← Chapters

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း (၂၀၉-၂၁၀)

Vol. 21 Ch. 209-210

အခန်း ၂၀၉ - သူက နတ်ဆရာကြီးရဲ့ တရားမဝင်သားများ ဖြစ်နေမလား။

“နတ်ဆရာကြီးဆီကနေ ဂါတာတွေသွားတောင်းဦးမှပဲ။”

နောက်တစ်နေ့တွင် လုပေါင်သည် နဂါးကျားတောင်တည်ရှိရာ မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာလာရင်း တိုးတိုးလေး ရေရွတ်နေမိသည်။ ပြီးခဲ့သည့်အကြိမ်က သူသည် ဆရာကြီးထံမှ ရွှေရောင်အလင်း ဂါထာတော် ကို သင်ယူခဲ့ဖူးသော်လည်း ၎င်းကို ကောင်းကောင်း အသုံးမပြုရသေးခင်မှာပင် လျှပ်စစ်လေး၏ ရှော့တိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်မှာ ရှယ်ခံနိုင်ရည်ရှိသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ယခုတစ်ခေါက်တွင်မူ ဆရာကြီးထံမှ နောက်ထပ် အစွမ်းထက်သည့် ပညာတစ်ရပ်ကို ထပ်မံရယူရန် သူ ဆုံးဖြတ်ထား၏။ နဂါးကျားတောင် ၏ ဆရာကြီးမှာ ထိပ်တန်းဂုဏ်ရည်ရှိသူတစ်ဦး ဖြစ်ရာ သူ၏လက်ထဲတွင် ကောင်းမွန်သောအရာများစွာ ရှိနေမည်မှာ အသေအချာပင်။ ထိုသို့တွေးမိရင်း လုပေါင်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

လေယာဉ်စီးပြီး နှစ်နာရီ သုံးနာရီခန့်အကြာတွင် လုပေါင်သည် လေဆိပ်မှ ထွက်လာပြီး Live ကို ချက်ချင်းပင် လွှင့်လိုက်၏။ Ocean Live platform မှ ဝန်ထမ်းများကလည်း လုပေါင်၏ Live ကို Platform ၏ ပင်မစာမျက်နှာ သို့ ချက်ချင်းပင် တင်ပေးလိုက်ကြသည်။

မကြာမီမှာပင် Live အခန်းအတွင်း လူဝင်ရောက်မှုမှာ အဆမတန် မြင့်တက်လာတော့၏။

“ဝူးဟူး ရတနာနတ်ဘုရား Live လွှင့်ပြီဟေ့ပထမဆုံး အတန်းကနေ ထိုင်ကြည့်နေပြီ။”

“မြေပဲ အစေ့အဆန်နဲ့ ဘီယာတွေ အသင့်ပဲ!ရှေ့ကလူတွေ ခြေထောက်လေးတွေ ရွှေ့ပေးကြဦး။”

“ငါတို့ရဲ့ ပေါင်လေး ဘယ်မှာလဲ။ အစီအစဉ်အကြီးကြီးဆိုတာ ဘာလဲဆိုတာ မြန်မြန်ပြောပြစမ်းပါ။”

လုပေါင်သည် Live လွှင့်ရင်း လေဆိပ်အပြင်ဘက်မှ တက္ကစီတစ်စီးကို တားလိုက်ပြီး။

“ဆရာကြီး နဂါးကျားတောင် ကို မောင်းပေးပါ။”

ထိုအခါ တက္ကစီဒရိုင်ဘာက စေတနာဖြင့် သတိပေးလာသည်။

“လူငယ်လေး... မင်းက အလည်လာတာလား။ အလကားဖြစ်သွားပြီကွ။ နဂါးကျားတောင်က ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ပိတ်ထားတယ်။ ပြုပြင်ထိန်းသိမ်းရေး လုပ်နေတာလို့ ပြောတာပဲ၊ ဒါပေမဲ့ ငါ့အမြင်ပြောရရင်တော့ အဲဒီကိစ္စက ဒီလောက်မရိုးရှင်းဘူး။”

