အရှက်မဲ့ပြိုင်ပွဲ
Vol. 35 Ch. 359
ချင်းယွင်ကျိ ရုတ်တရက် သူ့ရှေ့တွင်ပေါ်လာသောကြောင့် စစ်ထူမင်ယွဲ့ အံ့အားသင့်သွားခဲ့သည်။
“ဆရာ ဘာလို့ရောက်လာတာလဲ” သူမ ကြောက်လန့်တကြား မေးလိုက်၏။
သူ့တပည့်ဖြစ်လာပြီးကတည်းက သူမသည် သူမဆရာကို အကြိမ်ရေအနညး်ငယ်သာ မြင်တွေ့ခဲ့ရဖူးသည်။
အခု ဘာလို့သူမဆရာက ကိုယ်တိုင် သူမကိုလာရှာရပါသနညး်။
ထို့အပြင် သူမသည် ဂိုဏ်းထဲမှာပင် ဟုတ်မနေပေ။ ကုန်းမြေတိုက်ကြီး၏ မြောက်ပိုင်းတွင် မိုးပြာလကုန်သွယ်သမဂ္ဂကိစ္စများ စီမံနေခြင်း ဖြစ်၏။
သူမဆရာကိုယ်တိုင်လာရောက်သော ကိစ္စမှာ ကိစ္စလေးတော့ မဖြစ်နိုင်ပေ။
“မင်ယွဲ့” ချင်းယွင်ကျိ ပြုံး၍ မေးလိုက်သည်။
“ဒီနေရာကကိစ္စတွေ အဆင်ပြေရဲ့လား”
“အဆင်ပြေပြေဆက်သွားနေပါတယ်” သူမအမြန်ပြန်ဖြေလိုက်၏။
“မိုးပြာလကုန်သွယ်သမဂ္ဂဆိုင်ခွဲတွေကို ဖွင့်ပြီးသွားပါပြီ နောက်ဆုံးကျန်နေတဲ့ စိန်ခေါ်မှု တစ်ခုက အစ်ကိုကြီးပြောထားတဲ့ ကုန်းမြေတိုက်ကြီးပေါ်က ပါရမီရှိသူတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို မိုးပြာလကုန်သွယ်သမဂ္ဂက တစ်ဆင့် ထောက်ပံ့ပေးဖို့ ကိစ္စပါပဲ
အခုထိတော့ တပည့်တို့ ထောက်ပံ့စရာလူ ၅ ယောက်ရှာတွေ့ထားပါတယ် ဒီကိစ္စကို နောက်အစည်းအဝေးကျရင် တင်ပြမှာပါ”
သူမအလွန်ထိတ်လန့်နေခဲ့သည်။ သူ့ဆရာကိုယ်တိုင် လာရောက်စစ်ဆေးသော ဤကိစ္စက ဂိုဏ်းအတွက် အဝောာ်လေး အရေးကြီးပုံရပေသည်။
သို့သော် ချင်းယွင်ကျိကတော့ အနည်းငယ် နေရခက်နေခဲ့၏။ သူသည် ခံစားချက်ရေးရာကိစ္စများနှင့် အကျွမ်းတ၀င်မရှိသောကြောင့် သူ့တပည့်ကို ဘယ်လိုပြောရမယ်မသိဖြစ်နေခဲ့သည်။
ယခုအခါ သူမသည် အလုပ်ကြိုးစားနေလေရာ သူ့အတွက် မေးမြန်းဖို့ပိုပြီးပင် အဆင်မပြေဖြစ်နေခဲ့၏။
ဟူးး ငါဒီကိစ္စအတွက် မလာခဲ့သင့်ဘူး။
ရှေ့နောက်အနည်းငယ်လျှောက်ပြီးနောက် နောက်ဆုံးတွင် သူအခွင့်အရေးရှာ၍ မေးမြန်းလိုက်လေသည်။
“မင်ယွဲ့ မင်းကုန်းရှို့ပင်းနဲ့ဆုံဖူးတယ် မဟုတ်လား”
“ဟုတ်ကဲ့” သူမခေါင်းငြိမ့်ပြလိုက်၏။
“သူက တပည့်ကိုလက်ထပ်ချင်နေတယ် တပည့်ရောဘယ်လိုထင်လဲ”
“ဘယ်လို” သူမထခုန်မိမတတ် လန့်သွားခဲ့လေသည်။
