← Chapters

မိသားစုကို ခေါ်ဆောင်လာခြင်း ၂

Vol. 97 Ch. 964

မိသားစုကို ခေါ်ဆောင်လာခြင်း ၂

Vol. 97 Ch. 964

တစ်စုံတစ်ယောက် ရာထူးမှ ထုတ်ပယ်ခံရသည့် ကိစ္စကို မြေစောင့်မသေမျိုး တစ်ယောက်အနေဖြင့် ရှင်းရှင်းလင်းလင်းသိရှိသော်လည်း သူ၏ ရှေ့မှောက်တွင် မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အနည်းငယ် တွေဝေသွားရလေသည်။

အဘယ်ကြောင့်ဆိုသော် လူသုံးယောက်အဖွဲ့တွင် အရှေ့ဆုံး၌ ရပ်နေသူမှာ သူ မျှော်လင့်ထားသည့် ယဲ့ကျင်းမဟုတ်ဘဲ သူကိုယ်တိုင် ပို့ဆောင်ပေးခဲ့သည့် လူငယ်ဖြစ်နေသောကြောင့်ပင်။

၎င်းတို့၏ ရပ်တည်ပုံ အနေအထားမှာ ဘာမှပြောနေစရာမလိုအောင်ပင် အဓိပ္ပာယ်ပေါ်လွင်လှပေသည်။

မဟုတ်သေးပေ... ဒါမျိုး မဖြစ်သင့်ချေ။

သူက ရှန်းယီကို ထိုသူများအားထိန်းကျောင်းရန်အတွက် ပို့လွှတ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ရက်အနည်းငယ်အတွင်းမှာပင် ထိုလူငယ်သည် အဖွဲ့၏ထိပ်ဆုံးသို့ မည်သို့မည်ပုံ ရောက်ရှိသွားသနည်း။

နတ်ဆိုးသတ်ဖြတ်ရေးဌာနသည် မည်သည့်အချိန်မှစ၍ ဤမျှရယ်စရာကောင်းသော နေရာတစ်ခု ဖြစ်သွားခဲ့ပါသနည်း။

သို့ဆိုလျှင် ရှန်းယီကို ထိုနေရာသို့ ပို့လိုက်ခြင်းမှာ အဘယ်အဓိပ္ပာယ် ရှိပါတော့မည်နည်း။ အငြိမ်မနေတတ်သည့် ထိုကျင့်ကြံသူအားပြဿနာများ ပိုမိုဖန်တီးနိုင်ရန် အာဏာစက်များ အပ်နှင်းလိုက်သကဲ့သို့ ဖြစ်မနေပေဘူးလော။

"မင်းတို့တွေ ဘာတွေ တွေးနေကြတာလဲဗျာ..."

မင်ကျစ်ယန်သည် မုန့်ရှို့ဝမ်အား စိုက်ကြည့်ကာ အံကြိတ်၍ စိတ်ချင်းဆက်သွယ်ကာ မေးမြန်းလိုက်လေသည်။

"ဟဲဟဲ... ဒါ ကျုပ်နဲ့ မဆိုင်ဘူးနော်၊ ဒါက စစ်သူကြီးယဲ့လန်ရဲ့ အမိန့်ပဲ"

ထိုနာမည်ကို ကြားလိုက်ရသည့်အခါ မုန့်ရှို့ဝမ်က တစ်ချက်နှာခေါင်းရှုံ့လိုက်သော်လည်း ဘေးနားရှိ ဝတ်ရုံနက်နှင့်လူငယ်ကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်လေသည်။

"စိတ်အေးအေးထားပါဗျ၊ ဒီကောင်လေးက ယဲ့ကျင်းထက်တောင် ပိုပြီး အားကိုးရပါသေးတယ်။ နောက်ပြီး ကျုပ် မုန့်ရှို့ဝမ်က အလကားလူတစ်ယောက်လို့ ခင်ဗျား တကယ်ပဲထင်နေတာလား။ ခင်ဗျားအတွက် သူ့ကို စောင့်ကြည့်ပေးမယ်လို့ ကျုပ်ကတိပေးထားတာပဲ၊ ကျုပ်ကတိအတိုင်း ကျုပ် တည်ပါတယ်"

"..."

