← Chapters

အခန်း (၅၁၈-၅၁၉)

Vol. 35 Ch. 518-519

အခန်း (၅၁၈-၅၁၉)

Vol. 35 Ch. 518-519

အခန်း ၅၁၈ - အနောက်ဘက်ဒေသ၏ ပစ်မှတ်များ

ချုန်ရှန်းသည် သူ၏ နောက်ဆုံးစကားများကို ပြောအပြီးတွင် တိတ်ဆိတ်သွားတော့သည်။

သို့သော် သူ၏ အမူအရာမှာမူ ပြေလျော့သွားခြင်း မရှိဘဲ ပို၍ပင် ရှုပ်ထွေး လေးနက်လာခဲ့သည်။

သူ၏ မျက်ခုံးအစုံမှာ တစ်စုံတစ်ရာကို ပြန်လည် အမှတ်ရနေဟပ်ဖြင့် အနည်းငယ် စုကြုတ်နေ၏။

"..ကောင်းကင်ဘုံ ဘေးဒုက္ခ”

သူသည် တိုးညှင်းစွာ ရေရွတ်လိုက်သည်။

ထိုအမည်နာမသည်ပင်လျှင် လေးလံလွန်းလှသည့် ဖိအားတစ်ခုကို ဆောင်ကြဉ်းနေ၏။

၎င်းမှာ ပေါ့ပေါ့တန်တန် ပြောဆိုရမည့်အရာ မဟုတ်သလို၊ သာမန်လူသားများ ကြုံတွေ့ရနိုင်သည့် အရာလည်း မဟုတ်ပေ။

ချုန်ရှန်း၏ မျက်လုံးများ မှေးမှိန်သွားသည်။

ခဏတာမျှ သူသည် ပိုင်ကျီဟန်ကို ကြည့်မနေတော့ဘဲ အတိတ်ဟောင်းများထဲတွင် နစ်မျောသွားပုံရသည်။

သူ၏ ယခင်ဘဝ၌ပင်လျှင် ထိုကဲ့သို့သော ဘေးဒုက္ခမျိုးကို တစ်ကြိမ်သာ မြင်ဖူးခဲ့ဖူးပြီး ထိုအခြင်းအရာကို ပြန်လည်တွေးတောမိရုံဖြင့်ပင် သူ တုန်လှုပ်ချောက်ချားသွားရသည်။

ထိုစဉ်က မောက်မာမှုတွင် အတုမရှိသော မြေကမ္ဘာ အင်မော်တယ်တစ်ဦး ရှိခဲ့ဖူးသည်။

သူ၏ မောက်မာမှုမှာ ကောင်းကင်ယံထက် မြင့်မားသော်လည်း ၎င်းကို အထောက်အပံ့ပေးနိုင်သည့် စွမ်းအားမျိုးလည်း အမှန်တကယ် ရှိခဲ့သူဖြစ်သည်။

ချုန်ရှန်းသည်ပင်လျှင် ထိုသူ၏ ပါရမီမှာ မိမိထက် အနည်းငယ်သာ နိမ့်ကျသည်ဟု သတ်မှတ်ခဲ့ပြီး သူ၏ စွမ်းအား၊ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသိအမှတ်ပြုခဲ့ရသည်။

လူသိမများသော်လည်း ထိုသူတွင် ရွှမ်ဝူ( အနက်ရောင်လိပ်)၏ သွေးပါသည်ဟု ဆိုကြပြီး သတ်ဖြတ်ရန် အလွန်ပင် ခဲယဉ်းလှသည်။

ထို့ကြောင့်ပင် လူအများစုမှာ သူ့ကို ရင်ဆိုင်ခြင်းထက် ရှောင်ကွင်းခြင်းကိုသာ ရွေးချယ်ကြသဖြင့် သူ၏ မာန်မာနမှာ ပိုမို ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

သို့သော်... ကောင်းကင်ဘုံဒုက္ခဆင်းသက်လာချိန်တွင်မူ သူသည် အနည်းငယ်မျှပင် ပြန်လည် ခုခံနိုင်ခြင်း မရှိခဲ့ပေ။

၎င်းမှာ စမ်းသပ်မှုတစ်ခု မဟုတ်ခဲ့ပေ

ကြိုတင်ပြင်ဆင်ထား၍ ရသည့်အရာလည်း မဟုတ်ခဲ့ချေ

ရုန်းကန်ခွင့်ကိုလည်း မပေးခဲ့ပေ။

၎င်းသည် သတ်ဖြတ်ရန် သက်သက်သာ ရည်ရွယ်၍ ဆင်းသက်လာခြင်းဖြစ်ပြီး မည်မျှပင် ခိုင်မာသည့် ခန္ဓာကိုယ် သို့မဟုတ် နတ်လက်နက်များ ရှိနေပါစေ အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။

ချုန်ရှန်းသည် သူ၏ အကြည့်ကို ပိုင်ကျီဟန်ဆီသို့ ဖြည်းညင်းစွာ ပြန်လည် လွှဲပြောင်းလိုက်

သည်။

ယခုလေးတင် ဖြစ်ပေါ်လာခဲ့သည့် အငွေ့အသက်မှာ ထိုစဉ်က သူမြင်တွေ့ခဲ့ရသည့် အရာနှင့် အထူးသဖြင့် သတ္တမမြောက် တိုက်ခိုက်မှုနှင့် ထူးဆန်းစွာ တူညီနေခဲ့သည်။

ပိုင်ကျီဟန်သည် တည်ငြိမ်စွာ ရပ်နေရင်း သူတစ်ခါမျှ မကြားဖူးခဲ့သော ကောင်းကင်ဘေးဒုက္ခအမျိုးအစားများအကြောင်းကို နားထောင်နေသည်။

သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း မျက်လုံးများမှာ ပို၍ အေးစက်လာခဲ့သည်။

(ကောင်းကင်ဘေးဒုက္ခရဲ့ သားကောင်ဖြစ်ခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ...)

သူ တွေးလိုက်မိသည်။

ထို့ကြောင့် ဤအရာမှာ မဖြစ်နိုင်သည့် အဖြစ်အပျက်မျိုး မဟုတ်ပေ။

ယခင်ကလည်း ဖြစ်ပျက်ခဲ့ဖူးသည်။

ပိုင်ကျီဟန်သည် အကြည့်ကို အနည်းငယ် နှိမ့်ချကာ စဉ်းစားနေမိသည်။

ကောင်းကင်ဘေးဒုက္ခသည်လည်း သူအလိုရှိတိုင်း ပေါ်လာနိုင်ခြင်း သို့မဟုတ် စိတ်ထင်တိုင်း ပြုမူနိုင်ခြင်း မရှိနိုင်ကြောင်း သူ နားလည်သွားသည်။

အကယ်၍သာ ထိုသို့ ပြုမူနိုင်ပါက သူသည် ယခုအချိန်တွင် သေဆုံးနေပြီ ဖြစ်သည်။

၎င်းအတွက်ပင်လျှင် တစ်စုံတစ်ရာသော ကန့်သတ်ချက်များ ရှိနေပေလိမ့်မည်။

(ပြီးတော့... အဲဒီအရာမှာ ကိုယ်ပိုင်အလိုဆန္ဒ ရှိနေတယ်ပေါ့...)

