ကောင်းကင်အမတနယ်ပယ်သို့ တက်လှမ်းခြင်း
Vol. 66 Ch. 860
“တောက်! နောက်ခံအင်အားကြီးတိုင်း စိတ်ကြိုက် လုပ်လို့ရသလားကွ!”
ဘေးမှ ရပ်ကြည့်နေခဲ့ကြသော အင်အားစုများမှ ကျင့်ကြံသူ မြောက်မြားစွာသည် အလွန်အမင်း အံ့အားသင့်ကာ ဆဲရေးတိုင်းထွာမိလေ၏။
ယခင်က အဖျက်စွမ်းအား သီးသန့်သာ ပါဝင်ခဲ့သော မိုးကြိုးများကို ပစ်ချခဲ့သည်မှာ နားလည်လို့ရသေးသည်။
အခုတော့ ဒါ ဘာသဘောလဲ? အဖျက်စွမ်းအား တစ်စက်မှ မပါဘဲ ဘာလို့ အသက်စွမ်းအင်တွေချည်း ဖြစ်နေရတာလဲ!?
…………
“အမ်..... အရင်ကတော့ အဖျက်စွမ်းအား ၊ အခုကျတော့ အသက်စွမ်းအား ..... သခင်လေး ချန်ကဲကတော့ သူများနဲ့မတူတဲ့ ကပ်ဘေးကျော်ဖြတ်နည်းသစ်ကို တီထွင်လိုက်ပြန်ပြီပဲ”
“ငါ ကျင့်ကြံလာတဲ့ နှစ်တွေမှာ ဒီလိုနည်းနဲ့ ကပ်ဘေးကျော်ဖြတ်တာကို ပထမဆုံး မြင်ဖူးတာပဲ! တကယ်ကို သခင်လေး ချန်ကဲပဲ”
“ဟားဟားဟား! ဘာလဲ ကောင်းကင်ဘုံက ပါရမီရှင်ကို မနာလိုဖြစ်တာလား… ငါ့အမြင်မှာတော့ ကောင်းကင်ဘုံတောင် ငါတို့ သခင်လေး ချန်ကဲကို ဒူးထောက် အရှုံးပေးသွားတာပဲ”
“………”
တားမြစ် စူးမိသားစုဝင်တိုင်း ဤကိစ္စအတွက် အလွန်ပင် ဂုဏ်ယူ ဝမ်းမြောက်နေကြသည်။
ဤကဲ့သို့ ကပ်ဘေးကျော်ဖြတ်နည်းသည်
အမတနယ်မြေ တစ်ခုလုံးတွင် တုန်လှုပ်ဖွယ် ကောင်းပြီး တစ်ခါမျှပင် မကြားဖူး၊ မမြင်ဖူးခဲ့သည့် အရာပင် ဖြစ်သည်။
ကျန်ရှိနေသော မိုးကြိုးအနည်းငယ်ကို ပစ်ချပြီးနောက်။
ကောင်းကင်ယံမှ ကပ်ဘေးတိမ်တိုက်မှာ မျက်နှာပျက်သွားပုံရကာ မဟာလမ်းစဉ် ဖိအားများကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ပြီး ဖုန်မှုန့်များအလား တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
ဘာမှ မတတ်နိုင်ပေ။ ယခင်က အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသော မဟာလမ်းစဉ် ကပ်ဘေးမိုးကြိုးများပင် စူးချန်ကဲကို အနည်းငယ်မျှ ထိခိုက်ခြင်း မရှိခဲ့ရာ ဆက်လက် ပစ်ချနေမည်ဆိုရင်တောင် ရလဒ်မှာ အတူတူပင် ဖြစ်လိမ့်မည်။
အဓိက အချက်မှာ တားမြစ် စူးမိသားစုသည် ဤအပေါ်တွင် မကျေမနပ် ဖြစ်နေပြီး မဟာလမ်းစဉ် အမိန့်တော်ကို စေလွှတ်ကာ တိုက်ရိုက် သတိပေးခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ မိုးကြိုးမဟာလမ်းစဉ်သည် ဤကဲ့သို့ ပြောချင်တော့သည်။
နောက်ခံအင်အား ကြီးတာက ဘာများ ထူးခြားလို့လဲ…သူ့ကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့!?
