← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

220 01

အပိုင်း 220

“သူ့ကို သတ်”

“မြန်မြန် နောက်ကို ဆုတ်”

“သေချင်နေတာပဲ။ ကလေးတွေအားလုံး သတ်လိုက်တော့”

လုံကောက အော်ပြီး ခြေထောက်ကို ရုတ်တရက် မြောက်လိုက်ကာ အောက်သို့ ဆက်ကနဲ နင်းချလိုက်ပြီး သတ်ရန် ကြံစည်လိုက်သည့် အခိုက်တန့်တွင်

နှာမှုတ်သံ အချို့က ထွက်လာသည်။ ရုတ်တရက် ဆိုသလိုပင် သူ၏ခေါင်းအထက်မှ ကျောချမ်းဖွယ်ကောင်းသော တစ်ဟစ်ဟစ် အသံကထွက်လာသည်။

ထို့နောက် ချက်ချင်းဆိုသလို အေးစက်ပြီး ချော်ထွက်နေသည့် တစ်စုံတစ်ရာက သူ၏ခန္တာ‌ကိုယ်ပေါ်သို့ အထက်မှ ပြုတ်ကျလာပြီ လည်ပင်းကို ခပ်ကြမ်းကြမ်း ရစ်ပတ်လိုက်သည်။

ဘုန်း

ကိုယ်ထည်ကြီးတစ်ခုလုံးက သူ့အား မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

“ဘာလဲ”

ထိုရွှေရောင်မြွေ၏ ခန္တာကိုယ်ကို သူ၏လက်နှစ်ဖက်လုံးဖြင့် ခက်တင်းတင်း ဆွဲဖယ်နေသည့်တိုင်အောင် လုံကောအနေဖြင့် လည်ပင်းတွင် ပတ်ထားသော ထိုမြွေဟာ ကြပ်သည်ထက် ကြပ်ကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခေါင်းအပေါ်မှ တစ်ဆင့် အောက်သို့ တ‌ဖြည်းဖြည်းချင်းဆင်းသက်လာသည့် တြိဂံပုံသဏ္ဍာန် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ထိုမျက်နှာ၏ ပါးစပ်ထဲမှ လျှာတစ်ခြောင်းက ထွက်လာသည်။ အလွန်အမင်းအေးစက်သော မျက်လုံးတစ်စုံဟာ သူ့ကို ပြင်းပြစွာစိုက်ကြည့်နေသည်။

အာဏာရှင်ဆန်မှု၊ သွေးအေးမှု...မည်သည့်အရာတွင်မျှ နွေးထွေးမှု မရှိနေခဲ့ပေ။

ခရက်။

ဟစ်။

‌ရွှေရောင်မြွေကြီးက လျှာကို တစ်ချက်ထုတ်ပြီးရုံနှင့် ရုတ်တရက် ကြီးမားသော ပါးစပ်ကြီးကို ဟလိုက်ကာ အရှေ့တွင် ရှိသော လူသား၏ နှဖူးကို ဖမ်းကိုက်လိုက်သည်။

ထက်ရှသောအဆွယ်က အရေပြားအတွင်းသို့ ချက်ချင်းဆိုသလိုဝင်သွားသည်။ ခန္တာကိုယ်တစ်ခုလုံးက ရုပ်ချည်းဆိုသလို တင်းကြပ်သွားသည်။ ထိုါ့နောက် အရိုးကျိုးသံများက ထွက်လာသည်။

ဝုန်း

သွေးများ အတန်းလိုက် ပန်းထွက်လာပြီးနောက်တွင် အနီးနားတွင် ရပ်နေသော လူကုန်ကူးသူများအားလုံးက ထိုမြင်ကွင်းကို ခြောက်ခြားစွာ မြင်လိုက်ရသည်။

“ဂလု”

“အာ ပြေးတော့”

အော်သံတစ်ခုနှင့်အတူ သူသည်ကိုင်ထားသည့် ကလေးကို ပစ်ချလိုက်ပြီး အဝေးရှိအိမ်ထဲသို့ အသားကုန် ပြေးသည်။

အမှန်တကယ်အားဖြင့် ထိုထူးဆန်းသော သတ္တဝါက လုံကော၏ခေါင်းကို ကြေမွ‌သွားအောင် ခွဲခြေပစ်လိုက်သည်။

