← Chapters

မျှော်လင့်ချက်မဲ့စေသော အချိန်နှင့်အာကာသ အပိုင်းအစများ၊ အနာဂတ်ကို ပြောင်းလဲနိုင်သည်

Vol. 66 Ch. 855

မျှော်လင့်ချက်မဲ့စေသော အချိန်နှင့်အာကာသ အပိုင်းအစများ၊ အနာဂတ်ကို ပြောင်းလဲနိုင်သည်

Vol. 66 Ch. 855

ဤမျှ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းသော မြင်ကွင်းကြောင့် လော့ရန်ယွီ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားသည်။

လှပသော သူမ၏ မျက်နှာလေးသည် ရုတ်ချည်းဆိုသလိုပင် ပို၍ ဖြူဖျော့လာခဲ့သည်။ အဆိုပါ ပုံရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၊ ရင်းနှီးနေသော ကိုယ်ဟန်အနေအထားကြောင့် သူမသည် အဖြေကို ခန့်မှန်းပြီးသာ းဖြစ်သည်။

ထိုသူမှာ စူးချန်ကဲ သာပင်။

ဒါက ဘယ်လိုဖြစ်ရတာလဲ?

သူမ၏ မှတ်ဉာဏ်ထဲတွင် စူးချန်ကဲသည် လောကတွင် အနှိုင်းမဲ့ အတုမရှိသော ဖြစ်တည်မှုသာ ဖြစ်သည်။ သို့သော် သူသည် အဘယ့်ကြောင့် ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများကို ရရှိထားသနည်း။

ဤမြင်ကွင်းကြောင့် လော့ရန်ယွီ၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အတိုင်းသား ပေါ်ထွက်လာခဲ့သည်။

သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး စူးချန်ကဲ၏ အနားသို့ အပြေးသွားရန် အသည်းအသန် ကြိုးစားလိုက်သည်။

သို့သော် ဤအမှောင်ထုမှာ အဆုံးမရှိသကဲ့သို့ပင်။

လော့ရန်ယွီသည် သူမ၏ ခန္ဓာကိုယ်ထဲမှ အမတစွမ်းအားများကို မည်မျှပင် ထုတ်သုံးပါစေ ၊ စူးချန်ကဲနှင့် သူမကြားရှိ အကွာအဝေးမှာ အနည်းငယ်မျှပင် နီးကပ်မလာခဲ့ပေ။

“ချန်ကဲ……”

အရပ်မျက်နှာအားလုံးကို ဖုံးလွှမ်းထားသော အမှောင်ထုသည် ရုတ်တရက် ဒီရေအလား တသိမ့်သိမ့် ရိုက်ခတ်လာသည်။

ဝုန်း!

သူမ၏ ခန္ဓာကိုယ်ရှိ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းမှ စွမ်းအားများသည် တစ်ဖန်ပြန်လည် ပေါက်ကွဲထွက်လာပုံရသည်။

မရေတွက်နိုင်သော နိယာမ လှိုင်းတံပိုးများသည် အဆက်မပြတ် ပြန်လည်ဖွဲ့စည်းနေကာ အချိန်နှင့်အာကာသ အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။ ထိုအပိုင်းအစများထဲတွင် မြင်ကွင်းများစွာ ရှိနေခဲ့သည်။

[ ပထမဆုံး အချိန်နှင့်အာကာသ အပိုင်းအစ- မရေတွက်နိုင်သော အာကာသ စစ်သင်္ဘောများသည် ကောင်းကင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ၎င်းတို့၏ အရေအတွက်မှာ စကြာဝဠာထဲရှိ ဖုန်မှုန့်များကဲ့သို့ များပြားလှသည်။

သို့သော် ၎င်းတို့ ပေါင်းဆုံသွားသည်နှင့် အမျှ ၊ ဖြာထွက်လာသော အလင်းတန်းများသည် စကြဝဠာတစ်ခွင်လုံးကို တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ဤအလင်းရောင်သည် ဒေဝလောကရှိ ထောင်ပေါင်းများစွာသော နယ်မြေများ၏ နောက်ဆုံးမျှော်လင့်ချက်ကဲ့သို့ပင် ။】

