ယဲ့ကျင်း၏အမ
Vol. 97 Ch. 961
"..."
ရှန်းယီက သူ့အားအားနာဟန်အပြုံးဖြင့် ပြုံးပြနေသော မုန့်ရှို့ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ခြေရင်းရှိ သွေးစိုနေသည့်ခေါင်းပြတ်ကြီးကို ငုံ့ကြည့်လိုက်လေသည်။
တစ်ဖက်လူ အဘယ်ကြောင့် ဤကဲ့သို့အနေရခက်သောအမူအရာဖြစ်နေသည်ကို သူ ခန့်မှန်း၍ ရပ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသုတ်သင်ရေး ဌာနသည် နတ်ဆိုးနှိမ်နင်းရေးဌာန နှင့် မတူညီသောကြောင့်ပင်။ နတ်ဆိုးနှိမ်နင်းရေးဌာနသည် သိုင်းဘုံကျောင်း၏အမိန့်အောက်တွင်တည်ရှိပြီး ပြည်နယ်ကိုးတစ်ခွင်ကို တရားဝင်အုပ်ချုပ်ကာ မဟာချန်၏နယ်နိမိတ်အတွင်း သိုင်းဘုံကျောင်း၏ စကားသည်သာ အမိန့်အာဏာဖြစ်လေ၏။
သို့သော် နတ်ဘုရားနယ်မြေတွင်မူ အင်ပါယာမင်းဆပ်၏ထိန်းချုပ်မှုက မသေမျိုးခုံရုံး၏အရှိန်အဝါနှင့် ဟန်ချက်ညီညီရှိနေရလေသည်။
ထို့ကြောင့် နတ်ဆိုးသုတ်သင်ရေးဌာနက ကိစ္စရပ်များကိုကိုင်တွယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များစွာရှိနေသည်။
လျှို့ဝှက်အင်အားစုများဖြစ်သည့်အတွက် မသေမျိုးခုံရုံး၏အာရုံစိုက်မှုကို မခံရစေရန်အန္တရာယ်များကို အမြဲတစေချိန်ဆနေရ၏။
ယခုအခြေအနေကဲ့သို့ပင်၊ ပြဿနာတစ်ခုကို ဖြေရှင်းရန်အတွက် ထိုက်ယီမသေမျိုးမိသားစုတစ်ခုကို ရန်သူဖြစ်စေလောက်သည်အထိ အခြေအနေက ဆိုးရွားမသွားသင့်ပေ။
"ငါ တမင်လုပ်တာ မဟုတ်ဘူးကွ"
မုန့်ရှို့ဝမ်က ဒေါသထွက်လွန်းသဖြင့် အံကိုကြိတ်ကာ ကျိန်ဆဲလိုက်၏။
"ငါက အဲဒီအစုတ်ပလုတ်ပိုက်ကွန်ကို ယူပြီး ထွက်သွားဖို့ပဲတွေးထားတာ။အဲဒီကောင်က ဘယ်လိုဖြစ်ပြီး ငါကအရမ်းဗိုလ်ကျလွန်းတယ်ဆိုပြီး အော်ဟစ်ပြီးဦးနှောက်မရှိတဲ့အတိုင်း ငါ့ဆီကိုပြေးဝင်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။သူက အဆင့် ၆ နယ်ပယ်နဲ့ ညီမျှတဲ့ကျင့်ကြံသူပဲ၊ ဘယ်လိုဖြစ်လို့ ဒီလောက် ဦးနှောက်မရှိရတာလဲ"
ရုတ်တရက် ယဲ့ကျင်းက သူ၏ညည်းညူမှုကို ကြားဖြတ်ပြောလိုက်သည်။
"ဒီဘက်က ကိစ္စတွေအားလုံးပြီးသလောက်ရှိနေပြီ"
"ဟင်"
ထိုအခါမှ မုန့်ရှို့ဝမ်က သတိပြန်ဝင်လာပြီး သူ၏ပတ်ဝန်းကျင်ရှိ ပရမ်းပတာဖြစ်နေမှုများကို သတိပြုမိသွားကာ ကောင်းကင်ယံသို့မော့ကြည့်လိုက်၏။
ညကောင်းကင်ယံမှာ ဝေဝါးနေဆဲဖြစ်သော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ကြမ်းတမ်းသော အငွေ့အသက်များရှိနေသည်။ ယင်းမှာ ထိန်းချုပ်သူမဲ့သွားသည့် လက္ခဏာပင်။
"မင်း ကျောက်စိမ်းနဂါးဘိုးဘေးကို သတ်လိုက်တာလား"
သူက အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။
"ပြီးတော့ သူ့ရဲ့စီးတော်ယာဉ်ဖြစ်တဲ့ နတ်သားရဲကလည်း အဆင့် ၇ နယ်ပယ်မှာ ရှိနေခဲ့တာ"
ယဲ့ကျင်းက မြေပြင်ပေါ်ရှိ ခေါင်းပြတ်ကို စူးစိုက်ကြည့်ရင်းပြောလိုက်၏။
"... ပလပ်..."
