← Chapters

ဆွဲဆောင်ခြင်းနှင့်တန်ပြန်ဆွဲ‌ေဆာင်ခြင်း 

Vol. 35 Ch. 360

ဆွဲဆောင်ခြင်းနှင့်တန်ပြန်ဆွဲ‌ေဆာင်ခြင်း 

Vol. 35 Ch. 360

တစ်ရက်ကြာပြီးနောက် ကျန်းချန်းရှန်နှင့်အခြားသူများ လူနှစ်ယောက်စီခေါ်ကာ ဂိုဏ်းသို့ပြန်ရောက်လာခဲ့ကြသည်။

တကယ်တော့ လင်းယွင်ကျိက သူတို့ကိုမနေ့ကတည်းက သတင်းပေးခဲ့ခြင်းဖြစ်ပြီး ခရီးလမ်းဝေးကွာမှုကြောင့်သာ ကြာသွားခဲ့ရခြင်း ဖြစ်၏။

သူတို့ ၂၁ ယောက်ဆုံသောအခါ မေးလိုက်ကြသည်။

“စီနီယာအစ်ကိုကြီး အရေးကြီးတာတစ်ခုခုဖြစ်ခဲ့လို့လား”

အရေးမကြီးလျှင် လင်းယွင်ကျိကိုယ်တိုင်ရောက်လာခဲ့မည် မဟုတ်ပေ။

ကျန်းယန် သူတို့ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်၏။

“ကိစ္စကြီးတော့ မဟုတ်ပါဘူး ဒါပေမယ့် အလောတကြီးတော့နိုင်တယ် အဲ့တာကြောင့် စီနီယာဦးလေးလင်းယွင်ကို လွှတ်လိုက်ရတာ

၀မ်လင် အဇူရာတိမ်မြို့အစိုးရရုံးကိုသွားပြီး မင်းရဲ့လက်ရှိ ကိုယ်ရေးအချက်အလက်တွေကို လျူမင်ကျိကို ပေးလိုက် လျုချောင် အဇူရာတိမ်ဧည့်ဂေဟာကိုသွားပြီး ချွန်းရှောင်ရဲ့အမိန့်ကို သွားနာခံ ကျန်းချန်းရှန် မင်းက တုန်ဖူတည်းခိုခန်း အခန်းနံပါတ် ၁ ကိုသွား ဖေးယွမ်ကအဇူရာတိမ်ဧည့်ဂေဟာရဲ့ ခြံ၀န်းနံပါတ် ၉ ကိုသွား….”

တခဏအတွင်း ကျန်းယန် လူ၂၁ယောက်လုံးကို တာ၀န်များ ပေးအပ်လိုက်၏။

ထိုထဲတွင် ကျန်းချန်းရှန်နှင့်လူအချို့က လန်ကျားအထွတ်အမြတ်မြေမှ လူများနှင့်တွေ့ရန် ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

ကျန် ၁၄‌ယောက်ကတော့ သူတို့အရမ်းမသိသာသွားစေရန် ကာဗာယူထားခြင်းသာ ဖြစ်၏။ သူတို့ကိုလည်း တာ၀န်များပေးလိုက်သောကြောင့် ကျန် ၇ယောက်ကို ထိုကိစ္စအတွက်လွှတ်လိုက်တယ်ဆိုတာ ဘယ်သူမှ သိတော့မည် မဟုတ်ပေ။

လူတိုင်း ဇဝေဇဝါဖြစ်သွားခဲ့ကြသည်။

ပေးအပ်လိုက်သောတာ၀န်များက အရေးကြီးဟန်လည်း ပေါက်မနေပေ။

သို့သော် အရင်က လန်ကျားအထွတ်အမြတ်မြေမှလူနှင့် ဆက်သွယ်ဖူးသော ကျန်းချန်းရှန်ကတော့ တုန်ဖူတည်းခိုခန်း၏ အရေးပါပုံကို ချက်ချင်း နားလည်သွားခဲ့၏။

