← Chapters

သူများအလုပ်ဝင်ရှုတ်

Vol. 32 Ch. 456

သူများအလုပ်ဝင်ရှုတ်

Vol. 32 Ch. 456

အခန်း (၄၅၆) သူများအလုပ်ဝင်ရှုတ်

ရန်ကျောက်ကဲက သွေးနီရောင်နဂါးများနှင့် သွေးနီရောင်တိမ်တိုက်များကို လုံးဝ အ‌ရေးမစိုက်ပေ။

သူက...

“ဒီလက်ကောက်ထဲမှာရှိတဲ့ အရုဏ်ဦးသက်တံ့ကျောက်စိမ်းအနှစ်သာရက အရမ်းနည်းလိမ့်မယ် ၊ အဲဒီကျောက်စိမ်းတွေ ဒီမျောလွင့်ဝိညာဉ်ကမ္ဘာမှာပဲ ရရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်ရင်း...

“ပြီးတော့ နောက်ထပ်ပိုဆိုးတဲ့ ပြဿနာတစ်ခုက... အဲဒီကမ္ဘာကိုသွားမယ့် ကမ္ဘာဖြတ်လမ်းကြောင်းက ခဏနေရင် ပျောက်ကွယ်သွားတော့မှာ...”

ရွှီဖေးက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဘာပဲဖြစ်ဖြစ် ငါတို့ရှေ့ကအခြေအနေကို အရင်ရှင်းစမ်းပါဦး ၊ မင်းရဲ့ အရည်အချင်းပေါ်ပဲ မူတည်မှာနော် ဂိုဏ်းတူညီလေး’ရန်’”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ကောင်းကင်ထက်တွင် လှည့်ပတ်နေသည့် သွေးနီရောင်နဂါးများကို ကြည့်လိုက်သည်။

“ငါတို့ရှေ့ကအခြေအနေဆိုရင်တော့... ပိုပြီးလွယ်ကူပါတယ်”

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ လှုပ်ခါသွားပြီး သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရက ကောင်းကင်ထက်သို့ တဟုန်ထိုးမြင့်တက်သွား၏။

ဒါကိုမြင်တော့ အနက်ရောင်ဝတ်အဘိုးကြီး၏ မျက်ဝန်းများက အေးစက်သွားသည်။

“အတင့်ရဲလိုက်တာ...”

ကြီးမားသော သွေးနီရောင်နဂါးကြီး၏အကြေးခွံများအတွင်းမှ သွေးစွမ်းအားများ တဟုန်ထိုးမြင့်တက်လာပြီး သွေးနီရောင်တိမ်တိုက်များက ပိုပြီးလေးလံလာသည်။

တောင်နှင့်ပင်လယ်ကို ဖြိုခွင်းပစ်နိုင်ဟန်ရှိသော ဧရာမသွေးနီရောင်နဂါးကြီး၏အမြီးရိုက်ချက်က လေထဲပျံသန်းလျှက် ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ရန်ကျောက်ကဲက ဟက်ကနဲတစ်ချက် ရယ်မောလိုက်ပြီး ညာဘက်လက်ဝါးဖြင့် ကြီးမားသောနဂါးအမြီးကြီးကို ရိုက်ချလိုက်သည်။ သူ၏လက်ဖဝါးမှထွက်ပေါ်လာသော ကြီးမားသောစွမ်းအားက ကောင်းကင်ကိုပင်ပေါက်ကွဲထွက်သွားစေနိုင်သည်။

အနက်ရောင်ဝတ်အဘိုးအိုက အတော်လေးတုန်လှုပ်သွားဟန်ဖြင့်...