မုန့်ရှို့ဝမ်က ခဏမျှတိတ်ဆိတ်သွားပြီးနောက်အံ့အားသင့်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။
"မင်း ဒီလောက်စွမ်းဆောင်နိုင်လာမယ်လို့ ငါ မထင်ထားဘူး"
"ကျွန်မ မဟုတ်ဘူး"
ယဲ့ကျင်းက ခေါင်းယမ်းပြကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရင်း ရှန်းယီကို မြင်သာအောင်ပြလိုက်လေသည်။
"..."
ဤသေးငယ်သောလှုပ်ရှားမှုက မုန့်ရှို့ဝမ်ကို ထိုနေရာတွင်ပင် ငြိမ်သက်သွားစေ၏။ သူ ယဲ့ကျင်းကို ကောင်းကောင်းသိပါသည်။
ဤမိန်းကလေးက မည်သည့်အခါမျှ အပိုမပြောသလိုတာဝန်ကိုလည်း ရှောင်လွှဲမည့်သူမဟုတ်ပေ။
အကယ်၍ ထိုသေဆုံးမှုနှစ်ခုတွင် သူမနှင့် အနည်းငယ်မျှ ပတ်သက်မှုရှိခဲ့ပါက သူမ ဤကဲ့သို့ ပြောလိမ့်မည် မဟုတ်ချေ။
သူ၏အကြည့်က ရှန်းယီ၏တည်ငြိမ်သော အမူအရာထံသို့ ရောက်ရှိသွားပြီး မုန့်ရှို့ဝမ်က သူ၏ဆံပင်များကို ပိုမိုပြင်းထန်စွာဆွဲလိုက်မိသည်။
မြေစောင့်မသေမျိုးက သူ့ဆီကို ဘယ်လိုလူမျိုး လွှတ်လိုက်တာလဲ။
ယခင်ကကဲ့သို့ပင် ပဟေဠိဖြစ်နေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ အဓိပ္ပာယ်မှာ လုံးဝပြောင်းပြန်ဖြစ်သွားခဲ့သည်။
ယခင်က ရှန်းယီက အနည်းငယ်ပါးနပ်သော်လည်း ထိန်းချုပ်ရန်ခက်ခဲပြီး အလွန်အမင်းအစွမ်းမထက်ဟုသူထင်ခဲ့သောကြောင့် အသုံးမဝင်လှဟု ယူဆခဲ့၏။
ယခု အံ့အားသင့်စရာမှာ ဤကဲ့သို့အရည်အချင်းရှိသော လူငယ်တစ်ဦးက အဘယ်ကြောင့် မြေစောင့်မသေမျိုးထံတွင် အလုပ်လာရောက်ရှာဖွေရသနည်းဆိုသည်ပင်။
"ငါ့ကို ကြည့်ပါရစေဦး"
မုန့်ရှို့ဝမ်က ၎င်းတို့ နှစ်ဦးထံသို့လက်ကမ်းလိုက်ပါသည်။
ယဲ့ကျင်းက ကျောက်စိမ်းနဂါးဘိုးဘေး၏အလောင်းကို ထုတ်ပေးလိုက်ပြီး ရှန်းယီကိုကြောင်ကြည့်နေလေသည်။
"..."
၎င်းတို့၏အကြည့်အောက်တွင် ရှန်းယီက အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ဝက်ဝံနတ်ဆိုး၏အလောင်းကို မတတ်သာဘဲထုတ်ပြလိုက်ပါသည်။ သို့သော် ထိုသူနှစ်ဦးသေချာမမြင်ရသေးမီမှာပင် သူ၏လက်စွပ်အတွင်းသို့ လျင်မြန်စွာ ပြန်လည် သိမ်းဆည်းလိုက်လေ၏။
သူ ဤအရာကို လွှဲပြောင်းပေးရန် အစီအစဉ်မရှိပေ။
ယခုအခါ သူနှင့် ကျစ်ယန်က နတ်ဘုရားနယ်မြေသို့ နောက်ခံမရှိဘဲ တစ်ကိုယ်တည်းရောက်ရှိလာခြင်း ဖြစ်ရာ နတ်ဆိုးအလောင်းတစ်ခုချင်းစီက ထပ်ဆောင်းခွန်အားများရရှိစေမည့် ရင်းမြစ်များဖြစ်သလို နတ်ဘုရားနယ်မြေရှိ အင်အားစု အသီးသီးကို ပိုမိုသိရှိနိုင်မည့် အခွင့်အရေးလည်းဖြစ်ပေသည်။
"ရှူး..."
