ပါရမီရှင် ၇ယောက် ပို့ပေးတဲ့အတွက် ကျေးဇူးပါ
Vol. 35 Ch. 361
“စီနီယာအစ်ကိုကြီး စီနီယာအစ်ကိုကြီး”
မကြာခင်တွင် ဖေးယွမ်တောင်ပေါ်သို့ ပြေးတက်လာခဲ့ပြီး ကျန်းယန်ကိုလာရှာခဲ့၏။
“ဘာဖြစ်လို့လဲ” ကျန်းယန် အံ့အားတကြီး မေးလိုက်သည်။
အနားက တုရှန်ပင် အံ့အားသင့်သွားခဲ့၏။ စာရင်းထဲတွင်ပါသော ထိုကလေးက အဘယ်ကြောင့်အလောတကြီး ပြန်ပြေးလာရပါသနည်း။
“စီနီယာအစ်ကိုကြီး ကျွန်တော့်ကိုငွေနည်းနည်းလောက် ချေးလို့ရမလား…ကျွန်တော်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ လိုနေလို့” ဖေးယွမ် ခေါင်းကိုငုံ့ကာ နေရခက်နေဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် ခေါင်းပြန်မော့ကာ လေးလေးနက်နက်ပြောလိုက်၏။
“ကျွန်တော်၁သိန်းပြည့်အောင် စုပြီးရင် အစ်ကိုကြီးကို ပြန်ပေးပါ့မယ်”
“အို့” ကျန်းယန် အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ထုတ်ကာ သူ့လက်ထဲထည့်ပေးလိုက်ပြီး မေးလိုက်သည်။
“မင်းကဘာအတွက် လိုတာတုန်း”
“ကျွန်တော့်ဘ၀ကို၀ယ်ဖို့ပါ” ဖေးယွမ် ကျောက်တုံးကိုယူလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်၏။ ထွက်မသွားခင်တွင် သူတစ်ချက်ရပ်လိုက်ပြီး
“ကျွန်တော်ငယ်ငယ်တုန်းကတည်းက ကျွန်တော့်မိဘတွေက ဆုံးသွားခဲ့တာ အဲ့ဒီတုန်းက ကျွန်တော်အမြဲဆာလောင်နေခဲ့ရတာ အဲ့ဒီအချိန် ဦးလေးချန်က ကျွန်တော့်ကိုကယ်တင်ပြီး အစားအစာတွေ ပေးခဲ့တာ
နောက်တော့ ဦးလေးချန်က ကျွန်တော့်ကို အဇူရာတိမ်ဂိုဏ်းဆီခေါ်လာတယ်
ကျွန်တော်သူ့ကို ကျေးဇူးကြွေးကြီးတစ်ခုတင်နေတယ် အဲ့တာကို ဘယ်တော့မှပြန်ဆပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်နေခဲ့မိတယ် ဒါပေမယ့် ဒီနေ့တော့ အကုန်လုံးက အစီအစဉ်တကျ စီစဉ်ထားတာတွေပဲဆိုတာ ကျွန်တော်သိခဲ့ရတယ်
အဲ့တာကြောင့် ဒီအသက်ကယ်ခဲ့တဲ့ ကျေးဇူးကြွေးက အဲ့လောက်ကြီးမားမနေတော့ဘူး
အဲ့တာနဲ့ပဲ ကျွန်တော်သူ့ကို ငွေပြန်ပေးပြီး အကြွေးဆပ်ဖို့ ဆုံးဖြတ်ခဲ့တာ”
ကျန်းယန် သူ့ဆီလျှောက်သွားပြီး သူ့ပုခုံးကို ပုတ်လိုက်ကာ
“ဒါဆို ၁သိန်းက မလုံလောက်ဘူး ငါမင်းကိုနောက်ထပ် ၁သိန်းထပ်ပေးမယ်”
သူအလယ်အဆင့်ကျောက်တုံး ၁၀၀၀ ထပ်ထုတ်ပေးလိုက်ပြီး ပြုံးလိုက်၏။
“အခုမင်းငါ့ကို စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀၀၀ အကြွေးတင်နေပြီနော်”
ဖေးယွမ်တောင့်တင်းသွားပြီး အော်ပြောလိုက်သည်။