မင်ကျစ်ယန်က မုန့်ရှို့ဝမ်၏ ဒုတိယမြောက် စကားစုကိုသာ အာရုံစိုက်လျက်ကြောင်အမ်းအမ်းဖြစ်နေမိလေသည်။

ယဲ့ကျင်းထက် ပိုပြီး အားကိုးရသည်လော။

ကျန်းယန်စီရင်စု၏ မြေစောင့်မသေမျိုး တစ်ပါးအနေဖြင့် ယဲ့ကျင်း၏အကြောင်းကို သူ အလွန်ကောင်းစွာ နားလည်ပါသည်။ သူမသည် သူမ၏ အစ်မကဲ့သို့ ထူးချွန်ပြောင်မြောက်ခြင်း မရှိသော်လည်း ကြီးမားသောခွန်အားရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်ရုံမျှမက တာဝန်ဝတ္တရားများကိုလည်း ဘယ်သောအခါမှ ပျက်ကွက်ခြင်း မရှိသည့် အလွန်တော်သော နတ်ဆိုးသတ်ဖြတ်သူ တစ်ဦးပင် ဖြစ်ပေသည်။

ရှန်းယီသည် ၎င်းတို့နှင့်အတူ တာဝန်တစ်ခုကိုသာ အတူတူထမ်းဆောင်ခဲ့ဖူးပြီး နောက်ဆုံးတွင် စစ်သူကြီးအမည်ခံတစ်ဦး ဝင်ရောက်ဖြေရှင်းပေးရသည်အထိ ပြဿနာများ ဖန်တီးခဲ့သူဖြစ်သော်လည်း မုန့်ရှို့ဝမ်ထံမှ ဤမျှမြင့်မားသော ချီးမွမ်းမှုကို ရရှိနေသည်မှာ အံ့ဩစရာပင်။

ဤမြင်ကွင်းက မြေစောင့်‌မသေမျိုးအား ယခင်က အလားတူပြောဆိုခဲ့ဖူးသော လောကခရီးသည် ကျစ်ခုန်းကို သတိရသွားစေလေသည်။

သူက ရှန်းယီကို အသေအချာ စိုက်ကြည့်မိ၏။ ထိုလူငယ်သည် ကျန်းယန်စီရင်စုသို့ ရောက်ရှိသည်မှာ မကြာသေးသလို မည်သည့် နောက်ခံအင်အားမှလည်း မရှိပေ။

သို့သော် အချိန်တိုအတွင်း၌ ဤမျှ အရေးပါသော ပုဂ္ဂိုလ်များ၏ ယုံကြည်မှုကို ရရှိအောင် မည်သည့်စွမ်းရည်များ ပိုင်ဆိုင်ထားသနည်း။

"အရာရှိရှန်း... ဒီအဘိုးကြီး အခုလေးတင် သတင်းတစ်ခု ရထားတယ်"

သူသည် ဘေးဘီဝဲယာတွင် မည်သူမျှ ပုန်းအောင်းနေခြင်း မရှိကြောင်း အသေအချာ စစ်ဆေးပြီးနောက် ထိုသုံးယောက်အနားသို့ တိုးကပ်ကာ ပြောလိုက်လေသည်။

"ဒီကိစ္စက ကျန်းယန်စီရင်စု တစ်ခုတည်းနဲ့ မဆိုင်ဘူး၊ အိမ်နီးချင်း စီရင်စုသုံးခုရဲ့ ကြားမှာရှိတဲ့ နေရာတစ်ခုနဲ့လည်း ပတ်သက်နေတယ်..."

