← Chapters

ကောင်းကင်ဘုံက ပါရမီရှင်ကို မနာလိုဖြစ်တာလား ၊ ငါတို့ တားမြစ် စူးမိသားစုက သဘောမတူဘူး

Vol. 66 Ch. 859

ကောင်းကင်ဘုံက ပါရမီရှင်ကို မနာလိုဖြစ်တာလား ၊ ငါတို့ တားမြစ် စူးမိသားစုက သဘောမတူဘူး

Vol. 66 Ch. 859

ဝုန်း! ဝုန်း! ဝုန်း!

စူးချန်ကဲသည် မိုးကြိုးကပ်‌ဘေးအား အလွယ်တကူ တောင့်ခံနိုင်သည်ကို မြင်ပြီးနောက် မဟာလမ်းစဉ် ကပ်ဘေးတိမ်တိုက်သည် အမျက်ထွက်သွားပုံရကာ သွေးနီရောင် မိုးကြိုးမုန်တိုင်းများကို ဆက်တိုက်ဆိုသလို ပေါက်ကွဲဆင်းသက်စေသည်။

ယင်း၌ ပါဝင်သော အဖျက်စွမ်းအားမှာလည်း အဆမတန် တိုးပွားလာသည်။

ယခင်က မိုးကြိုးကပ်ဘေးတွင် အသက်စွမ်းအင် အနည်းငယ် ပါဝင်လာသော်လည်း ၊ ယခုတစ်ကြိမ် ဆင်းသက်လာသော လျှပ်စီးမိုးကြိုးများတွင် တစ်စက်ကလေးမျှ မပါဝင်တော့ဘဲ အဖျက်စွမ်းအားသီးသန့်သာ ပါဝင်လေ၏။

“ဒါက တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲ! “

“ကပ်ဘေးထဲမှာ အဖျက်စွမ်းအားနဲ့ အသက်စွမ်းအင်က ဒွန်တွဲနေရမှာ မဟုတ်ဘူးလား အခုကြ ဘာလို့ အဖျက်စွမ်းအားတွေချည်းပဲ ရှိနေရတာလဲ”

“ဒါ ချန်ကဲ သခင်လေးရဲ့ ပါရမီက အရမ်းထူးချွန်လွန်းလို့..... ကပ်ဘေးတိမ်တိုက်က မနာလိုဖြစ်နေတာလား”

“ ကြည့်ပါဦး အသက်စွမ်းအင် တစ်စက်ကလေးမှတောင် မပါဘူး.... ဒါဟာ ဒဏ္ဍာရီထဲက ‘ကောင်းကင်ဘုဲံက ပါရမီရှင်ကို မနာလိုဖြစ်တယ်’ ဆိုတဲ့ အရာလား “

တားမြစ် စူးမိသားစုဝင်များသာမက ၊

ဘေးမှ ဝိုင်းကြည့်နေကြသော အခြားအင်အားစုများမှ ပုဂ္ဂိုလ်များလည်း

ဆွံ့အနေကြသည်။

တားမြစ် စူးမိသားစု၏ အရှိန်အဝါကို ကြောက်ရွံ့သဖြင့် ၊ သူတို့သည် ကောင်းကင်အမတကပ်ဘေးကို မည်သူက ကျော်ဖြတ်နေသည်ကို ၎င်းတို့၏ နတ်အသိစိတ်ဖြင့် မစူးစမ်းရဲကြပေ။

သို့သော် ထိုအဖျက်စွမ်းအား သက်သက်သာ ပါဝင်လာသော ကပ်ဘေးကြောင့် လူတိုင်း ဝေခွဲမရ ဖြစ်ကုန်ကြသည်။ ကျင့်ကြံလာသော နှစ်များတလျှောက် ဤကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်ကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်သာပင်။

ယခင်က လောကတစ်ခွင်တွင် ကျော်ကြားခဲ့သော ပါရမီရှင်ကြီးများ အဆင့်တက်စဉ်ကပင် ကပ်ဘေးထဲတွင် အသက်စွမ်းအင် အနည်းငယ် ပါဝင်လာတတ်သည်။

သို့သော် မျက်စိရှေ့က အမည်မသိ ကျင့်ကြံသူခမျာ နောက်ဆက်တွဲ ဆင်းသက်လာသော ကပ်ဘေးထဲတွင် အသက်စွမ်းအင် အနည်းငယ်မျှ မပါဝင်ဘဲ သေအောင်အထိ ပစ်မှတ်ထားကာ နှိမ်နင်းနေသည့်အလားပင်။

