← Chapters

ဝါးမြိုအပျက်အစီးခန္ဓာ (Part-1)

Vol. 66 Ch. 854

ဝါးမြိုအပျက်အစီးခန္ဓာ (Part-1)

Vol. 66 Ch. 854

စူးချန်ကဲ စကားမဆုံးမီမှာပင်၊

ယွင်ဝူဖုန်းသည် နောက်ဆုံးလက်ကျန်အင်အားကို အသုံးပြုကာ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ အဆိုပါ အဖြူရောင်အလင်းလုံးလေးသည် အသက်ဝင်လာသည့်အတိုင်း စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက် ပေါင်းစည်းဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် အဖြူရောင် အလင်းလုံးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် ပြင်းထန်ပြီး ပူနွေးသော စွမ်းအားများအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။

ဆန်းကြယ်ပြီး လူ၏စိတ်ကို ကြည်လင်လန်းဆန်းစေသော စွမ်းအင်များသည် ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ သွေးကြောများတစ်လျှောက် စီးဆင်းပျံ့နှံ့သွားကာ စူးချန်ကဲ၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းအားလုံးထဲသို့ တိုးဝင်သွားလေသည်။

ထို့အပြင် ဂီတသံစဉ်များဖြင့် ဖွဲ့စည်းထားသည့် အက္ခရာစာလုံးများသည်လည်း သူ၏ နတ်အသိစိတ်ပင်လယ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက စူးချန်ကဲ၏ နတ်အသိစိတ် ပင်လယ်ထဲတွင် တီးခတ်ပြသနေသကဲ့သို့ ၊ ဗျပ်စောင်းကြိုးကို တီးခတ်လိုက်သည့် အကြိမ်တိုင်းတွင် စူးချန်ကဲ၏ စိတ်ထဲ၌ ရှေးဟောင်းဂီတသံစဉ်ပေါင်း များစွာ တိုးပွားလာခဲ့သည်။

မသိမသာပင် ၊ စူးချန်ကဲသည် မဟာလမ်းစဉ်ဆိုင်ရာ ရှေးဟောင်း ဂီတတေးသံစဉ်များကို နားလည်တတ်မြောက်သွားပြီး ဂီတသံစဉ်ဆိုင်ရာ နိယာမများမှာလည်း အလွန်အမင်း တိုးတက်မြင့်မားလာခဲ့သည်။

“ဆုံတွေ့ရတာဟာ ကံကြမ္မာကြောင့်ဆိုပေမဲ့.. နှမြောစရာကောင်းတာက အခု ငါက ပုံရိပ်ယောင်တစ်ခုပဲမို့… ဒါဟာ မင်းအတွက် ငါ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပဲ…”

“ဒီအလင်းလုံးထဲမှာ ငါတစ်သက်လုံး လေ့လာခဲ့တဲ့ ဂီတသံစဉ် မဟာလမ်းစဉ်တွေ ပါဝင်တယ်…”

“မင်းရဲ့ ပါရမီနဲ့ဆိုရင် ငါနဲ့ လုံးဝကွဲပြားခြားနားတဲ့ ဂီတသံစဉ် မဟာလမ်းစဉ်သစ်တစ်ခုကို မင်းဖန်တီးနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်…”

ထိုစကားများ ပြောရင်းတန်းလန်း၊ ယွင်ဝူဖုန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများသည် နိယာမဆိုင်ရာ အပိုင်းအစများအဖြစ် ပျောက်ကွယ်နေပြီ ဖြစ်သည်။

သို့သော်လည်း သူ၏မျက်နှာထက်တွင် နွေဦးလေပြေကဲ့သို့ နွေးထွေးသော အပြုံးတစ်ခုကို ဆက်လက် ထိန်းထားဆဲဖြစ်ကာ ၎င်းကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရပေ။

အမှန်အားဖြင့် သူ ယခုလေးတင် ပေါင်းစည်းဖန်တီးလိုက်သော အဖြူရောင်အလင်းလုံးသည် သူ၏ မူလရင်းမြစ် စွမ်းအားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

မူလရင်းမြစ် စွမ်းအား ဆိုသည်မှာ လောကရှိ အရာအားလုံး၏ ပုံရိပ်တစ်ခု ဖြစ်ပြီး နတ်အသိစိတ်နှင့် စိတ်ဝိညာဉ်တို့၏ ရုပ်လုံးဖော်မှုလည်း ဖြစ်သည်။