"တိမ်ဖြူဂူလား"

မုန့်ရှို့ဝမ်က ခေါင်းကို အနည်းငယ် မော့ကာ လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။

"သူတို့ ဘိုးဘေးက မသေမျိုးခုံရုံးမှာ အရာရှိ လုပ်နေတာ မဟုတ်လား"

အဓိကဂိုဏ်းကြီးများအပြင် သာမန်ဂိုဏ်းများ အကြားတွင်လည်း ကွာခြားချက်များ ရှိပေသည်။ အနိမ့်ဆုံး အဆင့်မှာ သင်ကြားဟန်များ ကုန်ဆုံးသွားသည့် ဂိုဏ်းများဖြစ်ကြပြီး ၎င်းတို့အထက်တွင်ဂိုဏ်းကြီးများ သို့မဟုတ် မသေမျိုးခုံရုံး နှင့် အဆက်အသွယ် ရှိနေဆဲ ဂိုဏ်းများ ရှိပါသည်။

အင်အားအကြီးဆုံး ဂိုဏ်းများမှာမူ ထို အဆက်အသွယ်များမှာ ယခုတိုင် သက်ရှိထင်ရှား ရှိနေသည့် ဂိုဏ်းများပင်။

အတိုချုပ် ပြောရလျှင် ၎င်းတို့က မသေမျိုးခုံရုံး၏ အရေးပေးမှုကို တိုက်ရိုက် ရရှိနိုင်သူများဖြစ်ကြ၏။ ၎င်းတို့ကို သွားရောက် ရန်စမိပါက မသေမျိုးခုံရုံးမှ အမိန့်ပေး၍ မသေမျိုးစစ်သည်များကိုပင် စေလွှတ်ကာ အရေးယူနိုင်စွမ်းရှိလေသည်။

"ဟုတ်တယ်"

မင်ကျစ်ယန်က ခေါင်းညိတ်လိုက်လေ၏။ ရှန်းယီသည် နတ်ဆိုးသတ်ဖြတ်ရေး အရာရှိ ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စရပ်များတွင် သူသည် မုန့်ရှို့ဝမ်၏ အဆုံးအဖြတ်ကို ပို၍ ယုံကြည်မိပေသည်။

"တိမ်ဖြူဂူက ကျောက်စိမ်းရွှေသဲတွေထွက်ပြီး မသေမျိုးခုံရုံးကို နှစ်စဉ်ဆက်သရတယ်၊ ဒါပေမဲ့ ဒီနေ့မှာပဲ သတင်းတစ်ခုရောက်လာတယ်၊ သူတို့ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ မသေမျိုးခုံရုံးကနေ ဆုလာဘ်အဖြစ် မသေမျိုးရထားလုံးတစ်စီး ပေးသနားလိုက်တယ်တဲ့"

မသေမျိုးခုံရုံးမှ ပေးသနားသည့် မသေမျိုးရထားလုံးမှာ သာမန်အားဖြင့် စီးတော်ယာဉ်မျှသာ ဖြစ်ပြီး ကျင့်စဉ်များ သို့မဟုတ် မသေမျိုးဆေးလုံးများနှင့် နှိုင်းယှဉ်၍ မရနိုင်ဟု ထင်ရသော်လည်း ၎င်းသည် မသေမျိုးခုံရုံး၏ အသိအမှတ်ပြုမှုကို ကိုယ်စားပြုပေသည်။

မသေမျိုးအရာရှိ တစ်ဦးကိုယ်တိုင် ကျောက်စိမ်းအမိန့်တော်ကို ကိုင်ဆောင်ကာ ရောက်ရှိလာမည့် မြင်ကွင်းမှာ လွန်စွာ ခမ်းနားထည်ဝါလှပေလိမ့်မည်။ ထိုမြင်ကွင်းတစ်ခုတည်းနှင့်ပင် ပတ်ဝန်းကျင်ရှိ မသေမျိုးဂိုဏ်းများကို ခြောက်လှန့်ရန် လုံလောက်လှ၏။

နောင်တစ်ချိန်တွင် ၎င်းတို့ဂိုဏ်းက ဆုတ်ယုတ်သွားခဲ့လျှင်ပင် ထိုမသေမျိုးရထားလုံး ရှိနေသရွေ့ သာမန်လူတစ်ဦးကစီးနင်းထားလျှင်ပင် မည်သူက ရိုသေမှု မပြုဘဲ နေဝံ့အံ့နည်း။