အထူးသဖြင့် ရွှေရောကြေးခွံများဖြစ်သည့် သွေးများ ဖြူဖွေးသော အရည်များနှင့် စိုရွှဲသွားပြီးနောက် အလွန်အမင်း ကြောက်လန့်စရာ ကောင်းလာသည်။

“ကွက်”

အချိန်အတော်ကြာ ထောင့်တစ်နေရာတွင် ပုံးနေခဲ့သည့် ပျားတူဝက်တူခွေးတူက အနက်ရောင် မိုးကြိုးဖျက်ကနဲ လက်သွားသလို အရှိန်နှုန်းဖြင့် ရောက်ရှိလာလေသည်။ သူ၏ခန္တာကိုယ်တစ်ခုလုံးရှိ အမွှေးများက ထောင်တက်သွားပြီးနောက်တွင် ခပ်ကြမ်းကြမ်း ခုန်ဝင်လာသည်။

ခရက်

သူသည် လူတစ်ယောက်၏ ပေါင်ကို ဖြတ်ခနဲ လှမ်းကိုက်လိုက်ပြီး သွားကို ဖိကိုက်လျှက် အသားတစ်ပိုင်းကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် အသွေး အသားများက ပဲ့ထွက်လာသည်။

“မလုပ်ပါနဲ့ ကယ်ကြပါ”

“အား သောက်ကျိုးနည်း ဒါက ဘာကြီးလဲ။ ဖယ်စမ်း ဖယ်စမ်း”

“ငါ့ဆီကနေ ဖယ်သွားပေးကြပါ။ သန်မာသော လူကြီးတစ်ယောက်က မြေပြင်ပေါ်သို့ ကျသွားပြီး ပေါင်ကိုကိုင်လျှက် အော်ငြီးနေသည်။ သူသည် သူ၏‌အရှေ့မှ မီးခိုးရောင်လိုလို အနက်ရောင်လိုလို သတ္တဝါ တစ်ကောင်ကို ကြည့်ပြီးကြောက်လန့်နေသည်။ သို့သော် ထိုအကောင်ဟာ သူ့ပေါ်သို့ ခုန်အုပ် လာပြန်သည်။

220 02

ခရက်

ပျားတူခွေးတူဝက်တူက တစ်ဖက်သူ၏ ဆန့်ထုတ်ထားသော လက်ကို ခပ်ကြမ်းကြမ်း ကိုက်လိုက်သည်။ လက်ချောင်းပေါင်းများစွာကို မြေပြင်ပေါ်သို့ ပြတ်ကျသွားစေသည်။

ထို့နောက် သူ၏မျက်လုံးကို အသာ မှေးကျဥ်းလိုက်ပြီးနောက်တွင် အောက်ဖက်မှ လူသားကို အေးစက်စွာ စိုက်ကြည့်သည်။

ကွက်

ထိုသို့တစ်ချက် အော်ဟစ်ပြီးရုံနှင့် ထိုအကောင်၏ လည်တိုင်ကို ဆက်တိုက် ကိုက်ဖောက်လိုက်သော် သွေးများကို ပန်းထွက်လာစေသည်။

“အူး”

“ဟာလီ လိုက်တော့”

ဆုပိုင်က အောက်ဖက်ရှိ သေ‌သွားသော လူများကို တစ်ချက်ကြည့်လိုက်ပြီး ဟာလီကို အော်ကာ အနောက်ဖက်မီ ပြေးလိုက်သည်။

“ဂလု”

နောက်ဖက်မှ ကပ်လိုက်လာသော စွန်းရွှမ်သည် တံစက်မြိတ်ပေါ်မှ ပြုတ်ကျလာသော တိရစ္ဆာန်တစ်ကောင်က လူကုန်ကူးသူတစ်ယောက်ကို ဦးခေါင်းခွံ ကြေမွသွားအောင် သတ်လိုက်ပုံကို မြင်လိုက်ရသည်။