"ဒါပေမဲ့ အဲဒါက ကန့်သတ်ခံထားရတာပဲ"

အရာရာကို တတ်နိုင်သည့်အရာ မဟုတ်။

လုံးဝဥဿုံ လွှမ်းမိုးနိုင်စွမ်း မရှိပေ

ထိုအတွေးကြောင့် သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးယောင်ယောင်လေး တစ်ခု ပေါ်လာသည်။

(စိတ်ဝင်စားဖို့ ကောင်းသားပဲ...)

ကောင်းကင်ဘုံသည် လူအများ ယုံကြည်ထားသကဲ့သို့ ဘက်မလိုက်ဘဲ မျှတနေခြင်း မရှိကြောင်း သူ သိလိုက်ရသည်။

အမှန်တော့ ကောင်းကင်ဘုံ၏ ရွေးချယ်ခံ များ ရှိနေခြင်းကို သူ သိရှိခဲ့ကတည်းက ဤအချက်ကို သဘောပေါက်ခဲ့ပြီးသား ဖြစ်သည်။

ပိုင်ကျီဟန်သည် ထိုသို့ ကောက်ချက်ချပြီးနောက် ခဏတာ တိတ်ဆိတ်သွားသည်။

လက်ရှိတွင်မူ သူ လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိသေးပေ။

ကောင်းကင်ဘေးဒုက္ခတွင် အလိုဆန္ဒရှိနေသည်ကို သိနေပါစေဦးတော့...

၎င်းမှာ လောကသားများ ယုံကြည်သလို ဖြောင့်မတ်ခြင်း မရှိသည်ကို သိနေပါစေဦးတော့...

ဘာမျှ ပြောင်းလဲသွားခြင်း မရှိပေ။

အနည်းဆုံးတော့... ယခုလောလောဆယ်တွင် ဖြစ်သည်။

သူသည် ထိုအမှတ်သညာများကို ရရှိခဲ့ကတည်းက ဤကဲ့သို့သော အခြေအနေမျိုးကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်သည်။

အစကတည်းက

သူသည် တစ်နေ့တွင် ကောင်းကင်ဘုံ၏ ရန်သူ ဖြစ်လာမည်ကို သိထားခဲ့သည်။

ယခုမူ ၎င်းမှာ ပို၍ အတည်ဖြစ်သွားခြင်းသာ ဖြစ်သည်။

ဒါက သူ့ကို ကြောက်ရွံ့သွားစေခြင်း မရှိပေ

ပို၍သာ သတိကြီးစွာ ထားလာစေသည်။

သူသည် လေကို အသာအယာ မှုတ်ထုတ်လိုက်ပြီး ထိုအတွေးများကို ဘေးဖယ်ထားလိုက်သည်။

ယခုတွင် ကိုင်တွယ်ဖြေရှင်းရန် ပို၍ အရေးကြီးသည့် ကိစ္စရပ်များ ရှိနေသေးသည်။

သူ၏ အကြည့်မှာ ချုန်ရှန်းထံသို့ ပြန်ရောက်သွားသည်။

"ကဲ..." သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "အနောက်ဘက်ဒေသအကြောင်း ပြောပြပါဦး။"

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ၏ အကြည့်မှာ စူးရှသွားသည်။

"အထူးသဖြင့်... အနောက်ဘက်ဒေသရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေထဲမှာ ကောင်းကင်အင်ပါယာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ကြံစည်နေတာမျိုး ရှိ၊ မရှိ ဆိုတာကိုပဲ"

ချုန်ရှန်းမျက်တောင် တစ်ချက်ခတ်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။

ဤမေးခွန်းမှာ ယခင်မေးခွန်းထက်စာလျှင် ပို၍ အဓိပ္ပာယ်ရှိသည်ဟု ဆိုနိုင်သည်။

သို့သော် သူ ချက်ချင်း မဖြေခဲ့ပေ။

သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်ရင်း တည်ငြိမ်စွာ ဆိုသည်။

"မင်း မေးစရာလူ မှားနေပြီ"

ပိုင်ကျီဟန်၏ မျက်လုံးများ စူးရှသွားသည်။

ချုန်ရှန်းက ဆက်ပြောသည်။ "ငါ မိစ္ဆာဧကရာဇ် ဖြစ်နေတုန်းက..."

သူ၏ နှုတ်ခမ်းပေါ်တွင် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာသည်။

"ငါ့ရဲ့ ထွက်ပေါ်လာမှုက သိပ်ပြီးတော့... သိမ်မွေ့လှတာမျိုး မဟုတ်ခဲ့ဘူးလေ"

သူသည် ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်သည်။

သူသည် မည်သည့် နောက်ခံအင်အားကြီးမှ မရှိဘဲ မိစ္ဆာဧကရာဇ် ရာထူးအထိ တက်လှမ်းလာနိုင်ခြင်းမှာ လူအများအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

ထို့ပြင် သူ၏ လမ်းခရီးသည်လည်း လွယ်ကူခြင်း မရှိခဲ့ဘဲ သွေးချောင်းစီး သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

မိစ္ဆာကျင့်ကြံသူဖြစ်စေ၊ ဖြောင့်မတ်သော ဂိုဏ်းဝင်များဖြစ်စေ သူသည် အဆင့်ဆင့် တက်လှမ်းနိုင်ရန် အားလုံးကို သတ်ဖြတ်ခဲ့ပြီး နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

"အဲဒီလို ပေါ်ထွက်လာမှုမျိုးက အာရုံစိုက်မှုကို အလွန် ခံရတတ်တယ်"

သူသည် ပိုင်ကျီဟန်ကို တစ်ချက်ကြည့်လိုက်သည်။

ပိုင်ကျီဟန်သည်လည်း မိမိနှင့် အလားတူသော လမ်းစဉ်မျိုး လျှောက်လှမ်းနေသူ ဖြစ်သဖြင့် ဤအချက်ကို နားလည်လိမ့်မည်ဟု သူ ထင်မြင်မိသည်။

ပိုင်ကျီဟန်က ဘာမျှ ပြန်မပြောပေ။

ချုန်ရှန်းက ဆက်ပြောသည်။

"ထိပ်သီး အင်အားကြီးတွေ အပါအဝင် ဂိုဏ်းအားလုံးနီးပါးက ငါ့အပေါ်မှာပဲ အာရုံစိုက်နေကြတာ။ ငါ့ကို ဘယ်လို ထိန်းချုပ်မလဲ... ပြီးတော့ ဖြစ်နိုင်ရင် ဘယ်လို သတ်မလဲ ဆိုတာကိုပဲပေါ့"

သူက ခပ်တိုးတိုး ရယ်လိုက်သည်။

"နောက်ဆုံးတော့... သူတို့ အောင်မြင်သွားတာပဲ မလား"

ထို့နောက် ချုန်ရှန်းသည် ခေါင်းကို အသာအယာ ခါလိုက်ရင်း ပိုင်ကျီဟန်၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်သည်။

"အနောက်ဘက်ဒေသက ကောင်းကင်အင်ပါယာကို ပစ်မှတ်ထားတဲ့ အစီအစဉ် ရှိ၊ မရှိ ဆိုတာကိုတော့... ငါ မသိဘူး"

"မဟုတ်ဘူး... ပိုပြီး တိတိကျကျ ပြောရရင် ငါ အသက်ရှင်နေတုန်းကတော့ သူတို့မှာ အဲဒီလို အစီအစဉ်မျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘယ်သူ သိနိုင်မှာလဲ?"