မိမိ၏ မူလရင်းမြစ် စွမ်းအား အားလုံးကို အသုံးပြုလိုက်ခြင်းသည် သူကိုယ်တိုင် ဤလောကမှ ထာဝရ ပျောက်ကွယ်သွားတော့မည်ဟု ဆိုလိုသည်။

အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်သည် အစွမ်းထက်ဆုံးသော တန်ခိုးစွမ်းအားများကို အသုံးပြုလျှင်ပင် သူ့ကို တစ်ဖန်ပြန်လည် အသက်သွင်းနိုင်တော့မည် မဟုတ်ပေ။

သို့သော် ယွင်ဝူဖုန်းသည် ဤအတွက် အနည်းငယ်မျှပင် နောင်တမရပေ။

ဤနေရာတွင် ဆုံတွေ့ရပြီး ဂီတမှတဆင့် လမ်းစဉ်ကို ဆွေးနွေးကာ တစ်ဦးနှင့်တစ်ဦး၏ အတိတ်က အတွေ့အကြုံများကို ဝေမျှနိုင်ခဲ့သည်ကိုက သူ အလွန် ကျေနပ်နေပြီဖြစ်သည်။

ထို့အပြင် သူနှင့် စူးချန်ကဲသည် အတိတ်နှင့် အနာဂတ်၏ တွေဆုံမှုသာ ဖြစ်သည်။

သူ ပျောက်ကွယ်သွားသော်လည်း ၎င်းမှာ သူသေဆုံးသွားခြင်းကို ဆိုလိုသည်မဟုတ်ဘဲ သူ၏ ဆန္ဒနှင့် ဘဝကို နောက်ထပ် မိမိကိုယ်တိုင် (စူးချန်ကဲ) ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းသာ ဖြစ်သည်။

သူ (စူးချန်ကဲ) သည် သူတို့ မျှော်လင့်ထားသော ဆန္ဒကို ဧကန်မုချ ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

စူးချန်ကဲ တီးခတ်ခဲ့သည့် ဂီတသံစဉ်ထဲတွင် သူမြင်တွေ့ခဲ့ရသည့် ပုံရိပ်ကဲ့သို့ပင်။

ထိုကျောပြင်သည် အနာဂတ်ကို လှမ်းမျှော်ကြည့်နေပြီး ၊ ဖြာထွက်လာသော အလင်းတန်းများက ဒေဝလောကတစ်ခုလုံးကို လင်းထိန်စေခဲ့သည်။

………..

“အတိတ်နဲ့ အနာဂတ်လား…”

ယွင်ဝူဖုန်းသည် အလင်းမိုးစက်များအဖြစ် ကောင်းကင်အနှံ့ ပျံ့လွင့်သွားသည်ကို ကြည့်ရင်း စူးချန်ကဲ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ယခင်က ဂီတသံစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့စဉ်က ယွင်ဝူဖုန်း၏ ဂီတသံစဉ် မဟာလမ်းစဉ်အတွင်း၌ ရင်းနှီးသော အရှိန်အဝါတစ်ခုကို စူးချန်ကဲ ခံစားခဲ့ရသည်။

ဤအရှိန်အဝါသည် သူနှင့် မူလရင်းမြစ် တစ်ခုတည်းမှ ဆင်းသက်လာသကဲ့သို့ဖြစ်ကာ လူနှစ်ဦးမှာ တစ်ကိုယ်တည်းကဲ့သို့ပင်။

သူ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေပြီ ဖြစ်သည်။

ဗလာနိတ္ထိ မူလမျှော်စင်ထဲရှိ ပုံရိပ်ယောင်များသည် မတူညီသော အချိန်နှင့် နေရာများမှ သူကိုယ်တိုင် ဖြစ်နိုင်ခြေရှိပြီး ၊ တစ်နည်းအားဖြင့် သူ၏ အတိတ်ဟုလည်း နားလည်နိုင်သည်။

“ဒါပေမဲ့… သူတို့အားလုံးက ငါ့ရဲ့အတိတ်ဆိုရင်… ငါကရော ဘယ်သူ့ရဲ့အတိတ်လဲ…”

“တကယ့်ငါကရော ဘယ်သူလဲ…”

ဝုန်း——

စူးချန်ကဲ အနေဖြင့် ဆက်လက်မတွေးတောနိုင်မီမှာပင် ၊ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

