အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
214 01
အခန်း 214
“ပလုံ”
“ဖာ့ခ် ဂလု ဂလု ဂလု ကယ်ကြပါ။ ကယ်ကြပါ။ ရေ မကူးတက်ဘူး။ ကယ်ကြပါ”
ရေကန်ထဲတွက် ရုံးကန်နေသည့် လူကို မြင်လိုက်ရသည့်အခါ အာဟက စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။ ထို့နောက်သူက ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။ ထို့နောက် တစ်ဖက်သူ၏ အနားသို့ တဖြည်းဖြည်းချင်း ကူးသွားသည်။
“ဝုတ် ဝုတ် ဝုတ်”
လီတဲ့၏ ဘေးနားတွင် စက်ဝိုင်းလို ဝိုင်းပတ်ကာ ဆက်တိုက် ဆိုသလို အော်ဟစ်နေသည်။
ထိုလူက မြုပ်လုနီးပါး ဖြစ်လာသောအခါ သူက ရေထဲသို့ ထိုးဆင်းပြီး အပေါ်သို့ တွန်းတင်ပေးသည်။
ထိုလူက ပြန်အသက်ရှူ နိုင်သောအခါမှသာ လက်သည်းများကို ဆန့်ထုတ်လျှက် ထိုလူ၏ကိုယ်မှ အဝတ်များကို ခပ်ကြမ်းကြမ်း ဆုတ်ဖြဲလေသည်။ ဟာသပဲ။
သူ့ကို ပြဿနာ လာရှာရဲတယ်။ ဟွန့် ကိုယ့် IQတောင် မစစ်လာဘူး ထင်တယ်။ သူ့ကို ယှဥ်နိုင်မယ် ထင်နေတာလား။ မဖြစ်နိုင်တာ သူက ပြိုင်ဖက်ကင်းပဲ။ ပြိုင်ဖက်ကင်းရတာ အထီးကျန်လိုက်တာ။
ထိုလူ၏ အဝတ်များကို တစ်ခုပြီး တစ်ခုဆုတ်ဖြဲပြီးနောက် အာဟက ရေထဲ ထိုးဆင်း သွားပြန်သည်။ ထို့နောက် သူ့ကို အပေါ်သို့ တွန်းတင်လိုက်ပြီး ရေပေါ်သို့ ရောက်အောင် လုပ်ပေးလေသည်။
ခွက်
ဆုပိုင်က သူ့ကို မီလာပြီး ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဘာကိုမှ ဂရုမစိုက်နိုင်ဘဲ ရေထဲသို့ ခုန်ချလိုက်ရသည်။
လီတဲ့က မျက်လုံးပင် လှန်နေကြောင်း မြင်သောအခါ အာဟက ဆက်လက်ပြီး နှိပ်ဆက်လျှင် ထိုလူသည် သေနိုင်ကြောင်း စိုးရိမ်မိသွားလေသည်။
ဘယ်လိုကြောင့် ဒီတာဝန်က ဘယ်တော့မှ ပြီးမြောက်တော့မှာလဲ။
ဒီလောက်တောင် ကြာပြီ။
ဆုပိုင်က အမောတကော အသက်ရှူနေရင်း လီတဲ့ကို ရေကန်ထဲမှ ဆွဲတင်ရသည်။ လိမ်တွန့်နေသော လီတဲ့ကို မြင်သောအခါ ဆုပိုင်က အာဟကို ခပ်ကြမ်းကြမ်း စိုက်ကြည့်လိုက်သည်။ ထို့နောက် ဝမ်းဗိုက် တစ်နေရာကို ဖိလိုက်ပြီး ရေများကို ပန်းထွက် လာစေလိုက်သည်။
သူ့ရဲ့ အစာအိမ်ထဲမှာ ရေတွေ ပြည့်နေမှာတောင် စိုးရိမ်ရတယ်။
သို့ရာတွင် အသက်ရှူနိုင်ရန်အတွက် လေမှုတ်သွင်းသည့် နည်းလမ်းကလည်း လိုအပ်လေသည်။ သို့မဟုတ်လျှင် တစ်ဖက်သူက ကောင်းကောင်း အသက်ရှူနိုင်မည် မဟုတ်ဘဲ သီးနေလောက်သည်။ သို့သော် လီတဲ့ပုံစံကို ကြည့်ပြီး ဆုပိုင်က မျက်မှောင် ကြုတ်သည်။ သူ၏ အနားတွက် အနည်းငယ် ငုံ့ကိုင်းလိုက်သည်။
“ဝုတ်”
“လာပြီ လာပြီ”
ထိုအချိန်တွင် ဘေးဖက်တွင် ဆောင့်ကြောင့် ထိုင်နေသော အာဟက အပြေးလာသည်။ သူသည် ဆုပိုင်၏ အရှေ့သို့ ဝင်ရောက်ပြီး လျှာကို ထုတ်လျှက် လီတဲ့၏မျက်နှာကို လျက်သည်။
“ဝေါ့”
ချဥ်စုတ်ပြီး နံဟောင်နေသော တံတွေးများ ပြည့်နှက်နေသည့် မျက်နှာကို မြင်သောအခါ ဆုပိုင်က အန်ချင်သွားလေသည်။
“အဟမ်း”
ထိုအချိန်တွင် လီတဲ့က ချောင်းဆိုးချင်ကာ ဟမ့်သည်။ ထိုနောက် အသက် ဖြည်းဖြည်း ရှူလိုက်ပြီး တဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူဟာ အရှေ့တွင် ပေါ်လာသော ခွေးခေါင်းကို မြင်လိုက်ရသည်။ ထို့နောက် ခွေး၏လျှာကြီးက သူ၏နှုတ်ခမ်းနားကို လျက်နေကြောင်း မြင်လိုက်ရ၏။ သူဟာ နေရာတွင်ပင် တောင့်ခဲသွားသည်။
ဒါက ဘာလဲ။
ဘာဖြစ်တာလဲ။
“ဟူး”သူက မြေပြင်မှ ခပ်မြန်မြန် ထထိုင်လိုက်ပြီး အောက်သို့ ငုံ့ကြည့်သည်။ သူ၏ တစ်ကိုယ်လုံး ပြောင်ရှင်းနေအောင် ဆုတ်ဖြဲခံလိုက်ရကြောင်း မြင်သောအခါ ယခုလေးတင်ကြုံခဲ့သော ဖြစ်ရပ်ကို ပြန်တွေးမိသွား၏။ လီတဲ့၏ တစ်ကိုယ်လုံးရှိ အမွှေးများက ထောင်တက်သွားသည်။
လွန်လွန်းတယ်။
214 02
ဒီခွေးက သူ့ကို ဘာလုပ်ဖို့ ကြံစည်နေတာလဲ။
“လီကော ဒါက ...”
“အား မပြောနဲ့တော့”
လီတဲ့က နီရဲနေသော မျက်လုံးများနှင့် သူ၏ဆံပင်ကို ဆုတ်ဖြဲရင်း မြေပြင်ပေါ်မှ ထခုန်သည်။ ထို့နောက် နောက်ပြန် လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ပြေး သွားလေသည်။
ဆုပိုင်သည် အာဟနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တိတ်ဆိတ် သွားကြသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် ခေါင်းခါရင်း သက်ပြင်း ချကြသည်။
ဒီလူ နောက်ပိုင်းမှာ အာဟလို သတ္တဝါမျိုးနဲ့တွေ့ရင် လှည့်ပြေးသွားမှာ သေချာတယ်။
သူ့ရဲ့ နှလုံးသားက စိတ်အရိပ်ဆိုးက တအား ကြီးသွားလောက်တယ်။
ဒါပေမဲ့...
“တင် ပိုင်ရှင်က husky အပိုင်းစ တာဝန်ကို အောင်မြင်သွားပါပြီ”
“တင်။ ဂုဏ်ယူပါတယ်။ hostက huskyကို ပြန်လည် ကယ်တင်နိုင်ခဲ့တဲ့အတွက် ဉာဏ်ရည်တစ်မှတ် မြင့်တက်သွားပါတယ်”
“စနစ်က ပြန်လည် ပို့ဆောင်ပေးတော့မှာ ဖြစ်တဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပါပြီ”
.....
