တွင် ချန်ရှီဝမ်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်မှာ သံလိုက်ကျောက် အချို့နှင့် ဆေးလုံး တစ်လုံးအပြင် မှေးမှိန်နေသော ဓားတစ်လက် ဖြစ်သည်။ သို့သော် ချန်ရှီဝမ်၏ ပေါက်ကွဲမှုအပြီးတွင် ဤဝိညာဉ်လက်နက်မှာ အပြင်းအထန် ပျက်စီးသွားခဲ့ပြီး ယခင်က စွမ်းအားများ မရှိတော့ချေ။ ချန်ဖေးက သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ပစ္စည်းများက ချန်ဖေး၏ လက်ထဲသို့ ရောက်လာ၏။

ဓားကို ကြည့်ရင်း ချန်ဖေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဓားစုစည်းခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သူက ချန်ယွမ် ဓားကို ထိုဓားပေါ်သို့ တင်လိုက်ရာ ဓားမှ ကျန်ရှိနေသော ဝိညာဉ်အနှစ်သာရများက ချန်ယွမ် ဓားထဲသို့ စတင် စီးဆင်းသွား၏။

ဓားက အဆက်မပြတ် တုန်ခါနေပြီး ပုံပျက်ပန်းပျက် အသံများ ထွက်ပေါ်လာကာ နောက်ဆုံးတွင် တစ်စစီ ကွဲအက်သွားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ချန်ယွမ် ဓားမှာ ဤဝိညာဉ်အနှစ်သာရများကို စုပ်ယူပြီးနောက် ပိုမို သွက်လက် သဘာဝကျလာသည်။

တကယ်စင်စစ်မှာ ဤကဲ့သို့သော လက်နက်မျိုးကို သမိုင်းဝင် တန်ဖိုးကြောင့် ဝိညာဉ်ကျောက်တုံး အချို့ဖြင့် ရောင်းချနိုင်ပေသည်။ သို့သော် ရှန်းယန်ဂိုဏ်းမှ ဖြစ်နေသဖြင့် ရောင်းချရန်မှာ အနည်းငယ် အကဲဆတ်ပေသည်။

အကောင်းဆုံးမှာ ဝိညာဉ်အနှစ်သာရများကို တိုက်ရိုက်အတင်းအကျပ် ထုတ်ယူ၍ ချန်ယွမ် ဓားကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။

အန္တရာယ် ကင်းရှင်းသွားရုံသာမက ချန်ယွမ် ဓားကိုလည်း ပိုမို အားကောင်းလာစေသဖြင့် ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းဖြင့် ပစ်လိုက်သကဲ့သို့ ဖြစ်ပေသည်။

"ဖျောင်း..."

ဓားမှာ လုံးဝ ကွဲအက်သွားပြီး ကြွပ်ဆတ်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ဤအစအနများမှာ သံတိုသံစများသာ ဖြစ်ပြီး အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ချန်ဖေးက တစ္ဆေအကာရှပင်ကို လှည့်ကြည့်လိုက်စဉ် ချန်ယွမ် ဓားက ဖွဖွလေး တောက်ပသွား၏။ တစ္ဆေအကာရှပင်မှာ ဤခရီးစဉ်အတွက် ချန်ဖေး၏ တကယ့် ရည်ရွယ်ချက် ဖြစ်ပြီး ချန်ရှီဝမ်မှာ မတော်တဆမှု တစ်ခုသာ ဖြစ်သည်။

ယခုအချိန်တွင် တစ္ဆေအကာရှပင်မှာ လုံးဝ ကျုံ့ဝင်သွားပြီး ပင်စည်ကို မရေမတွက်နိုင်သော သစ်ကိုင်းများက ဖုံးအုပ်ထားသည်။ အဝေးမှ ကြည့်လျှင် တစ္ဆေအကာရှပင် တစ်ခုလုံးမှာ သစ်သားဘောလုံး တစ်လုံးနှင့် တူနေ၏။

မီးခိုးရောင် အလင်းတန်းများက သစ်ပင် တစ်ခုလုံးကို အဆက်မပြတ် ဖြတ်သန်း စီးဆင်းနေပြီး ဂူထဲရှိ အေးစက်ပြီး မှိုင်းညှို့နေသော လေထုမှာ များစွာ ပါးလျသွားကာ တစ္ဆေအကာရှပင်က အပြည့်အဝ စုပ်ယူသွားပြီ ဖြစ်သည်။

ချန်ဖေးက သူ၏ ခြေအောက်ရှိ ကျောက်တုံးကို တစ်ချက်ကြည့်ကာ ညာဘက်ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ကျောက်တုံးက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော ခွန်အားဖြင့် တစ္ဆေအကာရှပင်ကို ဝင်တိုက်လိုက်၏။

ဤပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုမှာ အဆင့် ၁ အထွတ်အထိပ်ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်များ ပျက်စီးသွားမည် ဖြစ်ပြီး ခန္ဓာကိုယ် အားနည်းသူများမှာ ပြင်းထန်သော ဒဏ်ရာများပင် ရရှိနိုင်ပေသည်။

သို့သော် ကျောက်တုံးက တစ္ဆေအကာရှပင်နှင့် မီတာ ဆယ်ဂဏန်းခန့် အကွာသို့ ရောက်သောအခါ အမြန်နှုန်းက ရုတ်တရက် ကျဆင်းသွားပြီး နောက်ဆုံးတွင် တစ္ဆေအကာရှပင်နှင့် ငါးမီတာခန့် အကွာတွင် ရပ်တန့်ကာ လေထဲတွင် အေးခဲသွား၏။

"ဂျွတ်... ဂျွတ်... ဂျွတ်..."