သောင်းနှင့်ချီသော ရောင်စုံအလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ၊ မရေမတွက်နိုင်သော တာအိုစည်းချက်များသည် အသက်ဝင်လာသကဲ့သို့ စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်လာသည်။

ဤစွမ်းအားထဲတွင် အလွန်တရာ ဆန်းကြယ်သော မူလရင်းမြစ် ဗလာနိတ္ထိစွမ်းအားများ ပါဝင်နေပြီး ၊ ၎င်းတို့သည် သူ၏ သွေးကြောများနှင့် တစ်သားတည်းဖြစ်သွားကာ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ သွေးများသည် ပွက်ပွက်ဆူကာ ဟိန်းဟောက်လေ၏။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများသည် ထိုစွမ်းအားကို စုပ်ယူပြီးနောက် အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာကာ နောက်ဆုံးတွင် ပြီးပြည့်စုံသော ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝင်သက်ထွက်သက် တစ်ချက်ရှုရှိုက်လိုက်တိုင်း ဤနေရာရှိ မိုးမြေ နိယာမများအပေါ် သက်ရောက်သွားပုံရကာ၊ ၎င်းတို့သည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စုပြုံဝင်ရောက်လာကြသည်။

ယခင်က တိုက်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သော မောပန်းမှုများသည်ပင် ချက်ချင်း ပျောက်ကွယ်သွားပြီး ခဏချင်းအတွင်းမှာပင် စူးချန်ကဲကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

[ ဒင် ! ပိုင်ရှင်သည် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီး ဝါးမြိုအပျက်အစီးခန္ဓာ အဖြစ်သို့ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည် ]

“ဝါးမြိုအပျက်အစီးခန္ဓာ…?”

စူးချန်ကဲသည် တိုးတိုးလေး ရေရွတ်ရင်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများနှင့် စိတ်အာရုံကို လှုံ့ဆော်ကာ စတင်စစ်ဆေးလိုက်သည်။

၎င်းသည် အခြေခံအားဖြင့် ဆင့်ကဲပြောင်းလဲထားသော နိတ္တိတာအိုခန္ဓာနှင့် သိပ်မကွာခြားလှသော်လည်း၊ ယင်းအတွင်း၌ လျို့ဝှက်ဆန်းကြယ်သော ဗလာနိတ္ထိစွမ်းအား တစ်ခု ပါဝင်လာခဲ့သည်။

ထို့အပြင် ၎င်းသည် ဝါးမြိုခြင်း နိယာမနှင့် ပေါင်းစပ်သွားကာ ၊ ဗလာနိတ္ထိ နှင့် ဝါးမြိုခြင်းတို့ကို ပေါင်းစပ်ထားသော မဟာလမ်းစဉ် နိယာမ အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ရေရွတ်နေစဉ်အတွင်း စူးချန်ကဲ သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံရသည်။

“မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းရဲ့ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်မှာ… ငါ့ရဲ့ သူတော်စင်သွေးထဲမှာ ဗလာနိတ္ထိစွမ်းအား တစ်ခု ပေါင်းစပ်သွားတယ်…”

“အခု စုပ်ယူသူတော်စင် ခန္ဓာကိုယ်ရဲ့ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်မှာလည်း ဒီလိုရလဒ်မျိုးပဲ…”

“ဗလာနိတ္ထိနိယာမက လောကမှာရှိတဲ့ အရာအားလုံးနဲ့ ပေါင်းစပ်နိုင်တာပဲ…”

စူးချန်ကဲ၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ပေါ်ပေါက်လာသည်။

အခန်း (၈၅၄)- လူတစ်ယောက်မှာ နာမည်ကိုးခုရှိပြီး၊ ပုံမှန်မဟုတ်တဲ့ ထူးကဲတဲ့ ဖြစ်တည်မှုသုံးခု (Part-2)

ပြန်တွေးကြည့်လျှင်ဖြင့် ၊ သူသည် ဗလာနိတ္ထိစွမ်းအားကို အခြားသော မဟာလမ်းစဉ်များနှင့် ပေါင်းစပ်နိုင်မည်လော။

ဥပမာအားဖြင့် ၊ ဗလာနိတ္ထိစွမ်းအားကို ဗလာနိတ္ထိမျက်လုံးတော်၏ အချိန်နှင့် အာကာသစွမ်းအားထဲသို့ ပေါင်းစပ်ခြင်း သို့မဟုတ် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားထဲရှိ နတ်ဘုရားနှင့် နတ်ဆိုးစွမ်းအားတို့နှင့် ပေါင်းစပ်ခြင်းပင် ဖြစ်သည်။