သူ၏ အသံမှာ ခိုင်မာနေသည်။

"ငါ ရှိနေတုန်းက သူတို့ရဲ့ ထိပ်တန်း ဦးစားပေးက ငါပဲလေ။ ငါ သေသွားတဲ့ အချိန်မှာတော့ သူတို့ရဲ့ အစီအစဉ်တွေကလည်း ပြောင်းလဲကုန်မှာပဲ"

သူ လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။

"ဒါကြောင့် အနောက်ဘက်ဒေသက ကောင်းကင် အင်ပါယာကို ပစ်မှတ်ထားနေသလားလို့ မင်း မေးမယ်ဆိုရင်..."

သူ ခဏမျှ ရပ်တန့်သွားပြီးနောက် ပြတ်သားစွာ ဖြေလိုက်သည်။

"ငါ မင်းကို အသေအချာတော့ မပြောနိုင်ဘူး။ အခုချိန်မှာတော့ သူတို့ ပစ်မှတ်ထားရင် ထားမှာပေါ့၊ ဒါပေမဲ့ အရင်ကတော့ ငါသိသလောက် အဲဒီလို အစီအစဉ်မျိုး မရှိခဲ့ဘူး"

ပိုင်ကျီဟန်သည် သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေမိသည်။

စကားလုံးတိုင်း၏ အလေးအပင်ကို ချိန်ဆနေသကဲ့သို့ပင်။

အမှန်တရားနှင့် လှည့်ဖြားမှုကြားကို ခွဲခြားစိတ်ဖြာနေခြင်း ဖြစ်သည်။

သို့သော် ချုန်ရှန်းက အကြည့်ကို လွှဲဖယ်မသွားခဲ့ပေ။

ဤတစ်ကြိမ်တွင်မူ သူ လိမ်ညာနေခြင်း မဟုတ်ပေ။

ချုန်ရှန်း၏ အဖြေကို ကြားပြီးနောက် ပိုင်ကျီဟန်တိတ်ဆိတ်သွားသည်။

သူ၏ အကြည့်မှာ အနည်းငယ် နိမ့်ဆင်းသွားသော်လည်း ထိုတည်ငြိမ်သော ရုပ်သွင်အောက်တွင် အတွေးပေါင်းများစွာမှာ လျင်မြန်စွာ လည်ပတ်နေ၏။

(သူတောင် မသိဘူးပေါ့...)

ဒါကလည်း ဖြစ်နိုင်ချေရှိသောအရာပင်။

သူပြောသလိုပင် သူသေဆုံးပြီးနောက် မည်သို့သော အပြောင်းအလဲများ ရှိနေမည်ကို မည်သူ သိနိုင်ပါမည်နည်း။

ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသည်။

(သူတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဖယ်ရှားပြီးတဲ့နောက်မှာ သူတို့ရဲ့ ရည်မှန်းချက်တွေက ပြောင်းလဲသွားတာလား...)

သို့မဟုတ်

(သူတို့ ကောင်းကင် အင်ပါယာထဲမှာ တစ်ခုခုကို ရှာတွေ့သွားတာလား...)

ထိုအတွေးက သူ၏ စိတ်ထဲတွင် ပို၍ စွဲမြဲနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ပို၍ ယုတ္တိရှိနေသောကြောင့် ဖြစ်သည်။

သို့မဟုတ်ပါက ချင်လင်းရှောင်သည် ဤနေရာသို့ ရောက်လာစရာ အကြောင်းမရှိပေ။

သူတို့... အနောက်ဘက်ဒေသသည် ကောင်းကင်အင်ပါယာအပေါ် အမှန်တကယ်ပင် စိတ်ဝင်စားမှု ရှိနေကြသည်။

အင်ပါယာအတွင်း၌ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်။

သူတို့၏ အာရုံစိုက်မှုကို ရရှိလောက်အောင် ကြီးမားသည့် အရာတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် သူသည်... ထိုအရာက ဘာလဲဆိုသည်ကို မသိသေးပေ။

ပိုင်ကျီဟန်သည် သူ၏ အကြည့်ကို ဖြည်းညင်းစွာ ပြန်လည် မြှင့်တင်လိုက်သည်။

သူ၏ အကြည့်မှာ ချုန်ရှန်းဆီသို့ တစ်ဖန် ပြန်ရောက်သွား၏။

"ဒါဆို မေးခွန်းကို ပြောင်းလိုက်ရအောင်။ မင်း တစ်ယောက်ယောက်ကို သိသလား... သူ့နာမည်က..."

သူ ခဏမျှ ရပ်တန့်လိုက်သည်။

"ချင်လင်းရှောင်"

ထိုနာမည် ထွက်ပေါ်လာသည့် ခဏ၌ပင်...

ချုန်ရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သိသိသာသာ ကြီးကြီးမားမား မဟုတ်သော်လည်း လုံလောက်သော အပြောင်းအလဲဖြစ်သည်။

မှတ်မိသွားခြင်း၊ ထို့နောက်တွင် ပို၍ လေးနက်သော အရာတစ်ခု...

သတိကြီးစွာ ထားလိုက်ခြင်း ဖြစ်သည်။

"ချင်လင်းရှောင် လား"

သူသည် ထိုနာမည်ကို ဖြည်းညင်းစွာ ထပ်ရေရွတ်လိုက်သည်။

သူ၏ မျက်ခုံးများ အနည်းငယ် စုကြုတ်သွားပြီးနောက် သက်ပြင်းတစ်ချက်ကို တိုးညှင်းစွာ မှုတ်ထုတ်လိုက်သည်။

"ငါ သူမအကြောင်း သိတာပေါ့"

(ပိုင်ကျီဟန်က ထိုနာမည်ကို မည်သို့ သိသနည်းဟု သူ မေးချင်သော်လည်း မိမိ၏ လက်ရှိ အခြေအနေကို ပြန်လည် သတိရသွားသည်။)

ပိုင်ကျီဟန်၏ မျက်လုံးများ မှေးစပြုလာသည်။

"ပြော”

ချုန်ရှန်းသည် စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။

"သူမက မရိုးရှင်းဘူး" သူ၏ အသံမှာ ပို၍ တိုးသွားသည်။

ယခင်ကထက် ပို၍ လေးနက်နေ၏။

"ငါ့ရဲ့ အရင်ဘဝတုန်းက သူမက ငါ့လိုမျိုး အထွတ်အထိပ်မှာ ရပ်တည်နေတဲ့သူ မဟုတ်ပေမဲ့... အဲဒီ အဆင့်နဲ့တော့ အရမ်း နီးစပ်ခဲ့တယ်။ သူမရဲ့ အသက်အရွယ်နဲ့ ယှဉ်ကြည့်ရင် သူမဟာ သူ့ဘာသာသူ မိစ္ဆာတစ်ကောင် လိုပဲ"

သူ၏ အကြည့်မှာ ခဏတာ ဝေးလွင့်သွားသည်။

မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရနေဟန် တူ၏။

"သူမက ငါ့လိုမျိုး ကြမ်းတမ်းတဲ့ ခွန်အားကို အားကိုးတာ မဟုတ်ဘူး။ သူမက... တစ်မျိုးပဲ။ “

“ပရိယာယ် ကြွယ်ဝသူ၊ အကွက်ချ စီစဉ်တတ်သူပဲ”

"တစ်ဒေသလုံးကို သူကိုယ်တိုင် လူလုံးထွက်ပြစရာ မလိုဘဲနဲ့ လှုပ်ခါပစ်နိုင်တဲ့သူမျိုးပေါ့"

ချုန်ရှန်းက ဆက်ပြောသည်။

"ငါ သူမနဲ့ တစ်ကြိမ်ပဲ ထိပ်တိုက် တွေ့ဖူးခဲ့တယ်"

ခဏမျှ ရပ်တန့်သွားသည်။

"အဲဒီ တစ်ကြိမ်တည်းနဲ့တင် သူမ ဘယ်လောက် အန္တရာယ်များသလဲဆိုတာ ငါ သဘောပေါက်သွားခဲ့တယ်"

သူ၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားသည်။

ထိုအချက် တစ်ခုတည်းကပင် အရာရာကို ဖော်ပြနေ၏။

သတ်ဖြတ်မှုနှင့် ကြောက်ရွံ့မှုများကြားမှ တက်လှမ်းလာသည့် ချုန်ရှန်းကဲ့သို့သော သူတစ်ဦးက ဤသို့ ပြောသည်ဆိုလျှင်...