ဒီအရူးက ငါ့ကိုကြိုက်ရဲတယ်လား။
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ စီနီယာအစ်ကိုကြီးက သူ့ကို သွေးအန်ထွက်အောင် ပြောဆိုထားတာကိုတောင် ငါ့ကို လာကြိုက်ရဲသေးတယ်လား။
သူမ ချင်းယွင်ကျိကို ကြည့်ကာ သတိထား၍ ပြောလိုက်၏။
“ဆရာ ဘာတွေဖြစ်နေတာလဲ”
ချင်းယွင်ကျိ ခေါင်းယမ်းလိုက်ကာ
“မင်းအမြင်ကို မေးရုံပါ”
သူမ တောင့်တင်းသွားခဲ့သည်။
ဂိုဏ်းက သူမကို မဟာမိတ်လက်ထပ်ပွဲမျိုး လုပ်စေချင်ခြင်းပေလော။
သူမသတိထား၍ မေးလိုက်၏။
“ဆရာ တပည့်ပြောတာ တစ်ခုခုမှားသွားရင် စိတ်မဆိုးဘူးမလား”
သူမသည် ကျန်းယန်နှင့်မတူပေ။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်နှင့်စကားပြောရခြင်းကို ကျင့်သားရမနေသေးပေ။
“မင်းကဆရာ့ရဲ့ ချစ်တပည့်လေးပါ ဆရာဘာလို့စိတ်ဆိုးရမှာလဲ” ချင်းယွင်ကျိ ပြုံးလိုက်သည်။
“မင်းစိတ်ထဲရှိတာ ပြော”
“ဒီလိုဆိုရင်တော့” သူမပြောလိုက်၏။
“စီနီယာအစ်ကိုကြီးက တစ်ခါကပြောဖူးတယ် ဂိုဏ်းက အတင်းအကြပ်မင်္ဂလာပွဲလုပ်တာမျိုးကို ရှောင်သင့်တယ်တဲ့ လက်ထပ်တဲ့ကိစ္စမျိုးကို ကိုယ်တိုင်သာ ဆုံးဖြတ်သင့်တယ်တဲ့…
အဲ့တာကြောင့် တပည့်က ဆရာ့အနားမှာပဲ နေပြီး လက်မထပ်ဖို့ ဆုံးဖြတ်ချင်ပါတယ်”
ချင်းယွင်ကျိ ရယ်မောကာ ခေါင်းငြိမ့်ပြလိုက်သည်။
“မင်္ဂလာမဆောင်ချင်တာက အဆင်ပြေပါတယ် ကောင်းတယ်”
သူစိတ်သက်သာရာ ရသွားခဲ့၏။
အားလုံးအဆင်ပြေသွားသောကြောင့် သူပြန်ဖို့ ပြင်ခါနီးတွင် ရုတ်တရက် မေးလိုက်လေသည်။
“တကယ်လို့ အဲ့ဒီအစား ကျန်းယန်နဲ့လက်ထပ်ရမယ်ဆိုရင်ရော”
သူမမျက်နှာရဲသွားပြီးနောက် ခေါင်းကိုငုံ့ကာ ပြောလိုက်၏။
“ဆရာ့ဆုံးဖြတ်ချက်ကို လိုက်နာမှာပါ”
တကယ်တော့ …သူများစီစဉ်ပေးတဲ့ မဂ
င်္ဂလာပွဲဆိုတာလည်း သိပ်မဆိုးလှပါဘူး…
“အို့ သိပြီ” ချင်းယွင်ကျိ ခေါင်းယမ်းလိုက်သည်။
“မင်းကိစ္စကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်လေ”
ထို့နောက် သူပျောက်ကွယ်သွားခဲ့၏။
စစ်ထူမင်ယွဲ့ သူပျောက်ကွယ်သွားသော နေရာကိုကြည့်ကာ ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။
