← Chapters

လောကတွင် လိုအပ်နေသည်မှာ စွမ်းအားမဟုတ်ဘဲ စစ်မှန်သော လမ်းပြသူတစ်ဦးသာ ဖြစ်သည်

Vol. 66 Ch. 857

လောကတွင် လိုအပ်နေသည်မှာ စွမ်းအားမဟုတ်ဘဲ စစ်မှန်သော လမ်းပြသူတစ်ဦးသာ ဖြစ်သည်

Vol. 66 Ch. 857

အမှန်အားဖြင့် ယောင်ကွမ်သည်လည်း အကြောင်းအရာများစွာကို မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

သူမသည် မည်သည့်ခေတ်ကာလတွင် မွေးဖွားခဲ့သည်ကို မသိတော့သလို၊ သူမ မသေဆုံးမီက အကြောင်းအရာများကိုလည်း မသိတော့ပေ။ တော်တော်ကြာအောင်ပင် သူမ၏ အမည်ကို သူမကိုယ်တိုင် မမှတ်နိုင်ခဲ့ပေ။

မကြာသေးမီ အချိန်က သူမ၏ခန္ဓာကိုယ်တွင် အလွန်ဆန်းကြယ်သော စွမ်းအားတစ်ခု နိုးထလာခဲ့သည်။ ဤစွမ်းအားမှာ မဟာလမ်းစဉ်၏ မူလအစကို ပုံဖော်နိုင်ပုံရပြီး သူမအား လောကရှိ အရာခပ်သိမ်းနှင့် အတိုင်းအတာတစ်ခုအထိ ဆက်သွယ်နိုင်စေခဲ့သည်။

ဤစွမ်းအား၏ သက်ရောက်မှုကြောင့်လား မသိ၊ ပျောက်ဆုံးနေသော အမှတ်တရအချို့မှာ အံ့ဩဖွယ်ကောင်းလောက်အောင် ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုအခါမှသာ ယောင်ကွမ်သည် ထိုဆန်းကြယ်သော စွမ်းအားမှာ ဗလာနိတ္ထိ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့နောက် ဤစွမ်းအား၏ လမ်းညွှန်မှုဖြင့် သူမသည် ဖရိုဖရဲဖြစ်နေသော အမှတ်တရ အပိုင်းအစအချို့ကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

မသေဆုံးမီက ၊ သူမအတွက် အလွန်အရေးပါသော လူတစ်ယောက်ကိုလည်း သတိရသွားခဲ့သည်။

ထိုလူမှာ စူးချန်ကဲ ကဲ့သို့ပင် ဗလာနိတ္ထိစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

…………

သို့သော် သူမသည် အမှတ်တရ အချို့ကို ပြန်လည်ရရှိခဲ့သော်လည်း ရုပ်ခန္ဓာ မရှိသဖြင့် မိမိ၏စိတ်ထဲမှ တမ်းတနေသော ထိုလူကို သွားရောက်ရှာဖွေရန် မဖြစ်နိုင်ခဲ့ပေ။

ယခုဘဝတွင် လော့ရန်ယွီ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း နိုးထလာမှုနှင့် ယင်း၌ ပါဝင်သော ဗလာနိတ္ထိစွမ်းအားကြောင့်သာ သူမသည် အိပ်ပျော်နေရာမှ နှိုးထလာခဲ့ခြင်း ဖြစ်သည်။

သူမသည် ထိုစွမ်းအားများကို အသုံးချကာ အချိန်နှင့်အာကာသ အပိုင်းအစများ၏ အလင်းပြန်မှုမှတစ်ဆင့် လော့ရန်ယွီနှင့် ဤနေရာတွင် ဆုံတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

သူမတို့နှစ်ဦးမှာ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သော်လည်း ဤသည်မှာ သူမ၏ စိတ်ကူးယဉ်မှုသက်သက်လား မသိနိုင်သော်ငြားလည်း လော့ရန်ယွီသည် သူမနှင့် အများကြီးဆင်တူသည်ဟု ခံစားမိသည်။

တစ်ဖက်လူ ချစ်မြတ်နိုးရသူမှာလည်း ဗလာနိတ္ထိစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး၊ တိုက်ဆိုင်စွာပင် ထိုအချက်က လော့ရန်ယွီ၏ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းအား ထူးခြားသော အကိုင်းအခက်အဖြစ် နိုးထလာစေရန် ကူညီပေးခဲ့သည်။