၎င်းမှာ အလွန်ပင် အဓိပ္ပာယ် ရှိလှသည်။

ပိုင်ကျီဟန် ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ "စိတ်ဝင်စားစရာပဲ..."

သူ၏ အသံမှာ တိုးညှင်းလှသဖြင့် တိုးတိုးလေး ရေရွတ်လိုက်သကဲ့သို့ပင်။ ထို့နောက် သူ၏ အကြည့်မှာ ချုန်ရှန်းထံသို့ တစ်ဖန် စိုက်ဝင်သွားပြန်သည်။

"သူမအကြောင်း မင်းမှတ်မိသမျှ အကုန်ပြောပြစမ်း"

ပိုင်ကျီဟန်၏ မေးခွန်းအပြီးတွင် ချုန်ရှန်းခဏတာ တိတ်ဆိတ်နေခဲ့သည်။

သူ၏ အမှတ်သညာများကို ပြန်လည် စီစစ်နေဟန် သို့မဟုတ် စကားလုံးများကို သေချာစွာ ရွေးချယ်နေဟန် တူသည်။

ထို့နောက်တွင် သူသည် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။

"အကယ်၍ ချင်လင်းရှောင်အကြောင်းဆိုရင်..." သူ၏ အသံမှာ ပေါ့ပါးမှု အနည်းငယ်မျှပင် မရှိတော့ပေ။

ကျန်ရှိနေသည်မှာ သတိထားမှု သက်သက်သာ ဖြစ်သည်။

"မင်း ပထမဦးဆုံး နားလည်ထားရမှာ တစ်ခုရှိတယ်"

သူသည် အကြည့်ကို မြှင့်တင်ကာ ပိုင်ကျီဟန်ကို စိုက်ကြည့်လိုက်သည်။

"သူမဟာ သာမန်အတိုင်း တိုက်ခိုက်လို့ရတဲ့ သူမျိုး မဟုတ်ဘူး"

ခဏမျှ ရပ်တန့်လိုက်သည်။

"မင်း သူမကို ရန်သူလို့ သတ်မှတ်လိုက်တဲ့ အချိန်မှာတင်... မင်း ရှုံးနိမ့်ဖို့ များနေပြီပဲ"

ပိုင်ကျီဟန်၏ မျက်လုံးများ မှေးသွားသည်။

ချုန်ရှန်းက ဆက်ပြောသည်။

"သူမမှာ... အလွန် ရှားပါးတဲ့ စွမ်းရည်တစ်ခု ရှိတယ်။"

သူသည် ဖော်ပြရန်ပင် ခက်ခဲနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"အာရုံသိမြင်မှုကို ထိန်းချုပ်နိုင်တဲ့ မွေးရာပါ စွမ်းအားပဲ"

"ကံကြမ္မာ၊ စိတ်ခံစားမှု၊ ကိုယ်ပိုင် အမှတ်သညာ... သူမက အဲဒီ အရာအားလုံးကို လိမ်ယှက် ပုံဖျက်ပစ်နိုင်တယ်။"

သူ၏ အသံမှာ ပို၍ လေးလံလာသည်။

"သူမက မင်းကို လှည့်ဖြားတာတင် မဟုတ်ဘူး။ သူမကိုယ်တိုင်က မင်းလိုအပ်တဲ့ ပုံစံမျိုး ဖြစ်အောင် ပြောင်းလဲပစ်နိုင်တာ"

"အပြစ်ကင်းစင်သူ"၊ "အားနည်းသူ"

"ယုံကြည်ထိုက်သူ"

"ဆွဲဆောင်မှု ရှိသူ"

ချုန်ရှန်း၏ အကြည့်မှာ မှေးမှိန်သွားသည်။

"ပြီးတော့ အကြောက်စရာအကောင်းဆုံး အချက်က သူမဟာ အတုခိုးနေတာ မဟုတ်ဘူး၊ သူမကိုယ်တိုင်က အဲဒီလိုလူ အစစ်အမှန် ဖြစ်သွားတာပဲ”

ပိုင်ကျီဟန်က တိတ်ဆိတ်နေဆဲ ဖြစ်သည်။

သူသည် ထိုထိတ်လန့်ဖွယ် စွမ်းရည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသဖြင့် ချုန်ရှန်းပြောလိုသည့်အရာကို ကောင်းစွာ နားလည်

နေသည်။

ချုန်ရှန်းက ဆက်ပြောသည်။ "ဒါပေမဲ့ အဲဒါက... သူမရဲ့ အကြောက်စရာအကောင်းဆုံး အပိုင်း မဟုတ်သေးဘူး"

သူ၏ အသံမှာ ပို၍ပင် တိုးဝင်သွားသည်။

သူ၏ စကားလုံးများနောက်ကွယ်တွင် ယခင်ကထက် ပို၍ လေးလံသည့် ဖိအားတစ်ခု ပါဝင်နေသည်။

ပိုင်ကျီဟန်၏ အကြည့်မှာ စူးရှသွားသည်။

ချုန်ရှန်းသည် သူ၏ မျက်လုံးများကို စိုက်ကြည့်ရင်း တည်ကြည်လေးနက်သော အမူအရာဖြင့် ဆိုသည်။

"သူမရဲ့ စွမ်းရည်က အန္တရာယ်များတယ်၊ ဟုတ်တယ်။ ရင်ဆိုင်ရတာ အိပ်မက်ဆိုးတစ်ခုလိုပဲ။ ဒါပေမဲ့ အဲဒီလို စွမ်းရည်မျိုးက... ဘယ်လောက်ပဲ ရှားပါးပါစေ၊ ဘယ်လောက်ပဲ ထူးခြားနေပါစေ... ကန့်သတ်ချက်တွေတော့ ရှိစမြဲပဲ"

ခဏမျှ ရပ်တန့်လိုက်ပြီးမှ

"သူမကို အထိအတွေ့မခံနိုင်အောင် အမှန်တကယ် လုပ်ဆောင်နေတာက သူမရဲ့ နောက်ခံ အင်အားပဲ"

လေထုမှာ ပို၍ လေးလံလာသကဲ့သို့ ခံစားရသည်။

ပိုင်ကျီဟန်က ကြားဖြတ် မပြောခဲ့ပေ။

ချုန်ရှန်းသည် ထိုအကြောင်းကို ပြန်လည် အမှတ်ရရုံဖြင့်ပင် ဖိအားများ ရလာဟန်ဖြင့် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။

