အခန်း (၂၁၁-၂၁၃)
Vol. 15 Ch. 211-213
211 01
အပိုင်း 211
အိပ်ရာပေါ်တွင် လှဲအိပ်နေသည့် ဆုပိုင်က ဘေးဘက်ခြမ်းသို့ လှည့်လျက် မျက်လုံးကို တဖြည်းဖြည်းခြင်း ဖွင့်လိုက်သည်။ အရာအားလုံးက မဲမှောင်နေသေးသည်။
သူက ကုတင်ခေါင်းရင်းကို ကိုင်ရင်း တဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ ထို့နောက် သူ၏ ကျိန်းကိုက်နေသည့် နှဖူးကို သပ်လိုက်ပြီး လက်ဆန့်ထုတ်လျက် ခြေရင်းနားမှ အဝတ်ကို လှမ်းယူလိုက်သည်။
“ဟင်”
သူက တစ်ချက်ညည်းလိုက်သည်။
အဝတ်များကို လှမ်းယူလိုက်ပြီး ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်သည်။ သို့သော် ပြောင်ရှင်းနေသော အင်္ကျီလက်နားကို ထိတွေ့မိပြီးနောက် ဆုပိုင်သည် မင်သက်သွားရသည်။
“ အင်္ကျီ လက်က ဘယ်ရောက်သွားတာလဲ”
“ မနေ့က အင်္ကျီလက်တို ဝတ်ထားတာ မဟုတ်ဘူးလား”
“ ဝူးဝူး”
သူက ဘေးဘက်ခြမ်းသို့ အပြေးသွားပြီး လိုက်ကာများကို ဆွဲချလိုက်ပြီးနောက် အရှေ့မှ မြင်ကွင်းကို ကြည့်ကာ မျက်လုံးကိုပင် ခပ်ကြမ်းကြမ်း ပွတ်လိုက်ရသည်။
သူ အမြင်မှားနေတာ ဖြစ်မှာပါ။
ဒါက သူ ဒီမနက်ပိုင်းမှ check-in ဝင်ခဲ့တဲ့ hotel မဟုတ်လောက်ပါဘူး။ ဒါက ဘယ်လိုဖြစ်ပြီး အမှိုက်ပုံ ဖြစ်သွားတာလဲ။
သူက အခန်းအတွင်း ပတ်လျှောက်ပြီးနောက် ကုတင်ပေါ်တွင် ပြန်ထိုင်ကာ အုံ့မှိုင်းနေသော မျက်နှာ အမူရာလေးနှင့် လှောင်အိမ်အတွင်း တည်ငြိမ်စွာ လှဲနေသည့် အာဟကို ကြည့်လိုက်သည်။
သော့ဂလောက် နှစ်ခုကလည်း ပိတ်ထားသေးသည်။ အရှေ့မှ ထိုအကောင်က နှစ်နှစ်ချိုင့်ချိုင့် အိပ်ပျော်နေပြီး သူ၏ သွားရည်များကပင် ကြမ်းပြင်ပေါ်သို့ ကျနေသည်။
သို့သော်…
ထိုအကောင်၏ ပါးစပ်နားမှ အဝတ်စကို မြင်လိုက်သောအခါ ဆုပိုင်က သူ၏ မျက်ခုံးကိုသာ တစ်ချက် ကုတ်လိုက်မိသည်။ သူသည် ခေါင်းကိုက်လာ၏။
သိသိသာသာပင် ထိုအာဟက တစ်စုံတစ်ရာ လုပ်ထားခြင်း ဖြစ်ရပေမည်။ ထိုအကောင်ကသာ ဒီလိုလုပ်ရပ်မျိုးကို လုပ်နိုင်သည်။
သူသည် အားလုံးကို ကြိုတင်ပြင်ဆင် ထားခဲ့သည့်တိုင်အောင် ထိုအာဟက သူပင် သတိမထားမိခင် တံခါးသော့ကို ဖွင့်နိုင်မည်ဟု မထင်ထားမိချေ။ ပို၍ဆိုးသည်မှာ မည်သည့်အသံကိုမှ မကြားခဲ့ရချေ။
“ ဟူး”
အာဟက လျှာကို တစ်ချက် သပ်လျက် သူ၏ ဝေဝါးနေသည့် မျက်လုံးကို ဖွင့်သည်။ ဒီလို အိပ်ရတာ သက်တောင့် သက်သာရှိ လိုက်တာ။
သူက မျက်လုံးဖွင့်လိုက်သည့် အခိုက်တန့်တွင် ကုတင်ပေါ်တွင် ထိုင်နေသည့် မိစ္ဆာဘုရင်ကြီးဆုကို မြင်လိုက်ရသည်။ ထိုမိစ္ဆာဘုရင်ကြီးက သူ့ကို သေချာစိုက်ကြည့် နေလေရာ အာဟက ချက်ချင်းဆိုသလို အပြည့်အဝ နိုးသွားသည်။
မထိန့်လန့်နဲ့။
သူ လုပ်ခဲ့မှန်း ဘယ်သူမှ သိမှာမဟုတ်လောက်ဘူး။
သော့က ပိတ်နေတုန်းပဲ။ ဒီတော့ သူ့အပေါ် သံသယ ဝင်စရာ အကြောင်းမရှိဘူး။
သူက လှောင်အိမ်ထဲတွင် ထ ထိုင်လိုက်ပြီး သူ၏ အရည်ရွှမ်းသော မျက်လုံးကြီးများကို သုံးလျက် မိစ္ဆာဘုရင်ကြီးဆုကို ကြည့်လိုက်သည်။
ရဲရင့် ပြတ်သားတဲ့ အမျိုးသား တစ်ယောက်ဆိုတာ ခက်ခဲမှုတွေ အားလုံးကို ရင်ဆိုင်ကြုံတွေ့နိုင်ရတယ်။ သူနဲ့ တစ်ခုခု ပတ်သက်တာ မရှိသလို ဟန်ဆောင်နိုင်ရမယ်။
“ ဝုတ်”
“ဘုရားရေ။ ဒီအိမ်က ဘယ်လိုဖြစ်သွားတာလဲ။ သူခိုးများ ဝင်သွားတာလား”
“ တစ်ခုခု ပျောက်သွားလား စစ်ကြည့်ပါဦး”
“ သေလိုက်ပါတော့။ ဒီသူခိုးက တော်တော်လေးကို အသုံးမကျတဲ့ ကောင်ပဲ။ အဝတ်တွေကိုတောင် စုတ်ဖြဲသွားစရာလား”
“ ဘာလို့ အိမ်သာထဲက ခုံကိုတောင် အပြင်ကို ဆွဲထုတ်ထားတာလဲ”
“ ဝုတ် ဝုတ် “
ဆုပိုင်က စိုးရိမ်ခြင်း ဟန်ဆောင်နေသော အာဟကို ကြည့်လျက် တစ်ချက် လှောင်လိုက်သည်။
211 02