“ဝုတ်”
အာဟက အရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်နေသည့် လူများကို ကြည့်ရင်း တစ်ချက်အော်သည်။ သူက သူ၏ နှဖူးလေးကို ဆန့်လျှက် ဆုပိုင်၏ ပေါင်ကို ပွတ်သတ်လျက် စိတ်ရှုပ်ထွေးသလို ကြည့်သည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။
ဘာလို့ ရုတ်တရက်ကြီး လူတွေ အများကြီး ပေါ်လာတာလဲ။
သူ ကြောက်တယ်နော်။
သူ သူ့ကိုယ်သူတောင် မကယ်နိုင်တော့ဘူး ထင်ပါတယ်။
ဆုပိုင်က အသက် ဖြည်းဖြည်း ရှူလိုက်ပြီး မျက်လုံးကို မှေးကျင်းလျှက် အပေါ်သို့ တစ်ချက် မော့ကြည့်လိုက်သောအခါ သူ၏ ခေါင်းပေါ်တွင် ပေါ်နေသည့် ကြီးမားသည့် စာလုံးများကို မြင်လိုက်ရသည်။
“ကာဝါတို ရထားဘူတာရုံ”
“ဟစ်”စနစ်က သူ့ကို အခြားနေရာများသို့ မပို့ပေးသည်မှာ ကြာလှပြီ ဖြစ်သည်။ ထိုသို့ပို့ကတည်းက တစ်စုံတစ်ရာ ဖြစ်နေ၍ ဖြစ်ရပေမည်။ ဒီနေရာဟာ စီချွမ်တု ဖြစ်သည်။
ထို့အပြင် ရထားဘူတာ ဖြစ်နေသည်။
သို့ရာတွင် တကယ် အတွေ့ကြုံများအရ ဆုပိုင်သည်လည်း ဒီနေရာတွင် သူ လုပ်ရမည့် တာဝန်များ ရှိလောက်မည်ဟု ယူစသည်။ သို့မဟုတ်လျှင် စနစ်က သူ့ကို အကြောင်းပြချက်မရှိ refreshလုပ်ပြီး ဒီနေရာသို့ ပေးလိမ့်မည် မဟုတ်ချေ။
ခြေထောက်နားမှ huskyကို ကြည့်နေရင်း ခပ်တိုးတိုး ပြောသည်။
“အသံမထွက်နဲ့”
ညဘူတာရုံသည် လူအရှုပ်ဆုံးနေရာ ဖြစ်သည်။
ဒီနေရာတွက် ယာဥ်ကြောပိတ်ဆို့မှုများလည်း ရှိသည်။ နေရာအနှံ့တွင် လူအပြည့် ရှိနေ၏။ ထို့ကြောင့် မကောင်းမှုပြုလိုက်ရန် ကြိုးစားသည့် လူများလည်း ရှိနိုင်သေးသည်။
အပြင်လူ များလွန်းသောကြောင့် သူခိုး သို့မဟုတ် အလားတူ ကိစ္စများကို တွေ့လျှင်ပင် ဒေါသကို မျိုချထားရသည်က များတတ်သည်။ မည်သို့ပင်ဆိုစေ သူတို့က မည်မျှ အင်အားကြီးမားစေကာမူ နယ်သားများကို မယှဥ်နိုင်ပေ။ ထို့အပြင် မကောင်းမှု ကြူးလွန်သည့်လူများကလည်း အဖွဲ့လိုက် ဖြစ်နေနိုင်သည်။ ထို့ကြောင့် မည်သူကမှလည်း ရန်မစရဲကြချေ။
ဆုပိုင် ယခုနေထိုင်သော လောကထဲတွင် လူသားများနှင့် ပက်သက်သည့် ကိစ္စပေါင်းများစွာက မျိုတုံးသလို ပျောက်ကွယ်သွားခဲ့ပြီးလေရာ နည်းပညာက မြင့်လာသည့် တိုင်အောင် ထင်သလောက် လျှင်မြန်စွာ တိုးတက်သွားခြင်း မရှိသေးချေ။
ထို့အပြင် မှတ်တမ်း မှတ်ရာများပင် ပျောက်ဆုံး သွားသည်။ တိရစ္ဆာန်များနှင့် ပတ်သက်သည့် မှတ်တမ်းများက ပျောက်ဆုံး သွားသည်။
214 03
လေယျာဥ်ပျံ၊ သင်္ဘော၊ ကား စသဖြင့် အရာများက တိရစ္ဆာန်များကို တုပပြီးမှ တည်ထွင်ဖန်တီး တည်ဆောက်နိုင်ခဲ့သော အရာများ ဖြစ်လေရာ တိရစ္ဆာန်များက မျိုးတုံးပျောက်ကွယ် သွားခဲ့သောကြောင့် အခု လက်ရှိ မြင့်မားနေသော နည်းပညာများက ယခင်ကလောက် ပြီးပြည့်စုံခြင်း မရှိတော့ချေ။
လပေါ် သွားရောက်မည့် ကိစ္စကို ကြည့်မည်ဆိုလျှင် ဆုပိုင် ဝိဉာဥ်ကူးပြောင်းခြင်း မပြုခင် ကာလက လောကတွင်ဆိုလျှင် လောကရှိ တိုင်းပြည်ပေါင်း များစွာက လပေါ်သို့ တက်ရောက်နိုင်လေပြီ ဖြစ်သည်။ သို့သော် ဒီလောကတွင်မူ ဂြိုလ်ထုများကို တပ်ဆင် နိုင်ခဲ့သော်လည်း အောင်မြင်စွာဖြင့် ဆင်းသက်နိုင်ခဲ့ခြင်း မရှိသေးချေ။
အလုံးရင်းနှင့် မျိုးတုန်း ပျောက်ကွယ်သွားခြင်း မရှိခင်က လူသားများသည် လပေါ်သို့ သွားရောက် ခဲ့ဖူးသည့် မှတ်တမ်းများ ရှိနေသော်လည်း တိုင်းပြည်ပေါင်းများစွာက ပြန်လည် မတည်ဆောက်နိုင်သေးပေ။
ထို့ကြောင့် ယခုစီချွမ် ရထားဘူတာရုံသည်လည်း ဆုပိုင် ယခင်ဘဝမှ ရထားဘူတာရုံနည်းတူ အလွန်အမင်း ဆူညံ ပွက်လောရိုက်နေသည်။
“ဝူး ဝူး”
ထိုအချိန်တွင် အဝေးမှ ငိုသံကို ကြားရသည်။ လူတစ်ဖွဲ့က ဝိုင်းလျှက် စုဝေး နေကြီးပြီး ခပ်တိုးတိုး ပြောသည်။
“ဒါက တော်တော်လေး သနားဖို့ ကောင်းတာပဲ။ ဘယ်သူ့ကလေးက ဒီလောက် ငယ်ငယ်လေးနဲ့...”
“အိုး ရေးထားတာက မှန်လား မှားလား မသိတော့ပါဘူး။ ဒါပေမဲ့ ဒဏ်ရာကတော့ တမင်လုပ်ထားတာ မဟုတ်ဘူး။ ငါ့မှာ အကြွေနည်းနည်း ရှိသေးတယ်။ သူ့ကို ပေးခဲ့လိုက်မယ်”
“ဒီနေရာကို ဂရုစိုက်မဲ့ လူတွေ မရှိတော့ဘူးလား။ ငါဒီနားက ထွက်သွားတိုင်း ဒီလို သနားစရာကောင်းတဲ့ ပုံစံနဲ့ ကလေးတွေကို တွေ့နေရတယ်။ ကရုစိုက်တဲ့သူ မရှိတော့ဘူးလား”
.....