"အနောက်ဘက်ဒေသမှာ... ရေတွက်လို့ မရနိုင်တဲ့ ဂိုဏ်းတွေ၊ မိသားစုတွေနဲ့ ရှေးဟောင်း အမွေအနှစ်တွေ ရှိတယ်။ အင်အားကြီးတွေဟာ အမြဲတမ်း ပေါ်ထွန်းလာလိုက်၊ ပျက်သုဉ်းသွားလိုက်ပါပဲ။ ဒါပေမဲ့ အဲဒီ အရာအားလုံးရဲ့ အထက်မှာ နှစ်ပေါင်း သောင်းနဲ့ချီပြီး တည်ရှိနေခဲ့တဲ့ အရာ အနည်းငယ် ရှိတယ်"

သူ၏ အကြည့်မှာ မှေးမှိန်သွားသည်။

"ဒေသတစ်ခုကို လွှမ်းမိုးရုံတင် မဟုတ်ဘဲ... ဒေသရဲ့ အဓိပ္ပာယ်ကိုပါ သတ်မှတ်ပေးနိုင်တဲ့ တည်ရှိမှုမျိုးတွေပေါ့"

သူ၏ နှုတ်ခမ်းပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ပြီးတော့ ချင်လင်းရှောင်က... အဲဒီအထဲက တစ်ခုကနေ ဆင်းသက်လာတာပဲ"

ပိုင်ကျီဟန်၏ မျက်လုံးများ မှေးသွားသည်။

ချုန်ရှန်းက နောက်ထပ် စကားလုံးများကို ပြတ်သားစွာ ပြောလိုက်သည်။

" ချင်မျိုးနွယ်စုပဲ”

အခန်း ၅၁၉ အလှဘေးဆိုး

"ချင်မျိုးနွယ်စု “

ချုန်ရှန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နှစ်ပေါင်းသောင်းချီတိုင်အောင် လွှမ်းမိုးကြီးစိုးခဲ့သည့် ထိုမျိုးနွယ်စုအကြောင်းကို ပြန်လည်

အမှတ်ရမိသွားသည်။

"အနောက်ဘက်ဒေသတစ်ခုလုံးမှာ ရှေးအကျဆုံးနဲ့ သြဇာအရှိဆုံး မျိုးနွယ်စုတွေထဲက တစ်ခုပေါ့"

"သူတို့ရဲ့ အမြစ်တွယ်မှုက ဘယ်လောက်တောင် နက်ရှိုင်းသလဲဆိုရင် တရားဝင်ဂိုဏ်းတွေရော၊ မိစ္ဆာဂိုဏ်းတွေပါ သူတို့ကို မျက်နှာသာပေးရတယ်"

"သူတို့ရဲ့ နယ်မြေကို ကျော်လွန်ပြီး တစ်ကျွန်းလုံးအထိ သြဇာဖြန့်ကြက်နိုင်တဲ့ မျိုးနွယ်စုတစ်ခု ရှိတယ်ဆိုရင် အဲဒါဟာ သေချာပေါက် ချင်မျိုးနွယ်စုပဲ ဖြစ်လိမ့်မယ်”

ချုန်ရှန်းက ဆက်ပြောသည်။

"သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ကြိုက်တဲ့အဖွဲ့အစည်းထဲကိုမဆို စိမ့်ဝင်ထိုးဖောက်နိုင်ပြီး အတွင်းထဲကနေ ကြိုးကိုင်နိုင်စွမ်းရှိတယ်။ သူတို့ရဲ့ လက်တံတွေက ဘယ်လောက်အထိ ရှည်လျားနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေမဲ့ ချင်မျိုးနွယ်စုရှေ့မှာ ဘယ်အရာမှ အမှန်တကယ် လုံခြုံမှုမရှိဘူးဆိုတာကိုတော့ အားလုံးက သိထားကြတယ်"

"ဒါကြောင့် မျိုးနွယ်စုတွေနဲ့ ဂိုဏ်းအတော်များများက သူတို့ကို ဆန့်ကျင်ဖို့ မဝံ့ရဲကြဘူး။ အဲဒီအစား ချင်မျိုးနွယ်စုနဲ့ အတတ်နိုင်ဆုံး ဆက်ဆံရေးကောင်းအောင်ပဲ ကြိုးစားကြတယ်။ အဆုံးမှာတော့ သူတို့ကို တိုက်ခိုက်တာဟာ အင်အားစုတစ်ခုတည်းကို တိုက်ခိုက်တာမဟုတ်ဘဲ..."

"...သူတို့နောက်ကွယ်မှာ ရှိနေတဲ့ မရေမတွက်

နိုင်တဲ့ ကွယ်ဝှက်အင်အားစုတွေကို တိုက်ခိုက်နေတာဆိုတာ နားလည်နေကြလို့ပဲ"

"ပြီးတော့ ဘယ်သူသိမှာလဲ... သူတို့အထဲမှာတောင်မှ ချင်မျိုးနွယ်စုရဲ့ လူတွေ စိမ့်ဝင်ပြီးသား ဖြစ်နေနိုင်တယ်။ အဲဒါကို သိနိုင်တဲ့နည်းလမ်း လုံးဝမရှိဘူး"

"ဒါကြောင့် မိစ္ဆာဂိုဏ်းတွေအပါအဝင် အများစုက ချင်မျိုးနွယ်စုနဲ့ မိတ်မပျက်အောင် နေထိုင်ကြတာပေါ့"

သူ ခေတ္တရပ်သွားသည်။

ထို့နောက် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"မင်း ဘာလို့ ချင်လင်းရှောင်အကြောင်းကို မေးတာလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါသတိပေးပါရစေ... သူက မင်း ကိုင်တွယ်နိုင်မယ့် မိန်းမစားမျိုး မဟုတ်ဘူး"

ချုန်ရှန်းက ထိုစကားကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

ပိုင်ကျီဟန်ကို စိတ်ပူ၍ မဟုတ်ေပ

ချင်လင်းရှောင် ဆိုသည့် အမည်နာမနောက်ကွယ်ရှိ ကြောက်မက်ဖွယ်ရာများကြောင့်သာ ဖြစ်သည်။

ချုန်ရှန်း၏ အကြည့်က ပိုင်ကျီဟန်ထံသို့ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ခဏမျှ သူ ဝေခွဲမရဖြစ်နေပုံရပြီးမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်၏။

"အဲဒီမိန်းမကို ပြစ်မှားမိရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ မင်း နားမလည်သေးဘူး။ ငါတစ်ခု ပြောပြမယ်"

သူ့အသံက ပို၍ အေးစက်လာသည်။

"လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က..."

