သူ့သားကို သင်ခန်းစာပေးတဲ့ သူတော်စင်သခင်
Vol. 35 Ch. 358
သူတော်စင်သခင်ဆွံ့အသွားကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။
“မင်းက ကောင်းကောင်းအကွက်ချထားပြီးသားပဲ ငါရှုံးရင်တော့ ပေးရမယ် မင်းရှုံးရင်တော့ ဘာမှမပေးရဘူးပေါ့”
ကျန်းယန် အဓိပ္ပာယ်ပါပါပြောလိုက်၏။
“အဲ့ဒီလူတွေက အဇူရာတိမ်ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါ၀င်ခဲ့တဲ့သူတွေလေ သူတို့တွေဆီကနေပြီး ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို မသိချင်ဘူးလား အဲ့တာကြောင့် ကျွန်တော်ရှုံးရင် စီနီယာရမှာက အဲ့ဒီအချက်အလက်တွေပဲ
သူတို့က တစ်ယောက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးတန်တယ်လို့ ကျွန်တော်ယုံကြည်တယ်”
တကယ်တော့ သူတို့တွင် ဘာလျှို့ဝှက်ချက်ရှိပါသနည်း။
သူတို့တွင် ရှိတာဟူ၍ သူဦးနှောက်ဆေးရာတွင်သုံးသော နည်းလမ်းများသာ ရှိပေလိမ့်မည်။
အကယ်၍ သူတော်စင်သခင်က ထိုနည်းလမ်းများကို အပြည့်အ၀နားမလည်လျှင် လူ့သဘောသဘာ၀ကို သေချာမဖမ်းဆုပ်နိုင်လျှင် ထိုနည်းလမ်းများက သူတို့အတွက် ဘာမှအသုံး၀င်မည် မဟုတ်ပေ။
ထိုအရာများက တကယ့်လျှို့ဝှက်ချက်များ ဟုတ်မနေပေ။
အကယ်၍ လန်ကျားအထွတ်အမြတ်မြေက ထိုကိစ္စကိုအဖြေရှာနိုင်ခဲ့မည်ဆိုလျှင်တောင် သူတို့ ထိုနည်းလမ်းများမှ အကျိုးအမြတ်ရဖို့ အချိန်တစ်ခုစောင့်ရပေဦးမည်။ ထို့အပြင် နှစ်ဖက်က ယခုအခါ မဟာမိတ်များဖြစ်နေပြီဖြစ်သောကြောင့် သူတို့ကို အကျိုးအမြတ်နည်းနည်းပေးလိုက်ရခြင်းက ပြဿနာတော့ သိပ်မရှိလှပေ။
သူ့အတွက်အရှုံးမရှိသော လောင်းကစားကို အဘယ်ကြောင့်မလုပ်ဘဲ နေရပါမည်နည်း။
သူတော်စင်သခင် အတွေးနွံနစ်သွားခဲ့သည်။
အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်ချက်များက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးများလောက် တန်မတန် သူတွက်ဆနေခဲ့၏။
အဇူရာတိမ်ဂိုဏ်းသည် လျင်မြန်စွာ တိုးတက်လာလေရာ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိနေနိုင်ပေသည်။
တပည့် ၇ ယောက်ကိုပြန်ခေါ်ဖို့ ကိစ္စကိုလည်း ခက်ခဲမည်ဟု သူမထင်ပေ။ ထိုလူများက နဂိုကတည်းက သူတို့သူလျှို့များဖြစ်လေရာ အဘယ်ကြောင့် ပြန်ခေါ်မရရရပါမည်နည်း။
ထို့အပြင် အဇူရာတိမ်ဂိုဏ်း၏လက်ရှိအခြေအနေရ လန်ကျားအထွတ်အမြတ်မြေလောက် တည်ငြိမ်မနေသေးပေ။ ထို့ကြောင့် ထိုသူလျှိုများက ကျိန်းသေပေါက် ပြန်လာကြပေလိမ့်မည်။
ကျန်းယန်က ယုံကြည်မှုရှိနေသလို သူကလည်း ထိုအလောင်းအစားတွင် ယုံကြည်မှု ရှိနေခဲ့၏။
အကယ်၍ တပည့်အချို့ပြန်မလာရင်ရော ဘာဖြစ်ပါမည်နည်း။
