ဘယ်သူက သစ္စာဖောက်လဲ
Vol. 73 Ch. 763
ထန်ထျန်းက ပလ္လင်ဘေးတွင် မှင်တက်ကာ ရပ်နေမိသည်။
ဤနေရာသို့ မလာရောက်မီက သူ၏စိတ်ထဲတွင် ဖြစ်လာနိုင်ခြေရှိသော မျှော်လင့်ချက်များစွာကို ကြိုတင်တွေးဆထားခဲ့သည်။
ဥပမာအားဖြင့် ချောက်နက်ပင်လယ် မှတစ်ဆင့် ကြယ်ကမ္ဘာသို့ မဝင်ရောက်နိုင်ခြင်းမျိုး သို့မဟုတ် သူယခင်က ရရှိထားသော ကြယ်မြေပုံမှာ မှားယွင်းနေပြီး ကြယ်တာရာ ဘိုးဘေး ကျဆုံးရာနေရာသို့ လမ်းမညွှန်ပြနိုင်ခြင်းမျိုး စသည်ဖြင့်ပေါ့။
ထို့ပြင် သူက နေရာသို့ မှန်ကန်စွာ ရောက်ရှိသွားသော်လည်း ကြယ်နှလုံးသားမှာ ထိုနေရာတွင် ရှိမနေခြင်းမျိုးကိုလည်း တွေးထားခဲ့ဖူးသည်။
အဆိုးဆုံး အခြေအနေအဖြစ် သူတို့ အပတ်တကုတ် ဖုံးကွယ်ထားသော ခရီးစဉ်မှာ ပေါက်ကြားသွားပြီး ကျွင်းချန်ချင်းက ကြိုတင်ပိတ်ဆို့ထားခြင်း သို့မဟုတ် ကြားဖြတ်လုယူသွားခြင်းမျိုးကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။
သို့သော် ထိုမျှော်လင့်ချက်များထဲမှ တစ်ခုမျှ လက်တွေ့ဖြစ်မလာခဲ့ပေ။
သူက ကြယ်ပင်လယ်အတွင်းသို့ အလွန်ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီး ကြယ်တာရာ ဘိုးဘေး ကျဆုံးရာနေရာသို့ ရောက်ရှိကာ ကြယ်နှလုံးသား ထားရှိရာ နေရာကိုလည်း ရှာတွေ့ခဲ့သည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားသည့် ကိစ္စမှာ နှစ်ပေါင်း သန်းချီတိုင်အောင် မည်သူမျှ ရှာမတွေ့ခဲ့သော ကြယ်နှလုံးသားမှာ တစ်ယောက်ယောက်၏ လက်ဦးကာ ယူဆောင်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
အဆက်မပြတ် စီးဆင်းနေသော ကြယ်စွမ်းအားများမှာ ကြယ်နှလုံးသား၏ ကျန်ရှိနေသော အော်ရာများမှ ထွက်ပေါ်နေခြင်းသာ ဖြစ်သည်။
အကယ်၍ နောက်ထပ် နှစ်အနည်းငယ်သာ ကြာသွားပါက ကြယ်စွမ်းအားများမှာ တဖြည်းဖြည်း ခမ်းခြောက်သွားပြီး နောက်ဆုံးတွင် လုံးဝ ကွယ်ပျောက်သွားပေလိမ့်မည်။
ဒါကို ဘယ်သူ လုပ်တာလဲ။
ထန်ထျန်းက ရှုပ်ထွေးနေသော အတွေးများကြားမှ ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများစွာကို ပြန်လည်စဉ်းစားကြည့်သည်။
အခြေအနေ အမျိုးမျိုးကို ပေါင်းစပ်ကြည့်ပြီးနောက် ပုံရိပ်တစ်ခုမှာ သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သို့သော် ထန်ထျန်းက ထိုရလဒ်ကို အတည်ပြုရန် မဝံ့မရဲ ဖြစ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းမှာ တကယ်ပဲ သူမ ဖြစ်နေခဲ့လျှင် ဤကမ္ဘာကြီးအတွက်... မျှော်လင့်ချက် အနည်းငယ်မျှ ရှိတော့မည် မဟုတ်သောကြောင့်ပင်။
အတန်ကြာ ရပ်နေပြီးနောက် ထန်ထျန်းက လေးလံစွာ သက်ပြင်းချလိုက်သည်။
