← Chapters

သက်ရှိဧကရာဇ်နန်းတော်ကို တိုက်ခိုက် ခြင်း

Vol. 73 Ch. 769

သက်ရှိဧကရာဇ်နန်းတော်ကို တိုက်ခိုက် ခြင်း

Vol. 73 Ch. 769

ထန်ထျန်း အစီအရင် ပုံစံကို စစ်ဆေးနေချိန်မှာပဲ ကျန်တဲ့လူတွေလည်း သူတို့လက်ထဲက နတ်ဘုရား အစီအရင်ပြား တွေကို ဖွင့်ကြည့်လိုက်ကြသည်။

သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်ရတာ ထန်ထျန်း မြင်တွေ့ခဲ့ရတဲ့ အခြေအနေမျိုးနဲ့ အတူတူပဲ ဖြစ်ဟန်တူသည်။

အားလုံး ကြည့်ပြီးသွားတဲ့အခါမှာတော့ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ချန်တာအိုကျိကျွင်းက စကားစပြောလာသည်။

“ငါတို့ရဲ့ တာဝန်က ဒီအစီအရင် အချက်အချာတွေကို စောင့်ရှောက်ဖို့ပဲလား"

"သက်ရှိဧကရာဇ်နန်းတော်ကို တိုက်ခိုက်ဖို့ ငါတို့ မလိုဘူးလား"

"အကယ်၍ ကျွင်းချန်ချင်းရဲ့ ငယ်သားတွေ အားလုံးက သက်ရှိဧကရာဇ်နန်းတော်မှာ ရှိနေမယ်ဆိုရင် ဒါက လျစ်လျူရှုလို့မရတဲ့ အင်အားတစ်ခုပဲ"

"ဝူရှန့်ကျိကျွင်းတွေလည်း အနည်းအကျဉ်း ရှိနေမှာ မဟုတ်ဘူး”

နေနတ်ဘုရားက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။“အချက်အချာတွေကို စောင့်ရှောက်ဖို့က အဓိကတာဝန်ပဲ"

"တကယ်တမ်းကျရင် အခြေအနေကို ကြည့်ပြီး ငါ မင်းတို့ကို လှုပ်ရှားခိုင်းလိမ့်မယ်"

"မှတ်ထားပါ၊ ငါတို့ရဲ့ တစ်ဦးတည်းသော ပန်းတိုင်က ကျွင်းချန်ချင်းကို သတ်ဖို့ပဲ၊ ကျန်တာတွေက ဒုတိယ ပဲ"

"ငါးစာအချို့ လွတ်သွားလည်း ပြဿနာမရှိဘူး၊ ကိုယ် စောင့်ရမယ့် နေရာ ကနေတော့ ဘယ်တော့မှ ကိုယ့်သဘောနဲ့ကိုယ် မထွက်သွားကြနဲ့”

ဟုန်းမန်ကျိကျွင်းက စားပွဲကို ဒုန်းခနဲ မြည်အောင် ရိုက်လိုက်ပြီး ပြော၏။ “ကောင်းပြီ မင်းပြောတယ့် အတိုင်းပဲ"

"ကျွင်းချန်ချင်းကိုသာ အပြတ်ရှင်းနိုင်မယ်ဆိုရင် မင်းခိုင်းတာ မှန်သမျှ ငါအကုန်လုပ်မယ်"

"တောက်... ဒီကောင်က ငါ့ရဲ့ အိပ်မက်ဆိုးကြီး ဖြစ်နေတာ ကြာပြီ”

သူက အံ့ ကို ကြိတ်ကာ မကျေမချမ်း ရေရွတ်လိုက်သည်။

ထန်ထျန်း အံ့သြသွားရသည်။ ဟုန်းမန်ကျိကျွင်းက ကျွင်းချန်ချင်းအပေါ် ဒီလောက်အထိ နာကျည်းမှု ပြင်းထန်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။

အရင်တုန်းက သစ္စာဖောက် ဘယ်သူလဲဆိုတာ မသိရခင်မှာ ထန်ထျန်းက အမြဲတမ်း စိတ်ဓာတ်ကျနေသလို ပုံစံမျိုး ပြတတ်တဲ့ ဒီ ဝူရှန့်ကျိကျွင်းကိုတောင် သံသယဝင်ခဲ့ဖူးသေးသည်။

ကြည့်ရတာ နေနတ်ဘုရားက ဟုန်းမန်ဝူရှန့်ကျိကျွင်းကို သံသယစာရင်းထဲ မထည့်ခဲ့တာ အကြောင်းရှိပုံရသည်။