တံခါးကို ဖွင့်ပြီးပြန်ပိတ်သွားတာ။ ဒီကောင်က တကယ့်ကို ပါရမီရှင်ပဲ။ မနေ့ညက သင်ခန်းစာ အကြာကြီး ပေးပြီးတာတောင် မမှတ်မိသေးဘူး ထင်တယ်။
ကြည့်ရတာ ရက်စက်တဲ့ နည်းလမ်းကိုပဲ သုံးရတော့မယ်။
သူ ဒီအာဟကို ခပ်ထန်ကြမ်းတမ်းစွာ ကြည့်လိုက်သည်။ စားပွဲပေါ်မှ ဖုန်းကိုယူပြီး ကြည့်လိုက်သောအခါ ဖုန်းကြိုးကပင် ပျက်နေကြောင်း တွေ့လိုက်ရသည်။ တော်တော်လေးကို ရက်စက်တာပဲ။
သူသည် တံခါးကို တိတ်တဆိတ် ဖွင့်ပြီး စားပွဲထိုးကို လှမ်းခေါ်ရသည်။ သူကိုယ်တိုင်ကမူ ရေစိုနေသော ရေချိုး တဘတ်ကိုသာ ပတ်ထားရလေသည်။
“ဖာ့ခ်”
သူက တံခါးကိုဖွင့်လိုက်သည်နှင့်အတူ စားပွဲထိုးကလည်း ကြောင်သွားသည်။
ဒါက ငါတို့ hotel လား။
ချက်ချင်းဆိုသလို သူ၏ စိတ်အတွင်း အတွေးပေါင်းများစွာက ဝင်ရောက်လာသည်။
“ လျော်ကြေး ဘယ်လောက် ပေးရမလဲ ဆိုတာကိုပဲ တွက်ချက်လိုက်ပါ”
ဆုပိုင်၏ သွေးကြောများက သူ၏ နှာဖူးထဲမှ ပေါက်ထွက်လာမတတ်ပင် ထောင်ထနေသည်။ သူက တဖြည်းဖြည်းချင်း မေးလိုက်သည်။
ဒီအခန်းအတွင်းတွင် အကောင်းဟူ၍ မည်သည့်အရာမှ မကျန်ရစ်ခဲ့ချေ။ နံရံများကိုပင် ဆေးများကွာကြအောင် ကုတ်ဖြဲ ထားသေးသည်။ အသိသာဆုံးအချက်ကမူ သစ်သားခုံ ခြေထောက်တစ်ဖက်ကိုပင် ကိုက်ဖြတ်ထားချင်း ဖြစ်သည်။
“ အားလုံးပေါင်း ယွမ် ၉၉၈၇ ကျပ်ပါ”
စားပွဲထိုး၏ မျက်နှာက နီရဲနေသည်။ သူသည် အခန်းအတွင်း ပတ်လျှောက်ရင်း စွန့်အစွာ ပြောသည်။
“ ဒါက ပျက်စီးသွားတဲ့ ပစ္စည်းတွေ အတွက် လျော်ကြေးပါပဲ။ နောက်ပြီး နံရံတွေ ဆေးကွာသွားတဲ့အတွက်လည်း ပါတယ်။ နောက်ထပ် ပြင်ဆင်ဖို့ ဝန်ထမ်းတွေ ခန့်အပ်ရမှာဆိုတော့ ယွမ်၃၀၀၀ ထပ်ကုန်မှာပဲ”
“ အားလုံးပေါင်း ယွမ် ၁၂၉၈၇ ကျပ်ပါ”
ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက ကျောပိုးအိတ်ထဲမှ ငွေသားများကို ထုတ်ပြီး စားပွဲထိုးကို ပေးလိုက်သည်။ ထို အာဟကို ကြည့်ရင်း အံကို ကျိတ်ကာ ပြောသည်။
“ ဒီအခန်းကို refund ပြန်လုပ်စရာ မလိုဘူး။ အခန်းခကိုလည်း ထပ်ပေးမှာပါ”
“ ဒါဆိုရင် ဒီဧည့်သည်… ဒီနေရာမှာဆက်နေခြင်သေးရဲ့လား”
စားပွဲထိုး၏ မျက်လုံးက ပြူးကျယ်နေရင်း အခန်းကို မယုံနိုင်သလို ကြည့်သည်။
“ ဟုတ်တယ်။ ရက်အနည်းငယ်လောက် ဆက်နေရမယ်”
ဆုပိုင်က စားပွဲထိုးကို အခန်းအပြင်ဘက်သို့ လိုက်ပို့ပြီးနောက် ဘေးဘက်သို့ တိတ်တဆိတ်လှည့်ကာ ခွေးလှောင်အိမ်နားသို့ တဖြည်းဖြည်းခြင်း လျှောက်သွားသည်။
“ ဝုတ် ဝုတ်”
“ ခွေးကို လာမခြောက်နဲ့နော်။ ငါ ကြည့်တောင် ကြည့်တာ မဟုတ်ဘူး။ သော့ကို ကြည့်လိုက် အကောင်းတိုင်းပဲ မဟုတ်လား။ သူခိုး လုပ်သွားတာ ဖြစ်မယ်”
“ ဟီးဟီး”
“ မင်းက ဟန်ဆောင် နေသေးတယ်ပေါ့”
“ မားရေ ကယ်ပါ”
အချိန်အတန် ကြာပြီးနောက် ဆုပိုင်က အာဟကို ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားပြီး ရေကန်ထဲသို့ ရေအပြည့် ဖြည့်သည်။
“ဝုတ်”
“ ရေချိုး ပေးမလို့လား”
အာဟက အနည်းငယ် စိတ်ရှုပ်ထွေး နေသေးသည်။ စိတ်ရှုပ်ထွေးသလို အော်သည်။
ဘာလို့ မိစ္ဆာဘုရင်ကြီးဆုက စိတ်နေသဘောထား ပြောင်းလဲနေတာလဲ။ မဟုတ်သေးဘူး။
ဘာလို့ ရုတ်တရက်ကြီး သဘောထားကြီးပြီး ရေချိုးပေးမှာလဲ။
211 03
“ လုံလောက်အောင် မပူသေးဘူး”
ဆုပိုင်က ရေ၏ အပူချိန်ကို တစ်ချက် စမ်းကြည့်လိုက်ပြီး တစ်ချက်အော်ကာ နောက်သို့ လှည့်ရင်း ရေနွေးအိုးကို တည်လျက် ရေချိုးခန်းထဲမှ ထွက်သွားသည်။
အာဟက လည်တိုင်ကို ဆန့်လျက် သူ့ကို ဘေးတစောင်း ကြည့်၏။ ထို့နောက် သူ၏ လက်သည်းလေးကို ထုတ်၍ ရေကို စမ်းကြည့်သည်။
“(6:44)”
သူက ခပ်မြန်မြန် လျှာထုတ်ပြီး လက်သည်းလေးကို လျက်လိုက်ရသည်။ ပူလွန်းနေတာကိုတောင် မပူသေးဘူး ဟုတ်လား။ ဖြစ်နိုင်တာက ….