ရလဒ်က မည်သို့ပင်ဖြစ်စေ သူတို့က ဤလက်တွေ့ကို ရင်ဆိုင်ရပေမည်။
ကြယ်နှလုံးသားမှာ ပျောက်ဆုံးသွားပြီ ဖြစ်သည်။
၎င်းက ကျွင်းချန်ချင်း၏ လက်ထဲသို့ ရောက်ရှိသွားပြီး ဖြစ်နိုင်ခြေမှာလည်း အလွန်ကြီးမားနေသည်။
ထန်ထျန်းက လက်ကို ဆန့်ထုတ်လိုက်ရာ အနီရောင် ပုတီးစေ့တစ်လုံး သူ၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။
၎င်းမှာ သူ ခရီးမထွက်မီက နေနတ်ဘုရား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ကတိ မှာ အကယ်၍ ဖြေရှင်း၍ မရသော ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်းကို ချိုး လိုက်လျှင် နေနတ်ဘုရားက ထန်ထျန်း တည်ရှိရာနေရာကို အာရုံခံနိုင်ပြီး လာရောက်နိုင်မည် ဟူ၍ ဖြစ်သည်။
ယခု အခြေအနေမှာ ဖြေရှင်း၍ မရသော ကိစ္စမျိုး မဟုတ်သော်လည်း နေနတ်ဘုရားကိုယ်တိုင် ဤနေရာသို့ လာရောက်ရန် လိုအပ်နေသည်။
ထန်ထျန်းက များများစားစား မစဉ်းစားတော့ဘဲ ပုတီးစေ့ကို ချိုး လိုက်သည်။
သိပ်သည်းလှသော နေစွမ်းအားများမှာ ပုတီးစေ့အတွင်းမှ ပေါက်ကွဲထွက်လာပြီး ခဏချင်းမှာပင် နန်းတော်အတွင်း၌ ပျောက်ကွယ်သွားသည်။
ထို့နောက် ထန်ထျန်းက လက်ကို နောက်ပစ်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
သိပ်မကြာလိုက်ဘဲ အလွန်အင်အားကြီးမားသော အော်ရာတစ်ခုမှာ ဤကြယ်ကမ္ဘာအတွင်းသို့ ဆင်းသက်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ရွှေရောင်ပုံရိပ်တစ်ခုမှာ ကြယ်နန်းတော်အတွင်းသို့ ပြေးဝင်လာသည်။
၎င်းမှာ နေနတ်ဘုရားပင် ဖြစ်သည်။
ပူပြင်းလှသော နေစွမ်းအားများမှာ နန်းတော်တစ်ခုလုံးကို ခဏချင်းမှာပင် တောက်လောင်သွားစေသည်။ နေနတ်ဘုရားမှာ သူ၏ ဂုဏ်သရေ အပြည့်အဝဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
သူက ထန်ထျန်းတစ်ယောက် ကျွင်းချန်ချင်းနှင့် တိုးနေပြီဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ထန်ထျန်းတစ်ယောက်တည်းသာ ရှိနေသည်ကို မြင်လိုက်ရသည့်အခါမှ သူ၏ စွမ်းအားများကို အနည်းငယ် ပြန်လည်ထိန်းချုပ်ပြီး ထန်ထျန်း၏ ဘေးသို့ ရောက်လာသည်။
“ဘာဖြစ်တာလဲ”
“ကျွင်းချန်ချင်းကော”
နေနတ်ဘုရားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထန်ထျန်းက ခေါင်းကို အသာခါယမ်းရင်း ပြန်ပြောလိုက်သည်။ “ကျွင်းချန်ချင်း မလာဘူး"
"ဒီမှာ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတယ်”
နေနတ်ဘုရားက ကြောင်သွားပြီး ပြော၏။ “ဒါဆို မင်း ငါ့ကို ဘာလို့ ခေါ်တာလဲ"
" ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်လေ၊ မင်း ကြယ်နှလုံးသားကို ယူပြီး တန်းထွက်သွားရုံပဲပေါ့”