တကယ်တော့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးဒါဇင်အနည်းကယ်လောက် သာမန်စိတ်ဝိညာဉ်ကျောက်တုံး သန်းရာနှင့်ချီပြီး တန်ပေသည်။ သို့သော် ထိုကျောက်တုံးများက သူတို့ မဟာမိတ်ဂိုဏ်း၏ အုတ်မြစ်ကိုသန်မာလာအောင် လုပ်ပေးနိုင်လိုက်လျှင် နည်းနည်းလောက် ရှုံးသွားလည်း ကိစ္စသိပ်မရှိပေ။
ထိုသို့တွေးမိသောအခါ သူတော်စင်သခင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်လေသည်။
“ငါအလောင်းအစားကို လက်ခံတယ်
ဒါပေမယ့် ငါတို့ သူတို့ကိုဆက်သွယ်တဲ့အခါ မင်းသူတို့ကိုလုံး၀ မခြိမ်းခြောက်ရဘူး”
“သေချာတာပေါ့” ကျန်းယန် ပြုံးလိုက်၏။
“စီနီယာကတော့ ထိန်းစရာမလိုဘူးနော် ကြိုက်သလိုခြိမ်းခြောက်လို့ ရပါတယ်”
သူတော်စင်သခင် အံ့အားသင့်သွားခဲ့လေသည်။
“မင်းအဲ့လောက်တောင် ယုံကြည်ချက်ရှိတယ်လား”
ကျန်းယန် ရယ်မောလိုက်၏။
“တစ်ယောက်ယောက်က ကိုယ့်ဆီမှာ နေချင်စိတ်ရှိမနေရင် ဘာလို့ သူတို့ကိုခေါ်ထားနေတော့မှာလဲ”
“ကောင်းတယ်” သူဝောာ်စင်သခင်သဘောတူဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“မင်းကဒီလောက်ပွင့်လင်းနေမှတော့ ငါကလည်း ပြန်ရက်ရောရတော့မှာပေါ့ ငါမင်းကို လက်ဆောင်အနေနဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တံုး ပေးမယ် မင်းလိုချင်တဲ့ အခြားပစ္စည်းတွေနဲ့လည်း လဲခွင့်ရှိတယ်”
ကျန်းယန် ခေါင်းခါပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ဘာမှမလိုပါဘူး အို့ ဟုတ်သားပဲ ကျွန်တော့်မှာ ဆေးတစ်လုံးရှိတယ်
ဆရာဦးလေး ၃ ဖော်စပ်ထားတာ တကယ်လို့ နတ်ဝိညာဉ်အထွတ်အထိပ်အဆင့်တစ်ယောက် အဲ့ဆေးလုံးကိုသောက်လိုက်ရင် သောက်လိုက်တဲ့လူက တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်ဖို့ သေချာသလောက်ဖြစ်သွားစေတယ် ကျွန်တော်တို့က အဲ့တာကို တာအိုပေါင်းစည်းခြင်းဆေးလုံး လို့ခေါ်တယ်
သူတော်စင်သခင် အဲ့တာကို အစ်ကိုကုန်းအတွက် ၀ယ်ပေးချင်လား ကျွန်တော်တို့က အသိအကျွမ်းတွေပဲဆိုတော့ ကျွန်တော်က ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀ နဲ့ပဲ ရောင်းပေးလိုက်မယ်”
“ငါအဲ့တာကို မလိုဘူး” ကုန်းရှို့ပင်း ဒေါသတကြီး အော်ပြောလိုက်၏။
သူသည် တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်ဖို့ ပြင်ပအကူအညီလိုသူ မဟုတ်ပေ။
ကျန်းယန် ထူးဆန်းစွာ ပြုံးလိုက်ကာ
“ညီကိုကုန်း ငါကမင်းလိုမယ်ထင်နေတာ”
သူတော်စင်သခင် သူ့သားကိုတားလိုက်ပြီး ကျန်းယန်ကိုစိုက်ကြည့်လိုက်ကာ
“ဆိုတော့ မင်းက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကနေ ပစ္စည်းကောင်းတွေ ရလာတယ်ပေါ့”
ကျန်းယန် ရယ်မောလိုက်သည်။