“မဟုတ်သေးဘူး...... “

ခေတ်ဟောင်း စွမ်းအားရှင်ကြီးတစ်ဦးက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ရုတ်တရက် ပြောလိုက်သည်။

“ဒီမြင်ကွင်းကို ငါ ရင်းနှီးနေသလိုပဲ! “

“အရင်က ငါတို့ အမတနယ်မြေရဲ့ ဒဏ္ဍာရီဖြစ်တဲ့ စူးချန်ချင်း ကပ်ဘေးကို ကျော်ဖြတ်တုန်းကလည်း အခုလိုမျိုး ကြုံခဲ့ရဖူးတယ် မဟုတ်လား “

ဤစကား ထွက်လာသည်နှင့် အခြားသော ပုဂ္ဂိုလ်များစွာက ထောက်ခံလာကြသည်။

“မင်းပြောမှ ငါလည်း သတိရလာပြီ၊ အရင်က စူးချန်ချင်း အဆင့်တက်တိုင်းမှာ အခုလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ အမြဲကြုံရတတ်တယ်”

“မှန်တယ်၊ ကောင်းကင်အမတကပ်ဘေးပဲ ဖြစ်ဖြစ်၊ ရွှေအမတ ကပ်ဘေးပဲဖြစ်ဖြစ်၊ မိုးကြိုးတိုင်းက အဖျက်စွမ်းအားချည်း သက်သက်ပဲ”

“အခု တားမြစ် စူးမိသားစုမှာ စူးချန်ချင်းနဲ့ အလားတူဖြစ်ရပ်မျိုး ထပ်ပေါ်လာပြန်ပြီ၊ ငါတကယ်ပဲ မနာလိုဖြစ်မိတယ်! ဘာဖြစ်လို့ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ လူတွေအကုန်လုံးက တားမြစ် စူးမိသားစုမှာပဲ မွေးဖွားလာကြတာလဲ”

“မိသားစုက ဒီလောက်တောင် အင်အားကြီးနေတာကို၊ ပါရမီရှင်တွေကလည်း ဒီလောက်တောင် ကြောက်စရာကောင်းနေတယ်… ငါတော့ ဒီအမတနယ်မြေမှာ တစ်ရက်လေးတောင် ဆက်မနေချင်တော့ဘူး! “

လူတိုင်း မနာလိုဖြစ်နေကြစဉ်မှာပင် ၊ စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဝင်ရောက်လာကြသည်။ တားမြစ် စူးမိသားစုတွင် နောက်ထပ် မဟာလမ်းစဉ် လူ့ဘီလူးတစ်ယောက် ပေါ်လာသည်ထက်စာလျှင်၊ ဤလူသည် ယခင်က သေဆုံးသွားခဲ့သော စူးချန်ချင်းသာ ဖြစ်ပါစေဟု သူတို့ ဆုတောင်းနေမိကြသည်။ ထိုမှသာလျှင် သူတို့ စိတ်သက်သာရာ ရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် စူးချန်ချင်း တစ်ယောက်တည်း က ပေးခဲ့သော တုန်လှုပ်မှုနှင့် အရိပ်မည်းများဖြင့် လုံလောက်နေပြီဖြစ်ရာ၊ အကယ်၍ တားမြစ် စူးမိသားစုတွင် နောက်ထပ်တစ်ယောက် ထပ်မံ ထွက်ပေါ်လာမည်ဆိုပါက

ဤမိုးမြေလောကကြီးသည် တားမြစ် စူးမိသားစုအတွက် သီးသန့် ဖန်တီးထားလေသလားဟု သူတို့ သံသယဝင်မိကြတော့မည်။

လူ့ဘီလူးတွေ အကုန်လုံး သူတို့မိသားစုထဲမှာပဲ မွေးဖွားနေမှတော့ ဘယ်သူက သူတို့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တော့မှာလဲ!?

……….