ထို့အပြင် လော့ရန်ယွီသည် သူမ၏ ယောင်ကွမ် အမတဂိုဏ်း၏ ဆက်ခံသူလည်း ဖြစ်နေပြန်ရာ ဤကဲ့သို့ တိုက်ဆိုင်မှုများမှာ အမှန်တကယ်ပင် ဆင်တူလွန်းသည်။

မှန်၏။ ဤအကြောင်းရင်းများကြောင့် လော့ရန်ယွီသည် သူမ၏ လူဝင်စား ဖြစ်သည်ဟု မဆိုလိုပေ။

သူမ၏ အကြွင်းအကျန် နတ်အသိစိတ်မှာ လောကတွင် ရှိနေသေးသလို၊ မျှော်လင့်မထားသော ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် သူမသည် ပြန်လည်ဝင်စားနိုင်မည့် အခွင့်အလမ်းကို ဆုံးရှုံးခဲ့ရပြီးသား ဖြစ်သည်။

လော့ရန်ယွီသည် မဟာလမ်းစဉ် အချိန်နှင့် အာကာသလှိုင်းတံပိုးများကြားမှ သူမနှင့် ဆင်တူသော “တူညီသောပန်း” တစ်ပွင့်သာ ဖြစ်ပေသည်။

ထိုစဉ် လော့ရန်ယွီ၏ အသံက ယောင်ကွမ်ကို အတွေးများထဲမှ ပြန်လည် ခေါ်ဆောင်လာခဲ့သည် ။

“စီနီယာ ယောင်ကွမ်… စီနီယာပြောတဲ့ အချိန်နှင့်အာကာသ အပိုင်းအစတွေက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အရာတွေဆိုရင်…..”

“ရန်ယွီက အဲဒါကို ဘယ်လို ပြောင်းလဲရမလဲဟင်…..”

ထိုစကားကို ကြားလိုက်ရသဖြင့် ယောင်ကွမ်သည် အသာအယာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“တကယ်တော့ မင်းက နှစ်ပေါင်း ရာချီကြာတဲ့ အနာဂတ် မြင်ကွင်းတွေကို ကြိုမြင်နိုင်တာဟာ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း နိုးထခါစမှာပဲ ဖြစ်နိုင်တာ”

“ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းရဲ့ စွမ်းအားက အရမ်းထူးခြားတယ်.. နိုးထခါစမှာ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားက အပြင်းထန်ဆုံးဖြစ်လို့ အချိန်နှင့်အာကာသ ဟောကိန်းထုတ်နိုင်စွမ်းကလည်း အကောင်းဆုံးပဲ…မင်းရဲ့ မျက်လုံးက စွမ်းအားတွေ ငြိမ်သက်သွားပြီးတဲ့နောက်မှာတော့ အများဆုံး နောက်တစ်ပတ်၊ တစ်လစာလောက် အနာဂတ်ကိုပဲ မြင်နိုင်တော့မှာ”

ဤစကားကြောင့် လော့ရန်ယွီ၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။

နောက်တစ်လစာ အနာဂတ်ကိုပဲ မြင်နိုင်တော့မှာ ဟုတ်လား….

သို့ဆိုလျှင် နှစ်ပေါင်း ရာချီကြာပြီးနောက် ဖြစ်လာမည့် ပျက်စီးခြင်း အနာဂတ်ကို သူမ မည်သို့ ပြောင်းလဲနိုင်မည်နည်း။

ဝမ်းနည်းစရာ ကောင်းသော အဖြစ်အပျက်များ ဖြစ်ပျက်လာမည်ကို သူမအနေဖြင့် ဤအတိုင်း ရပ်ကြည့်နေရမည်လော။

“မင်း အမြင်ပြောင်းကြည့်လိုက်”

“ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းက အခုလို အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ရှိတာကိုက မဟာလမ်းစဉ်ကို ဆန့်ကျင်နေပြီ….”

“နောက်တစ်လစာ အနာဂတ်ကိုပဲ ဖြစ်ဖြစ်၊ အဲဒါကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင်ကို အနာဂတ်လောကရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးနိုင်မှာပဲလေ”

“အခု မင်းက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အရာတွေကို သိထားပြီဆိုတော့၊ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပြီး ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းရဲ့ အနာဂတ်ဟောကိန်း တန်ခိုးစွမ်းအားနဲ့ ပြုပြင်ပြောင်းလဲသွားရင် မျှော်လင့်မထားတဲ့ ရလဒ်တွေ ရလာမှာပဲ”

………..