ပလ္လင်ပေါ်တွင် ကျန်ရှိနေသော အော်ရာများကို မြင်လိုက်ရသဖြင့် နေနတ်ဘုရားက ထန်ထျန်းမှာ ကြယ်နှလုံးသားကို အောင်မြင်စွာ ရရှိသွားပြီဟု ထင်နေခြင်း ဖြစ်ပေလိမ့်မည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ကိစ္စများမှာ သူ ထင်ထားသလို မဟုတ်ခဲ့ပေ။
ထန်ထျန်းက လေးလံစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ကြယ်နှလုံးသား မရှိတော့ဘူး"
" ဒီမှာ မရှိတော့ဘူး”
နေနတ်ဘုရားမှာ ခဏ တာ မှင်တက်သွားသည်။
သူက ပလ္လင်ကို ကြည့်လိုက်၊ ထန်ထျန်းကို ကြည့်လိုက်နှင့် “ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
"ကျွင်းချန်ချင်းက ငါတို့ အစီအစဉ်ကို မဖျက်ဆီးသရွေ့ ကြယ်နှလုံးသားက ဒီမှာပဲ ရှိနေရမှာလေ"
"ထန်ထျန်း... မင်း ငါ့ကို နောက်မနေနဲ့နော်”
သူ့ လေသံက အနည်းငယ် စိုးရိမ်တကြီး ဖြစ်လာသည်။
ထန်ထျန်းက ပြန်မဖြေဘဲ ရှေ့ရှိ ပလ္လင်ကိုသာ ထိုးပြလိုက်သည်။ “ခင်ဗျား သေသေချာချာ ကြည့်လိုက်ပါဦး"
" ကြယ်နှလုံးသားကို ဘယ်အချိန်မှာ ယူသွားတာလဲဆိုတာကိုပေါ့”
နေနတ်ဘုရားက မျက်ခုံးကို တွန့်ကာ ပလ္လင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
သူက ထန်ထျန်းထက် ပို၍ သန်မာသူ ဖြစ်သဖြင့် လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက ကြယ်နှလုံးသားမှာ တစ်ယောက်ယောက်၏ ယူဆောင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်းကို အလွယ်တကူ သိလိုက်နိုင်သည်။
ဤအခြေအနေကြောင့် နေနတ်ဘုရားမှာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ"
" ဘယ်သူမှ ဒီနေရာကို မသိနိုင်ဘူးလေ"
" ဒါက ဒီမှာ ရှိနေရမှာ"
" ရှိကို ရှိနေရမှာ”
နေနတ်ဘုရားက တိုးတိုးလေး ရေရွတ်နေမိသည်။ သူက ရှေ့မှ လက်တွေ့ကို လက်ခံရန် ခက်ခဲနေပုံရသည်။
ထန်ထျန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျား ခုထိ မစဉ်းစားမိသေးဘူးလား"
"ငါတို့ဘက်မှာ တကယ်ပဲ သစ္စာဖောက် တစ်ယောက် ရှိနေတာပဲ”
နေနတ်ဘုရားက ခေါင်းမော့လာပြီး သူ၏ မျက်လုံးများမှာ ဝေဝါးနေသည်။
“ဘယ်သူက သစ္စာဖောက်လဲ"
" ဒီနေရာကို ဘယ်သူမှ မသိဘူးလေ”
ထန်ထျန်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “သိတဲ့လူ တစ်ယောက် ရှိတယ်”
နေနတ်ဘုရားမှာ ကြောင်သွားပြီး “ဘယ်သူလဲ”
သူ မေးလိုက်သော်လည်း စကားအဆုံးတွင် သူ၏ ရွှေရောင်မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားတော့သည်။
သူလည်းပဲ လူတစ်ယောက်ကို စဉ်းစားမိသွားခြင်း ဖြစ်ပေလိမ့်မည်။