ပြောရရင် ... ဒါကလည်း သူက အဲ့ဒီ ခြိမ်းခြောက်တာကို လက်ခံလိုက်လို့သာပေါ့!
ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်လည်း မရှုံးဘူးလေ…အဖျက်စွမ်းအား မိုးကြိုးအချို့ကို အရင်ပစ်တယ်၊ ပြီးတော့ အသက်စွမ်းအင် မိုးကြိုးအချို့ကို ထပ်ပစ်တယ်၊ နှစ်ခုက အပြန်အလှန် ကျေသွားတော့ ကိုယ့် တာဝန်ကျေတာပဲ မဟုတ်လား!
ဒါပေမဲ့ ဒီစူးချန်ကဲဆိုတဲ့ ကောင်လေးကိုတော့ သူ မှတ်ထားလိုက်ပြီ!
နောင်တစ်ချိန် ဒီကောင်လေး အဆင့်ထပ်တက်လို့ တားမြစ် စူးမိသားစုမှာ မရှိတဲ့အချိန်ကျရင်တော့ ကောင်းကောင်းကြီး ပညာပေးပြမယ်!
...........
တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကပ်ဘေးတိမ်တိုက်ကို ကြည့်ရင်း စူးချန်ကဲ၏ စိတ်ထဲတွင်လည်း ထူးဆန်းနေလေ၏။
အထင်မှားခြင်းလား မသိနိုင်သော်လည်း ၊ ကပ်ဘေးတိမ်တိုက် မပျောက်ကွယ်မီက ၎င်းသည် သူ့အပေါ်တွင် မသိမသာ ရန်ငြိုးထားသွားသလို ခံစားလိုက်ရသည်။
ဒါ ဘာပါလိမ့်?
ကပ်ဘေးတိမ်တိုက်ရဲ့ ရန်ငြိုးထားတာကို ခံလိုက်ရတာလား… မိမိရဲ့ ပါရမီက အဲ့လောက်တောင် ကောင်းနေသလား?
ခေါင်းကို ခါယမ်းလိုက်ရင်း ၊ စူးချန်ကဲသည် သူ့ကိုယ်သူ စတင်စစ်ဆေးကြည့်လိုက်သည်။ ခန္ဓာကိုယ်ထဲရှိ အမတစွမ်းအားသည် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ ယခင်က အမတရင်းမြစ်သည် ကြယ်တစ်လုံးဖြစ်ပါက လက်ရှိ အမတရင်းမြစ်မှာ တောက်လောင်နေသော နေတစ်စင်းပင် ဖြစ်သည်။
အမတလမ်းစဉ်အပေါ် သိမြင်မှုမှာလည်း ပို၍ နက်ရှိုင်းလာခဲ့ပြီး ၊ ဒဏ္ဍာရီလာ ဆုပ်ကိုင်ရခက်ခဲသော အချိန်မြစ်ကိုပင် ပိုမိုရှင်းလင်းစွာ အာရုံခံမိလာသည်။
ရုပ်ခန္ဓာ၏ ခွန်အားမှာလည်း အဆမတန် တိုးပွားလာပြီး သွေးစွမ်းအားများမှလည်း ပို၍ အားကောင်းလာခဲ့သည်။
အကယ်၍ ယွမ်ချန်းဟုန်းသာ ယခုအချိန်တွင် သူ့ရှေ့၌ ရှိနေမည်ဆိုပါက ၊ လက်ရှိ သူပိုင်ဆိုင်ထားသော ခွန်အားအရ လက်သီးတစ်ချက်တည်းနှင့် အသေရိုက်သတ်နိုင်လိမ့်မည်။
အဆင့်တက်နေစဉ် အတွင်း၊ ဝါးမြိုအပျက်အစီးခန္ဓာထဲ၌ သိုဝှက်နေသော လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ အကူအညီဖြင့် သူသည် ကောင်းကင်အမတနယ်ပယ် အဆင့်သုံးသို့ တိုက်ရိုက် တတ်လှမ်းနိုင်ခဲ့သည်။
“ချန်ကဲ!”
