အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
++++++ 217 01
အခန်း 217
တာဝါလု လုံခြုံရေးရုံးတော်
စွန်းရွှမ်က ရုံးတွင်းထိုင်လျက် လက်ထဲမှ ဓာတ်ပုံဘောင်ကို ကြည့်ပြီးနေသည်။ ဓာတ်ပုံထဲတွင် ချောမောသော လူငယ်နှစ်ယောက်ရှိနေသည်။ သူတို့က စစ်ဗိုလ်ချုပ် uniformကို သေသေသပ်သပ် ဝတ်ထားကြပြီး cameraကို ပြုံးလျှက် ကြည့်နေကြသည်။
“ လောင်မာ”
သူဟာ သက်ပြင်း ရှည်ကြီးကို ချလိုက်သည်။ ဓာတ်ပုံထဲမှ လူကိုတချက် ထိကြည့်ရင်း ရေရွတ်လိုက်သည်။
“ ငါတို့ တွေ အသက်၁၈နှစ်အရွယ် ကတည်းက တပ်ထဲကို အတူဝင်ခဲ့တာ။ နောက်ပြီး တာဝန်ပေးခံရတော့လည်း အတူတူပဲ”
“ မင်းရဲ့ ကလေးက သိပ်မကြာခင်တော့မှာ မွေးတော့မှာ။ ဘာလို့ မင်းက…”
“ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ငါက မင်းမသေခင်နောက်ဆုံး ပြောသွားတဲ့ စကားတွေကြောင့် ငါ့အသက်ကို ရင်းရမယ်ဆိုရင်တောင် ပြီးမြောက်အောက်လုပ်သွားမှာပါ”
သူက ထိုသို့ပြောလိုက်ပြီးနောက် မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏ မျက်လုံးကြားမှ မျက်ရည်များက စီးကျလာသည်။
သူသည် ထိုဖြစ်ရပ်ကို မမေ့ပေ။
သူနောက်ဆုံးတစ်မကြိမ် လောင်မာကို မြင်ခဲ့ချိန်က တစ်ဖက်သူဟာ အပြစ်မကင်းစိတ် အပြည့်နှင့် သူ၏ မျက်လုံးထဲကို စိုက်ကြည့်ပြီး သူ၏ လက်ကို တင်းကြပ်စွာ ကိုင်သွားသည်။
အစမှ အဆုံးထိ တာဝန်ရှောင်ရန် မပြောသွားချေ။ ထို့အစား အကျိုးဆက်တိုင်းကို တစ်ယောက်တည်း သည်းခံသွားသည်။
သို့သော်….
စွန်းရွှမ်သည်လည်း လောင်မာ၏ အကြံကို သိသည်။ ထိုအခြေအနေအရ သူ၏ အကြံက မမှားပါချေ။ သို့သော် ထိုအဖွဲ့ဟာ ထိုမျှ ရက်စက်နေမည်ဟု မထင်ထားရုံသာ ဖြစ်သည်။ သူတို့က ဝင်ပြေးသွားသည့် အချိန်တွင် မြေပြင်တွင် ထားထားသည့် ခရီးဆောင်အိတ် ဆယ်လုံးကျော်ကိုသာ မြင်လိုက်ရသည်။
ထိုအချိန်က နာကျင်လွန်းသော ကလေးများ၏ မျက်နှာနှင့် ထောင်လွှားလွန်းသော ပြန်ပေးစွဲသမားများ၏ စကားများကို မမေ့နိုင်ချေ။
“ ဟားဟားဟား ဒါက အစပိုင်း သတိပေးတာပဲရှိနေသေးတယ်။ ငါ့ရဲ့ အသက်လောက် တန်ကြေးမရှိပါဘူး”
“ ဒါပေမဲ့ မင်းတို့တွေရဲ့ အသက်ကသာ တန်ကြေးရှိလာမှာပါ။ ဒီတစ်ကြိမ် မှာ ကလေးဆယ်ယောက်ကျော်တယ်။ နောက်တစ်ကြိမ်မှာ ဆိုရင် ဆယ်ယောက်ကျော်ဖြစ်နေဦးမှာပဲ”
“ မင်းတို့ လက်ခံနိုင်မယ်လို့ မျှော်လင့်ရတာပဲ”
Boom!
“သေစမ်း”
စွမ်းရွှမ်က စားပွဲကို ခပ်ကြမ်းကြမ်း ဆောင့်ရိုက်လိုက်ပြီး ဒေါသတကြီးအော်သည်။
ထိုပြန်ပေးစွဲသမား များက စီချွမ် လုံခြုံရေး ရုံးတော်ကိုပင် ရန်စရဲသေးသည်။ သို့သော် ပို၍ ဝမ်းနည်းစရာကောင်းသည်မှာ သူတို့တွင် ရွေးချယ်စရာ မရှိချေ။
ထိုကလေး ဆယ်ယောက်ကျော်၏ အလောင်းကိုသာ ထပ်ပြီး မြင်တွေ့ရဦးမည်ဆိုလျင်…
ထိုအခြေအနေက သူတို့အတွက်ပင်ဖြစ်စေ မိဘများတွက်ပင် ဖြစ်စေ သည်းမခံ နိုင်စရာပေ။ သူတို့ ၏ မိဘများကလည်း ကလေးများကို ဆက်တိုက် ရှာဖွေနေခဲ့ကြသည်။
“ ဒါရိုက်တာ”
217 02
ရုတ်တရက် ရုံးခန်းတံခါးက တွန်းဖွင့်ခံရသည်။ စွန်းရွှမ်က မျက်လုံးများကို သုတ်လျှက် လှည့်ကြည့်လိုက်သည်။
ထိုအခါ လက်ထောက်က အလျင်စလို ပြေးလာသည်။ သူက တံဆိပ်တခုကို စားပွဲပေါ်သို့တင်လျက် ပြောသည်။ ဒီနေ့ ရထားဘူတာရုံနားက ကွင်းပြင်မှာ လူတစ်အုပ်က ပြန်ပေးဆွဲသမား တစ်ယောက်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်လိုက်တယ်။ ကလေးတစ်ယောက်က ကယ်ဆယ် ခံလိုက်ရတယ်။ ဒါပေမဲ့ မထွက်သွားခင်မှာ လူတစ်ယောက်က ဒီတံဆိပ်ကို ပေးသွားတယ်တဲ့”
“ နောက်ပြီး သူကပြောသွားတယ်။ ကောင်းကင်ပြာ တရိစ္ဆန်ရုံ ဒါရိုက်တာ ဆုပိုင် တဲ့”
“ ဒါရိုက်တာ ဆုပိုင်က လုံခြုံးရေး ရုံးတော်ကို အကူညီတောင်းတယ်လို့ ပြောတယ်”
“ ဘာ”
စွန်းရွှမ်က ချက်ချင်းဆိုသလို ကောက်ရပ်လိုက်သည်။ သူက စားပွဲပေါ်မှာ တံဆိပ်ကို ကောက်ယူလိုက်ပြီး စစ်ကြည့်သည်။ ထို့နောက် ချက်ချင်း ဆိုသလို အော်သည်။
“ လူက ဘယ်မှာလဲ”
“ တံဆိပ်ကတော့ မှန်တယ်။ ဒါက တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး တံဆိပ်ပဲ။ မမှားဘူး”