သူ့အမူအရာ တင်းကြပ်သွားခဲ့သည်။

အဲ့ဒီလူတွေအားလုံးက …အခြားဂိုဏ်းတွေက ပို့ထားတဲ့ သူလျှိုတွေလား။

သူသည် အဇူရာဂိုဏ်းတွင်နေဖို့ ဆုံးဖြတ်ထားသော်လည်း အခြားသူများကရော သူ့လိုဆုံးဖြတ်ပါမည်လော။

လေးလံသောအတွေးများနှင့်အတူ သူအခန်းနံပါတ် ၁ ဆီရောက်လာခဲ့ပြီး သူ့ကိုစောင့်နေသော ချီကျန်းနှင့်တွေ့ဆုံခဲ့၏။

“သခင်လေး မတွေ့တာကြာပြီနော်” ချီကျန်းပြုံး၍ နှုတ်ဆက်လိုက်သည်။

ကျန်းချန်းရှန် သူ့ကိုအေးအေးဆေးဆေးတစ်ချက်ကြည့်လိုက်ကာ

“ခင်ဗျားဘာလို့ဒီရောက်နေလဲ ကျွန်တော်သိပြီးပြီ ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ ကျွန်တော်အဇူရာတိမ်ဂိုဏ်းမှာပဲ နေမှာ”

ချီကျန်း၏ အမူအရာ ပြောင်းလဲသွားခဲ့၏။

“သခင်လေးကို ရှင်းရှင်းလင်းလင်းမပြောခဲ့မိဘူး ထင်တယ် ကျွန်တော်က လန်ကျားအထွတ်အမြတ်‌မြေကပါ အခုက သခင်လေးကို လာပြန်ခေါ်တာ

သူတော်စင်သခင်က အမိန့်ပေးလိုက်တယ် သခင်လေးပြန်ရောက်တာနဲ့ သခင်လေးကို အပြည့်အ၀ လေ့ကျင့်ပေးရမယ်တဲ့

သူတော်စင်သခင် ဘယ်သူလဲဆိုတာ သိတယ်မလား”

“ကျွန်တော် အဇူရာတိမ်သတင်းစာ ဖတ်ပြီးသွားပြီ” ကျန်းချန်းရှန် ခေါင်းငြိမ့်ပြလိုက်သည်။

“ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်အစကတည်းက သိပါတယ်

ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ရှင်းရှင်းလင်းလင်းသိတယ် ကျွန်တော် လန်ကျားအထွတ်အမြတ်မြေဆီ ပြန်လိုက်မှာမဟုတ်ဘူး”

ချီကျန်း၏ မျက်နှာ မည်းမှောင်သွားခဲ့၏။

သူကျန်းချန်းရှန်ကို ထိန်းချုပ်၍ မရတော့ပေ။

အကယ်၍ သူထိုတာ၀န်ကို ကျရှုံးသွားခဲ့လျှင် သူတော်စင်သခင်က သူ့ကိုဘယ်လိုမြင်သွားပါမည်နည်း။

သူ့ကံကြမ္မာက ကောင်းတော့မှာ မဟုတ်ပေ။

တခဏရပ်ပြီးနောက် သူလေးလေးနက်နက်ပြောလိုက်သည်။

“သခင်လေး ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ လန်ကျားအထွတ်အမြတ်မြေကို ပြန်တာက ဒီမှာနေတာထက် အများကြီးပိုပြီး အကျိုးရှိမှာပါ”

တကယ်တော့ ဤပါရမီရှင်များကို လန်ကျားအထွတ်အမြတ်မြေက သေချာစနစ်တကျ ရွေးချယ်ထားခဲ့ခြင်း ဖြစ်၏။

အကယ်၍ အဇူရာတိမ်ဂိုဏ်းက သူတို့ကို လက်မခံလျှင်တောင် ဂိုဏ်းတွင်ခေါ်ထားနိုင်သည့်သူများ ဖြစ်ကြသည်။

အခုအခါ သူတို့ထံတွင် အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်ချက်များပါ ရှိနေပြီဖြစ်လေရာ လန်ကျားအထွတ်အမြတ်မြေအတွက် သူတို့ကို ပြန်ခေါ်ဖို့က အတော်လေးအရေးပါသော ကိစ္စဖြစ်နေခဲ့ချေပြီ။