ရုတ်တရက် အာဟသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး အမွေးများက ထောင်တက်သွားသည်။
မဖြစ်နိုင်တာ။
သူက ရေချိုးခန်းတံခါးဝနားသို့ ကပ်ပြီး သူ၏ နှာဖူးကို ဘေးသို့ လှဲလျက် နားကို နံရံနား ကပ်ပြီး နားစွင့်လိုက်သည်။
“သူ့ကို ရေနွေးဖျောပြီးမှ အမွေးတွေ နှုတ်လို့ လွယ်မှာ ထင်တယ်။ ဒါမှမဟုတ် ဒီအတိုင်း အမွှေး ရိတ်လိုက်ရမလား”
“အိုးကို သိပ်မကြာခင် လာပို့လိမ့်မယ်။ ဇီရာစေ့အမှူ့န် အနည်းငယ်တော့ ဝယ်ရမယ် ထင်တယ်”
“ ငါ သူ့ကို ချက်ခြင်း ရေနွေးဖျောရင် အသံတော့ မထွက်လာလောက်ဘူး”
“ ဟီးဟီး အရသာတော့ ရှိမှာပဲ”
“ ဂလု”
အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ အာဟသည် သူ၏ နောက်ဘက်မှ ရေချိုးကန်ကို ပြန်ကြည့်သည်။ သူ၏ ခြေထောက်လေးဖက်က မြေပြင်ပေါ်သို့ ခွေကျသွားသည်။ သူ၏ နှာဖူးအထက်တွင်လည်း မီးဆွဲလောင်သလိုမျိူး အကြောင်း သုံးကြောင်းက ပေါ်လာကာ တွန့်သွားသည်။
ဘာလုပ်ရမလဲ။
ဒီကောင်က ခွေးသား hotpot စားချင်နေတာ။ ဒါမှမဟုတ် ဇီရာစေ့ အရသာနဲ့။
“ဝုတ်”
သူက ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်သည်။အာဟက ချက်ချင်းဆိုသလို ဆုပိုင်၏ ဘေးဘက်သို့ ရောက်လာသည်။ လက်သည်းတစ်စုံကို သုံးပြီး ဆုပိုင်၏ ခြေထောက်ကို ခပ်တင်းတင်း ဖက်လျှက် အော်ညည်းလေသည်။
“ ဇီရာစေ့ အရသာက ဆိုးတယ်”
“ မလုပ်ပါနဲ့ …”
“ ငါ ဆက်မလုပ်ရဲတော့ပါဘူးးး”
“ ငါ မှားပါတယ်”
ကြမ်းပြင်တွင် လဲရင်း သူဟာ မရပ်မနား တရှုံ့ရှုံ့ ငိုသည်။ သူ၏ ပုံစံက အလွန်သနားစရာ ကောင်းလှသည်။
“ ဟွန့်”
ဆုပိုင်က အေးစက်စွာ နှာခေါင်း ရှုံ့လိုက်သည်။ သူက အာဟကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး ဘေးဘက်မှ ကတ်ကြေးတစ်လက်ကို သွားယူသည်။
အူးးးးး
အာဟက ချက်ချင်းဆိုသလို ကြမ်းပြင်မှ ခုန်ထပြီး အိပ်ရာဘက်သို့ ခပ်မြန်မြန် ပြေးသွားသည်။ အိပ်ရာပေါ်၌ ကြောက်လန့်တကြား ပြောသည်။
“ ဒီနေရာ ကို မလာနဲ့နော်။ ဒီနေရာကို မလာနဲ့ ။ ဝူးးးး”
“ ငါ မှားပါတယ်။ ကယ်ကြပါ။ ကယ်ကြပါ။ ဒီမှာ ခွေးကို သတ်ဖို့ လုပ်နေပါတယ်။ ခွေးသားကို hotpot ထဲ ထည့်မလို့တဲ့”
“ နောက်ပြီး ဇီရာစေ့ အရသာပါ ထည့်ဦးမှာ တဲ့”
“လူသားဆန်မှု မရှိတော့ဘူးလား”
ဘုန်း။
ဆုပိုင်က အိပ်ရာပေါ်သို့ ခုန်တက်လိုက်ပြီး စုတ်ပြတ်သတ်နေသော သူ၏ ဘောင်းဘီထဲမှ ခါးပါတ်ကို ရအောင် ချွတ်ယူလျက် ခပ်ကြမ်းကြမ်း လှုပ်ခါပြသည်။
ဖြန်း။
ထို့နောက် လေထဲတွင် ပေါက်ကွဲသွားသော အသံက ထွက်ပေါ်လာသည်။
“ ငါ မင်းကို ဒီနေ့ နည်းနည်းမှ မဆုံးမလိုက်ရင် မှတ်ဉာဏ် ရှိမှာ မဟုတ်ဘူး”
ဆုပိုင်က ခုန်ဝင်လာပြီးပြီးချင်း ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာသည်။
[ တော်လိုက်တာ… ငါ ကြက်ခြေထောက်ပါ ထည့်ချင်သေးတယ်။ ဒီလောက် အကြာကြီး အိပ်တာကို စောင့်ကြည့်နေရတာ ငါရဲ့ ခေါင်းကို အကောင်တွေတောင် တက်တော့မလို့]
[ဒါရိုက်တာ ဆုပိုင်ကတော့ တော်တော်လေး ဒေါသထွက်နေပြီ ထင်တယ်။ ငါ့ကို ကြည့်ဦး ဟားဟား သူ အရိုက်ခံနေရပြီ]
[ဒါပေမဲ့ ငါဘာလို့ ဒါကို ကြည့်ပြီး ရယ်ချင်နေတာလဲ။ သူ့ရဲ့ပုံစံက နောင်တမရသေးတဲ့ပုံပဲ]
[ Husky…. ဒီလိုခွေးမျိုးကိုသာ ပြန်လည် ကယ်တင်ပြီးသွားရင် ငါရဲ့ယောက္ခမကို တစ်ကောင်ပေးရမယ်။ ဟားဟားဟား။ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ]
[အပေါ်ထပ်က တစ်ယောက် … မင်းရဲ့ယောက္ခမက မင်းရဲ့ သွားတွေ ကျွတ်ထွက်တဲ့အထိ တိုက်ခိုက်မှာတော့ သေချာတယ်။]
[ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကိုသာ ရောက်လာရင် ဘယ်လောက်ထိ ဝရုန်းသုန်းကား ဖြစ်မလဲဆိုတာကို သိချင်သေးတယ်။ ]
…..