“ဒီလောက်အသက်ငယ်ငယ်လေးနဲ့ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်နေပြီလား”

ရန်ကျောက်ကဲက နဂါးအမြီးကို လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး တိုက်ခိုက်မှုကို မရပ်တန့်ဘဲ ကောင်းကင်ထက်သို့ လက်ဝါးဖြင့် ဆက်တိုက်ရိုက်ချလိုက်ရာ သွေးနီတိမ်တိုက်အလွှာများ အက်ကွဲသွားကြသည်။

အနက်ရောင်ဝတ်အဘိုးကြီးထံမှ ခပ်တိုးတိုး ညည်းညူသံတစ်ချက် ထွက်ပေါ်လာပြီး များပြားလှစွာသော နဂါးအကြေးခွံများ ကောင်းကင်ထက်မှ မရပ်မနား ကြွေကျလာသည်။

ဘေးတွင် တိုက်ခိုက်နေကြသော လူ (၆)ယောက်မှာလည်း အံ့အားသင့်သွားကြသည်။

အနက်ရောင်ဝတ်အဘိုးအိုက အမတဝိညာဉ်နှောင်းပိုင်းအဆင့်ဖြစ်လေရာ သူတို့အားလုံးထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သည်။ ရန်ကျောက်ကဲက အဘိုးကြီးအား မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။

အနက်ရောင်ဝတ်အဘိုးကြီးက ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ တဟုန်ထိုးမြင့်တက်လာကာ သွေးနီရောင်နဂါးကြီးက ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

သွေးနီရောင်နဂါးကြီး သူ့ထံတည့်တည့်မတ်မတ် ဝင်ရောက်လာသည်နှင့် ရန်ကျောက်ကဲက သူ၏ဘယ်လက်ကိုဆန့်ထုတ်လျှက် နဂါးဦးခေါင်းဆီသို့ လက်သီးဖြင့်ထိုးချလိုက်သည်။

ပုံရိပ်နှစ်ခုက ကောင်းကင်ထက်တွင် ခဏမျှ ရပ်တန့်သွားသည်။

ထို့နောက်မှာတော့ ကြီးမားသော သွေးနီရောင်နဂါးကြီး၏ဦးခေါင်းထက်မှ ခပ်တိုးတိုး အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

နဂါးဦးချိုက နဂါးဦးရစ်ထက်မှ ကျိုးထွက်သွားပြီး တဖြည်းဖြည်းအစိတ်စိတ်အမွှာမွှာအက်ကွဲသွားသည်။ နဂါးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက အကန့်အသတ်မဲ့ ကြီးမားလွန်းသောစွမ်းအားတစ်ခုဖြင့် ဖိနှိပ်ခံထားရသည့်အလား ပုံပျက်သွားသည်။

မရေမတွက်နိုင်သော နဂါးအကြေးခွံများ လေထဲတွင်ပလူပျံသွားပြီး မိုးမြေတစ်ခွင် သွေးမိုးများရွာကျလာသည်။

ဒါကိုမြင်တော့ သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများ အလွန်တုန်လှုပ်သွားကြသည်။ ကျင့်ကြံသူ (၄)ယောက်က ချန်လီတောင်မှ လူရွယ်စုံတွဲကို ဆက်လက်မတိုက်ခိုက်တော့ဘဲ ရန်ကျောက်ကဲထံသို့ ဒေါသတကြီး ဝင်ရောက်လာကြသည်။

ရန်ကျောက်ကဲက ထိုသူများကို သေသေချာချာ အကဲခတ်ကြည့်လိုက်၏။

သူ၏ဘယ်လက်က အနက်ရောင်ဝတ်အဘိုးကြီး၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော သွေးနီရောင်နဂါးကြီးကို ဖိနှိပ်ထားဆဲဖြစ်ပြီး ညာဘက်လက်ကို ဝှေ့ယမ်းလျှက် ဝင်ရောက်လာသူများထံသို့ ဓားဝိညာဉ်တစ်ခု ပစ်လွှတ်လိုက်သည်။

များပြားလှစွာသော ဓားအလင်းတန်းများထွက်ပေါ်လာပြီး ထိုဓားအလင်းတန်းများက အစိမ်းရောင်နဂါးများအဖြစ် ပြောင်းလဲသွားသည်။

