အခန်း (၅၂၄-၅၂၆)
Vol. 35 Ch. 524-526
အခန်း ၅၂၄ - ဆေးလုံးတစ်လုံးကို ဖော်စပ်လို၏
ဟိုးအဝေးက ကောင်းကင်ယံထက်တွင် ဟင်းလင်းပြင်ကြီးသည် ရုတ်ခြည်းဆိုသလို လိမ်ရှုံ့သွားပြီး လေညင်းများ တိုးဝှေ့တိုက်ခတ်လာ၏။
ထိုဟင်းလင်းပြင် အက်ကြောင်းထဲမှ ပိုင်ကျီဟန်သည် လှမ်းထွက်လာခဲ့လေသည်။
သူ၏ ဝတ်ရုံစများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်စင်နေပြီး ဟင်းလင်းပြင် အက်ကြောင်းထဲမှ သူကျွမ်းကျင်လှသော
မူမျိုးနွယ်စုနယ်မြေထဲသို့ ဆင်းသက်လိုက်၏။
သူသည် ပိုင်မျိုးနွယ်စုထံသို့ မသွားဘဲ မူမျိုးနွယ်စုထံသို့ တိုက်ရိုက်လာရသည့် အကြောင်းရင်းမှာ ရိုးရှင်းလှ၏။
သူ၏ မဟာသခင်အဆင့်ဆေးဖော်စပ်သူ စွမ်းရည်ကို စမ်းသပ်ကြည့်ရန်သာ ဖြစ်ပေသည်။
ပိုင်ကျီဟန်၏ အကြည့်တို့သည် မျိုးနွယ်စု နယ်မြေတစ်ခုလုံးကို ခေတ္တမျှ ဝေ့ဝဲကြည့်ရှုလိုက်၏။
တောင်တန်းများ၊ မြစ်ချောင်းများနှင့် ဒေသတစ်ခုလုံးသည် ဆေးဖက်ဝင်အပင်များနှင့် ဝိညာဉ်အပင်တို့၏ သင်းပျံ့သော ရနံ့များဖြင့် ပြည့်နှက်နေပေသည်။
ဝိညာဉ်ဆေးပင် စိုက်ခင်းများသည် မျက်စိတစ်ဆုံး သွယ်တန်းနေပြီး နေရောင်အောက်တွင် မှိန်ပျပျ တောက်ပနေကြ၏။
ကြည်လင်သော စမ်းရေများသည် ဆေးပင်များကြားတွင် စီးဆင်းနေပြီး ဆေးဘက်ဝင် အနှစ်သာရများကို သယ်ဆောင်သွားကြလေသည်။
ချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင်မူ လက်ရာမြောက်လှသော အဆောက်အအုံများ ရှိနေ၏။ ပိုင်မျိုးနွယ်စု၏ ထည်ဝါကြီးစိုးသော အငွေ့အသက်မျိုး မဟုတ်ဘဲ ဤနေရာလေးသည် အေးချမ်းငြိမ်သက်ခြင်းကို ပေးစွမ်းပေသည်။
ဤသည်မှာ မူမျိုးနွယ်စုပင် ဖြစ်တော့သည်။
ပိုင်ကျီဟန်၏ အကြည့်တို့သည် ခေတ္တမျှ ရပ်တန့်နေပြီးနောက် သူသည် ရှေ့သို့ လှမ်းတက်လိုက်၏။
သူသည် နယ်နိမိတ်ကို ဖြတ်ကျော်လိုက်သည့် ခဏ၌ပင် လူရိပ်အချို့သည် ချက်ချင်းဆိုသလို ပေါ်ထွက်လာကြ၏။
၎င်းတို့သည် ပိုင်ကျီဟန် နီးကပ်လာသည်ကို အာရုံမခံမိခဲ့ကြပေ။
သို့သော် သူ နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် ၎င်းတို့ ချက်ချင်း သိလိုက်ကြလေသည်။
မူမျိုးနွယ်စု တပည့်တစ်စုသည် အပြေးအလွှား ရောက်ရှိလာကြ၏။
ပိုင်ကျီဟန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ ၎င်းတို့၏ မျက်နှာအမူအရာတို့သည် ချက်ချင်း ပြောင်းလဲသွားကြသည်။
၎င်းတို့သည် သူ့ကို မှတ်မိသွားကြ၏။
ထို့နောက် လေးစားမှုတို့ဖြင့် ပြည့်နှက်သွားလေသည်။
"သခင်လေးပိုင်”
၎င်းတို့သည် ရိုရိုသေသေ ဦးညွှတ်လိုက်ကြ၏။
၎င်းတို့၏ သဘောထားမှာ ယဉ်ကျေးရုံတင်မကဘဲ အလွန်အမင်း ရိုသေကိုးကွယ်မှုပါ ပါဝင်နေပေသည်။
မူမျိုးနွယ်စုသည် သီးခြားလွတ်လပ်သည် ဆိုသော်လည်း ပိုင်မျိုးနွယ်စုအပေါ်တွင် များစွာ မှီခိုနေရသည် မဟုတ်ပါလော
ထို့ပြင် ပိုင်ကျီဟန်ဆိုသည်မှာ ၎င်းတို့ မတော်တဆတောင် မပြစ်မှားရဲသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
၎င်းအပြင် ပိုင်ကျီဟန်တွင် မူမျိုးနွယ်စု၏ သွေးပါဝင်နေပြီး ပိုင်ဟူသော အမည်နာမကို ဖယ်လိုက်လျှင်ပင် သူသည် မြင့်မားသော အဆင့်အတန်းတွင် ရှိနေသူ ဖြစ်၏။
သာ၍ အရေးကြီးသည်မှာ သူသည် မိစ္ဆာအင်အားစုတို့အပေါ် မည်သို့နှိမ်နင်းခဲ့သည်ဟူသော သတင်းကို ဘယ်သူက မကြားဘဲ နေမည်နည်း။
သူ၏ အစွမ်းတစ်ခုတည်းနှင့်တင် သူ၏မိခင် အပါအဝင် မူမျိုးနွယ်စု တစ်ခုလုံးရှိ မည်သူ့ထက်မဆို သာလွန်ကြောင်း ၎င်းတို့ သိရှိထားကြလေသည်။
ပိုင်ကျီဟန်က ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်၏
"ငါအမေကိုတွေ့ဖို့လာတာ” ဟု ပြောလိုက်၏။
တပည့်တို့က ချက်ချင်းပင် ခေါင်းငြိမ့်လိုက်၏
"မှန်လှပါ သခင်လေး၊ ကျေးဇူးပြုပြီး အတွင်းသို့ လမ်းပြခွင့်ပြုပါ" ဟု ပြန်လည် လျှောက်
တင်ကြ၏။
၎င်းတို့သည် အချိန်မဆိုင်းဘဲ ပိုင်ကျီဟန်ကို လမ်းပြခေါ်ဆောင်သွားကြလေသည်။
ချိုင့်ဝှမ်းအတွင်းပိုင်းသို့ လျှောက်လှမ်းသွားသည့်အခါ မူမျိုးနွယ်စုဝင် အများအပြားက သူ၏ ရောက်ရှိလာမှုကို သတိပြုမိသွားကြ၏။
အချို့က သူတို့၏ အလုပ်များကို ခဏရပ်လိုက်ကြ၏
အချို့က သူဖြတ်သွားသည့်အခါ အသာအယာ ဦးညွှတ်နှုတ်ဆက်ကြ၏။
တိုးတိုးတိတ်တိတ် ပြောဆိုသံတို့သည်လည်း ပျံ့နှံ့သွားလေသည်။
လေးစားမှု၊ စပ်စုလိုစိတ်နှင့် အံ့ဩထိတ်လန့်မှုတို့သည် ရောယှက်နေပေသည်။
အတွင်းသို့ ပိုဝင်သွားလေလေ၊ ဝိညာဉ်စွမ်းအင်တို့သည် ပို၍ သိပ်သည်းလာလေပင် ဖြစ်သည်။
ဆေးပင်ရနံ့တို့သည်လည်း ပိုမိုပြင်းရှလာလေသည်။
"ဒီဘက်သို့ ကြွပါ သခင်လေး" ဟု တပည့်ဖြစ်သူက ရိုသေစွာ ညွှန်ပြလိုက်၏။
အတွင်းဆောင်လေးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
သင်းပျံ့သော အမွှေးနံ့သာနံ့လေးများသည် ဝန်းကျင်ရှိ ဝိညာဉ်ဆေးပင်ရနံ့တို့နှင့် ရောယှက်ကာ လေထဲတွင် ဝဲပျံနေပေသည်။
ဗိသုကာလက်ရာတို့မှာ ခမ်းနားထည်ဝါခြင်းထက် သေသပ်လှပခြင်းကို ဦးစားပေးထား၏။
ပိုင်ကျီဟန်သည် ထိုင်ခုံတွင် နေရာယူလိုက်၏။
အစေခံတစ်ဦးက ကျောက်စိမ်းစားပွဲပေါ်တွင် လတ်လတ်ဆတ်ဆတ် ဖျော်စပ်ထားသော ဝိညာဉ်လက်ဖက်ရည်ကို လာချပေး၏။
လက်ဖက်ရည်၏ ရေနွေးငွေ့တို့သည် လေထဲတွင် ဝဲနေပြီး လူတစ်ဦး၏ ဝိညာဉ်
လမ်းကြောင်းတို့ကို ငြိမ်သက်စေနိုင်သော အစွမ်းရှိပေသည်။
သူသည် လက်ဖက်ရည်ကို အသာအယာ သောက်ရင်း စောင့်ဆိုင်းနေ၏။
သိပ်မကြာလိုက်ပေ။
နူးညံ့ပြီး နက်ရှိုင်းလှသော အရှိန်အဝါတစ်ခု နီးကပ်လာလေသည်။
ထို့နောက် ဝင်ပေါက်တွင် လူရိပ်တစ်ခု ပေါ်လာ၏။
မူယွဲ့လန်
သူမ၏ အကြည့်တို့သည် ပိုင်ကျီဟန်အပေါ် ကျရောက်သွားသည့် ခဏ၌ပင်
မျက်လုံးတို့သည် တောက်ပသွားလေသည်။
"ကျီဟန်အာ”
သူမ၏ အသံတွင် ဖုံးဖိမရသော ပျော်ရွှင်မှုတို့ ပါဝင်နေ၏။
နောက်တစ်ခဏတွင် သူမသည် အတွင်းသို့ လှမ်းဝင်လာခဲ့၏။
ပုံမှန်ဆိုလျှင် တည်ငြိမ်လှသော သူမ၏ အမူအရာတို့သည်ပင် အနည်းငယ် ပျက်ယွင်းသွားလေသည်။
"မင်း ရောက်လာပြီပဲ"
သူမ၏ အကြည့်တို့သည် သူ့အပေါ်တွင် အလိုအလျောက် ဂရုတစိုက် ဝေ့ဝဲကြည့်ရှုနေ၏။
ထို့နောက် သူမ ပြုံးလိုက်လေသည်။
"ကောင်းတယ်... ကောင်းတယ်”
သူမ၏ အသံသည် တိုးညှင်းသွားပြီး ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"အမေ အားလုံး ကြားသိပြီးပြီ"
သူမ၏ မျက်လုံးတို့သည် မှိန်ပျပျ တောက်ပနေ၏။
"မင်းသည် တကယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တယ်။ ပြီးတော့ မင်းကျင့်စဉ်အဆင့်ကလည်း..."