[ ဒုတိယမြောက် အချိန်နှင့်အာကာသ အပိုင်းအစ- မျှော်လင့်ချက်ကို ကိုယ်စားပြုသော ဤတပ်မတော်ကြီးသည် နောက်ဆုံး အဆုံးသတ်သို့ ရောက်ရှိလာပုံရသည်။ သူတို့၏ ရှေ့မှောက်တွင် အဆုံးမရှိသော အမှောင်ထုကြီးသာ ရှိနေပြီး ၊ ကြောက်မက်ဖွယ်ကောင်းသည့် သန်းပေါင်းများစွာသော အမှောင်ထု သက်ရှိများက ဟိန်းဟောက်နေကြသည်။]

[ တတိယမြောက် အချိန်နှင့်အာကာသ အပိုင်းအစ- တပ်မတော်ကြီးနှင့် အမှောင်ထုသည် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ၊ လွင့်ပျံ့နေသော နတ်အလင်းများနှင့် စစ်မီးတောက်များက စကြဝဠာတစ်ခွင်လုံးကို မွှေနှောက်နေကာ မရေတွက်နိုင်သော ကြယ်အစုအဝေးများသည်ပင် ဖုန်မှုန့်များကဲ့သို့ ပျက်စီးပျောက်ကွယ်သွားလေ၏ ]

………..

ထို့နောက်တွင် ဖျတ်ခနဲ ပေါ်လာသော အချိန်နှင့်အာကာသ အပိုင်းအစများ၏ မြင်ကွင်းများမှာလည်း အလားတူပင် ဖြစ်သည်။

၎င်းတို့အားလုံးသည် တပ်မတော်ကြီးနှင့် သန်းပေါင်းများစွာသော အမှောင်ထု သက်ရှိများ သတ်ဖြတ်တိုက်ခိုက်နေခြင်း ၊ သွေးများက ကောင်းကင်ပြင်ကြီး တစ်ခုလုံးကို ဆေးခြယ်ထားခြင်း ၊ ကျယ်လောင်စွာ ထွက်ပေါ်လာသော ပေါက်ကွဲသံများက ကောင်းကင်ဘုံကိုးထပ်အထိ တုန်ဟည်းသွားစေခြင်း စသော မြင်ကွင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤစစ်ပွဲသည် မည်မျှကြာအောင် တိုက်ခိုက်နေကြသည်ကို မသိနိုင်သော်လည်း ၊ နှစ်ပေါင်း ရာထောင်ချီ ဆင်နွှဲလာသကဲ့သို့ ထင်မှတ်ရသည်။

[ အခြားသော အချိန်နှင့်အာကာသ အပိုင်းအစထဲရှိ မြင်ကွင်းများ - နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါသော ပုဂ္ဂိုလ်များစွာသည် အချိန်မြစ်ကို ဖြတ်တောက်ကာ အမတနယ်မြေ၏ အတားအဆီးများကို ဖြိုခွင်းလိုက်ကြသည်။ အမည်မဲ့ပြီး ဖော်ပြရန်မဖြစ်နိုင်သော နေရာမှ အမတနယ်မြေပေါ်သို့ ဆင်းသက်လာကြပြီး ၊ ကျန်ရှိနေသေးသော တပ်ဖွဲ့များသည် သူတို့၏ရှေ့တွင် ပေါင်းပင်များသဖွယ် လွယ်လင့်တကူ ဖျက်ဆီးခံလိုက်ရသည်]

……..

နောက်ဆုံးတွင် ဒေဝလောကတစ်ခွင်လုံး ကြီးမားသော တန်ဖိုးများကို ပေးဆပ်ခဲ့ရပြီး တပ်မတော်ကြီး၏ ဆယ်ပုံ ခုနစ်ပုံခန့် သေကျေပျက်စီးခဲ့ပြီးမှသာလျှင် ၊ အမှောင်ထုနှင့် ထိုအမည်မသိ တည်ရှိမှုများကို မနည်းတွန်းလှန်နိုင်ခဲ့သည်။

သို့သော် လော့ရန်ယွီ၏ မှတ်ဉာဏ်ထဲတွင် ရင်းနှီးနေသော ထိုဝတ်ရုံဖြူပုံရိပ်မှာ ကြောက်မက်ဖွယ်ကောင်းသော ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုအမည်မသိ တည်ရှိမှုများက သူ့ကို အသက်မဲ့သည်အထိ ရိုက်နှက် သတ်ဖြတ်ထားကြသည်။

“ဒါက တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲ….”