ဒရိုင်ဘာ၏ စကားကြောင့် လုပေါင် ကြောင်သွားရ၏။

‘ငါရောက်လာတဲ့အချိန်မှ ကွက်တိ ပိတ်ထားရတယ်လို့။’

“တောက်... ရတနာနတ်ဘုရားက နဂါးကျားတောင်ကို သွားတာလား။”

“ဒီနိုင်ငံမှာ သတင်းအချက်အလက် အစုံဆုံးအဖွဲ့က တက္ကစီဒရိုင်ဘာတွေပဲ။”

“ဒရိုင်ဘာကြီးက စကားကို တစ်ဝက်ပဲ ပြောတော့မှာလား။ငါက စကားကို တစ်ဝက်ပဲ ပြောတဲ့လူကို အမုန်းဆုံးပဲ။”

ပရိသတ်များကမှတ်ချက်ပေးနေကြသော်လည်း လုပေါင်ကမူ စိတ်မပူပေ။ ဒရိုင်ဘာများမှာ လျှို့ဝှက်ချက်ကို မထိန်းနိုင်သူများဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ဒရိုင်ဘာကြီးက ဆက်ပြောလာသည်။

“ငါ ကြားတာတော့ အဲဒီတောင်ပေါ်မှာ မသန့်တဲ့အရာတွေ ရှိနေတယ်တဲ့။ ခရီးသွား တော်တော်များများ ကြုံခဲ့ရလို့ တောင်ကို ပိတ်လိုက်တာ။ လူတွေကိုတော့ ပြုပြင်ထိန်းသိမ်းရေးလို့ ပြောပေမဲ့ အဲဒါက ဖုံးကွယ်ထားတာပဲ။”

ထိုစကားကို ကြားသောအခါ လုပေါင်၏ မျက်နှာမှာ စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်သွားတော့၏။

“မသန့်တဲ့အရာတွေလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ ဒါ ငါ့ရဲ့ အစီအစဉ်အတွက် ရှယ်အကြောင်းအရာပဲ မဟုတ်လား။”

Live ထဲမှ ပရိသတ်များမှာလည်း ဒုက္ခရောက်တာကို ဘေးကထိုင်ကြည့်ချင်သူများ ဖြစ်ရာ

“ဝူးဟူး မသန့်တဲ့အရာတွေတဲ့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းလာပြီ။”

“မြန်မြန် သွားလိုက်တော့ ရတနာနတ်ဘုရား။”

လုပေါင်က ဒရိုင်ဘာကို ဆက်မောင်းရန် ပြောလိုက်ပြီးနောက် တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ ပုံမှန်ဆိုလျှင် လူစည်ကားလှသော တောင်ခြေမှာ ယခုအခါ ခြောက်ကပ်နေတော့၏။

“လူငယ်လေး... ဒီနေရာက ပိတ်ထားပြီလို့ ငါပြောသားပဲ။ ငါ စိတ်လှုပ်ရှားဖို့ကောင်းတဲ့နေရာတချို့ သိတယ်။အဲဒီကို သွားမလား။”

ဒရိုင်ဘာကြီးကမျက်စိမှိတ်ပြကာ မေးလာ၏။

လုပေါင်သည် ချက်ချင်းပင် ကားပေါ်မှ ဆင်းလိုက်သည်။ မိမိကဲ့သို့ ဖြောင့်မတ်သော လူတစ်ဦးမှာ ထိုစကား၏ အဓိပ္ပာယ်ကို နားလည်မည် မဟုတ်ပါလော။ Live ထဲမှ ပရိသတ်များမှာမူ ဒရိုင်ဘာကြီးက တကယ့် လူတော်ကြီးပဲ ဟု ဆိုကာ ရယ်မောနေကြတော့သည်။

လုပေါင်သည် တောင်ပေါ်သို့ တက်ရန် လမ်းကြောင်းကို စောင့်ကြပ်နေသော ဝတ်စုံဝတ် တာအိုဘုန်းကြီးတစ်ပါးထံ လျှောက်သွားလိုက်၏။

“ဟဲလို ခရီးသွား... ဒီနေရာက အခုလောလောဆယ် ပိတ်ထားပါတယ်။ မဝင်ရပါဘူး။”