ပိုင်ကျီဟန်၏ ကျင့်စဉ်အဆင့်ကို သူမ အာရုံခံမိလိုက်သည့်အခါ သူမကိုယ်သူမပင် မယုံကြည်နိုင် ဖြစ်သွားရ၏။
ဗလာ သန့်စင်ခြင်း နယ်ပယ်
ဤသည်မှာ သူမ၏ အဆင့်ကိုပင် မီလုနီးပါး ဖြစ်နေချေပြီ။
သာ၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ လွန်ခဲ့သော နှစ်နှစ်တုန်းက သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း၌သာ ရှိသေးခြင်းပင် ဖြစ်၏။
"ဗလာသန့်စင်ခြင်းတဲ့..ကျီဟန်အာ... မင်း တကယ် ကြိုးစားခဲ့တာပဲ။ ကောင်းကင်အင်ပါယာတင်မဟုတ်ဘဲ လောကကြီးတစ်ခုလုံးတောင် မင်းလောက် ပါရမီရှိသူ ရှိတော့မှာ မဟုတ်ဘူး”
သူမသည် ချီးကျူးစကားများကို အားမနာတမ်း ပြောဆိုလိုက်၏။
ဤသည်မှာ စစ်မှန်သော ပျော်ရွှင်မှုပင် ဖြစ်တော့သည်။
ဤသည်မှာ သူမ၏ သားပင် မဟုတ်ပါလော
ပိုင်ကျီဟန်သည် သူမကို တည်ငြိမ်စွာ ပြန်လည်ကြည့်ရှု၏။
အချီးကျူးခံရသည့်အတွက် ထူးခြားသော တုံ့ပြန်မှု မရှိသကဲ့သို့၊ ထိုစကားများကို ငြင်းပယ်ခြင်းလည်း မပြုပေ။
မူယွဲ့လန်သည် ချက်ချင်းပင် သူမ၏ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းလိုက်၏။
သူမသည် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး စပ်စုလိုသော အမူအရာလေးဖြင့်
"မင်းသည် ငါ့ကို တွေ့လိုရုံသက်သက်နဲ့ ရောက်လာတာတော့ မဟုတ်တာသေချာတယ်”
သူမ၏ အသံသည် နူးညံ့သော်လည်း သေချာနေသော လေသံမျိုး ဖြစ်၏။
ပိုင်ကျီဟန်ကဲ့သို့သော သူသည် သူမ၏ သားဖြစ်နေစေကာမူ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ခရီးထွက်လာမည့်သူ မဟုတ်ကြောင်း သူမ သိရှိထားပေသည်။
ပိုင်ကျီဟန်က ခေါင်းငြိမ့်ပြလိုက်၏
"ကျွန်တော် ဆေးဖော်စပ်မဲ့ အခန်းတစ်ခန်း လိုချင်လို့”
တွေဝေခြင်းမရှိဘဲ ပြောလိုက်၏။
"ကျွန်တော်သည် ဆေးလုံးအချို့ကို ဖော်စပ်ချင်လို့ပါ”
ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
မူယွဲ့လန်သည် သူ့ကို ခဏမျှ ကြောင်ကြည့်နေမိ၏။
သူမ၏ မျက်နှာအမူအရာသည် အေးခဲသွားလေသည်။
"...မင်း
ဆေးလုံး ဖော်စပ်ချင်လို့ ဟုတ်လား?"
သူမ၏ အသံထဲတွင် အံ့ဩမှုတို့ အထိုင်းအသား ပါဝင်နေ၏။
အတိတ်မှ အမှတ်တရတို့သည် ချက်ချင်းပင် ပြန်လည် ပေါ်ပေါက်လာချေပြီ။
ဟိုးတုန်းက... ပိုင်ကျီဟန်၏ ကျင့်စဉ်ပါရမီတို့ မပေါ်လွင်သေးခင် အချိန်တုန်းက
သူသည် လေ့ကျင့်မှုတို့အပေါ် စိတ်မဝင်စားသလို ထင်ရသည့်အခါ သူမသည် သူ့ကို ဆေးဖော်စပ်ခြင်း ပညာရပ်ဘက်သို့ လမ်းပြပေးရန် ကြိုးစားခဲ့ဖူးလေသည်။
မိခင်ဖြစ်သူ၏ ပံ့ပိုးမှုနှင့် မူမျိုးနွယ်စု၏ အခြေခံအုတ်မြစ်တို့ ရှိနေသဖြင့် ပိုင်ကျီဟန်အနေဖြင့် ထိပ်ဆုံးသို့ မရောက်ရှိနိုင်လျှင်ပင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်လာနိုင်ခဲ့ပေသည်။
သို့သော် ရလဒ်မှာမူ အလွန်ပင် ဆိုးရွားခဲ့၏။
သူသည် ဆေးပင်များကို စနစ်တကျ မခွဲခြားနိုင်ခဲ့ပေ။
သူ၏ ဝိညာဉ်စွမ်းအင်ထိန်းချုပ်မှုမှာလည်း ညံ့ဖျင်းလှ၏။
အရိုးရှင်းဆုံးသော ဆေးဖော်စပ်မှု လုပ်ငန်းစဉ်များသည်ပင် တစ်ဝက်တစ်ပျက်မှာ ပျက်စီးသွားတတ်ပေသည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ သူသည် စိတ်ဝင်စားမှု လုံးဝမရှိခြင်းပင် ဖြစ်၏။
စိတ်ဝင်စားမှု မရှိရုံတင်မကဘဲ ရွံရှာမုန်းတီးခြင်းပင် ဖြစ်လေသည်။
သူသည် ဆေးဖော်စပ်ခြင်းကို သိသိသာသာပင် မုန်းတီးခဲ့ပေသည်။
ထို့ကြောင့်ပင် သူမက လက်လျှော့ခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ၊ သူမနှင့် ပိုင်ထျန်းဟမ်ကဲ့သို့သော မိဘမျိုးရှိနေသဖြင့် သူသည် ထိုကဲ့သို့သော လမ်းမျိုးကို လျှောက်လှမ်းရန် မလိုအပ်ခဲ့ချေ။
ယခုမူ ထိုသူပင် သူမ၏ ရှေ့တွင် ထိုင်နေပြီး ဆေးလုံးများ ဖော်စပ်လိုကြောင်း တည်ငြိမ်စွာ ပြောဆိုနေပေသည်။
မူယွဲ့လန်၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွှတ်သွားပြီး ရယ်ချင်ပတ်ကျိ ဖြစ်သွားရ၏။
"မင်း နောက်နေတာ မလား?"