“နားလည်ပါပြီ စီနီယာအစ်ကိုကြီး”
ထို့နောက် သူသိုလှောင်အိတ်နှစ်လုံးကိုယူကာ တောင်အောက်သို့ ပြေးဆင်းသွားခဲ့၏။
ကျန်းယန် တုရှန်ဘက်လှည့်ပြီး ပြုံးလိုက်ကာ
“ဒါက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀တုံးပဲ”
တုရှန် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်မိသည်။ နောက်ထပ် ပါရမီရှင်တစ်ယောက် အဇူရာတိမ်ဂိုဏ်းဆီ ရောက်သွားခဲ့ပြန်ချေပြီ။
အားလုံးကို လန်ကျားအထွတ်အမြတ်မြေက အစီအစဉ်ချပြီး အဇူရာတိမ်ဂိုဏ်းဆီ ပို့ဆောင်ခဲ့ခြင်း ဖြစ်၏။ အခုတော့ ထိုထဲမှ တစ်ယောက်က တကယ်ကြီး အဇူရာတိမ်ဂိုဏ်းသား ဖြစ်သွားခဲ့လေသည်။
“ဒီမှာ ထိပ်တန်းအဆင့် ဆယ်တုံး” တုရှန် ကျောက်တုံးများထုတ်ကာ လက်လွှဲပေးလိုက်၏။
“မလောပါနဲ့ နောက်ဆုံးကျမှ အားလုံးပေါင်းပေး” ကျန်းယန် ကုလားထိုင်တွင်ပြန်ထိုင်ကာ မှီရင်း ပြောလိုက်သည်။
တုရှန် သူ့ကိုကြည့်လိုက်၏။
“မင်းမှာ အဲ့လောက်တောင် ယုံကြည်မှုရှိတယ်လား”
“၉၉ရာခိုင်နှုန်း လောက်ပါပဲ”
တုရှန် ဆွံ့အသွားခဲ့သည်။
ငါတို့ ပါရမီရှင်တွေအကုန် အဇူရာတိမ်ဂိုဏ်းဆီ ပါသွားမှာတော့ မဟုတ်လောက်ဘူးမလား။
ထိုအခိုက်တွင် ကျန်းချန်းရှန် ပြန်ရောက်လာပြီး ကျန်းယန်ကို ပြုံးပြလိုက်၏။
“အစ်ကိုကြီး ကျွန်တော့်ဘက်ခြမ်းကတော့ ရှင်းပြီးသွားပြီ”
“ရလဒ်ကရော” တုရှန် အမြန် မေးလိုက်သည်။
“ကျွန်တော့်လမ်းစဉ်ကို အဇူရာတိမ်ဂိုဏ်းမှာ ရှာတွေ့ခဲ့ပြီးပြီ အဲ့တာကြောင့် ကျွန်တော်ပြန်မှာမဟုတ်ဘူး” ကျန်းချန်းရှန် လေးလေးနက်နက်ပြောလိုက်၏။
“ကျွန်တော်စာတစ်စောင်ရေးထားတယ် ကျေးဇူးပြုပြီး စာကိုကျွန်တော့်မိသားစုဆီ ယူသွားပေးပါ”
နောက်တစ်ယောက် ဆုံးရှူံးလိုက်ရပြန်ပြီလား။
တုရှန် အမြန်ပြောလိုက်သည်။
“ငါမင်းနောက်ခံကို သိတယ် မင်းမိသားစုက သူတော်စင်အဆိုအမိန့်တွေကို လေ့လာတာ လန်ကျားအထွတ်အမြတ်မြေက မင်းအတွက် အသင့်တော်ဆုံးပဲ”
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ကျန်းချန်းရှန် ပြန်ပြောလိုက်ပြီး စာကို လက်လွှဲပေးလိုက်၏။
“ဒါပေမယ့် ကျွန်တော့်လမ်းစဉ်ကို ဒီနေရာမှာ ရှာတွေ့ခဲ့ပြီးပြီ အဖေလည်း ကျွန်တော့်ကို နားလည်မှာပါ”
တုရှန် စာကိုယူလိုက်ပြီး မလွယ်ကူသလို ခံစားလိုက်ရသည်။
ပါရမီရှင်များအားလုံးကို သူဆုံးရှုံးလိုက်ရပါတော့မည်လော။
သူစာကို နတ်အာရုံသုံး၍ စစ်ကြည့်လိုက်ပြီးနောက် ဆွံ့အသွားခဲ့၏။