"အနောက်ဘက်ဒေသရဲ့ ထိပ်တန်းမျိုးနွယ်စုတစ်ခုက ဆက်ခံသူလူငယ်တစ်ယောက်ဟာ ချင်လင်းရှောင်ကို စိတ်ဝင်စားသွားခဲ့တယ်"

သူ့နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

“စိတ်ဝင်စားတယ်” ဆိုသည်မှာ အလွန်အမင်း အောက်ကျနောက်ကျဖြစ်နေသည့် စကားလုံးပင်။

"သူက ချင်လင်းရှောင်ရဲ့ ဘဝထဲကို အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်။ နှောင့်ယှက်ခဲ့တယ်၊ ပြီးတော့ အတင်းအဓမ္မ လက်ထပ်ဖို့လည်း ကြိုးစားခဲ့တယ်"

"သူ့ရဲ့ နောက်ခံအင်အားနဲ့ဆိုရင် ချင်လင်းရှောင်က သူ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ သူ ယုံကြည်နေခဲ့တာ"

ချုန်ရှန်းက ပိုင်ကျီဟန်ကို တစ်ချက်ကြည့်

လိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။

"အဲဒီအချိန်မှာ သူမ ဘာလုပ်ခဲ့လဲ မင်းသိလား"

ခဏတာ တိတ်ဆိတ်သွားသည်။

ယခုအချိန်အထိတောင်မှ ထိုကိစ္စကို ပြောပြနေသည့် သူ့မျက်နှာတွင် မယုံနိုင်စရာ အရိပ်အယောင်များ ရှိနေဆဲဖြစ်သည်။

"ငါ အဲဒီအကြောင်းကို စကြားတုန်းက... ငါကိုယ်တိုင်တောင် အံ့သြသွားရတယ်။ မိစ္ဆာကျင့်ကြံသူတွေတောင် သူမလောက် ရက်စက်မှာ မဟုတ်ဘူး"

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"တခြားလူသာဆိုရင် အဲဒီလူမိုက်ကို သေလုမျောပါးဖြစ်အောင် ရိုက်နှက်မှာပဲ။ သူမမှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်း အပြည့်အဝရှိတယ်"

"ဒါမှမဟုတ် ဒေါသဖြေတဲ့အနေနဲ့ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်မှာပဲ"

ချုန်ရှန်း၏ မျက်လုံးများ မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။

"ဒါပေမဲ့ ချင်လင်းရှောင်ကတော့ အဲဒီလို မလုပ်ခဲ့ဘူး"

"သူမက သူ့ကို လက်ဖျားနဲ့တောင် မတို့ခဲ့ဘူး"

"သူမက အဲဒီလူရဲ့ ယုံကြည်မှု အခြေခံဖြစ်တဲ့ သူ့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကိုပဲ ဦးတည်

တိုက်ခိုက်ခဲ့တာ"

ပိုင်ကျီဟန်၏ အကြည့်များ စူးရှသွားသည်။

အကယ်၍ အနောက်ဘက်ဒေသ၏ ထိပ်တန်းမျိုးနွယ်စုတစ်ခု ဖြစ်နေလျှင် ထိုမျိုးနွယ်စုတွင် မြေကမ္ဘာ အင်မော်တယ်များနှင့် အထွတ်အထိပ် အင်မော်တယ် များစွာ ရှိနေမည်မှာ သေချာသည်။

သူတို့သည် လက်ရှိ ပိုင်မျိုးနွယ်စုထက် အဆပေါင်းများစွာ ပို၍ အင်အားတောင့်တင်းမည်မှာ အမှန်ပင်။

ချုန်ရှန်းက တည်ငြိမ်သောအသံဖြင့် ဆက်ပြောပြနေသည်။

"အစပိုင်းမှာတော့... ထူးခြားတာ ဘာမှမရှိဘူးလို့ အားလုံးက ထင်နေကြတာ"

သူ ခဏရပ်သည်။

"အဲဒီမျိုးနွယ်စုက စည်းလုံးညီညွတ်မှုကြောင့် နာမည်ကြီးတယ်။ မျိုးနွယ်စုခေါင်းဆောင်နဲ့ အဓိက အကြီးအကဲတွေက ရာစုနှစ်ပေါင်းများစွာ အတူတူ ရပ်တည်လာခဲ့ကြတာ"

"သူတို့ အတူတူကျင့်ကြံကြတယ်၊ အတူတူတိုက်ပွဲဝင်ကြတယ်၊ အတူတူ အင်အားကြီးထွားလာခဲ့ကြတာ။ ပြင်ပလူတွေ ဘယ်လိုမှ မလှုပ်ခတ်နိုင်တဲ့ ယုံကြည်မှုမျိုး သူတို့ကြားမှာ ရှိခဲ့တယ်"

သူ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒါပေမဲ့ အဲဒီနောက်မှာတော့... အရာအားလုံးက ပြောင်းလဲကုန်တော့တာပဲ"

ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ချုန်ရှန်း၏ အကြည့်က ပို၍ နက်မှောင်လာကာ

"ထူးဆန်းတာက... သူတို့အားလုံးဟာ တစ်စုံတစ်ယောက်ကို ဝိုင်းပြီး ဖားလာကြတယ်... အဲဒါက..."

"ချင်လင်းရှောင်ပဲ”

ချုန်ရှန်းက ဆက်ပြောသည်။

"သူမက ဘယ်လိုနည်းနဲ့မှန်းမသိဘဲ အိမ်ထောင်ရှိပြီးသားလူတွေ အပါအဝင် သူတို့အားလုံးရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပုံရတယ်"

"အနောက်ဘက်ဒေသရဲ့ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင်လည်း သူမရဲ့ အလှအပအောက်မှာ နစ်မွန်းသွားခဲ့ရတယ်"

ချုန်ရှန်းက ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။

"အင်အားကြီးတဲ့ အမျိုးသားတွေဟာ သူတို့အားလုံးက မိန်းမတစ်ယောက်တည်းကိုပဲ ချစ်မိနေကြပြီဆိုတာ သိသွားတဲ့အခါ ဘာဖြစ်လာမလဲ မင်းထင်သလဲ"

သူ့မျက်လုံးများက ပို၍ အေးစက်လာသည်

"သူတို့ တစ်ယောက်ချင်းစီတိုင်းက သူမကို ပိုင်ဆိုင်ချင်ခဲ့ကြတယ်”

"ပြီးတော့ ယောက်ျားတွေဆိုတာ..."

"...သူတို့ တကယ်ချစ်တယ်လို့ ယုံကြည်လိုက်ရတဲ့ မိန်းမတစ်ယောက်အတွက်ဆိုရင် အကျိုးအကြောင်း ဆင်ခြင်တုံတရားအကင်းမဲ့ဆုံး သတ္တဝါတွေ ဖြစ်သွားတတ်ကြတယ်"

"သူတို့တွေ သစ္စာတရားကို စွန့်လွှတ်ကြတယ်၊ ညီအစ်ကိုသံယောဇဉ်ကို ဖြတ်တောက်ကြတယ်၊ နောက်ဆုံး ကိုယ့်သွေးရင်းသားရင်းတွေကိုတောင် သစ္စာဖောက်လာကြတယ်”

"အထူးသဖြင့် သူတို့ရဲ့ စိတ်အာရုံတွေက တစ်နည်းနည်းနဲ့ လွှမ်းမိုးခံထားရတဲ့အခါမျိုးမှာပေါ့"

"သူတို့ တွေးနိုင်သမျှက သူမအကြောင်းပဲ ရှိတော့တယ်။ တခြား ဘာကိုမှ ဂရုမစိုက်

နိုင်တော့ဘူး"

ထိုသို့သော ရူးသွပ်မှုမျိုးကို သူတို့၏ ဇနီးသည်များက ဘယ်လိုမှ သည်းမခံနိုင်ကြတော့ပေ။

"ဇနီးသည် အတော်များများက စွန့်ခွာသွားကြတယ်"

"တချို့က ကွာရှင်းဖို့ တောင်းဆိုကြတယ်၊ တချို့ကတော့ ဘာစကားမှမပြောဘဲ ထွက်သွားကြတယ်"

"အားလုံး ထွက်သွားကြတာတော့ မဟုတ်ပါဘူး..."