ထိုစကားသံအဆုံးတွင် စိုးရိမ်ပူပန်နေသော လော့ရန်ယွီသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသည်။

တစ်ဖက်လူပြောသည်မှာ မှန်၏။ မိမိသည် အနာဂတ်တွင် ဖြစ်လာနိုင်သည်များကို သိထားပြီး ဖြစ်သဖြင့် ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်းဖြင့် ဖြစ်စဉ်များကို ပြောင်းလဲပစ်နိုင်သည်။

ကြီးမားသော သက်ရောက်မှု မရှိလျှင်ပင် အနည်းဆုံးတော့ အနာဂတ်တွင် ဖြစ်လာမည့် ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည် မဟုတ်လော။

“ဒါပေမဲ့ ငါ အလေးအနက် ပြောပြချင်တာ တစ်ခုရှိတယ်”

“အရင်က ငါလည်း ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းရဲ့ တမူထူးခြားတဲ့ အကိုင်းအခက်ကို နိုးထစေခဲ့ပြီး အနာဂတ်ကို ကြိုမြင်နိုင်ခဲ့ဖူးတယ်… ဒါပေမဲ့ အဲဒါက အနာဂတ်ကို လုံးဝ ပြောင်းလဲနိုင်တယ်လို့ မဆိုလိုဘူး…သမိုင်းက မူလလမ်းကြောင်းအတိုင်းပဲ သွားဖို့ ရာခိုင်နှုန်း ပိုများတယ်”

“ပိုအရေးကြီးတာက အနာဂတ်ကို ဟောကိန်းထုတ်ဖို့ဆိုရင် ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ်.. အကြိမ်တိုင်းမှာ မင်းရဲ့ အသက်စွမ်းအင်တွေကို အများကြီး သုံးစွဲရလိမ့်မယ်…အလွန်အကျွံ အသုံးပြုမိရင် မင်း အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်”

ယောင်ကွမ်က ပြုံးပြီး မေးလိုက်သည်။

“ဒါတောင်မှ မင်းက အဲဒီ အနာဂတ်ဟောကိန်း တန်ခိုးစွမ်းအားကို သင်ယူချင်သေးလား”

“သင်ယူချင်ပါတယ်”

လော့ရန်ယွီသည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်သည် ။

“အဲဒီစွမ်းအားက ချစ်ရသူကို ကာကွယ်ပေးနိုင်မယ်ဆိုရင် အသက်စွမ်းအင်တွေ ကုန်ခမ်းသွားလည်း ဘာအရေးလဲ”

ယခင်က မြင်ကွင်းများကို သူမ၏ မျက်စိထဲတွင် ယခုထိတိုင် မြင်ယောင်နေဆဲပင်။

ပျက်စီးနေသော ဒေဝလောကကြီး ၊ ပြင်းထန်သော စစ်မီးတောက်များ ၊ အဆုံးမရှိသော အမှောင်ထုကြီး ၊ သက်ရှိအပေါင်းတို့၏ ငိုကြွေးသံများနှင့် ချစ်ရသူ၏ သေဆုံးမှု……

ထိုမြင်ကွင်းများကို ပြန်လည်စဉ်းစားမိတိုင်း လော့ရန်ယွီ၏ ရင်ထဲတွင် ဓားဖြင့် အမွှန်းခံရသကဲ့သို့ နာကျင်ပေသည်။

ထိုကဲ့သို့သော ဝမ်းနည်းစရာကောင်းသည့် အနာဂတ်မျိုးကို သူမ မမြင်လိုပေ။

သူမ၏ အဖြေကို ကြားလိုက်ရချိန်တွင် ယောင်ကွမ်၏ မျက်ဝန်းထဲတွင် လွမ်းဆွတ်တမ်းတမှုများ လှစ်ဟသွားသည်။

သူမသည်လည်း ချစ်သူဟောင်းနှင့် အတိတ်များကို ပြန်လည် သတိရသွားပုံရသည်။ သို့သော် တစ်ဖက်လူသည် ဤသို့ ဆုံးဖြတ်ချက် ချပြီးဖြစ်သဖြင့် သူမသည် ထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည် ။