“ ဒါရိုက်တာ ဆုပိုင်က စီချွမ် ရုံးတော်ကို တစ်ယောက်တည်း လာမယ်လို့ မထင်ထားဘူး။ ငါတို့တွေ လှုပ်ရှားနိုင်တော့မှာပဲ”
“ အခုလောလော ဆယ်တော့ သူက ဆေးရုံမှာ။ ကလေးရဲ့ ဒဏ်ရာတွေကို စစ်ဆေးပေးနေတာ။ ဒါပေမဲ့…”
လက်ထောက် က တုံ့ဆိုင်းသွားပြီး လေးနက်သော လေသံ နှင့်ပြောသည်။
“ ငါတို့တွေ ဒီနေ့ ဒီပြန်ပေးဆွဲသမားနောက်ကိုပဲ တောက်လျှောက်လိုက်နေတာ။ သူက ဒီအတိုင်း အောက်ဆုံးအဆင့်က ကောင်လေးပဲ။ ဒါပေမဲ့ သူ့ကို ဒီလို ခေါ်လာတော့ အခြားပြန်ပေးဆွဲသမားတွေက အလျှင်စလို ထွက်ပြေးသွားကြတယ်”
“ တကယ်လို့…”
“ ထပ်ပြီး အချိန်ဆွဲလို့ မရဘူး။ အခုပဲ ဆေးရုံကို အမြန်ဆုံးသွားပြီး ချက်ချင်း အင်အားကို သုံးလို့ ဘူတာရုံတစ်ခုလုံးရဲ့ စောင့်ကြည့် ကင်မရာတွေကို ကြည့်ရမယ်။ မမြင်ကွယ်ရာ မရှိတာမျိုးကိုလိုချင်တယ်”
စွန်းရွှမ်က ဘေးဘက်ရှိတန်းပေါ်မှ အဝတ်များကို ခပ်မြန်မြန် ကောက်ယူလိုက်ပြီး ဝတ်ဆင်လိုက်သည်။ ထို့နောက် အေးဆက်သော လေသံဖြင့် အမိန့်ပေးသည်။
“ သူတို့ကသာ ဒီတစ်ကြိမ်မှာ ကလေးတွေကို သူတို့နဲ့အတူ ခေါ်သွား ချင်နေသေးရင်တော့ ငါတို့ရဲ့ သတင်းကို စောင့်ရလိမ့်မယ်”
“ဒီတစ်ကြိမ်မှာ ဘယ်လိုနည်းနဲ့ မဆို ဒီအဖွဲ့ကိုနောက်ထပ် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မျိုး လုပ်ခွင့်မပြုနိုင်ဘူး”
“ ဆေးရုံကို သွား”
…..
“ သူဌေးရွှီ။ ကောင်လေး တစ်ယောက်ကို လူအုပ်က ရိုက်နှက်ပြီး လုံခြုံရေးရုံးတော်ကို ခေါ်သွားတယ်”
“ ငါတို့တွေ အာရုံ ရှောင်ဖို့လိုလား”
“ ကျွတ်ကျွတ်ကျွတ်”
သူဌေးရွှီက ခေါင်းကို နှိမ့်လိုက်ရင်း ရေနွေးခြမ်း တစ်ငုံသောက်သည်။ ထို့နောက် စားပွဲကို တစ်ချက်ခေါက်ရင်း အေးစက်သော လေသံနှင့် ပြောသည်။
“ မစိုးရိမ်ပါနဲ့”
“ လူနည်းနည်း ပိုလွှတ်ပြီး စမ်းကြည့်ခိုင်းလိုက်။ ဒါပေမဲ့ ကလေးတွေနဲ့တော့ ဝေးဝေးနေခိုင်းဦး”
“ ရထား ဘူတာရုံနားက မျက်နှာသစ်တွေ အများကြီးပဲ။ ဒီတော့ ဆက်ပြီး စမ်းကြည့်လို့ရတယ်”
“ လုံခြုံရေး ရုံးတော်က တကယ်ပဲ လှုပ်ရှားမှာလားဆိုတာကို သူတို့က စောင့်ကြည့်ရမယ်။ သူတို့က ကလေးတွေကို ကယ်ချင်ရင် ပေးလိုက်။ ငါတို့ လူတွေကိုတော့ ဆုတ်ခိုင်း”
လက်အောက်ငယ်သားက သူ့ကို ဝိုင်တစ်ခွက် ထပ်ထည့်ပေးကြောင်း မြင်သောအခါ လူဌေးရွှီက နောက်ထပ် တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သက်တောင့်သက်သာရှိသလို အကြောဆန့်ပြီး ပြောလိုက်သည်။
“ မင်းတို့တွေ နှစ်ရက်လောက်ထိတော့ တောင့်ခံထားပေး။ ငါ့ရဲ့ သတင်းကို စောင့်နေကြ”
“ ငါ နယ်စပ်ကို သွားပြီး ခွေးနဲ့ ပတ်သက်တဲ့ ကိစ္စကို လုပ်လိုက်ဦးမယ်။ ငါ့ဆီက သတင်းကောင်းကို စောင့်နေကြ”
217 03
“ အရောင်းဝယ်ကိစ္စကသာ အောင်မြင်သွားရင် နောက်ထပ် ကလေးတွေနဲ့ မိန်းမအသစ်တွေကို မလိုတော့ဘူး”
သူက ထိုသို့ပြောပြီးနောက် သူဌေးရွှီက လက်ကို အသာမြှောက်သည်။
“ အချိန်ကြလာတဲ့အခါ ငါလုံခြုံရေး ရုံးတော်ကိုလည်း လက်ဆောင်ကြီး ပေးရမယ်။ အထူးသဖြင့် ပက်ထရိုလီယမ် မဟာမိတ်ကိုပေါ့။ ငါတို့မှာ ပိုက်ဆံရှိတယ်။ တရုတ်က အဲ့ဒီနေရာက ငါတို့ကို ဖမ်းပိုင်ခွင့် မရှိဘူး”
“ ဒါပေမဲ့ ဒီမှာ ခွေးရှိနေတယ်။ သူ့ကို အမြန်ဆုံး ရောင်းရမယ်။ သူက ဘာမှမစားရင်လည်း စိုးရိမ်မနေနဲ့။ အနည်းဆုံးတော့ ငတ်မသေနိုင်သေးပါဘူး”
“ နောက်ပြီး မနေ့က အဲဒီမောင်နှမကို ကိုင်တွယ်ပြီးပြီလား”
“ ကျွန်တော် ဒီညကိုင်တွယ်မလို့ပါပဲ”
သူဌေးရွှီက လက်ကို ရမ်းရင်း ပြောသည်။
“ ကိုင်တွယ်ဖို့ မလိုတော့ဘူး။ လမ်းမှာပဲ ဆက်ပြီး ကိုင်တွယ်သွားလို့ ရတယ်”
“ ကောင်းပြီ။ သွားေတာ့”
ထိုသို့ပြောပြီး နောက် လက်အောက်ငယ်သားများက ထွက်သွားသည်။
သူဌေးရွှီက ဝိုင်ကို ထပ်သောက်ရင်း လှောင်ပြောပြောသည်။
“ ဟားဟား သန်း၅၀၀။ မထင်ထားပဲ ဒါက ဒီလောက်ထိ တန်ကြေး ရှိနေတာပဲ။ ပစ္စည်းကောင်းပဲ။ နည်းနည်းလောက်ပိုရရင် ပိုကောင်းမယ်”