“ကျွန်တော်ဒီမှာနေရတာ ပိုပြီး သက်တောင့်သက်သာရှိတယ်” ကျန်းချန်းရှန် ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။

“လန်ကျားအထွတ်အမြတ်မြေက လေ့ကျင့်ပေးမှာကိုလည်း စိတ်မ၀င်စားဘူး”

ချီကျန်း ကျန်းချန်းရှန်ကိုစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သခင်လေး သခင်လေးမိသားစုကို မေ့သွားပြီလား”

“မမေ့ပါဘူး”ကျန်းချန်းရှန် အေးအေးဆေးဆေးဖြေလိုက်သည်။

“ဒါပေမယ့် ကျွန်တော်ကြားတာတော့ လန်ကျားအထွတ်အမြတ်မြေက ကိုယ်ကျင့်တရားကို တန်ဖိုးထားတယ်တဲ့ သူတို့က မိသားစုနဲ့တော့ မခြိမ်းခြောက်လောက်ပါဘူး

တကယ်လို့ သူတို့လုပ်ခဲ့ရင်လည်း အဲ့တာက ကျွန်တော့်ရွေးချယ်မှု‌မှန်ခဲ့တယ်ဆိုတာ သက်သေပြထားပြီးသား ဖြစ်သွားလိမ့်မယ်

ပြီးတော့ အဲ့ဒီလိုဖြစ်လာရင် လန်ကျားအထွတ်အမြတ်မြေက ကျွန်တောတို့ရန်သူ ဖြစ်လာလိမ့်မယ်

ကျွန်တော်ကအခုဆို ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်သုံးယောက်ထဲက တစ်ယောက်ပဲ ကျွန်တော့်လုပ်နိုင်စွမ်းကို အထင်မသေးပါနဲ့”

ချီကျန်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ ကျန်းချန်းရှန် အခုလို ရာထူးမျိုးရထားလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

ထိုအရာကြောင့် သူ့ကို ပိုပြီးပင်ပြန်ခေါ်ချင်သွားခဲ့သည်။

သူအသာအယာပြုံးကာ ပြောလိုက်၏။

“သခင်လေး အရင်က သခင်လေးကျွန်တော်တို့ကို လျှို့ဝှက်ပြီးပေးခဲ့တဲ့ သေနတ်ကိုမှတ်မိလား

တကယ်လို့ အဇူရာတိမ်ဂိုဏ်းကသာအဲ့ဒီကိစ္စကိုသိသွားရင် သခင်လေး ဒီမှာဆက်နေလို့ ရပါဦးမလား”

သူအသာစီးရလိုက်ပြီဟု ချီကျန်း‌ေတွးလိုက်မိသည်။

သို့သော် ကျန်းချန်းရှန်ပြုံးကာ အသံကိုနှိမ့်ပြီး ပြောလိုက်၏။

“အဲ့ဒီသေနတ်လား အဲ့တာက စီနီယာအစ်ကိုကြီးယူသွားစေချင်လို့ ယူသွားပေးခဲ့တာလေ

အဲ့တာက ပြုပြင်ထားတဲ့ပုံစံကြီး တကယ့်သေနတ်ထက် အများကြီးပိုပြီး အားနည်းတယ်

တကယ်လို့ လန်ကျားအထွတ်အမြတ်မြေကသာ ခင်ဗျား အဲ့ဒီလက်နက်အတုကြီးကို ယူသွားပြီ ဂိုဏ်းရဲ့အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ခဲ့တာ သိသွားခဲ့ရင်….အကျိုးဆက်တွေကို တွေးမိရဲ့လား”

ချီကျန်းမျက်နှာ ဖြူဖျော့သွားခဲ့၏။

“မင်းဆိုလိုတာက…မင်းရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား”