ဆုပိုင်က လူအုပ်ကို တွန်းဖယ်ပြီး တစ်ချက်ဝင်ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်မှောင်က ကြုတ်သွားသည်။
မြေပြင်တွင် လဲနေသူက အသက် ၇နှစ်ပင် မရှိလောက်သေးသည့် ကောင်ငယ်လေး တစ်ယောက် ဖြစ်သည်။ သူ၏ ခြေထောက်က ဘေးဖက်သို့ လိမ်နေပြီး အဝတ်ပါးပါးလေးနှင့်သာ အုပ်ထားသည်။ သူ၏ပုံစံလေးက အလွန်သနားစရာ ကောင်းသည်။ နှုတ်ခမ်းကလည်း အအေးဒဏ်ကြောင့် ခရမ်းရောင်သန်းနေပြီး ဆက်တိုက်ဆိုသလို တုန်ခါနေသေးသည်။
သူ၏ အရှေ့တွင် အဝတ်ဖြူ အုပ်ထားသော နေရာလည်း ရှိသည်။ ထိုနေရာတွင် သွေးဖြင့် ကောက်ကွေးစွာ ရေးထားသည့် စာလုံးကြီးအချို့ ရှိနေသည်။
“ဟလို အားလုံးပဲ ငါ့ရဲ့နာမည်က ဝေ့ရှန်းပါ။ ငါက ဒုက္ခိတပါ။ ငယ်ငယ်ထဲက စွန်ပစ်ခံထားခဲ့ရတာ”
အကြမ်းအားဖြင့် ပြောရသော် သူ၏ ဘဝအတွေ့ကြုံက.....စသဖြင့် သနားစရာ ကောင်းလေသည်။ သို့ရာတွင် ဆုပိုင်က မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ကောင်ငယ်လေး၏ ဒဏ်ရာများကို ကြည့်သည်။
ထိုကောင်လေး၏ ခြေထောက်၂ဖက်လုံးက ပြင်ပအားကြောင့် ကျိုးနေခဲ့သည်မှာ သိသာလွန်းသည်။ဒါဟာ ဒုက္ခိတပုံစံဖြင့် မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ ထို့အပြင် အဝတ်အောက်မှ ဒဏ်ရာများကိုလည်း ခပ်ရေးရေး မြင်နိုင်သေးသည်။
ဟူး
ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ကောင်ကလေးနားသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ထို့နောက် သူ၏ ကြိုးပိုးအိပ်ထဲမှ အသစ်ဆက်ဆက် တောင်တက် ဂျာကင်ကို ထုတ်လိုက်ပြီး ကလေးကို အုပ်ပေးလျှက် ခပ်တိုးတိုး မေးသည်။
“အေးလား။ ဦးလေးက စားစရာတစ်ခုခု ဝယ်ပေးရမလား”
သို့ရာတွင် အရှေ့မှ ကောင်ငယ်လေးက ခပ်မြန်မြန် အဝတ်ကို တွန်ဖယ်ပေးပြီး လူအုပ်၏ အပြင်ဖက်သို့ ကြောက်လန့်တကြား ကြည့်သည်။ ထို့နောက် တုန်ယင်သော လေသံဖြင့် ပြောသည်။
“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ငါ ငါ ဗိုက်မဆာပါဘူး”
“ဦးလေး ဦးလေး ငါ့ကို သနားရင် ကျေးဇူးပြုပြီး တစ်ဒေါ်လာပဲ ပေးပါ။ ကျေးဇူးပြုပြီး”
သူက ထိုသို့ ပြောလိုက်သည်။ ကောင်ကလေးက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တစ်ကိုယ်လုံးက ပို၍ တုန်ယင်သွားပြန်သည်။
သူ၏ မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များ ဆက်တိုက်စီးကျလာသည်။ ထို့နောက် သူ၏ ကောက်နေသည့် ခြေထောက်ကို တရွတ်တိုက်ဆွဲလျှက် အရှေ့မှလူကို ဆက်တိုက် ဦးချပြီး ငိုငြီးသံဖြင့်အော်ပြောသည်။
214 04
“ဟလို အားလုံးပဲ ငါ့ကိုပိုက်ဆံပဲပေးကြပါ”
“ငါ တစ်ဒေါ်လာ လောက်နဲ့လည်း ရှင်သန်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်
ဝူးဝူး ကျေး…ကျေးဇူးတင်ပါတယ်”
အနားတွင် ဝိုင်းနေကြသော လူကြီးများက အနည်းငယ် ခံစားသွားရသည်။ လူအများစုကမူ သူတို့၏ အဝတ်များကို နှိုက်ကာ ရှာဖွေပြီး အရှေ့မှ ပန်းကန် အကွဲလေးထဲကို ပိုက်ဆံ ထည့်ပေးကြသည်။
ဟူး
ဆုပိုင်က သက်ပြင်းချပြီး အကြွေလက်တစ်ဆုတ်စာ ထုတ်လိုက်သည်။ ထို့နောက် ကလေး၏ လက်မောင်းအတွင်းသို့ ထိုးထည့်ပေး မြေပြင်မှ ထရပ်သည်။
ဒီကောင်ငယ်လေး ဘယ်လို အခက်အခဲတွေ ကြုံနေရမှန်း မသိဘူး။ ဒါပေမဲ့
ဘူတာရုံနားတွင်လည်း ရဲစခန်း ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူက အများကြီး မကူညီ နိုင်လောက်ချေ။ ထို့အပြင် ထိုကောင်ငယ်လေးက အခြားသောသူများနှင့် ဆက်သွယ်ရာတွင် ကန့်သက်ချက်ပေါင်း များလွန်းနေသည်။ သူ၏ ဘဝအတွေ့ကြုံကို ပြောခြင်း ဖြစ်စေ အခြားသော နေရာများအကြောင်း ပြောခြင်း ဖြစ်စေ သူ့တစ်ကိုယ်လုံးက စတင်ကာ တုန်ယင် လာတက်သည်။
သူက လူအုပ်ကို တွန်းဖယ်ပြီး ထိုကွင်းပြင်အတွင်းရှိသော လူများကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လက်ထဲမှ ကြိုးကိုဆွဲလျှက် ရုတ်တရက် သူ၏ မျက်နှာအမူယာက ကြောင်အ သွားသည်။
သူ ငုံ့ကြည့်လိုက်သောအခါ သူ၏ ခြေထောက်နားတွင် ခွေနေသည့် အာဟက ပျောက်သွားကြောင်း မြင်လိုက်ရသည်။ ကြိုးကမူ ရှိနေသည်။ ခွေးသာ ပျောက်သွားခြင်း ဖြစ်သည်။
သူဟာ အခြားတစ်ဖက်ကို ကောက်ကိုင် လိုက်ပြီးနောက် သပ်သပ်ရပ်ရပ် ဖြတ်တောက်ထားသည့် အရာကိုမြင်ကာ သူ၏မျက်နှာက မဲမှောင်သွားသည်။
ဒါက ကိုက်ဖြတ်ထားတာ မဟုတ်ဘူး။ ထက်ရှတဲ့ ဓားနဲ့ ဖြတ်သွားတာပဲ။ အကြမ်းအားဖြင့်ဆိုရသော် သူလူအုပ်ထဲ တိုးနေချိန် တစ်စုံတစ်ယောက်က ကြိုးကို ဖြတ်ပြီး အာဟကို ခေါ်သွားသည်။ သို့သော် ဘာလို့ ဘာအသံမှ မထွက်တာလဲ။
ဒါက သိပ္ပံနည်း မကျဘူး။ အော်သံတောင် မကြားလိုက်သလိုပဲ။ သူက သံသယ အပြည့်နှင့် ဘေးဖက်ကို လိုက်ရှာလိုက်သည်။
++++++ 215 01
အခန်း 215
“ဝုတ်”
မဲမှောင်သော အခန်းထဲတွင် အာဟက သူ၏ ရောင်ကိုင်းပြီး နာကျင်နေသည့် နှဖူးကို အသာခါလျှက် ခေါ်သည်။
ထို့နောက် သူက အိတ်ထဲမှ တိတ်တဆိတ် ထွက်လိုက်သည်။ မျက်လုံး စိမ်းကြီးများဖြင့် ဘေးဘီကို ကြည့်လိုက်သည်။ တစ်ခန်းလုံးက မှောင်နေသည်။
ဝုတ်