“ ဟွန့် မနက်ဖြန် သဘောတူညီမှု ပြီးသွားတဲ့အခါ ငါ ပက်ထရိုလီယမ် မဟာမိတ်ကို သွားမယ်။ မင်းကို အဲ့ဒီမှာ ထားပြီး စီးပွားရေး လုပ်ခိုင်းမယ်။ မင်းနဲ့အတူ ပိုက်ဆံအများကြီး လုပ်ဖို့ကတော့ ပြဿနာ မရှိနိုင်ဘူး”
“ဝုတ်”
သူ၏ နောက်ဘက် အခန်းထဲမှ သားရဲကောင် တစ်ကောင်၏ ဟောင်သံက ထွက်လာသည်။ သူဌေးရွှီက ပြုံးလိုက်သည်။
“ ဟီးဟီးဟီး”
အာဟက တံခါးပေါ် တင်ထားသည့် လူသား၏ လက်ကို ကြည့်ပြီး ဆက်တိုက်ဟောင်နေသည်။
သူ မမျော်လင့်ထားဘူး။
ဒီလူတွေက တကယ်ကို လုပ်ချင်နေကြတာပဲ။
ဘယ်ဖြစ်နိုင်ပါ့မလဲ။
နောက်ပြီး အဲ့ဒီမှာ မောင်နှမနှစ်ယောက်ဘာဖြစ်သွားသေးလဲမသိဘူး။
နှစ်ရက်က ကုန်လွန်သွားပြီ ဖြစ်သည်။ ထို့အပြင် မိစ္ဆာဘုရင်ကြီးဆုက မလာသေးချေ။
ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဒုက္ခရောက်တော့မယ်။
သို့ရာတွင် ထိုလူများက ထိန့်လန့် နေပုံရပြီး ထိခိုက်အောင် မလုပ်သေးချေ။ အာဟက သူ၏ စွမ်းရည်ကို သုံးပြီး ပစ္စည်းပေါင်းများစွာကို ဖျက်စီးခဲ့သည့်တိုင် ထိုသူများက ပြုံးရုံသာပြုံးပြီး ဒေါသမထွက်ချေ။ ထို့ကြောင့် အာဟ၏ ခံစားချက်က ဆိုးသည်ထက် ဆိုးလာသည်။
“ ဝုတ်”
ထိုအချိန်တွင်
တံခါးက ပွင့်သွားပြီး သန်မာသော လူအချို့က ဝင်လာသည်။ ထို့နောက် သူ၏ ပါးစပ်ကို အနံ့ဆိုးသော လက်ကိုင်ပုဝါ ဖြင့်အုပ်လာ၏။ အာဟက ဟောင်ရင်း ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။
******
218 01
အပိုင်း 218
“သေချာပြင်ဆင်ထား။ ဒီစီမံကိန်းက နယ်စပ်မှာ လုပ်မှာဆိုတော့ သတိထားမှ ဖြစ်လိမ့်မယ်။”
တက်သည် သူ၏ စက်သေနတ်ကို ကားပေါ်တွင် ခြေချိတ် ထိုင်နေလျက်သား ဖြစ်သည့် ခြေထောက်များပေါ် တင်ထားလိုက်ရင်း အဝေးတစ်နေရာတွင် ပုန်းကွယ်နေသည့် Helicopter ကို လှမ်းကြည့်လိုက် ကာ အေးဆက်သော လေသံဖြင့် ပြောသည်။
“ အရှင်မြို့စားက ဒီတစ်ကြိမ် ဒီနယ်စပ်ကို ဝယ်ဖို့ ပိုက်ဆံ အများကြီး သုံးထားရတာဆိုတော့ ငါတို့ အောင်မြင်ရမယ်။ ကျဆုံးလို့ မရဘူး”
“ ဟုတ်ကဲ့”
အဝေးတွင် ရုပ်ဖျက်ထားသော uniform များကို ဝတ်ဆင်ထားသည့် ကြေးစား စစ်သားတစ်ဖွဲ့က တည်ငြိမ်စွာ ခေါင်းညိတ်ကြသည်။
ဒီနေ့အချိန်ထိ ကန္တာရအတွင်းတွင် ပေါ်ထွက်လာခဲ့သည့် တရုတ်လူမျိုးများ၏ ရဲရင့်သော ပုံရိပ်များဟာ လူတိုင်း၏ စိတ်တွင်း လတ်ဆတ်နေသေးသည်။ ထို့အပြင် ကြောက်စရာကောင်းသော သတ္တဝါ တစ်ကောင်ရှိနေသေးသည်။
သို့သော်။
ဒီတစ်ကြိမ်တွင် ကိုလိုစီယမ် ခေါင်းဆောင် အသစ်၏ ကမ်းလှမ်းသော တန်ကြေးက ငြင်းဆန်ရန် ခက်လောက်အောင် များပြားလွန်းသည်။
သူတို့က ဒီတစ်မကြိမ် ဒီတရိစ္ဆန်ကောင်ကို အောင်မြင်စွာ ခေါ်သွားပြီး လျှင် သူတို့ ရရှိမည့် ကြွယ်ဝမှုက သူတို့ တစ်ဘဝလုံး အေးအေးဆေးဆေး နေရန် လုံလောက်ပြီဟု ပြောလျင်ပင် ချဲ့ကားရာ မရောက်ချေ။
“ ခေါင်းဆောင်တက်။ ဒီကောင် ငါတို့ကို လှည့်စားမယ်လို့ ထင်လား”
“ ဒါက သန်း ၅၀၀ အပြည့်ပေးမှာဆိုတော့ အရှင်မြို့စားက တကယ်ပေးပါ့မလား”
လက်ထောက်ခေါင်းဆောင်က အရှေ့ဘက်ရှိ တောအုပ်ကို စစ်ဆေးနေရင်း ပါးစပ်မှ တံတွေးကျ မတတ်ဖြစ်သွားသည်။ သူသည် လေသံကို တိုးကာမေးလိုက်သည်။
“ အဲ့ဒီ အရာက တန်ကြေး ကြီးလွန်းတယ်။ ငါတို့တွေ ပိုင်ဆိုင်မှု သန်း၅၀၀ ရပြီဆိုတာနဲ့ တစ်ဘဝလုံးကြေးစားစစ်သား လုပ်ဖို့တောင် မလိုတော့ဘူး”
“ ဟုတ်တယ်”
တက်က ထပြီး ခေါင်းကို အသာခါသည်။ ဒါပေမဲ့ ဒီလူက ဒီလိုအရာမျိုးကို နောက်မယ်လို့တော့ မထင်ဘူး။ အားလုံးလည်း တရုတ်နိုင်ငံရဲ့ ဒီတိရစ္ဆာန်တွေကို ဘယ်လို ဆက်ဆံသလဲဆိုတာကို အရင်တစ်ခေါက်ကတည်းက မျက်မြင်တွေ့ ကြုံခဲ့ပြီးသားလို့ ငါ ယုံကြည်တယ်။ မော်ဂန်တောင်မှ တိရစ္ဆာန်တစ်ကောင်ကို ထိခိုက်နာကျင်အောင် လုပ်မိတာအတွက်ကြောင့်နဲ့ တရုတ်ပြည်က ကွပ်မျက်တာကို ခံခဲ့ရတာ။ တရုတ်နိုင်ငံရဲ့ ဒီလို သတ္တဝါတွေအပေါ် ကာကွယ်မှုက ငါတို့ သိထားသလောက်ဆိုရင်တောင် တော်တော်လေး ပြင်းထန် လွန်းနေပြီ”
“ ဒါကြောင့် မင်းတို့ သတိမထားမိရင် မော်ဂန်လို သေရမှာပဲ”