မုန့်ရှို့ဝမ်က သူ၏ထက်မြက်သော မျက်လုံးများဖြင့် ခဏမျှကြည့်ရုံမျှဖြင့်ပင် ဝက်ဝံနတ်ဆိုး၏ ဒဏ်ရာများမှာ အလွန်မြင့်မားသော နည်းစနစ်တစ်ခုကြောင့်ဖြစ်ရမည်ဟု ကောက်ချက်ချနိုင်လိုက်သည်။
"လောကခရီးသည်ကျင့်ကြံသူလား"
"သူက မသေမျိုးနိယာမကိုလည်း သိတယ်"
ယဲ့ကျင်းက မုန့်ရှို့ဝမ်စိုးရိမ်နေသည်ကို သိသဖြင့် စကားတစ်ခွန်းဖြင့်ပင် သူ၏သံသယကို ဖြေဖျောက်ပေးလိုက်သည်။
"မြေစောင့်မသေမျိုးက မင်းက လွတ်လပ်တဲ့ကျင့်ကြံသူလို့ ပြောတယ်"
မုန့်ရှို့ဝမ်က လှည့်လိုက်ပြီး ရှန်းယီကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်လိုက်၏။
"ဒါဆို... ဒါက မင်းရဲ့ကိုယ်ပိုင် ကျင့်ကြံခြင်းနည်းလမ်းပေါ့"
အခြားသော လွတ်လပ်သည့်ကျင့်ကြံသူများက အခြားလမ်းစဥ်မရှိသောကြောင့်သေးငယ်ပြီး လူသိနည်းသောနည်းစနစ်အမျိုးမျိုးကိုသာ သင်ယူရန် အားကိုးကြရသည်။
သို့သော် ဤလူငယ်မှာမူ လမ်းစဥ်သုံးသွယ်မှ နှစ်ခု၏နည်းလမ်းများကို ပေါင်းစပ်ရန်ရည်ရွယ်နေခြင်းလော။
"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
ရှန်းယီက ဤကိစ္စတွင် အချိန်မဖြုန်းလိုသဖြင့် မြေပြင်ပေါ်ရှိခေါင်းပြတ်ကို ပေါ့ပေါ့ပါးပါးပင် ကန်ထုတ်လိုက်သည်။
သို့သော် သူ၏ဤလုပ်ရပ်ကြောင့် မုန့်ရှို့ဝမ်၏ မျက်ခွံများမှာနောက်တစ်ကြိမ် လှုပ်ခါသွားပြန်သည်။
ဤလူငယ်က ဂိုဏ်းသုံးခုနှင့် ဆက်ဆံရာတွင် အနည်းငယ်ထိန်းထိန်းသိမ်းသိမ်းရှိပါ့မည်လောဟု သူ စိုးရိမ်ခဲ့သော်လည်း ယခုလုပ်ရပ်အရဆိုလျှင် ရှန်းယီက စည်းဘောင်မရှိလွန်းမည်ကိုသာ သူ ကြောက်ရပေတော့မည်။
ယင်းမှာ ဂိုဏ်းသုံးခုကိုရိုသေခြင်း၊ မရိုသေခြင်း ကိစ္စ မဟုတ်တော့ပေ။ ဂိုဏ်းသုံးခုကို လုံးဝ ထည့်မတွက်ခြင်းပင်။
"ဘာလုပ်မလဲ ဟုတ်လား..."
မုန့်ရှို့ဝမ်က သူ၏အကြည့်များကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပါသည်။ လူတိုင်း၏လုပ်ရပ်မှာ ပြတ်သားလွန်းလှသဖြင့် ဘာမှထူးထူးခြားခြားဖြစ်မည်မဟုတ်ဟု သူ တွေးလိုက်သည်။
"ပြန်ပြီး သတင်းပို့လိုက်မယ်၊ပြီးရင် သူတို့ လာဖြေရှင်းပါစေ။ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရှင်းဖူးတဲ့ ပထမဆုံးပြဿနာမှမဟုတ်တာ၊ အချက်ပြလိုက်ရုံပဲ"
သူ စကားပြောနေပုံမှာ နတ်ဆိုးသုတ်သင်ရေး အရာရှိ တစ်ဦး၏အငွေ့အသက်မျိုး လုံးဝ မရှိဘဲ ကြမ်းတမ်းလှပေသည်။
"သွားကြစို့"
မုန့်ရှို့ဝမ်က ခေါင်းပြတ်နှင့်ခန္ဓာကိုယ်ကို ကောက်ယူလိုက်ပြီး လက်ကိုဝေ့ယမ်းကာ ထိုနှစ်ဦးကို ကျောက်စိမ်းနဂါးဂိုဏ်းအပြင်ဘက်သို့ ခေါ်ဆောင်သွားလေ၏။
...