သို့ရာတွင် အခန်းထောင့် တစ်နေရာတွင် အုံနေသည့် ပုံရိပ်လေးတချို့က ရှိနေသည်။ အာဟက အော်လိုက်မိသည်။
“ညီအစ်ကို ငါ ကြောက်တယ်”
“ဒါက ဘယ်လို နေရာကြီးလဲ”
ထိုအချိန်တွင် အရှေ့ဖက်မှ ကလေးငိုသံက ထွက်လာသည်။ အာဟက ခေါင်းမော့ လိုက်ပြီး မျက်မှောင် ကြုတ်လိုက်မိသည်။
သူ မှတ်မိတာ မှန်မယ်ဆိုရင် သူက မိစ္ဆာဘုရင်ကြီးဆုနဲ့အတူ သနားစရာကောင်းတဲ့ ကောင်လေးကို ကြည့်နေတာပါ။ အဲ့ဒီနောက် တစ်ခုခုက သူ့ပါးစပ်ကို အုပ်လာတယ်လို့ ခံစားရပြီးနောက် သူ ဘာမှ မမှတ်မိတော့ဘူးပဲ။
ခွေးသူခိုးလား။
မဖြစ်နိုင်တာ။
အာဟက တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူနဲ့ အရင်က ကစားဖူးတဲ့ သိုးထိမ်း ခွေးတစ်ကောင်ဆိုရင် ခွေးသူခိုးတွေ ဖမ်းသွားတာ ခေါ်သွားခံရတာ။နောက်တော့ တစ်ခါမှ ပြန်မတွေ့ရတော့ဘူး။
လူတွေ ပြောတာ ကြားတာတော့ ခွေးသူခိုးတွေက ခွေးတွေကို သတ်ပြီး ရောင်းတာ။
ဘုရားရေ။
တအား သနားစရာ ကောင်းတာပဲ။
ထိုအကြောင်းရာကို တွေးမိပြီးနောက် အာဟက အရှေ့ဘက်မှ မဲမဲမှောင်မှောင် လုပ်တုတ်လှုပ်တုတ် ပုံရိပ်လေးများထံ တိတ်တဆိတ်လျှော က်သွားလိုက်သည်။ အနည်းဆုံး သူ ရောက်နေသော နေရာအကြောင်း သိရမည်။
သို့သော်
သူ လျှောက်သွားလိုက်သည့် အခိုက်တန့်တွင် နေရာတွင်ပင် တောင့်ခဲသွားသည်။
အကြောင်းမူကား သူ၏အရှေ့တွင် ခွေကပ်လျှက်ရှိနေသော ကလေးများကို မြင်လိုက်ရသည်။
ကောင်လေး ကောင်မလေး အစုံဖြစ်သည်။ အကြီးဆုံးကမှ ၇နှစ်ပင် မကျော်လောက်ချေ။
“ဝုတ် ညီအစ်ကို ငါ အိမ်ပြန်ချင်တယ်။ ညီအစ်ကို ငါ အိမ်ပြန်ချင်တယ်”
“မား။ မားက ငါ့ကို လိုက်ရှာနေမှာ။ ငါ တအား ကြောက်တာပဲ။ အစ်ကိုကြီး ငါ တအား ကြောက်တယ်”
“ဟေ့ မကြောက်နဲ့”
ရှောင်ဟူက သူ၏ လက်လေးကို ခက်ခက်ခဲခဲ ဆန့်လိုက်ပြီး သူ၏ညီမဖြစ်သူ ရှောင်ရီကို ဖက်သည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးက တုန်ယင် သွားလေသည်။
“အစ်ကိုကြီးက ဒီမှာရှိတယ်လေ။ ဘာမှမဖြစ်ဘူး။ အစ်ကိုကြီးက အိမ်ခေါ်သွားပေးမယ်”
ဘုန်း
ရုတ်တရက် တံခါးက ခပ်ကြမ်းကြမ်း တွန်းဖွင့်ခံရသည်။ တောက်ပလွန်းသော အလင်းများကလည်း ဝင်ရောက်လာသည်။
အာဟက ဘေးဖက်သို့ ခပ်မြန်မြန် ပြေးလိုက်ပြီး မြေပြင်တွင် တိတ်တဆိတ် လဲချလိုက်သည်။ သူက မျက်လုံးကို မှိတ်ချလိုက်ပြီး သေချင်ယောင် ဆောင်လိုက်သည်။
သို့သော်တဖြည်းဖြည်းချင်း မှေးကျဥ်းကာဖွင့်လျှက် အရှေ့မှလူနှစ်ယောက်ကို ကြည့်လိုက်သည်။
လူအိုကြီး တစ်ယောက်နှင့် သန်သန်မာမာလူကြီး တစ်ယောက်ဖြစ်သည်။ အရှေ့မှ လူအိုကြီးက ကလေးများ ရှိရာဖက်သို့ တစ်လှမ်းချင်းဆီ လျှောက်သွားသည်။
“ဟားဟားဟား ဒီတစ်ကြိမ် သူဌေးရှီက မောင်နှမနှစ်ယောက်တောင် ခေါ်လာသေးတာပဲ။ သနားစရာ ကောင်းလိုက်တာ”
လူကြီးမင်းရွှီအမည်ရ လူအိုကြီးက ခေါင်းကိုသာ ညိတ်ပြီး လက်ကို ဆန့်ထုတ်ပြီး ကလေးနှစ်ယောက်၏ ပါးများကို ထိတွေ့သည်။ ထို့နောက် သုန်မှုန်စွာ ပြောသည်။
“ကောင်းတယ်”
“အခုတစ်လော စီချွမ် စီရင်စုက စစ်ဆေးမှု တော်တော်လေး တင်းကျပ်နေတာ။ ဒါပေမဲ့ ကလေးတွေ အများကြီးနဲ့ အတူ ငါ့တူတောင် သေသွားသေးတယ်။ အဲ့ဒီသောက်ကျိုးနည်း လောင်မာက ကိုယ့်ကိုကိုယ် သက်သေသွားတာတဲ့လေ။ ဒါကြောင့် အဲ့ဒီက ဖိအားကတော့ အများကြီး လျော့သွားလောက်တယ်”
“နှစ်သစ်က ရောက်လာတော့မယ်ဆိုတော့ မြန်မြန်လေး လုပ်ရမယ်”
“နောက်ပြီး ဒီကလေး နှစ်ယောက်”
215 02
သူဌေးရွှီက တစ်ချက် အော်လိုက်ပြီး ဆိုးယုတ်သော လေသံမျိုးနှင့် အမိန့်ပေးသည်။
“ ကောင်မလေးရဲ့ မျက်လုံးတွေနဲ့ နားတွေကို ကန်းအောင် လုပ်လိုက်။ ကောင်လေးကိုတော့ ခြေလက်တွေ ကျိုးသွားရင် ရပါပြီ။ အကုန်လုံးတော့ ချိုးလိုက်။ ရက်အနည်းငယ်အတွင်း ဒီဟာတွေကို ပြီးအောင်လုပ်ထားဖို့ လိုအပ်တယ်။ အဲ့ဒီနောက် သူတို့ကို မြောက်ပိုင်း ကွင်းပြင်မှာ သွာတောင်းခိုင်းရမယ်”
“မစိုးရိမ်ပါနဲ့”
“အရင်တစ်ခေါက် ကလေး အချို့က ပေါက်ကရတွေ ပြောလို့ လုံခြုံရေးရုံးတော်က ငါတို့ကို ပစ်မှတ် ထားသေးတယ်”
“ဒီတစ်ကြိမ် နောက်ထပ် ငါ့ရဲ့ အကြံတစ်ခု ချချင်တယ်။ ဒီကောင်လေး ကောင်မလေးတွေ အားလုံးကို အနေအောင် ဆေးတိုက် ထားလိုက်”
ထိုသို့ ပြောပြီးနောက် သူဌေးရွှီက ရယ်သည်။ သူ၏ရွှီရောင် သွားနှစ်ချောင်းက ထင်း၍ ထွက်လာသည်။
“စကား မပြောနိုင်တာက ကိစ္စတွေကို မပြောနိုင်တော့တဲ့ အားသာချက် ရှိတယ်”
“ဒီကောင်မလေးကို ကွင်းပြင်ထဲမှာ လေးဖက်သွားနေအောင် လွှတ်ထားပေးလိုက်။ ။ ဟီး ဟီး ။ ကန်းလည်း ကန်းတယ်။ နားလည်းမကြားဘူး။ အလည်း အနေတယ်ဆိုတော့ ပိုက်ဆံတွေ တော်တော်ရမှာပဲ”
“ငါ့ ငါ့ညီမကို နာကျင်အောင် မလုပ်ပါနဲ့”
ထိုအချိန်တွင် ရှောင်ဝေးက မြေပြင်မှ ထရပ်လိုက်ပြီး သူ၏ ညီမဖြစ်သူကို နောက်ဖက်သို့ ပို့လျှက် အော်ငိုလေသည်။
“ကျေးဇူးပြုပြီး ညီမလေးကို မလုပ်ပါနဲ့”
“ငါ ငါ လေးဖက်ထောက် သွားပါ့မယ်။ ငါ ပိုက်ဆံ ရှာပေးပါ့မယ်နော်”
“ငါ လုပ်နိုင်ပါတယ်။ ငါ နာကျင်မှာလည်း မကြောက်ဘူး။ ညီမလေးကို မလုပ်ပါနဲ့”
“ဟားဟား သူတို့ရဲ့ ဆက်ဆံရေးက ဒီလောက်ကောင်မယ်လို့ မထင်ထားဘူး”