“ ငါကတော့ ငါရှာနိုင်တဲ့ ပိုက်ဆံကို ရပြီဆိုတာနဲ့ကျေနပ်တယ်။ ဘာပဲ ဖြစ်ဖြစ် ဟီးဟီး”
တက်က အသာပြုံးလိုက်ပြီး အေးစက်စွာ ဆက်ပြောသည််။
“ ပိုက်ဆံ ကြွယ်ဝသူတွေအားလုံးက ဆိုးယုတ်တယ်။ သူတို့က ငါတို့ထက်တောင် လူပိုသတ်နိုင်ကြသေးတယ်။ ဒါကြောင့် ဒီလူက ပက်ထရိုလီယမ် မဟာမိတ်ဆီ ရောက်သွားတာနဲ့ သူပိုက်ဆံ အမှန်တကယ် ရမလားဆိုတာကို ဘယ်သူက သိမှာလဲ”
“ နောက်ပြီး… အိုး လာနေပြီ”
ထိုအချိန်တွင် အဝေးတစ်နေရာရှိ တောအုပ်အတွင်း ပုံရိပ်အချို့ကို တွေ့လိုက်ရသည်။ တက် က ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး လက်ကိုရမ်းရင်း လှမ်းအော်လိုက်သည်။
“ အားလုံးပဲ လဲလှယ်ဖို့ ပြင်ဆင်ထားကြ”
218 02
“ Helicopterကို အချိန်မှီထွက်ခွာဖို့ အသင့်ပြင်ထား။ လဲလှယ်ဖို့ ပစ္စည်းရပြီဆိုတာနဲ့ ချက်ချင်း စပြီးထွက်ခွာမယ်”
သူက ထိုသို့ပြောပြီးပြီးချင်း သစ်တောထဲမှ ထွက်လာသည့် လူအုပ်များကို ကြည့်လိုက်သည်။
Boom!
ခေါင်းဆောင် ရွှီး က သူ၏ လက်ကို တစ်ချက် ရမ်းလိုက်သောအခါ အနောက်ဘက်တွင် ရပ်နေသော သန်သန်မာမာနှင့် လူကြီးတစ်ယောက်က သူ၏ ကျောပေါ်တွင်ထမ်းတင်လာသည့် အဝတ်အိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထို့နောက် အဝက အနည်းငယ်ပွင့်သွားပြီးနောက် အာဟ၏ ခေါင်းကပေါ်လာသည်။
“ မင်းတို့တွေ စစ်ကြည့်လို့ရတယ်။ ပြဿနာ မရှိဘူးဆိုရင်တော့ အခုပဲ လဲလှယ်လို့ရပြီ”
ခေါင်းဆောင်ရွှီ က လေးနက်သော လေသံဖြင့်ပြောသည်။
“ ခေါင်းဆောင် အဆင်ပြေတယ်။ သူရဲ့ နှလုံး ခုန်နေတုန်းပဲ။ တိရစ္ဆာန် အစစ်ပဲ”
သူ့လူများ၏ တင်ပြချက်ကို နားထောင် ပြီးနောက်တွင် တက်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ။ ငါက အခုပဲ သတင်းပို့လိုက်မယ်။ မင်းရဲ့ အသစ်ဆက်ဆက် ဖွင့်ထားတဲ့ နိုင်ငံတကာအကောင့်ကို အချိန်နဲ့တပြေးညီ စစ်ကြည့်ဖို့ သတိထားပါဦး”
ထိုသို့ပြောပြီးချိန်တွင် သူသည် နောက်သို့ တစ်ဖက်လှည့်လိုက်ကာ ဌာနချုပ်၏ ဖုန်းကို ခေါ်သည်။
“ တင်”
သိပ်မကြာခင် ခေါင်းဆောင်၏ cellphoneက အသံမြည်လာသည်။ သူဟာ အသက်ရှု တစ်ချက်အောင့်လျက် စိတ်လှုပ်ရှားစွာနှင့် ငုံ့ကြည့်ရင်း မရေမတွက်နိုင်သော ‘ဝ’ များကို ရေသည်။ သူကိုယ်တိုင်ပင် ရယ်လိုက်မိသည်။
“ ခေါင်းဆောင်ရွှီ။ တကယ် အလုပ်ဖြစ်တာပဲ။ သောက်ကျိုးနည်း ‘ ဝ’ တွေ အများကြီးပဲ။”
“ ဟားဟားဟား ။ ငါတို့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေကတော့ ရောက်လာပြီ။ ငါကြားထားတဲ့အတိုင်း ဆိုရင် နိုင်ငံခြားက မြင်းတွေက တအားကောင်းတယ်တဲ့။ ငါ ပြည်ပကို ရောက်တဲ့အခါ ရှစ်ယောက် ဆယ်ယောက်လောက်တော့ သွားရှာဦးမယ်။ အရမ်းလန်းမှာပဲ”
“ ဟား။ ငါတို့ မြန်မြန်ပြန်ပြီး အကူအညီ ခေါ်သင့်လား။ ဒီည ဒီကလေးတွေကို ကိုင်တွယ်ရမယ်”
ထိုစကားများကို ကြားသော အခါခေါင်းဆောင် ရွှီက ဖုန်းကို အိတ်ကပ်တွင်းသို့ တည်ငြိမ်စွာ ပြန်ထည့်လိုက်သည်။
ဒိုင်း။
ဒိုင်း။
ဒိုင်း။
သေနတ်သံ သုံးချက်ထွက်လာပြိီးနောက်တွင် သူ၏ နောက်ဘက်မှ တစ်ချိန်လုံးလိုက်လာသည့် လူသန်မာ သုံးယောက်က မျက်လုံးအပြူးသားနှင့် မြေပြင်ပေါ်သို့ မင်သက်စွာလဲ ကြသွားသည်။
“ သွားရအောင် လူကြီးမင်းရွှီ”
တက်သည် သူ၏ လူများအား မြေပြင်ပေါ်တွင်ရှိသည့် အဝတ်အိတ်ကို ကောက်ယူခိုင်းပြီး ခေါင်းတစ်ချက် ညိတ်လျှက် ခေါင်းဆောင်ရွှီကို တချက်ပြုံးပြသည်။ ထို့နောက် လက်ဆန့်တန်းရင်း ပြောသည်။
“ အရှင်မြို့စားက ခင်များအတွက်ပါ Helicopter ပါ ပြင်ဆင်ထားပေးတယ်။ ဒီတော့ ခင်များ အခုပဲ တရုတ်က ထွက်သွားနိုင်တယ်။”
“ဘာပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်တွေကို ကာကွယ်တဲ့ policyကို ခင်များ အရမ်းရှင်းလင်း နားလည်နေမှာပဲ”
“ ကောင်းပြီ သွားရအောင်”
ခေါင်းတောင်ရွှီက လက်ခုပ် တစ်ချက်တီးလျက် သူ၏ pistolကို အိတ်ကပ်ထဲသို့ပြန်ထည့်သည်။ ထို့နောင် Helicopter ထံသို့ လျှောက်သွားသည်။
သူသည် မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို ပြန်ကြည့်လိုက်ပြီး မျက်လုံးများက အသာမှေးကျဥ်း သွားသည်။