++++++ 212 01
အခန်း 212
များပြားလှစွာသော မရေတွက်နိုင်သော မိတ်ဆွေများက ဖျင်ဘူးတောင်း ထောင်လျက် အိပ်ရာပေါ်တွင် လဲရင်း သနားစရာကောင်းလောက်အောင် အော်ဟစ်နေသည့် အာဟကို ကြည့်ရင်း အော်ရယ်မိကြသည်။ သို့ရာတွင် အော်သံဟာ အလွန်အမင်းဆိုးရွားပုံ ပေါက်နေသော်လည်း အာဟ၏ မျက်လုံးများကမူ စိတ်လွင့်နေသည်မှာ သေချာသည်။ သူသည် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်နေ၏။ ဆုပိုင်က သူ့ကို ရိုက်နှက်နေသည်ကိုပင် အလေးအနက် မထားပေ။
ခါးပါတ်က ကျလာချိန်တိုင်း သူသည် အကြိမ်နည်းငယ် အော်ညည်းတတ်သေးသည်။
“ ဝုတ်”
“ နာလို့ သေတော့မယ်။ ကျေးဇူးပြု၍ ကယ်ကြပါ။ ငါ ထပ်မလုပ်ရဲတော့ပါဘူး”
“ နောက်တစ်ကြိမ် ပစ္စည်းတွေကို ဖျက်စီးတဲ့ ဘယ်သူမဆို ခွေးဖြစ်”
အာဟက အသံကို အမြင့်ဆုံး မြှင့်လျှက် အသားကုန် အော်ဟစ်လိုက်ပြီးနောက် လျှာကို ဆန့်လျက် ပါးစပ်ကို တစ်ချက်သပ်သည်။ သူ၏ မျက်လုံးက လှောင်အိမ်ထဲမှ မှောက်နေသော ရေခွက်ထဲ ရောက်သွားသည်။
ရိုက်လို့ မပြီးသေးဘူးလား။
သူ ကောင်းကောင်း ပူးပေါင်းသေးတယ်လေ။ အလေးအနက်ကို ပူးပေါင်းပေးလွန်းလို့ သူ့ရဲ့ လည်ချောင်းတွေတောင် မီးခိုးတွေ ထွက်တော့မယ်။ သူ ရေသောက်ချင်လာပြီ။
“ ဝုတ် “
ဖြန်း။
ဆုပိုင်က ခါးပတ်ကို ဘေးဘက်သို့ လွှင့်ပစ်လိုက်ပြီး အိပ်ရာပေါ်တွင် ထိုင်ကာ အမောသကော ဖြင့် အသက်ရှူ နေရသည်။
သို့သော်။
သူ၏ အရှေ့မှ အဆင်ပြေနေသေးသော အကောင်ကို မြင်ရသောအခါ သူသည်လည်း စွံ့အ သွားသည်။ အာဟက ကုတင်ပေါ်မှ ခုန်ချပြီး လှောင်အိမ်ထဲသို့ ဝင်ကာ ရေသွားသောက် နေသည်။
“ ငါ… “
ဆုပိုင်က စိတ်ပျက်သလို သက်ပြင်းချသည်။
“ ဒါလည်း အလုပ်မဖြစ်ဘူးလား”
အခြားနည်းလမ်း မရှိတော့ချေ။ ထို အာဟက စနစ်၏ refresh လုပ်မှုကြောင့် သိသိသာသာပင် ယခင်က မြင်ဖူးသော အကောင်တိုင်းနှင့် ခြားနားနေသည်။ အရိုက်ခံရပြီးသည့် တိုင်အောင် မတည်ငြိမ်သွားသည့် ခွေးမျိုး မမြင်ဖူး သေချေ။
ဒီကောင်ကိုသာ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ပြန်ခေါ်သွားလိုက်ရင်။
တပိုင် နှင့် ထိုနှစ်ကောင် ပေါင်းပြီး ပြသနာ ရှာမည့်အကြောင်းကို တွေးမိသော်။ ထို့အပြင် အရွယ်မရောက်သေးတဲ့ Alska အကောင် ငယ်လေးများလည်း ရှိနေသေးသည်။ သူတို့အားလုံးက သိပ်မကြာခင် ရောက်လာကြပြီး အစစ်အမှန် သဘာဝကို ထုတ်ပြပေလိမ့်မည်။ ဆုပိုင်သည်လည်း သူ၏ နှဖူးမှ နာကျင်လာသလို ခံစားလိုက်ရသည်။
အဲဒီနောက်ပိုင်း တိရစ္ဆာန်ရုံကြီး ဘယ်လောက်တောင် ဝရုန်းသုန်းကား ဖြစ်နေလိုက်မလဲ။
…..
တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာန။
ဌာနအတွင်းရှိ လူတိုင်းက အစည်းဝေးခန်းတွင်း စုစည်းလျှက် ရှိနေကြသည်။ အားလုံး၏ လေထု အခြေနေက အလွန်တည်ငြိမ် နေသည်။
(12:28) များစွာက မျက်မှန်များကို တိတ်တဆိတ် သုတ်နေပြီး ဖန်သားပြင်မှ ပုံရိပ်ကို မကြာခဏ ဆိုသလိုကြည့်လျှက် တိတ်ဆိတ် နေကြသည်။
“ အဟမ်း”
နန့်ကုန်းယွမ် က ကို့ရို့ကားယားဖြစ်စွာ ပြုံးပြီး တဖြည်းဖြည်းခြင်း ပြောသည်။
“ အနည်းဆုံးတော့ ဒီကောင်က အင်အားအပြည့် ရှိတာကို တွေ့လိုက်ရတာပဲ။ အားလုံးလည်း သူ့ကို မြင်တယ် မဟုတ်လား။ သူက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ပုံစံရှိတယ်။ ရဲခွေးအဖြစ်သာ လေ့ကျင့်ပေးလိုက်မယ်ဆိုရင် တော်တော်လေးတော့ သက်ရောက်မှု ရှိလာမှာပါ”
“ ငါတို့တွေ….”
“ အို ထားလိုက်ပါတော့။ ငါ ဆက်မပြောတော့ဘူး။ ငါ ပြောတဲ့ စကားကို ပြန်ရုတ်သိမ်းတယ်။ ဒီကောင့်ကို လေ့ကျင့်ပေးလို့ မရနိုင်ဘူး”
212 02
လက်အောက်ငယ်သားများ၏ အမူအရာကို ကြည့်ပြီးနောက် နန်ကုန်းယွမ်က အသက်ပြင်းပြင်း ရှူကာ စွန့်အ သွားလျှက် ပြောလိုက်ရသည်။
“ ဒီလို ကောင်မျိုးက ဒီလောက် ခန်းနားထည်ဝါတဲ့ ပုံစံမျိုးကြည့်ပြီး ရူးနှံ့နှံ့ အကျင့်စရိုက် ရှိနေမယ်လို့ မထင်ထားဘူး”
သိသိသာသာပင် သူက ဝံပုလွေသွေး ပါတယ်။ ဒါပေမဲ့ …
“ ဟာဟား မစိုးရိမ်နဲ့ လို့ ငါ ပြောရမယ် ထင်တယ်”