သူကိုယ်တိုင်ပင် တံတွေးများကို ခပ်မြန်မြန် မျိုချလိုက်ရသည်။

သူတို့သည် ကောင်းပင်ပြာ တိရစ္ဆာန်ရုံထံမှ အကူညီမ‌တောင်းခင် ကတည်းက နန်တုချေသည် ရုံးတော်ထံမှ လူတစ်ယောက်၏ သတင်းပေးမှုကို လက်ခံရရှိခဲ့ပြီးသား ဖြစ်သည်။ ကောင်ူကင်ပြာ တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များ လှုပ်ရှား‌ရုံနှင့် သေချာပေါက် အောင်မြင်မည်ဟု ဆိုလေသည်။ သူကိုယ်တိုင်ကပင် ထိုမျှအထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မထင်ထားမိချေ။ ထိုအပြင် စက္ကန့်ပိုင်းအတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လူကုန်ကူးသူ နှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် သေသွားခဲ့သည်။ ပို၍ဆိုးသည်မှာ ကလေးနှစ်ယောက်လုံး အသက်ရှင်သည်။

ထိုအခြေအနေက အတိတ်တွင်မူ မယုံနိုင်စရာ ကောင်းသည့် ဖြစ်ရပ်ဖြစ်သည်။

“ခေါင်းဆောင် ဒါက...ဒါက အင်အားကြီးလွန်းတယ်။ ဒီတိရစ္ဆာန် နှစ်ကောင်က လူသတ်သမားတွေပဲ သူတို့က။ နောက်ပြီး ဒီခွေးတူဝက်တူပျားတူက ချန်ထားခဲ့သော သွားကိုက်ရာတွေကို ကြည့်ပါဦး။ တစ်ကိုက်ကတင် သေလောက်တယ်။ အဲဒီလူကုန်ကူးသူဆိုရင် ဘာမှ‌တောင် မခုခံနိုင်ဘူး”

“ဟုတ်တယ်။ ဒီကလေးနှစ်ယောက်ကို မြန်မြန် သယ်ထုတ်သွားလိုက်တော့။ နောက်ပြီး အထဲမှာ ကလေးတွေ အများကြီး ရှိလောက်တယ်။ ဒီတစ်ကြိမ်မှာ ငါတို့ ဒီကလေးတွေ အားလုံးကို အသက်ရှင်လျှက် ခေါ်သွားပြီး လူကုန်ကူးသူတွေကို တရားမျှတအောင် လုပ်ရမယ်”

“ညီအစ်ကိုတို့ သွားကြစို့။ ငါတို့ ဒါရိုက်တာ ဆုပိုင်တစ်ယောက်တည်းကို လွှတ်ထားလို့ မရဘူး။ မြန်မြန် ပြေးသွားရအောင်”

“မြန်မြန် မြန်မြန်။ ကလေူတွေရဲ့ လုံခြုံရေးကို အာမခံနိုင်သမျှ လိုအပ်ရင် ခွင့်ပြုချက် တောင်းစရာမလိုပဲ ပစ်သတ်လို့ ရတယ်”

စွန်းရွှမ်က မျက်မှောင်ကြုံ့ရင်း အော်ဟစ်လိုက်သည်။ ထို့နောက် အသင်းဖော်များကို ခေါ်လျှက် အတွင်းထဲ ခပ်မြန်မြန် ပြေးဝင်သွားသည်။ ထိုသို့ဖြင့် အဝေးရှိ ဆုပိုင်နောက်သို့လိုက်သည်။

ဝုတ်

ဟာလီက ခေါင်းကို အသာငုံ့လျှက် နှာခေါင်းရှုံ့ကာ အနံ့ခံသည်။ ထို့နောက် တစ်ဖန် ဟောင်လိုက်ပြန်ကာ အဝေးရှိ အိုဟောင်းသော အိမ်ထံ အပြေးသွားသည်။

ဘန်း

သူက တံခါးကို စောင့်တွန်းဖွင့်လိုက်သောအခါ

“အား အား အား”

ဟာလီက လျှာတစ်လစ်ထုတ်လျှက် လူသန်‌မာပေါင်းများစွာအရှေ့တွင် ကာထားသည့် ကလေးလေးကို ကြည့်သည်။ ထို့နောက် နေရာတွင်သာ ရပ်နေရင်း သုံမှုန်စွာ ရပ်နေရင်း ဆက်တိုက်အော်နေနိုင်သည်။