သူက သူရဲ့ သန်း ၅၀၀ ကို ဘာလို့ ဒီလူတွေနဲ့ ဝေမျှ ရမှာလဲ။
218 03
ဒါ့အပြင်... နောက်ပြီး သူက ကလေးတွေကို လူကုန်ကူးဖို့လည်း မလိုတော့ဘူးလေ။ ဒါကို ဒီလူတွေကို ဘယ်နေရာမှာ သွားသုံးရမှာလဲ။
ငါ ကြာထားတဲ့အတိုင်းဆိုရင် စီမဟာမိတ်မှာ ပိုက်ဆံရှိတာနဲ့ မရေမတွက်နိုင်တဲ့ သက်တော်စောင့်တွေကို ရနိုင်တယ်။ အဲ့ဒီနောက်... လက်အောက်ငယ်သား မရှိမှာကို စိုးရိမ်စရာ လိုဦးမှာတဲ့လား။
Helicopter ထဲတွင် ထိုင်နေရင်း ဝေးသည်ထက်ဝေးလာသည့် မြေပြင်ကို ကြည့်နေသည့် ခေါင်းဆောင်ရွှီဟာ လက်ကို ဆန့်ထုတ်လျက် ခါးအနားရှိ ပုံးကို ကိုင်လိုက်သည်။ ထို့နောက် သူ၏ နှူတ်ခမ်းတောင့်စွမ်းများက အသာကော့တက်သွားသည်။
သူဒီလဲလှယ်မှုကို မည်သို့ ကိုင်တွယ်ကြောင်း သိပြီးကြောင်း ဖြစ်သည်။ တစ်ဖက်သူသည် အလွန်မင်း အင်အားကြီးမားသော အရင်းရှင် တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် သူသည် ရစ်ငှက်တစ်ကောင်သာသာ ပြောလျင်ပင် ချဲ့ကားရာမရောက်ချေ။ ထိုပိုက်ဆံကို အမှန်တကယ် ရမရ မသေချာသေးပေ။
သို့သော်….
တစ်ဘဝလုံး လူကုန်ကူးသည့် အလုပ်ကို လုပ့်ခဲ့သော ခေါင်းဆောင်ရွှီ အနေဖြင့် အားနည်းသော ရစ်ငှက် ခန္ဓာကိုယ်ကိုသာ မှီခိုခဲ့ရခြင်း ဖြစ်သည်။
ဆိုရိုးစကားတစ်ခုပင် ရှိသေး၏။ ခြေဗလာနှင့် လာသောသူက ဖိနပ်မဝတ်ရမည့် အခြေအနေကို မကြောက်ပေ။
ထိုလူများသည် သူ့ကိုသာ ကိုင်တွယ်ရဲသည်။ ထို့နောက် သူသည်လည်း… အဆိုးဆုံးမှ အဆိုးဆုံး ဖြစ်လာလျင် သူရဲ့အနောက်မှ တိရိစ္ဆာန်ကို သူနှင့်အတူ ကောင်းကင်မှ ခေါ်ချသွားရုံသာ ရှိပေမည်။ သို့ရာတွင် ခေါင်းဆောင်ရွှီသည် တဖက်ခြမ်းမှ သူဌေးက ထိုသို့မလုပ်ရဲဟု လောင်းရဲသည်။
လဲလှယ်မှုကို အောင်မြင်စေရန်အလို့ငှာ သူတို့သည် အခြားတိုင်းပြည်မှ နယ်စပ်အစောင့်ခေါင်းဆောင်ကိုပင် အမြောက်အများ လာဘ်ထိုး ထားရသည်။ ထိုတိရစ္ဆာန်သည် ထိုလူများအတွက် ပြိုင်ဘက်ကင်းသည့် စွဲဆောင်မှုရှိနေပေလိမ့်မည်။
ဒါကြောင့် မလိုအပ်သမျှ လက်လွှတ်မှာတော့ မဟုတ်ဘူး။
အရာအားလုံးကို နားလည်ပြီးချိန်တွင် ခေါင်းဆောင်ရွီးက Helicopter ၏ ကုလားထိုင်အနောက်ဘက်သို့ မှီလျက်အသာ ငိုက်မြည်နေလိုက်သည်။
အရှေ့တွင် တချိန်လုံး ထိုင်နေသည့် တက်က နောက်မှန်မှ တဆင့် နောက်ဘက်သို့ တစ်ဆင့် ကြည့်လိုက်ပြီး နှုတ်ခမ်းများက ကော့တက်သွားသည်။ သို့သော် တိတ်ဆိတ်နေလိုက်၏။
…..
++++++ 219 01
အခန်း 219
“ ကော သူတို့က သူတို့က ဘာလုပ်ကြမှာလဲ”
ရှောင်ရီသည် မှေးမှိန်သော အိပ်လေးထဲတွင် ထိုင်ရင်း သူ၏ အရှေ့မှ သန်မာသောလူမျာက ခရီးဆောင် အိတ်အလွှတ် တစ်ခုပြီးတစ်ခု သယ်လာသော မြင်ကွင်းကို ကြည့်နေသည်။ သူမက ရှောင်းရှောင်ဝေ့ကို အသာမှီရင် တုန်ယင်သော လေသံဖြင့် အသာ ပြောသည်။
“သူတို့တွေ...”
“ငါ အိမ် ပြန်ချင်တယ်ကော ငါတို့ ဘယ်တော့ အိမ်ပြန်ရမှာလဲ”
“ရှောင်ရိက တအားကြောက်နေပြီ။ မား မားကလည်း ငါတို့ကို လာမခေခါ်သေးဘူး။ မား တအားစိုးရိမ်နေတော့မှာ”
“မကြောက်နဲ့”
ရှောင်ဝေ့က ညီမဖြစ်သူကို လက်မောင်းအတွင်း ထွေးပွေ့ကာ ဖက်ရင်း ခပ်တိုးတိုး ပြောသည်။
“ငါတို့ သေချာပေါက် အိမ်ပြန်နိုင်မှာ။ ဘယ်လိုနည်းနဲ့မဆို ဒီကောက ရှောင်ရိလေးကို နာကျင်ခွင့်မပြုဘူး”
ထိုသို့ ပြောပြီးချိန်တွင် ရှောင်ဝေ့သည် အံကို ကျိတ်လိုက်သည်။
သူသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဒုက္ခိတ ကလေးများကို တစ်ချက် ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများက ထိုင်းမှိုင်းနေကြပြီး မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်လောက်ချေ။ ထို့အပြင် ထိုသန်မာသော လူများက ခရီးဆောင်အိမ်များကို မည်သည့်အတွက်ကြောင့် ဆွဲသွင်းလာကြောင်း မသိလောက်ချေ။
သို့သော်...
သူသည် တံခါးဝတွင် ပြောနေသော ထိုလူများ၏ စကားပြောသံကို ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။ ထိုလူများက အမှန်တကယ်ပင်....
