အင်အားကြီးသူများ စုဝေးခြင်း
Vol. 73 Ch. 767
“မင်းရဲ့ တာဝန်က မရိုးရှင်းဘူးဆိုတာ ငါ သိပြီးသားပါ"
"တကယ်ကြီး နေနတ်ဘုရားနဲ့အတူ ပြန်ရောက်လာတာပဲ”
ထန်ထျန်း လျှောက်လာသည်ကို မြင်သောအခါ လုံကျိုကျိုးက ပြုံးပြီး ပြောလိုက်သည်။
ဘေးနားရှိ ရှို့ကျွင်းကလည်း အနည်းငယ် ဦးညွှတ်ကာ ထန်ထျန်းကို နှုတ်ဆက်၏။
လုံကျိုကျိုး၏ ဘေးနားတွင် လိုက်နေပြီးသည့်နောက် သူမက တစ်ယောက်တည်း ပြောင်းလဲသွားခဲ့သည်။ ယခင်က အေးစက်လှသော လူသတ်နတ်ဘုရားမအသွင်မှ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးကောင်းလေးတစ်ဦး ဖြစ်လာခဲ့သည်။
ဒါကတော့ တကယ့်ကို အချစ်ရူးသူလေး ဖြစ်သွားတာ အမှန်ပင်။
“ငါက သူနဲ့... တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တာပါ”
လုံကျိုကျိုး၏ ဖိတ်ခေါ်မှုအရ ထန်ထျန်းက သူနှင့်အတူ စားပွဲတစ်ခုတည်းတွင် ဝင်ထိုင်လိုက်သည်။
သူတို့၏ နေရာမှာ နန်းတော်၏ ဘေးဘက်တွင် ဖြစ်ပြီး အတော်လေး မြင့်သောကြောင့် အောက်ဘက်ရှိ နန်းတော်အတွင်း မြင်ကွင်းအားလုံးကို အကုန်အစင် မြင်တွေ့နိုင်သည်။
ဝေ့ကြည့်လိုက်လျှင် သူတို့ကသာ အမြင့်ဆုံးနေရာတွင် ထိုင်နေကြခြင်း ဖြစ်ပြီး ပလ္လင် ပြီး လျှင် ဒုတိယ အမြင့်ဆုံးပင် ဖြစ်သည်။ ကြည့်ရသည်မှာ ဝူရှန့်ကျိကျွင်းများမှာ မည်သည့်နေရာတွင်မဆို အဆင့်အတန်း မြင့်မားကြသည်မှာ အမှန်ပင်။
“မင်းကတော့ ဟန်ဆောင်နေပြန်ပြီ"
"နေနတ်ဘုရားက စောစောက ဒီမှာ သူ့ရဲ့ ကိုးကွယ်သူတွေနဲ့ အစည်းအဝေး လုပ်နေတာ၊ ရုတ်တရက်ကြီး ထွက်ပြေးသွားတာကွ"
"ပြန်ပေါ်လာတော့လည်း မင်းနဲ့အတူတူပဲ"
"မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ရှိရမယ်”
လုံကျိုကျိုးက နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီးနောက် ထန်ထျန်းကို မီးလျှံများ တောက်လောင်နေသော အနီရောင် ဝိုင် ပြင်းတစ်ခွက် ငှဲ့ပေးလိုက်သည်။
“မြည်းစမ်းကြည့်ဦး၊ ဒီဝိုင်က နေနတ်ဘုရားနန်းတော်မှာပဲ သောက်ရတာ၊ မင်းရဲ့ ကျောက်စိမ်းဖြူဝိုင် ထက်တော့ လုံးဝ မနိမ့်ကျဘူး”