“ကောင်းပြီလေ”

“ငါ တစ်သက်လုံး လေ့လာခဲ့တဲ့ အရာအားလုံးကို မင်းကို အတတ်နိုင်ဆုံး သင်ကြားပေးမယ်”

“စီနီယာ ယောင်ကွမ်ကို ကျေးဇူးအများကြီး တင်ပါတယ်”

လော့ရန်ယွီမှာ အလွန်ဝမ်းသာသွားပြီး အလျင်အမြန်ပင် အရိုအသေပြုကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းသည် ဒဏ္ဍာရီလာ နတ်ဘုရားခန္ဓာ ဖြစ်ရာ၊ ယခု သူမသည် မူလပိုင်ရှင်၏ အမွေအနှစ်ကို ရရှိပြီး ဖြစ်ပြီး အနာဂတ်ဟောကိန်း တန်ခိုးစွမ်းအားနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက၊

အနာဂတ်၏ ဘေးအန္တရာယ်မှာ မည်မျှပင် ကြောက်စရာကောင်းပါစေ ၊ သူမသည် စူးချန်ကဲအား တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်မည်မှာ ဧကန်မလွဲပင်။

………..

၎င်းတို့နှစ်ဦး လေ့ကျင့်ဆွေးနွေးနေစဉ်မှာပင်။

ဤအသိစိတ် နယ်ပယ်၏ ထောင့်တစ်နေရာတွင်…

ဝေဝေဝါးဝါး ပုံရိပ်တစ်ခုမှာ ထိုနေရာကို စောင့်ကြည့်နေသည်။ သူသည် မဟာလမ်းစဉ် အာကာသ နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေကာ သူ၏ တည်ရှိမှုကို အာရုံခံရန် ခက်ခဲသည်။

သို့သော် ထိုဝေဝေဝါးဝါး ပုံရိပ်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်ပင် ဖြစ်ကြောင်း သိရှိနိုင်သည်။

“အခု ဟုန်းမုန် က ပျောက်ကွယ်နေပြီး ဘယ်မှာရှိမှန်း မသိရဘူး…အနာဂတ်ရဲ့ ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့အတွက် ငါတစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး……”

“ဝူယွမ် .. တောင်းပန်ပါတယ်၊ မင်းကို ငါ့ရဲ့ စစ်တုရင်ပွဲထဲကို ဒီနည်းနဲ့ပဲ ဆွဲသွင်းရတော့မယ်……”

“မင်းက စူးချန်ကဲကို မကူညီချင်ဘူးဆိုပေမဲ့၊ မင်းရဲ့ ချစ်ရသူသာ ဒီပွဲထဲ ပါလာရင် မင်းလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်……”

ယောင်ကွမ်သည် သေဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ဝိညာဉ်ပင် မဆိုနှင့်၊ မိုးမြေလောက တစ်ခုလုံးတွင် သူမ၏ အငွေ့အသက် အစအနလေးပင် မကျန်ရစ်ခဲ့ပေ။

ယခု ဤနေရာတွင် ပေါ်လာနိုင်ခြင်းမှာ ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် သူ၏ အထူးနည်းလမ်းများမှတစ်ဆင့် သံသရာစက်ဝန်း လမ်းကြောင်းမှ နောက်ဆုံးကျန်ရှိသော သူမ၏ အငွေ့အသက် တစ်မျှင်ကို ထုတ်ယူခဲ့ခြင်းသာ ဖြစ်သည်။

ထို့နောက် မိမိ၏ မူလရင်းမြစ် ဗလာနိတ္ထိစွမ်းအား တစ်ခုကို အသုံးပြုကာ တစ်ဖက်လူအား လူ့လောကတွင် ခဏတာ ပြန်လည် ထွက်ပေါ်လာခဲ့စေခြင်းသာ ဖြစ်သည်။

ဗလာနိတ္ထိ မူလမျှော်စင်၏ အမြင့်ဆုံးနေရာတွင် ချိပ်ပိတ်ခံထားရသော ထိုလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုသည် စူးချန်ကဲနှင့် မိမိ၏ ပတ်သက်မှုကို ဖြတ်တောက်ထားပြီး အနာဂတ် ဘေးအန္တရာယ်တွင် မည်သို့မျှ ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။