ငါ့ရဲ့ညီမအတွက်ကြောင့်နဲ့ ငါ ဒီလူတွေကို အောင်မြင်ခွင့် ပြုလို့မရဘူး။
“ရှောင်ရိ ကော ပြောတာနားထောင်”
“ကောက ရှောင်ရိကို ပြေးဖို့ ပြောရင် ရှောင်ရိက နောက်ကိုလှည့်မကြည့်ပဲ ပြေးရမယ်။ ကြားလား”
သူဟာ စကားလုံးတစ်ချို့ကို ခပ်တိုးတိုး ပြောသည်။ အသက်၇နှစ်သာ ရှိသေးသော ရှောင်ဝေ့သည် နံရံထောင့်နားတွင် ကပ်လျှက် တစ်ဖြည်းဖြည်းချင်းစီ လျှောက်သွားပြိးနောက် တစ်လှမ်းချင်းစီ လျှောက်ရသည်။
ကလေးများ အားလုံးကို သူ့ကိုကြည့်နေကြပြီး ထိုလူမည့်သို့ ဆက်လုပ်ချင်ကြောင်း နားမလည်ကြပေ။သူသည် တစ်လှမ်းချင်းစီနှက့် တံခါးဖက်သို့ သွားသည်။ ရှောင်ဝေ့သည့် အသက်ပြင်းပြင်း ရှူလိုက်ပြီး ညီမ ဖြစ်သူကို တစ်ချက်ပြုံးပြလိုက်သည်။ ထို့နောက် မျက်ရည်များကို အသာသုတ်လိုက်၏။
သူသည် နောက်သို့ တစ်ဖန် ပြန်လှည့်လိုက်သည်။
တံခါး၏ အဟနား နေရာမှ တစ်ဆင့် သန်မာသော လူကြီးတစ်ယောက်က ခရီးဆောင်အိတ်အလွှတ်ကိုဆွဲရင်း တစ်လှမ်းချင်းစီ လျှောက်ဝင်လာကြောင်း မြင်နေရသည်။
ဘုန်း
သူသည် တံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်လိုက်သောအခါ သန်မာသောလူကြီး၏ နှဖူးကို ရိုက်မိသွားသည်။
“ညီမလေး ပြေးတော့”
“ပြေး”
“မင်းတို့အားလုံး ပြေးတော့”
ကျယ်လောင်သော အော်နဲ့အတူ ရှောင်ဝေ့သည် ရုတ်တရက် တံခါးကို စောင့်ဖွင့် လိုက်ပြန်ပြီး သန်မာသေးလူကြီး၏ ခေါင်းပေါ် တိုက်ရိုက် ခုန်တက်လိုက်ကာ သူ၏သေးငယ်သော လက်သီးများဖြင့် ခပ်ကြမ်းကြမ်း ထိုးသည်။
“အစ်ကိုကြီး”
ရှောင်ရိသည်လည်း စွံ့အစွာရပ်ရင်း ခက်ထန်သောမျက်နှာနှင့် ရှိနေသည့် အစ်ကိုကြီးကို လှမ်းကြည့်လိုက်သည်။ သူမသည် ဆက်ငိုသည်။
“သွားတော့”
ရှေ့မှ သန်မာသော လူကြီးက ခေါင်းကို အသာလှုပ်ခါရင်း ထရပ်ရန် ကြံစည် လာကြောင်း မြင်လိုက်ချိန်တွင် ရှောင်ဝေ့သည် ညီမဖြစ်သူကို လှမ်းအော်လျှက် သူ၏လက်ညိုးကို တုန်ယင်စွာဖြင့် ဆန့်လိုက်သည်။
“အား”သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အရှေ့မှ သန်မာသော လူကြီး၏ မျက်လုံးအတွင်းသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။
ထို့နောက် သွေးများက ပန်းထွက်လာသည်။
ရှောင်ရိသည် တံခါးနားတွင်ရပ်လျှက် အစ်ကိုဖြစ်သူ၏ လက်ထဲမှ သွေးသန်ရဲရဲ မျက်လုံးများကို ကြည့်လိုက်ကာ ခန္တာကိုယ်တစ်ခုလုံးက ထိန်းချုပ်ရန် ခက်ခဲလောက်အောင် တုန်ယင်လာသည်။
“အစ်ကိုကြီး”
219 02
“ဝူး ဝူး အစ်ကိုကြီး။ အစ်ကိုညီမကို မခြောက်ပါနဲ့ အစ်ကိုကြီး”
“သွားတော့လို့ ငါ ပြောနေတယ်လေ”
ရှောင်ဝေ့သည် အနီးနားရှိ အိမ်တစ်အိမ်ထဲမှ သန်မာသောလူတစ်ယောက် အပြေးထွက်လာကြောင်း မြင်လိုက်ရချိန်တွင် အသားကုန် လှမ်းအော်လိုက်ပြီး ခပ်မြန်မြန် ပြေးသည်။
“သေချင်နေတာပဲ”
ထိုလူသန်မာကြီးက သူ့စီပြေးလာသော ကောင်လေးကို တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏ အပေါင်းအဖော်ဟာ သွေးသံရဲရဲဖြင့် လဲနေကြောင်း မြင်လိုက်ချိန်တွင် သူသည် ခပ်ကြမ်းကြမ်း အော်လိုက်သည်။
ဖြန်း
သူသည် ရှောင်ဝေ့ကို တစ်ချက်ဖြတ်ရိုက်လိုက်ပြီး အဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက် ဆံပင်မှ ဆောင့်ဆွဲကာ ဆွဲထူလိုက်၏။
ဘုန်း
ထို့နောက် ထိုကောင်လေး၏ ခေါင်းကို အနားရှိ ဗီဒိုတစ်ခုတွင် ခပ်ကြမ်းကြမ်း ဆောင့်တိုက်လိုက်သည်။
“အား အား အား”
သန်မာသော လူကြီးက ကလေးငယ်၏ မျင်နှာပေါ်သို့ ခြေထောက်နှင့် တက်နင်းရင်း ခပ်ကြမ်းကြမ်း ဖိသည်။
“မင်းက တကယ်တော်နေတာပေါ့ ကောင်စုတ်လေး။ ငါမင်းကို ဘယ်လို ကိုင်တွယ်မလဲကြည့်နေ”
သူသည် ထိုကောင်လေးကို အိမ်ထဲသို့ ဆောင့်ကန်ထည့်လိုက်ပြီးနောက် ထိုအကောင်ဟာ မြေပြင်တွင် လှုပ်ရှားမှု ကင်းမဲ့စွာ လဲသွားကြောင်းမြင်မှသာ အပေါင်းဖော်ကို သွားထူပေးလိုက်သည်။
“မြန်မြန်ထ ကလေးနောက်ကို လိုက်။ လိုအပ်ရင် သတ်လိုက်တော့”
“ငါတို့ ဒီမှာ ဆက်နေလို့ မရဘူး။ ငါတို့ ခေါင်းဆောင်ကြီးကိုလည်း ဖုန်းဆက်လို့ မရဘူးဆိုတော့ ငါတို့ပြေးရတော့မှာ”
“အမြန်သွား”
ထိုစကားကိုပြောပြီးချိန်တွင် အရှေ့မှ ပျောက်ကွယ်သွားသော လူတိုင်းကို ကြည့်သည်။ သန်မာသောလူကြီးက အပေါင်းဖော်ကို အိမ်ထဲသို့ တိုက်ရိုက် ဆွဲသွင်းထားလိုက်ပြီး ခရီးဆောင်အိတ်ကို ဖွင့်ကာ အတွင်းသို့ ထိုးထည့်သည်။
“မင်း ဘာကြည့်နေတာလဲ။ သိပ်မကြာခင် မင်းအလှည့်ပဲ”
သူ၏ အရှေ့ဖက် တစ်နေရာတွင် လဲနေသည့် ဒုက္ခိတ ကလေးတစ်ယောက်ကို ကြည့်ပြီး သူသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုအချိန်ထိ ခေါင်းဆောင်ရွှီနှင့် ပါတ်သက်ပြီး သတင်းမကြားရသေးချေ။ တစ်စုံတစ်ရာမှားနေတာ သို့မဟုတ် စွန်ပစ်ခံရခြင်းသာ ဖြစ်သည်။
မည်သည့်နည်းနဲ့ မဆို သူတို့သည် အန္တရာယ် ရှိနေလေသည်။
.....