“အရိုးသားဆုံးပြောရရင်တော့ ကျွန်တော်က စီနီယာတို့ရဲ့ ခံတပ်တွေအကုန်လုံးကို သိမ်းခဲ့တာဆိုတော့ အင်း ပစ္စည်းကောင်းတွေ ခပ်များများရလာတယ်လို့တော့ ပြောလို့ရပါတယ်”
သူတော်စင်သခင် ဆွံ့အသွားခဲ့၏။
ဒီကောင်လေးက တကယ်အရှက်မရှိတာပဲ။
သူခေါင်းငြိမ့်ပြလိုက်သည်။
“ကောင်းပြီ ငါသဘောတူတယ်”
ထို့နောက် ကျန်းယန် နှစ်သဲံုးေထာင်သက်တမ်းရှိေသာ ဆေးရွက်ကိုသံုးပြီး တန်ချန်ကျိသန့်စင်ထားသည့် ဆေးလုံးကို ထုတ်ပေးလိုက်၏။
သူတော်စင်သခင် ဆေးလုံးကိုသေချာအကဲခတ်ပြီးနောက် လေးနက်သွားခဲ့သည်။ သူကျန်းယန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဆိုတော့…မင်းကတစ်ချိန်လုံး ငါ့ကို ငါးစာချနေခဲ့တာပေါ့”
“စိတ်မပူပါနဲ့ ကျွန်တော်တို့တွေ မဟာမိတ်ဖွဲ့ပြီးသွားရင် ကုန်သွယ်ရေးကလည်း ပိုပြီးနက်ရှိုင်းလာတော့မှာပါ အနာဂတ်မှာ ပိုများတဲ့ ပစ္စည်းတွေကို ကုန်သွယ်ကြရတော့မှာ”
ထို့နောက် သူထရပ်ကာ ချင်းယွင်းကျိကို ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“မင်းက တပည့်ကောင်းတစ်ယောက် ရခဲ့တာပဲ ငါ့သားလို အသုံးမ၀င်တဲ့ကောင် မဟုတ်ဘူး”
ချင်းယွင်ကျိလည်းထရပ်ကာ ခေါင်းခါလိုက်ပြီး ပြုံး၍ ပြောလိုက်၏။
“မင်းသားကလည်း ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ပါပဲ”
“ဒါဆို ငါ့သားကို မင်းဒုတိယတပည့်နဲ့ ပေးစားလိုက်ရင်ရော” သူတော်စင်သခင် မေးလိုကိပြန်သည်။
ချင်းယွင်ကျိကျန်းယန်ကို တစ်ချက်ကြည့်လိုက်ကာ
“သူခုနကပြောခဲ့သလိုပဲ ငါတို့ဂိုဏ်းက လက်ထပ်ပွဲတွေအတင်းအကြပ်စီစဉ်မပေးဘူး”
“တကယ်လို့ သူတို့ချင်းက မေတ္တာမျှသွားကြရင်ရော” သူတော်စင်သခင် ထပ်ဖိလိုက်၏။
တခဏရပ်ပြီးနောက် ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆိုရင်ဝောာ့ ဆရာတစ်ယောက်အနေနဲ့ ငါေပျော်မိမှာပါ”
“ကောင်းတယ် ငါကြားချင်တာဒါပဲ” သူတော်စင်သခင်ရယ်မောလိုက်၏။
“ဒီအစည်းအဝေးက တော်တော်လေး စိတ်ကျေနပ်စရာကောင်းခဲ့တယ် မကြာခင် ငါ့လူတွေလွှတ်လိုက်မယ် အခုတော့ နှုတ်ဆက်ခဲ့ပါတယ်”
သူကုန်းရှို့ပင်းနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
သူတို့ထွက်သွားပြီးနောက် ချင်းယွင်ကျိ ကျန်းယန်ကိုစိုက်ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
“ဒီကောင်မလေးကို အခြားဂိုဏ်းထဲ လက်ထပ်ပြီး ထည့်မပေးလိုက်နိုင်ဘူး ဒါဆို ငါတို့အတော်ကြီး ဆုံးရှုံးသွားရလိမ့်မယ် အမြန်ပြန်ပြီး မင်းကိုယ်တိုင် မင်ယွဲ့ကိုလက်ထပ်လိုက်”
ကျန်းယန် အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။
“ဆရာ ကျွန်တော်ပြောပြီးပြီလေ ကျွန်တော်တို့က မင်္ဂလာပွဲတွေကို အတင်းအကြပ်မစီစဉ်ဘူး”