“မင်းတို့ဘက်က အမှားအယွင်း မရှိဘူးဆိုရင် ကျွင်းချန်ချင်းကို ထာဝရ ချန် ထားနိုင်ဖို့ ငါ့မှာ အပြည့်အဝ ယုံကြည်ချက်ရှိတယ်"

"သူ့ရဲ့ တည်ရှိမှုကလည်း လုံးဝ ကွယ်ပျောက်သွားလိမ့်မယ်”

နေနတ်ဘုရားက ပြော၏ ။

လူတိုင်း အလေးအနက် ခေါင်းညိတ်လိုက်ကြသည်။

နေနတ်ဘုရားရဲ့ ပြင်းထန်တဲ့ ယုံကြည်မှုက သူတို့ကိုလည်း အားတက်စေသည်။

ရလဒ်က ဘယ်လိုပဲဖြစ်ပါစေ ဒီတစ်ကြိမ်တော့ သူတို့အားလုံး အစွမ်းကုန် ကြိုးစားကြတော့မည် ဖြစ်သည်။

“ဒါနဲ့ ဝူချန်းကျိကျွင်းကော”

ထိုစဉ် ဟုန်းမန်ဝူရှန့်ကျိကျွင်းက ရုတ်တရက် မေးလိုက်သည်။ “ဘာလို့ သူမကို မတွေ့ရတာလဲ"

"ဒီလောက် အရေးကြီးတဲ့ ကိစ္စမှာ သူမ မရှိလို့ မဖြစ်ဘူး မဟုတ်လား"

"ဒါမှမဟုတ် လနတ်သမီး ကိစ္စကနေ စိတ်မသက်သာဖြစ်နေတုန်းမို့လား”

ဝူချန်းကျိကျွင်းဟာ လနတ်သမီးက ကိုယ်တိုင် ပျိုးထောင်ပေးခဲ့သူ ဖြစ်တာကြောင့် လနတ်သမီး သေဆုံး သွားပြီးနောက် သူမရဲ့ စိတ်အခြေအနေက အတော်လေး ဆိုးဝါးနေခဲ့တာ ဖြစ်သည်။

“သူမက လက်ရှိမှာ လာလို့မရသေးဘူး”

နေနတ်ဘုရားက ပြန်ပြောသည်။ “သူမရဲ့ တာဝန်က အရမ်းဝေးတဲ့ နေရာမှာမို့လို့ ခဏတဖြုတ်နဲ့ ပြန်လာလို့ မရနိုင်သေးဘူး"

"ငါတို့ သူမကို စောင့်မနေတော့ဘူး”

ဟုန်းမန်ကျိကျွင်းက "အော်" ဟုသာ ရေရွတ်ပြီး ဆက်မမေးတော့ပေ။

ဒါပေမဲ့ ထန်ထျန်းရဲ့ စိတ်ထဲမှာတော့ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

ကျွင်းချန်ချင်းကို ဝိုင်းသတ်မယ့် တာဝန်ထက် ပိုအရေးကြီးတဲ့ တာဝန်က ဘာများလဲ။

ဝူချန်းကျိကျွင်းရဲ့ ခွန်အားက ထိပ်တန်းအဆင့်မှာ ရှိနေတာမို့ သူမဟာ အဓိက အင်အားစု တစ်ခုပဲ ဖြစ်သည်။ ဒါပေမဲ့ နေနတ်ဘုရားက သူမကို ဒီတာဝန်ထဲမှာ ချန်လှပ်ထားခဲ့သည်။

လနတ်သမီးရဲ့ သစ္စာဖောက်မှုနဲ့ ဆက်စပ်ပြီး ထန်ထျန်း ခန့်မှန်းမိသွားသည်။

နေနတ်ဘုရားက အဲဒီအချိန်ကတည်းက လနတ်သမီးကို သံသယဝင်နေခဲ့တာများလား၊ ထုတ်မပြောခဲ့တာပဲ ရှိတာလား...

