← Chapters

ဂိုဏ်းတွင်းတိုက်ပွဲ

Vol. 35 Ch. 366

ဂိုဏ်းတွင်းတိုက်ပွဲ

Vol. 35 Ch. 366

နန်းကုန်းချီယုနှင့်ကျန်းချွမ်းချူတို့ ကျန်းယန်ကိုမည်းမှောင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်တစ်ယောက်က နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို အခုပဲ သတ်ပစ်ခဲ့လိုက်သည်။

စုမင်းယန်သည် အားနည်းတာမှန်သော်လည်း သူသည် ကျန်းယန်ကို အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့ရ၏။

သူတို့ဂိုဏ်းဟောင်းသည် ဘယ်လိုမွန်းစတားမျိုးကို ပျိုးထောင်ခဲ့ပါသနည်း။

သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့တစ်ယောက်ချင်း တိုက်ခိုက်သင့်ပါသလော ဒါမှမဟုတ် နှစ်ယောက်အတူတူ တိုက်ခိုက်သင့်ပါသလော။

“နောက်တစ်ယောက်ကမင်းပဲ” ကျန်းယန်ပြောပြီး နန်းကုန်းချီယုဆီ ပြေး၀င်သွားခဲ့၏။

“နောက်ဆုံးတစ်ခေါက် ငါတို့တွေ့ခဲ့တုန်းက ငါက ရွှေအမြုတေအဆင့်ပဲရှိသေးတော့ မင်းနဲ့တိုက်ခိုက်ဖို့ အဆင်မပြေခဲ့ဘူး

အခုတော့ ငါ့ဆရာကိုယ်စား အိမ်သန့်ရှင်းရေး လုပ်ပေးလို့ရပြီ”

“အိမ်သန့်ရှင်းရေးတဲ့လား” နန်းကုန်းချီယု ဒေါသတကြီး ရယ်မောလိုက်သည်။

“မင်းက ဆရာ့ကိုယ်စားလုပ်ပေးဖို့ တန်တယ်ထင်လို့လား”

သူသည် ဂိုဏ်းကိုသစ္စာဖောက်ခဲ့တာမှန်သော်လည်း ထိုအကြောင်း ခဏခဏပြန်ကြားနေရခြင်းက သူ့ကို ဒေါသထွက်သွားစေခဲ့၏။

ကျန်းယန် ဒါဇင်နှင့်ချီသောပုံရိပ်များနှင့်ရှေ့တက်လာသောအခါ နန်းကုန်းချီယု လှောင်ပြောင်လိုက်သည်။

“ငါက အဲ့လိုအမှိုက်ကောင်နဲ့အတူတူပဲလို့ မင်းထင်နေတာလား”

ပြောနေရင်း သူ့ပတ်ပတ်လည်တွင် ထူးဆန်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ ထလာခဲ့၏။

ထိုပညာရပ်သည် အဇူရာတိမ်ဂိုဏ်း၏ တုနှိုင်းမဲ့ကျင့်စဉ်တစ်ခုဖြစ်သော ဖရိုဖရဲဝိညာဉ်ကျင့်စဉ်သာ ဖြစ်သည်။

ယခုသူသည် နတ်ဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ထိုပညာရပ်၏ စွမ်းအားအစစ်ကို ဖော်ထုတ်နိုင်နေခဲ့ချေပြီ။

ကျောချမ်းဖွယ်ဝိညာဉ်စွမ်းအင်လှုိင်းများ ကျန်းယန်၏ ပုံရိပ်များကိုထိသွားသည်နှင့် ထိုပုံရိပ်များ ချက်ချင်းဆိုသလို ပြိုကွဲသွားကာ သဘာ၀နိယာမစွမ်းအားများအဖြစ် ပြန်ပြောင်းသွားခဲ့ရ၏။

နန်းကုန်းချီယု အားရပါးရရယ်မောလိုက်သည်။

“အခု မင်းစီနီယာအစ်ကိုကြီးရဲ့ ခွန်အားကိုမင်းမြင်ပြီပေါ့”

ကျန်းယန်၏အမူအရာပြောင်းလဲသွားခဲ့၏။

သူလည်း ထိုနည်းစနစ်ကိုကောင်းကောင်းနားလည်ပေသည်။

ရိုးရှင်းစွာပင် ဖရိုဖရဲဝိညာဉ်ပညာရပ်သည် ဝိညာဉ်စွမ်းအားကိုထိန်းချုပ်သော ပညာသာဖြစ်၏။