“ ဟုတ်တယ်။ ဟုတ်တယ်။ ဒီ Huskyရဲ့ ပုံစံလေးက တော်တော်လေး သင့်တော်တယ် ဆိုပေမယ့်လည်း သူ့ရဲ့ အကျင့်စရိုက်က တော်တော်လေးကို လက်လှမ်းမမှီ နိုင်သလို လေ့ကျင့်ပေးလို့ မရနိုင်တဲ့ အနေထားမျိုးမှာ ရှိနေတယ်။ လူသားတွေအပေါ် ကူညီပေးဖို့ မပြောနဲ့။ လေ့ကျင့်ပေးတဲ့ သူကို မဖျက်စီးသွားရင်တောင် တော်တော်လေး ကံကောင်းနေမှာ”
“ ငါလည်း အဲဒီလို ထင်တယ်။ ဒီတိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရုံနဲ့တင် ငါ တော်တော်လေး စိတ်ပိုင်းဆိုင်ရာ ပြိုလဲချင်နေပြီ။ ဒါရိုက်တာဆုပိုင် ဘယ်လိုများ သည်းခံနိုင်လဲ မသိဘူး”
“ ဟုတ်ပါ့”
နန်ကုန်းယွမ်လည်း သက်ပြင်း ချလိုက်ပြီး တိုးတိုးပြောသည်။
“ ငါ စိုးရိမ်တာတော့ မဟုတ်ဘူး။ ဒီအတိုင်း အခုတလော အမှုတွေက တအားများလာတယ်။ ဖမ်းစီးနိုင်တဲ့ တရားခံတွေ ရှိနေပေမယ့်လည်း ပြန်ပေးစွဲခံထားရတဲ့ ကလေးတွေ ပျောက်နေတုန်းပဲ”
“ အဲဒါတင် မဟုတ်သေးဘူး”
“ ရထားဘူတာနားမှာ ကလေးတွေ တောင်းစားနေတာကို တွေ့တဲ့သူတွေ ရှိတယ်။ နောက်ကွယ်က ဘယ်သူတွေလဲ ဆိုတာကို တွေးကြည့်ရုံနဲ့တင် သိနိုင်တယ်”
“ ဒီလိုချိန် လုံခြုံရေး ရုံးတော်က ငါတ်ို့စီလာပြီး ကလေးတွေကို ရှာဖွေဖို့ တိရစ္ဆာန်တွေရဲ့ အကူညီ လိုချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ လုံခြုံရေး ရုံးတော်က လူတွေက ကိုယ်တိုင် မလာရဲ ကြဘူးလေ”
သူက ထိုသို့ပြောပြီးနောက် နန်ကုန်းယွမ် ၏ မျက်နှာက မဲမှောင်သွား သည်။ သူက ဘေးဘက်မှ file တစ် file ကို ထုတ်ပြီး အားလုံးကို ကြည့်နိုင်အောင် ခွဲဝေပြသည်။
“ ဒီ file တွေ က အစကတော့ အများရှေ့ ထုတ်ပြဖို့ မရည်ရွယ်ထားဘူး”
“ ဒီcaseက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ သားရဲကောင်အဖွဲ့အကြောင်းပဲ။ သူတို့က ကျေးရွာတွေ တောင်တန်းတွေ ဘက်က ကလေးတွေကို ဖမ်းခေါ်ပြီး မြို့က ပြန်ပေးစွဲသမားတွေကို ပေးလိုက်တယ်။ အဲဒီနောက် ဒီကလေးတွေကို ဒုက္ခိတ ဖြစ်သွားတဲ့အထိ ရက်ရက်စက်စက် နှိပ်စက် ကြတယ်။ အဲဒီနောက် တောင်းစား ခိုင်းတယ်”
“ စီချွမ် ပြည်နယ် လုံခြုံရေး ဌာနကတောင် အလျင်စလို မလှုပ်ရှားရဲဘူး”
“ အကြောင်းပြချက်ကိုတော့ ဒီ data တွေထဲမှာ အားလုံး ထည့်ထားပေးတယ်”
လူတိုင်းက သတင်းအချက်လက်များအတွင်းမှ အကြောင်းအရာများနှင့် ပုံများကို ကြည််ပြီး မျက်မှောင် ကြုတ်နေကြသည်။
“ တကယ်ကို သားရဲကောင်ပဲ”
“ ဟုတ်တယ်။ ကလေးကို ဒီအခြေအနေ ရောက်တဲ့အထိ နှိပ်စက်တယ်။ နောက်ပြီး သာဝါသု လုံခြုံရေး ရုံးတော်က ဒီတစ်ကြိမ်အမှား လုပ်မိသွားတာ။ အရာအားလုံးကို မသိဘဲ ကလေးကို ဘယ်ကယ်နိုင်ပါ့မလဲ”
“ လုံခြုံရေးရုံးတော်ကိုပဲ ဆက်တိုက်ကြီး အပြစ်တင်လို့ ရမယ်လို့တော့ မထင်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဒီပြန်ပေးဆွဲ သမားတွေက ကလေးတွေကို ခရီးဆောင်အိတ်တွေထဲကို ထည့်ပြီး ပိတ်ထားကြတာလေ။ အကျိုးအမြတ် ရဖို့အတွက် နဲ့ အချို့ကလေးတွေဆိုရင် မွန်းကြပ်ပြီး သေသွားကြတာလေ။ ဘယ်လောက်တောင် ဆိုးလိုက်တဲ့ အဖြစ်လဲ”
လူတိုင်းက မင်သက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လွန်းသည့် အချက်လက် များကို ကြည့်ရင်း အမူရာများက ပြောင်းလဲကုန်ကြသည်။
ရက်စက်လိုက်တာ။
ထိုပြန်ပေးဆွဲ သမားအဖွဲ့က လူစိတ် ပျောက်နေကြသည်။ သူတိူ့သည် သူတို့သာ ဖမ်းမိသွားလျင် အပစ်ခံရနိုင်ကြောင်း နားလည်လေသဖြင့် ကလေးများကို အတူသေစေနိုင်သည့် အချက်ကို ပင်ထည့်မတွက်ပဲ ခရီးတောင်အိတ်ထဲ ထည့်ခေါ်ကြသည်။
နန်ကုန်းယွမ်က အသက်ပြင်းပြင်း ရှူပြီး လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ပြောသည်။
“ လက်ရှိအချိန်မှာ စီချွမ်ဘက်က အသက်ရှင်နေသေးတဲ့ ကလေး ၅ယောက်ကို ကယ်ဆယ် နိုင်ခဲ့တယ်။ သူတို့အားလုံးက ဒုက္ခိတ ဖြစ်တဲ့အထိ နှိပ်စက် ခံထားရတယ်။ နောက်ပြီး…”
212 03
“ ဘာလို့လဲဆိုတော့ ဒီတာဝန်က ကျဆုံးသွားခဲ့လို့”
“ စီချွမ် လုံခြုံရေး ရုံးတော်က မာကျန်းက အဲဒီညမှာတင် ကိုယ့်ကိုကိုယ် သတ်သေလိုက်တယ်”
Boom!