သူဌေးရွှီက လှောင်သလို ပြုံးသည်။သို့သော် ကောင်ငယ်လေး၏ အော်ငိုသံကို လစ်လျူရှု ထားလိုက်ပြီး သူတို့ကို ခပ်မာမာ ကြည့်သည်။ ထို့နောက် ဘေးဖက်ကို ချာကနဲလှည့်ကာ ထွက်သွားလေသည်။
“သူဌေးရွှီ ဒါက တော်တော်လေးတော့ ထူးဆန်းသလိုပဲ။ သူက သိလစ်သွားတာ။ နောက်ပြီး ဒါက ဘာမှန်းလည်း မသိသေးဘူး။ စက်ရုပ်ခွေးနဲ့တော့ မတူဘူး”
“တစ်ချက် ဗိုက်ကို ခွဲပြီး ဖွင့်ကြည်ပါလား”
သန်မာသော လူကြီးက မြေပြင်တွင် လဲနေသော huskyကြီးကို ကြည့်ပြီး မျက်မှောင် ကြုတ်လျှက် ပြောသည်။
“အရူး”
သူဌေးရွှီက လေသံတိုးတိုးနှင့် ကျိန်ဆဲလိုက်သည်။ ထို့နောက် မြေပြင်တွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး အာဟကို ထိတွေ့ကြည့်သည်။ သူက ရယ်လိုက်သည်။
“ဒါက အဖိုးအတန်ဆုံးပဲ”
“မင်းတို့ ဒီရက်ပိုင်းအတွင် သတင်းကို စောင့်ကြည့်နေ။ ပိုက်ဆံ ရပြီးတာနဲ့ အပျော် ရှာဖို့အတွက် မိန်းမတွေ ရှာလို့ရပြီ။ ဟွန့် အသုံးမကျတဲ့ အမိုက်တစ်အုပ်”
“ဒါက တိရစ္ဆာန်အစစ်ကွ။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကနေ ပျောက်လာတာ ဖြစ်လောက်မယ်။ စီချွမ်ကို ဘယ်လို ရောက်လာလဲတော့ မသိဘူး”
“ဒီကောင်ကိုတော့ မထိခိုက်စေနဲ့”
သူက ထိုသို့ ပြောပြီးနောက် သူဌေးရွှီ၏ မျက်လုံးများက လောဘဖြင့် တောက်လောင်လာသည်။ သူက အသံကိုတိုးကာ ပြောသည်။
“ဒါကိုသာ အောင်အောင်မြင်မြင် ရောင်းနိုင်ခဲ့ရင် ကြေးအမြင့်ကြီးရမှာ”
“ ဒါပေမဲ့ အချိန်ကြလာတဲ့အခါ ငါတို့တွေ တရုတ်မှာနေလို့ မရလောက်တော့ဘူး။ ပြည်ပကို သွားရမယ်။ ဒီတိရစ္ဆာန်က ကလေးအားလုံးပေါင်းပြီး ရတာထက်တောင် တန်ကြေး ရှိသေးတယ်။ ဒီတော့ သူ့ကို ထိခိုက်စေလို့ မရဘူး။ အမွှေးတစ်ပင်တောင် မဆုံးရှုံးစေနဲ့”
“ တကယ်လား”
နောက်ဘက်မှ လူသန်မာကြီးက သူ၏ မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်ရင်း မယုံနိုင်သလို ပြောသည်။
215 03
“ တကယ်ပေါ့။ ငါတို့ရဲ့ အနာဂါတ်ချမ်းသာ ကြွယ်ဝမှုတွေအားလုံးက ဒီတိရစ္ဆာန်လေး အပေါ် မူတည်နေတယ်။ ဒါပေမဲ့ ပိုက်ဆံ ရှာပေးနေတဲ့ ကလေးတွေကိုလည်း နှောင့်နှေးစေလို့ မဖြစ်ဘူးလေ”
“ အခု နောက်ထပ်ပြဿနာတစ်ခုရှိတယ်။ ဒီကောင်….”
သူဌေးရွှီက အသက်ပြင်းပြင်း ရှူပြီး လူသန်မာကြီးကို ဘေးသို့ဆွဲ ဖယ်လျှက် ခပ်တိုးတိုး ပြောသည်။
“ ဒီတိရစ္ဆာန်က အသားစားတယ်။ ဒါပေမဲ့ အခုလက်ရှိ စျေးကွက်မှာ ရနိုင်တဲ့ လန်မင်ကြွက်က တအားနည်းတယ်။ ဝယ်လို့တောင် မရလောက်ဘူး”
“ ဒီလိုဆိုရင်”
“ ငါအခုတလော အောက်ဘက်က လူတွေက ကလေးတွေကို ဖမ်းလာခဲ့တဲ့အပြင် အသက်ကြီးပြီး ပညာမတတ်တဲ့ သက်လတ်ပိုင်း အမျိုးသမီးတွေကိုလည်း ဖမ်းလာတယ်လို့ ကြားတယ်”
“ မဟုတ်ဘူး သူဌေးရွှီ ဒါက တအားရင်းနှီး လွန်းရာ ကြတယ်။ ကိစ္စတွေကို သေချာမကိုင်တွယ် နိုင်ရင် ဒုက္ခရောက်လိမ့်မယ်”
လူသန်မာကြီးက နားမလည်နိုင်ချေ။
သူတို့၏ ဂိုဏ်းက ကလေးသာလိုချင်သည်။ အသက်၇ နှစ်ထက်ပင် မကြီးသော ကလေးများ ဖြစ်ရပေမည်။ အသက် ၄နှစ် နှင့် ၆နှစ် အကြားက အကောင်းဆုံးအရွယ်ဖြစ်သည်။ ထိုကဲ့သော ကလေးများကို အကောင်းဆုံး ထိန်းချုပ်နိုင်သည်။ သို့သော် သူဌေးရွှီက အာဟကို တွေ့ပြီးနောက် လှောင်သလို အသံမျိုးနှင့် ပြောသည်။
“ ငါက ဒီနေရာကို ပိုက်ဆံလုပ်ဖို့ လာတာ”
“ ဟစ်”
လူသန်မာကြီးက သူ၏ အကြည့်နောက်သို့ လိုက်သည့် တစ်စုံတရာကို နားလည်သွားပုံရသည်။ သူက တုန်ယင်သွားသည်။
“ ဒါ သူဌေးရွှီ။ ဒါက ရက်စက်လွန်းရာ မကျဘူးလား။ တိရစ္ဆာန်ကို လူသားကျွေးတာက”
“ မင်းက ကြောက်လို့လား”
သူဌေး ရွှီက သူ့ကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်ပြီး အော်သည်။
“ မင်း မိန်းမ တစ်ယောက်ကို ပွေ့ဖက်ထားတဲ့ချိန်မှာ မကြောက်ဘူး မဟုတ်လား။ ဘာမှ ကြောက်စရာမရှိဘူး။ ငါတို့သာ သူ့ကို အောင်အောင်မြင်မြင် ရောင်းလိုက်နိုင်ရင် ငါတို့တစ်ဘဝလုံး စိုးရိမ်စရာ မလိုတော့ဘူး”
“ ပြီးတာနဲ့ ငါ့ကို ချက်ချင်းအကြောင်းကြား”
သူတို့နှစ်ယောက်လုံးက စကားပြောပြီးသွားနောက် တံခါးကို ခပ်ကြမ်းကြမ်း တွန်းပိတ်ကာ ထွက်သွားသည်။ တစ်ခန်းလုံးက ငြိမ်သက်သွားသည်။
“ ဝူးဝူးဝူး အကိုကြီး ငါကြောက်တယ်”
“ မကြောက်နဲ့ မကြောက်နဲ့။ ညီမလေးကို သူတို့ ဘာမှ မလုပ်စေရဘူးနော်”
“ ငါအိမ်ပြန်ချင်တယ်။ အိမ်ပြန်ချင်တယ်”
ထိုသို့ဖြင့် ခပ်တိုးတိုး ငိုညဥ်းသံများက ထွက်လာသည်။ အာဟက မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်ပြီးပိတ်ထားသော တံခါးကို ကြည့်ကာ မျက်မှောင် ကြုတ်သည်။
ဒီလူနှစ်ယောက်ပြောသွားတာကို သေသေချာချာ နားမလည်ဘူးဆိုပေမဲ့လည်း ဒီနှစ်ယောက်က ကလေးတွေရဲ့ ပုံသဏ္ဍန်အရ သူ ခံစားလို့တော့ ရပါတယ်။ ယခုလာသော လူများက လူကောင်းများ မဟုတ်ချေ။ ခွေး၏ မသိစိတ်က အလွန်တိကျသည်။ ယခုလေးတင် အနီးကပ် သွားသောသူက မကောင်းသော ဆိုးယုတ်သည့် အရှိန်ဝါကို သယ်ဆောင်ထားသည်။
ဒါပေမဲ့…
ဘယ်လို ပြေးရမှာလဲ။ ဘာလို့ မိစ္ဆာဘုရင်ကြီး ဆုက လာမကယ်သေးတာလဲ။
…..