ထန်ထျန်းက ဝိုင်ခွက်ကို မယူကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။
ပူပြင်းလှသော စွမ်းအားတစ်ခုက သူ၏ ခံတွင်းအတွင်း၌ ချက်ချင်း ပေါက်ကွဲသွားပြီး ဦးခေါင်းခွံကိုပင် လောင်မြိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“သောက်”
“ဒါ ဘာကြီးလဲ”
ထန်ထျန်းမှာ သီးသွားပြီး ချောင်းဆိုးကာ ဝိုင်ခွက်ကို ပြန်ချလိုက်သည်။
လုံကျိုကျိုးက ဟားဟားတိုက် ရယ်မောကာ ပြော၏။ “ပထမဆုံး သောက်ရင် ဒီလိုပဲ ဖြစ်တတ်တယ်"
"သောက်တာ ကျင့်သားရ သွားရင်တော့ ဒါရဲ့ ထူးခြားချက်ကို မင်း သိလာလိမ့်မယ်"
"ဒါ့အပြင် ငါမင်းကို ပေးတာက အပြင်းဆုံးပဲ၊ တခြားလူတွေဆိုရင်တော့ ရေရောထားတာကိုပဲ သောက်ရတာ”
ထန်ထျန်းက နှာခေါင်းရှုံ့ကာ ခေါင်းယမ်းလိုက်သည်။
တခြားလူတွေက အပြင်းစားကို သောက်ချင်ရင်တောင် သောက်နိုင်မှာ မဟုတ်ပေ။ စောစောက စွမ်းအားမျိုးက ကျိကျွင်းတွေရဲ့ ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
“ထားလိုက်ပါတော့၊ ငါကတော့ ကျောက်စိမ်းဖြူဝိုင် သောက်တာနဲ့ပဲ သင့်တော်ပါတယ်”
ထန်ထျန်းက သူ၏ ဝိုင်ခွက်ကို ထုတ်ကာ ကိုယ့်ဘာသာကိုယ် တစ်ခွက် ငှဲ့လိုက်သည်။
လူတိုင်းတွင် မတူညီသော အကြိုက်များ ရှိကြသည်။ လုံကျိုကျိုးသည်လည်း ယခင်က ကျောက်စိမ်းဖြူဝိုင် ကို သောက်ဖူးသော်လည်း ခံစားချက်မှာ သာမန်မျှသာ ဖြစ်သည်။
ဝိုင်အနည်းငယ် သောက်ပြီးနောက် လုံကျိုကျိုးက မေးလိုက်သည်။ “မင်းရဲ့ တာဝန် ပြီးပြီလား”
ထန်ထျန်းက ခဏစဉ်းစားပြီးနောက် ပြော၏။ “တစ်ဝက်လောက် ပြီးပြီလို့ ပြောရမှာပဲ"
"ကြားထဲမှာ အမှားအယွင်းလေး တစ်ခု ဖြစ်သွားလို့”
လုံကျိုကျိုးက မျက်ခုံးပင့်ကာ မေးသည်။ “နေနတ်ဘုရား ကိုယ်တိုင် သွားတာတောင် မဖြေရှင်းနိုင်ဘူးလား”
ထန်ထျန်းက ခေါင်းယမ်းပြလိုက်သည်။ “မင်းကော”
လုံကျိုကျိုးက “ငါ့တာဝန်ကတော့ ရိုးရှင်းပါတယ်၊ အမြန်ပဲ ပြီးသွားတယ်"