သူ့ကို အလိုအလျောက် ပါဝင်လာစေရန်မှာ ယောင်ကွမ်မှတစ်ဆင့် စတင်ရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုတည်ရှိမှု၏ ချစ်မြတ်နိုးရသူမှာ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း၏ မူလ ပိုင်ရှင် ယောင်ကွမ် ဖြစ်နေသောကြောင့်ပင်။

ယခု နောက်ဆုံးမျိုးဆက် ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်း ပိုင်ရှင် လော့ရန်ယွီမှာလည်း စူးချန်ကဲနှင့် ချစ်ကြိုက်နေပြန်သည်။

“ဒီလို ဆင်တူတဲ့ သံသရာမျိုးမှာ… ဝူယွမ် မင်းတောင်မှ အရင်က မင်းနဲ့ ယောင်ကွမ်တို့ရဲ့ အတိတ်တွေကို ပြန်စဉ်းစားမိမယ်မဟုတ်လား”

“စူးချန်ကဲနဲ့ ရန်ယွီတို့က မင်းရဲ့ ခြေရာဟောင်းကို ထပ်နင်းသွားတာကို မင်း တကယ်ပဲ ကြည့်နေနိုင်မှာလား…..”

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။ သူသည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်ပုံရသည်။

“ဟားးဟားး…… ကိုယ့်ဟာကိုယ် ကျော့ကွင်းထဲဝင်အောင် ဖိတ်ခေါ်ရတဲ့ ခံစားချက်က အတော်လေး ထူးဆန်းတာပဲ……”

“ဒါပေမဲ့ ဒီယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းက ဟောကိန်းထုတ်တဲ့ အချိန်နဲ့အာကာသ အပိုင်းအစတွေက နည်းနည်းတော့ ချဲ့ကားလွန်းသလိုပဲ……”

အဆိုပါမြင်ကွင်းများကို သူလည်း တစ်ချိန်လုံး မြင်တွေ့ခဲ့ရသည်။ အမှန်တွင်၊ ဤသည်မှာ ယခင်က သံသရာများ၏ အဆုံးသတ်နှင့် အတူတူပင် ဖြစ်ပြီး၊ မဟာမိတ် တပ်ဖွဲ့များသည် အမှောင်ထုကို အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။

အခန်း (၈၅၈) - ကောင်းကင်အမတ ကပ်ဘေး ကျရောက်လာခြင်း (Part-1)

အခြေခံအကြောင်းရင်းမှာ အတော်လေး ရိုးရှင်းပေသည်။ ဤသည်မှာ ဒေဝလောကတစ်ခွင်ရှိ အင်အားစုများ၏ စည်းလုံးညီညွတ်မှု မရှိခြင်းကြောင့်သာ ဖြစ်၏။

အုပ်စိုးရှင် အင်အားစုများမှာ အတွင်းရေးပြဿနာများကြောင့် အဆက်မပြတ် အားနည်းလာကြပြီး ၊ ကျန်ရှိသော အခြား‌အင်အားစုများမှာလည်း သဲပွင့်များသဖွယ် လေတိုက်ရုံဖြင့် ပြန့်ကျဲသွားလေတော့သည်။

ထိုကဲ့သို့သော အခြေအနေအောက်တွင် အမှောင်ထုကို အနိုင်တိုက်နိုင်ခြင်းက ပို၍ ထူးဆန်းနေပေလိမ့်မည်။

သို့သော် ဤတစ်ခေါက် သံသရာစက်ဝန်းမှာ လုံးဝ ကွဲပြားခြားနားသည်။

တားမြစ် စူးမိသားစု၊ ကွေးယွမ် အမတဂိုဏ်းနှင့် အခြားသော အုပ်စိုးရှင် အင်အားစုများသည် ဤအရေးတွင် ပါဝင်ပတ်သက်နေကြပြီး၊ စူးချန်ကဲမှာ ၎င်းတို့အားလုံး၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်နေသည်။

အင်အားစုကြီးများသည် စူးချန်ကဲကြောင့် တစ်သားတည်း ဖြစ်သွားပြီး ၊ လုံလောက်သော အချိန်သာ ရရှိမည်ဆိုပါက စူးချန်ကဲ၏ ခွန်အားနှင့် ပါရမီအရ သူသည် ဒေဝလောက တစ်ခုလုံး၏ လေးစားရသော ထာဝရ ထျန်းတိ့တစ်ပါး ဖြစ်လာပေလိမ့်မည်။