ထောင်ပေါင်းများစွာသော အချိန်နှင့်အာကာသ အပိုင်းအစများကို ကြည့်ပြီးနောက် ၊ လော့ရန်ယွီမှာ နေရာတွင်ပင် မှင်သက်နေပြီး သူမ၏ ရင်ဘတ်မှာလည်း အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

သူမကိုယ်သူမ မသိလိုက်မီမှာပင် ၊ မျက်ရည်များက သူမ၏ ပါးပြင်ပေါ်သို့ စီးကျလာပြီး ဖြူဝင်းသော အသားအရေပေါ်တွင် ထင်ရှားသော မျက်ရည်စီးကြောင်းနှစ်ကြောင်းသာ ကျန်ရစ်ခဲ့သည်။

မြင်ကွင်းများသည် အလွန် စစ်မှန်လွန်းသည်။ မိမိချစ်ရသူသည် မျက်စိရှေ့တွင် သေဆုံးသွားသည်ကို အားကိုးရာမဲ့စွာ လက်ပိုက်ကြည့်နေရသော ခံစားချက်သည် လော့ရန်ယွီအား အသက်မရှုနိုင်လောက်အောင်ပင် မွန်းကျပ်စေသည်။

ထို့အပြင် ဒေဝလောကတစ်ခွင်ရှိ စစ်သည်တော်များဖြင့် ဖွဲ့စည်ထားးသော တပ်မတော်ကြီး၏ ရှုံးနိမ့်မှု မြင်ကွင်းမှာလည်း သူမကို လက်ခံရန် ခက်ခဲစေသည်။

ယောင်ကွမ် အမတဂိုဏ်း၏ ဆက်ခံသူတစ်ဦးအနေဖြင့် သူမသည် အမတနယ်မြေ၏ သမိုင်းကြောင်းကို နားလည်ထားသည်ဟု ဆိုနိုင်သည်။

ဒီကြောက်စရာကောင်းတဲ့ မြင်ကွင်းက အမှောင်ထု ကမ္ဘာလောကလား..

ဒါမှမဟုတ် နောင်တစ်ချိန်မှာ အမှောင်ထု ပြန်လည်နိုးထလာပြီး ဒေဝလောကတစ်ခွင်နဲ့ အမှောင်ထုကြား ဖြစ်ပွားမယ့် နောက်ဆုံးစစ်ပွဲလား…

လောကကြီးတစ်ခုလုံး ရှုံးနိမ့်ကာ ၊ စူးချန်ကဲသည်လည်း တိုက်ပွဲတွင် ကျဆုံးသွားမည့် ဤရလဒ်မျိုးကို သူမ လုံးဝ လက်ခံနိုင်မည် မဟုတ်။

“မဖြစ်နိုင်ဘူး! ဒါ လုံးဝ မဖြစ်နိုင်ဘူး!”

“ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းက ကြိုတင်မြင်နိုင်စွမ်း ရှိတယ်ဆိုပေမဲ့… အမှောင်ထု ပြန်လည်နိုးထမှာက နှစ်ပေါင်း ရာချီကြာပြီးမှလေ”

“အခုမှ ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို ရောက်ရှိကာစပဲ ရှိသေးတာ…ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကလည်း ရှုပ်ထွေးနေတာ! ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းက ဘယ်လိုလုပ်ပြီး တိတိကျကျ ခန့်မှန်းနိုင်မှာလဲ”

ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းကို ပိုင်ဆိုင်ထားသူအနေဖြင့် လော့ရန်ယွီသည် ဤအချက်ကို သဘာဝကျကျ နားလည်ထားသည်။

ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် ၎င်း၏ မူလနတ်ဘုရားစွမ်းအားမှ တစ်ဆင့် နောက်တစ်ပတ်အတွင်း ဖြစ်ပျက်မည့် အရေးကြီးသော ကိစ္စရပ်များကိုသာ ကြိုတင် ခန့်မှန်းနိုင်သည်။

ထို့အပြင် အမတနယ်မြေရှိ ရှေးဟောင်းကျမ်းစာများ၏ ခန့်မှန်းချက်အရ အနည်းဆုံး နှစ်ပေါင်းငါးရာကျော် ကြာပြီးမှသာလျှင် အမှောင်ထုသည် ပြန်လည်နိုးထလာမည် ဖြစ်သည်။

သူမ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းမှာ ယခုမှ နိုးထခါစရှိသေးရာ ထိုကဲ့သို့သော တန်ခိုးစွမ်းအားမျိုးကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