"ဒါဆို ခင်ဗျားပြောချင်တာက... သူတို့က အက်ပါယာမင်းဆက်ကို ဆက်သရမယ့်ဝေစုကို သူတို့ ဘိုးဘေးအတွက် ကောင်းမှုအဖြစ် မသေမျိုးခုံရုံးကို တိုးမြှင့် ပေးလိုက်တယ်ပေါ့ ဟုတ်လား" မုန့်ရှို့ဝမ်က မေးလိုက်လေသည်။

"မင်း မှားနေပြီ"

မင်ကျိရန်က သူ့ကို လေးနက်စွာ ကြည့်လိုက်လေသည်။ "အင်ပါယာမင်းဆက်ကို ဆက်သရမယ့် ဝေစုကတော့ အပြောင်းအလဲ မရှိဘူး"

"ဒါဆိုရင်..."

မုန့်ရှို့ဝမ်သည် အလိုအလျောက်တွေးတောမိသွားပြီး ချက်ချင်းပင် တိတ်ဆိတ်သွားတော့လေသည်။

ဤကဲ့သို့သော ရတနာများ၏ထွက်ရှိနှုန်းကို အင်ပါယာမင်းဆက်က အသေအချာ စစ်ဆေးပြီးသားဖြစ်ပေသည်။ မည်သို့လျှင် ပိုလျှံသော ဝေစုများ ရုတ်တရက် ထွက်ပေါ်လာနိုင်ပြီး တိမ်ဖြူဂူ၏ ဘိုးဘေးအား မသေမျိုးရထားလုံးနှင့် လဲလှယ်ပေးနိုင်သည်အထိ ဖြစ်လာရပါသနည်း။

ဤရတနာများအပေါ် သက်ရောက်မှုရှိနိုင်သည့် အရာများစွာ ရှိသော်လည်း အရှင်းလင်းဆုံးနှင့် အလွယ်ကူဆုံးမှာ ဧကရာဇ်၏လွှမ်းမိုးမှုပင် ဖြစ်လေသည်။

"ငါ ပြောချင်တာက... မင်းက အရင်က အင်အားအကောင်းဆုံး နတ်ဆိုးသတ်ဖြတ်ရေးအရာရှိ တစ်ယောက်ပဲလေ။ ဒီကိစ္စကို သွားပြီး စုံစမ်းကြည့်ပေးပါ။ တကယ်လို့ ပြဿနာ တစ်ခုခု ရှိနေတယ် ဆိုရင်တောင် မင်းအနေနဲ့ နတ်မသေမျိုးခုံရုံးရဲ့ အာဏာကို မဆန့်ကျင်နိုင်ပေမဲ့ သူတို့ကို အတန်အသင့်ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့တော့ သတိပေးလို့ ရတာပေါ့။ ဘာပဲဖြစ်ဖြစ် မသေမျိုးရထားလုံးကိုလည်း လဲလှယ်ပြီးပြီဆိုတော့ သူတို့တွေ သိပ်ပြီးတော့ကျွံမထွက်သွားသင့်ဘူးလေ"

မင်ကျစ်ယန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

"အရာရှိရှန်း... မင်း ဘယ်လို ထင်လဲ"

မုန့်ရှို့ဝမ်က ရှန်းယီဘက်သို့ လှည့်၍ မေးလိုက်၏။ အမှန်တကယ်ဆိုလျှင် ဤကိစ္စမှာ ကျန်းယန်စီရင်စုမှ နတ်ဆိုးသတ်ဖြတ်သူများ ကိုင်တွယ်ရမည့် ကိစ္စမဟုတ်သလို မင်ကျစ်ယန်နှင့်လည်း သိပ်မသက်ဆိုင်လှပေ။

ယခင်ကဆိုလျှင် ထိုအဘိုးကြီး၏ စကားတစ်ခွန်းဖြင့် သူသည် ဘာအလုပ်မှ မရှိလျှင်ပင် သွားရောက်ပေးမည် ဖြစ်သော်လည်း ယခုအခါတွင်မူ ရှန်းယီက ခေါင်းဆောင်ဖြစ်နေသဖြင့် သူ၏ သဘောထားက အရေးကြီးလေသည်။

"သွားကြည့်ကြတာပေါ့"