မျက်မြင်မရသော လက်တစ်ဖက်ဖြင့် လုပ်ဆောင်လိုက်သည့်အလား လေထဲရှိ ကျောက်တုံးက ကြွပ်ဆတ်သော အသံ မြည်သွားပြီး နောက်တစ်ခဏတွင် ကျောက်တုံးက လုံးဝ ကွဲအက်သွားကာ ရေခဲပွင့်များအဖြစ် ပြောင်းလဲ၍ လေထဲသို့ ပျောက်ကွယ်သွားသည်။

ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ တစ္ဆေအကာရှပင်က ရွေ့လျားမှု အမြန်နှုန်း အလွန် နှေးကွေးကြောင်း သိရှိသဖြင့် ခွန်အား အားလုံးကို စုစည်းကာ စက်ကွင်းတစ်ခုနှင့် ဆင်တူသော ကာကွယ်ရေး ပုံစံတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

တစ္ဆေအကာရှပင်နှင့် နီးကပ်လာလေလေ၊ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည့် အေးစက်သော စွမ်းအားက ပိုမို အားကောင်းလာလေလေ ဖြစ်သည်။

တစ္ဆေအကာရှပင်၏ အပြင်ပန်း ငြိမ်းချမ်းနေပုံ ရသော ပတ်ဝန်းကျင်မှာ ယခုအခါ အေးစက်သော လေထုများဖြင့် ပြည့်နှက်နေပြီး အနီးသို့ ချဉ်းကပ်ပါက ဤစွမ်းအားကို ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။

တစ္ဆေအကာရှပင်မှာ နှေးကွေးပြီး အသိဉာဏ် အနည်းငယ် နည်းပါးကာ တိုက်ခိုက်ရေး နည်းလမ်းများလည်း အကန့်အသတ် ရှိသည်။

သို့သော် ဧရာမ အရွယ်အစားကြောင့် တစ္ဆေအကာရှပင် အတွင်းရှိ စွမ်းအင်များမှာ အံ့မခန်း ဖြစ်ကြောင်း ဝန်ခံရမည် ဖြစ်သည်။

ချန်ဖေး အနေဖြင့် ယခုအခါ ဒွာရ နှစ်ဆယ် ဖွင့်လှစ်ထားပြီ ဖြစ်ပြီး သူ၏ သိုင်းကွက် အားလုံးကို အသုံးပြုရန် လုံလောက်ကာ ကာလတို အတွင်း မူလချီ မလုံလောက်မည်ကို စိုးရိမ်စရာ မရှိချေ။

သို့သော်လည်း ချန်ဖေး၏ မူလချီ သိုလှောင်မှုမှာ တစ္ဆေအကာရှပင်နှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေးပေသည်။

အခန်း (၂၉၉) ကောင်းကင်မှ ဆင်းသက်လာသော ဓားတစ်လက်

တစ္ဆေအကာရှပင်၏ စွမ်းအင် သိုလှောင်ထားမှုမှာ အနည်းငယ် ချဲ့ကားပြောရလျှင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်ထက်ပင် များစွာ သာလွန်ပေသည်။ တစ်ခုတည်းသော ပြဿနာမှာ တစ္ဆေအကာရှပင်၏ စွမ်းအား စုစည်းမှုမှာ မမြင့်မားခြင်းပင် ဖြစ်သည်။

ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် တစ်ယောက်က ဒွာရ သုံးဆယ့်ခြောက်ခုကို တစ်ခုတည်းအဖြစ် တိုက်ရိုက် စုစည်းနိုင်သည်။ ရိုးရိုးရှင်းရှင်း ခုတ်ပိုင်းလိုက်သည့် ဓားကွက် တစ်ကွက်ကပင် ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၏ အစွမ်းကုန် သတ်ကွက်နှင့် ညီမျှပြီး သိုင်းကွက် အနည်းငယ်မျှဖြင့် ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူနိုင်စွမ်း ရှိသည်။

ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်က ဒွာရ ခုနစ်ဆယ့်နှစ်ခုကို အသုံးပြုနိုင်ပြီး။စွမ်းအား စုစည်းမှုကို ပို၍ပင် မြှင့်တင်ပေးနိုင်သဖြင့် တိုက်ခိုက်ရေး စွမ်းအားကိုလည်း ပိုမို အံ့မခန်း ဖြစ်လာစေသည်။

ထို့ကြောင့် တစ္ဆေအကာရှပင်က ကြီးမားလှသော စွမ်းအင်ကို ပိုင်ဆိုင်ထားသော်လည်း အနည်းငယ် ဖောင်းပွပြီး လေးလံနေသကဲ့သို့ ဖြစ်နေသည်။