ဘုန်းကြီးကတားဆီးလိုက်သည်။

“ငါက အလည်လာတာ မဟုတ်ဘူး။ ငါက နတဆရာကြီး ဆီကို လာတွေ့တာပါ။”

လုပေါင်ကတည့်တိုးပင် ပြောလိုက်၏။

ဘုန်းကြီးငယ်က မယုံကြည်ဟန်ဖြင့် မျက်နှာပျက်သွားကာ

“ဒီလိုပဲ... ပြီးခဲ့တဲ့ အခေါက်က တစ်ယောက်ကလည်း သူက ဆရာကြီးရဲ့ တရားမဝင်သားပါလို့ ပြောတာတောင် ငါ မပေးဝင်ခဲ့ဘူး။ မင်းကရော ဘယ်လို အဆင့်အတန်းမျိုးနဲ့ ညာပြီး ဝင်ချင်နေတာလဲ။”

လုပေါင်၏ မျက်နှာတွင် အစင်းကြောင်းများ ပေါ်လာပြီး သူ ကြောင်သွားရ၏။ ယနေ့ခေတ်တွင် ပါရမီရှင် တွေ ဒီလောက်တောင် ပေါများနေသလား။

ကံကောင်းထောက်မစွာဖြင့် လုပေါင်သည် ပြီးခဲ့သည့်အကြိမ်က ဆရာကြီးနှင့် ဖုန်းနံပါတ်ချင်း ဖလှယ်ထားခဲ့သည်ကို သတိရကာ ဘုန်းကြီး၏ ရှေ့မှာပင် ဖုန်းခေါ်လိုက်တော့သည်။

“နတ်ဆရာကြီး... ကျွန်တော့်ကို မေ့သွားပြီလား။”

Live ထဲမှ ပရိသတ်များမှာလည်း

“တောက်... ပေါင်လေးက ဆရာကြီးဆီကို တကယ်ပဲ ဖုန်းဆက်နေတာလား။သူ့ရဲ့ အဆက်အသွယ်က ဘယ်လောက်တောင် ကျယ်ပြန့်တာလဲ။ပေါင်လေးက တကယ်ပဲ ဆရာကြီးရဲ့ တရားမဝင်သားများ ဖြစ်နေမလား။”

ခဏအကြာတွင် ဖုန်းထဲမှ ဆရာကြီး၏ အသံအိုကြီး ထွက်ပေါ်လာ၏။

“သူငယ်ချင်းလေး လုလား”

အခန်း ၂၁၀ - နတ်ဆရာကြီး၏ အာဏာ။

အကြောင်းရင်းမရှိဘဲ နတ်ဆရာကြီး၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသလို ခံစားလိုက်ရသည်။ သို့သော် လုပေါင်ကမူ ထိုအချက်ကို ဂရုမစိုက်နိုင်ဘဲ တည့်တိုးပင် ဆိုလိုက်၏။

“အာ... ဆရာကြီး ကျွန်တော်က ဆရာကြီးနဲ့ စကားစမြည်ပြောဖို့ နဂါးကျားတောင်ကို လာခဲ့တာပါ။ ဒါပေမဲ့ ဆရာကြီးရဲ့ တပည့်ကျော်တွေက ကျွန်တော့်ကို တောင်ပေါ်ပေးမတက်ဘဲ တင်းခံနေကြတယ်။ ဒီအခြေအနေကို ကြည့်ဦး။”

လုပေါင်၏ မခန့်လေးစား ဟန်ပန်ကို ကြည့်ကာ တာအိုဘုန်းကြီးများမှာ ဂရုမစိုက်ဘဲ နေမြဲအတိုင်းပင် ရှိနေကြ၏။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဤသို့ ဟန်ဆောင်ကန်တော့သူများစွာကို သူတို့ တွေ့မြင်ခဲ့ပြီးပြီ မဟုတ်ပါလော။

“နဂါးကျားတောင် အတွက် အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် နောက်မှပဲ ပြန်လာတော့မယ်။”