ဆရာ ဒီတိုင်းပဲ ထွက်သွားတာလား တပည့်အဖြေကိုရော ဂရုမစိုက်တော့ဘူးလား။
သူမသည် သူမခံစားချက်များကို ထုတ်ပြခဲ့ပြီးဖြစ်သော်လည်း စီနီယာအစ်ကိုကြီးက သစ်သားတုံးကြီး အတိုင်းပင် မလှုပ်မယှက်သာ ရှ်ိနေခဲ့၏။
ထို့ကြောင့် သူမဆရာက စီစဉ်ပေးဖို့ မျှော်လင့်နေခဲ့မိသည်။ သို့သော် ဆရာ့ကိုလည်း ယုံ၍ မရပေ။
ထိုစဉ် ချင်းယွင်ကျိကတော့ ထိုကိစ္စပြေလည်သွားပြီဖြစ်သောကြောင့် သူ့စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမရှိတော့ပေ။
တစ်ရက်အကြာတွင် လန်ကျားအထွတ်အမြတ်မြေမှ တုရှန် သူ့အဖွဲ့နှင့်အတူရောက်ရှိလာပြီး တွေ့ခွင့်တောင်းခဲ့၏။
သူတို့ဆုံသည်နှင့် သူထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၆၀ ကိုထုတ်ကာ ကျန်းယန်ကို ပေးလိုက်လေသည်။ ထို့နောက် သူနေရခက်စွာ ပြောလိုက်၏။
“ကျန်း….ညီကိုကျန်း…ငါဒီမှာ ရက်အနည်းငယ်တော့ နေရဦးမယ်”
သူ့ကြောက်လန့်နေသော အကြည့်ကိုကြည့်ပြီး ကျန်းယန် ရယ်စရာကောင်းသလိုခံစားလိုက်ရပြီး ဆွံ့အသွားခဲ့မိသည်။
“မင်းလည်း အရှက်ဘယ်လိုမဲ့ရမလဲ သင်လာတာလား” သူေတွးလိုက်၏။
“ညီကိုကုန်း ငါ့အိမ်ကကျဉ်းပါတယ် အခန်းလည်းမရှိတော့ဘူး” ကျန်းယန် ခေါင်းယမ်းကာ ပြောလိုက်သည်။
“ပြီးတော့ ဂျူနီယာညီမလေးအချို့က ညဘက်ဆို ငါ့ဆီအလည်လာတတ်တယ် အဲ့တာက မင်းအတွက် အဆင်ပြေမှာမဟုတ်ဘူး”
“အာ့…အဲ့တာက”
ကုန်းရှို့ပင်း၏ ယုံကြည်မှုများ ချက်ချင်းပြိုကွဲသွားခဲ့ရ၏။
သို့သော် သူ့အဖေ၏ အမိန့်နှင့် ကျရှုံးလျှင်ခံရမည့် ပြစ်ဒဏ်အကြောင်းတွေးမိသောအခါ သူအားတင်း၍ ဆက်ပြောလိုက်သည်။
“ငါ…ငါနေစရာနေရာတစ်ခုပဲ လိုတာပါ နေရာမရွေးပါဘူး”
“ဘာလို့ အဇူရာတိမ်မြို့မှာ မနေတာလဲ” ကျန်းယန် မေးလိုက်၏။
“ငါ့မှာ ပိုက်ဆံမရှိလို့…”ကုန်းရှို့ပင်းလိမ်လိုက်ပြီး ကျန်းယန်ကို ရှက်ရွံ့စွာ ကြည့်နေခဲ့သည်။
ကျန်းယန် ဆွံ့အသွားခဲ့၏။
မင်းငါ့ကို အခုပဲ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၆၀ ပေးခဲ့တာလေ အဲ့တာက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး သန်း ၆၀၀ နဲ့ညီတာနော်!
သူစိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးထုတ်ကာ ကုန်းရှို့ပင်းလက်ထဲထည့်ပေးလိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။
“မင်းအဖေက ဒီလောက်တငး်ကြပ်မှန်း ငါမသိခဲ့ဘူး မင်းကိုမုန့်ဖိုးတောင် မပေးဘူးပေါ့ ရော့ ဒီမှာ ဒါကိုယူပြီး စိတ်ကြိုက်သာသုံး
အဇူရာတိမ်မြို့ကိုသွား တည်းခိုခန်းကောင်းကောင်းလေးတစ်ခုရှာ ဒါမှမဟုတ် အိမ်တစ်လုံးငှားလိုက် အပြင်မှာ မအိပ်နဲ့ အအေးမိလိမ့်မယ်”
ကုန်းရှို့ပင်း လုံး၀ ရှုံးနိမ့်သွားခဲ့ကာ အဇူရာတိမ်မြို့ဆီ ရှက်ရွံ့စွာ ထွက်ခွာသွားခဲ့၏။
ဘေးကကြည့်နေသော တုရှန်ကတော့ ကြောင်အသွားခဲ့ရသည်။
ဒီအဇူရာတိမ်ဂိုဏ်း ဆက်ခံသူက အတော်ကြီး အရှက်မရှိတာဘဲဟ။
စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပေးပြီး စိတ်ကြိုက်သုံးလို့ ပြောထွက်သေးတယ် သူဖုန်းစားတစ်ယောက်ကိုတောင် အဲ့လို ဆက်ဆံလို့ မရဘူး။
သို့သော် ထိုကိစ္စက သူ့ကိစ္စမဟုတ်သောကြောင့် သူအာရုံထားမနေတော့ပေ။
သူလန်ကျားသတင်းစာတစ်စောင်ကိုယူကာ ကျန်းယန်လက်ထဲထည့်ပေးလိုက်ပြီး ပြောလိုက်၏။
“ဒါက ငါတို့ရဲ့နောက်ဆုံးထွက် သတင်းစာပဲ ထုတ်ဝေပြီးသွားပြီ”
ကျန်းယန် တစ်ချက်သာကြည့်ပြီး လှန်မကြည့်ခဲ့ပေ။
သူသတင်းစာကို သိမ်းလိုက်ပြီးနောက် မေးလိုက်လေသည်။
“စာရင်းကရော”
တုရှန် စာရင်းကို လက်လွှဲပေးလိုက်သည်။ စာရင်းထဲတွင် ကျန်းချန်းရှန် ဖေးယွမ် လုရှင်းကျိုး နှင့်အခြားသူများ၏ အမည်များ ပါ၀င်၏။
ကျန်းယန် တစ်ချက်ကြည့်ပြီးနောက် လေထဲသို့ စကားလှမ်းပြောလိုက်လေသည်။
“ဆရာဦးလေးလင်းယွင် ကျေးဇူးပြုပြီး ခရီးတစ်ခုသွားပြီး ၀မ်ပေ့လဲ့ ကျန်းချန်းရှန် နဲ့လျန့်ယိတို့ကို ဒီစာရင်းထဲမှာ ပါတဲ့သူတွေကို ဂိုဏ်းဆီကို လူနှစ်ယောက်စီခေါ်ခဲ့ပြီး ချက်ချင်းပြန်လာဖို့ ပြောလိုက်ပါလို့ ပြောပေးပါဦး
ဆရာဦးလေးက တာအိုပေါင်းစည်းခြင်းအဆင့်ဆိုတော့ မြန်ပါတယ် ဒီကိစ္စကို အမြန်ဖြေရှင်းပြီး ကျွန်တော်တို့ မဟာမိတ်တွေကို အဖြေပေးလိုက်ပါ
ဘာမှရှင်းပြစရာမလိုဘူး ကျွန်တော့်အမိန့်အတိုင်းပဲ ပြန်ပြောပေးပါ”
ဓားအလင်းတစ်ချက် လင်းယွင်တောင်ထွတ်တွင် လက်သွားခဲ့၏။
တုရှန် အမူအရာ လေးနက်သွားခဲ့သည်။ တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ယောက်ပင် ကျန်းယန်၏ အမိန့်ကို လိုက်နာရခြင်းပေလော။
သူကျန်းယန်ကို စတင် အလေးထားလာမိသည်။
ကျန်းယန် တုရှန်နှင့် သူ့နောက်က ထိုသူလျှိုများနှင့် ဆက်စပ်နေပုံရသည့် လူ၇ယောက်ကိုကြည့်ကာ မေးလိုက်၏။
“လူကြီးမင်းတို့ ဒီမှာပဲတွေ့မလား အဇူရာတိမ်မြို့ထဲမှာ သွားတွေ့မလား” သူမေးလိုက်သည်။
တခဏတွေးပြီးနောက် တုရှန်ပြန်ပြောလိုက်၏။
“ငါတို့အဇူရာတိမ်မြို့ထဲမှာပဲ စောင့်မယ်”
သူနောက်က လူ၇ယောက်ဘက်ကိုလှည့်လိုက်ကာ
“ကြိုသွားနှင့်ကြ အခန်းတွေငှားထား အဆင်သင့်ဖြစ်ရင် ငါ့ကိုအကြောင်းကြားလိုက်”
သူတို့ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထွက်ခွာသွားခဲ့ကြသည်။