သူမ၏ လေသံမှာ ပေါ့ပါးနေပေသည်။
"မင်း ဘယ်လိုဆေးလုံးမျိုး လိုအပ်လဲဆိုတာသာ ပြောစမ်းပါ။"
သူမက လက်ကို အသာအယာ ဝေ့ယမ်းလိုက်၏
"ငါကိုယ်တိုင် မင်းအတွက် ဖော်စပ်ပေးပါ့မယ်။ ကိုယ်တိုင် လုပ်နေဖို့ မလိုပါဘူး။"
သူမ၏ အမြင်တွင်မူ ဤသည်မှာ မလိုအပ်သော အလုပ်တစ်ခု ဖြစ်၏။
ယခုအခါ ပိုင်ကျီဟန်သည် ကျင့်စဉ်လောကတွင် ထိတ်လန့်ဖွယ်ကောင်းသော ပါရမီကို ပြသထားပြီး ဖြစ်ရာ ဆေးဖော်စပ်ခြင်းဘက်သို့ အာရုံလွှဲခြင်းမှာ ထိရောက်မှု မရှိလှပေ။
ဖြုန်းတီးရာပင် ရောက်နိုင်သေး၏။
"ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ပါ့မယ်။"
သူ၏ အသံမှာ တည်ငြိမ်ပြီး ခိုင်မာပြတ်သားလှ၏။
မူယွဲ့လန်၏ အမူအရာသည် ခေတ္တမျှ ရပ်တန့်သွားလေသည်။
"...ကျီဟန်အာ။"
သူမ၏ လေသံမှာ နူးညံ့သွားပြီး စိုးရိမ်ပူပန်မှုတို့ ပါဝင်နေ၏။
"မင်းက ကျင့်စဉ်အဆင့်မှာ အရှိန်အဟုန်နဲ့ တက်လှမ်းနေတဲ့ အချိန်ပဲ ရှိသေးတာ။ ဒါဟာ အာရုံခွဲရမယ့် အချိန်မဟုတ်ဘူး။"
"ဆေးဖော်စပ်ခြင်း ပညာဆိုတာ မင်း စိတ်ကူးပေါက်တိုင်း လုပ်လို့ရတဲ့ အရာမျိုး မဟုတ်ဘူးလေ။"
သူမက သူ့ကို ဂရုတစိုက် ကြည့်လိုက်၏
"မင်းမှာ... တောင် မရှိခဲ့-"
သူမ စကားကို ရပ်လိုက်၏။
ဘာမရှိခဲ့တာလဲ?
ပါရမီတောင် မရှိခဲ့တာလား? တစ်ကြိမ်တစ်ခါမျှတောင် အောင်မြင်အောင် မလုပ်နိုင်ခဲ့တာလား?
သို့သော် သူမ ထိုသို့ပြောရန် ဝန်လေးနေပေသည်။ ပိုင်ကျီဟန်က သူမ၏ အကြည့်ကို တည့်တည့်စိုက်ကြည့်ကာ- "ပြဿနာ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကိုသာ ယုံကြည်ပေးပါ။"
ထိုအကြောင်းအရာသည် အသေးအဖွဲ ကိစ္စတစ်ခုကဲ့သို့ပင် သူ ပြောလိုက်လေသည်။
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ? ကျွန်တော် ဆေးလုံးတစ်လုံး ဖော်စပ်ကြည့်မယ်။ အကယ်၍ ကျွန်တော် မအောင်မြင်ခဲ့ရင် ဒီအကြောင်းကို နောက်ထပ် ဘယ်တော့မှ ထပ်မပြောတော့ဘူး။"
ပိုင်ကျီဟန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
မည်သို့ပင်ဖြစ်စေ သူ့တွင် အဆင့်-၈ ဆေးဖော်စပ်မှု ကျွမ်းကျင်မှုရှိနေသဖြင့် စိုးရိမ်စရာ မရှိပေ။
မူယွဲ့လန်သည် တိတ်ဆိတ်သွား၏။
သူမသည် သူ့ကို အသေအချာ လေ့လာနေမိသည်။
ဤတစ်ကြိမ်တွင်မူ ပိုင်ကျီဟန်သည် အလေးအနက်ထားနေကြောင်း သူမ သတိပြုမိလိုက်၏။
သူ နောက်နေခြင်း မဟုတ်ပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်
မူယွဲ့လန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်လေသည်။
"ကောင်းပြီလေ”
သူမ သဘောတူလိုက်၏။
သူမ လက်ခံလိုက်၍ မဟုတ်ပေ
သူမ မြင်တွေ့ချင်သောကြောင့် ဖြစ်၏။ "မင်းက ဒီလောက်တောင် ဇွတ်အတင်း ဖြစ်နေမှတော့..."
သူမက ဖြည်းညှင်းစွာ ထရပ်လိုက်၏
"မင်းအတွက် ဆေးဖော်စပ်တဲ့ အခန်းတစ်ခန်း ပြင်ဆင်ပေးဖို့ ငါ ခိုင်းလိုက်ပါ့မယ်။"
သူမ၏ မျက်လုံးတို့သည် သူ့အပေါ်သို့ ခဏမျှ ထပ်မံ ကျရောက်နေ၏။
"ပြီးတော့ ငါလည်း လာကြည့်ဦးမယ်။"
ယခုမူ သူမတွင် စပ်စုလိုစိတ်လေး ရှိလာချေပြီ။
သူမသည် လှည့်ထွက်သွားပြီး ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွား၏။
"ငါ့နောက်ကို လိုက်ခဲ့”
ပိုင်ကျီဟန်သည် စကားတစ်လုံးမျှ မဆိုဘဲ ထရပ်လိုက်၏။
လက်ဖက်ရည်မှာလည်း မသောက်ဘဲ ကျန်ရစ်ခဲ့လေသည်။
သူတို့နှစ်ဦး အဆောင်ထဲမှ ထွက်ခွာသွားချိန်တွင် တိတ်ဆိတ်သော တင်းမာမှုတစ်ခု စတင် ဖြစ်ပေါ်လာတော့သည်။
မူယွဲ့လန်သည် သူ့ကို သူမ၏ ကိုယ်ပိုင်ဆေးဖော်ဆောင်သို့ ခေါ်မသွားခဲ့ပေ။
ယင်းအစား အခြားသော အဆင့်နိမ့် ဆေးဖော်စပ်သူများ ဆေးဖော်လေ့ရှိသည့် နေရာသို့ ခေါ်ဆောင်သွားခဲ့၏။
မကြာမီမှာပင် ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ပေါ်လာလေသည်။
၎င်းသည် ခမ်းနားထည်ဝါခြင်း မရှိသော်လည်း အလွန်ပင် စည်ကားနေ၏။
ဆေးဖော်စပ်သည့် မီးဖိုတန်းအရှည်ကြီးများသည် အတွင်းပိုင်း၌ သေသပ်စွာ စီတန်းထားပြီး တစ်ခုချင်းစီတွင် လူရှိနေပေသည်။
တပည့်တို့သည် မီးဖိုများရှေ့တွင် အာရုံစိုက်နေကြပြီး အချို့က ဆေးပင်များကို ဂရုတစိုက် ချိန်တွယ်နေကြကာ၊ အချို့ကမူ မီးဖိုအောက်ရှိ မီးတောက်များကို ထိန်းချုပ်နေကြ၏။
ဤသည်မှာ သာမန် ဆေးဖော်စပ်ရာ ခန်းမတစ်ခုသာ ဖြစ်၏။
ပညာသင်ဆဲ သူများအတွက်သာ ဖြစ်ပေသည်။
သို့မဟုတ် သီးသန့် အခန်းတစ်ခုရရန် အဆင့်မမီသေးသူများအတွက် ဖြစ်၏။
"ဒီမှာပဲ"
မူယွဲ့လန်က တည်ငြိမ်စွာ ပြောလိုက်၏။
"ဒီခန်းမကို အဆင့်-၃ နဲ့ အောက်က ဆေးဖော်စပ်သူတွေအတွက် သုံးတာ။"
မူမျိုးနွယ်စုတွင် အဆင့်-၄ သို့ ရောက်ရှိသူများကိုသာ ကိုယ်ပိုင်ဆေးဖော်ဆောင် ပေးအပ်ရန် လုံလောက်သော ပါရမီရှိသူဟု သတ်မှတ်ပေသည်။
အခြားသူများအတွက်မူ ဤနေရာသည် လုံလောက်ပေသည်။
ပိုင်ကျီဟန်၏ အကြည့်တို့သည် ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်၏။
သူသည် အရာအားလုံးကို တစ်ချက်တည်းဖြင့် မြင်လိုက်ရပေသည်။
ဆေးပင် ရွေးချယ်မှုများ။
မီးတောက် ထိန်းချုပ်မှုများ။
ဝိညာဉ်စွမ်းအင် လှိုင်းများ။
အခြားသူများအတွက်မူ ဤသည်မှာ ပုံမှန်ပင် ဖြစ်သော်လည်း
သူ့အတွက်မူ အမှားအယွင်းများစွာနှင့် ပြည့်
နှက်နေပေသည်။
သို့သော် သူသည် ဘာမျှမပြောပေ။
မူယွဲ့လန် အတွင်းသို့ လှမ်းဝင်လိုက်သည့် ခဏ၌ပင်
ဝန်းကျင်တစ်ခုလုံး အငွေ့အသက်များ ပြောင်းလဲသွား၏။
အားလုံးက ခေါင်းမော့ကြည့်လာကြသည်။
"သခင်မ မူ..."