လောကတွင် လိုအပ်နေသည်မှာ စွမ်းအားနှင့် အခွင့်အရေး မဟုတ်ဘဲ၊ စစ်မှန်သော လမ်းပြသူတစ်ဦးသာ ဖြစ်သည်။

လောကကြီးကို အနာဂတ် အလင်းရောင်ဆီသို့ လမ်းညွှန်ပေးမည့် ခေါင်းဆောင်တစ်ဦးသာ။

“ပြီးတော့ ဒီအင်အားစုကြီးတွေရဲ့ အခြေခံ အုတ်မြစ်တွေကလည်း သာမန်မဟုတ်ဘူး… အမတနယ်မြေရဲ့ အထက်လောကမှာရှိတဲ့ မူလရင်းမြစ် အင်အားစုတွေထက်တောင် ပိုပြီး အစွမ်းထက်သေးတယ်……”

“ဒီအင်အားစုကြီးတွေရဲ့ လူ့ဘီလူးအိုကြီးတွေသာ ပူးပေါင်းလိုက်ရင် ကပ်ဘေး အဲ့ကောင်တောင် ခေါင်းကိုက်သွားလိမ့်မယ်”

တီးတိုး ရေရွတ်ပြီးနောက်…

ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် ဘာမှထပ်မပြောတော့ဘဲ မဟာလမ်းစဉ် အာကာသထဲတွင် လုံးဝ ပျောက်ကွယ်သွား၏။

အနာဂတ်ကို မည်သို့ပင်ဖြစ်စေ ခန့်မှန်း၍ မရနိုင်ပေ။

အနာဂတ်ကို လုံးဝ ပြောင်းလဲပစ်ရန်မှာ သူတစ်ယောက်တည်း၏ အင်အားဖြင့် မလုံလောက်ချေ။

…..

တစ်ချိန်တည်းမှာပင်။

ထျန်းယန်နတ်ဘုရားမျှော်စင် ။

စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ သွေးသားကန့်သတ်ချက်များကို အောင်မြင်စွာ ချိုးဖျက်ပြီးနောက် ၊ စူးချန်ကဲ၏ အမတစွမ်းအား စုပ်ယူမှုအရှိန်မှာ များစွာ မြင့်တက်သွားခဲ့သည်။

ကောင်းကင်နှင့် မြေကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် သိုဝှက်စွာဖြင့် ရှိနေသော အသက်စွမ်းအားများပင်လျှင် သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းခံလိုက်ရပြီး ဒီရေအလား အဆက်မပြတ် တိုးဝင်လာကြသည်။

စူးချန်ကဲ၏ အသွေးအသားတို့သည် ဤအခိုက်အတန့်တွင် ဆူပွက်လာသဟန် ရှိသည်။

အရိုးများသည် သိမ်မွေ့သော တုန်ခါသံများကို ထုတ်ဖော်နေပြီး ၊ အရှိန်အဝါများမှာလည်း အဆက်မပြတ် မြင့်တက်လာနေကာ စစ်မှန်အမတနယ်ပယ်၏ အတားအဆီးကို အဆက်မပြတ် ချိုးဖျက်နေပုံရသည်။

သူ၏ အောက်ပိုင်း ဝမ်းဗိုက်(တန်ထျန်း)အမှတ်တွင် ဆိုင်းငံ့ထားသော အမတရင်းမြစ်သည် အဆိုပါ စွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ၊ ၎င်း၏ပမာဏသည် အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။

ဝုန်း… ဝုန်း… ဝုန်း! !

ပြင်ပတွင်မူ စွမ်းအားတစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရသည့်အလား။

အထက်ကောင်းကင်၌ မိုးခြိမ်းသံကဲ့သို့ အသံများ တုန်ဟည်းထွက်ပေါ်လာပြီး ၊ ကမ္ဘာဦးကာလကို ဖန်တီးနေသည့်အလား လူတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအထိ ပစ်ခွင်းဝင်ရောက်သွားသည်။

ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲသည် တားမြစ် စူးမိသားစုဝင်များ၏ အာရုံစူးစိုက်မှုကို ခံလိုက်ရပြီး ၊ လူတိုင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