နတ်ဝိညာဉ်အဆင့်မရောက်ခင်တွင် ထိုစွမ်းအားက သိပ်အားမကောင်းသေးပေ။

သို့သော် ရောက်သွားပြီးချိန်တွင်တော့ အလွန်အမင်းအားကောင်းလာတတ်သည်။

ကျင့်ကြံသူအားလုံးသည် သဘာ၀နိယာမစွမ်းအားများကို ထိန်းချုပ်ဖို့ ဝိညာဉ်ပေါ်တွင်သာ မှီခိုကြရခြင်း ဖြစ်၏။

ထိုစွမ်းအားနှစ်ရပ်ကြားက ချိတ်ဆက်မှုသည် အရာအားလုံးသာ ဖြစ်ပေသည်။

အဆင့်နိမ့်အဆင့်များတွင် သဘာ၀နိယာမစွမ်းအင်များကို စိတ်ဝိညာဉ်သိစိတ်ဖြင့် ထိန်းချုပ်ခြင်းဖြစ်သော်လည်း အဆင့်မြင့်လာလျှင်တော့ နတ်အာရုံဖြင့် ထိန်းချုပ်ခြင်းအဖြစ် ပြောင်းလဲသွား၏။

ဖရိုဖရဲဝိညာဉ်ပညာရပ်က ထိုထိန်းချုပ်မှုကြားက ဆက်သွယ်မှုကို နှောင့်ယှက်သော ပညာဖြစ်သည်။

ဝိညာဉ်ချိတ်ဆက်မှု နှောင့်ယှက်ခံလိုက်ရလျှင် သဘာ၀နိယာမစွမ်းအားများက ပြိုကွဲသွားရမည်သာ။

ထိုအရာက သူ့တကယ့်အန္တရာယ်ရှိသော စွမ်းအား ဖြစ်၏။

သို့သော် ထိုပညာရပ်တွင် သေစေနိုင်လိုက်သော ပြစ်ချက်လည်း ရှိနေခဲ့သည်။

တစ်ဖက်လူ၏ ဝိညာဉ်ချိတ်ဆက်မှုကို နှောင့်ယှက်ရန် အသုံးပြုသူသည် ကိုယ့်ဝိညာဉ်ကိုယ် ပြန်နှောင့်ယှက်ကြရသည်။

ထို့‌ေကြာင့် အမှားတစ်ခုလောက် လုပ်မိလိုက်လျှင်ပင် အသုံးပြုသူကိုယ်တိုင် ဒုက္ခရောက်သွားနိုင်၏။

ထို့ကြောင့်လည်း ဝိညာဉ်ငြိမ်းအေးအလံက ထိုပညာရပ်ကျင့်ကြံသူအတွင် အလွန်အရေးကြီးခြင်းဖြစ်သည်။ ထိုပညာရပ်အသုံးပြုနေချိန်တွင် ဝိညာဉ်ငြိမ်းအေးအလံက အသုံးပြုသူ၏ ဝိညာဉ်ကို တည်ငြိမ်နေအောင် ဆောင်ရွက်ပေးထားပေလိမ့်မည်။

ယခုအခါ ထိုအလံမပါသောကြောင့် နန်းကုန်းချီယု သူ့စွမ်းအားကို စိတ်ကြိုက်မသုံးနိုင် ဖြစ်နေခဲ့၏။

ကျန်းယန်ကို တိုက်ခိုက်ရာတွင် သူ့ကိုယ်သူလည်း ပြန်ထိန်းနေရသေးသည်။

မျှော်လင့်ထားသလိုပင် သူ့ပညာရပ်အသက်၀င်သွားသည်နှင့် ကျနး်ယန်၏ နိယာမအခြေခံသော တိုက်ခိုက်မှုများအားလုံးက ပျက်ဆီးသွားခဲ့ရ၏။

နန်းကုန်းချီယု လှောင်ပြောင်လိုက်သည်။

“ဒီကျင့်စဉ်ဘယ်လောက်စွမ်းအားကြီးလဲ မင်းမသိဘူးလား ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်ကများ ငါ့ကို စိန်ခေါ်ရဲရလား”

ကျန်းယန် သူ့မေးခွန်းကိုမဖြေခဲ့ပေ။

ထိုအစား ခြေကိုတစ်ချက်ဆောင့်လိုက်ပြီး ရှေ့သို့ မြှားတစ်စင်းလို ပြေး၀င်သွားခဲ့၏။

အကယ်၍ သူ့နိယာမစွမ်းအားများကို အသုံးမပြုနိုင်ဘူးဆိုလျှင်တောင် အပြင်အားကိုသုံးပြီး တိုက်လို့ရနေသေးသည်။