"ဒါ... သခင်မ မူယွဲ့လန် ပဲ”
အကြည့်တိုင်းတွင် လေးစားမှုတို့ ပေါ်ထွက်
လာ၏။
အချို့ဆိုလျှင် သူမ၏ ရှေ့မှောက်တွင် အမှားလုပ်မိမည်စိုးရိမ်သဖြင့် သတိဖြင့် ကိုယ်နေဟန်ကို ပြင်လိုက်ကြလေသည်။
လူငယ်တပည့်များ၊ အထူးသဖြင့် အမျိုးသမီးတပည့်များ၏ မျက်လုံးများတွင်မူ အားကျလေးစားမှုတို့ဖြင့် တောက်ပနေပေသည်။
မူယွဲ့လန်သည် အကြီးအကဲ တစ်ဦးရုံမျှ မဟုတ်ပေ။
သူမသည် ၎င်းတို့ အားကျရသည့် ပုဂ္ဂိုလ်
တစ်ဦး ဖြစ်၏။
ထိုမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဆေးဖော်စပ်မှု သခင် ဖြစ်လာခဲ့သူ မဟုတ်ပါလော
သူမသည် စွမ်းရည်နှင့် ဉာဏ်ပညာတို့ဖြင့် တက်လှမ်းလာခဲ့သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။
ထို့အပြင် သူမသည် ပိုင်ထျန်းဟမ်နှင့် လက်ထပ်ခဲ့သူလည်း ဖြစ်ပေသည်။
ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်။ ကောင်းကင်အင်ပါယာတွင် အင်အားအကြီးဆုံး မျိုးနွယ်စု၏ ခေါင်းဆောင်။
၎င်းတို့အတွက်မူ သူမသည် အောင်မြင်မှု၏ ပြယုဂ်ပင် ဖြစ်တော့သည်။
တင့်တယ်လှပမှု
အစွမ်းသတ္တိ
အဆင့်အတန်း
အမျိုးသမီးတစ်ဦး လိုလားတောင့်တသမျှ အရာအားလုံးကို သူမ ပိုင်ဆိုင်ထားပေသည်
အခန်း ၅၂၅ - မူလင်းယွဲ့
မူယွဲ့လန် ရောက်ရှိလာခြင်းက ဆေးဖော်ဆောင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
များစွာသော တပည့်များက သူမသည် သူတို့ကို လမ်းညွှန်မှုအချို့ ပေးရန်အတွက် ရောက်လာခြင်းဖြစ်နိုင်သည်ဟု မှန်းဆနေကြသည်။
အကယ်၍ ထိုသို့သာဆိုလျှင် အလွန်ကောင်းမွန်လှပေမည်။
သို့သော် မကြာမီမှာပင်...
လူတိုင်း၏ အာရုံများက ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ နောက်ကွယ်တွင် လျှောက်လှမ်းလာသော လူတစ်ယောက်ကို သတိပြုမိသွားကြသောကြောင့် ဖြစ်သည်။
အရပ်ရှည်ရှည်၊ တည်ငြိမ်ပြီး ခန့်ညားသော လူငယ်တစ်ယောက်...
သူ့တည်ရှိမှုက တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လျစ်လျူရှုထားရန်မှာ မဖြစ်နိုင်ပေ။
"အဲဒါ ဘယ်သူလဲ?"
ပိုင်ကျီဟန် ကို ချက်ချင်းမှတ်မိခြင်းမရှိဘဲ တစ်စုံတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။
ဤလူငယ်သခင်လေးကို လူအများက မြင်ဖူးကြသော်လည်း ၎င်းမှာ သူငယ်စဉ်ကတည်းက ဖြစ်၏
ယခုကဲ့သို့ လူလားမြောက်လာသည့် အရွယ်တွင်မူ သူ၏ရုပ်ရည်က သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုစဉ် သတိထားမိသွားသူတစ်ဦးက အော်ဟစ်လိုက်သည်။
"နေဦး... အဲဒါ ပိုင်ကျီဟန် ပဲ”
ခန်းမတစ်ခုလုံး ဂယက်ရိုက်သွားသည်။
ဆေးဖိုများကို အာရုံစိုက်နေသူများပင် မနေနိုင်ဘဲ လှမ်းကြည့်မိကြသည်။
ထိုနာမည်သည် အထူးသဖြင့် မကြာသေးမီက အတော်လေး အရှိန်အဝါကြီးခဲ့သည်။
သို့သော် ထိုထက်ပိုသည်မှာ သူတို့၏ မျက်နှာများပေါ်တွင် ရန်သူတစ်ယောက်ကို ကြည့်နေသကဲ့သို့ မကျေနပ်သည့် အရိပ်အယောင်များ ရှိနေခြင်းပင်။
လေထုက သိသိသာသာ တင်းမာလာခဲ့သည်။
သို့သော် ပိုင်ကျီဟန် ကမူ ထိုအရာများကို အရေးမစိုက်ပေ။
ဆေးဖော်စပ်သူတစ်ယောက် ဖြစ်လာရန် ဝီရိယမရှိခဲ့ဘဲ မိမိ၏ အရည်အချင်းမရှိမှုကို ဝန်ခံမည့်အစား ဤပညာရပ်ကို အထင်သေးခဲ့သည့်အတွက် သူသည် သူတို့၏ ရန်သူဖြစ်နေမှန်း သူ ကောင်းကောင်းသိသည်။
ထိုစဉ်...
ဘေးဘက်မှ စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။
ဂလန်
ဆေးဖိုအဖုံးတစ်ခု ပြင်းထန်စွာ ပိတ်သွားသည့်အသံပင်။
လူငယ်အမျိုးသမီးတစ်ဦး ရှေ့သို့ လှမ်းထွက်လာသည်။
သူမ၏ ဝတ်ရုံသည် အခြားတပည့်များထက် ပိုမိုလှပသေသပ်ပြီး အဆင့်အတန်းကို ဖော်ပြနေသော လက်ရာမြောက်သည့် ပန်းချီကားချပ်များဖြင့် ထိုးထားသည်။ သူမ၏ ရုပ်ရည်က ချောမောလှပသော်လည်း သူမ၏ အမူအရာမှာမူ...
အေးစက်ပြီး မာနကြီးလှသည်။
ထို့ပြင် မကျေနပ်မှုများလည်း အထင်းသား ရှိနေသည်။
သူမ ပိုင်ကျီဟန်ကို မြင်လိုက်ရသည့် ခဏမှာပင် မျက်လုံးချင်း တည့်တည့်ဆုံသွားသည်။
သူမကား မူချင်းယွမ် ၏ သမီး၊
ပိုင်ကျီဟန် ၏ ဝမ်းကွဲညီမ...