တစ်ချိန်တည်းမှာပင် တားမြစ် စူးမိသားစု ၊ ဘိုးဘွားပိုင်နက်၏ အနက်ရှိုင်းဆုံး အပိုင်းတွင်။

ဘိုးဘေးအချို့မှာ ပြင်ပက အဖြစ်အပျက်များကို စောင့်ကြည့်နေကြသည်။

“ဒီလို အဆင့်တက်တဲ့ ကိစ္စမျိုးကို ငါတို့လို အဖိုးကြီးတွေ ဝင်မပါတာ အကောင်းဆုံးဆိုပေမဲ့၊ ဒီကပ်ဘေးတိမ်တိုက်က နည်းနည်းတော့ လမ်းမမှန်သလိုပဲနော် “

“ငါလည်း အဲဒီအတိုင်း ထင်တယ်၊ အရင်ဘဝတုန်းက မဟာလမ်းစဉ် ကပ်ဘေးတိမ်တိုက်က စူးချန်ချင်းကို မနာလိုဖြစ်ခဲ့တယ်၊ အခုဘဝမှာလည်း စူးချန်ကဲကို ထပ်ပြီး မနာလိုဖြစ်နေပြန်ပြီ”

“ဆက်တိုက်လွှတ်လိုက်တဲ့ မိုးကြိုးကပ်ဘေးတွေမှာ အဖျက်စွမ်းအားပဲ ပါပြီး အသက်စွမ်းအင် တစ်စက်မှ မပါတာကို ကြည့်ရင်၊ ဒီမိုးကြိုးမဟာလမ်းစဉ်က နည်းနည်းတော့ မတရားသလို ဖြစ်နေပြီ”

တားမြစ် စူးမိသားစု၏ ဘိုးဘေးများမှာ တစ်ယောက်ကိုတစ်ယောကိ ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့သည် သဘောတူညီချက်တစ်ခုကို ရရှိသွားဟန်ရသည်။

မဟာလမ်းစဉ်သည် ထူးချွန်သော ပါရမီရှင်များကို မနာလိုဖြစ်တတ်သည်။ အထူးသဖြင့် ကပ်ဘေးကျော်ဖြတ်ချိန်တွင် အခက်အခဲကို ပို၍ တိုးမြင့်တတ်သည်။

သူတစ်ပါးအပေါ်တွင် ထိုသို့ ပြုမှုသည်မှာ ကိစ္စမရှိသော်လည်း သို့သော် စူးချန်ကဲသည် သူတို့၏ တားမြစ် စူးမိသားစု၏ သခင်ငယ်လေးပင် မဟုတ်လော။

ကောင်းကင်ဘုံက ပါရမီရှင်ကို မနာလိုဖြစ်တာလား …

စိတ်မကောင်းဘူး၊ ငါတို့ကတော့ သဘောတူမှာ မဟုတ်ဘူး!

ဝုန်း!

ထို့နောက်တွင် တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသော မဟာလမ်းစဉ်၏ အမိန့်တော်တစ်ခုသည် တောက်ပသော နတ်အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တလိပ်လိပ် တတ်လာသော ကပ်ဘေးတိမ်တိုက်ကြီးဆီသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအမိန့်တော်သည် ကပ်ဘေးတိမ်တိုက်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်။

ကမ္ဘာမြေကြီးမှာ ခဏတာ တိတ်ဆိတ်သွားသည်။ အဖျက်စွမ်းအား မိုးကြိုးများကို ထပ်မံစေလွှတ်ရန် ပြင်ဆင်နေသော မဟာလမ်းစဉ် ကပ်ဘေးတိမ်တိုက်မှာ ရုတ်တရက် အေးခဲသွားပြီး လူသားတစ်ယောက်ကဲ့သို့ မှင်သက်သွားသည့်အလား ။

စုဝေးထားသော အဖျက်မိုးကြိုးများပင်လျှင် ပြန်လည် ပျောက်ကွယ်သွားသည်။

ထိုပုံစံကို ကြည့်ရသည်မှာ..... ခြိမ်းခြောက်ခံလိုက်ရသည့်အလားပင်။

အမှန်အားဖြင့် တားမြစ် စူးမိသားစု၏ ဘိုးဘေးများမှာ ဘာအထူးတလည်မှ မလုပ်ဆောင်ခဲ့ပေ။

မဟာလမ်းစဉ် စိတ်အာရုံကို စုစည်းကာ မိုးကြိုးမဟာလမ်းစဉ်နှင့် “ယဉ်ယဉ်ကျေးကျေး” ဆွေးနွေးလိုက်ရုံမျှသာပင်။

အကြမ်းအားဖြင့် ဤသို့ဖြစ်သည် -

ယခုတစ်ကြိမ် ကပ်ဘေးတိမ်တိုက် အတိုင်းအတာက ကြီးမားပြီး မိုးကြိုးစွမ်းအားကလည်း ပြည့်ဝလှတာ ကျုပ်တို့ တားမြစ် စူးမိသားစု အနေနဲ့ အလွန်ကို ဝမ်းသာမိပါတယ်…

ဒါပေမဲ့ အဖျက်စွမ်းအားပဲ ပါဝင်ပြီး အသက်စွမ်းအင် လုံးဝမပါဘဲ စူးချန်ကဲကို ပစ်မှတ်ထားနေတာကိုတော့ ကျုပ်တို့ တားမြစ် စူးမိသားစုက သိပ်တော့ သဘောတွေ့မနေဘူး

အဲ့တော့... နားလည်တယ်မလား

………..