ဆုပိုင်ကလည်း အသက်ပြင်းပြင်းရှူရင်း ဟာလီ့ဘေးဖက်တွင် ရပ်ရင်း သူ၏အရှေမှ လူသန်မာ သုံးယောက်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် လေးနက်သော လေသံနှင့် ပြောသည်။

“မင်းတို့ မပြေးနိုင်ဘူး။ ကလေးကို ငါတို့ လက်ကို အပ်”

“ဟားဟား။ ပေါက်က‌ရတွေ ပြောမနေနဲ့တော့။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါက သေတော့မှာပဲ။ ဒီတော့ ဒီကလေးတွေကိုပါ အတူခေါ်သွားတာ မကောင်းဘူးလား။ မင်းတို့ ဘာလုပ်နိုင်မှာလဲ”

220 03

“ဟုတ်တယ် ဟုတ်တယ်။ သူတို့ကို သွားပြောမနေနဲ့။ ခေါင်းဆောင်ရွှီက သားရဲကောင်ပဲ။ သူက ငါတို့ကို ငါးစာ အဖြစ် ချန်ထားခဲ့တာ။ အဲဒီတော့ အတူတိုက်ခိုက်ကြတာပေါ့”

“ဒီတိရစ္ဆာန်တွေကို သတိထားဦး။ လုံကောဆိုရင် လည်တိုင်အညစ်ပြီး ဦးခေါင်း အခွဲခံရရင်း သေသွားတာ”

ထို လူကုန်ကူးသူ သုံးယောက်က အထဲမှ ကလေူတစ်ယောက်ချင်းဆီကို ကိုင်လျှက် အရှေ့ဖက်တွင် ရပ်ထားပြီး လှောင်ပြုံးများဖြင့် ရပ်ကြည့်နေကြသည်။

ထိုအခိုက်တန့်တွင် ဆုပိုင်ကပင် အလျှင်စလို မလှုပ်ရှားရဲပေ။ နှစ်ဖက်လုံးဟာ ထိုသို့ဖြင့် ထိပ်တိုက်တွေ့ဆုံနေကြသည်။ ထိုအခိုက်တန့်တွင်ပင်

“အစ်ကို ဝူး ဝူး ဝူး ဝူး ငါ့ရဲ့အစ်ကိုကို လွှတ်ပေး။ ကျေးဇူးပြုပြီး ငါ့ရဲ့အစ်ကိုကို လွှတ်ပေးပါ”

ယခုလေးတင် အပြင်ပြေးထွက်လောသော ရှုပ်ထွေးသောဆံပင်များနှင့် ကောင်မလေးက အပြေးလွှားငိုရင်း ရောက်လာသည်။

“ဘာမှ မပြောနဲ့”

ဒါရိုက်တာ ဆုပိုင်က ထိုကလေးမလေးက ဟာလီကို ကျော်ဖြတ်လျှက် လူကုန်ကူးသူများထံ သွားနေသောမြင်ကွင်းကို မြင်သောအခါ စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။

“ခေါင်းဆောင် ဒီကလေးက...ငါ သတိမထားမိတဲ့အချိန်မှာ ငါ့ရဲ့လက်ကို ကိုက်ပြီး ထွက်ပြေးသွားတာ။ ငါ့ရဲ့အမှားပါ”

အသင်းဖော်တစ်ယောက်က လက်ပေါ်မှ သွားကိုက်ရာကိုပြရင်း စိုးရိမ်တကြီး ပြောသည်။

“ငါ အခုပဲ သွားဖမ်းလိုက်မယ်”

ထိုသို့ ပြောပြီးပြီးချင်း သူဟာ လူကုန်ကူးသူများထံ အပြေးလာသည်။

“နောက်ဆုတ်”

ဆုပိုင်က သူ့ကိုလက်ခါပြပြီး နောက်ဆုတ်ခိုင်းသည်။သူ၏မျက်လုံးဟာ လူကုန်ကူးသူ တစ်ယောက်၏ လက်ထဲတွင် ရှိနေသော ကောင်ကလေးထံတွင် ဖြစ်သည်။ ကောင်ကလေးက ယခုလေးတင် သူ့ကို မျက်လုံးမှိတ်ပြလိုက်သည်။ ထိုသို့ဖြင့် သူ့ကို လစ်လျူရှုရန် ပြောသည်။

“ရှောင်ရီ နောက်ဆုတ်”