မူလင်းယွဲ့ ပင် ဖြစ်သည်။
သူမ လှုပ်ရှားလိုက်သည်နှင့် လေထုက တခဏချင်း ပြောင်းလဲသွားသည်။
အချို့သော တပည့်များက နောက်သို့ အသာအယာ ဆုတ်ခွာလိုက်ကြသည်။
မူလင်းယွဲ့ သည် ပိုင်ကျီဟန် ကို မည်မျှ မုန်းတီးသည်ကို လူတိုင်းသိကြသည် မဟုတ်ပါလော
သူတို့နှစ်ဦးသည် အရင်းအနှီးဆုံး မောင်နှမဝမ်းကွဲများ ဖြစ်ကြသော်လည်း ဆွေမျိုးများထက် မဟာရန်သူများနှင့် ပိုတူကြသည်။
တစ်ဖက်တွင် ဆေးဖော်စပ်ခြင်းကို စက်ဆုပ်သော ပိုင်ကျီဟန် ရှိနေပြီး အခြားတစ်ဖက်တွင်မူ ဆေးပညာကို အလွန်အမင်း ဂုဏ်ယူသော မူလင်းယွဲ့ ရှိနေသည်။
သူတို့နှစ်ဦး ထိပ်တိုက်တွေ့ကြရန်မှာ ရှောင်လွှဲမရနိုင်သော ကိစ္စပင်။
သူမ၏ ခြေလှမ်းများက မလောသော်လည်း ခြေလှမ်းတိုင်းတွင် ဖိအားအချို့ ပါဝင်နေသည်။
သူမသည် မူယွဲ့လန် ၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး မျက်လုံးထဲမှ အေးစက်မှုများကို အနည်းငယ် လျှော့ချလိုက်သည်။
"အဒေါ်”
မူလင်းယွဲ့ က ခေါင်းငုံ့၍ နှုတ်ဆက်လိုက်သည်။
သူမ၏ လေသံက ရိုသေမှု ရှိလှသည်။
သူမ မည်မျှပင် မာနကြီးပါစေ မူယွဲ့လန် အပေါ်တွင်မူ ထိုသို့မပြုမူပေ။
မူယွဲ့လန် က ခေါင်းအသာငြိမ့်ပြလိုက်သည်။
"လင်းယွဲ့”
သို့သော် ထိုရိုသေမှုက ကြာရှည်မခံလိုက်ပေ။ မူလင်းယွဲ့ ၏ အကြည့်များက ပိုင်ကျီဟန် ဆီသို့ ရောက်သွားသည်။
သူမ၏ မျက်နှာထက်တွင် အနည်းငယ်မျှသော ထိန်းချုပ်မှုပင် မကျန်တော့ပေ
ထက်မြက်ပြီး လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီနေ့ နင့်ကို ဒီမှာ မြင်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
သူမ၏ အသံက တည်ငြိမ်နေ၏
သို့သော်လည်း ထိုအသံအောက်တွင် တစ်စုံတစ်ခု ကိန်းအောင်းနေသည်။
"သခင်လေးပိုင်..."
သူမက သူ၏ ဂုဏ်ပုဒ်ကို တမင်တကာ ပီပီသသ ခေါ်လိုက်သည်။
"...နင့်လို အဆင့်အတန်းမျိုးရှိတဲ့သူက ဘာကိစ္စနဲ့ ဒီလိုနေရာကို ရောက်လာတာလဲ?"
သူမက ခေတ္တမျှ ရပ်လိုက်ပြီး
ဆေးဖိုများ၊ တပည့်များနှင့် လေထဲတွင် လွင့်ပျံနေသော မီးခိုးငွေ့များကို ကြည့်ကာ သူ့ထံ အကြည့်ပြန်ပို့လိုက်သည်။
"ငါ ထင်ထားတာကတော့ ဒီလိုနေရာမျိုးက..."
သူမ၏ လေသံက နူးညံ့နေဆဲဖြစ်၏
"...နင့်အတွက် အဆင့်မတန်ဘူးလို့လေ၊ ဒါမှမဟုတ် ငါ မှတ်မိတာ မှားသွားလို့လား?"
သူမက အမှန်တကယ် နားမလည်သလိုမျိုး ခေါင်းကို အသာစောင်းလိုက်သည်။
"ဆေးဖော်စပ်တာဟာ အချိန်ဖြုန်းတာသက်သက်ပဲ... ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ တစ်စုံတစ်ယောက် ပြောခဲ့တာကို ငါ မှတ်မိနေသလိုပဲ"
သူမ၏ မျက်လုံးများက မှေးစပြုလာသည်။
"အဲဒါကြောင့် ဂုဏ်သရေရှိတဲ့ သခင်လေးက ဘာဖြစ်လို့ ဒီနေ့ ဒီကို ရောက်နေရတာလဲ?"
စကားလုံးတိုင်းက နူးညံ့သော်လည်း
မမြင်ရသော ဓားသွားများကဲ့သို့ ဖိနှိပ်နေသည်။
လေထုက ချက်ချင်း တင်းမာသွားသည်။
သူမသည် ပိုင်ကျီဟန် ကို ဤနေရာတွင် မရှိစေချင်ဘဲ နှင်ထုတ်လိုနေသည်မှာ သိသာလှသည်။
အတွင်းစိတ်ထဲတွင်မူ သူမက အေးစက်စွာ တွေးနေမိသည်။
(နတ်ဆိုးစစ်ပွဲရဲ့ သူရဲကောင်း ဟုတ်လား? ဟက်)
သူမ၏ စိတ်ထဲတွင် အထင်အမြင်သေးမှုများ ဖြတ်ပြေးသွားသည်။
(ဖူး တခြားသူတွေအတွက်တော့ သူက ထူးခြားကောင်း ထူးခြားနေလိမ့်မယ်)
(ဒါပေမဲ့ ငါ့အတွက်တော့...)
(သူက လောကကြီးရဲ့ အကျယ်အဝန်းကို မသိတဲ့ အလိုလိုက်ခံထားရတဲ့ ကလေးစုတ်ပဲ)
သူမ၏ အမြင်က ဘယ်သောအခါမှ မပြောင်းလဲခဲ့ပေ
ပြောင်းလဲလိမ့်မည်လည်း မဟုတ်ပေ။
ပိုင်ကျီဟန် က လူပေါင်းများစွာကို ကယ်တင်ခဲ့သည့်တိုင်
ကမ္ဘာကြီးက သူ့ကို ချီးမွမ်းနေသည့်တိုင်...
သူမအတွက်တော့
သူသည် သူမတန်ဖိုးထားသည့်အရာအားလုံးကို အထင်သေးခဲ့သည့် ထိုသူပင် ဖြစ်နေဆဲဖြစ်သည်။
မူယွဲ့လန် ကမူ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
သူမ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ
တည်ငြိမ်စွာ ကြည့်နေသည်။
နောက်ဆုံးတော့ သူတို့က ရွယ်တူတွေပဲ မဟုတ်ပါလော
သူတို့ကြားက ပဋိပက္ခက ရှောင်လွှဲရခက်သည်။
အကယ်၍ သူမ အခုဝင်ပါလိုက်လျှင် အခြေအနေက ပိုဆိုးသွားရုံသာ ရှိပေမည်။
ပိုင်ကျီဟန်က မူလင်းယွဲ့ ကို ကြည့်လိုက်သည်။
အရင်က သူ မျက်စိသိပ်မကောင်းခဲ့၍ သူမ၏ ရုပ်ရည်ကို သေချာမမှတ်မိသော်လည်း သူမ၏ အသံကို ကြားလိုက်ရုံနှင့် သူမသည် သူ၏ဝမ်းကွဲညီမဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"အို... ဝမ်းကွဲညီမ လင်းယွဲ့ ပါလား?"
သူက ခေတ္တမျှ ရပ်လိုက်ပြီး
သူမ ရှိနေသည်ကို ယခုမှ သတိထားမိသကဲ့သို့ တစ်ချက်ကြည့်လိုက်သည်။
"ခုနက အဲဒီစကားတွေကို ပြောတာ နင်သာ မဟုတ်ဘူးဆိုရင်..."
သူက ခေါင်းကို အသာစောင်းလိုက်၏
"တစ်စုံတစ်ယောက်က ငါ့ကို ဒီမှာ မရှိစေချင်ဘူးလို့ ငါ ထင်မိတော့မလို့"
ဘေးက တပည့်အချို့မှာ အသက်ရှူပင် မှားသွားကြသည်။
မူလင်းယွဲ့ က တကယ်ပင် ထိုသို့ဆိုလိုနေခြင်း ဖြစ်သော်လည်း ပိုင်ကျီဟန်ကမူ မသိနားမလည်သလိုမျိုး ပြောလိုက်ခြင်းဖြစ်သည်။
တကယ့်ကို အရှက်မရှိတဲ့သူပင်
မူလင်းယွဲ့ ၏ အပြုံးက တခဏမျှ တောင့်တင်းသွားသည်။
သူမ မျက်လုံးများ မှေးကျဉ်းသွား၏
သို့သော်လည်း ပိုင်ကျီဟန်က ဘာမှမဖြစ်သကဲ့သို့ ဆက်ပြောလိုက်သည်။
"ငါ အရင်က ပြောခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့..."
သူက လက်ကို အသာယမ်းလိုက်၏
"ဆေးဖော်စပ်တဲ့ ပညာရပ်ကိုယ်တိုင်က လုံးဝ အသုံးမကျဘူးလို့ ငါ မတွေးခဲ့ဖူးပါဘူး"
သူက ခေတ္တရပ်လိုက်ပြီးနောက်
အကြည့်များက ထက်မြက်လာသည်။
"ဒါပေမဲ့ အဲဒီပညာရပ်ကပဲ ကမ္ဘာကြီးရဲ့ အရာအားလုံးလို့ ထင်နေတဲ့သူတွေကတော့..."
သူ့လေသံက တည်ငြိမ်နေသော်လည်း
စကားလုံးတိုင်းက လေးနက်လှသည်။
"...ငတုံးတွေပဲ”
တိတ်ဆိတ်သွားခြင်း
ထို့နောက်...