ချန်ဖေးက ယခုအခါ စိတ်စွမ်းအား ကျင့်ကြံမှုကို ပို၍ အာရုံစိုက်နေရခြင်းမှာ အကယ်၍ စိတ်စွမ်းအားက ဒွာရများကို ထိန်းချုပ်ရန် မလုံလောက်ပါက တိုးပွားလာသော စွမ်းအားများက တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးနိုင်မည် မဟုတ်သည့်အပြင် ဝန်ထုပ်ဝန်ပိုး တစ်ခုပင် ဖြစ်လာမည် ဖြစ်သောကြောင့်တည်း။

သို့သော် ယခုအချိန်တွင် တစ္ဆေအကာရှပင်က စွမ်းအား အားလုံးကို ကျုံ့ဝင်လိုက်ပြီး မိမိကိုယ်ကိုယ် အပြည့်အဝ ဖုံးအုပ်ကာ လိပ်ခွံတစ်ခု ကဲ့သို့သော အရာအဖြစ်သို့ ပြောင်းလဲသွား၏။

ဤအရာက ကြီးမားလှသော စွမ်းအင်၏ အားသာချက်ကို ချက်ချင်း ပြသလိုက်သည်။ ထို့ပြင် ကာကွယ်ရေးကိုသာ အာရုံစိုက်ထားသဖြင့် ဖိသိပ်ထားသော စွမ်းအင် သိပ်သည်းဆမှာ သိသိသာသာ မြင့်တက်သွားသည်။

တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်ပါက ဤအချိန်တွင် တစ္ဆေအကာရှပင်၏ ကာကွယ်ရေး အနေအထားမှာ သေချာပေါက် စွမ်းအားကို အကောင်းဆုံး အသုံးချခြင်းပင် ဖြစ်သည်။

အကယ်၍ တိုက်ခိုက်မှုက တစ္ဆေအကာရှပင်၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် မလုံလောက်ပါက နောက်ဆုံးတွင် စွမ်းအင် အတိမ်အနက်ကို ယှဉ်ပြိုင်ရသည့် ပွဲတစ်ပွဲ ဖြစ်လာမည် ဖြစ်သည်။ သို့သော်လည်း ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်၏ စွမ်းအင် သိုလှောင်ထားမှုမှာ တစ္ဆေအကာရှပင်ကို အချိန်ဆွဲ၍ အနိုင်ယူရန် လုံးဝ မလုံလောက်ချေ။

ချန်ဖေးက ချန်ယွမ် ဓားကို မြှောက်၍ မြေကြီးကို ဖွဖွလေး ပုတ်လိုက်၏။ နောက်တစ်ခဏတွင် ကျုံးယွမ် ဓားအစီအရင်က တစ္ဆေအကာရှပင်ကို ဝန်းရံသွားပြီး ဓားပုလဲစေ့ ခြောက်ဆယ်က လေထဲသို့ ထောင်တက်သွားသည်။

အစောက ချန်ရှီဝမ်ကို သတ်ဖြတ်ခဲ့စဉ်က သွက်လက်မှုနှင့် နှိုင်းယှဉ်ပါက ယခုအခါ ဓားအစီအရင်၏ လည်ပတ်မှုမှာ အနည်းငယ် ခက်ခဲပြီး နှေးကွေးနေပုံ ရသည်။

တစ္ဆေအကာရှပင်ကို ဝန်းရံနေသည့် နေရာအနှံ့ ပျံ့နှံ့နေသော အေးစက်သော စွမ်းအားများက ဓားအစီအရင်၏ စက်ကွင်းကို အဆက်မပြတ် တွန်းလှန်နေပြီး တစ်ချိန်တည်းမှာပင် ဓားပုလဲစေ့များ၏ စွမ်းအားကိုလည်း စားသုံးနေ၏။

"ဘုန်း... ဘုန်း... ဘုန်း..."

ဓားပုလဲများက တစ္ဆေအကာရှပင်ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။ ဤအချိန်တွင် မည်သည့် ဓားသိုင်းကွက်ကိုမျှ စဉ်းစားနေရန် မလိုဘဲ တိုက်ရိုက် ထိုးနှက်ခြင်းက ဓားပုလဲ၏ အစွမ်းကုန် ခွန်အားကို ထုတ်လွှတ်ပေးမည် ဖြစ်သည်။

သို့သော် ဓားပုလဲက တစ္ဆေအကာရှပင်နှင့် နှစ်မီတာခန့် အကွာရှိ မီးခိုးရောင် ကာကွယ်မှု အလွှာကို ဝင်တိုက်မိသွား၏။ ပုလဲက ကာကွယ်မှု အလွှာနှင့် ပြင်းထန်စွာ တိုက်မိပြီး တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာသည်။

မီးခိုးရောင် ကာကွယ်မှု အလွှာက တုန်ခါသွားသော်လည်း တစ္ဆေအကာရှပင်က စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေသဖြင့် နောက်ဆုံးတွင်တော့ ဓားပုလဲ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသွားသည်။ ဤအတိုင်းသာ ဆက်သွားနေပါက သိုင်းပညာရှင်၏ စွမ်းအင်များကိုသာ ကုန်ခန်းစေမည် ဖြစ်ပြီး သိုင်းပညာရှင် တစ်ယောက်အတွက် မည်သည့် အားသာချက်မျှ ရှိမည် မဟုတ်ချေ။