သို့သော် သူ၏စိတ်ထဲတွင် ထိုသို့သောအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် စနစ်၏အသံသည် တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။

[ပိုင်ရှင်အနေနဲ့ ဒီလို ရဲတင်းတဲ့အတွေးမျိုး မရှိဖို့ တောင်းဆိုအပ်ပါတယ် ၊ လက်ရှိမှာ ပိုင်ရှင်ဟာ မူလရင်းမြစ် ဗလာနိတ္ထိစွမ်းအားကို အပြည့်အဝ မကျွမ်းကျင်သေးပါသဖြင့် စမ်းသပ်မှုများ ပြုလုပ်ခြင်းက အလွန်ဆိုးရွားတဲ့ ရလဒ်ကိုပဲ ဖြစ်ပေါ်စေပါလိမ့်မယ် ]

[ မူလရင်းမြစ် ဗလာနိတ္ထိစွမ်းအားကို အပြည့်အဝ မကျွမ်းကျင်မီ ဗလာနိတ္ထိနိယာမ အချင်းချင်း ပေါင်းစပ်ခြင်းကို ရှောင်ကြဉ်ပေးပါရန် အလေးအနက် တိုက်တွန်းလိုက်ပါတယ် ]

ထိုစကားကြောင့် စူးချန်ကဲမှာ အနည်းငယ် ဆွံ့အသွားသည်။

စနစ်သည် သူ့ကို တာဝန်များသာ ချပေးပြီး တစ်ခါမျှ စကားမပြောခဲ့ဖူးပေ။ ယခု တစ်ကြိမ်တွင် စနစ်သည် အဘယ့်ကြောင့် သူ့အလိုအလျောက် စတင်စကားပြောလာရသနည်း။

သို့သော် စနစ်သည် စူးချန်ကဲ၏ စိတ်ထဲက အတွေးကို သိရှိနေသကဲ့သို့ ဆက်ပြောဆိုလိုက်သည်။

[ စနစ်တစ်ခုအနေနဲ့ ပိုင်ရှင်ရဲ့ ကောင်းကျိုးအတွက် ပြောပြနေခြင်း ဖြစ်ပါတယ် ၊ ဗလာနိတ္ထိစွမ်းအားဟာ ထင်သလောက် မရိုးရှင်းဘဲ ပိုင်ရှင်ရဲ့ အရင်းအမြစ်နဲ့ သက်ဆိုင်နေတာကြောင့် ခွင့်ပြုချက်မရှိဘဲ ပေါင်းစပ်ခြင်း မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်]

စနစ်၏ စကားကို ထပ်မံကြားလိုက်ရသဖြင့် စူးချန်ကဲသည် ခေါင်းခါရင်း ပြုံးမိလိုက်သည်။

အမှန်တွင် သူသည် အတွေးတစ်ခု ပေါ်လာရုံမျှသာ ဖြစ်သည်။

သူသည် ဗလာနိတ္ထိစွမ်းအားကို အပြည့်အဝ မကျွမ်းကျင်သေးဘဲ ဗလာနိတ္ထိနိယာမများကို ပေါင်းစပ်ရန် ကြိုးစားခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် ၎င်းထက် သူ၏စိတ်ထဲတွင် စနစ်အပေါ် ထားရှိသည့် သံသယများက ပို၍ပင် ကြီးထွားလာခဲ့သည်။

ပထမအကြိမ် သွေးသားကန့်သတ်ချက်ကို ချိုးဖျက်စဉ်ကတည်းက သူသည် စနစ်၏ကိုယ်ပေါ်တွင် မိမိနှင့် အလွန် ဆင်တူသော ဗလာနိတ္ထိစွမ်းအားတစ်ခုကို ခံစားခဲ့ရသည်။

ထိုစဉ်က အထင်မှားခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ၊ ဒုတိယမြောက် သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်တွင် စူးချန်ကဲ ထိန်းချုပ်နိုင်သော ဗလာနိတ္ထိစွမ်းအားမှာ ပို၍ များပြားလာသည်။