"အဲဒါနဲ့ နေနတ်ဘုရားက ငါ့ကို ဒီ ကို ဆင့် ခေါ်လိုက်တာ၊ နောက်ထပ် အစီအစဉ်တွေ ရှိသေးတယ်လို့ ပြောတယ်”
ထန်ထျန်းက မေးလိုက်သည်။ “အဲဒီ နောက်ထပ် အစီအစဉ်က ဘာလဲဆိုတာ မင်း မသိဘူးလား”
လုံကျိုကျိုးက လက်ခါပြ၏။ “မသိဘူး၊ မမေးလည်း မမေးဘူး"
"နေနတ်ဘုရားက အခု ဘယ်သူ့ကိုမဆို သံသယဝင်နေတာ၊ အများကြီး မေးရင် သူ့ကို သွားဆွသလို ဖြစ်နေလိမ့်မယ်"
"ဒါပေမဲ့ အခု အခြေအနေကို ကြည့်ရင် လူတွေ အများကြီး ရောက်နေပြီ၊ သူ့ရဲ့ ကိုးကွယ်သူတွေလည်း အကုန်စုံသလောက် ရှိနေပြီ"
"ကြည့်ရတာ အစီအစဉ်က သေးမှာ မဟုတ်ဘူး”
ထန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ကြည့်ရသည်မှာ နေနတ်ဘုရားက ကျွင်းချန်ချင်းကို တိုက်ရိုက် ရင်ဆိုင်ရန် ပြင်ဆင်နေသည်ဟူသော အချက်ကို တခြားလူများကို မပြောပြထားပေ။
သို့သော် နေနတ်ဘုရားက သူ့ကိုတော့ ပြောပြခဲ့သည်။
သူက တကယ်ကြီး သူ့ကို အဲဒီလောက်အထိ ယုံကြည်တာလား။
သူက ကပ်ဘေးရိပ်သိမ်းသူ ဖြစ်နေလို့လား။
ထန်ထျန်းက စိတ်ထဲမှ ခေါင်းယမ်းလိုက်သည်။ နေနတ်ဘုရား၏ အတွေးမှာ တစ်ခါတရံတွင် တကယ်ပင် ခန့်မှန်းရ ခက်လှသည်။
အောက်ဘက်ရှိ ကိုးကွယ်သူများကို ကြည့်ရင်း ထန်ထျန်းက အကြောင်းအရာ ပြောင်းကာ မေးလိုက်သည်။ “မင်းတို့ အရင်က ပြောတော့ ဒီကမ္ဘာပေါ်က ကျိကျွင်းအားလုံး ပေါင်းမှ အယောက် တစ်ရာကျော်ပဲ ရှိတယ် ဆို"
"အခု နန်းတော်ထဲက ကျိကျွင်းတွေက အဲဒီအရေအတွက်ထက် ကျော်နေသလိုပဲ”
လုံကျိုကျိုးက အသာအယာ ပြုံးကာ ပြော၏။ “သူတို့ကကော ကျိကျွင်းလို့ ထည့်တွက်လို့ ရလို့လား”
ထန်ထျန်းက ကြောင်သွားသည်။ “ဘာဆိုလိုတာလဲ”
လုံကျိုကျိုးက ခေါင်းယမ်းကာ ဘာမှ မပြောတော့ဘဲ ဘေးနားရှိ ရှို့ကျွင်းက ရှင်းပြလိုက်သည်။ “ကျွန်မတို့ ပြောတဲ့ ကျိကျွင်းဆိုတာ အပြင်လောကမှာ သွားလာလှုပ်ရှားနေပြီး ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက် ရှိတဲ့သူတွေကို ဆိုလိုတာပါ"
"ဒီ ကိုးကွယ်သူ တစ်စုကတော့..."