“မြန်မြန်သွား”
ဆုပိုင်သည် အရှေ့မှပြေးနေသော ဟာလီကို ကြည့်ပြီး အနောက်သို့ ပြန်လှည့်ကာ အနောက်မှ လုံခြုံရေး ရုံးတော်၏ လူများကို လှမ်းအော်လိုက်သည်။ ထို့နောက် ခပ်မြန်မြန်လိုက်၏။
ဆွေးနွေးဆုံးဖြတ်ပြီးနောက်တွင် ထိုလူများ၏ အစစ်အမှန် အသိုက်နေရာအတိအကျကို ရှာဖွေနိုင်ရန်အလို့ငှာ ကလေးများအားလုံးကို ဘယ်သူမှ သတိမထားမိခင် ကယ်နိုင်ရန်အလို့ငှာ ဆုပိုင်က ချွမ်တုအား အကောင်ငယ်လေးများကို တိရစ္ဆာန်ရုံမှ ခေါ်လာရန်အတွက် ဟယ်လီကော်ပတာကို တောင်းဆိုခဲ့သည်။
ပါသူများက ဟာလီ၊ ရွှေငွေနှင့် ပျားတူခွေးတူ ဖြစ်သည်။ သူတို့သည်လည်း အရင်တစ်ခေါက်တွင် ဆေးအရောင်းအဝယ် လုပ်သူများကို ကိုင်တွယ်ခဲ့ဖူးသည်။
သို့ရာတွင် ဒီတစ်ကြိမ်တွင် ရွှေရောင် သိန်းငှက်ကြီးက လိုက်ပါခွင့် မရှိချေ။ မည်သို့ပင်ဆိုစေ သူတို့သည် မြို့ထဲတွင် ဖြစ်နေလေသည့် အတွက်ကြောင့် သန်းငှက်ကြီးက ပျံသန်းရန် ခက်ခဲလေသည်။ ပို၍ဆိုးသည်မှာ အကောင်အရေအတွက် အလွန်များလွန်းနေသည့်အပြင် ကလေးငယ်လေးများနှင့် ပေါင်းဆက်လိုက်သော် ထိုလူများကို ကိုင်တွယ်ရန် ခက်ခဲသွားနိုင်သည်။
“မြန်မြန်လုပ်”
219 03
စွန်းရွှမ်က ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်သည်။ သူသည် လက်ထဲတွင် ပစ္စတိုကိုင်ရင်း လူတိုင်းနှင့်အတူ အပြေးလွှားလာသည်။
ဒီညတွင် ထိုလူများသည် ဒုက္ခိတ ကလေးများကို ရထားဘူတာသို့ ခေါ်လာသေးသည်။ သို့ရာတွင် လူတိုင်းက စိတ်လွှတ်နေပုံ ပေါ်သည်။ ထိုအခါ အားလုံးကလည်း စိုးရိမ်သွားကြသည်။
အထူးသဖြင့် ထိုကလေူများထံမှ တစ်ဆင့် ဒါရိုက်တာဆုပိုင်က သိပ်မကြာခင်ကမှ ကယ်ဆယ်ထားသော တိရစ္ဆာန်တစ်ကောင်ကို ဖမ်းမိထားခံရကြောင်း တန်းသိပြီးချိန်တွင် လူတိုင်ကမူ ဆက်လက်ပြီး အချိန်မဆွဲနိုင်ကြောင်း နားလည်နေကြသည်။
မနက်ခင်းတွင် ပြင်ဆင်မှုများ အားလုံးက ပြီးဆုံးသွားသဖြင့် ဖမ်းဆီးရန် ကြံစည်ပြီး ဖြစ်သည်။
“အစ်ကိုကြီး”
“အစ်ကိုကြီး”
ထိုအချိန်တွင် ရွံ့များပေကြံနေပြီး ဖရိုဖရဲ ဆံပင်များနှင် မိန်းမငယ်လေးတစ်ယောက်က လမ်းစုံတစ်နေရာမှ အပြေးထွက်လာသည်။ သူမ၏ ပုံစံဟာ သနားစဖွယ်ဖြစ်သည်။
“မလှုပ်နဲ့”
ဆုပိုင်က သူမ၏နောက်မှ ပြေးလိုက်လာသော သန်မာသော သူများကို တစ်ချက် ကြည့်လိုက်ပြီး အလျှင်အမြန် လှမ်းအော်လိုက်သည်။ ထိုအပြင် အရှိန်ကိုလည်း အမြန်ဆုံးသို့ တိုးမြင့်လျှက် ခပ်မြန်မြန် အပြေးသွားသည်။
“မင်းတို့ ခြေတစ်လှမ်းထက်လှမ်းရင် ငါ ဒီကောင်မကို သတ်ခိုက်မယ်”
ဂတုံးပြောင်ပြောင်နှင့် လူတစ်ယောက်က ရှောင်ရိကို ဆက်ကနဲ ဆွဲမလိုက်ပြီး လည်တိုင်ကို လက်တစ်ဖက်တည်းနှင့် ညှစ်ထားသည်။ ထို့နောက် သူ၏အရှေ့မှ လူကို ကျော်ပြီး ရုံးတော်မှလူများကို ကြည့်ကာ သုန်မှုန်သော မျက်နှာနှင့် လှမ်းအော်သည်။
“နောက်ဆုတ်စမ်း”
“မင်းတို့ နောက်မဆုတ်ရင် ငါဒီကောင်မကို အရင်သတ်လိုက်မယ်။ နောက်ပြီး ငါတို့ရဲ့လက်ထဲမှာ ကလေးဆယ်ရောက်ကျော် ရှိနေသေးတယ်။ မင်းတို့ အပြေးဝင်လာရင် အားလုံးကို သတ်လိုက်မှာ”
“ဟားဟား သတ္တိရှိရင် ပြေးလာခဲ့လေ”
ထို့နောက် သန်မာသောလူကြီးက ရှောင်ရိကို ကြည့်သည်။ ရှောင်ရိကို အရှေ့ဖက်တွင် ကာထား၍ အနောက်သို့ တစ်လှမ်းချင်းစီ ဆုတ်သည်။
“အလျှင်စလိုမလုပ်နဲ့။ အထဲမှာ ကလေးတွေ အများကြီး ရှိလောက်တယ်”
ဆုပိုင်က လူတိုင်း၏ အရှေ့မှရပ်လျှက် သုန်မှုန်သောမျက်နှာနှင့် လှမ်းပြောသည်။
ထိုလူသန်မာကြီးများ၏ မျက်နှာထားအရ ထိုလူများသည် ကလေးများကို အမှန်တကယ် သတ်ရဲလောက်သည်။ ထို့ကြောင့် မည်သို့မှ မရင်းနှီးရဲကြပါချေ။
“နောက်ဆုတ်ရအောင်”