ဒါကြောင့်လည်း ကြယ်နှလုံးသားကို ရှာဖွေတာက အပိုတာဝန် အဖြစ်ပဲ ရှိနေခဲ့တာလား။

ပြီးတော့ ဒီလှုပ်ရှားမှုကို မစတင်ခင်မှာ သူက သစ္စာဖောက်ကို အရင်ဆုံး ရှာဖွေဖော်ထုတ်ခဲ့တာလည်း ဖြစ်နိုင်သည်။

ထန်ထျန်း နေနတ်ဘုရားကို တစ်ချက်ကြည့်လိုက်မိသည်။

ဒီလူရဲ့ စိတ်အတွင်းအနက်က တကယ်ကို လျှော့တွက်လို့ မရဘူးပဲ...။

လူတိုင်း သူတို့လက်ထဲက နတ်ဘုရားအစီအရင်ပြားတွေကို ကြည့်ပြီးတဲ့နောက်မှာတော့ နေနတ်ဘုရားက နေရာလွတ် ကျောက်တုံး အချို့ကို ထုတ်ပြီး လူတိုင်းရဲ့ လက်ထဲကို ထည့်ပေးပြန်သည်။

ထန်ထျန်း ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အထဲမှာ အစီအရင်ပုံစံနဲ့ ကိုက်ညီတဲ့ အစီအရင် ပစ္စည်းအချို့ ရှိနေတာကို တွေ့လိုက်ရသည်။

အဲဒီပစ္စည်းတွေက တစ်ခုချင်းစီကို ကြည့်ရင်တောင် တစ်ကမ္ဘာလုံးမှာ တွေ့ရခဲတဲ့ အဖိုးတန် ပစ္စည်းတွေဖြစ်ပြီး တချို့ဆိုရင် တစ်ခုတည်းသာ ရှိနိုင်တဲ့ အရာမျိုးတွေ ဖြစ်သည်။

ဒီတစ်ခါ ကျွင်းချန်ချင်းကို ရင်ဆိုင်ဖို့အတွက် နေနတ်ဘုရားက တစ်ကမ္ဘာလုံးရဲ့ အနှစ်သာရ တွေကို အကုန်ထုတ်သုံးလိုက်ပြီဟု ဆိုနိုင်သည်။

“မင်းတို့ လက်ထဲက အစီအရင်ပုံစံတွေကို ကြည့်ပြီးပြီဆိုရင် ဒီပစ္စည်းတွေကို ဘယ်လိုသုံးရမလဲဆိုတာ နားလည်ကြမှာပါ"

"ဘယ်အချိန်မှာ သုံးရမလဲဆိုတာကိုတော့ အချိန်ကျရင် ငါ ပြောပြမယ်"

"ဒီအစီအရင်က ကျွင်းချန်ချင်းကို သတ်ဖြတ်ဖို့အတွက် အဓိက အကျဆုံး အရာပဲ"

"ငါတို့အားလုံး ဒီတစ်ကြိမ်မှာ အစွမ်းကုန် ကြိုးစားကြဖို့ မျှော်လင့်ပါတယ်”

နေနတ်ဘုရားက ပြောလိုက်သည်။

လူတိုင်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုစဉ် လုံကျိုကျိုးက ထန်ထျန်းကို အသံလှိုင်းဖြင့် သတင်းပို့လာသည်။ “နေနတ်ဘုရား ငါတို့ကို အရင်က ပေးခဲ့တဲ့ တာဝန်တွေက ဒီအစီအရင်ကြီးကို တည်ဆောက်ဖို့အတွက် ဖြစ်နေတာပဲ"

"ငါ ရှာခဲ့တဲ့ ပစ္စည်းက ငါ့ဆီက အစီအရင် အချက်အချာရဲ့ အဓိက အစိတ်အပိုင်း ဖြစ်နေတာ”

ထန်ထျန်း မျက်ခုံးအသာပင့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

သူ ရှာဖွေခဲ့တဲ့ ချီလင်မျက်လုံးကတော့ ဒီပစ္စည်းတွေထဲမှာ ပါမနေပေ။ ဖြစ်နိုင်တာက တခြားတစ်နေရာရာမှာ အသုံးပြုထားပုံရသည်။

အဖြစ်အပျက်တွေ အများကြီး ကြုံတွေ့ပြီးတဲ့နောက်မှာတော့ သူက နေနတ်ဘုရားအကြောင်းကို အရင်ကထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာခဲ့ပြီ။

ဒီလူရဲ့ တကယ့် အစီအစဉ်အစစ်အမှန်ကိုတော့ သူကိုယ်တိုင် တစ်ယောက်တည်းပဲ သိနိုင်ပေလိမ့်မည်။