“ဒီကို မလာနဲ့ ငါအဆင်ပြေတယ်”

“နောက်ကို မြန်မြန်ဆုတ်”

“ငါ အဆင်ပြေတယ်”

ရှောင်ဝေ့၏မျက်နှာဟာ သွေးများစိုရွှဲနေသည်။ သူ့ဆီ တစ်လှမ်းချင်းဆီ လာနေသော ညီမဖြစ်သူကို လှမ်းအော်လိုက်သည်။

“အစ်ကိုကြီး ဝူး ဝူး။ ငါ ကြောက်တယ် အစ်ကိုကြီး”

ထိုစကားကို ကြားသောအခါ ရှောင်ရိက နေရာတွင် ရပ်ရင်းငိုသည်။ သို့သော် ခြေမလှမ်း လာတော့ချေ။

“ဟားဟား ဒီကိုလာလေ။ ငါ မင်းရဲ့အစ်ကိုကို မင်းဆီပြန်ပေးမယ်”

လူသန်မာကြီးက ရှောင်ဝေ့၏ အခြေအနေကို ကြည့်လိုက်ရင်း အော်ရယ်သည်။ သူသည် မျက်လုံးများနှင့် လှမ်းကြည့်ရင်း ခက်ထန်စွာ လှမ်းပြောသည်။

“မင်း ဒီကို မလာရင် ငါ မင်းရဲ့အစ်ကိုကို အခုပဲ လည်တိုင်ညစ်သတ်ပစ်လိုက်မယ်။”

“ဒီကိုလာ”

“ဝူးဝူးဝူး ငါ့ရဲ့အစ်ကိုကို မညစ်သတ်ပါနဲ့။ ငါလာပါ့မယ်”

ရှောင်ရိက တစ်ကိုယ်လုံးတုန်ယင်လျှက် အစ်ကိုဖြစ်သူ၏ ဆိုးရွားသော ပုံစံကိုကြည့်သည်။ ထို့နောက် တစ်လှမ်းချင်းဆီ ရှေ့တိုးသည်။ သို့သော် သူမဟာ ကြောက်ရွံမှုကြောင့် တုန်ယင်နေသေးသည်။

“အားအားအား”

ထိုမြင်ကွင်းကိုမြင်သည့် ရှောင်ဝေ့က အော်ဟစ်သည်။ သူ့ကိုကိုင်ထားသော လူကြီး၏ လက်ကို ခပ်ပြင်းပြင်း လှန်းကိုက် လိုက်သည်။

“အား မင်းက သေချင်နေတာပဲ”

သန်မာသောလူကြီးက နာကျင်စွာ အော်ဟစ်လိုက်ပြီး ထိုကောင်လေးကို ကိုင်မြှောက်လိုက်ကာ မြေပြင်ပေါ်သို့ ချက်ချင်းလိုလို ပေါက်လိုက်သည်။ ထို့နောက် လက်သီးကို မြှောက်ပြီး ကလေးကို ခပ်ကြမ်းကြမ်းထိုးသည်။

++++++ 221 01

အခန်း 221

“မင်း လုပ်ရဲလား”

“ မလုပ်နဲ့ “

အားလုံး၏ မျက်နှာဟာ ပျက်ယွင်းသွားသည်။ ဆုပိုင်က ရှေ့သို့ ခုန်အုပ်လိုက်ပြီး ထိုသို့ အရေးကြီးသော အခိုက်တန့်တွင်ဟာလီ၏ ကြွက်သားများက တင်းကြပ်သွားပြီး အရှိန်ကို အကန့်အသက်သို့ ထိုးမြင့်လျှက် ချက်ချင်းလိုလို ခုန်လိုက်သည်။

ဝုတ်

သူသည် အရှေ့မှ သန်မာသောလူကြီးကို ဆွဲလဲလိုက်ပြီးနောက်တွင် ပါးစပ်ကြီးကိုဖြဲလျှက် ဆက်တိုက် ဆွဲဖြဲသည်။

“သူ့ကိုဖမ်း”

“မြန်မြန်”

ထိုအခြေအနေကို မြင်သောအခါ စွန်းရွှမ်က ကျယ်လှောင်စွာ အော်ဟစ်လိိုက်သည်။ အထဲမှ လူတစ်အုပ်ကလည်း လျှင်မြန်စွာပြေးထွက်လာသည်။