စနစ်အပေါ် အာရုံခံနိုင်စွမ်းမှာလည်း ပို၍ အားကောင်းလာခဲ့သည်။

ယခုအခါတွင်မူ စနစ်၏ကိုယ်ပေါ်တွင် သူနှင့်တူညီသော ဗလာနိတ္ထိစွမ်းအားများ သိုဝှက်စွာဖြင့် ရှိနေကြောင်းကို စူးချန်ကဲ အာမခံနိုင်သည်။

“ငါ့ရဲ့ ဒီစနစ်က တကယ်ပဲ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာပဲ…”

“ထားလိုက်ပါတော့လေ”

စိတ်ထဲရှိ အတွေးများကို ဖယ်ထုတ်လိုက်ရင်း စူးချန်ကဲ သည် ခေါင်းခါလိုက်သည် ။

“ဒီကိစ္စက ငါအများကြီး ဝင်ပါလို့ရတဲ့ အရာမဟုတ်သေးဘူး”

မည်သို့ပင်ဖြစ်စေ ၊ လက်ရှိအနေအထားအရ သူသည် စနစ်ကို နားလည်အောင် ခွဲခြမ်းစိတ်ဖြာရန် မဖြစ်နိုင်သေးသဖြင့် အလွန်အကျွံ တွေးတောနေခြင်းမှာ စိတ်သောကတိုးရုံသာ ရှိလိမ့်မည်။

အနည်းဆုံးတော့ စနစ်သည် သူ့ကို အန္တရာယ်မပြုပေ။

“အခု သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီးပြီဆိုတော့… ကောင်းကင်အမတ နယ်ပယ်ကို တက်လှမ်းဖို့ အချိန်တန်ပြီ”

“လော့ရန်ယွီဘက်မှာရော ဘယ်လိုနေလဲ မသိဘူး”

……….

စူးချန်ကဲ၏ ပုံရိပ်သည် ဗလာနိတ္ထိ မူလမျှော်စင် ထဲမှ ပျောက်ကွယ်သွားပြီးနောက်…

ဝုန်း!

ရုတ်တရက် ၊ ထိုဆန်းကြယ်သော ဗလာနိတ္ထိ အာကာသထဲတွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး ၊ ၎င်းတို့သည် အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

“ဒုတိယမြောက် သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက်မှာ… ဒီကောင်လေး နားလည်ထားတဲ့ ဗလာနိတ္ထိစွမ်းအားက ပိုပိုတိုးလာတယ်… ဗလာနိတ္ထိအပေါ် အာရုံခံနိုင်စွမ်းကလည်း ပိုပြီး အားကောင်းလာတယ်”

“အခုမှပဲ ပါရမီနဲ့ နားလည်နိုင်စွမ်း မြင့်မားတာက ကောင်းတဲ့အရာ မဟုတ်ဘူးလို့ ငါ ခံစားမိတော့တယ်… ဒီအတိုင်းဆိုရင် သူက တစ်ရက်ရက်မှာ ရလဒ်ကို ကြိုတင်သိသွားလိမ့်မယ်…”

“ဒါဆို မဖြစ်သေးဘူး… အစီအစဉ် ချောမွေ့အောင် အကောင်အထည်ဖော်ဖို့အတွက် စနစ်ဆိုတဲ့ အထောက်အထားကို အသုံးချပြီး စူးချန်ကဲကို အရင်ဦးဆုံး လမ်းညွှန်ပေးရဦးမယ်…”

“ဟူး… ငါ့လို ဗလာနိတ္ထိ ဖန်ဆင်းရှင်တစ်ယောက်က… အခုတော့ စနစ်လို့ ခေါ်တဲ့အရာအဖြစ် ဟန်ဆောင် နေရသလို… အဖြူရောင်ဝတ်စုံနဲ့ ပုဂ္ဂိုလ်အဖြစ်လည်း ဟန်ဆောင်နေရတယ်… ဒါကို တစ်ယောက်ယောက်က သိသွားရင် လှောင်စရာကြီး ဖြစ်နေတော့မှာပဲ!”