ဓားများကို ကြိုးမျှင်အဖြစ် ပြောင်းလဲခြင်း။

ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်က အမြင့်ဆုံး အဆင့်တွင် လည်ပတ်နေပြီး ချန်ဖေး၏ မျက်လုံးများမှ မှေးမှိန်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ဓားပုလဲစေ့ ခြောက်ဆယ်က အရပ်မျက်နှာ အားလုံးသို့ ပြန့်ကျဲသွားပြီး ဓားကြိုးမျှင်များအဖြစ် ပြောင်းလဲကာ တစ္ဆေအကာရှပင်ကို ဝန်းရံသွား၏။

"ရွှစ်... ရွှစ်... ရွှစ်..."

ဓားကြိုးမျှင်များ၏ ခွန်အားမှာ ဓားပုလဲများနှင့် နှိုင်းယှဉ်ပါက သေချာပေါက် သိသိသာသာ တိုးတက်လာခြင်း ဖြစ်သည်။

ရိုးရှင်းသော ကျုံးယွမ်ဓားသိုင်းနှင့် နှိုင်းယှဉ်ပါက ဘီလူးဝိဉာဉ် ဓားသိုင်းပါ ပေါင်းစပ်ထားသော ဓားကြိုးမျှင်များမှာ စွမ်းအားကြီးမားပြီး လေးလံသော ခွန်အားများ ပါဝင်နေကာ တိုက်ခိုက်မှုတိုင်း... ဓားနှင့် ပိုးချည်တို့က မီးခိုးရောင် ကာကွယ်မှု အလွှာကို ဝင်တိုက်မိသောအခါ ကာကွယ်မှု အလွှာမှာ ပြင်းထန်စွာ တုန်ခါသွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးရောင် ကာကွယ်မှု အလွှာက ကွဲအက်သွားပြီး ဓားကြိုးမျှင်များက တစ္ဆေအကာရှပင်နှင့် တစ်မီတာခန့် အကွာအထိ ချဉ်းကပ်လာသည်။ သို့သော်လည်း ဤနေရာတွင် ဓားကြိုးမျှင်များနှင့် တစ္ဆေအကာရှပင်တို့ အကြား အပြန်အလှန် စွမ်းအင် စားသုံးမှုများ ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

ယခင်က တစ္ဆေအကာရှပင်၏ လျစ်လျူရှုထားမှုနှင့် မတူဘဲ ယခုအခါ ဓားကြိုးမျှင်များက တစ္ဆေအကာရှပင်၏ တကယ့် ခန္ဓာကိုယ်ထံသို့ တဖြည်းဖြည်းချင်း တစ်လှမ်းချင်း ချဉ်းကပ်လာနေ၏။

တစ္ဆေအကာရှပင်၏ ပတ်လည်တွင် ကြီးမားလှသော မူလချီ ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။

ဓားကြိုးမျှင်များ ပို၍ နီးကပ်လာသည်နှင့်အမျှ တစ္ဆေအကာရှပင်က ပြင်းထန်စွာ တုန်ခါလာပြီး အတွင်းတွင် စွမ်းအားကြီးမားသော စွမ်းအင်များ လှိုင်းထလာ၏။ အမြစ်များ အောက်မှ တစ်စုံတစ်ရာကို စုပ်ယူလိုက်သည့်အလား ဖြစ်နေပြီး တစ္ဆေအကာရှပင်၏ စွမ်းအားကို ပေါက်ကွဲထွက်လာစေသည်။

ဤပေါက်ကွဲထွက်လာသော စွမ်းအားမှာ တစ္ဆေအကာရှပင် ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။ ဓားကြိုးမျှင်များက မနီးကပ်မီမှာပင် တစ္ဆေအကာရှပင်၏ ပင်စည်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး သစ်ကိုင်းများစွာလည်း တိုက်ရိုက် ကျိုးပဲ့သွားသည်။

သို့သော်လည်း ဤပေါက်ကွဲထွက်လာသော စွမ်းအားက တစ္ဆေအကာရှပင်၏ ကာကွယ်ရေးကို သိသိသာသာ မြင့်တက်သွားစေပြီး အဆက်မပြတ် ချဉ်းကပ်လာနေသော ဓားကြိုးမျှင်များကို ရပ်တန့်သွားစေကာ အပြန်အလှန် အချိန်ဆွဲ တိုက်ခိုက်ရသည့် အခြေအနေသို့ ထပ်မံ ရောက်ရှိသွားစေ၏။

မည်သို့ပင်ဆိုစေ ယခင်က အချိန်ဆွဲ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက ယခုအခါ တစ္ဆေအကာရှပင် အပေါ် ကျရောက်နေသော ဖိအားမှာ ကြီးမားလှပေသည်။ ပေါက်ကွဲထွက်လာသော စွမ်းအားက ဓားကြိုးမျှင်များကို တွန်းလှန်နိုင်သော်လည်း သူ၏အဓိက အသက်ဝိညာဉ်ကိုလည်း အဆက်မပြတ် ထိခိုက်စေလျက် ရှိသည်။