“အမ်...”

“မိုးကြိုးကပ်ဘေး ပြီးသွားပြီလား”

မိုးကြိုးသံများ ငြိမ်သက်သွားသည်ကို မြင်လိုက်ရချိန်တွင် အမှန်တရားကို မသိကြသော ကျင့်ကြံသူများမှာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

သို့သော် ကောင်းကင်ယံ၌ ကပ်ဘေးတိမ်တိုက်များမှာ တလိပ်လိပ် တက်နေဆဲဖြစ်ရာ ၎င်းမှာ မပြီးဆုံးသေးကြောင်း ထင်ရှားနေသည်။

သို့သော် စက္ကန့်အတော်ကြာသည်အထိ အဘယ့်ကြောင့် နောက်ထပ် ကပ်ဘေးမိုးကြိုး ဆင်းသက်မလာသနည်း ။

သူတို့ အလေးအနက် စဉ်းစားချိန်ပင် မရလိုက်ချေ။

ဝုန်း!

ရုတ်တရက်ဆိုသလို ၊ မိုး‌မြေတစ်ခုလုံးကို တုန်ဟည်းသွားစေသော မိုးခြိမ်းသံကြီးမှာ တစ်ဖန် ဟိန်းထွက်လာလေ၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ ယခင်က အဖျက်မိုးကြိုးနှင့် လုံးဝ ကွဲပြားခြားနားသည်။ ယခင်က အဖျက်စွမ်းအားများနှင့် ပြည့်နှက်နေခဲ့သော မိုးကြိုးသည် ယခုတစ်ကြိမ်တွင် မကုန်ခမ်းနိုင်သော အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေလေ၏။

ဝုန်း! ဝုန်း! ဝုန်း!

အတိုင်းအဆမဲ့သော အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ကပ်ဘေးမိုးကြိုးများသည် တလိပ်လိပ် ကျဆင်းလာသည်။ သိပ်သည်းစွာ ပါဝင်သော အသက်စွမ်းအင်များသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်နှင့် ၊ နွေးထွေးသော စွမ်းအင်စီးကြောင်းများအဖြစ် သူ၏ ကိုယ်လက်အင်္ဂါ အနှံ့အပြားသို့ စီးဝင်သွားလေ၏။

ယင်း၌ ပါဝင်သော အမတစွမ်းအားများသည် သူ၏ အအသွေးအသားများကို အဆက်မပြတ် အာဟာရ ဖြည့်တင်းပေးနေသည်။ စူးချန်ကဲ၏ ရုပ်ခန္ဓာမှာ ပိုမိုတောက်ပလာသည်နှင့်အမျှ သူ၏ အရှိန်အဝါမှာလည်း ကောင်းကင်အမတ နယ်ပယ်၏ တံခါးဝကို ဖြတ်ကျော်သွားခဲ့လေရာ ၊ အဆုံးတွင် ကောင်းကင်အမတ နယ်ပယ်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။

“ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ!”

“ဟမ်.... မဟုတ်ဘူးလေ..... ဘယ်သူက ဒီလိုနည်းနဲ့ ကပ်ဘေးကျော်ဖြတ်လို့လဲ အဖျက်စွမ်းအားနဲ့ အသက်စွမ်းအင်က ဒွန်တွဲနေရမှာ မဟုတ်ဘူးလား!”

“ဒီကပ်ဘေးတိမ်တိုက်က တားမြစ် စူးမိသားစုက ပိုက်ဆံပေးပြီး ငှားထားတာလား အသက်စွမ်းအင် သီးသန့်ပဲပါတဲ့ မိုးကြိုးတွေကို ဆက်တိုက် ပစ်ချပေးနေတယ်၊ ဒါက ဒီလူကို အောင်အောင်မြင်မြင် အဆင့်တက်နိုင်အောင် လုပ်ပေးနေတာပဲ မဟုတ်လား!”

All Chapters