အရာအားလုံးကို မှာကြားပြီးတဲ့နောက်မှာတော့ နေနတ်ဘုရားက တခြား အသေးစိတ်အချက်အလက်တွေကို ထပ်မံ မှာကြားပြီးမှ ပတ်ဝန်းကျင်က အကာအကွယ် တွေကို ဖယ်ရှားလိုက်သည်။

အပြင်ဘက်မှာတော့ ကျိကျွင်း အယောက်တစ်ရာကျော်က နန်းတော်အတွင်းမှာ တိတ်ဆိတ်စွာ ရပ်နေကြပြီး ဒီထိပ်သီး ပုဂ္ဂိုလ်တွေရဲ့ အစည်းအဝေး ပြီးဆုံးမယ့်အချိန်ကို စောင့်နေကြသည်။

နေနတ်ဘုရားရဲ့ ဦးဆောင်မှုအောက်မှာ ဝူရှန့်ကျိကျွင်းအားလုံး မတ်တပ်ရပ်လိုက်ကြပြီး အောက်ဘက်က ကျိကျွင်းတွေကို မျက်နှာမူလိုက်ကြသည်။

နေနတ်ဘုရားက တည်ငြိမ်တဲ့ အကြည့်နဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် စိတ်ဓာတ်တက်ကြွစေမယ့် စစ်ထွက်မိန့်ခွန်းတွေ ပြောမနေတော့ဘဲ လက်ကို အသာအယာ မြှောက်လိုက်ရာ ရွှေရောင် အလင်းစက် ဒါဇင် ခန့်က နန်းတော်အတွင်းကို ပျံဝဲသွားတော့သည်။

အလင်းစက်တွေက လေထဲမှာ အလျင်အမြန် ကြီးမားလာပြီး နောက်ဆုံးမှာတော့ ဟင်းလင်းပြင်တံခါးတွေအဖြစ် ပြောင်းလဲသွားကြသည်။

“ထွက်ခွာကြမယ်”

“သက်ရှိဧကရာဇ်နန်းတော်ကို တိုက်ခိုက်ကြ”

......

အဆုံးမဲ့ ဟင်းလင်းပြင် အတွင်း

မပြောပလောက်တဲ့ "ပူဖောင်း" တစ်ခုက ဟင်းလင်းပြင် စွမ်းအားတွေနဲ့အတူ အစီအစဉ်မရှိ ရွေ့လျားနေသည်။

အဲဒီ ပူဖောင်းအတွင်းမှာတော့ ကုန်းမြေတစ်ခု တည်ရှိနေသည်။

ကုန်းမြေကို ပူဖောင်းက လွှမ်းခြုံထားပြီး အပြင်ဘက်က ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင် စွမ်းအားတွေ တိုက်စားတာ မခံရအောင် ကာကွယ်ထားပေးသည်။

အဲဒီကုန်းမြေရဲ့ အကျယ်အဝန်းက သိပ်မကြီးပေမဲ့ အပေါ်မှာတော့ အလွန်ခမ်းနားတဲ့ နန်းတော်ကြီးတစ်ခု တည်ဆောက်ထားသည်။

နန်းတော်က အချိန်ကာလ တွေရဲ့ အမှတ်အသားတွေနဲ့ ပြည့်နှက်နေပြီး တစ်ဝက်ကျော်လောက်က ပြိုကျပျက်စီးနေပြီ ဖြစ်သည်။

ဒါပေမဲ့ အဲဒီလို ပျက်စီးနေတာတောင်မှ ၎င်းရဲ့ အထွတ်အထိပ် အရှိန်အဝါ ကိုတော့ ဖုံးကွယ်လို့ မရနိုင်ပေ။

ယခုအချိန်မှာ နန်းတော်အပြင်ဘက်က ကြီးမားတဲ့ ကျင့်ကြံခြင်းကွင်းပြင်မှာ ပုံရိပ်အချို့ လမ်းလျှောက်နေကြသည်။

အကယ်၍ ထန်ထျန်းသာ ဒီနေရာမှာ ရှိနေရင် အဲဒီထဲက တစ်ယောက်ဟာ အရင်က လင်းယွင်တောင်တန်းက ဝိညာဉ်ရေကန်မှာ သူ တွေ့ခဲ့ဖူးတဲ့ ကျိကျွင်းတစ်ယောက် ဖြစ်နေတာကို မှတ်မိပေလိမ့်မည်။

“သက်ရှိဧကရာဇ်နန်းတော်ကတော့ နာမည်နဲ့လိုက်အောင် ခမ်းနားတာပဲ”