"ဒါပေမဲ့ အများစုကတော့ ထွက်သွားကြတာပဲ"

ထိုသို့နှင့်

ထိုအမျိုးသားများကို ထိန်းကျောင်းပေးထားသည့် နောက်ဆုံးသော ချုပ်တည်းမှု အတားအဆီးများလည်း ကွယ်ပျောက်သွားတော့သည်။

"သူတို့ကို ဆွဲကိုင်ထိန်းကျောင်းပေးမယ့် အရာ ဘာမှမရှိတော့ဘူး"

"ဆင်ခြင်တုံတရားဆီ ပြန်ခေါ်ဆောင်ပေးမယ့်အရာလည်း မရှိတော့ဘူး"

"အဲဒီတော့ သူတို့ ဘာလုပ်ကြသလဲ"

"သူတို့ တိုက်ခိုက်ကြတာပေါ့"

"သူမအတွက်၊ သူမရဲ့ အာရုံစိုက်မှုကို ရဖို့အတွက်၊ သူမရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက်ပဲ"

ချုန်ရှန်း၏ အသံက အေးစက်သွားသည်။

"ဘယ်သူက ပိုပြီး ထိုက်တန်သလဲဆိုတာကို သူတို့ သက်သေပြဖို့ ကြိုးစားကြတော့တာပဲ"

"ဘယ်သူက သူမနဲ့ ရရှိဖို့ ထိုက်တန်သလဲ"

"ဘယ်သူက သူမရဲ့ ဘေးနားမှာ ရပ်တည်ပိုင်ခွင့်ရှိသလဲ ဆိုတာကိုပေါ့"

ပိုင်ကျီဟန်ကတော့ တိတ်ဆိတ်စွာ နားထောင်နေသည်။

ချုန်ရှန်းက ဆက်ပြောသည်။

"သူတို့ရဲ့ စည်းလုံးမှုတွေ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကုန်တယ်"

နောက်ဆက်တွဲ ဖြစ်လာမည့်အရာမှာ ရှောင်လွှဲ၍မရသော ကံကြမ္မာပင်။

"သူတို့အားလုံးက သူတို့ရဲ့ အချစ်က စစ်မှန်တယ်လို့ ယုံကြည်နေကြတယ်"

"တခြားလူတွေက မထိုက်တန်ဘူးလို့ ယူဆနေကြတယ်"

"တခြားလူတွေက ဘေးဖယ်ပေးသင့်တယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ဘယ်သူမှ လမ်းဖယ်မပေးခဲ့ကြဘူး"

"မျိုးနွယ်စုခေါင်းဆောင်က သူ့ရဲ့ အာဏာကိုသုံးပြီး တားဆီးဖို့ ကြိုးစားတဲ့အခါမှာတောင် မရခဲ့ဘူး"

သူ့နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။

"တကယ်တော့ အဲဒီအချက်က ပြိုလဲမှုကို ပိုပြီး မြန်ဆန်စေခဲ့တာပဲ"

"ခေါင်းဆောင်တစ်ယောက်က ဆင်ခြင်တုံတရား ကင်းမဲ့သွားတဲ့အချိန်မှာ... မျိုးနွယ်စုတစ်ခုလုံးဟာ စတင်ပုပ်ပွတော့တာပဲ"

ချုန်ရှန်း၏ အကြည့်က ပိုင်ကျီဟန်ထံသို့ စိုက်ကြည့်လိုက်၏

"စစ်ပွဲ စတင်ခဲ့တယ်"

"ပြင်ပရန်သူနဲ့ တိုက်တဲ့စစ်ပွဲ မဟုတ်ဘူး..."

"အတွင်းစစ်ပွဲပဲ"

သူ့အသံက ပို၍ လေးလံလာသည်။

"အင်မော်တယ် ရွှေဗဟိုနယ်ပယ် တွေ ထိပ်တိုက်တွေ့ကြတယ်"

"သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေဟာ စစ်တလင်း ဖြစ်သွားခဲ့ရတယ်"

"ခန်းမဆောင်တွေထဲမှာ သွေးတွေ လွှမ်းသွားခဲ့တယ်"

"ယုံကြည်မှုတွေဟာ ဓားသွားတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်"

ပိုင်ကျီဟန်၏ လက်ချောင်းများ အနည်းငယ် တင်းသွား၏။

"ပြီးတော့ အဲဒီ ဆက်ခံသူ လူငယ်လေးကတော့..."

ချုန်ရှန်း၏ လေသံက ပို၍ တိုးညှင်းသွားသည်။

"သူ အရာအားလုံးကို ထိုင်ကြည့်နေခဲ့ရတယ်"

"အစပိုင်းမှာ သူ နားမလည်ခဲ့ဘူး။ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ပဲ သူ ထင်ခဲ့တာ"

"ကံဆိုးမှုတစ်ခုပေါ့"

"ဒါပေမဲ့ အဲဒီနောက်မှာတော့..."

"သူ အမှန်တရားကို သိသွားခဲ့တယ်"

"အဲဒီ အမျိုးသားတွေ အားလုံးဟာ..."

"...သူ ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တဲ့ မိန်းမတစ်ယောက်တည်းကိုပဲ စွဲလမ်းသွားခဲ့ကြတာဆိုတာကိုပေါ့"

အစပိုင်းမှာ သူ ဒေါသထွက်ခဲ့သည်။

ပေါက်ကွဲခဲ့သည်။

သို့သော်လည်း— နောက်ပိုင်းတွင် သဘောပေါက်မှုတစ်ခု ဝင်လာခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။

"မျိုးနွယ်စုကြီး ပြိုကွဲသွားတဲ့အခါ..."

"သွေးတွေ ခန်းမဆောင်ထဲ လွှမ်းသွားတဲ့အခါ..."

"သူ့ရဲ့ မိဘအရင်းအခေါက်ခေါက်တွေတောင် အဲဒီပဋိပက္ခထဲ ပါဝင်လာတဲ့အခါမှာတော့...”

သူ့အသံက ပို၍ နိမ့်ဆင်းသွားသည်။

"သူ စတင်နားလည်သွားခဲ့တယ်”

ရှည်လျားသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားသည်။

"ချင်လင်းရှောင်က ကလဲ့စားချေနေတာပဲ"

ချုန်ရှန်း သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်သည်။

"အဲဒီအချိန်ကျမှသာ သူ ဘယ်သူ့ကို သွားပြစ်မှားမိလဲဆိုတာ သူ သိလိုက်ရတာ။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ အားလုံးက နောက်ကျလွန်းသွားပြီ"

"နှစ်ပေါင်းသောင်းချီ တည်တံ့ခဲ့တဲ့ သူ့ရဲ့ မျိုးနွယ်စုဟာ လပိုင်းအတွင်းမှာတင် ပြိုလဲသွားခဲ့ရတယ်"

"အကြီးအကဲတွေ သေဆုံးကုန်တယ်"

"အခြေခံအုတ်မြစ်တွေ ပျက်စီးကုန်တယ်"

"နောက်ဆုံးမှာတော့ သူ့ဖခင်တောင်မှ ကျဆုံးသွားခဲ့ရတယ်"

ခဏမျှ ရပ်တန့်သွားသည်။

"သူမက အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်အောင်၊ သူမကို ပြစ်မှားမိတဲ့ အကျိုးဆက်ကို သိအောင် သူ့ကို အသက်ရှင်