ကိုယ့်ကိုယ်ကိုယ် ရယ်မောနေစဉ်အတွင်း ၊ သူသည် လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် လှိုင်းတံပိုးအတတ်အကျတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။

သူ၏မသိစိတ်က အပေါ်သို့မော့ကာ ဗလာနိတ္ထိ မူလမျှော်စင်၏ အမြင့်ဆုံးအထပ်သို့ လှမ်းကြည့်လိုက်သည်။

ခဏအကြာတွင် သူသည် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပုံရကာ သူ၏နှုတ်ခမ်းထောင့်တွင် ထူးခြားသော အပြုံးတစ်ခု လှစ်ဟသွားသည်။

“ဟားး.. ပါးစပ်ကတော့ စူးချန်ကဲကို အသိအမှတ်မပြုဘူးလို့ ပြောနေပေမဲ့ တကယ်တော့ မင်းလည်း သူ့ကိစ္စတွေကို စောင့်ကြည့်နေတာ မဟုတ်လား”

“မငြင်းစမ်းပါနဲ့”

အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်သည် ဟင်းလင်းပြင်ကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်နေသကဲ့သို့ပင်။

“ဒါဆိုရင် ငါတို့ အလောင်းအစား လုပ်ကြမလား”

“စူးချန်ကဲက တခြားနဲ့မတူတဲ့ အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်မလား ဆိုတာကိုပေါ့၊ ဘယ်လိုလဲ”

ဝီ!

အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်၏ စကားသံအဆုံးတွင် ၊

ထိုဗလာနိတ္ထိ အာကာသဟင်းလင်းပြင်ထဲ၌ ရှေးဟောင်း စာလုံးကြီးအချို့ ပေါ်ထွက်လာသည်။ ၎င်းမှာ အမတနယ်ပယ်တွင် လုံးဝမရှိသော ရှေးဟောင်းစာလုံးများဖြစ်ပြီး - “ အဆုံးသတ်ကို ပြောင်းလဲ၍မရ” ဟု ရေးသားထားသည်။

ထိုစာလုံးများကို မြင်လိုက်ရချိန်တွင် အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်သည် ခဏမျှ မှင်သက်သွားပြီးနောက် ခေါင်းခါကာ ပြုံးလိုက်သည်။

“မင်းရဲ့ စိတ်ထဲက အတွေးကို ငါသိပါတယ်၊ ငါတို့အားလုံး ရှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ပြီးပြီလေ …စူးချန်ကဲက ကိုးကြိမ်မြောက် အနေနဲ့ ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ”

“လူတစ်ယောက်မှာ နာမည်ကိုးခုရှိပြီး၊ ပုံမှန်မဟုတ်တဲ့ ထူးကဲတဲ့ ဖြစ်တည်မှုအဖြစ် သုံးခု ‌ရှိခဲ့တယ်… မင်းနဲ့ငါက ရှုံးနိမ့်ခဲ့ပေမဲ့ စူးချန်ကဲကတော့ အောင်မြင်နိုင်ပါတယ်”

“စူးချန်ကဲက မိုးမြေလောက တစ်ခုလုံးကို တုန်လှုပ်စေမယ့် အံ့ဖွယ်တစ်ခုကို ဧကန်မုချ ဖန်တီးလိမ့်မယ်… ပြောင်းလဲလို့မရတဲ့ အဆုံးသတ်ဆိုတာလည်း နောက်ဆုံးမှာတော့ ချိုးဖျက်ခံရမှာပဲ”

စကားသံအဆုံးတွင် အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဗလာနိတ္ထိ မူလမျှော်စင်တွင် ချိပ်ပိတ်ထားသည်မှာ သူ၏ ကိုးဘဝ သံသရာပင် ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော် ၊ စူးချန်ကဲ၏ ကိုးဘဝ သံသရာဟုလည်း ဆိုနိုင်သည်။

သို့သော် ထိုအထဲတွင် ကံကြမ္မာ ဗလာနိတ္ထိခန္ဓာ နိုးထလာသူမှာ လူသုံးဦးသာ ရှိသည်။

အစဦးဆုံး သူ နှင့် နောက်ဆုံးဖြစ်သော စူးချန်ကဲ။

ထို့အပြင် ဗလာနိတ္ထိ မူလမျှော်စင်၏ အမြင့်ဆုံးနေရာတွင် ချိပ်ပိတ်ခံထားရသော ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှု။

ထိုဘဝတုန်းက လောကကြီးထဲတွင် ဒုတိယမြောက် ကံကြမ္မာ ဗလာနိတ္ထိခန္ဓာ နိုးထလာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုသည် တုနှိုင်းမယှဉ်နိုင်သော မြင့်မြတ်လှသော စွမ်းအားများကို ပိုင်ဆိုင်ခဲ့သည်။