“ချန်ကဲ သခင်လေး !”
စူးချန်ကဲ ကပ်ဘေးကျော်ဖြတ်ပြီးသည်ကို မြင်ပြီးနောက် ၊ တားမြစ် စူးမိသားစုဝင်တိုင်း တဖွဲဖွဲ ရောက်ရှိလာကြသည်။
လူတိုင်း စူးချန်ကဲကို အသေးစိတ် ကြည့်ရှုနေကြပြီး သူတို့၏ မျက်ဝန်းများမှာ တောက်ပလျက် ရှိသည်။
ဤသူသည် ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် များစွာသော ပါရမီရှင်များထဲမှ ကောင်းကင်အမတ နယ်ပယ်သို့ ပထမဆုံး ရောက်ရှိသွားသူပင် မဟုတ်လော။
“ဟမ်..... ချန်ကဲ သခင်လေး ... မင်းရဲ့ ကျင့်ကြံဆင့်က.....”
တားမြစ် စူးမိသားစု မှ အကြီးအကဲတစ်ဦးက အံ့အားသင့်စွာဖြင့် ဟစ်အော်လိုက်သည် ။
“ကောင်းကင်အမတနယ်ပယ် အဆင့်သုံးကိုတောင် ရောက်နေပြီလား”
တာားမြစ် စူးမိသားစုဝင် မှ လူတိုင်း ဤအချက်ကို သတိပြုမိသွားကြသည်။
အမတလမ်းစဉ်တွင် အဆင့်တက်ရန်မှာ အလွန်ခက်ခဲသည်။ ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် ၊ အခွင့်အလမ်းနှင့် အချိန်များစွာ လိုအပ်သည်။
သာမန်လူများ အဆင့်တက်ပါက ၊ အဆင့်တစ်မှ စတင်ရစမြဲ ဖြစ်သော်လည်း၊ စူးချန်ကဲမှာမူ အဆင့်တက်သည်နှင့် ကောင်းကင်အမတနယ်ပယ် အဆင့်သုံးထိပင် ရောက်ရှိနေ၏။
ယင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သလို တစ်ချိန်တည်းမှာပင် ဝေခွဲမရ ဖြစ်ကုန်ကြသည်။
လူတိုင်းကလည်း လမ်းစဉ်တစ်ခုတည်းကို ကျင့်ကြံနေကြတာကို၊ သူတို့နဲ့ စူးချန်ကဲ ကျင့်ကြံတာကြ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ….