“အခုတော့ ကလေးတွေကို နာကျင်အောင် မလုပ်ပါနဲ့။ မင်းတို့ တောင်းဆိုသမျှ ငါတို့ ဖြည့်စီးပေးမယ်”
ဆုပိုင်က ထိုသို့အော်ဟစ်လိုက်ပြီး တဖြည်းဖြည်းချင်းစီ နောက်ဆုတ်သည်။
“ဟစ် ဟစ်”
ရွှေမြွေက ပျားတူခွေးတူကို တသ်ချက်ကြည့်လိုက်သည်။ ထို့နောက် နံရံပေါ်သို့ တွယ်တက်သည်။
ခွေးတူပျားတူက တစ်ချက်အော်လိုက်ပြီး နံရံ၏ အခြားတစ်နေရာသို့ ကုန်းတက်သည်။ ထို့နောက် ခန္တာကိုယ်ကို နံရံနှင့်ကပ်လျှက် သန်မာသောလူထံ တစ်လှမ်းချင်းစီ ရွေ့သည်။
“ငါတို့ ဘယ်လို လုပ်ကြမလဲ”
“သွားရမှာပေါ့။ ဒါပေမဲ့ ငါတို့မသွားခင် တစ်ခုခုတော့ ယူသွားရမယ်။ ဒီကလေးတွေက တန်ကြေး မရှိဘူး။ တန်ကြေးရှိတာက အဲဒီ တိရစ္ဆာန်ပဲ”
ရှောင်ရိကို ကိုင်ထားသော သန်မာသောလူကြီးက လျှာတစ်ချက်သပ်လျှက် ရယ်မောရင်း ပြောသည်။
“ခေါင်းဆောင်ကြီး ဖမ်းမိတဲ့ အဲ့တိရစ္ဆာန်ကောင်းဆို သန်း၅၀၀တောင် ရတာ။ ငါတို့ရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ကောင်ရှိနေတယ်။ ဟွန့် သူတို့စီက တောင်းရမယ်။ နောက်ပြီး အနောက်ဖက်က တူမြောင်းဆီ ပြေးတော့”
“အချိန်ကျလာတဲ့အခါ ဒီကလေးနှစ်ယောက်ရဲ့ အလောင်းကို ပစ်ထုတ်ပေးလိုက်မယ်။ လုံခြုံရေး ရုံးတော်က လူတွေက ကလေးရဲ့အလောင်းတွေကို အရင်ကောက်မှာပဲ။ ငါတို့စီ အလျှင်စလို မပြေးလာရဲပါဘူး”
219 04
“ဟုတ်တယ်။ အရင်ဆုံး လုံကော်ပြောတာကို နားထောင်ရအောင်”
သူတို့သည် တစ်ချိန်လုံး ဓားအစွန်းနားတွင် လမ်းလျှောက် ရှင်သန်နေခဲ့သူများ ဖြစ်သည့်အလျောက် အကြံစည်ကိုကြားရုံနှင့် တခဏအကြာ တွေးတောပြီးနောက်တွင် ခေါင်းညိတ်လိုက်ကြသည်။ ထိုသို့လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
“အဲ့ဒီက တိရစ္ဆာန် ကောင်ကို ထားခဲ့။ အဲဒီလိုမှ မဟုတ်ရင်တော့”
လုံကောက အေးစက်သောလေသံနှင့် ပြောလိုက်ပြီး ဘေးဖက်မှ အပေါင်းဖော်ကို ကြည့်သည်။
“မလုပ်နဲ့ မလုပ်နဲ့”
ဆုပိုင်သည် တစ်ဖက်သူက ဘေးဖက်ခြမ်၏မှ မျက်လုံး မမြင်သော ကောင်လေးကိုဆွဲပြီး လှောင်ပြုံးနေလျှက် မြေပြင်ပေါ်တွင်ချပြီး နှဖူးကို ခြေထောက်တစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း တက်ဖိထားကြောင်း မြင်ချိန်တွင် အသားကုန် ကုန်အော်သည်။
“ငါ ၃ အထိပဲ ရေမယ်”
“မင်းတို့ အဲဒီတိရစ္ဆာန်တစ်ကောင်ကို မထားခဲ့ရင်တော့ ငါဒီကောင်လေးရဲ့ နှဖူးကို ဆောင့်ဖိနင်းရင်း အက်ကွဲသွားစေလိမ့်မယ်”
“မင်းတို့ သားရဲကောင်တွေ ကလေးကို လွှတ်လိုက်စမ်း”
“ကလေးကို လွှတ်မယ်ဆိုရင် မင်းတို့ ဘာတောင်းဆို တောင်းဆို ဖြစ်စေရမယ်။ တိရစ္ဆာန်တွေကတော့ မပါဘူး”
“သေစမ်း သူတို့မှာ လူသားဆန်မှု မရှိတော့ဘူးလား။ ကလေးကို ဒီလိုအခြေ ရောက်တဲ့ထိ နှိပ်စက်စရာလား”
ထိုအခြေအနေကို မြင်သောအခါ လုံခြုံရေးရုံးတော်မှ အစောင့်များက အောက်ဖက်မှာ ငိုငြီးအော်ဟစ်နေသည့် ကလေးကို ကြည့်ပြီး သေနတ်များကို တင်းကျပ်စွာ ကိုင်လိုက်မိကြသည်။ ထို့ကြောင့် နီရဲသော မျက်လုံးများဖြင့် အော်ဟစ်ကာ ကျိန်ဆဲကြသည်။
“ဟာလီ အဲဒီကို သွား”
ဆုပိုင်က လက်ကို ဆန့်လျှက် အရှေ့မှ ဟာလီကို လှမ်းအော်လိုက်သည်။
ထို့နှောက် သူ၏မျက်လုံးဟာ အသာကျဥ်းမြောင်းသွားပြီး အရှေ့မှ လူကုန်ကူးသူများကို သုန်မှုန်သော မျာက်လုံးများနှင့် ကြည့်ကာ အံကို ကြိတ်ရင်းပြောသည်။
“သူတို့ ဘာမှ မဖြစ်သမျှ ငါမင်းတို့ကို ကတိ...”
“စတော့”
သို့သော် သူ၏ စကားမဆုံးသေးခင် လူတိုင်း၏ အထက် တန်စက်မိတ်ပေါ်တွင် လဲနေလျက်သား ဖြစ်နေသည့် ရွှေရောင်မြွေကို ကြည့်လိုက်ပြီး ဆုပိုင်ဟာ ကျယ်လောင်စွာ အော်ရင်း တစ်ချိန်တည်းလိုလို ဟာလီထံ ပြေးသွားလိုက်သည်။
******