ကျန်းချန်းရှန်သည် သူ့အဖေအား မိသားစုကို မြန်နိုင်သမျှမြန်မြန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပြောင်းလာဖို့ နဲ့ ဒီနေရာမှာဆို သူတို့အတွက်အခွင့်အလမ်းများ များပြားလှသောကြောင့် မိသားစု၏ခွန်အားက ပိုမြန်မြန်တိုးတက်လာနိုင်ကြောင်းပင် ရေးသားထားခဲ့သေးသည်။
တုရှန်မျက်မှောင်ကြုံ့သွားပြီး ဘာမှမပြောခဲ့ပေ။
သူ့စိတ်ထဲတွင်တော့ လန်ကျားအထွတ်အမြတ်မြေကသာ သူတော်စင်အဆိုအမိန့်များကို သင်ကြားပေးသည့် အကောင်းဆုံးနေရာတစ်ခုဟု ယုံကြည်နေခဲ့၏။
ကျန်းချန်းရှန်က အဘယ်ကြောင့်ထိုမျှယုံကြည်မှု ရှိနေပါသနည်း။
ထိုအကြောင်းတွေးပြီးနောက် ကျန်းချန်းရှန်၏ မြင်နိုင်စွမ်းက အကန့်အသတ်ရှိနေ၍သာ ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်သည်။
စိတ်ရှည်စွာ စောင့်နေခဲ့ပြီးနောက် စာရင်းထဲတွင်ပါသော တပည့် ၇ယောက်လုံး ပြန်ရောက်လာခဲ့ကြ၏။
ကျန်းယန် တုရှန်ကို ပြုံးပြလိုက်သည်။
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၇၀ ပါ”
“ဒါက မဖြစ်နိုင်ဘူး” တုရှန် ထရပ်လိုက်မိ၏။
“အဇူရာတိမ်ဂိုဏ်းက သူတို့ကို လျှို့ဝှက်ထိန်းချုပ်နည်းတစ်ခုခုသုံးပြီး ထိန်းချုပ်ခဲ့တာလား ဘာလို့သူတို့အားလုံးက မင်းကိုရွေးတာလဲ ဒါက အဓိပ္ပာယ်မရှိဘူး”
ကျန်းယန် ခေါင်းယမ်းလိုက်သည်။
“ခင်ဗျားဘာပဲပြောပြော ရှုံးတာက ရှုံးတာပဲ”
တုရှန် သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ပြန်ထိုင်လိုက်၏။
“ငါတို့က မဟာမိတ်တွေပါ အနည်းဆုံးတော့ မင်းဘယ်လိုလုပ်ခဲ့လဲ ငါတို့ကို ပြောပြသင့်တယ်”
ကျန်းယန် အသာအယာပြုံးလိုက်သည်။
“ဂရုစိုက် လေးစား အသိအမှတ်ပြု….ဒါတွေက ခင်ဗျားတို့ခေါ်တဲ့ အသက်ကယ်ကြွေးတို့ မျက်နှာသာပေးတာတို့ထက် ပိုကောင်းတဲ့ အရာတွေပဲ
သူတို့က လူသားတွေပါ ခင်ဗျားတို့သာ သူတို့ကိုကောင်းကောင်းဆက်ဆံပေးရင် သူတို့ကလည်း ခင်ဗျားကို ပြန်အသိအမှတ်ပြုပေးမှာပဲလေ ဒါပါပဲ”
တုရှန် မျက်မှောင်ကြုံ့သွားခဲ့၏။
ငါတို့က တပည့်တွေကိုကောင်းကောင်းမဆက်ဆံလို့လား သူတို့ကို လတိုင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးနေတာပဲလေ ဘာလိုအပ်နေတာလဲ။
အတန်ကြာအောင်တွေးပြီးသည်ထိ အဖြေမထွက်သောအခါ နောက်ဆုံးတွင် သူထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၇၀ ထုတ်ပြီးသာ ပေးလိုက်ရလေသည်။
ထို့နောက် သူခါးသက်စွာ ပြောလိုက်၏။