ဂွမ်း
မူလင်းယွဲ့ ၏ တည်ငြိမ်မှုများ ပျက်ပြားသွားသည်။
"နင်”သူမ၏ ကျင့်စဉ်အရှိန်အဝါက အနည်းငယ် ထွက်ပေါ်လာပြီး မျက်လုံးများ အေးစက်သွားသည်။
"ဒါဆို အခုတော့ နင်က စကားတွေ ပြောင်းပြောနေတာပေါ့?"
သူမက လှောင်ရယ်လိုက်သည်။
"အဆင်ပြေလိုက်တာ၊ အရှက်မရှိတဲ့သူဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ”
ပိုင်ကျီဟန် က မျက်ခုံးပင့်လိုက်သည်။
"ပြောင်းပြောတာ ဟုတ်လား?"
သူက နှာခေါင်းရှုံ့လိုက်၏
"ဘယ်သူသိမှာလဲ? နင်ပဲ မှတ်ဉာဏ်ချို့ယွင်းနေတာလား ဒါမှမဟုတ် တစ်ခုခုကို လုပ်ကြံပြောနေတာလားဆိုတာ"
မူလင်းယွဲ့၏ နှုတ်ခမ်းများ တုန်ရီသွားပြီး ချက်ချင်း ပြန်ပက်လိုက်သည်။
"အနည်းဆုံးတော့ ငါတို့က တခြားသူတွေကို အထင်သေးပြီး အရာအားလုံး သိသလိုမျိုး ဟန်မဆောင်ဘူး"
ပိုင်ကျီဟန် က ရယ်မောလိုက်သည်။
"အထင်သေးတာ ဟုတ်လား?"
သူက သူမကို တစ်ချက်ကြည့်လိုက်၏
"ဖြစ်နိုင်တာပေါ့..ငါက အဲဒီလောက်အထိ ပါရမီပါတာကိုး”
"ပါရမီ? ဟားဟားဟား... ပိုင်ကျီဟန်၊ နင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတာလား?"
မူလင်းယွဲ့ ၏ အသံက မြင့်တက်လာသည်။
"နင်က ကျင့်စဉ်စွမ်းအားကိုတောင် သေချာ မထိန်းချုပ်နိုင်ခဲ့တဲ့သူ၊ အခုကျမှ 'ပါရမီ' အကြောင်း လာပြောနေတယ်ပေါ့? နင်သာ ပါရမီရှင်ဆိုရင် ဒီကမ္ဘာပေါ်က တခြားသူတွေ အကုန်လုံးက ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ကုန်မှာပေါ့”
ပိုင်ကျီဟန်က ပုခုံးတွန့်လိုက်ပြီး...”ဟွန့် ၊ နင် ဘာသိမှာလဲ? အဲဒီတုန်းက ငါ ဆေးပညာကို လေ့လာဖို့ စိတ်မပါခဲ့လို့ပဲ"
မူလင်းယွဲ့ က နှာခေါင်းရှုံ့လိုက်သည်။ "စိတ်မပါခဲ့ဘူး ဟုတ်လား?"
သူမ၏ မျက်လုံးများက မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
"တကယ်ပါပဲ၊ အမှားကို အမှန်ဖြစ်အောင် လိမ်ညာပြောတဲ့နေရာမှာ နင့်ထက် ဘယ်သူသာဦးမှာလဲ? နင်က နင့်ရဲ့ အသုံးမကျမှုကိုတောင် ဝန်မခံနိုင်ဘူး"
ပိုင်ကျီဟန် က အသာအယာ ပြုံးလိုက်သည်။
"မမှန်တဲ့အရာကို ငါက ဘာလို့ ဝန်ခံရမှာလဲ? ဒါ့အပြင် လူဆိုတာ အမြဲတမ်း တိုးတက်နိုင်တာပဲ။ ငါ မတိုးတက်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?"
"ဘာလို့လဲဆိုတော့ နင့်မှာ ပါရမီမရှိလို့ပဲ”
သူမက အော်ဟစ်လိုက်သည်။ "ပြီးတော့ စိတ်ရှည်မှုလည်း မရှိဘူး”
"စည်းကမ်းလည်း မရှိဘူး”
"အော်၊ ပြီးတော့ ဘယ်ဆေးမြက်က ဘာလဲဆိုတာကိုတောင် ခွဲခြားနိုင်တဲ့ ဦးနှောက်လည်း မရှိဘူး”
ပိုင်ကျီဟန် ထိုစကားကို ကြားသောအခါ စိတ်တိုသွားသည်။
အရင်က စနစ်မျက်နှာပြင်ကြောင့် သူ မျက်စိသေချာမမြင်ခဲ့ရဘဲ အရိုးရှင်းဆုံးဆေးလုံးကိုတောင် မဖော်စပ်နိုင်ခဲ့သည်ကို ဤမိန်းကလေးက အနာပေါ် ဆားဖြူးနေခြင်း ဖြစ်သည်။
"တစ်သက်လုံး အိုးထဲမှာ မြက်တွေမွှေပြီး နေလာတဲ့သူ ပြောတဲ့စကားနဲ့ တူလိုက်တာ"
ပိုင်ကျီဟန်က ပြန်ပြီး စော်ကားလိုက်သည်။ ဘေးကလူများမှာ အသက်ရှူအောင့်ထားကြရသည်။
မူလင်းယွဲ့ ၏ မျက်နှာက နီမြန်းသွားသည်။
"အနည်းဆုံးတော့ ငါက အဲဒါကို သေသေချာချာ လုပ်နိုင်တယ်”
သူမက ပြန်ပက်လိုက်သည်။
"ဆေးမြက်နဲ့ ပေါင်းမြက်ကိုတောင် ခွဲမသိတဲ့ တစ်စုံတစ်ယောက်နဲ့တော့ မတူဘူးပေါ့”
ပိုင်ကျီဟန် တကယ်ကို စိတ်တိုသွားပုံရသည်။
"အင်း... ဂုဏ်ယူပါတယ်၊ တစ်သက်လုံး အပင်တွေနဲ့ပဲ အချိန်ကုန်နေတော့ ပေါင်းမြက်ကို ခွဲသိတာပေါ့။ နင့်ရဲ့ ကြိုးစားမှုကို ငါ ချီးကျူးပါတယ်”
ပိုင်ကျီဟန်က ခဲ့နဲ့တဲ့တဲ့ ပြောလိုက်သည်။
"နင်၊ နင်... မာနကြီးတဲ့ကောင်”
"နင်ကလည်း... အမြင်ကျဉ်းတဲ့မိန်းမ-“
"လိမ်ညာသူ”
"ခေါင်းမာတဲ့ မြည်း”
"ဟန်ဆောင်ကောင်းတဲ့ ဒေါင်း”
"စိတ်အနှောင့်အယှက်ပေးတဲ့ မိန်းမ”
"အရှက်မရှိတဲ့ ကလေးစုတ်”
အချေအတင် စကားစစ်ထိုးပွဲက မြန်မြန်ဆန်ဆန်ပင် ပြင်းထန်လာသည်။
တစ်ယောက်တစ်ခွန်းဖြင့်
အလျော့မပေးပေ
ကလေးများကဲ့သို့ ရန်ဖြစ်နေကြသည်။
ဘေးပတ်ဝန်းကျင်က တပည့်များမှာ ကြောင်ကြည့်နေကြရသည်။
(ဒါ... ပိုင်ကျီဟန် ဟုတ်လို့လား?)
(ဒါ... မူလင်းယွဲ့ ဟုတ်ရဲ့လား?)
သူတို့ အမြဲတမ်း အထင်ကြီးလေးစားခဲ့ရသော ပုဂ္ဂိုလ်နှစ်ဦးသည် ယခုအခါ လမ်းဘေးက ကလေးငယ်များကဲ့သို့ ရန်ဖြစ်နေကြသည်။
မူယွဲ့လန်၏ မျက်နှာပင် ထူးဆန်းသွားခဲ့သည်။
အစပိုင်းတွင် သူမ တိတ်တိတ်ကလေး ကြည့်နေ၏
သို့သော်လည်း နောက်ပိုင်းတွင် မျက်မှောင်ကြုတ်လာသည်။
(သူတို့နှစ်ယောက်က လုံးဝကို မပြောင်းလဲကြသေးဘူး)
သူမက အသာအယာ သက်ပြင်းချလိုက်ပြီး ရှေ့သို့ လှမ်းထွက်လိုက်သည်။
"တော်ကြတော့”
သူမ၏ အသံက မကျယ်သော်လည်း
အရာအားလုံးကို ချက်ချင်း ရပ်တန့်သွားစေသည်။
နှစ်ယောက်လုံး ရန်ဖြစ်နေသည်ကို ရပ်လိုက်ပြီး သူမဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
မူယွဲ့လန် ၏ အကြည့်က တည်ငြိမ်သော်လည်း ငြင်းဆန်မရသော အာဏာစက် ပါဝင်နေသည်။
"စိတ်အေးအေးထားကြစမ်း၊ နှစ်ယောက်လုံး"
သူမက ခေတ္တရပ်ပြီး
"လူတွေအများကြီးရှေ့မှာ နင်တို့နှစ်ယောက် အရှက်ကွဲနေကြပြီ"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
မူလင်းယွဲ့က နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်သည်။
“ ဟွန့်”
ပိုင်ကျီဟန်ကလည်း သက်ပြင်းချလိုက်၏
“ဟူး”
သူလည်း အလားတူ ပြုမူလိုက်သည်။
နှစ်ယောက်လုံး မကျေနပ်ကြသေးသည်မှာ သိသာသော်လည်း
အနည်းဆုံးတော့ လက်ရှိအချိန်တွင် ငြိမ်ကျသွားကြပေတော့သည်။
အခန်း ၅၂၆ - ပါရမီရှင်ကို စိန်ခေါ်သည့် လူပြက်
မူလင်းယွဲ့ သည် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်သည်။
ထို့နောက် နောက်ထပ် တစ်ကြိမ်...