"သူတို့က နေနတ်ဘုရား ခိုင်းတဲ့ တာဝန်ကလွဲရင် နေနတ်ဘုရားနန်းတော်ကနေ ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ဘူး"
"ဒါကြောင့် အရေအတွက် တွက်တဲ့အခါ သူတို့ကို ထည့်မတွက်ခဲ့တာပါ”
ထန်ထျန်းက နားလည်သွားသည်။ ဒီလိုကိုး။
နေနတ်ဘုရား၏ ဤကိုးကွယ်သူများက နေနတ်ဘုရားအပေါ်တွင်သာ မှီခိုနေထိုင်ကြသူများ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းတို့မှာ စစ်မှန်သော ကျိကျွင်းများဟု မသတ်မှတ်နိုင်ပေ။
“ကိုယ်ပိုင် စိတ်ဆန္ဒတောင် မရှိဘဲ ဝိညာဉ်ကို တခြားလူဆီ ပေးထားတဲ့သူတွေ"
"ကျိကျွင်း ဖြစ်ဖို့ နေနေသာသာ သူတို့က ပစ္စည်း တစ်ခုထက် မပိုပါဘူး”
လုံကျိုကျိုးက ထိုကိုးကွယ်သူများအပေါ် ရန်လိုမုန်းတီးမှုများ ရှိနေပုံရသည်။
ဘေးနားရှိ ရှို့ကျွင်းက အမြန် ဖျောင်းဖျလိုက်သည်။ “အဲဒီလို မပြောပါနဲ့"
"ကျွန်မတို့ အခု အားလုံးမှာ တူညီတဲ့ ပန်းတိုင် ရှိနေတာပဲ၊ သူတို့က ကျွင်းချန်ချင်းကို ရင်ဆိုင်ဖို့အတွက် ကျွန်မတို့ရဲ့ အရေးကြီးတဲ့ အကူအညီတွေပဲလေ”
လုံကျိုကျိုးက ဝိုင်ကို တစ်ကျိုက် သောက်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ထန်ထျန်းကမူ ရှို့ကျွင်း ပြောသည့် စကားကို ပို၍ သဘောတူမိသည်။
မည်သူ ဖြစ်စေ၊ မည်သို့သော ရွေးချယ်မှုမျိုး ရှိစေကာမူ။
အားလုံး၏ ယခု လက်ရှိ ပန်းတိုင်မှာ ကျွင်းချန်ချင်းကို ရင်ဆိုင်ရန်ပင် ဖြစ်သည်။
ထို့နောက် သုံးဦးသားမှာ ဝိုင်သောက်ရင်း ဟိုဟိုဒီဒီ စကားပြောနေကြသည်။
ထိုအတောအတွင်းမှာပင် ထန်ထျန်းက သူစိမ်းဖြစ်သော ဝူရှန့်ကျိကျွင်း အချို့ကိုလည်း တွေ့လိုက်ရသည်။ နေနတ်ဘုရား၏ ကိုးကွယ်သူများ ပါဝင်သလို ဟုန်းမန် ဝူရှန့်ကျိကျွင်း ကဲ့သို့သော "လွတ်လပ်သူ" များလည်း ပါဝင်သည်။
အားလုံးပေါင်းလိုက်လျှင် အရေအတွက်မှာ ဆယ်ယောက်ထက် ကျော်လွန်နေသည်။
ဤသို့ကြည့်လျှင် နေနတ်ဘုရားဘက်မှ အင်အားမှာ အားမနည်းလှပေ။ အထွတ်အထိပ် အခြေအနေသို့ ပြန်မရောက်သေးသော ကျွင်းချန်ချင်းကို ရင်ဆိုင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် တခြားသော အလွန်အစွမ်းထက်သည့် ပုံရိပ်အချို့ကလည်း လူအများ၏ အာရုံစိုက်မှုကို ရရှိနေသည်။
၎င်းတို့၏ ကိုယ်ပေါ်တွင် အလွန် ရှေးကျသော အငွေ့အသက်များ ရှိနေကြသည်။
“ကမ္ဘာ့ အကြွင်းအကျန် ဝိညာဉ်တွေ”
လုံကျိုကျိုးက ထိုအမည်ကို ပြောလိုက်သည်။
ထန်ထျန်း၏ မေးမြန်းမှုကြောင့် သူက ဆက်လက် ရှင်းပြ၏။ “ဒီကမ္ဘာမှာ အရင်က ရှိခဲ့ဖူးတဲ့ အစွမ်းထက်သူတွေက သိပ်ကို များလွန်းတယ်"