“ငါတို့ မဟာမိတ်ဖြစ်လာပြီးကတည်းက လန်ကျားအထွတ်အမြတ်မြေက ဘာမှမရသေးဘူး ငါတို့ဆီက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၃၀တော့ပါသွားပြီ
မင်းတို့အုတ်မြစ်က တိုးတက်လာပေမယ့် ငါတို့အတွက်ကရော”
ကျန်းယန် ပြုံးကာ ကျောက်တုံးများကိုယူလိုက်ပြီး
“အဇူရာတိမ်ဂိုဏ်းက မကြာခင် နည်းစနစ်အပြောင်းအလဲတွေ လုပ်တော့မှာပါ အဲ့ဒီအခါ ခင်ဗျားတို့နဲ့ အခြားဂိုဏ်းတွေကြားက ကွာခြားချက်ကို မြင်ရလိမ့်မယ် အကျိုးအမြတ်တွေက မကြာခင် လာတော့မှာ
ပြီးတော့ အဇူရာတိမ်မြို့ရဲ့ လူဦးရေကလည်း တိုးနေပြီ ကလေးတွေလည်း ပိုများများရှိလာတော့မှာ
အဲ့ဒီကလေးတွေအတွက် ပညာရေးလိုအပ်တယ်
မဟာမိတ်တွေအနေနဲ့ ကျွန်တော် ခင်ဗျားတို့ကို အဲ့ဒီအခွင့်အရေးပေးမယ် ခင်ဗျားတို့ဆန္ဒရှိရင် အဇူရာတိမ်မြို့မှာ အကယ်ဒမီ လာတည်ထောင်လို့ ရတယ်”
တုရှန် ပဟေဠိဖြစ်သွားခဲ့သည်။ “မင်းက ငါတို့လူတွေကိုသုံးပြီး မင်းလူတွေကို သင်ကြားပေးစေချင်တာလား”
ကျန်းယန် ခေါင်းငြိမ့်ပြလိုက်၏။
“အဲ့တာကို သင်ကြားမှု ဖြန့်ကျက်ခြင်းလို့ ပြောလို့ရတယ်
တာအိုပေါင်းစည်းခြင်းအဆင့် ကျောင်းအုပ်တစ်ယောက် နတ်ဝိညာဉ်အဆင့်ဆရာ ၅ယောက် ရွှေအမြုတေအဆင့်ဆရာ ၁၀ယောက် ပြီးတော့ လက်ထောက် ၃၀
အခုဖြေဖို့ မလိုပါဘူး ပြန်ရောက်မှ သေချာဆွေးေနွးလို့ရတယ်”
တုရှန် တွန့်ဆုတ်သွားခဲ့သည်။
ထိုအင်အားက ပထမအဆင့်ဂိုဏ်းတစ်ဂိုဏ်း၏ အင်အားနှင့်ပင် တူညီနေချေပြီ။
လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်မြို့ထဲတွင် ထိုအင်အားစုကြီး တစ်ခုတည်ထောင်နိုင်ခြင်းပေလော။
အဇူရာတိမ်ဂိုဏ်းက အဘယ်ကြောင့် ထိုကိစ္စကို ခွင့်ပြုပေးနေရပါသနည်း။
ကျန်းယန် ဘာစီစဉ်နေပါသနည်း။
တစ်ခုခုမူမမှန်တာကို ခံစားမိသောကြောင့် တုရှန် ထိုကိစ္စကို ချက်ချင်းမဆုံးဖြတ်ဖို့သာ ရွေးချယ်လိုက်သည်။
ထို့နောက် သူသူ့အဖွဲ့နှင့်အတူ ပြန်သွားခဲ့သော်လည်း ကုန်းရှို့ပင်းကတော့ အဇူရာတိမ်မြို့ထဲတွင်သာ ကျန်နေရစ်ခဲ့၏။
သူတို့ထွက်သွားပြီးမကြာခင် ချင်းယွင်ကျိ ပေါ်လာခဲ့သည်။
ကျန်းယန် အခုမှရထားသော ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၃၀ ကို သူ့ဆရာအား လွှဲပေးလိုက်၏။
ချင်းယွင်ကျိ လက်ခံလိုက်ပြီးနောက် စိတ်၀င်တစား မေးလိုက်သည်။
“ဘာလို့လန်ကျားအထွတ်အမြတ်မြေကို အဇူရာတိမ်မြို့ထဲမှာ အင်အားစုတစ်ခုတည်ထောင်ခွင့် ပြုလိုက်တာလဲ”