ဆယ်ရက်ကျော်ကြာပြီးနောက်၊ ကျန်းယန်စီရင်စု၏မြေစောင့်ဘုရားကျောင်းတွင်...
နီရဲသောမျက်နှာများရှိသည့် တာအိုအလုပ်ကျွေးပြုနှစ်ဦးက စားပွဲတိုလေး၏ဘေးတွင် ထိုင်နေသော လူနှစ်ဦးအတွက် လက်ဖက်ရည်နှင့်ရေတို့ကို လိမ္မာပါးနပ်စွာချပေးရင်း စောင့်ဆိုင်းနေကြလေ၏။
"ကျွန်မညီမက ရှင်တို့အတွက်ပြဿနာတွေ မဖန်တီးခဲ့ပါဘူးနော်"
စားပွဲ၏ညာဘက်တွင် ခါးအထိရှည်သော ဆံပင်နက်များရှိသည့် မိန်းကလေးတစ်ဦးထိုင်နေခဲ့သည်။
ချောမောလှပသောမျက်နှာရှိပြီး ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူရဲကောင်းဆန်သောအငွေ့အသက်များ ရှိနေသည်။
"မင်းအရမ်းစိုးရိမ်လွန်းနေပါပြီ။ ယဲ့ကျင်းက အတော်လေးအရည်အချင်းရှိပြီး ကျန်းယန်စီရင်စုအတွက် ဘေးဒုက္ခများစွာကိုဖြေရှင်းပေးခဲ့တာပါ။ အမှန်အတိုင်းပြောရရင် အဘိုးကြီးဖြစ်တဲ့ ငါကသာ သူမကိုဒုက္ခပေးနေတာပါ"
မင်ကျစ်ယန်က ဤအမျိုးသမီး၏ရှေ့တွင် မည်သည့် မာန်မာနမျှမရှိဘဲ လက်ယှက်ကာပြောလိုက်၏။
သူမက ယဲ့ကျင်း၏အစ်မဖြစ်သလို ၎င်းတို့နှစ်ဦးအကြားအသက်ကွာခြားမှုသိပ်မရှိသော်ငြား ကျင့်ကြံခြင်းအဆင့်မှာမူ မိုးနှင့်မြေကဲ့သို့ အလှမ်းဝေးလှပေသည်။
အကယ်၍ ယဲ့လန်သာ နတ်ဆိုးသုတ်သင်ရေးဌာနသို့ မဝင်ခဲ့ပါက သူမ၏အင်အားနှင့်ဆိုလျှင် မသေမျိုးခုံရုံး၏ပဉ္စမအဆင့် မသေမျိုးအရာရှိအဖြစ် ရွေးချယ်ခံရရန်ပင် အရည်အချင်းပြည့်မီနိုင်ပေသည်။
"ယဲ့လန်လေး ကျန်းယန်စီရင်စုကို အခုလိုလာရတာ အခက်အခဲတစ်စုံတစ်ခုရှိလို့လား"
မြေစောင့်မသေမျိုးအနေဖြင့် နတ်ဆိုးသုတ်သင်ရေးအရာရှိများ ကျောက်စိမ်းနဂါးဂိုဏ်းတွင် ဘာလုပ်ခဲ့ကြသည်ကို မင်ကျစ်ယန်ကောင်းကောင်း သိလေ၏။
"အခက်အခဲရောက်မှာလား မဟုတ်ပါဘူး"
ယဲ့လန်က သူမ၏လက်ကောက်ဝတ်ကို နှိပ်နယ်ရင်း တိုးတိုးလေး ပြောလိုက်၏။
"ချင်းမိန်က ထိုက်ယီတာအိုသစ်သီးကို ရထားပေမဲ့ သူမကချုပ်ချယ်မှုတွေကိုမနှစ်သက်တော့ မသေမျိုးခုံရုံးမှာ ရာထူးမယူထားဘူး။ သူမက လွတ်လပ်တဲ့ကျင့်ကြံသူတစ်ယောက်ပဲ။တကယ်လို့ ကျွန်မတို့က ကိစ္စရပ်တွေကိုသေသေသပ်သပ်ကိုင်တွယ်ပြီး နှုတ်လုံအောင်ထားနိုင်ရင် ဘာပြဿနာမှရှိလာမှာ မဟုတ်ပါဘူး"
နေမလားဟု တွေးတောစရာပင်။