ချန်ဖေးက တစ္ဆေအကာရှပင် အပေါ်ရှိ လှိုင်းထနေသော စွမ်းအားများကို ကြည့်ကာ တစ္ဆေအကာရှပင်၏ အမြစ်များကို ငုံ့ကြည့်လိုက်၏။ ထိုနေရာတွင် တစ္ဆေအကာရှပင်၏ စွမ်းအားကို လှိုင်းထလာစေသော အရာတစ်ခု အမှန်တကယ် ရှိနေရမည် ဖြစ်သည်။

တစ္ဆေအကာရှပင်က မူလ နေရာမှ ဤဂူထဲသို့ ပြောင်းရွှေ့လာခြင်းမှာ အမြစ်များ အောက်တွင် ရှိနေသည့်အရာနှင့် နီးကပ်စွာ ဆက်စပ်နေပေလိမ့်မည်။

သို့သော်လည်း တစ္ဆေအကာရှပင်၏ ဝန်းရံနေသော အမြစ်များကြောင့် ချန်ဖေး အနေဖြင့် မြေအောက်တွင် မည်သည့် ရတနာ ရှိနေသည်ကို မသိနိုင်သေးချေ။ အလွန် အေးစက်သော စွမ်းအင် အရိပ်အယောင် အနည်းငယ်ကိုသာ ဝေဝေဝါးဝါး အာရုံခံနိုင်ပေသည်။

"ဖျောက်..."

တစ္ဆေအကာရှပင်မှာ ရုတ်တရက် အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းမှာ နှစ်မီတာ သို့မဟုတ် သုံးမီတာခန့် နက်ရှိုင်း၏။ တစ္ဆေအကာရှပင်၏ ဧရာမ ပင်စည်ကြီး အတွက်ပင် ဤအနက်မှာ ပင်စည်၏ အလယ်ဗဟိုသို့ ရောက်ရှိရန် လုံလောက်ပေသည်။

ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက ဤစွမ်းအင် အပေါ် တစ္ဆေအကာရှပင်၏ အသားကျနိုင်စွမ်းကို အနည်းငယ် အထင်ကြီးလွန်းခဲ့ပုံ ရသည်။ ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားပါက အချိန်ဆွဲ တိုက်ခိုက်လျှင်ပင် ချန်ဖေးက နောက်ဆုံးတွင် အောင်ပွဲခံနိုင်မည် ဖြစ်သည်။

သို့သော် ချန်ဖေးက မိစ္ဆာအပင် တစ်ပင်နှင့် အချိန်ဆွဲ တိုက်ခိုက်ရန် လုံးဝ မစဉ်းစားခဲ့ချေ။

သူ၏ ခွန်အားများကိုသာ ကုန်ခန်းစေမည် ဖြစ်သည်။ ဤသည်မှာ အလွန် ခံစစ်ဆန်လွန်းပြီး နောက်ဆုံးတွင် သူ အနိုင်ရလျှင်ပင် စွမ်းအင် အမြောက်အမြား ဆုံးရှုံးရပေလိမ့်မည်။

"ဝှစ်..."

ချန်ဖေး၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားပြီး သူ၏ အတွင်းမှ ကိုယ်ပွားတစ်ခု ထွက်ပေါ်လာ၏။ ကိုယ်ပွားက ခြေတစ်ဖက်ဖြင့် မြေကြီးကို ထောက်ကာ နဂါးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ဖြင့် အရှေ့သို့ တစ်ဟုန်ထိုး ပျံတက်သွားသည်။ ချန်ယွမ် ဓားက တုန်ခါသွားပြီး ကိုယ်ပွား၏ လက်ထဲသို့ ခုန်ဝင်သွား၏။

ချန်ယွမ် ဓားကို ကိုင်ဆောင်ထားသော ချန်ဖေး၏ ကိုယ်ပွားက တစ္ဆေအကာရှပင်၏ အရှေ့တွင် နတ်သားတစ်ပါးကဲ့သို့ ပေါ်လာပြီး ဓားဖြင့် အရှေ့သို့ ထိုးစိုက်လိုက်သည်။

ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာ၏ အရိပ် ကိုယ်ပွားမှာ ပြီးပြည့်စုံသော အဆင့်ရှိ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှ ဖန်တီးထားပြီး ချန်ဖေး၏ ခွန်အား ဆယ်ပုံတစ်ပုံခန့် ရှိသော ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်သည်။

တိုက်ခိုက်ရေး စွမ်းအားမှာ မသန်မာသော်လည်း ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှ ဖန်တီးထားသော ကိုယ်ပွား ဖြစ်သောကြောင့် ထွက်ပြေးနိုင်သော အမြန်နှုန်းမှာ မူလ ကိုယ်ခန္ဓာနှင့် ညီမျှပေသည်။

အမြင်အာရုံကို မျှဝေခံစားကြပြီး ကိုယ်ပွားတစ်ခု ဖျက်ဆီးခံရပါက ပြန်လည် ဖွဲ့စည်းရန် အချိန်အတိုင်းအတာ တစ်ခုအထိ လိုအပ်သည်။