“ Hello! မီးခိုးရောင် နှင့် အဖြူရောင်အမွှေးတွေရောထားတဲ့ ခွေးတစ်ကောင် မြင်မိသေးလား။ ဒီလောက်ထိ ကြီးတယ်”
“ ကျေးဇူးတင်ပါတယ်”
“တစ်ဆိတ်လောက်…မေးမြန်း ချင်လို့ပါ”
“…”
“စိတ်မရှိပါနဲ့။ အချိန်ယူမိသွားတယ်။ ဒီလိုခွေးမျိုး မြင်မိသေးလား”
“….”
215 04
ဆုပိုင်က တစ်နေ့လုံးတစ်ညလုံး ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ကွင်းပြင်၏ ထောင့်နားမကျန် ရှာဖွေခဲ့သည်။ သို့သော် အာဟ၏ သဲလွန်စကို မမြင်ရချေ။
သူဖော်ပြသော သတ္တဝါကို မြင်လိုက်သောသူပင် မရှိချေ။
သူဟာ လုံးခြုံရေး ရုံးတော်သို့ သတင်းပို့ ထားသည်။ သို့သော် ကြည့်ရသည်မှာ ယခုတလော တစ်စုံတရာ ဖြစ်သွားခဲ့ပုံရသည်။
အဖွဲ့သားတိုင်းက စိတ်ဓာတ်ကျနေပုံ ပေါ်သည်။
ဖုန်းကိုပင် ပိတ်ထားသည်။
သူဟာ အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် ရေသန့်ဘူးကို ပြားကပ်သွားအောင် လုပ်လျှက် ဘေးဘက်သို့ လှည့်ထွက်လိုက်ပြီး လုံခြုံရေး ရုံးတော်သို့သာ လျှောက်သွားလိုက်သည်။
အခုတော့ သူ့ရဲ့နောက်ခံကို ထုတ်ပြောရမယ်ထင်တယ်။ အထက်ကို ဆက်သွယ်ဖို့ပဲ ရှိတော့တယ်။
မြောက်များလှစွာသော ရဲအင်အားစုကိုလွှတ်ပြီး အာဟကို ပြန်ရှာရပေမည်။
++++++ 216 01
အခန်း 216
တစ်ရက်က ကုန်လွန်သွားလေပြီ။ ဆုပိုင်ကလည်း တစ်စုံတစ်ရာ ဖြစ်နေမည့်အခြေအနေကို ကြောက်လန့်နေမိသည်။ အာဟက ယုံကြည်၍ မရသော်လည်း မည်သို့ပင်ဆိုစေ အာဟက ကယ်တင်နိုင်ခဲ့သည့် တိရစ္ဆာန်လေး ဖြစ်နေသေးသည်။ ထိုအကောင်ကို အကောင်ရေ များပြားအောင် လုပ်ရမည့် ဝန်ထုပ်ဝန်ပိုးကြီးကိုလည်း သူ၏ပုခုံးပေါ်တွင် ထမ်းထားရ သေးသည်။ ထို့ကြောင့် ထိုအကောင်ကို တစ်စုံတစ်ရာဖြစ်ခွင့် ပြု၍ မရချေ။
“ ဝူးဝူးဝူး ကျေးဇူးပြု၍ တစ်ဒေါ်လာတည်းပါ”
“ ငါအဝတ်စားတွေ မလိုပါဘူး။ တစ်ဒေါ်လာတည်းပါ”
“ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”
သူကမီတာ ၅၀ ပင် မလျှောက်ရသေးခင် မနေ့က တွေ့ခဲ့သည့် ကောင်လေးကို ပြန်တွေ့လိုက်ရသည်။ ဆုပိုင်က မျက်မှောင် ကြုတ်ပြီး အလျင်စလို အပြေးသွားသည်။
သူမှတ်မိတာ မှန်မယ်ဆိုရင် ဒိီကောင်လေးက သူပေးတဲ့ ပိုက်ဆံအများကြီးကို ရခဲ့တာပါ။ ဘာလို့ဆက်ပြီး တောင်းနေသေးတာလဲ။
တမင်တကာ လုပ်တာလား။
သို့ရာတွင် ကလေးငယ်ကို ကိုယ်ပေါ်က နေရာများက ခြေထောက်များသည် အမှန်တကယ် ကျိုးနေခြင်း ဖြစ်သည်။
“ ဒါက မင်းအတွက်”
ဆုပိုင်က ပေါင်မုန့်လေးကို ချပေးလိုက်ပြီး ကောင်ငယ်လေးကို ကြည့်သည်။ ကောင်ငယ်လေး၏ မျက်နှာတွင် မျက်ရည်များနှင့် ဖြစ်နေသည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။
“ နည်းနည်းစားလိုက်ဦး”
“ စားပြီးသွားတဲ့ခါ ပိုက်ဆံပေးမယ်”
ကောင်ငယ်လေးက တခဏခန့် ရပ်တန့်သွားပြီး ဘေးဘက်ကို အလျင်းလိုကြည့်သည်။ သူ၏ အနီးနားတွင် ထိုလူ မရှိကြောင်း မြင်လိုက်သဖြင့် ရှေ့မှ ပေါင်မုန့် ကိုအလျင်မြန်ဖြဲ၍ ပါစပ်ထဲသို့ ထိုးထည့်ကာစားသည်။
ဂလု ဂလု ဂလု။
“ ရေနည်းနည်းသောက်ဦး။ ရေနည်းနည်းသောက်”
ဆုပိုင်က ကောင်ငယ်လေးကို စိုးရိမ်တကြီးကြည့်သည်။ ထိုကောင်ငယ်လေး ဆာနေသည်မှာ ကြာလောက်ချေပြီ။
“ ငါမင်းကို တစ်ခုခုစားဖို့ ခေါ်သွားပေးရမလား”
ခဏခန့်တွေးတောပြီးနောက် ဆုပိုင်ကပြောသည်။
“ မလုပ်ပါနဲ့”
ကောင်ငယ်လေးက ချက်ချင်းဆိုသလို ထအော်လိုက်ပြီး ခေါင်းကိုခါသည်။
“ ကျေးဇူးတင်ပါတယ်။ အလွန်ကျေးဇူးတင်ပါတယ်”
“ ဒါကမင်းအတွက်”
ဆုပိုင်က ပိုက်ဆံ လက်တစ်စုပ် ထုတ်လိုက်ပြန်ပြီး ပေးလိုက်သည်။ ထို့နောက်သက်ပျင်းချလိုက်သည်။
ကောင်ငယ်လေးက ဆုပိုင်ကို မျက်ရည်အပြည့်ဖြင့် ကြည့်သည်။ ထို့နောက် ခပ်တိုးတိုးပြောသည်။
“ ဦး။ ငါမပြောရဲဘူး။ သူတို့ သေတဲ့အထိ ရိုက်သတ်လိမ့်မယ်။ ငါအိမ်ကို အရမ်းလွမ်းတယ်”
“ အိမ်ကို လွမ်းတယ်”
ထိုအခိုက် သူ၏ ဘေးဘက်သို့ လူသန်မာကြီး က လည်းရောက်လာပြီး ကျောကုန်းမှ အသားကို လက်တစ်ဖက်ဖြင့် စွဲညှစ်ကာ ခပ်ကြမ်းကြမ်းအော်သည်။
“ မင်း ပျင်းနေပြန်ပြီ”
“ပြန်သွားတဲ့အခါ သတိထား။ ကန်းအောင် လုပ်လိုက်မယ်”
ဗြုန်း။
ထိုသို့ပြောပြီး သည့်အချိန်တွင် ပျင်းထန်သည့် အားများက သူ့ကိုထိမှန်လာသည်။ သန်မာသောလူကြီး ကိုယ်က လွင့်ထွက်သွားသည်။ ဆုပိုင်က ဒေါသတကြီး အော်လိုက်သည်။
“ ရမ်းကားလိုက်တာ”
“ မင်း ဘာလုပ်တာလဲ”
“ မင်းက ဘာလဲ”
216 02
သန်မာသော လူမကြီးက မြေပြင်မှ ထလာပြီး နှုတ်ခမ်းကို တချက်သပ်လျှက် ပါးစပ်ကိုလှုပ်သည်။ သူ၏ လက်သီးကိုလည်း ဂျွတ်ဂျွတ်မြည်အောင် စုပ်လိုက်ပြီး ခပ်ကြမ်းကြမ်း အော်သည်။