မွန်းစတားခန္ဓာကိုယ်ပိုင်ဆိုင်ထားသောသူက ဘာကို ကြောက်နေရပါမည်နည်း။

“ဟားဟား အရမ်းကောင်းတယ်” နန်းကုန်းချီယု အရိုင်းဆန်စွာ ရယ်မောလိုက်၏။

“ဂျူနီယာညီလေး မင်းလည်း ဖရိုဖရဲဝိညာဉ်ပညာရပ်ကို လေ့လာပြီးပြီပဲ နိယာမစွမ်းအား သုံးမရတော့ အပြင်အားသုံးပြီး တိုက်တာက ဉာဏ်ကောင်းတဲ့ ရွှေ့ကွက်တစ်ကွက်ပဲ ဒါပေမယ့် ငါ့ကျင့်ကြံခြင်းအဆင့်က မင်းထက်မြင့်တယ်လေ ငါ့ကိုယ်ကို နိယာမစွမ်းအားတွေနဲ့သန့်စင်ထားတာ ပြီးတော့ မင်းကနိယာမစွမ်းအား သုံးမရတဲ့အချိန် ငါကသုံးလို့ရနေတာကို မမေ့နဲ့

ဂျူနီယာညီလေး ငါမင်းကို ရိုက်ပေးပါရ‌စေ”

ကျန်းယန် ပြေးတက်လာတာကိုမြင်သောအခါ နန်းကုန်းချီယု မရှောင်ခဲ့ပေ။ ထိုအစား လက်သီးတစ်လုံးပစ်သွင်းပြီး ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဝုန်းးး

လက်သီးများ ‌ေတွ့ဆုံသွားသည့်အခါ သူ့လက်သီးပေါက်ကွဲထွက်သွားပြီး သွေးတိမ်တိုက်တစ်ခုပင် ဖြစ်တည်သွားခဲ့သည်။

“အားးးး”

သူကြောက်လန့်တကြားအော်ဟစ်ကာ နောက်ဆုတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ့ရှေ့တွင် အကာအကွယ်အလွှာတစ်ခု ပေါ်ပေါက်လာခဲ့၏။

သူသူ့ပျက်ဆီးသွားသောလက်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။

“မင်းခန္ဓာကိုယ်က….ဘယ်လိုဖြစ်နိုင်မှာလဲ မင်းခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်လက်နက်အချို့ ဝှက်ထားတာလား”

ကျန်းယန် လှောင်ပြုံးပြုံးလိုက်သည်။

“စီနီယာအစ်ကိုကြီး ခင်ဗျားသတင်းအချက်အလက်တွေက သက်တမ်းလွန်နေပြီ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို၀င်တဲ့သူတွေက ခင်ဗျားကို ကျွန်တော်နဲ့ဘယ်တော့မှ အပြင်အားသက်သက်သွားမယှဉ်နဲ့လို့ မပြောလိုက်ဘူးလား”

“သေမျိုးကမ္ဘာမှာ ကျတဲ့နှင်း”

နှင်းပွင့်များက နန်းကုန်းချီယု၏ အကာအကွယ်အလွှာဆီ တိုး၀င်လာခဲ့ကြ၏။

နန်းကုန်းချီယုမျက်နှာ မည်းမှောင်သွားခဲ့သည်။ သူတကယ် ထိုအကြောင်း မသိခဲ့ပေ။

သူအလျင်အမြန်ပင် သူ့လက်ကို ကုသရန် ဆေးလုံးတစ်လုံးသောက်လိုက်သည်။

“မင်းသေပြီ မင်းခန္ဓာကိုယ်က ဘယ်လောက်သန်မာမာ မင်းသေပြီ”

သူဖရိုဖရဲဝိညာဉ်ကျင့်စဉ်ကို ထပ်သုံးကာ ကျန်းယန်၏ သဘာ၀နိယာမစွမ်းအားများကို ဖြတ်ချလိုက်ပြန်၏။

တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ဓားကိုအသက်သွင်းကာ မိုးကြိုးများကို စုဝေးပြီး ကျန်းယန်ဆီ ပစ်လွှတ်လိုက်လေသည်။

ကျန်းယန်ကိုယ်ပေါ်တွင် ချပ်၀တ်တစ်ခုပေါ်လာပြီး ထိုမိုးကြိုးများကို အလိုလိုတားဆီးလိုက်၏။

ထို့နောက်သူသဘာ၀နိယာမစွမ်းအားသုံးရသော နည်းစနစ်အချို့ ထပ်သုံးလိုက်ပြန်သည်။

“နိယာမစွမ်းအားသုံးရတဲ့ လှည့်ကွက်တွေသုံးနေတာ ရပ်လိုက်တော့” နန်းကုန်းချီယု အော်ပြောလိုက်၏။