ထို့ပြင် မူလ ကိုယ်ခန္ဓာနှင့် ဝေးကွာသွားပါက ပျောက်ကွယ်သွားမည် ဖြစ်သည်။ အားသာချက်နှင့် အားနည်းချက်များ နှစ်မျိုးစလုံး ရှိသော်လည်း ယွမ်ချန် ဓားကျမ်းစာနှင့် ပေါင်းစပ်လိုက်သောအခါ ပြီးပြည့်စုံသော လိုက်ဖက်မှု တစ်ခု ဖြစ်လာ၏။

ဓားအစီအရင် အတွင်းတွင် တစ္ဆေအကာရှပင်ကို ဝန်းရံနေသော ဓားကြိုးမျှင်များက ရုတ်တရက် လှည့်ပတ်သွားပြီး တစ်ခုလုံးက ချန်ယွမ် ဓား၏ ဓားသွားထိပ်သို့ ဆက်သွယ်သွားသည်။ သိုင်းကွက် တစ်ကွက်တည်းဖြင့် ဓားအစီအရင်၏ စွမ်းအား အားလုံးက ချန်ယွမ် ဓားပေါ်သို့ အပြည့်အဝ စုစည်းသွား၏။

ပထမ အကြည့်တွင် အနက်ရောင် လျှပ်စီးကြောင်း တစ်ခုက ချန်ယွမ် ဓားပေါ်သို့ စုစည်းသွားသကဲ့သို့ ရှိပြီး လေထုကို လှိုင်းထသွားစေကာ မူလချီများကို တုန်ခါသွားစေသည်။

ယွမ်ချန် ဓားကျမ်းစာနှင့် ပတ်သက်၍ ချန်ဖေးက ပထမ အဆင့် နှစ်ဆင့်ကိုသာ အပြည့်အဝ ရရှိထားပြီး တတိယ အဆင့်မှာ မပြည့်စုံချေ။ သို့သော် အဆင့်ပြဘုတ်ပြား၏ ဂုဏ်သတ္တိများကြောင့် ချန်ဖေးက ဤမပြည့်စုံသော တတိယ အဆင့်မှ တစ်စုံတစ်ရာကို ထုတ်ယူနိုင်ခဲ့သည်။

ဖျင်ရင် ခရိုင်တွင် မပြည့်စုံသော လျှို့ဝှက် ကျမ်းစာမှ အစပျိုး သိုင်းကွက်ကို ဖော်ထုတ်ခဲ့သကဲ့သို့ ပင်ဖြစ်သည်။

ချန်ဖေးက ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို ယွမ်ချန် ဓားကျမ်းစာထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်၏။ မပြည့်စုံသောကြောင့် ကျုံးယွမ်ဓားသိုင်းနှင့် ဘီလူးဝိဉာဉ် ဓားသိုင်းတို့ကဲ့သို့ ပြီးပြည့်စုံစွာ ပေါင်းစပ်၍ မရသော်လည်း ဓားအစီအရင်၏ အလုံးစုံ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးနိုင်သေးသည်။

တစ္ဆေအကာရှပင်၏ အပြည့်အဝ ကာကွယ်ရေး အနေအထားမှာ ဓားသိုင်းကွက်များ အတွက် ပြီးပြည့်စုံသော စမ်းသပ်မှု ပြုလုပ်ရာ နေရာတစ်ခု ဖြစ်သဖြင့် ချန်ဖေး အနေဖြင့် သဘာဝကျကျ ယွမ်ချန် ဓားကျမ်းစာကို ကောင်းစွာ စမ်းသပ်ကြည့်ချင်ပေသည်။

"ရွှစ်..."

အစောက ဓားကြိုးမျှင်များကို ပြီးပြည့်စုံစွာ တားဆီးထားနိုင်ခဲ့သော ကာကွယ်ရေး အလွှာမှာ ယခုအခါ ချန်ယွမ် ဓား၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး မည်သို့မျှ တားဆီး၍ မရနိုင်တော့ချေ။

ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှ ယွမ်ချန် ဓားကျမ်းစာကို ထည့်သွင်းလိုက်ခြင်းမှာ ကုလားအုတ်၏ ကျောကို ကျိုးသွားစေသော နောက်ဆုံး ကောက်ရိုးမျှင်လေး ကဲ့သို့ ဖြစ်၏။

ကောက်ရိုးမျှင်လေး၏ အလေးချိန်က အရေးပါသည် မဟုတ်ဘဲ တစ္ဆေအကာရှပင်၏ ကာကွယ်ရေး အလွှာများက အကန့်အသတ်သို့ ရောက်ရှိနေသောကြောင့်ဖြစ်သည်။

တိုက်ခိုက်ရေး စွမ်းအား အနည်းငယ် တိုးလာရုံဖြင့် တစ္ဆေအကာရှပင်၏ ကာကွယ်ရေးကို ပြိုကျသွားစေနိုင်သည်။