“မဖြစ်နိုင်ဘူး”
“မဖြစ်နိုင်တာ"
" သူမ ဖြစ်စရာ အကြောင်းမရှိဘူး”
နေနတ်ဘုရားက သွားကို ကြိတ်ကာ ထန်ထျန်းကို စိုက်ကြည့်ရင်း “မင်း သူမကို သစ္စာဖောက်လို့ ထင်နေတာလို့ ငါ့ကို မပြောနဲ့"
" သူမက လုံးဝ မဖြစ်နိုင်ဘူး”
“ဒါက ငါ အထင် မှားနေတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တခြားလူတွေလည်း ကြယ်နန်းတော် တည်နေရာကို သိနေတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ကျွင်းချန်ချင်းက အရင်ကတည်းက သိနေတာလည်း ဖြစ်နိုင်တယ်"
" ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... သူမတော့ လုံးဝ မဖြစ်နိုင်ဘူး”
နေနတ်ဘုရားမှာ အနည်းငယ် ရူးသွပ်လာပုံရသည်။
ထန်ထျန်းက နေနတ်ဘုရား၏ ယခု စိတ်နေစိတ်ထားနှင့် ခံစားချက်ကို နားလည်နိုင်သော်လည်း ပြောသင့်သည့် စကားကိုမူ သူ ပြောရပေမည်။
“ကျွန်တော်လည်း ဒါကို လက်မခံချင်ပေမဲ့ သဲလွန်စ အားလုံးက သူမဆီကိုပဲ ညွှန်ပြနေတယ်”
“ဒီနေရာကို သူမ တစ်ယောက်တည်းပဲ ရှာတွေ့နိုင်တယ်လို့ ခင်ဗျား အရင်က အခိုင်အမာ ပြောခဲ့တယ်”
“ခင်ဗျား အထင် မှားနေတယ်လို့ပဲ ထားပါ၊ တခြား သက်သေ တွေလည်း အများကြီး ရှိသေးတယ်”
နေနတ်ဘုရား၏ နှုတ်ခမ်းများမှာ တုန်လှုပ်နေပြီး သူ၏ စိတ်အတွင်းမှ ဒေါသများကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာအသံနက်ကြီးဖြင့် ပြော လိုက်၏ ။ “ပြောစမ်း”
“အကယ်၍ မင်းက ကျိုးကြောင်းဆီလျော်အောင် မပြောနိုင်ရင် မင်းက ဘယ်လို ကပ်ဘေးရိပ်သိမ်းသူ ပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူးနော်”
ထန်ထျန်းက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး “ကျွင်းချန်ချင်းက အောင်အောင်မြင်မြင် ပြန် အသက်ရှင် လာနိုင်တဲ့ အဓိက အကြောင်းရင်းတွေထဲမှာ ကောင်းကင် တာအိုကို တစ်ယောက်ယောက်က ပြုပြင်ပြောင်းလဲပြီး အဓိက အချက်အလက်တွေကို ဖုံးကွယ်ထားတာ ပါနေတယ်”
“ခင်ဗျား အဲဒီ ပြုပြင်ထားတဲ့ သဲလွန်စတွေကို တွေ့ဖူးလားတော့ မသိဘူး၊ အဲဒီလို နည်းလမ်းမျိုးက သာမန် ဝူရှန့်ကျိကျွင်း တွေ လုပ်နိုင်တဲ့ အရာမဟုတ်ဘူး"
"ဟုန်းမန် ဝူရှန့်ကျိကျွင်း တို့တောင် အဲဒီအဆင့်ကို လုံးဝ မမီဘူး”
နေနတ်ဘုရားက လက်ကာလိုက်ပြီး “ဒါကို ငါလည်း တွေ့ဖူး တာပေါ့"
" ဒါပေမဲ့ ဒါက သက်သေ အဖြစ် မလုံလောက်သေးဘူး၊ ကျွင်းချန်ချင်း ဘက်မှာလည်း အရင်က အစွမ်းထက်တဲ့လူတစ်ယောက် ကျန်နေတာမျိုး ဖြစ်နိုင်တာပဲ”
ထန်ထျန်းက ဆက်ပြောလိုက်သည်။
“ဒါဆို လင်းရင် ကော”
“လင်းရင်က ကောင်းကင်ထိပ်ဆုံး ကို အောင်အောင်မြင်မြင် သွားနိုင်ခဲ့တဲ့ အဓိက အကူအညီ တစ်ခုက အရမ်း ထူးခြားတဲ့ ယပ်တောင် တစ်ခုပဲ"