“အခြေအနေကမတူဘူးကွ သူကလက်ထပ်ပြီး လန်ကျားအထွတ်အမြတ်မြေဆီ ပါသွားလို့ မဖြစ်ဘူး” ချင်းယွင်ကျိ ပြောလိုက်၏။
ကျန်းယန်ပြုံးလိုက်သည်။
“မင်ယွဲ့က ကုန်းရှို့ပင်းကိူဘယ်လိုမှ ကြိုက်နိုင်စရာအကြောင်းမရှိပါဘူး”
ချင်းယွင်ကျိ သူ့ကိုကြည့်လိုက်သည်။
“ငါကိုယ်တိုင်ပဲ သွားအတည်ပြုတော့မယ် မင်းဟာမင်းပြန်တော့ ငါသူ့ကိုတိုက်ရိုက်သွားမေးမယ်”
ထို့နောက် သူချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
ကျန်းယန် ကြောင်သွားခဲ့သည်။
“အဲ့လောက်တောင် လောဖို့လိုတာလား”
သူသက်ပြင်းချလိုက်ပြီးေနာက် ဂူယန် ဂူဒူအာတို့နှင့်အတူ ဂိုဏ်းဆီပြန်သွားခဲ့၏။
ထိုစဉ် သူတော်စင်သခင်နှင့်ကုန်းရှို့ပင်းသည် လန်ကျားအထွတ်အမြတ်မြေဆီချက်ချင်းမပြန်ကြသေးပေ။ လမ်းခရီးတွင် အချိန်ဆွဲနေခဲ့သေးသည်။
သူတော်စင်သခင် မေးလိုက်၏။
“မင်းတစ်ခုခု သင်ကြားနိုင်ခဲ့လား”
ကုန်းရှို့ပင်းခါးသက်စွာ ပြုံးလိုက်ကာ
“အချို့နေရာတွေမှာ ကျွန်တော်က ညံ့နေနိုင်ပေမယ့် အဖေ ကျွန်တော်တာအိုပေါင်းစည်းခြင်းအဆင့်ကိုတော့ ကိုယ့်အစွမ်းအစနဲ့ကိုယ် ရောက်အောင်လုပ်နိုင်ပါသေးတယ်”
သူတော်စင်သခင် ခေါင်းခါလိုက်သည်။
“မင်းက လိုချင်မှလိုမှာ ဒါပေမယ့် ဂိုဏ်းကလိုတယ်
တကယ်လို့ ငါတို့ရဲ့ အဂ္ဂိရက်ပညာရှင်တွေသာ ဒီဆေးလုံးရဲ့ ဖော်စပ်နည်းကို ဖော်ထုတ်နိုင်ခဲ့ရင် ငါတို့ရဲ့ အုတ်မြစ်က အများကြီး တိုးတက်သွားလိမ့်မယ်
အဲ့တာ မင်းကျန်းယန်ကိုမမှီတဲ့နေရာပဲ မင်းက မင်းဂုဏ်သိက္ခာကိုဂရုစိုက်လွန်းတယ်
သူက အကျိုးအမြတ်အတွက်ဆို ဂုဏ်သိက္ခာကိုပါ စတေးမှာ မင်းကတော့ ဒီရှက်စရာကိစ္စသေးသေးလေးအတွက်ကြောင့်ကို ဟန်ပျက်သွားခဲ့တယ်
ရှို့ပင်း ဒါကမင်းအားနည်းချက်ပဲ
ငါ့ကိုကြည့် အသက် ၂၃၀၀ကျော်နေတဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် လန်ကျားအထွတ်အမြတ်မြေရဲ့ ဂိုဏ်းချုပ်ဆိုတဲ့သူ ဒါပေမယ့် ငါဂုဏ်သိက္ခာအကြောင်း ဂရုစိုက်လား”
“အဖေ…”
“မင်းကျိန်းသေပေါက် ပြောင်းလဲရမယ်” သူတော်စင်သခင် ခပ်တင်းတင်းပြောလိုက်သည်။
“မင်းပြန်ရောက်ရင် တုရှန်နဲ့အတူ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၆၀ ယူသွားပြီး အဇူရာတိမ်ဂိုဏ်းကိုသွား
ပြီးတော့ နောက်တာ၀န်တစ်ခုက မင်းကျိန်းသေပေါက် စစ်ထူမင်ယွဲ့နဲ့ လက်ထပ်ရမယ်
မင်းကျရှုံးခဲ့ရင်…”
သူပေတံကို လက်ဖဝါးနှင့်အသာအယာပုတ်ပြလိုက်၏။
ကုန်းရှို့ပင်း ကြောက်လန့်သွားခဲ့သည်။
“အဖေ…”
သူဝောာ်စင်သခင် အသာအယာမျက်မှောင်ကြုံ့သွားကာ
“အဲ့ဒီကောင်မလေးက မရိုးရှင်းဘူး မဟုတ်ရင် အဇူရာတိမ်ဂိုဏ်းက သူ့ကိုဒီလောက်ကြီး ထိန်းထားမှာမဟုတ်ဘူး”