ရှန်းယီက ဝေခွဲမနေဘဲ ခေါင်းညိတ်ပြလိုက်လေသည်။ ယခုအချိန်တွင် သူသည် နက်ရှိုင်းသော ရေကန်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ရာ လှိုင်းလုံးတစ်ခု တိုးလာခြင်းမှာ သူ့အတွက် အရေးမကြီးတော့ပေ။

နတ်ဆိုးများ၏ သက်တမ်းမှာ ယာယီအားဖြင့် လုံလောက်နေသော်လည်း ပို၍အရေးကြီးသည်မှာ ထိုသက်တမ်းများကို မည်သို့အသုံးချရမည် ဆိုသည့် နည်းလမ်းပင်။ တရားဝင် အလုပ်တာဝန်များကို အကြောင်းပြကာ လှည့်လည်သွားလာခြင်းမှာ အမြဲတမ်း မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်ပေသည်။

"..."

မင်ကျစ်ယန်မှာ ရုတ်တရက် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရလေသည်။

အဘယ်ကြောင့် မသိသော်လည်း ဤလူငယ် ပါဝင်လာသည်နှင့်အမျှ သူ့တွင် ထူးဆန်းသော ခံစားချက်တစ်ခု အမြဲဖြစ်ပေါ်နေပါသည်။ ထိုလူငယ်၏ ကျင့်ကြံခြင်းမှာ အလွန်မမြင့်မားလှသော်လည်း အချိန်မရွေးပရမ်းပတာများဖြစ်ပေါ်လာစေနိုင်သည့် အငွေ့အသက်မျိုး ရှိနေပေသည်။

မင်ကျစ်ာန်မှာ သူ၏အတွေးများ မှားယွင်းပါစေဟုသာ ဆုတောင်းနိုင်တော့လေသည်။

"တာဝန်ထမ်းဆောင်တဲ့အခါ သတိထားကြဦးနော်။ ဘာပဲဖြစ်ဖြစ် မသေမျိုးအရာရှိ တစ်ယောက် ရောက်နေတာဆိုတော့ နတ်ဆိုးသတ်ဖြတ်ရေးဌာနရဲ့အငွေ့အသက်တွေကို ဘယ်သူမှ မရိပ်မိပါစေနဲ့" သူက သတိပေးလိုက်ပြန်သည်။

"စိတ်ချပါ"

ထိုမြေစောင့်မသေမျိုးက သူ့အပေါ် သံသယအချို့ ရှိနေကြောင်း ရှန်းယီ သိသော်လည်း အထွေအထွေ ရှင်းပြနေရန် မလိုအပ်ဟု ယူဆပေသည်။ သူသည် အမှန်တကယ်ပင် ပြဿနာရှာရသည်ကို ဝါသနာပါသူ မဟုတ်ပေ။

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့"

မင်ကျစ်ယန်မှာ အတန်ငယ် စိတ်သက်သာရာရသွားပြီး လက်ကို ဝှေ့ယမ်းကာ မသေမျိုးရထားလုံး တစ်စီးကို ဆင့်ခေါ်လိုက်လေသည်။ ဤမြင်းမှာ ရှန်းယီ ယခင်က စီးနင်းခဲ့သောမြင်းထက်ပိုမိုကြီးမားပြီး လှပကာ ရထားလုံးမှာလည်း ပိုမိုသန့်ရှင်းသပ်ရပ်လေသည်။

သူသည် ထိုသုံးယောက် ထွက်ခွာသွားသည်ကို ကြည့်နေမိလေသည်။ ခေတ္တမျှစဉ်းစားပြီးနောက် သူသည် လှည့်ထွက်ကာ မြေစောင့်ဘုရားကျောင်း ရှိရာသို့ လျှောက်လှမ်းသွားခဲ့၏။

ထိုအချိန်တွင် အလုပ်အကြွေးပြုနှစ်ဦးမှာ ထူးဆန်းသောမျက်နှာအမူအရာများဖြင့် အပြင်မှ ပြန်လည်ရောက်ရှိလာကြသည်။ ၎င်းတို့နောက်တွင် လူအုပ်ကြီး တစ်အုပ်ပါလာခဲ့၏။