သူမ၏ မျက်လုံးများထဲမှ ဒေါသရိပ်များက တဖြည်းဖြည်း ငြိမ်ကျသွားသော်လည်း အေးစက်မှုကမူ ပျောက်ကွယ်မသွားပေ။
သူမသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်သော အမူအရာကို ပြန်လည် ထိန်းသိမ်းလိုက်သည်။
သူမ၏ မျက်နှာထက်မှ အနည်းငယ်မျှသော တောင့်တင်းမှုကသာ ခုနကကိစ္စကို သက်သေပြနေသကဲ့သို့ ရှိသည်။
သူမသည် ပိုင်ကျီဟန် ထံမှ အကြည့်ကို လွှဲလိုက်၏
မူယွဲ့လန် ထံသို့ ပြန်ပို့လိုက်သည်။
"အဒေါ်..."
သူမ၏ လေသံက ခုနက အပြန်အလှန် စကားများခဲ့ခြင်း မရှိခဲ့သလိုမျိုး တစ်ဖန် ပြန်လည် ရိုသေသွားပြန်သည်။
"ဒီနေ့ ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာလဲ?"
သူမက ခေတ္တမျှ ရပ်လိုက်ပြီးနောက်
မျက်လုံးအစုံက ပိုင်ကျီဟန်ဆီသို့ တစ်ချက်မျှ ဝေ့ကြည့်သွားသည်။
ထိုအကြည့်၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။
(ဒါနဲ့... သူကရော ဒီမှာ ဘာလုပ်နေတာလဲ?)
မူယွဲ့လန် က
သဘာဝကျကျပင် နားလည်လိုက်သည်။
သူမက တည်ငြိမ်စွာဖြင့်...
"ဘာမှ ထွေထွေထူးထူး မရှိပါဘူး"
ခပ်ပေါ့ပေါ့ ပြောလိုက်ပြီးနောက်
"ကျီဟန်လေးက ဆေးတစ်လုံး ဖော်စပ်ချင်လို့ ဆိုတာနဲ့ သူ့ကို ဒီ ခေါ်လာခဲ့တာ"
တိတ်ဆိတ်သွားခြင်း
တခဏမျှ မူလင်းယွဲ့ တစ်ယောက် ထိုကဲ့သို့ ရယ်စရာကောင်းသော အဖြေကို မည်သို့ တုံ့ပြန်ရမည်မှန်း မသိဖြစ်သွားသည်။
သူမ၏ ဦးနှောက်က ထိုစကားလုံးများကို လက်မခံနိုင်သေးသလိုမျိုးပင်။
ထို့နောက် သူမ၏ မျက်လုံးများ ပြူးကျယ်သွား၏
"...ဘာပြောတယ်?"
ထို့နောက် သူမက ရယ်မောလိုက်သည်။
"သူကလား?"
မယုံကြည်နိုင်သော ရယ်သံတစ်ခု သူမ၏ နှုတ်ခမ်းမှ လွတ်ထွက်သွားသည်။
ထို့နောက် နောက်တစ်ကြိမ်... ထပ်ပြီး နောက်တစ်ကြိမ်...
"ဟားဟားဟား”
ဤတစ်ကြိမ်တွင်မူ သူမ မထိန်းချုပ်တော့ပေ။
အတိုင်းသား ပေါ်လွင်နေသော လှောင်ရယ်သံများသာ ဖြစ်သည်။
သူမ၏ ဘဝတွင် အဓိပ္ပာယ်မရှိဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုးပင်။
ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာ တောင့်တောင့်ကြီး ဖြစ်သွားကြသည်။
မည်သူမှ လိုက်မရယ်ရဲကြသော်လည်း အများစုမှာ ခေါင်းငုံ့ထားကြပြီး ပုခုံးများက အနည်းငယ် တုန်ယင်နေသည်။
သိသာလှသည်မှာ သူတို့ အတင်းအကျပ် အောင့်အည်းထားကြခြင်း ဖြစ်သည်။
မူလင်းယွဲ့ သည် သူမ၏ ရယ်သံကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ လက်ဖြင့် ပါးစပ်ကို ပိတ်လိုက်ရသည်။
"သူက? ဆေးဖော်စပ်မလို့လား?"
သူမက တုန်ရီနေသော အသံဖြင့် ပြန်မေးလိုက်သည်။
သူမ၏ အကြည့်များက ပိုင်ကျီဟန် ကို ခြေဆုံးခေါင်းဆုံး နောက်တစ်ကြိမ် ပြန်ကြည့်လိုက်
သည်။
သူ့ကို အသစ်တစ်ဖန် ပြန်လည် အကဲခတ်နေသကဲ့သို့ပင်။
ထို့နောက် သူမက ခေါင်းခါရင်း ဆက်ရယ်နေပြန်သည်။
"ဒါက... လွန်လွန်းနေပြီ”
သူမ၏ လေသံသည် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
"သခင်လေးက ဘယ်တုန်းကစပြီး ဒီလို... မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ ရှိလာတာလဲ?"
သူမက ခေါင်းကို စောင်းလိုက်ပြီး လှောင်ပြုံးဖြင့်
"ဒါမှမဟုတ် ဒါက ငါမသိသေးတဲ့ ပြက်လုံးအသစ်လား?"
သူမ၏ အထင်အမြင်သေးမှုကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
သူမအတွက်တော့ ၎င်းသည် အဓိပ္ပာယ်မရှိလှပေ။
လုံးဝကို အဓိပ္ပာယ်မရှိခြင်း ဖြစ်သည်။
ပိုင်ကျီဟန် က ဆေးဖော်စပ်မည်ဟု ပြောခြင်းသည် လူပြက်တစ်ယောက်က ပလ္လင်ပေါ် တက်ထိုင်မည်ဟု ကြွေးကြော်နေသကဲ့သို့ပင်။
ရယ်စရာကောင်းလွန်းလှသည်။
သူမ၏ ပုံရိပ်ကို ထိန်းသိမ်းရန်ပင် မထိုက်တန်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဒါက တကယ်ကို ရယ်စရာကောင်းနေသောကြောင့် ဖြစ်သည်။
ပိုင်ကျီဟန် ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
မူလင်းယွဲ့ ၏ ရယ်သံ
သူမ၏ အကြည့်
ဖုံးကွယ်မထားသော အထင်အမြင်သေးမှု
သူ ဘာကြောင့်လဲဆိုသည်ကို ကောင်းကောင်း နားလည်သည်။
သို့သော် နားလည်သည်ဆိုခြင်းမှာ သည်းခံမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
(ရယ်စမ်း... ရယ်နိုင်သလောက် ရယ်ထားလိုက်)
သူ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
(မကြာခင်မှာ... နင် ကိုယ့်ပါးကိုယ် ပြန်ရိုက်ရစေရမယ်)
သူ ဘာမှပြန်မပြောဘဲ တည်ငြိမ်စွာပင် တိတ်တိတ်ကလေး ရပ်နေသည်။
သူမ၏ လှောင်ပြောင်မှုများသည် သူ့အတွက် ဘာမှမဟုတ်သကဲ့သို့ပင်။
မူလင်းယွဲ့ က တဖြည်းဖြည်း တည်ငြိမ်မှု ပြန်ရလာသည်။
ရယ်သံများ စဲသွားပြီး သူမ၏ အမူအရာက ပုံမှန် ပြန်ဖြစ်သွားသည်။
သို့သော် ယခုအခါ သူမ ပိုင်ကျီဟန် ကို ကြည့်လိုက်သည့် အကြည့်မှာ ဒေါသလည်း မဟုတ်ပေ
စိတ်တိုခြင်းလည်း မဟုတ်တော့ပေ။
ထိုထက် ပိုဆိုးသော အရာတစ်ခု...
၎င်းမှာ ကြည့်ရတာ ပျော်စရာကောင်းသည် ဆိုသော အကြည့်ပင်။
အသိဉာဏ်မရှိသော လူပြက်တစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
"အဒေါ်ယွဲ့လန်..."