ထို အခိုက်တန့်တွင် အစည်းဝေးခန်းမ တံခါးက တွန်းဖွင့်ခံရသည်။
ကလေးတစ်ယောက်ကို ချီထားသည့် နီရဲသော မျက်လုံးနှင့် မင်းသမီး တစ်ယောက်အပြင် လူတစ်ယောက်အပြင် ၊ ဘေးဘက်တွင် ရပ်နေသော လုံခြုံရေး အချို့က ပေါ်လာသည်။
ခွက်။
ထိုအမျိုးသမီးက လူတိုင်း၏ အရှေ့တွင် တိုက်ရိုက်ပင် ဒူးထောက်ချလိုက်သည်။ သူမက ဖိနှ်ိပ် ထားသော်လည်း တုန်ရင်နေသေးသည့် လေသံကို သုံးလျှက် ပြောသည်။
“ ငါက မာကျန်းရဲ့ ဇနီး ပါ။ လောင်ပိုင်ရဲ့နောက်ဆုံး ဆန္ဒက ဒီကလေး ပြန်ပေးစွဲတဲ့ အဖွဲ့ကို သုတ်သင်နိုင်ဖို့ပဲ”
“ သူက အလုပ်ကောင်းကောင်း မလုပ်နိုင်ခဲ့လို့ ရာဇဝတ်သားတွေ အတွက် ဟာကွက် ပေးလိုက်သလို ဖြစ်သွားတယ်”
“ ဒါပေမဲ့ လောင်မာ ကိုယ်တိုင်လည်း အများကြီး နာကျင်ခဲ့ပါတယ်။ သူညက secret နှစ်ထုပ်တောင် ကုန်အောင် သောက်သွားတာ”
“ သူ ဘယ်လောက်ထိ မသက်မသာ ဖြစ်နေလဲတော့ ငါမသိဘူး။ ဒါပေမဲ့ ငါတို့နှစ်ယောက်က ဘယ်လို ဆက်လုပ်ရမှာလဲ”
“ ငါ တောင်းပန်ပါတယ်။ ဒီရာဇဝတ်သားတွေကို တရားမျှတမှု အတွက်ရအောင် ဖမ်းပေးကြပါ။ အဲဒီလိုမှ မဟုတ်ရင် ငါလည်း ကောင်းကောင်း မျက်လုံး မှိတ်နိုင်မှာ မဟုတ်ဘူး”
“ ငါတို့တွေ ဒါရိုက်တာ ဆုပိုင်ကို ဆက်သွယ်လို့ မရဘူး။ ဒါကြောင့် ဒီနေရာကိုပဲ လာခဲ့တာပါ။ ေကျးဇူးပြုပြီး”
“ အရင်ဆုံးထပါဦး “
နန်ကုန်းယွမ် က အပြေးလွှားသွားပြီး သူမကို ထူပေးသည်။
“ ဒါရိုက်တာ နန်ကုန်း”
ထိုအချိန်တွင် စီချွမ် လုံခြုံရေး ရုံးတော်မှ ဒါရိုက်တာ အသစ် စွန်းရွှမ်က နီရဲသော မျက်လုံးနှင့် နှုတ်ခမ်းကို တင်းတင်း စေ့ရင်း ပြောလာသည်။
“ ငါတို့မှာ ဒီကလေး မိဘတွေကို ရှင်းပြနိုင်မယ့် နည်းလမ်းလည်း မရှိတော့ပါဘူး။ ဒီရာဇဝတ်သားတွေကို အမြန်ဆုံး ဖမ်းပြီး ကျန်တဲ့ကလေးတွေကို ကယ်နိုင်ဖို့ပဲ မျှော်လင့်တာပါ”
“ ဒါပေမဲ့…”
“ ဒီလူတွေက တအား ကောက်ကျစ်တယ်။ မြင်းပြိုင်ပွဲ နယ်ပယ်ကတောင် ဆုံးရှုံးမှု အများကြီး ရှိနေတာ။ နောက်ပြီး…”
“ဒါကြောင့် ဒါရိုက်တာ ဆုပိုင်နဲ့ အမြန်ဆုံး ဆက်သွယ်ပြီး ငါတို့ကို ကူညီပေးဖို့ မျော်လင့်ပါတယ်။ စီချွမ်တုက လူတိုင်းက ကျေးဇူးတင်နေမှာပါ”
“ ကျေးဇူးတင်ပါတယ် ဝူး ဝူး “
သူတို့ရဲ့အရှေ့မှာ သံမဏိသားလို စစ်သားများကို မြင်သောအခါ သူဟာ ငိုလေသည်။
နန်ကုန်းယွမ်က အသက်ပြင်းပြင်း ရှုပြီး ခေါင်းကို လေးလံစွာ ညိတ်သည်။
“ မစိူးရိမ်ပါနဲ့။ ငါတို့ ဒါရိုက်တာ ဆုပိုင်နဲ့ ဆက်သွယ်မှာပါ။ ဒါရိုက်တာ ဆုပိုင်က ကလေးတွေကို အချစ်ဆုံးပဲ။ သူသာ ဒီသတင်း သိရင် ငြင်းမှာ မဟုတ်ဘူး”
******
213 01
အပိုင်း 213
“ဝုတ်။ ငါမှားပါတယ်။ ကျေးဇူးပြုပြီး ဒါလေး ဖယ်ပေးလို့ရမလား”
အာဟက သူ၏ ခေါင်းတစ်ခုလုံကို ပတ်ထားသည့် ပလက်စတစ် ခေါင်းစွတ်ကြီးနှင့်အတူ ဆုပိုင်၏နောက်မှ ကူကယ်ရာမဲ့စွာ လိုက်နေရသည်။
“မဖယ်ပေးဘူး”
ဆုပိုင်က ဖြောင်မတ် မှန်ကန်စွာ ငြင်းသည်။
လာနောက်နေတာလား။ လမ်းပေါ်က ဖြတ်သွားဖြတ်လာတွေမှ အများကြီးပဲ။ မင်းရဲ့ပါးစပ်ကိုမှ မပိတ်ထားရင် ငါ ဒုက္ခရောက်မှာပေါ့။ ဟုတ်ပြီလား။
“ဝူး ဝူးဝူး”
အာဟက ဘေးဖက်သို့ တစ်ချက်ကြည့်ရင်း ခပ်တိုးတိုးအော်သည်။
ဆုပိုင်ကလည်း သူကြည့်သောဖက်သို့ လိုက်ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်သွားရသည်။ ဆိုးလိုက်တာ။
သူတို့ အခု hotelခန်းထဲမှာ နေလို့မရတော့ဘူး။ ဆုပိုင်က ပိုက်ဆံ ဘယ်လောက်ပေးပေး ဘယ်လောက် တောင်းပန် တောင်းပန် လက်ခံမှာ မဟုတ်တော့ဘူး။
တကယ်ကို...
နှစ်ရက်တည်းသာ ရှိသေးပေမဲ့ အာဟက နံရံကိုပင် တူးထုတ်ထားသည်။
ကံကောင်းသည်မှာ ဘေးခန်းတွင် နေသောလူ ရှိနေသည်။ ထို့ကြောင့် ဆုပိုင်က နိုးလာပြီးနောက် အိပ်ရာပေါ်တွင် ပြန့်ကျဲနေသော အမျိုးသမီး အဝတ်အစားများကို မြင်လိုက်သောအခါ တိရစ္ဆာန်ဟာ သေချာပေါက် မရိုးရှင်းကြောင်း သိလိုက်သည်။ သေချာပေါက်ပင် တစ်ဖက်ခန်းမှ စုံတွဲက ပေါက်ကွဲလေသည်။