အစိမ်းရောင်နဂါးနှင့် သွေးနီရောင်နဂါးများ လေထဲတွင် ထိပ်တိုက်တွေ့သွားသည်။ တစ်ဆက်တည်းပင် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော ဓားအလင်းတန်းများမှ ဖြစ်တည်လာသည့် အစိမ်းရောင်နဂါးများက သွေးနီရောင်နဂါးများကို လဲပြိုသွားအောင် ရိုက်ချလိုက်၏။

သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများ အံ့အားသင့်သွားကြသည်။

ယင်ယန်ဓားအမွှာကိုပိုင်ဆိုင်သော လူရွယ်စုံတွဲသည်ပင် သူတို့ရှေ့မှတိုက်ပွဲကိုကြည့်ရင်း တုန်လှုပ်ခြောက်ခြားသော မျက်နှာအမူအရာများ ထင်ဟပ်လာသည်။

ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ မြင့်တက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဘဝသစ်ရှင်သန်ခြင်း ခံစားချက်တစ်ခု ပျံနှံ့သွားသည်။ သူ့ဦးခေါင်းထက်တွင် ထွက်ပေါ်နေသော ပုံရိပ်ယောင်မြင်ကွင်းက သစ်ရွက်များပမာ တဖျတ်ဖျတ်လှုပ်လျှက်ပင်။

လက်ရှိတွင် ရန်ကျောက်ကဲက အမတဝိညာဉ်အလယ်ဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ကြောင်း မည်သူမဆို ခန့်မှန်းမိကြပေမည်။

သို့သော် ရန်ကျောက်ကဲ လက်ရှိရင်ဆိုင်နေရသူများထဲတွင် ကျင့်ကြံသူ (၄)ယောက်က အမတဝိညာဉ်အလယ်ဆင့်ဖြစ်ပြီး အနက်ရောင်ဝတ်အဘိုးကြီးကတော့ အမတဝိညာဉ်နှောင်းပိုင်းအဆင့် ဖြစ်သည်။

သို့ဖြစ်ရာ ထိုသူ (၅)ယောက်ပေါင်းစွမ်းအားသည် အမတဝိညာဉ်အလယ်ဆင့် သိုင်းဆရာသခင်တစ်ယောက်ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားနိုင်စွမ်း ရှိပေ၏။ သို့ပေသိ အဘယ့်ကြောင့် ရန်ကျောက်ကဲကတာ့ သူတို့အားလုံးကို အသာလေး ရင်ဆိုင်နိုင်ရပါသနည်း။

လူရွယ်စုံတွဲက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်သည့်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို ပြန်ကြည့်လိုက်ကြသည်။

“ကျင့်ကြံခြင်းအဆင့်နိမ့်ပေမယ့် စွမ်းအားအရမ်းကြီးမားရင် ကိုယ့်ထက်ကျင့်ကြံခြင်းအဆင့် တစ်ဆင့်မြင့်တဲ့သူကို အနိုင်ယူနိုင်တယ်လို့ ဆိုကြပေမယ့် အမတဝိညာဉ်သိုင်းဆရာသခင်အဆင့်မှာတော့ ဒီလိုဖြစ်ရပ်မျိုးက ခပ်ရှားရှားပဲ”

အနက်ရောင်ဓားအလင်းတန်းကို ထိန်းချုပ်ထားသည့် မိန်းမပျိုက ဆိုသည်။

သူမက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“လူတစ်ယောက်ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ ကျင့်ကြံရတာ ခက်ခဲလေပါပဲ ၊ ဒီလူငယ်လို ထူးခြားတဲ့ပါရမီရှင်မျိုး လောကမှာ များများစားစား မရှိနိုင်ဘူး”

သူမက ရန်ကျောက်ကဲကို စေ့စေ့ကြည့်ရင်း...

“ဒီလူငယ် ကျင့်ကြံထားတဲ့သိုင်းပညာက ကျွန်မတို့ချန်လီတောင်နဲ့ သွေးနီနဂါးဂိုဏ်းက သိုင်းပညာတွေထက် မသာလွန်ပါဘူး ၊ ဒါပေမဲ့ သူက စွမ်းအားမြင့်မားလွန်းတယ်”

အဖြူရောင်ဓားအလင်းတန်းကို ထိန်းချုပ်ထားသောလူရွယ်က...