“ မင်းက ဘာကောင်လဲ။ ဘယ်လိုအတွက်ကြောင့် ဒီမှာလာပြီး ပြဿနာရှာနေတာလဲ။ သေချင်နေတာလား”
သူက ထိုသို့ပြောပြီးပြီးချင်း လက်သီးများကို မြှောက်လျှက် အပြေးရောက်လာပြီး ထိုးရန်ကြံစည်သည်။ ဆုပိုင် က ဘေးဘက်သို့ တစ်ချက်စောင်း လျက်ရှောင်လိုက်သည်။ သူ၏ လက်သီးကို လက်တစ်ဖက်တည်းနှင့် ကာပြီး ထိုသူ၏ ဗိုက်ကိုသာ ခပ်ကြမ်းကြမ်း ထိုးလိုက်သည်။
ခွပ်။
ဆုပိုင်၏ လက်ရှိအင်အားမျိုးနှင့်ဆိုလျှင် သူ၏ အင်အားအပြည့် ထိုနှက်ချက်က တစ်ဖက်သူ၏ အရိုးကို ကျိုးစေနိုင်သည်။
ထိုလူက ကြောင်သွားသည်။ ထို့နောက် သွေးတစ်လုံးကို အန်ထုတ်လိုက်ပြီး ဗိုက်ကိုဖိလျက် မြေပြင်ပေါ်တွင် လဲကျသွားလေသည်။
ဆုပိုင်က သူ့ကို တချက်ကြည့်သည်။ ထို့နောက် ကောင်ငယ်လေး၏ ဘေးဘက်သို့ တိတ်တဆိတ်သွားပြီး လေသံကို တိုးကာမေးလိုက်သည်။
“ သူ့ကို သိလား”
“ မင်းရဲ့ မိသားစုဝင်လား”
ထိုအချိန်တွင် ဘေးလက်တွင် လူအုပ်က လည်းရှိနေသည်။ သူတို့ က ကောင်ငယ်လေး ကို မျက်မှောင်ကြုတ်လျှက် ကြည့်နေကြသည်။ ဒါကသာ မိသားစုဝင်ဆိုလျင် သူတို့ပြောရင်ခက်ခဲသည်။
သူတို့က လုံခြုံရေး ရုံးတော်သို့ သတင်းပို့မည်ဆိုလျင်ပင် အပြစ်ပေးခံရလိမ့်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေ…
ကောင်ငယ် လေး၏ ကိုယ်ပေါ်မှ ဒဏ်ရာများက ဖြစ်နေသည်မှာ ကြာလောက်ချေပြီ။ သန်မာသော လူကြီး က ဝန်မခံလျင် မည်သူ့စီမှ သက်သေမရှိချေ။
“ ဟုတ်ပါတယ်”
ကောင်ငယ်လေးက ခေါင်းကို ခါလျက် ညိတ်လိုက်သည်။
ဖာခ့်
“ ဘယ်လို ပုတ်ပွနေတဲ့မိဘမျိုးလဲ။ သူက လူနဲ့တောင် တူသေးရဲ့လား။ ဒီကလေးကိုလည်း ကြည့်ပါဦး။ ဒုက္ခိတတောင် ဖြစ်နေပြီ။ နောက်ပြီး ဒါ သူ့ကလေး မဟုတ်ဘူးလား။ ဘယ်လိုကြောင့်များ ဒီလိုအေးနေတဲ့ ရက်မှာ သူ့ကို လာပြီး တောင်းခိုင်းထားတာလဲ။ ဒါမျိုးတော့ မလုပ်သင့်ဘူး”
“ ဒါပေမဲ့ ကလေးက ဒီလူနဲ့ မတူသလိုပဲ။ ကလေးက ဝန်ခံရမှာ ကြောက်နေတာ ဖြစ်နိုင်တယ်”
“ ဒီလောက် လူတွေ အများကြီးရှိတာ။ သားပြောလိုက်ပါလား။ သူက ဘာမှမလုပ်ရဲပါဘူး”
ဝေ့ရှန်းက လူတိုင်းကို ကြည့်သည်။ ထို့နောက် သန်မာသော လူကြီးကို ကြည့်သည်။ ထိုလူကြီးက မြေပြင်မှပင် မထနိုင်ပေ။ သူက ဆက်ငိုသည်။
“ ဝူးဝူးဝူး ငါ အိမ်ပြန်ချင်တယ်”
“ ငါမားကို လွမ်းတယ်။ ငါအမှန်တရားကိုမပြောရဲဘူး။ သူက ငါ့ကိုရိုက်လိမ့်မယ်။ သူတို့က ငါ့ကို တုတ်တွေနဲ့ ရိုက်မှာ”
“ ငါ အိမ်ပြန်ချင်တယ်။ အိမ် ပြန်ချင်တယ်။ ဝူးဝူးဝူး မား”
သူက မြေပြင်မှ ကုန်းထပြီး ဆုပိုင်၏ လက်မောင်းအတွင်းသို့ ပစ်ဝင်သည်။
ကလေး၏ အော်သံကို နားထောင်ရင်း ဆုပိုင်၏ မျက်နှာက တင်းမာ လာသည်။
အခုတော့ ရှင်းသွားပြီ။
ဒီလူသန်မာကြီးရဲ့ မိသာစုဝင် မဖြစ်နိုင်ဘူး။ ဒီတိုင်း ကလေးတွေကို တောင်းစားဖို့ ထိန်းချုပ်တဲ့ အဖွဲ့အစည်းက ဖြစ်လိမ့်မယ်။
“ သေစမ်း”
ဆုပိုင်က ကောင်ငယ်လေး၏ အဝတ်ကို အသာဖွင့်လိုက်သော အခါ ဒါဏ်ရာများစွာကို မြင်လိုက်ရသည်။ ဒေါသကြီးကြီးပင် မအော်နိုင်တော့ချေ။
ဒူးမှ စတင်ပြီး ပေါင်အထိ နှစ်ဖက်လုံးက ကျိုးနေသည်။ ထို့သို့ မြေပြင်တွင် တရွတ်တိုက်သာ သွားနေရသည်။ ပေါင်၊ ခါးနှင့် ကျောကုန်းတွင်လည်း ညိုမဲစွဲနေသော ဒဏ်ရာများ ရှိနေသေးသည်။
216 03
ဘယ်လို ဒီသားရဲကောင်က ကလေးတစ်ယောက်ကို ဒီလောက်ထိလုပ်ရဲရတာလဲ။
“ ငါသောက်ကျိုးနည်း အနိုင်ကျင့်တဲ့ကောင်ပဲ။ ဒီကောင်က သားရဲပဲ။ လက်စသတ်တော့ သူက ပြန်ပေးစွဲသမား ဖြစ်ရမယ်။ သူက ကလေးကို ဒီလိုအခြေအနေထိ ရောက်အောင် နှိပ်စက်ထားတာ ဖြစ်မယ်။ သူ့ကို သေတဲ့အထိ ရိုက်ကြစမ်း”
ဆုပိုင်၏ ဘေးဘက်တွင် သက်လက်ပိုင်း လူတစ်ယောက်က ရပ်နေသည်။ သူက ကလေးကိုမြင်ပြီးနောက် အလွန်ဒေါသထွက်သွားပြီးအောာ်ဟစ်လေသည်။ ထိုသို့ဖြင့် လူသန်မာကြီး၏ ဘေးဘက်သို့ အပြေးသွားသည်။
“ ဟုတ်တယ်။ ဟုတ်တယ် ။ သူ့ကို အသေရိုက်ကြ။ ဒါက သူ့ကလေးမှ မဟုတ်တာ။ ဒါတောင်မှ ဒီလိုအခြေအနေထိ နှိပ်စက် ထားတယ်။ သူ့ရဲ့ မိသာစုတွေသာ မြင်သွားရင် ဝူးဝူး ဘယ်လောက်တောင် ရင်ကွဲလိုက်ကြမလဲ”
“ အားလုံးပဲ ဒီပြန်ပေးစွဲသမာကို ဒီနေ့ သန်ခန်းစာပေးရမယ်။ သူ့ကို သေတဲ့အထိ ရိုက်သတ်ရမယ်။ အဲဒီနောက် လုံခြုံရေးရုံးတော်ကို သတင်းပို့ရမယ်။ ကလေးက ဒီလာက်ငယ်ငယ်လေးပဲရှိသေးတာ”
“ ကလေးကို အနာဂါတ်မှာ ဒီလို ဘဝမျိုးနဲ့ နေဖို့ ကြိုးစားခိုင်းရင် မင်းရဲ့ခြေထောက်နှစ်ချောင်းလုံးကို ရိုက်ချိုးပစ်မယ်”
ဝိူင်းနေသော လူအုပ်က ဝမ်းနည်းစရာကောင်းသော ကလေး၏ ပုံကိုမြင်လိုက်ပြီးနောက် ရူးသွပ်မတတ်ဖြစ်သွားရသည်။