“အာ”
သက်ပြင်းရှည်ကြီးကို ချပြီးနောက် ဆုပိုင်က ထိုအကောင်ကို ဆွဲလျှက် လမ်းပေါ်တွင် လျှောက်သွား နေရသည်။
သုံးရက် ရှိသွားလေပြီ။ စနစ်ကလည်း တာဝန်ပြီးမြောက်ကြောင်း မကြေငြာသေးချေ။
သူကသာ ကြိုသိမည်ဆိုလျှင် ထိုအကောင်ကို လဲလှယ်ခဲ့မည် မဟုတ်ချေ။ ထို့အစား ထရက်နိုစောများကိုသာ သွားကယ်ပြီး ဖြစ်လောက်သည်။ တော်တော်လေးကို ဖိအား များနေရတာပဲ။
“ဝုတ် ဝုတ် ဝုတ်”
ရုတ်တရက် အာဟက အဝေးမှ အသံကိုကြားလိုက်ပြီး သူ၏အမူအယာက တောင့်ခဲသွားသည်။
ဒါက...ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကြောင့် မျက်ရည်ထွက်တဲ့ထိ ငိုပြီး ထွက်ပြေးသွားတဲ့ တက်ဒီလေး မဟုတ်လား။
သူက မိစ္ဆာဘူရင်ဆုကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြေးလျှောက် လိုက်သည်။
စိတ်ထား ကောင်းချင်ဟန် ဆောင်ရမယ်။
တိုက်ခိုက်တဲ့သူက ရက်စက်နိုင်ရမယ်။ ထိုးနှက်ချက်ကလည်း ပြေစေနိုင်ရမယ်။
တစ်ဖက်သူ၏ ပိုင်ရှင်က ပြဿနာရှာရန် ရောက်ရှိလာခြင်း ဖြစ်လောက်သည်။ သူဟာ ဒီအခြေအနေကို အခွင့်ရေးယူပြီး ထွက်ပြေးရပေမည်။ အကြံက ပြီးပြည့်စုံတယ်။
သူ၏ စိတ်ထဲမှ အကြံစည်ကို တွေးတောပြီးနောက် အာဟက ဂရုတစိုက် အကြံအစည် ချသည်။
သူသည် ဆုကိုင်၏ အရှေ့မှ လျှောက်နေပြီး ရှေ့မှ လူကူးမြင်းကျားနေရာနားသို့ ထွက်သွားလိုက်သည်။ သေချာပေါက်ပင် သိပ်မကြာခင် အညိုရောင် ကောက်ကွေးနေသော အမွှေးလေးများနှင့် တက်ဒီလေးက ပေါ်လာသည်။ အာဟက လျှာလေးကို ထုတ်ပြီး လာလိုက်သည်။
ဘုန်း
သူ၏ တစ်ကိုယ်လုံးက ရှေ့သို့ ခပ်ကြမ်းကြမ်း လွှင့်ထွက်သွားသည်။ သူသည် ဆုပိုင်၏ လက်ထဲမှ ချက်ချင်းလိုလို လွှင့်ထွက်သွားသည်။
“ဟားဟားဟား တက်ဒီလေး ငါ့ကို လွမ်းနေတာလား”
သူက ခပ်မြင့်မြင့်ခုန်ပြီး တုန်ယင်နေသော တက်ဒီလေးကို ခုန်အုပ်လိုက်သည်။
“ပြန်လာခဲ့”ဆုပိုင်က ထိုအကောင်ကို မှင်သက်စွာ ကြည့်ပြီး စိတ်က လွှတ်ထွက်သွားသည်။
“အား ကယ်ကြပါ”
213 02
ထိုအခိုက်တန့်တွင် တက်ဒီလေးပိုင်ရှင် သက်လက်ပိုင်းအရွယ် အမျိုးသမီးကြီးက စူးရှစွာအော်သည်။ သူမက စကက်ရှည်ကို ဝတ်ထားသည်။
“သွားပြီ”ဆုပိုင်က အော်ရင်း အလျှင်အမြန် သွားရသည်။
“ငါ တောင်းပန်ပါတယ်။ တကယ် တောင်းပန်ပါတယ်။ သူ့ကို ချက်ချင်း ခေါ်သွားပါမယ်။ ချက်ချင်းခေါ်သွားပါမယ်”ဆုပိုင်က အမျိုးသမီးကို ဆက်တိုက် တောင်းပန်နေပြီး ကြိုးကိုဆွဲလျှက် အာဟကို ဆွဲခေါ်သွားရန် ကြံစည်သည်။ သို့သော်...
“ဝူးဝူး မတိုက်ခိုက်ပါနဲ့တော့”
“နာတယ်”
“ငါ့ကို မကိုက်နဲ့”
ထိုအခါမှသာ ခြေထောက် အောက်ဖက်မှလာသည့် အသံများကို ကြားရသဖြင့် ငုံ့ကြည့်လိုက်သော အခါ ဆုပိုင်၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။
တစ်ဖက်မီ သက်လက်ပိုင်းအရွယ် အမျိုးသမီးကြီးက ရင်ဘက်ကို အုပ်ရင်း နဗန်းလုံးနေသည့် ခွေးနှစ်ကောင်ကို စိုးရိမ်တကြီး ကြည့်နေသည်။ ထို့နောက် သူမက ပါးစပ်ကို အုပ်ကာ ရယ်ပြန်သည်။
သူမသည်လည်း ထိုမျှကြီးမားသော ခွေးကြီးက တက်ဒီလေးကိုပင် မနိုင်ဘဲ ဖြစ်နေမည်ကို မထင်ထားမိပေ။
ဒါက တကယ်ကို
“ဝုတ် ဝုတ် ဝုတ်”
ထိုတက်ဒီလေးက အာဟ၏ အမြှီးကို ခပ်ကြမ်းကြမ်း ကိုက်ထားပြီး ရူးသွတ်နေသလိုမျိုး ဆွဲဖြဲရန် ကြိုးစားလေသည်။
အာဟ၏ အူသိမ် အူမများအတွင်းတွင် မာနများက ပြည့်နှက်သွားသည်။
ဒီအကြံစည်က တစ်ခုခုကို မှားနေတာပဲ။ ဒါတွေ အားလုံးက ဒီအာဟရဲ့အမှားပဲ။ သူပြန်လည် တိုက်ခိုက်နိုင်စွမ်းအားတောင် မရှိတော့ပါလား။
ထိုသို့ဖြင့် သူ၏အမြှီးမှ ပြင်းထန်သော နာကျင်မှုများက ရောက်ရှိလာသည်။ အာဟက ဆုပိုင်၏ ခြေထောက်ကို လက်သည်းများဖြင့် ဖက်ပြီး စူးရှစွာအော်သည်။
“ဝူးဝူးဝူး မင်းက ပြုံးနေသေးတယ်။ ငါ့ကို ကယ်ပါဦး”
“ငါ သေသွားတဲ့ထိ မကယ်ဘဲ နေတော့မလို့လား”
“ရယ်မနေနဲ့။ တအား နာတယ်နော်။ တအား နာနေပြီနော် မြန်မြန်လေး ဖယ်သွားပေးပါတော့”
.....