ခေါင်းဆောင်လာသူမှာ ကျန်းယန်စီရင်စု၏ မိုးခေါ် တမန်တော်သစ် မင်းသားကျစ်ယန်ပင် ဖြစ်လေသည်။ သူ၏နောက်တွင် ပါလာသော လူများမှာမူ အဝတ်အစားမျိုးစုံဝတ်ဆင်ထားကာ စနစ်တကျ မရှိဘဲ ပရမ်းပတာဖြစ်နေကြလေသည်။

၎င်းတို့အထဲတွင် အလွန်တရာရုပ်ရည်ချောမောသော လူငယ်များ ပါဝင်သလို၊ ရုပ်ဆိုးကာ သာမန်ကာလျှံကာ အဘိုးကြီးများလည်း ပါဝင်ကြပေသည်။ ကြမ်းတမ်းသော သစ်သားခန္ဓာကိုယ်တစ်ခုပင် ပါဝင်နေသေး၏။

"မင်း... မင်းက ဒီအဘိုးကြီးကို ဘာမှတ်နေတာလဲ..."

မြေစောင့်မသေမျိုးက ရုတ်တရက် ရင်ဘတ်ထဲတွင် မွန်းကြပ်ကာ အသက်ရှူရခက်ခဲသွားလေသည်။ သူ၏အတွေ့အကြုံအရ မင်းသားကျစ်ယန် ဘာကို ကြံစည်နေသည်ကို သူမသိဘဲ နေပါမည်လော။ အဝေးနေရာမှ ရောက်လာကြသူများက အခြေကျသည်နှင့် ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ သူတို့၏မိသားစုများကို ခေါ်ဆောင်လာခြင်းပင်။

၎င်းကို သူ နားလည်ပေးနိုင်ပါသည်။ သို့သော်... ဤကဲ့သို့သော နည်းလမ်းဖြင့်ခေါ်ဆောင်လာခြင်းကိုမူ သူ မည်သို့မျှ လက်မခံနိုင်ပေ။

"အဟမ်း..."

မင်းသားကျစ်ယန်က နှစ်ချက်မျှ ချောင်းဟန့်ကာ အတင်းပြုံး၍ ပြောလိုက်၏။

"အဆင်ပြေသလိုပဲ စီစဉ်ပေးပါဗျာ၊ ကျွန်တော်တို့က သိပ်ပြီး ဇီဇာမကြောင်ပါဘူး၊ ဂိုဏ်းထဲကိုပဲ ဝင်ရဝင်ရ၊ ဒါမှမဟုတ် တာဝန်တစ်ခုခုပဲ ထမ်းဆောင်ရထမ်းဆောင်ရ..."

သူ စကားပြောလိုက်သည်နှင့် သူ့နောက်မှ လူများ၏မျက်နှာများမှာ တစ်မျိုး ဖြစ်သွားကြလေသည်။

ကျစ်ရှန်းက မျက်တောင်တခတ်ခတ်ဖြင့် ကြည့်နေမိ၏။ သူမ၏ အစ်ကိုက ဤစည်ကားလှသော ပြင်ပကမ္ဘာတွင် သူ ရေးလိုက်သည့် စာများထဲကကဲ့သို့ မြင့်မားသော အဆင့်အတန်း မရှိပုံရပေ။

သူသည် အင်ပါယာမင်းဆက်နန်းတော်သို့ ဝင်ရောက်ပြီး အဆင့်မြင့်အရာရှိကြီး ဖြစ်နေပြီဟု ပြောခဲ့သည် မဟုတ်ပါလော။

"..."

မင်ကျစ်ယန်သည် အသက်ကို ပြင်းပြင်းရှူကာ ရင်ဘတ်ထဲမှ မွန်းကြပ်မှုကို အတန်ငယ် ထိန်းချုပ်လိုက်ရ၏။ သူ၏မျက်နှာတွင် အားကိုးရာမဲ့သော အမူအရာများ ပေါ်ပေါက်လာပြီး လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ငါ့ကို စဉ်းစားဖို့ ရက်အနည်းငယ်လောက် အချိန်ပေးဦး"