သူတို့ ကအော်ဟစ်ကြပြီး လူသန်မာ၏ အနားသို့ အပြေးသွားကြသည်။
“ ဘာလုပ်တာလဲ။ မလာနဲ့နော်”
“ အားးး ကယ်ကြပါ ကယ်ကြပါ”
“ငါ့ခြေထောက် ငါ့ခြေထောက်။ မရိုက်ပါနဲ့တော့”
လူသန်မာကြီး က သူ၏ ဝမ်းဗိုက်ကို အုပ်လျက်ထနိုင်ကာစ ဖြစ်သည်။ သို့သော် နီရဲသောမျက်လုံးများနှင့် ပြည့်နှက်သော လူအုပ်ကို မြင်ပြီး ကြောက်လန့်တကြား အော်သည်။
သူ့ကို လူအုပ်က ဝိုင်းသွားသည်။
ထိုအချိန်တွင် ကွင်းပြင်တစ်ခုလုံးတွင်ရှိသော အခြားသော ပြန်ပေးစွဲသမားများက လူအုပ်က ကြီးသည် ထက်ကြီးသည်ကို မြင်လိုက်ရသဖြင့် မြေပြင်မှ တောင်းစားနေသော ကလေးများကို အလျင်အမြန် ကောက်မပြီး ဘေးဘက်သို့ ပြေးကြသည်။
လမ်း၏ အဝေးတစ်နေရာတွင် ကင်းလှည့်ကား တစ်စီးရပ်သွားသည်။
ငယ်ရွယ်သော လုံခြုံရေး အရာရှိတစ်ယောက်က တံခါးကို တွန်းဖွင့်ပြီး ထွက်လာခါစ အချိန်တွင် ဘေးဘက်မှလူကြီးက သူ့ကိုဆွဲပြီး ခေါင်းကို အသာရမ်းပြသည်။
“ ဆရာ။ ဒီတိုင်း ဆိုရင် လူ သေသွားလိမ့်မယ်”
“ သူတို့တွေ သေတဲ့အထိ ရိုက်သတ်သွားရင် ပိုတောင်ကောင်းသေးတယ်”
လူအိုကြီးက အသာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ သူန်မှုန်နေသော မျက်လုံးများနှင့် ကြည့်၍ လေးနက်သော လေသံဖြင့်ပြောသည်။
“ မင်းကတော့ မင်းအမြင်က လွန်လွန်းတယ်လို့ထင်နေမှာပဲ။ ဒီသားရဲကောင်း တွေလုပ်ထားတာကို ထည့်တွက်ကြည့်ရင် မလွန်ပါဘူး။ ဒီနေရာမှာ သေတဲ့အထိရိုက်သတ်ခံရတာ က သူ့အတွက် အကောင်းဆုံး ဂလဲ့စားချေတာပဲ”
“ သူ့အဖွဲ့က လူတွေက အရမ်းကို သိုသိုဝှက်ဝှက် ပုန်းအောင်းနေတာကြောင့်သာ မဟုတ်ရင် ဒီဆရာက ဒီအတိုင်း ဆက်ကြည့်နေမယ်လို့ထင်လား”
“ ဒါရိုက်တာမာ ဘာဖြစ်သွားလဲမသိဘူး။ ဒီသောက်ကျိုးနည်း ပြန်ပေးဆွဲသမားတွေက ငါတို့ဖမ်းမိမှာကိုတောင်မကြောက်ဘူးလေ။ သူတို့က အရိပ်ယောင်မြင်တာနဲ့ တုံ့ဆိုင်းမနေဘဲ ကလေးတွေအားလုံးကို သတ်လိုက်ကြတာ”
“ ငါ ဒီလိုမရင်းရဲဘူး။ ဒီလိုအဖမ်းခံရပြီး ဒုက္ခိတ ဖြစ်တာကတင် ကလေးတွေအတွက် အတော်လေး ဆိုးနေတာ။ ငါတို့ကသာ သူတို့ကို ထပ်ပြီးသေစေလိုက်မယ်ဆိုရင် လုံခြုံရေးအရာရှိတွေက သူတို့ရဲ့ မိဘတွေကို ဘယ်လိုရှင်းပေးရတော့မှာလဲ”
“ ဒါရိုက်တာမာ က နှလုံးသားထဲမှ နှိပ်စက် မှုဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေသွားတာ။ ဒီပြဿနာက ငါတို့လှုပ်ရှားမှု မှားသွားတယ်ဆိုတာကို ဖော်ပြနေတာပဲ။ ဒီအဖွဲ့ က ဒီလောက်ထိ ရက်စက်မယ်လို့ ဘယ်သူက ထင်မှာလဲ”
သူတို့က ထိုသိူ့ပြောနေချိန်တွင် လူအိုကြီးက နီရဲနေသော မျက်လုံးသို သုတ်လိုက်သေးသည်။ ထို့နောက် အသက်ပြင်းပြင်း ရှုပြီး ကင်းလှည့်ကားကို ဆက်မောင်းသွားသည်။
“ တစ်ခါတရံမှာ ဒီလိုလူတွေကို ကိုင်တွယ်တဲ့အခါ ဥပဒေ တွေကိုပဲ ကြည့်နေလို့ မရဘူး။ ဒါတွေကို လူလို့ခေါ် နေလို့ မရဘူးလေ။ ဒါကြောင့် ရက်အနည်းငယ်လောက် ကြာရင်တော့ ငါတို့ အကူညီတောင်းထားတဲ့ လူတွေက လှုပ်ရှားလာမယ်လို့ မျှော်လင့်ရတာပဲ”
216 04
“ ကောင်းပြီ”
ဆုပိုင်က ကလေးငယ်လေးကို ကောက်ချီလိုက်ပြီး လူတိုင်းကို အော်ပြောသည်။ ထိုအချိန်တွင် မြေပြင်မှ သန်မာသော လူကြီးက လူပုံစံပင် မပေါက်တော့ချေ။ သူ၏ ခြေထောက်များက ကျိုးနေလေပြီ။ သူ၏ တစ်ကိုယ်လုံးက သွေးလွှမ်းနေပြီ။ မြေပြင်တွင် တိတ်ဆိတ်နေသည်။ သူသည် သေသလား ရှင်သလားပင် မသိရချေ။
“သူ့ကို ဆွဲပြီး လုံခြုံရေး ရုံးတော်ကို သွားရအောင်။ ငါဒီကလေးကိုတော့ ဆေးရုံကို ပို့လိုက်မယ်”
“ ဒါတွေအပြင်…”
ဆုပိုင်က ဘေးဘက်တွင် ရပ်နေသော လူကိုကြည့်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောသည်။
“ လုံခြုံရေး ရုံးတော်ကို ကျေးဇူးပြုပြီး ပြောပေးပါ။ ဆုပိုင်က အကူအညီ တောင်းတယ်လို့။ သူတို့ကို ဒီတံဆိပ်ပေးလိုက်ပါ”
ထိုသို့ဖြင့် ဆုပိုင်က ယခင်တစ်ခေါက် တရုတ်ပြည်က သူ့ကို ချီးမြှင့်ထားသည့် ဆုကို ထုတ်ပြီးပေးလိုက်သည်။
ထို့နောက် သူက နောက်သို့လှည့်မကြည့်ပဲ အပြေးသွားလေသည်။
“ ဘုရားရေ ဒါက တကယ့်လူကောင်းပဲ”
“ ဘယ်သူအားလဲ။ ဒီ လူရမ်းကားကောင်ကို လုံခြုံရေး ရုံးတော်ကို ခေါ်သွားရမယ်။ ဒါပေမဲ့ သူ့ရဲ့ အဝတ်တွေကို အရင်ချွတ်လိုက်ဦး။ ဒီကောင်က အဝတ်တွေ ဝတ်ထားဖို့တောင် မတန်ဘူး”
လူကြီးက လူတိုင်းကို အော်ပြောသည်။ ထို့နောက် ထိုလူသန်မာကြီး အဝတ်များကို ဆွဲချွတ်လိုက်ကြလျက် လမ်းပေါ်တွင် တရွတ်တိုက်ဆွဲရင်း ခေါ်သွားသည်။ ထိုသို့ဖြင့် လုံခြုံရေး ရုံးတော်သို့ခေါ်သွားကြသည်။
…..