လုပေါင် စကားဆုံးသည်နှင့် ဖုန်းထဲမှ ဆရာကြီး၏ အသံမှာ ပျာပျာသလဲ ထွက်ပေါ်လာတော့သည်။

“အဆင်ပြေတယ် လုံးဝကို အဆင်ပြေတယ်! သူငယ်ချင်းလေး လု ဖုန်းကို စပီကာဖွင့်လိုက်ပါ ငါ ပြောပါ့မယ်။”

လုပေါင်လည်း စပီကာဖွင့်လိုက်ပြီး

“ဆရာကြီးက စကားပြောချင်လို့တဲ့။”

“တော်စမ်းပါ လူငယ်လေးရယ် ဒီလိုတွေ လာပတ်သက်နေတာ အလကားပဲ။”

ဘုန်းကြီးငယ်ကမယုံကြည်ဟန်ဖြင့် ပြောနေဆဲမှာပင် ဆရာကြီး၏ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

“အဆုံးအစမရှိတဲ့ နတ်ဘုရားတွေ ကျိန်စာသင့်ကုန်တော့မယ် မင်းတို့တွေ ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကို အထဲကို မြန်မြန်မဖိတ်ဘဲ ဘာလုပ်နေကြတာလဲ။ ငါပြန်လာရင် မင်းတို့ တစ်ယောက်ချင်းစီကို တာအိုကျမ်းစာ ဆယ်ခေါက်စီ ကူးခိုင်းပစ်မယ်။”

တောင်စောင့် ဘုန်းကြီးငယ်များမှာ ဆရာကြီး၏ အသံကို မမှတ်မိဘဲ နေပါမည်လော။ သူတို့သည် ချက်ချင်းပင် လမ်းဖယ်ပေးရုံတင်မကဘဲ လုပေါင်ကို တောင်ပေါ်အထိပါ လမ်းပြလိုက်ပို့ကြလေတော့သည်။

Live ထဲမှ ပရိသတ်များမှာမူ

“ဟားဟား... ဆရာကြီးကတော့ တကယ်ကို ဆဲတတ်တာပဲ။”

“ဆရာကြီးတောင် ဆဲတတ်တယ်ဆိုတော့ ငါတို့ ပေါင်လေးနဲ့ ကွက်တိပဲ။”

တောင်ခြေရှိ တက္ကစီဒရိုင်ဘာကြီးမှာလည်း လုပေါင် တကယ်ဝင်သွားသည်ကို မြင်သောအခါ

“တောက်... တကယ်ကို အစွမ်းထက်တဲ့သူပဲ။”

ရေရွတ်ကာအမှောင်မကျမီ မြို့ထဲသို့ အမြန်ပြန်မောင်းသွားတော့သည်။

လုပေါင်သည် တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့ရာ တစ်တောင်လုံးတွင် ခရီးသွားတစ်ဦးမှ မရှိဘဲ ခြောက်ကပ်နေသည်ကို တွေ့ရသည်။ ခဏအကြာတွင် သူသည် နတ်ဘုရားနှင့်တူသော ဆရာကြီးနှင့် တွေ့ဆုံရ၏။ ဆရာကြီး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုအချို့ကို လုပေါင် သတိပြုမိလိုက်သည်။

“သူငယ်ချင်းလေး လု။”

“နတ်ဆရာကြီး”

“ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းကို အကူအညီတောင်းဖို့ ငါ စဉ်းစားနေတာပါ။ မင်းကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက ငါတို့ တာအိုပညာနဲ့ မင်းနဲ့ ရေစက်ရှိလို့ပဲ။”

“နေဦး ဆရာကြီး... အကူအညီလိုရင် အကူအညီလိုတယ်လို့ပဲ ပြောပါ။ တာအိုပညာထဲ ဝင်ဖို့ကိစ္စကိုတော့ မေ့လိုက်ပါ။”

လုပေါင်ကချက်ချင်း ဖြတ်ပြောလိုက်သည်။

ဆရာကြီးက သက်ပြင်းချကာ ဆိုလိုက်၏။

“သူငယ်ချင်းလေး လု မင်းရဲ့ နတ်ချီလင် လေး ဘယ်မှာလဲ။ ငါက အဲဒီနတ်သားရဲလေးရဲ့ စွမ်းအားကို ငှားပြီး တချို့အရာတွေကို နှိမ်နင်းချင်လို့ပါ။”