"အဲဒီ ယပ်တောင်ကို လနတ်သမီး က သူမကို ပေးခဲ့တာ”
နေနတ်ဘုရားက ခေါင်းကို ခါယမ်းရင်း “ဒါက တိုက်ဆိုင်မှုပဲ"
" ရှောင်ပိုင် က တစ်ခါတလေ အခွင့်အရေးအချို့ကို ပေးတတ်တာမျိုး ရှိတယ်၊ ဒါက တိုက်ဆိုင်မှု တစ်ခုသက်သက်ပဲ"
" အဲဒီ ယပ်တောင် မရှိလည်း လင်းရင်က ကပ်ဘေးကုန်းမြေ ကို သွားဖို့ တခြားနည်းလမ်း ရှိမှာပဲ”
ထန်ထျန်းက အေးဆေးတည်ငြိမ်စွာပင် “ဒါဆို လင်းယွင်တောင်တန်း က ကိစ္စကော”
“ကျွင်းချန်ချင်းက ခင်ဗျားတို့ရဲ့ အစီအစဉ်ကို ကြိုတင်သိနေပြီး ပြည့်စုံတဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်ခဲ့တယ်"
" ဒီအစီအစဉ်ကို သိတဲ့လူက သိပ်မရှိဘူး၊ အကယ်၍ တခြားလူတစ်ယောက်က သစ္စာဖောက်ဖြစ်ကြောင်း သက်သေတွေ့ခဲ့ရင် ခင်ဗျား သူ့ကို အရင်ကတည်းက ဖြေရှင်းခဲ့မှာပဲ"
" ဒါကြောင့်...”
နေနတ်ဘုရားက ရုတ်တရက် ရှေ့သို့ တိုးလာပြီး ထန်ထျန်း၏ အင်္ကျီ ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။
“ကောင်လေး၊ ငါ မင်းကို သတိပေးလိုက်မယ်၊ သူမကို မစွပ်စွဲနဲ့”
“သူမက ငါ့ထက်တောင် မင်းကို ပိုယုံကြည်ခဲ့တာ သူမက ဒီကမ္ဘာပေါ်မှာ မင်းကို အယုံကြည်ဆုံးလူပဲ”
“သူမက လနှလုံးသား ကိုတောင် မင်းကို ပေးခဲ့တယ်လေ”
“မင်း နောက်တစ်ခါ ထပ်ပြီး ပေါက်ကရတွေ ပြောရဲရင် ငါ ကျိန်ဆိုတယ်၊ အခုချက်ချင်း မင်းကို သတ်ပစ်မယ်”
ကြီးမားလှသော နေနတ်ဘုရားမီးလျှံများမှာ နန်းတော်တစ်ခုလုံးကို တောက်လောင်သွားစေပြီး နေနတ်ဘုရားမှာ ဒေါသပေါက်ကွဲရန် အစွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထန်ထျန်းကလည်း နေနတ်ဘုရားမှာ နောက်ထပ် တစ်လှမ်းသာ တိုးလိုက်ပါက သူ့ကို တကယ်ပင် လုပ် မည်ကို ယုံကြည်နေသည်။
သို့သော် ဤတစ်လှမ်းကိုမူ သူ လှမ်းရပေမည်။
နေနတ်ဘုရား၏ မျက်လုံးများကို စိုက်ကြည့်ရင်း ထန်ထျန်းက နောက်ဆုံး သက်သေ
ကို ပြောလိုက်သည်။ ဤအချက်မှာ သူကိုယ်တိုင်လည်း လနတ်သမီးမှာ သစ္စာဖောက် ဖြစ်ကြောင်း အခြေခံကျကျ ယုံကြည်သွားစေသည့် အချက်ပင် ဖြစ်သည်။
“ကျွန်တော်ပဲ”
“ဒါမှမဟုတ် ပြောရရင်... လနတ်သမီးပဲ”
“ကျွင်းချန်ချင်းရဲ့ ချိပ်ပိတ်မှုကို ကိုယ်တိုင် ဖွင့်ပေးခဲ့တာ”
ထန်ထျန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ထို့နောက် သူက ရှင်းယွဲ့အင်မော်တယ် ဓားကို ဆွဲထုတ်ကာ ကြယ် ခရစ်စတယ် မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။
ကြယ် ခရစ်စတယ်နှင့် လစွမ်းအားများဖြင့် သွန်းလုပ်ထားသော ဓားမှာ “ဝုန်းဝုန်း” ဟူသော အသံများကို ထုတ်လွှတ်နေတော့သည်။