သူ၏ စွမ်းအားမှာ ဗလာနိတ္ထိ ဖန်ဆင်းရှင်နှင့်ပင် အနီးစပ်ဆုံး ဖြစ်ခဲ့ပြီး မူလရင်းမြစ် ဗလာနိတ္ထိစွမ်းအားကို အသုံးပြုကာ အခြားသော ဖန်ဆင်းရှင်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။

သူသည် စူးချန်ကဲမှလွဲလျှင် အောင်မြင်မှုနှင့် အနီးစပ်ဆုံးသူ ဖြစ်သော်လည်း ၊ နောက်ဆုံးတွင် အခြားသော ဖန်ဆင်းရှင်များ၏ ပူးပေါင်းကြံစည်မှုအောက်တွင် ရှုံးနိမ့်ခဲ့ရပြန်သည်။

ထိုနေ့မှစ၍ သူသည် တစ်လောကလုံးကို ဆုံးရှုံးခဲ့ရသည်။

မိမိ၏ အချစ်ဆုံးသူကိုလည်း ဆုံးရှုံးခဲ့ရသည်။

ထိုအချိန်မှစ၍ ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုသည် လောကအရေးကိစ္စများကို စိတ်မဝင်စားတော့ပေ။

“ပြောင်းလဲလို့မရတဲ့ အဆုံးသတ်က နောက်ဆုံးမှာ ချိုးဖျက်ခံရမယ် ဟုတ်လား…?”

လွင့်မျောလာသော အသံတစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်လာသည် ။

“ဟာသပဲ… ငါ့အမြင်မှာတော့ ဒီဘဝမှာ စူးချန်ကဲရဲ့ အဆုံးသတ်က ငါနဲ့ ဘယ်လောက်တောင် တူနေမလဲ”

“နောက်ဆုံးတော့ ပြောင်းလဲလို့မရတဲ့ အဆုံးသတ်ပါပဲ”

မိမိကိုယ်ကိုယ် လှောင်ပြောင်သံနှင့်အတူ ထူထပ်သော မြူခိုးတစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ အသိစိတ်နယ်ပယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေ၏။

၎င်းမှာ ခန့်မှန်း၍မရသော အနာဂတ်ကို ထင်ဟပ်နေသကဲ့သို့ မည်သူမျှ နောက်ဆုံးအဆုံးသတ်ကို မသိနိုင်ပေ။

…………

တစ်ချိန်တည်းမှာပင်။

လော့ရန်ယွီ ကျင့်ကြံအားထုတ်ရာ နေရာ၌။

ဝုန်း!

ရောင်စုံအလင်းတန်းများဖြင့် လွင့်ပျံ့နေပြီး အမတအလင်းများက ဝန်းရံလျက် ရှိသည်။ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော မှော်သင်္ကေတများသည် စွမ်းအား အလင်းစက်ကလေးများကဲ့သို့ လော့ရန်ယွီ၏ ကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်။

ကောင်းကင်ထက်မှ ကျဆင်းလာသော ဖရိုဖရဲအလင်းတန်းများသည် နဂါးငွေ့တန်းတစ်ခုသဖွယ် သူမကို ဝန်းရံထားပြီး လော့ရန်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လှပသော အသွင်အဖြစ် ဖော်ဆောင်လျက် ရှိသည်။

ယခင်က စူးချန်ကဲနှင့် ပေါင်းစပ်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

လော့ရန်ယွီ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည်လည်း ဗလာနိတ္ထိစွမ်းအား အချို့ကို စုပ်ယူမိခဲ့သည်။

ယခုအခါ ကျင့်ကြံဆင့်ကို ချိုးဖျက်တော့မည် ဖြစ်ရာ များပြားလှသော အမတစွမ်းအားများ၏ အားဖြည့်မှုအောက်တွင် သူမ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် အဆုံးမဲ့သော စွမ်းအားများကို ရရှိသွားသကဲ့သို့ လုံးဝ နိုးထလာတော့မည့် အသွင်ရှိသည်။

ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းကို အောင်မြင်စွာ ပျိုးထောင်နိုင်ရန် အနည်းဆုံး နှစ်တစ်ရာကျော် လိုအပ်သည်ကို သင် သိထားရမည်။

သို့သော် လအနည်းငယ်အတွင်းမှာပင် ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် နိုးထလာမည့် အရိပ်အယောင် ပြနေပြီ ဖြစ်သည်။