“စီနီယာတိို့ အားလုံးကို ဂါရဝပြုပါတယ်”
စူးချန်ကဲသည် အကြီးအကဲများကို ဂါရဝပြုရန် ဟန်ပြင်လိုက်စဉ်…
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ရွှမ်ယွမ်အမတဧကရာဇ်မင်း နှင့် တားမြစ် စူးမိသားစုမှ ဘိုးဘေးအချို့က သူ့ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့အားလုံး၏ မျက်ဝန်းများသည် တောက်ပနေပြီး စူးချန်ကဲကို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုအလား ကြည့်နေလေ၏ ။
“ဟားဟားဟား! ကောင်းတယ်! တကယ်ကို ငါ ရွှမ်ယွမ်ရဲ့ တူပဲ…အဆင့်တက်တာနဲ့ ကောင်းကင်အမတနယ်ပယ် အဆင့်သုံး ထိ တန်းရောက်သွားတယ်”
ရွှမ်ယွမ်အမတဧကရာဇ်မင်းသည် စူးချန်ကဲ၏ ပခုံးကို ပုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည် ။
“အကယ်၍ မင်းရဲ့ အသုံးမကျတဲ့ ဝမ်းကွဲအစ်ကိုသာ မင်းရဲ့ ပါရမီ တစ်ဝက်လောက်ရှိရင်၊ မင်းဦးလေး ငါကတော့ နောင်ကို အပြင်သွားရင် ခေါင်းမော့ ရင်ကော့ပြီး လမ်းလျှောက်ပြဦးမှာ”
“ကိုယ့်သားက ဒီလောက်ထိ ပါရမီရှိနေမှတော့ ငါမကြွားရင် ဘယ်သူကကြွားမှာလဲ”
“ ခက်တာက နှမြောစရာပဲ”
မကြာမီမှာပင် ရွှမ်ယွမ်အမတဧကရာဇ်မင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည် ။
“မင်းရဲ့ ဝမ်းကွဲအစ်ကိုကတော့ စားဖိုဆောင်က လူလိုပဲ နေ့တိုင်း စားလိုက်အိပ်လိုက်နဲ့ အချိန်ဖြုန်းနေတာ၊ ဒီလောက် နှစ်တွေအများကြီး ကြာတာတောင် အမတ ဧကရာဇ်တစ်ပိုင်း အဆင့်ပဲ ရှိသေးတယ်”
“အရင်က အဲဒီကောင်က မင်းနဲ့ သခင်လေး ရာထူးကို ပြိုင်ချင်သေးတာ၊ ငါ သူ့ကို ပါးပစ်ရိုက်ပြီး အပြင်ကို ကန်ထုတ်ပစ်လိုက်တယ်လေ”
“ကိုယ့်အဆင့်အတန်းကို မသိဘူး အဲ့အကောင်က…”
ထိုစကားကို ကြားပြီး စူးချန်ကဲမှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။
မိမိ၏ ဝမ်းကွဲအစ်ကို ဖြစ်သူ ၊ အမတ ဧကရာဇ်တစ်ပိုင်းအဆင့် စူးချင် အကြောင်းကို သူလည်း သိထားသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က အတွေ့အကြုံ ရှာဖွေရန် အပြင်သို့ ထွက်သွားခဲ့ပြီး မိသားစုထံသို့ ပုံမှန်စာပို့သည်မှအပ၊ နဂါးတစ်ကောင်လိုပင် ဖမ်းရန်ခက်ပေသည်။
သို့သော် ပြောစရာတစ်ခု ရှိသည်မှာ၊ မိမိ၏ ဝမ်းကွဲအစ်ကိုသည်လည်း တစ်ချိန်က တားမြစ် စူးမိသားစု၏ သခင်ငယ်ရာထူးကို ချိန်ရွယ်ခဲ့ဖူးသည်။
သို့သော် မိမိ၏ ဦးလေးသည် ထိုကိစ္စကို သဘောမတူခဲ့ရုံသာမက၊ မိမိ၏ အစ်မဖြစ်သူ စူးယွင်ယွဲ့ ကလည်း ဤကိစ္စနှင့် ပတ်သတ်၍ မကျေမနပ်ဖြစ်ကာ သူ့ကို အကြီးအကျယ် ပညာပေးခဲ့ဖူးသည်။
ဝမ်းကွဲအစ်ကို၏ အတွေ့အကြုံ ရှာဖွေရန် အပြင်ထွက်သွားခြင်းသည် အမှန်အားဖြင့် အစ်မဖြစ်သူ၏ ရိုက်နှက်ခြင်းခံရမည်ကို ကြောက်သဖြင့် အကြောင်းပြချက်ရှာကာ ရှောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
“ ချန်ကဲ ၊ အခု မင်းက ကောင်းကင်အမတ နယ်ပယ်အဆင့်ကို ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီဆိုတော့ ပိုအဆင့်မြင့်တဲ့ အမတအတတ်ပညာတွေကို လေ့လာလို့ရပြီ”
ပြောပြောဆိုဆိုဖြင့် ၊ ရွှမ်ယွမ်အမတ ဧကရာဇ်မင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။