လဲကျနေတဲ့ ကြီးမားတဲ့ နဂါးတိုင်ကြီးတစ်ခုရှေ့မှာ ရပ်နေရင်း ကျိကျွင်းတစ်ယောက်က ရေရွတ်လိုက်သည်။

အဲဒီ နဂါးတိုင်ကြီးက ပျက်စီးနေပြီ ဖြစ်ပေမဲ့ နှစ်ပေါင်း သန်းချီ ကြာမြင့်ခဲ့တာတောင် ၎င်းဆီက ထွက်ပေါ်နေတဲ့ ကြောက်စရာကောင်းတဲ့ အော်ရာ တွေက လူကို ထိတ်လန့်စေဆဲ ဖြစ်သည်။

အရင်တုန်းက သက်ရှိဧကရာဇ်နန်းတော်ဟာ ဘယ်လောက်အထိ အထွတ်အထိပ် ရောက်ခဲ့သလဲဆိုတာကို မှန်းဆကြည့်နိုင်ပါသည်။

“ဒါပေါ့”

တခြား အသက်ကြီးနေပြီဖြစ်တဲ့ ကျိကျွင်းအိုကြီးတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။ “ဒီနေရာက တစ်ချိန်က သက်ရှိအားလုံးရဲ့ ဖူးမြော်ရာ မြင့်မြတ်တဲ့နေရာ ဖြစ်ခဲ့တာလေ"

"မဟာကောင်းကင်အရှင် က အနန္တ ကမ္ဘာရဲ့ အရိုအသေပေးတာကို ခံယူခဲ့တာ၊ အကယ်၍ သေချင်းဆိုး ကမ္ဘာ့အရှင်သာ ရုတ်တရက် ပေါ်မလာခဲ့ရင် ဒီကမ္ဘာကြီးက မဟာကောင်းကင်အရှင် ရဲ့ ခြေဖဝါးအောက်မှာ ဝပ်တွားနေတာ ကြာပြီ"

"သက်ရှိဧကရာဇ်နန်းတော်က သမိုင်းတလျှောက် အတောက်ပဆုံးသော မြင့်မြတ်နယ်မြေ ဖြစ်လာမှာ အသေအချာပဲ”

ဒီလူကတော့ အရင်က ကျွင်းချန်ချင်းကို နောက်လိုက်ခဲ့တဲ့ ကျိကျွင်းတစ်ယောက် ဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီတုန်းက စစ်ပွဲရလဒ်အပေါ် သူက အခုထိ မကျေမချမ်း ဖြစ်နေတုန်းပင်။

လင်းယွင်တောင်တန်းက ကျိကျွင်းကတော့ ကျွင်းချန်ချင်းဆီမှာ အခုမှ အညံ့ခံထားတာမို့လို့ တစ်ဖက်လူရဲ့ စွဲလမ်းမှုကို သိပ်ပြီး နားမလည်ပေမဲ့ ဘာမှတော့ ထပ်မပြောတော့ပေ။

“ငါ ကြားတာတော့... နေနတ်ဘုရားဘက်က အရှုံးမပေးသေးဘူးဆိုပဲ"

"သူတို့ အခုတလော လှုပ်ရှားမှုတွေ သိပ်များနေတယ်၊ လူတိုင်းနီးပါး လှုပ်ရှားနေကြတာ”

သူက စကားစလိုက်သည်။

ကျိကျွင်းအိုကြီးက လှောင်ပြုံးပြုံးကာ ပြော၏။ “သေခါနီး ရုန်းကန်နေတာပါကွာ"

"မဟာကောင်းကင်အရှင် က ဆုံးရှုံးသွားတဲ့ ဝိညာဉ်အားလုံးကို ပြန်သိမ်းပြီးပြီ၊ သူ ပြန်ကောင်း လာတာနဲ့ ဒီကမ္ဘာမှာ သူ့ကို တားဆီးနိုင်မယ့်သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး"

"ငါတို့ကတော့ တောက်ပတဲ့ အနာဂတ် ရောက်လာမယ့်အချိန်ကို စောင့်နေရုံပဲ”

ကျိကျွင်းလေးက ခေါင်းညိတ်လိုက်သည်။

ဒါကလည်း သူ ကျွင်းချန်ချင်းဘက်ကို ခိုလှုံဖို့ ရွေးချယ်ခဲ့တဲ့ မျှော်လင့်ချက်တစ်ခုပင် ဖြစ်သည်။

All Chapters