သူမက မယုံကြည်နိုင်သလိုမျိုး အသံဖြင့် တစ်ဖန် ပြောလိုက်သည်။
"အဒေါ် အတည်ပြောနေတာလား?"
သူမ၏ အကြည့်က သူတို့နှစ်ဦးကြား ကူးလူးနေသည်။
"သူ့ရဲ့ ဆေးဖော်စပ်တဲ့ အဆင့်အတန်းကို အဒေါ် မသိဘူးလား?"
ထပ်ပြီး ရှင်းပြနေရန် မလိုအပ်ပေ။
ဤနေရာတွင် ရှိနေသူတိုင်း သိကြသည်။
(အနည်းဆုံးတော့ သူတို့ သိထားကြသည်ဟု ထင်ကြသည်။)
"သူက ဆေးဖက်ဝင်ပစ္စည်းတွေကို ဖြုန်းတီးရုံပဲ ရှိမှာပါ"
သူမ၏ အသံက တည်ငြိမ်နေပြီး အဖြစ်မှန်ကို ပြောနေသကဲ့သို့ ရှိသည်။
သူမက ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆက်
ပြောသည်မှာ
"အကယ်၍ အဒေါ် တစ်ခုခု လိုအပ်လို့ဆိုရင်..."
သူမက ပိုင်ကျီဟန် ကို တစ်ချက်ကြည့်လိုက်၏
"...ကျွန်မတို့ကိုသာ ပြောလိုက်ပါ"
သူမ၏ လေသံက ယဉ်ကျေးနေဆဲပင်။
အရာအားလုံးထက် သူမက မိုက်မဲသူ မဟုတ်သောကြောင့် ဖြစ်သည်။
ပိုင်ကျီဟန် ၏ လက်ရှိ အဆင့်အတန်း၊
သူ၏ အစွမ်း
သူ၏ ကျင့်စဉ်ပါရမီ...
ထိုအရာအားလုံးက အစစ်အမှန်များ ဖြစ်ကြသည်။
ထို့ပြင် မူမျိုးနွယ်စုသည် ပိုင်မျိုးနွယ်စုနှင့် မဟာမိတ်များ ဖြစ်ကြသည်။
ပိုင်ကျီဟန်သည် အမွေဆက်ခံသူနှင့် အနာဂတ် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမည့်သူဖြစ်ရာ နောင်တစ်ချိန်တွင် သူတို့ နာခံရမည့်သူ ဖြစ်သည်။
(ထိုသို့ဆိုသော်လည်း သူမ၏ အမြင်ကို ပြောင်းလဲမည်ဟု မဆိုလိုပေ။)
ထို့ပြင် သူသည် မူယွဲ့လန် ၏ သားလည်း ဖြစ်၏
သူမနှင့် သွေးချင်းတော်စပ်နေပေသည်။
ထို့ကြောင့် သူက တစ်ခုခု တောင်းဆိုလာခြင်းကို ဖြည့်ဆည်းပေးရန်မှာလည်း မှားယွင်းမှု မရှိပေ။
"ကျွန်မတို့ တတ်နိုင်တဲ့ အရာဆိုရင်တော့ အဒေါ့်အတွက် ဖော်စပ်ပေးပါ့မယ်"
ဒါက မူမျိုးနွယ်စု၏ တာဝန်သာ ဖြစ်သည်။
သူမ သူ့ကို မုန်းသော်လည်း
အထင်သေးသော်လည်း
မိမိ၏ တာဝန်ကိုမူ လျစ်လျူရှုမည် မဟုတ်ပေ။
မူယွဲ့လန် က ခေါင်းအသာငြိမ့်လိုက်သည်။
သူမသည်လည်း ထိုသို့ပင် တွေးထားပြီး ပိုင်ကျီဟန် ကို မအောင်မြင်နိုင်မည့် အလုပ်မျိုးတွင် အချိန်မဖြုန်းစေချင်ပေ။
အကယ်၍ အောင်မြင်ခဲ့လျှင်တောင် သူ၏ ကျင့်စဉ်ပါရမီက အလွန်ကြီးမားလွန်းလှသဖြင့် ဆေးဖော်စပ်ခြင်း လမ်းစဉ်နောက်သို့ လိုက်ရန်မှာ မလိုအပ်လှပေ။
သို့သော်လည်း ပိုင်ကျီဟန် ကိုယ်တိုင်က လုပ်ချင်နေသဖြင့် သူမ တားဆီး၍ မရခဲ့ပေ။
ပိုင်ကျီဟန် က ခေါင်းခါလိုက်၏
"ငါ့ဘာသာ ငါပဲ လုပ်မယ်"
သူ၏ လေသံက တည်ငြိမ်ပြီး ခိုင်မာလှသည်။
"ပြီးတော့ မူမျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ ပါရမီရှင်ကြီးက ဒီလိုကိစ္စမျိုးမှာ အချိန်ဖြုန်းနေစရာ မလိုပါဘူး"
မူလင်းယွဲ့ ၏ မျက်လုံးများ မှေးကျဉ်းသွားသည်။
ပိုင်ကျီဟန် သည် သူမ၏ စောစောက စကားကို ပြန်ပြီး ခနဲ့နေခြင်းမှန်း သူမ သိသည်။
သို့သော် သူမ ချက်ချင်း ဒေါသ မထွက်လိုက်ပေ။
ထိုအစား သူမက ပြုံးလိုက်၏
"အဲဒီလိုဆိုရင်တော့..."
သူမက နူးညံ့စွာ ပြောလိုက်သည်။
"...ဝမ်းကွဲမောင်လေးက ကိုယ့်ကိုယ်ကိုယ် အသိဆုံး ဖြစ်မှာပါ"
သူမက ခေတ္တရပ်လိုက်၏
"နင့်ရဲ့ ဆေးဖော်စပ်တဲ့ ပါရမီနဲ့ဆိုရင် အဆင့် ၁ ဆေးလုံးတစ်လုံး အောင်မြင်အောင် ဖော်စပ်နိုင်ဖို့တောင် ၁၀ နှစ်လောက် ကြာဦးမှာပဲ"
"ဒါတင်မကသေးဘူး..."
သူမ၏ နှုတ်ခမ်းများက အသာအယာ ကွေးညွတ်သွား၏
"နင် အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းတွေကို ဘယ်လောက်တောင် ဖြုန်းတီးပစ်မလဲဆိုတာ ဘယ်သူသိမှာလဲ”
ပိုင်ကျီဟန် ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးလာခဲ့သည်။
သူ၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော
အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
(နင့်ကို ထိတ်လန့်တုန်လှုပ်သွားစေရမယ်...)
သူ့လက်ချောင်းများက အသာအယာ တုန်ခါသွားသည်။
၎င်းသည် ကလေးကလားဆန်သော အတွေးမျိုး ဖြစ်နိုင်သော်လည်း
သူ ဂရုမစိုက်ပေ။
နောက်ဆုံးတော့ သူသည် ယခုအခါ အဆင့် ၈ ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။
ထိုအစွမ်း၏ ရှေ့တွင် မူလင်းယွဲ့ ဆိုသည်မှာ ဘာမို့လို့လဲ?
ပါရမီရှင်ဟု အမည်တပ်ထားသူလား?
ရယ်စရာကောင်ပေ၏
ယနေ့တွင် သူ၏ စနစ်ရှေ့မှောက်၌ ပါရမီနှင့် ကြိုးစားမှုဆိုသည်မှာ ဘာမှမဟုတ်ကြောင်း သူမကို နားလည်သွားစေရမည်။
သူ ခံစားခဲ့ရသမျှ အရာအားလုံးအတွက် သူမကို ပြန်လက်စားချေရမည်။
(နင်က ငါ့ကို အထင်သေးရဲတယ်ပေါ့? ဒီနေ့တော့ အပြတ်အသတ် ရှုံးနိမ့်ခြင်းဆိုတာ ဘာလဲဆိုတာကို နင် သိသွားစေရမယ်)
ပိုင်ကျီဟန် က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
သူသည် မူလင်းယွဲ့ ကို တည့်တည့်ကြည့်လေ၏
"ဝမ်းကွဲညီမ လင်းယွဲ့ က အဲဒီလောက်အထိ ယုံကြည်မှု ရှိနေမှတော့..."
သူ၏ လေသံက တည်ငြိမ်နေပြီး ခပ်ပေါ့ပေါ့ပင် ရှိလှသည်။
"...အခြေအနေကို နည်းနည်းလောက် ပိုစိတ်ဝင်စားဖို့ကောင်းအောင် လုပ်ကြည့်ကြရင်ရော?"
မူလင်းယွဲ့ ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
"နင် ဘာကို ဆိုလိုတာလဲ?"
ပိုင်ကျီဟန်က ရှေ့သို့ တစ်လှမ်း တိုးလိုက်၏
"ငါတို့ ပြိုင်ကြရအောင်”