ချန်ယွမ် ဓားကို ကိုင်ဆောင်ထားသော ချန်ဖေး၏ ကိုယ်ပွားက အရှေ့သို့ တစ်ဟုန်ထိုး ဝင်ရောက်သွားရာ တစ္ဆေအကာရှပင်က ပြင်းထန်စွာ တုန်ခါသွား၏။ တစ္ဆေအကာရှပင်က ကိုယ်ပွားကို တားဆီးရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ပြီး နောက်ဆုံးတွင် ချန်ယွမ် ဓား၏ ဓားသွား တစ်ခုလုံးက တစ္ဆေအကာရှပင်၏ ပင်စည်ထဲသို့ စိုက်ဝင်သွားသည်။

တစ္ဆေအကာရှပင်၏ တုန်ခါမှုက ခေတ္တမျှ ရပ်တန့်သွားပြီး ယခင် တုန်ခါမှုနှင့် အစောပိုင်း ငြိမ်သက်မှုတို့ အကြား သိသာထင်ရှားသော ကွာဟမှုကို ဖန်တီးလိုက်၏။

ချန်ယွမ် ဓားမှာ သုံးပေထက် မပိုဘဲ တစ္ဆေအကာရှပင်၏ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် နှိုင်းယှဉ်ပါက သေချာပေါက် များစွာ သေးငယ်လှပေသည်။ သို့တိုင် ယခုအချိန်တွင် ချန်ယွမ် ဓား၏ ထိုးဖောက်ဝင်ရောက်မှုက တစ္ဆေအကာရှပင်ကို လုံးဝ ရပ်တန့်သွားစေခဲ့သည်။

"ဘုန်း..."

ရုတ်တရက် တစ္ဆေအကာရှပင် အတွင်းမှ ကျယ်လောင်သော အသံကြီး တစ်သံ ပေါက်ကွဲထွက်လာ၏။ မရေမတွက်နိုင်သော ဓားချီများက တစ္ဆေအကာရှပင်ကို ဖောက်ထွက်သွားပြီး သိုင်းနတ်ဘုရား၏ လက်ဝါးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ချန်ဖေးက ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ညာဘက်လက်ဖြင့် သိုင်းကွက်တစ်ခု ပြသလိုက်ရာ ဓားအစီအရင်က တစ္ဆေအကာရှပင်ကို ဝန်းရံကာ အပြည့်အဝ ဖုံးအုပ်သွား၏။

"ဘုန်း... ဘုန်း... ဘုန်း..."

ဓားအစီအရင်ထဲမှ နားကန်းလုမတတ် ဟစ်အော်သံ တစ်သံ ပေါက်ကွဲထွက်လာပြီး ဂူတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေကာ အချိန်မရွေး လုံးဝ ပြိုကျတော့မည့်အလား ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ဓားအစီအရင်က ခွန်အား အားလုံးကို အစီအရင် အတွင်းတွင်သာ ထိန်းချုပ်ထားသဖြင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာ သိပ်မကြီးမားလှချေ။

ဓားအစီအရင်က တဖြည်းဖြည်း မြင့်တက်လာပြီး အတွင်းတွင် စွမ်းအားများ စီးဆင်းနေ၏။ တစ္ဆေအကာရှပင်၏ အသက်စွမ်းအင်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဓားအစီအရင်ကို ပိတ်လိုက်ခြင်းမှာ ချန်ဖေး အနေဖြင့် တစ္ဆေအကာရှပင်၏ အနှစ်သာရကို ထုတ်ယူခြင်းပင် ဖြစ်သည်။

မိစ္ဆာအပင်မှာ အလွန် ကြီးမားလှသဖြင့် ချန်ဖေး အနေဖြင့် တစ်ခုလုံးကို ယူဆောင်သွားရန် လုံးဝ မဖြစ်နိုင်ချေ။ ထို့ကြောင့် သစ်ပင် တစ်ပင်လုံးကို သန့်စင်လိုက်ခြင်းမှာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာသည်။ဓားအစီအရင် အထက်သို့ ပျံတက်သွားသည်နှင့်အမျှ တစ္ဆေအကာရှပင် အောက်ရှိ အရာက နောက်ဆုံးတွင် ထွက်ပေါ်လာ၏။

ချန်ဖေးက လျင်မြန်စွာ ရွေ့လျားကာ ဓားအစီအရင် အောက်သို့ ရောက်ရှိလာသည်။ သူက သစ်ပင်တွင်းထဲရှိ အရာကို ကြည့်လိုက်ရာ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

ချန်ဖေးက ညာဘက်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ တွင်းထဲရှိ အရာများက ညင်သာစွာ အပေါ်သို့ လွင့်တက်လာသည်။

"ရွှမ် ဝိညာဉ်ကျောက်တုံးလား..."