“ဒီလောက်အသက်ငယ်ငယ်နဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါတို့နဲ့တူနေပြီ ၊ အင်း... ပါရမီရှင်တွေထဲက ပါရမီရှင်ဆိုတာ အမြဲတမ်းရှိနေတာပါပဲ ၊ ဒီလိုလူမျိုးကို မတွေ့ခင်က ပါရမီရှင်လို့ ချီးကျူးခံနေရတဲ့သူတွေက အလယ်အလတ်ပါရမီရှင်အဆင့်လောက်ပဲ ရှိနိုင်တယ်”

မိန်းမပျိုက...

“သူ အမတဝိညာဉ်အလယ်ဆင့်ကို တက်ရောက်တော့ ဝိညာဉ်အပင်ပေါက်လာပြီး ဝိညာဉ်သစ်ရွက်တွေ ဖြာထွက်လာတဲ့အခါ သစ်ရွက် (၈)ရွက် ဒါမှမဟုတ် သစ်ရွက် (၉)ရွက် အထိ ရှိနိုင်မလား”

လူရွယ်က ရန်ကျောက်ကဲကို စူးစူးစိုက်စိုက်ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။

“ငါ မခန့်မှန်းနိုင်ဘူး ၊ အခုတိုက်ပွဲမှာ ဒီလူငယ်က သူ့ရဲ့စွမ်းအား အပြည့်အဝ အသုံးမချသေးဘူး ၊ ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်အပင်မှာ ဝိညာဉ်သစ်ရွက် (၇)ရွက်အထက် ရှိမယ်ဆိုတာတော့ အာမခံနိုင်တယ်”

မိန်းမပျိုက အနည်းငယ်စိုးရိမ်သွားဟန်ဖြင့်...

“ဒါဖြင့် ကျွန်မတို့ ဘာလုပ်ကြမလဲ”

လူရွယ်က ခေါင်းခါယမ်းရင်း...

“သမုဒ္ဒရာကမ္ဘာကို ငါတို့မပြန်နိုင်တော့ဘူး ၊ ပြီးတော့ ဒီကမ္ဘာမှာလည်း ဘယ်ကိုသွားရမလဲဆိုတာ မသိသေးဘူး ၊ ဒီလူငယ်က ငါတို့ဘက်ကနေ သွေးနီနဂါးဂိုဏ်းကလူတွေကို တိုက်ခိုက်ပေးတာဆိုတော့... အခြေအနေ စောင့်ကြည့်ကြတာပေါ့”

သူက ဆက်ပြောသည်။

“ဒီလူငယ် ငါတို့ကိုအန္တရယ်ပေးချင်တယ်ဆိုရင် ပြေးရင်တောင် မလွတ်နိုင်ပါဘူး ၊ သွေးနီနဂါးဂိုဏ်းကလူတွေကို ရှင်းပြီးတာနဲ့ သူ ငါတို့နောက် ချက်ချင်းလိုက်လာမှာပဲ”

ကောင်းကင်ထက်တွင် သွေးနီနဂါးဂိုဏ်းမှ သိုင်းဆရာသခင် (၄)ယောက်၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော သွေးနီရောင်နဂါးများသည် ရန်ကျောက်ကဲ၏ အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းနှင့် ရင်ဆိုင်ရသည့်အခါ တညီတညွတ်တည်း နောက်ပြန်ဆုတ်သွားကြသည်။

ထိုသူများက အတွေ့အကြုံနည်းပါးသူများ မဟုတ်ကြသော်လည်း ရန်ကျောက်ကဲကို ငေးကြောင်ကြည့်ရင်း ဆက်လက်တိုက်ခိုက်ရန် တွန့်ဆုတ်နေကြသည်။

ထိုအချိန် အနက်ရောင်ဝတ်အဘိုးကြီးမှာလည်း ရန်ကျောက်ကဲလက်ဝါးရိုက်ချက်မှ စုပ်ယူစွမ်းအားဖြင့် မလှုပ်နိုင်အောင် ထိန်းချုပ်ခံထားရပြီး သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော သွေးနီရောင်နဂါးကြီးနှင့်အတူ လေထဲတွင် ပိတ်မိနေသည်။

ထိုစဉ်...