ဆုပိုင်က ရယ်ချင်စိတ်ကို ထိမ်းထားလိုက်ပြီး အပြေးလွှားသွားကာ တက်ဒီလေး၏ ကိုယ်ကို ညှင်သာစွာ တွန်းဖယ်လိုက်လျှက် အာဟကို ဖယ်လိုက်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ယခုလေးတင် ဆွဲဖယ်ထားပြီးသော အကောင်လေး နှစ်ကောင်က အချင်းချင်း ကြည့်လိုက် ကျယ်လောင်စွာ အော်ဟစ်ရင်း လမ်းမပေါ် တက်ပြေးလေသည်။
အာဟ”စောင့်နေ။ ငါက ဒီနေ့ အခြေအနေသိပ်မကောင်းလို့။ နောက်တစ်ခေါက်ကျမှ မင်းကို သေတဲ့ထိ လာကိုက်သတ်မယ်”
ရှောင်ပေါ ငါမင်းကို သဲလွန်စသာ မပေးဘူးဆိုရင် ငါ ဘယ်လောက် အင်အားကြီးလဲ သိမှာမဟုတ်ဘူး။ ထိုသို့ အော်ဟစ်ပြီးနောက် အာဟက ရှေ့လက်နှစ်ဖက်ကို သုံးလျှက် ခုန်အုပ်ရန် ကြံစည်ပြန်သည်။
“တော်ပြီ”ဆုပိုင်က ထိုအကောင်ကို တစ်ချက်ကိုင်လိုက်ပြီး အရှေ့မှ အမျိုးသမီးကို ရူးကြောင်ကြောင် ပြုံးပြလျှက် တောင်းပန်လိုက်ရသည်။ ထို့နောက် အာဟကို ဆွဲခေါ်လျှက် ထွက်လာလိုက်ရ၏။
နောက်ပြီး ဒီအကောင်က husky ဖြစ်ထိုက်ပါပေတယ်။ ရန်ဖြစ်တာတောင် ဟန်ဆောင် ကောင်းနေတုန်းပဲ။ ဒီတက်ဒီလေးက သူ့ကို မနိုင်ဘူးလို့တောင် ထင်နေတာလား။
အာဟက မျက်မှောင် ကြုတ်သည်။ ဆုပိုင်က ထိုအကောင်ကို ဆွဲပြီး ပန်းခြံသို့ ခပ်မြန်မြန် သွားသည်။
“ရပ်”ရုတ်တရက် အနောက်ဖက်မှ အော်သံကို ကြားလိုက်ရသည်။ ဆုပိုင်က လှည့်ကြည့်လိုက်သောအခါ အဝေးမှ အလျှင်စလိုပြေးလာသည့် သက်လက်ပိုင်းအရွယ် လူတစ်ယောက်ကို မြင်ရသည်။ ထိုလူသည် အရင်ရက်က ပန်းခြံတွင် တွေ့ခဲ့သည့် လီတဲ့ ဖြစ်သည်။
ထိုအချိန်တွင် အာဟက ထိုလူကို မှတ်မိသွားပြီး သူ၏ အမွှေးများက ထောင်တက် သွားသည်။ သူသည် မြေပြင်တွင် လဲကျမတက် ဖြစ်သွားသည်။
“ငါ့ကို မြန်မြန်ကယ်ပါ”
213 03
သူဟာ ဆုပိုင်ကို ကြည့်ကာ အော်ဟစ် လိုက်သည်။ အာဟက ဘေးဖက်သို့ လှည့်ကာ ထွက်ပြေးရန် ကြံစည်သည်။
ဆုပိုင်က အသက် ဖြည်းဖြည်း ရှူပြီး လဲသွားချင်ဟန် ဆောင်လျှက် လက်ထဲမှ ကြိုးကို လွှတ်ပေးလိုက်သည်။ ထိုသို့ဖြင့် အာဟက ထွက်ပြေးသွားသည်။
“ဟူး”
“ညီအစ်ကို ငါ မင်းကို ရှာနေတာ ရက်တွေ တော်တော်ကြာပြီ။ မမျှော်လင့်ထားဘဲ ညီအစ်ကို မင်းက ဒီခွေးကို တကယ်ဖမ်းမိသွားတာပဲ။ သွားသွားသွား ငါတို့ဒီခွေးကို ထပ်ပြီး ထွက်ပြေးသွားစေလို့ မရဘူး”
လီတဲ့က ဆုပိုင်၏ ပုခုံးကို ခပ်ကြမ်းကြမ်း ပုတ်ရင် သူသည် ဆက်လက်ပြီး ရှင်းပြ မနေတော့ဘဲ အတင်းဆွဲလျှက် အာဟ နောက်မှ လိုက်သည်။
“အရင်ရက်တွေအတွင်းမှာ ဒီအစ်ကိုက ဘယ်လောက်တောင် ဆိုးရွားနေလဲ မင်း မသိပါဘူး။ သုံးရက်တောင် ကြာသွားပြီ။ ငါ ဒီသုံးရက်လုံးလုံး အိမ်သာနားတောင် မသွားရဲဘူး”
“ငါတောင် ကျန်းမာရေး ထိခိုက်တော့မယ် ထင်တယ်။ ငါအိမ်သာထဲကို ဝင်ထိုင်လိုက်တာနဲ့ ရုတ်တရက် ခွေးကောင်လေးထွက်လာမှာကို ကြောက်နေမိတယ်”
“ဒါဟာ ငါ့ရဲ့ နှလုံးသားထဲမှာ အရိပ်ဆိုး ထင်သွားပြီ။ ဘယ်လိုနည်းနဲ့မဆို ထုတ်လို့ရမှာ မဟုတ်တော့ဘူး”
လမ်းတွင် လီတဲ့ပြောသော စကားများကို နားထောင်နေရင်း ဆုပိုင်၏ နှုတ်ခမ်းများက မဲ့ကျနေသည်။ သူသည် တည်ငြိမ်၍သာ နေလိုက်သည်။
အာဟက သူ့အပိုင် ဖြစ်သွားကြောင်းသာ ပြောလိုက်လျှင် ဒီလူ ဘယ်လို တုန့်ပြန်မလဲ မသိဘူး။
“မပြေးနဲ့”ထိုအချိန်တွင် လီတဲ့က ဒေါသကြီးကြီး အော်သည်။ သူသည် လက်ထဲမှ သစ်သားဒုတ်ကို မြောက်ရင်း အာဟနောက်မှ အပြေးလိုက်သည်။ အာဟက သိပ်မဝေးသော နေရာတွင် ဆောင့်ကြောင့် ထိုင်နေသည်။
“ဝုတ် ဝုတ်”သို့ရာတွင် ရှေ့မှ အာဟက ဆုပိုင်ရှိရာဖက်သို့ မျက်လုံကို ပေကလပ် ပေကလပ် လုပ်ပြပြီး အမြီးကို ယမ်းခါပြသည်။
သူသည် ထွက်ပြေးမည့် အရိပ်ရောင် မပြချေ။
သေချာစွာ ကြည့်မည်ဆိုလျှင် အာဟ၏ နှုတ်ခမ်းများက ကော့တက်နေကြောင်း မြင်ရမယ် ဖြစ်သည်။
အချိန်မှန် နေရာမှန် လူမှန်...
ငါဒီနေ့ ငါကိုယ်တိုင် အားလုံး လုပ်သွားရမယ်။
“ဝုတ်”
ထိုလူက အပြေးလာရင်း နီးကပ် လာတာ မြင်သောအခါ အာဟက ငိုငြီးသံကို ပြုလေပြီး မြေပြင်ပေါ်သို့ လဲချလိုက်သည်။
“ငါ သတ်မယ်”
လီတဲ့က ဒေါသတကြီးအော်ပြီး လက်ထဲမှ ဒုတ်ကောက်ကြီးကို ကိုင်လျှက် အပြေးသွားသည်။
ဘုန်း
သို့ရာတွင် အရှေ့မှခွေးက လိမ့်ရှောင်ပြီး ဘေးဖက်သို့ လိမ့်ရှောင်ပြီး လွှတ်မြောက် သွားသည်။ ဒုတ်ကောက်ကြီးကို ပြန်မြောက်လိုက်ပြီး လီတဲ့က ထက်မြောက်ကာ ရိုက်ပြန်သည်။
“ဟေးဟေးဟေး”
ရုတ်တရက် ခန္တာကိုယ် တစ်ခုလုံးက တုန်ယင်သွားသည်။ ခြေထောက်တစ်ဖက်က အောက်ဖက်ရှိ မြက်ခင်းထဲသို့ ကျွံကျသွားသည်။ သူက ငုံ့ကြည့်လိုက်သောအခါ ထိုမြေသားက အတုဖြစ်နေကြောင်း မြင်လိုက်ရသည်။
“ဝုတ်”
ထိုအချိန်တွင် ဘေးဖက်သို့ လိမ့်လိုက်သည့် အာဟက ချက်ချင်းခုန်ထလာပြီး အောက်ဖက်ရှိ ထောင်ချောက်လို ကျွင်းထဲသို့ ပြုတ်ကျသွားသောလူကို စိတ်လှုပ်ရှားစွာ ကြည့်သည်။
သူက မနေနိုင်ဘဲ စပ်ဖြဲဖြဲရယ်လျှက် လျှာကို တစ်လစ် ထုတ်လေသည်။
ဘုန်း
သူက ပျံသန်းသည့်အကွက်ကို သုံးပြီး ခုန်အုပ်လိုက်ပြန်သည်။
++++++