“အဲ့တာတွေက ငါ့ကိုတိုက်ခိုက်တဲ့နေရာမှ အသုံးမ၀င်ဘူး”

သူထိုစွမ်းအားများကို ဖြတ်ချလိုက်ပြန်သည်။

သို့သော် ကျန်းယန်ကလည်း ထိုနိယာမအခြေပြုနည်းစနစ်များကိုသာထပ်ခါထပ်ခါ ပြန်သုံးနေခဲ့၏။

သူကဖြတ်ချလိုက် ကျန်းယန်ကပြန်သုံးလိုက်နှင့် ဤအခြေအနေက အကြိမ်ရေများစွာ ဖြစ်ပေါ်နေခဲ့သည်။

“နန်းကုန်း သူကမင်းကို ဖရိုဖရဲဝိညာဉ်ကျင့်စဉ် အလွန်အကျွံသုံးမိအောင် မျှားနေတာ” ကျန်းချွမ်းချူ သတိပေးလိုက်၏။

နန်းကုန်းချီယု တောင့်တင်းသွားခဲ့သည်။

ဝိညာဉ်ငြိမ်းအေးအလံမရှိဘဲ ထိုစွမ်းအားကို အကြိမ်များစွာအသုံးပြုခြင်းက သူ့ဝိညာဉ်ကို ထိခိုက်စေနိုင်၏။

သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းလိုက်ပြီး သူအေးစက်စက် ကျိန်းဝါးလိုက်သည်။

“ဉာဏ်ကောင်းတယ်…ဒါပေမယ့် အသုံးမ၀င်ဘူး မင်းကဝိညာဉ်အခြေတည်အဆင့်‌ေလး သက်သက်ပဲ မင်းနဲ့ငါ့ကြား ကွာဟမှုက ကြီးလွန်းတယ်

မင်းဝိညာဉ်က ပုံစံမပြောင်းသေးဘူး မင်းစိတ်ကိုမင်း ကာကွယ်နိုင်မှာ မဟုတ်ဘူး

အဲ့တာက မင်းရဲ့ အားနည်းချက်ပဲ”

“အခု သေလိုက်တော့”

“ဝိညာဉ်ပိုင်းဖြတ်ချက်”

လေဟာနယ်ပင် တုန်ခါသွာ‌း‌ေစသော ဝိညာဉ်စွမ်းအားအခြေပြုဓားချက်တစ်ချက်ထွက်ပေါ်လာပြီး ကျန်းယန်၏စိတ်ထဲသို့ ပြေး၀င်သွားခဲ့လေသည်။

သို့သော်

ကျန်းယန်က ဘာမှ အန္တရယ်မရှိလိုက်သလိုပင်။

ထိုအစား နန်းကုန်းချီယုသာ ဗလုံးဗ‌ေထွးဖြင့် အော်ဟစ်လိုက်ရသည်။

“ဝိညာဉ်ငြိမ်းအေးအလံ”

သူ့ဝိညာဉ်တစ်ခုလုံး တုန်ခါသွားကာ သွေးများက ဒွာရ၇ပေါက်လုံးမှ စီးကျလာပြီး သွေးမျက်ရည်များက သူ့မျက်နှာပေါ် စီးကျလာခဲ့၏။

“အဲ့ဒီအဖိုးကြီးက မင်းကိုအတော်မျက်နှာသာပေးတာပဲ….” သူအငြှိုးအတေးကြီးမားစွာ ပြောလိုက်သည်။

“သူကမင်းကို အမတသန့်စင်အမွှေးတိုင်အိုးပေးတယ် ပြီးတော့ ဝိညာဉ်ငြိမ်းအေးအလံပါပေးတယ် အဲ့ဒီအလံက ငါ့ဟာဖြစ်ခဲ့သင့်တာ….ကျန်း သူ့ကိုသတ်ပြီး အဲ့တာကို ငါ့အတွက်ယူလာပေး”

“ဝိညာဉ်ငြိမ်းအေးအလံ…အမတသန့်စင်အမွှေးတိုင်အိုး…” ကျန်းချွမ်းချူ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အဆောင်တစ်ခု ထုတ်လိုက်၏။

“ဂျူနီယာညီလေး မင်းကတကယ်ပဲ ဆရာမျက်နှာသာပေးတာ ခံရတာပဲ

ငါအဲ့တာတွေကို ၀မ်းပန်းတသာပဲ ယူပေးပါမယ် မင်းမှာရှိတဲ့အခြားအရာတွေနဲ့ အတူပေါ့

ဒီနေ့….”

သူ့အပြုံး အေးစက်သွားခဲ့သည်။

“မင်းသေပြီ”

All Chapters