"သူတို့ထဲက အများစုကတော့ အချိန်မြစ် မှာ ပျောက်ကွယ်သွားကြပေမဲ့ အနည်းစုကတော့ ထူးခြားတဲ့ နည်းလမ်းတွေနဲ့ အသက်ရှင်နေကြတုန်းပဲ"
"ပုံမှန်အားဖြင့် သူတို့က လောကရေးရာတွေကို စိတ်မဝင်စားကြဘူး၊ ကမ္ဘာထဲကိုတောင် ထွက်မလာကြဘဲ ကိုယ့်ရဲ့ စွဲလမ်းမှုနဲ့ကိုယ် နေထိုင်နေကြတာ"
"လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းက ကျွင်းချန်ချင်း ကမ္ဘာကြီးကို ပြောင်းပြန်လှန်ခဲ့စဉ်ကတောင် သူတို့ ထွက်မလာခဲ့ကြဘူး"
"ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူတို့အားလုံး ရောက်လာကြတယ်"
"သူတို့အားလုံးကို ဖိတ်ခေါ်နိုင်တာကို ကြည့်ရင် နေနတ်ဘုရားရဲ့ စည်းရုံးနိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းပါတယ်”
ထန်ထျန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
နေနတ်ဘုရား၏ လောကအပေါ် လွှမ်းမိုးထားသော အာဏာစက်မှာ လက်ရှိတွင် တစ်ဦးတည်းသော အဆင့်အတန်း ဖြစ်ပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်ရောက်ရှိလာသော အစွမ်းထက်သူ အရေအတွက်မှာ ပို၍ များပြားလာပြီး နှစ်ရာ နီးပါးခန့် ရှိလာခဲ့သည်။
ထိုအထဲတွင် အများစုမှာ နေနတ်ဘုရား၏ ကိုးကွယ်သူများ ဖြစ်ကြပြီး တချို့မှာ ဟုန်းမန် ဝူရှန့်ကျိကျွင်း၊ လုံကျိုကျိုး တို့ကဲ့သို့သော "လွတ်လပ်သူ" များ ဖြစ်ကြကာ အနည်းငယ်မှာမူ ကမ္ဘာ့ အကြွင်းအကျန် ဝိညာဉ်များ ဖြစ်ကြသည်။
ချန်တာအိုကျိကျွင်း လည်း တာဝန်ပြီး၍ ပြန်ရောက်လာခဲ့ပြီး နောက်ဆုံးတွင် ထန်ထျန်းက ချီလင်မိန်းကလေး၏ ပုံရိပ်ကိုလည်း တွေ့လိုက်ရသည်။
သူမလည်း ယွမ်ဟိုင် ထဲမှ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျိကျွင်းနှင့် ကျိကျွင်းအထက် အဆင့်ရှိသူ အယောက်နှစ်ရာကျော်။ ဒါကတော့ တစ်ကမ္ဘာလုံးတွင် စုစည်းနိုင်သမျှသော အစွမ်းထက်ဆုံး အင်အားစု ဖြစ်ပေလိမ့်မည်။
စွမ်းအား အနက်အရှိုင်းကို မသိနိုင်သော ကမ္ဘာ့ အကြွင်းအကျန် ဝိညာဉ်များပါ ပေါင်းလိုက်လျှင် ကျွင်းချန်ချင်းသာ မရှိပါက သူတို့သည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် တစ်ကမ္ဘာလုံးကို တိုက်ခိုက် အနိုင်ယူနိုင်ပေလိမ့်မည်။
ဒါပေမဲ့...
အကယ်၍ ဒီလောက်အထိ အားကောင်းတဲ့ အင်အားစုကြီးကတောင် ကျွင်းချန်ချင်းကို အနိုင်မယူနိုင်ဘူးဆိုရင်တော့။
ထိုသို့သော ပါရမီရှင်ကြီးကို ရင်ဆိုင်ရန် တခြား မည်သည့်နည်းလမ်း ရှိနိုင်ဦးမည်နည်းဟု ထန်ထျန်း တကယ်ကို မတွေးတတ်တော့ပေ။
နှစ်ရက်ခန့် စောင့်ဆိုင်းပြီးနောက်တွင် နေနတ်ဘုရားက နန်းတော်အတွင်းသို့ ပြန် ဝင်လာခဲ့သည်။