လန်ကျားအထွတ်အမြတ်မြေသည် သောင်းနှင့်ချီသောသေနတ်များကို ထုတ်လုပ်ထားပြီး ဖြစ်သည်။

အကယ်၍ ထိုကိစ္စကိုသာ အထက်လူကြီးများ သိသွားခဲ့မည် ဆိုလျှင်…

ကျန်းချန်းရှန် ခေါင်းငြိမ့်ပြလိုက်၏။

“တကယ်လို့ ခင်ဗျားကျွန်တော်ပြောတာနားထောင်ရင် ဒီကိစ္စကို သတင်းပြန်မပို့ဘူး မဟုတ်ရင်တော့ လန်ကျားအထွတ်အမြတ်မြေက ခင်ဗျားအသက်ကို ချမ်းသာပေးမပေး လောင်းကြည့်လိုက်ပေါ့”

ချီကျန်း ကြောင်အသွားခဲ့သည်။

သူကျန်းချန်းရှန်ကို ဆွဲဆောင်ဖို့လာခဲ့ခြင်းဖြစ်သော်လည်း ပြန်ပြီး ဆွဲဆောင်ခံနေရချေပြီ။

ပိုဆိုးသည်မှာ သူအန္တရာယ်ထဲကျရောက်နေခြင်းပင်။ အကယ်၍ ဂိုဏ်းကသာထိုကိစ္စသိသွားလျှင် ဒုက္ခရောက်မှာက သူဖြစ်သည်။ ကျန်းချန်းရှန် မဟုတ်ပေ။

နောက်ဆုံးတွင် သူသည် နတ်ဝိညာဉ်‌အဆင့်လေးတစ်ယောက်သာ မဟုတ်ပါလော။

ကျန်းချန်းရှန် ပြုံးလိုက်၏။

“စိတ်အေးအေးထားပါ ကျွန်တော်ဘယ်သူ့ကိုမှ မပြောပါဘူး ဒီကိစ္စမဖြစ်ခဲ့သလိုဘဲ သဘောထားပေးမယ်

တကယ်လို့ ဆွဲဆောင်တာကျရှုံးခဲ့ရင်တောင် ဘယ်သူမှ ခင်ဗျားကိုအပြစ်တင်မှာမဟုတ်ဘူး အခြားသူတွေလည်း ကျရှုံးမှာ မလို့ပဲ

လက်နက်သုတေသနက ကျရှုံးသွားတာကြောင့်လို့လည်း ရိုးရိုးလေး ဆင်ခြေပေးလို့ရသေးတယ်

ဒါပေါ့ ခင်ဗျားကိုယ်တိုင်ထုတ်ပြောလိုက်ရင်တော့ ဒါကခင်ဗျားကိစ္စပဲ”

ချီကျန်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ အနည်းဆုံးတော့ သူ့အား လန်ကျားအထွတ်အမြတ်မြေကို သစ္စာဖောက်ဖို့ အတင်းအကြပ် ဖိအားပေးမခံရသေးပေ။

သူအားတင်း၍ ပြုံးလိုက်ကာ

“မင်းက အဇူရာတိမ်ဂိုဏ်းမှာ ရာထူးကြီးကြီးရထားမှတော့ မင်းကိုဆွဲဆောင်လို့မရတာ ပုံမှန်ပါပဲ

မင်းဒီနေရာမှာ ချောချောမွေ့မွေ့နဲ့ ပိုအောင်မြင်နိုင်ဖို့ ငါ‌ဆုတောင်းပေးပါတယ်”

“ကျွန်တော် အောင်မြင်မှာပါ” ကျန်းချန်းရှန် ပြောလိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားခဲ့လေသည်။

သူထွက်သွားတာကိုကြည့်နေရင်း ချီကျန်း၏မျက်နှာ မည်းမှောင်နေခဲ့၏။

နှစ်ပေါင်းများစွာ စီစဉ်ထားသော အစီအစဉ်သည် လုံး၀ဖျက်ဆီခံလိုက်ရချေပြီ။

ပိုဆိုးသည်မှာ သူ့အားနည်းချက်တစ်ခုက ကျန်းချန်းရှန်လက်ထဲ ရောက်နေခြင်းသာ ဖြစ်သည်။

All Chapters