"ဒါပေါ့... ဒါပေါ့၊ ကျွန်တော် ဒီသူငယ်ချင်းဟောင်းတွေကို ခေါ်လာတာကလည်း အဓိကကတော့ နာမည်စာရင်း သွင်းချင်လို့ပါ"

မင်းသားကျစ်ယန်က မသေမျိုးအလုပ်ကြွေးပြုနှစ်ဦးအား ပြုံးပြလိုက်လေသည်။

"ဒါက... တကယ်ပဲ လိုအပ်လို့လားဗျာ"

ထိုသူနှစ်ဦးမှာ မျက်တောင်တဖျပ်ဖျပ် ခတ်နေမိကြလေသည်။

ဤလူအုပ်ထဲတွင် နတ်ဘုရားစိတ်ဝိညဥ်အဆင့် ရှိသည့် ကျင့်ကြံသူများပင် ပါဝင်နေပေသည်။ မည်သည့် ဂိုဏ်းကမျှ ဤမျှကျင့်ကြံခြင်းမြင့်မားသည့် တပည့်ခေးများကို တောင်ပေါ်မှ ဆင်းခွင့်ပြုမည် မဟုတ်ပေ။ ဤကဲ့သို့သော လူအုပ်စုမှာ ပြဿနာ ရှာနိုင်သည့် အစွမ်းပိုရှိပုံရပေသည်။

၎င်းတို့သည် ဒုက္ခသည်များနှင့် ပို၍ တူနေလေ၏။

"ဒါနဲ့... ကျွန်တော့်ရဲ့ အစ်ကိုကြီးရော ဘယ်မှာလဲ"

မင်းသားကျစ်ယန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာများ ပေါ်လာလေသည်။ ဤကဲ့သို့သော အရှက်ကွဲမှုကို သူတစ်ဦးတည်း မခံစားနိုင်ပေ။ ဂိုဏ်းချုပ်ရှန်းကိုသာ ကြည့်ပါ၊ သူသည်လည်း မိုးရွာသည့်နေရာတွင် မင်းသားကျစ်ယန်ကိုသာ အားကိုးနေရသည် မဟုတ်လော။

မည်သို့ပင်ဖြစ်စေ ဤအရာက နတ်ဘုရားနယ်မြေမဟုတ်လော၊ တစ်ညတည်းနှင့် အောင်မြင်မှုရဖို့ဆိုတာ မဖြစ်နိုင်ပေ။

ထိုစကားကို ကြားလိုက်ရသည့်အခါ ထိုနေရာရှိ လူအားလုံး၏အကြည့်များမှာ သူ့ထံသို့ ရောက်ရှိသွားကြလေသည်။

"သူလား"

ရှန်းယီသည် ကျန်းယန်စီရင်စု၏ နတ်ဆိုးသတ်ဖြတ်ရေးအရာရှိ ဖြစ်သွားသည်ကို မင်ကျစ်ယန် သတိရသွားသည့် အခိုက်အတန့်တွင် သူ၏ မျက်နှာပေါ်မှ အားကိုးရာမဲ့သော အမူအရာမှာ ပို၍ နက်ရှိုင်းသွားတော့လေသည်။ သူသည် ဘာမှ မပြောတော့ဘဲ လက်ကို ဝှေ့ယမ်းကာ မြေစောင့်ဘုရားကျောင်းအတွင်းသို့ ဝင်သွားလေတော့သည်။

သို့သော် ထိုသို့ လုပ်ဆောင်လိုက်သည့် အခိုက်အတန့်တွင် ထူးဆန်းစွာပြုမူနေကြသော ဒုက္ခသည်များ၏ မျက်လုံးများထဲ၌ တစ်ပြိုင်နက်တည်းလိုလို ပြင်းထန်သောအလင်းတန်းများ ပေါ်ပေါက်လာသည်ကို သူ သတိမထားမိခဲ့ပေ။

အလောင်းတောင်၊ သွေးပင်လယ်များကြားမှ ရုန်းထွက်လာခဲ့သည့် ထိုသူတို့၏ထူးခြားသော အငွေ့အသက်များကြောင့် မသေမျိုးအလုပ်ကြွေးပြုသူ နှစ်ဦး၏မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြလေတော့သည်။

All Chapters