“ဒီအရှိန်အဝါက……. ချန်ကဲ သခင်လေး အဆင့်တတ်တော့မှာလား… ကောင်းကင်အမတ မိုးကြိုးကပ်ဘေး ဆင်းသက်လာတော့မယ် ထင်တယ်”

“စကားမစပ်၊ ချန်ကဲက ငါတို့ အမတနယ်မြေကို ရောက်လာတာ နှစ်လလောက်ပဲ ရှိသေးတယ် မဟုတ်လား”

“ ဟုတ်တယ်၊ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ စစ်မှန်အမတနယ်ပယ်ကနေ ကောင်းကင်အမတကို တက်လှမ်းနိုင်တာဟာ အမတနယ်မြေ သမိုင်းတစ်လျှောက်မှာ တကယ်ကို ရှားပါးတယ်!”

“ဟားဟားဟား! ပြောရဦးမယ်၊ ဒီကလေးက ငါနဲ့တူတယ်၊ ငါ့ရဲ့ ငယ်စဉ်က အရှိန်အဝါမျိုးပဲ!”

“ ထွီ ! မင်းလို အဖိုးကြီးက ချန်ကဲကို အခွင့်ကောင်းယူဖို့ မကြိုးစားစမ်းပါနဲ့ကွာ !”

တားမြစ် စူးမိသားစုမှ ဘိုးဘေးတစ်ဦးက ပြန်လည်ချေပလိုက်သည် ။

“မင်းတုန်းက စစ်မှန်အမတနယ်ပယ်ကနေ ကောင်းကင်အမတကို ရောက်ဖို့ လေးလတောင် ကြာခဲ့တာ ဘယ်သူမသိဘဲ နေမှာတုန်း”

“မင်းနဲ့ ချန်ကဲကြားမှာ သိသိသာသာ နှစ်လတောင် ကွာခြားနေတာကို၊ ချန်ကဲက မင်းနဲ့ တူတယ်လို့ ပြောရသေးတယ်…မျက်နှာက အရေထူလိုက်တာအေ.. ငါ့အမြင်မှာတော့ ချန်ကဲက ငါ ငယ်ငယ်တုန်းကနဲ့ ပိုတူတယ်!”

တားမြစ် စူးမိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ်များသည် အကြိတ်အနယ် ဆွေးနွေးနေကြပြီး ၊ ၎င်းတို့၏ လေသံထဲတွင် စူးချန်ကဲ၏ ထူးချွန်ထက်မြက်သော အရည်အချင်းအပေါ် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာလည်း သဘောဝကျပေသည်။ အကယ်၍ ထိုစဉ်က စူးချန်ကဲသာ ထိုကဲ့သို့သော အပြောင်းအလဲများနှင့် မကြုံတွေ့ခဲ့ရပါက ၊

သူသည် အမတနယ်မြေ၏ သမိုင်းတွင် အသက်အငယ်ဆုံးသော အမတဘုရင် ဖြစ်လာနိုင်ပြီး အနာဂတ်မှာလည်း အတိုင်းအဆမရှိ တောက်ပနေပေလိမ့်မည်။

စူးချန်ကဲသည် ထိုဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီးနောက်တွင် တားမြစ် စူးမိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ် မြောက်မြားစွာသည် သူ့အတွက် နှမြောတသ ဖြစ်ခဲ့ကြရသည်။

သို့သော် ယခုအခါ စူးချန်ကဲ၏ ခွန်အားနှင့် ပါရမီကို မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ ရင်ထဲက နာကျင်မှုများသည် နောက်ဆုံးတွင် ပြေပျောက်သွားခဲ့လေပြီ။

ဤအတိုင်းသာ ဆိုလျှင်ဖြင့် ၊ စူးချန်ကဲ၏ ပါရမီနှင့် ခွန်အားမှာ ယခင်ကထက်ပင် သာလွန်နေမည်မှာ သေချာသည်။

အကယ်၍ အမှားအယွင်း မရှိပါက သူသည် အမတနယ်မြေ၏ အသက်အငယ်ဆုံး အမတဘုရင် ဖြစ်လာကာ ဒေဝလောက တစ်ခုလုံး၏ အသက်အငယ်ဆုံး အမတဧကရာဇ်မင်း တစ်ပါးပင် ဖြစ်လာနိုင်သည်။

………..