ချန်ဖေးက အေးစက်သော စွမ်းအားများ ထုတ်လွှတ်နေသည့် သူ၏ လက်ထဲရှိ ကျောက်တုံးကို စိုက်ကြည့်လိုက်၏။ ဤသည်မှာ အလွန် ရှားပါးသော ဝိညာဉ် ပစ္စည်း တစ်ခု ဖြစ်သည်။ သိုင်းပညာရှင်များက ကျင့်ကြံရန် သို့မဟုတ် ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန် အသုံးမပြုနိုင်သော်လည်း ဝိညာဉ်လက်နက်များ ဖန်တီးရာတွင် အနည်းငယ် ထည့်သွင်းပါက ဝိညာဉ်လက်နက်၏အရည်အသွေးကို မြှင့်တင်ပေးနိုင်ပေသည်။

ချန်ဖေး၏ လက်ထဲရှိ ရွှမ် ဝိညာဉ်ကျောက်တုံး၏ အရွယ်အစားနှင့် တန်ဖိုးကို ခန့်မှန်းရန် ခက်ခဲလှ၏။ အဘယ်ကြောင့်ဆိုသော် ဈေးကွက်တွင် ဤမျှ ကြီးမားသော ရွှမ် ဝိညာဉ်ကျောက်တုံးမျိုး ရောင်းချသည်ကို မမြင်တွေ့ရဖူးသောကြောင့်ဖြစ်သည်။

တစ္ဆေအကာရှပင်က ဤရွှမ် ဝိညာဉ်ကျောက်တုံးကို စုပ်ယူပြီးနောက် အဆင့် ၂ မိစ္ဆာ အဆင့်သို့ တက်လှမ်းသွားသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

ချန်ဖေးက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ ဓားအစီအရင်ထဲမှ ချန်ယွမ် ဓားက သူ၏ လက်ထဲသို့ ပြုတ်ကျလာ၏။ အကယ်၍ သူသာ ရွှမ် ဝိညာဉ်ကျောက်တုံး တစ်ခုလုံးကို စုပ်ယူလိုက်ပါက ချန်ယွမ် ဓား၏ ဝိညာဉ်စွမ်းအားက တစ်ဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။

နောက်ထပ် အားဖြည့်မှုများဖြင့် ချန်ယွမ် ဓားက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု ဖြစ်လာရန် အခွင့်အလမ်းများစွာ ရှိနေသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ဓား တစ်လက်ဖြင့် အားဖြည့်ထားသော ဓားအစီအရင်မှာ သေချာပေါက် ပို၍ စွမ်းအားကြီးမားလာမည် ဖြစ်သည်။

ယွမ်ချန်ဓားဂိုဏ်းတွင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များမှာ အလွန် ရှားပါးလှသဖြင့် တန်ဖိုးကို မှန်းဆနိုင်ပေသည်။

ချန်ဖေးက ကောင်းကင်ကို မော့ကြည့်လိုက်၏။ ဓားအစီအရင်၏ အမြန်နှုန်းက တဖြည်းဖြည်း ကျဆင်းလာသည်။ တစ်ခဏအကြာတွင် ဓားအစီအရင်က ပြန်လည် ပွင့်ဟသွား၏။ ဧရာမ တစ္ဆေအကာရှပင်ကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး အထဲတွင် လွင့်မျောနေသော အစိမ်းရောင်ရင့်ရင့် သစ်စေး တစ်ဆုပ်သာ ကျန်ရှိတော့သည်။

ချန်ဖေးက လက်ချောင်းကို ဆန့်ထုတ်လိုက်ရာ သစ်စေး အနည်းငယ်က ထွက်လာပြီး ချန်ဖေး၏ မျက်နှာဆီသို့ ရောက်လာ၏။ မှေးမှိန်သော ဆေးဖက်ဝင် အပင်များ၏ ရနံ့က ချန်ဖေး၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

ချန်ဖေး ထိတွေ့လိုက်သောအခါ သူ၏ လက်ချောင်းထိပ်မှ ရေခဲကဲ့သို့ အေးစက်မှု တစ်ခု ပေါက်ကွဲထွက်လာ၏။

သာမန်လူသာဆိုလျှင် ထိတွေ့မိသည်နှင့် ရေခဲတုံးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သစ်စေးက သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ ချန်ဖေး၏ စိတ်က ရုတ်တရက် စူးစိုက်သွားပြီး ပတ်ဝန်းကျင်မှ လာသော အာရုံခံစားမှုများကို ပိုမို ရှင်းလင်းစွာ သိမြင်လာရ၏။

"နေ့စဉ် အနည်းငယ် စားသုံးပေးရင် ကျင့်စဉ်ရဲ့ ကျင့်ကြံမှု အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်... တခြား ဝိညာဉ် ပစ္စည်းတွေနဲ့ သန့်စင်လိုက်ရင် ဆေးလုံးရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်တယ်..."

ချန်ဖေး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ရွှမ် ဝိညာဉ်ကျောက်တုံးနှင့် သစ်စေးကို သူ၏ နေရာလွတ် အိတ်ထဲသို့ သိမ်းဆည်းလိုက်၏။ ချန်ဖေး ဂူထဲမှ ထွက်ခွာတော့မည့် ဆဲဆဲတွင် သူ၏ မျက်မှောင် ရုတ်တရက် ကြုတ်သွားသည်။ ဂူအပြင်ဘက်တွင် ချီစွမ်းအင် လှိုင်းဂယက် အချို့ ရှိနေသည်။

ချန်ဖေး၏ တည်ရှိမှုကို အာရုံခံမိသွားသည့်အလား ထိုအဖွဲ့က ဂူအပြင်ဘက်တွင် ရပ်တန့်သွားပြီး ကိုယ်ထင်ပြခြင်း မရှိချေ။ 

All Chapters