ဆရာကြီး၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီး လုပေါင် စူးစမ်းမိသွားသည်။ ဒရိုင်ဘာပြောသော မသန့်တဲ့အရာကိစ္စမှာ အမှန်ဖြစ်ပုံရ၏။ ထို့ကြောင့် လုပေါင်သည် Live ကို ခေတ္တပိတ်လိုက်သည်။နဂါးကျားတောင် ကဲ့သို့ နာမည်ကြီးနေရာတွင် ထူးဆန်းသည်များကို Live လွှင့်မိပါက နောက်ပိုင်းတွင် ရှင်းပြရန် ခက်ခဲမည် မဟုတ်ပါလော။

ထို့နောက် သူသည် နတ်ချီလင်လေးကို ဆင့်ခေါ်လိုက်၏။ ချီလင်လေး ထွက်လာသည်နှင့် သွားများဖြဲကာ မီးမှုတ်တော့မည့်အလား ရန်လိုသော အမူအရာ ပြုလုပ်နေသည်။

“ဒီကလေးလေးက တစ်ခုခုကို အာရုံရနေပြီပေါ့။”

ဆရာကြီးကညည်းတွဲလိုက်သည်။

“နတ်ဆိုးချုပ်နှောင်ရာ စေတီတော်ရဲ့ တံဆိပ်ခတ်နှိပ်မှုက ပိုပြီး လျော့ရဲလာနေပြီ။ ဒီနတ်သားရဲလေးတောင် အခြေအနေမဟန်တာကို သိနေပြီပဲ။”

နတ်ဆိုးချုပ်နှောင်ရာ စေတီတော် ဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ လုပေါင် စိတ်ဝင်စားသွားသည်။ ၎င်းမှာ သူ လက်မှတ်ထိုးဝင်ရမည့် နေရာမဟုတ်ပါလော။

ဆရာကြီးက ရှင်းပြသည်မှာ ထိုစေတီတော်အောက်တွင် ရှေးယခင်က ဆရာကြီးများ နှိမ်နင်းထားသော နတ်ဆိုးများစွာ ရှိနေကြောင်း ယခုအခါ တံဆိပ်ခတ်နှိပ်မှု လျော့ရဲလာသဖြင့် နတ်ဆိုးအချို့ လွတ်မြောက်ကုန်ကြောင်း သူကိုယ်တိုင်မှာ တောင်ကို စောင့်ကြပ်နေရသဖြင့် အခြားနေရာသို့ မသွားနိုင်ကြောင်း ပြောပြလေသည်။

“ဒါကြောင့် စေတီတော်အောက်က နတ်ဆိုးတွေကို နှိမ်နင်းဖို့ မင်းရဲ့ အကူအညီကို ငါ လိုချင်တာပါ။”

လုပေါင်သည် လက်မှတ်ထိုးဝင်ရန် အခွင့်အရေးရသဖြင့် ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင်မူ ဇဝေဇဝါ ဖြစ်ဟန်ဆောင်လိုက်၏။

က”အင်း... ဒါက ခက်ခဲမှာပဲ။”

“မင်းမှာ ဘာတောင်းဆိုချက်ရှိလဲ ပြောပါအားလုံး ညှိနှိုင်းလို့ရပါတယ်။”

“ကျွန်တော်က ငယ်သေးတော့ အစွမ်းက သိပ်မရှိဘူး။ တကယ်လို့ အားကောင်းတဲ့ ကောင်တွေနဲ့ တွေ့ရင် အသက်အန္တရာယ် ရှိနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ္စည်းလေး ဘာလေး ပေးရင်တော့ ကောင်းမှာပဲ။”

လုပေါင်ကအခွင့်အရေးကို လက်လွှတ်မခံဘဲ တောင်းဆိုလိုက်တော့သည်။

ဆရာကြီးက ရယ်မောကာ

“စိတ်ချပါ သူငယ်ချင်းလေး ငါတို့ နဂါးကျားတောင် မှာ အမွေအနှစ်တွေ ရှိပါသေးတယ်။ မင်းကို လုံးဝ အရှုံးမပေးစေရဘူး။”

All Chapters