သို့သော် ထိုစွမ်းအား နိုးထလာမှုနှင့်အတူ လော့ရန်ယွီ၏ မျက်နှာမှာ ဆိုးရွားနေပြီး အလွန်အမင်း နာကျင်နေပုံရသည်။

အမှန်အားဖြင့် ၊ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် အနုတ်လက္ခဏာ စွမ်းအင်များကို သန့်စင်ပေးနိုင်ရုံသာမက အနာဂတ်၏ ပုံရိပ်များကို ကြိုတင်မြင်နိုင်သော တန်ခိုးစွမ်းအားလည်း ရှိသည်။

ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း နိုးထလာမှုနှင့်အတူ လော့ရန်ယွီသည် အနာဂတ်၏ စိတ်ကူးယဉ် ကမ္ဘာတစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။

သူမ မြင်တွေ့ရသည်မှာ အဆုံးမရှိသော အမှောင်ထုတစ်ခုသာ ဖြစ်သည်။

လောက၏ အလင်းရောင် အားလုံးသည် ထိုအမှောင်ထုထဲတွင် ဝါးမြိုခံထားရသကဲ့သို့ပင်။

“ဒါက ဘယ်နေရာလဲ…”

တီးတိုး ရေရွတ်ရင်း ၊ လော့ရန်ယွီ သည် အမှောင်ထဲတွင် ဆက်လက် လျှောက်လှမ်းနေသည်။

သူမ လျှောက်လှမ်းသွားသည်နှင့်အမျှ ပတ်ဝန်းကျင်၏ မြင်ကွင်းမှာလည်း အဆက်မပြတ် ပြောင်းလဲသွားတတ်သည်။

အချိန်မည်မျှကြာသွားသည်ကို မသိချေ ။ လော့ရန်ယွီ သည် အတွင်းပိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိသွားချိန်တွင် ၊

မှောင်မိုက်သော ကြယ်တာရာကောင်းကင်ထက်တွင် အခြားမြင်ကွင်းများ စတင် ပေါ်ပေါက်လာသည်။

ကျိုးပဲ့ပျက်စီးနေသော အသွေးအသားနှင့် အရိုးစုများ၊ စစ်သင်္ဘော အပိုင်းအစများ၊ ကြယ်မှုန်အစအနများသည် ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေကြသည်။

ဝမ်းနည်းကြေကွဲစရာကောင်းသော အငွေ့အသက် တစ်ခုက လော့ရန်ယွီ၏ ရင်ထဲသို့ ဝင်ရောက်လာကာ အသက်ရှူရန်ပင် ခက်ခဲစေသည်။

ဤမြင်ကွင်းမှာ အလွန် စစ်မှန်လွန်းသဖြင့် လော့ရန်ယွီအနေဖြင့် အတုနှင့် အစစ်ကိုပင် ခွဲခြားရန် ခက်ခဲနေသည်။

“ဒါက…”

သို့သော် ရုတ်တရက် လော့ရန်ယွီ သည် တစ်စုံတစ်ခုကို တွေ့ရှိသွားခဲ့သည်။

အလွန်ထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖပ်သွားသည်။

သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်မည်ဆိုပါက.. အဆုံးမရှိသော အမှောင်ထုထဲတွင် ပြိုးပျက်စွာ တောက်ပနေသော အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို မြင်တွေ့ရပေလိမ့်မည်။

ထိုပုံရိပ်၏ ခန္ဓာကိုယ်မှာ စူးချန်ကဲနှင့် အလွန် ဆင်တူသည်။

သို့သော် ထူးခြားချက်တစ်ခုမှာ ယခုအချိန်တွင် သူ၏ ရင်ဘတ်ကို မည်းနက်သော စစ်လှံတစ်ချောင်းက ထိုးစိုက်ထားပြီး ခေါင်းငိုက်စိုက်ကျနေကာ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း သံမှိုဖြင့် ရိုက်နှက်ခံထားရသကဲ့သို့ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။

တောက်.. တောက် ..

ရဲတောက်နေသော သွေးများက သူ၏ လက်ချောင်းထိပ်များမှတစ်ဆင့် အဆက်မပြတ် စီးကျနေပြီး မှောင်မိုက်နေသော နယ်မြေတစ်ခုလုံးကို သွေးရောင်များဖြင့် လွှမ်းမိုးသွားစေခဲ့သည်။

All Chapters