အတုမရှိသော ဆက်ဆံသူတစ်ဦးအဖြစ် ၊ လော့ရန်ယွီသည် သူမ၏ ပင်ကိုယ်ပါရမီနှင့် ခွန်အားအပေါ်တွင် ကိုယ်ပိုင်မာန်မာန အမြဲ ရှိခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင်မူ သူမသည် မိမိ၏ အစွမ်းအစ မလုံလောက်ခြင်း၊ ပါရမီမပြည့်ဝခြင်းနှင့် တည်ငြိမ်မှု မရှိသော တာအိုစိတ်နှလုံးသားတို့ကြောင့် ဤအရာအားလုံးသည် မှားယွင်းသော အမြင်တစ်ခု ဖြစ်မည်ဟုသာ ယုံကြည်ချင်ခဲ့သည်။

လောကကြီး တစ်ခုလုံး ရှုံးနိမ့်ကာ ချစ်ရသူ သေဆုံးမည့် ဤအနာဂတ်ကို သူမ မည်သို့ လက်ခံနိုင်မည်နည်း။

ဝီ !

ထိုအချိန်မှာပင် အဆုံးမရှိသော အမှောင်ထုထဲမှ အလင်းမှုန်လေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“ဒါက……”

လော့ရန်ယွီသည် မျက်ရည်များဖြင့် မော့ကြည့်လိုက်သည်။ထိုအလင်းမှုန်လေးသည် ပိုပို၍ ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။

အဆုံးတွင် ပြင်းထန်သော မီးတောက်အလင်းများ ပွင့်ထွက်လာပြီး ၊ ၎င်း၏အရှိန်အဝါမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာလေ၏။

ဤအခိုက်အတန့်တွင် အလင်းမှုန်လေး တစ်စသည် ကြီးမားသော နေဝန်းကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။

၎င်းမှ အလင်းတန်းများစွာ ဖြာထွက်လာပြီး ကမ္ဘာမြေကို လင်းထိန်သွားစေကာ အမှောင်ထုကို ရှင်းလင်းပစ်ခဲ့လေ၏။

“ဒီအချိန်နှင့်အာကာသ အပိုင်းအစတွေက အနာဂတ်မှာ အမှန်တကယ် ဖြစ်လာနိုင်တဲ့ အရာတွေကို မှတ်တမ်းတင်ထားတာပဲ”

အေးစက်ပြီး ကြည်လင်လှသော အမျိုးသမီး တစ်ဦး၏ အသံသည် မိုးမြေအနှံ့ ပဲ့တင်ထပ်သွားသည် ။

“ဒါပေမဲ့၊ အနာဂတ်ကိုလည်း ပြောင်းလဲလို့ ရပါတယ်”

ထိုစကားသံအဆုံးတွင် ၊

ဟူးးး…..

ကြမ်းတမ်းစွာ ရိုက်ခတ်လှုပ်ရှားလာသော နိယာမလှိုင်းတံပိုးများသည် မိုးမြေအနှံ့ ပဲ့တင်ထပ်သွားသည်။

အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာမှ အမတအလင်းများ တလိပ်လိပ် တတ်လာခဲ့ပြီး အဆုံးတွင် သက်တံ့ တံတားတစ်စင်းအဖြစ် ပြောင်းလဲသွားကာ လော့ရန်ယွီ၏ ရှေ့မှောက်သို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။

ထိုတံတားထက်မှ ဖြာထွက်လာသော အမတအလင်းများသည် ကြယ်တာရာ ကောင်းကင်ကို ဖောက်ထွက်ကာ အဆုံးတွင် ဤမှောင်မိုက်သော စကြာဝဠာထဲ၌ လှပသော အရောင်အသွေးတစ်ခုကို ဖြည့်ဆည်းပေးခဲ့လေ၏။

လော့ရန်ယွီ တစ်ယောက် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦးသည် ထိုတံတားပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးသည် မျက်နှာကို ပိတ်စပါးလေးဖြင့် ကာရံထားပြီး ၊ ကြော့ရှင်းသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်မှာ လောကီအညစ်အကြေးများ စွန်းထင်းခြင်းမရှိသော နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။

သို့သော် လှပသော ထိုမျက်ဝန်းတစ်စုံသည် လော့ရန်ယွီအား အလွန်ရင်းနှီးသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

ထိုမျက်ဝန်းထဲတွင် လောက၌ အမြင့်မြတ်ဆုံးသော အလင်းရောင်နှင့် စင်ကြယ်ဆုံးသော သန့်စင်စွမ်းအားများ ကိန်းအောင်းနေပုံရသည်။

ထိုအရှိန်အဝါသည် သူမ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းနှင့် အလွန်ပင် ဆင်တူနေခဲ့သည်။

All Chapters