“ရပ်လိုက်...”

ကောင်းကင်ထက်မှ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်တော့ ကောင်းကင်ထက်ရှိ ကမ္ဘာဖြတ်လမ်းကြောင်းကို ဖြတ်သန်းလာသော သွေးနီရောင်အလင်းတန်းတစ်ခုကို တွေ့ရသည်။

ထိုအသံကိုကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်၏။

ဧရာမ သွေးနီရောင်နဂါးကြီး၏ဦးခေါင်းကို ဖိနှိပ်ထားသော သူ၏လက်ဖဝါးထက်မှ ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

နဂါးကြီမှာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများပြည့်နက်လျှက် အကြေးခွံများလည်း ကျွတ်ထွက်နေပြီး မကျေမနပ် ကြုံးဝါးအော်ဟစ်လျှက် ရှိသည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်မှ ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်နှင့် ကြီးမားသောနဂါးခန္ဓာကိုယ်ကြီးသည် အစိတ်အပိုင်းပေါင်း သောင်းနှင့်ချီပြီး ကျိုးပြတ်အက်ကွဲသွားလေသည်။

ပတ်ဝန်းကျင်မှ သွေးနီရောင်အလင်းတန်းများပျောက်ကွယ်သွားပြီး အနက်ရောင်ဝတ်အဘိုးအို၏ရုပ်ပုံ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ် မွေးညင်းပေါက်တိုင်းမှ သွေးများစိမ့်ထွက်နေသဖြင့် အနက်ရောင်ဝတ်ရုံတစ်ခုလုံး သွေးများစွန်းထင်းလျှက် ၊ နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေသည်။

ထိုအချိန်...

ကမ္ဘာဖြတ်လမ်းကြောင်းကို ဖြတ်ကျော်ဝင်ရောက်လာသော အနီရောင်ဓားအလင်းတန်း သူတို့အနားသို့ ရောက်ရှိလာသည်။

ဓားအလင်းတန်းပျောက်ကွယ်သွားသည်နှင့် အသက် (၃၀)ကျော် (၄၀)ခန့် လူရွယ်တစ်ယောက်ပေါ်လာ၏။ ထိုသူက စောစောက ရန်ကျောက်ကဲကို “ရပ်လိုက်” ဟု အော်ဟစ်လိုက်သူပင်။

သို့ပေသိ ရန်ကျောက်ကဲက သူ့ကို လုံးဝအရေးမစိုက်သဖြင့် သူ့မျက်နှာက စိမ်းဖန့်ဖန့်အရောင်ပြောင်းသွားသည်။

“သေစမ်း”

ကြုံးဝါးသံနှင့်အတူ ကြောက်မက်ဖွယ်ရာ ချီစွမ်းအားစီးကြောင်းများက မိုးမြေတစ်ခွင်သို့ လွှမ်းခြုံသွားပြီး ထိုသူ၏ခန္ဓာကိုယ်ထက်မှ စွမ်းအားမြင့်မားသော ရောင်ဝါတစ်ခုထွက်ပေါ်လာသည်။

ထို့နောက်မှာတော့ ၎င်းစွမ်းအားရောင်ဝါအတွင်းမှ သွေးနီရောင်နဂါး (၉)ကောင် ထွက်ပေါ်လာသည်။

သွေးနီရောင်နဂါး (၉)ကောင်က နဂါးချီစွမ်းအားများကို မှုတ်ထုတ်လိုက်ရာ ရှည်လျားပြင်းထန်သောမီးတောက်မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာလေတော့သည်။

All Chapters