ခွင့် ပေးထားခဲ့တာ"

ချုန်ရှန်း၏ မျက်လုံးများ မှောင်မည်းသွားသည်။

"အရာအားလုံး ပြီးဆုံးသွားတဲ့အခါမှာတော့ သူကိုယ်တိုင်လည်း ဒါကို မခံစားနိုင်တော့ဘူး"

အဓိပ္ပာယ်က ရှင်းနေပါသည်။

သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအတွက် မိမိကိုယ်ကိုယ် အပြစ်တင်ရင်း အဆုံးစီရင်သွားခဲ့ခြင်းပင်။

"ဘာလို့လဲဆိုတော့ သူ့ရဲ့ လုပ်ရပ်တွေကပဲ သူ့မျိုးနွယ်စုကို ပျက်စီးခြင်းဆီ ခေါ်ဆောင်သွားခဲ့လို့ပဲ"

ချုန်ရှန်း၏ အသံက အေးစက်သွားသည်။

"သူမက သူတို့ကို အင်အားသုံးပြီး ဖျက်ဆီးခဲ့တာ မဟုတ်ဘူး။ သူတို့ဘာသာသူတို့ ပြန်ဖျက်ဆီးအောင် လုပ်ခဲ့တာ"

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။

"အဲဒါကပဲ သူမကို ကြောက်စရာ အကောင်းဆုံး ဖြစ်စေတာပေါ့"

ချုန်ရှန်းက အသက်ရှူသံ ခပ်တိုးတိုး ထွက်လာသည်။

သူ အင်မော်တယ် အထွတ်အထိပ်အဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေချိန်၊ နာမည်ရစပြုလာသည့် အချိန်တုန်းက ဒီအကြောင်းကို ကြားခဲ့ရတာဖြစ်သည်။

အရာအားလုံးကို ကြားသိရသည့်အခါတွင်တော့ သူသည်လည်း သူမကို အသိအမှတ်ပြုခဲ့ရသည်။

"ငါ သူမနဲ့ ကိုယ်တိုင်ကိုယ်ကျ မဆုံဖူးပေမဲ့၊ သူမမှာ တိုင်းပြည်တစ်ခုလုံးကို ပြိုလဲစေနိုင်တဲ့ အလှအပမျိုး ရှိတယ်ဆိုတဲ့ ကောလာဟလတွေကို ကြားခဲ့ဖူးတယ်"

သူက ခပ်တိုးတိုး လှောင်ရယ်လိုက်သည်။

"အစတုန်းကတော့ အဲဒါက ပုံကြီးချဲ့ထားတာလို့ ငါ ထင်ခဲ့တာ"

"ဒါပေမဲ့ ဒီအကြောင်းကို ကြားပြီးတဲ့နောက်မှာတော့ အဲဒါဟာ အမှန်တရားဖြစ်တယ်ဆိုတာ ငါ သိလိုက်ရတယ်။ ဘယ်လောက်ပဲ အင်အားကြီးပါစေဦးတော့၊ လုံလောက်တဲ့ အလှအပမျိုး မရှိဘဲနဲ့တော့ အဲဒီ အင်မော်တယ်ရွှေအမြုတေတွေကို ရူးသွပ်သွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး"

သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ရှိနေသည်။

ကြောက်ရွံ့မှုသက်သက် မဟုတ်ဘဲ— အသိအမှတ်ပြုမှုတစ်ခုပင်။

လူတစ်ယောက်က သူမကို ပြစ်မှားမိရုံဖြင့် မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့်အထိ လုပ်နိုင်စွမ်းရှိသည်။

၎င်းကလည်း ဒီလောက၏ သဘောတရားပင်

အင်အားကြီးသူကို ပြစ်မှားမိသည့်အခါ မင်း အသက်နဲ့တင် ပေးဆပ်ရတာ မဟုတ်ပေ

မိသားစု၊ မျိုးနွယ်စု။ မင်းနဲ့ ပတ်သက်သူတိုင်း အဖိုးအခ ပေးဆပ်ရတာပင်

"သူမရဲ့ အလှအပက ဘေးဆိုးတစ်ခုပဲလို့ ပြောကြတယ်။ လူတစ်ယောက်ဟာ ဆင်ခြင်တုံတရား ကင်းမဲ့သွားပြီး သူမရဲ့ ကျေးကျွန်အဖြစ်ကို လိုလိုလားလား ခံယူသွားကြလိမ့်မယ်တဲ့"

"ဒါဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလတော့ မဟုတ်ပုံရဘူး"

ချုန်ရှန်းက တိုးတိုးလေး ပြောလိုက်သည်။

"ပြီးတော့ အဲဒါတွေ အားလုံးဟာ သူမ အင်မော်တယ်အဆင့် ကို ခြေချခါစတုန်းက ဖြစ်ခဲ့တာနော်"

ခဏမျှ ရပ်သွားသည်။

"အခုဆိုရင်ရော?"

သူက ပိုင်ကျီဟန်ကို ကြည့်လိုက်သည်။

"သူမက အများကြီး ပိုပြီး ကြောက်ဖို့ကောင်းနေမှာ သေချာတယ်"

ပိုင်ကျီဟန်က တိတ်ဆိတ်စွာ နားထောင်

နေသည်။

ချင်လင်းရှောင် မည်မျှ ကြောက်ဖို့ကောင်းသည်ကို သူကိုယ်တိုင်လည်း သိပြီးသားဖြစ်သည်။

သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော

အကယ်၍ စနစ် သာ မရှိခဲ့လျှင်

သူလည်း လွတ်မြောက်နိုင်မှာ မဟုတ်ပေ

ဒါတောင်

သူမ အစစ်အမှန် ရုပ်ရည်ကိုတောင် မပြသေးပေ

ယုဖေးယန် မျက်နှာကိုပဲ သုံးထားသေးတာပင်

သူမ အစစ်အမှန် မျက်နှာကိုသာ ပြခဲ့မည်ဆိုပါက

သူတောင်မှ ခုခံနိုင်ပါ့မည်လား မသိပေ

ပိုင်ကျီဟန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"သူမရဲ့ အားနည်းချက်က ဘာလဲဆိုတာ မင်း သိလား"

ချုန်ရှန်းက ခေါင်းခါပြလိုက်သည်။

"တကယ်လို့ မင်းက သူမနဲ့ တစ်ယောက်ချင်း ရင်ဆိုင်နိုင်မယ်ဆိုရင်တော့ အခွင့်အရေး ရှိကောင်းရှိနိုင်မယ်"

"ဒါပေမဲ့ အဲဒါက အနည်းဆုံး မြေကမ္ဘာ အင်မော်တယ် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ကျင့်စဉ်အဆင့် ရှိဖို့ လိုလိမ့်မယ်"

သူ ခေတ္တရပ်သွားပြီးမှ အသံကို နှိမ့်လိုက်

သည်။

"ဒါပေမဲ့ သူမရဲ့ စွမ်းရည်နဲ့ဆိုရင် တိုက်ခိုက်နေဖို့တောင် မလိုဘူး"

သူ့အကြည့်က ပိုင်ကျီဟန်ထံသို့ စိုက်ကြည့်

ရင်း

"သူမရဲ့ မျက်နှာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာတင် မင်း ရှုံးနိမ့်သွားမှာမို့လို့ပဲ"

All Chapters