ဝုန်း… ဝုန်း… ဝုန်း! !

ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော မြည်ဟည်းသံများအပြီးတွင် ၊ ကောင်းကင်ယံထက်တွင် တိမ်မည်းများက ရုတ်ချည်းဆိုသလို ဖုံးလွှမ်းသွားလေ၏။

တလိပ်လိပ် တတ်လာသော ကပ်ဘေးတိမ်တိုက်များသည် အဆက်မပြတ် စုစည်းလာပြီး ၊ ကြီးမားသော ဝဲဂယက်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

အဆုံးမရှိသော လျှပ်စီးမိုးကြိုးများသည် အဆုံးမရှိ ကျယ်ပြောလှသည့် ဟွမ်ကျီအမတနယ်မြေတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့လေ၏။

“ကြောက်စရာကောင်းတဲ့ ဖိအားပဲ…..”

ထျန်းယန်နတ်ဘုရားမျှော်စင်တွင် ကျင့်ကြံအားထုတ်နေသော စူးချန်ကဲသည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။

သူသည် အထဲတွင် ရောက်ရှိနေသောကြောင့် ပြင်ပမြင်ကွင်းကို မမြင်ရသော်လည်း၊ ကာကွယ်ရေး အစီအရင်များကို ဖြတ်ကျော်ကာ သူ့အား တည့်တည့်မတ်မတ် ချိန်ရွယ်ထားသည့် အရှိန်အဝါကြီးမားသော ဖိအားတစ်ခုကို သူ ခံစားမိသည်။

“ ဒါက မိုးကြိုးကပ်ဘေးပဲ “

ရွှမ်ယွမ်အမတဧကရာဇ်၏ အသံသည် စူးချန်ကဲ၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည် ။

“မင်းရဲ့ ကောင်းကင်အမတကပ်ဘေး ရောက်လာပြီ၊ ဒါဟာ မင်း အမတလမ်းစဉ်ထဲကို ခြေလှမ်းလှမ်းပြီးကတည်းက ကြုံတွေ့ရတဲ့ ပထမဆုံး မိုးကြိုးကပ်ဘေးပဲ….ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးရင် မင်းဟာ ကောင်းကင်အမတနယ်ပယ်ကို တရားဝင် တက်လှမ်းနိုင်ပြီ”

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် ချက်ချင်း နားလည်သွားသည်။

အမတလမ်းစဉ်၏ အဆင့်အတန်းမှာ လူသားလမ်းစဉ်နှင့် လုံးဝ ကွဲပြားသည်။

လူသားလမ်းစဉ်တွင် သူတော်စင် နှင့် မဟာဧကရာဇ်နယ်ပယ် နှစ်ခုတွင်သာ ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ရပြီး ၊ ကျန်နယ်ပယ်များတွင် မိုးကြိုးကပ်ဘေး၏ သက်ရောက်မှုကို မခံရပေ။

သို့သော် အမတလမ်းစဉ်မှာမူ မတူညီပေ။

စစ်မှန်အမတနယ်ပယ်သို့ ခြေချပြီးနောက်တွင် အဆင့်တစ်ခု တက်တိုင်း ၊ အမတနယ်မြေ မဟာလမ်းစဉ်၏ မိုးကြိုးကပ်ဘေးဖြင့် အရည်အသွေး စစ်ဆေးမှုကို ခံယူရမည် ဖြစ်သည်။

ထို့အပြင် နယ်ပယ်မြင့်လေလေ မဟာလမ်းစဉ် မိုးကြိုးကပ်ဘေးမှာ ပို၍ ပြင်းထန်လေလေ ဖြစ်ပြီး၊ အမတဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပါက အဆင့်ငယ်တစ်ခု တိုးတိုင်း မဟာလမ်းစဉ် ကပ်ဘေးမိုးကြိုး၏ ဆေးကြောမှုကို ခံယူရသည်။

ဖျက်ဆီးခြင်း ကပ်ဘေးမိုးကြိုး ကိုးသွယ်ကို တောင့်ခံပြီးနောက်မှသာ ၊ အမတဧကရာဇ်တွင် အမြင့်ဆုံးအဆင့်ဖြစ်သော ကပ်ဘေးကိုးပါး အမတဧကရာဇ်မင်း တစ်ပါး ဖြစ်လာနိုင်မည် ဖြစ်၏။

All Chapters