ဒိုင်း

ရုတ်တရက်ကျယ်လှောင်စွာ သေနတ်ပစ်သံက ထွက်လာသည်။

“သေချင်နေတာပဲ”

ဆုပိုင်က အော်လိုက်ပြီး သေနတ် ကိုင်ထားသော သန်မာသောလူကြီး၏ လည်တိုင်ကို ဖမ်းညစ်လိုက်သည်။ သူသည်လက်နှစ်ဖက်လုံးမှ အားကို ထုတ်သုံးပြီးနောက်တွင် လည်တိုင်ကို ခြေမွနိုင်သော အားကို ဖိထည့်လိုက်သည်။

ထို့နောက် နောက်ကို တစ်ချက်ပြန်လှည့်ကြည့်သည်။

“ဒါရိုက်တာ”

လုံခြုံရေးအဖွဲ့ခေါင်းဆောင် စွန်းရွှမ်က ကောင်မလေးကို တင်းကြပ်စွာ ဖက်ထားရင်း ကျည်ဆံကို ကျောဖြင့် ကာထားသူဖြစ်သည်။

“အဆင်ပြေတယ် ။ ငါ ဘာမှမဖြစ်ဘူး”

မြေပြင်တွင် ခက်ခက်ခဲခဲ ထိုင်ချပြီးနောက်တွင် စွန်းရွှမ်က အမောတကော အသက်ရှူနေရသည်။ သူသည် ကလေးမလေး၏ ဆံပင်များကို သပ်ပေးလိုက်ပြီး အားတင်းကာ ပြောသည်။

“အဟွတ်။ ‌ဦးလေးက သမီးအတွက် စိတ်မကောင်းပါဘူး။ သမီးကို အများကြီး ထိခိုက်စေမိပြီ”

“သွား သမီးရဲ့အစ်ကိုကို သွားစစ်ကြည့်လိုက်ဦး။ သူ အဆင်ပြေတာ မြင်ရတော့ ဝမ်းသာပါတယ်။ သူ အဆင်‌ပြေမှပဲ ငါ ဝမ်းသာနိုင်မှာ”

“လောင်မာ ငါနောက်ဆုံးတော့ မင်းရဲ့စကားကို ဖြည့်ပေးနိုင်ခဲ့ပြီ။ ဘယ်ကလေးမှ မထိခိုက်သွားဘူး။ နောက်ပြီး ငါလည်း...”

သူ၏ စကားမဆုံးခင် မျက်လုံးက လန်လျှက် သတိလစ်သွားပြီ ဖြစ်သည်။ အနောက်မှ လူတစ််အုပ်က အပြေးလာပြီး သူ့ကို သယ်ပွေ့ကြသည်။

ကျန်သော လုံခြုံရေးအဖွဲ့ဝင် အားလုံးကလည်း အပြင်ဖက်မှ လူနာတင်ကားများကို အကြောင်းကြားလိုက်ပြီး ဆေးဝန်ထန်းများကို အပြေးလွှားစေလျှက် ကလေးများကို ကယ်ဆယ်စေသည်။

ဆုပိုင်က ရဲရင်သော ကောင်ကလေးကို သူနာပြုထံ အပ်ပေးလိုက်ပြီး အိမ်ထဲသို့ တစ်လှမ်းချင်းဆီ ဝင်သည်။

ခရက်

တံခါးကို တွန်းဖွင့်လိုက်ပြီးနောက်တွင် ထောင့်တစ်နေရာတွင် ရှိနေသည့် ကူကယ်ရာ မဲ့နေသည့် မျက်လုံးအစုံပေါင်းများစွာကို မြင်လိုက်သည်။ ဆုပိုင်က အသက်‌ဖြည်းဖြည်း ရှူပြီး ဦးခေါင်းခွံကပင် ကျိန်းတက်သွားသလို ခံစားရ၏။ သူ၏ ခန္တာကိုယ််တစ်ခုလုံးကပင် ထိန်းချုပ်ရန် ခက်ခဲလောက်အောင် တုန်လာသည်။ အိမ်ထဲတွင် ရှိနေသည့် ကလေးတစ်ယောက်ချင်းဆီက ဒုက္ခိတ ဖြစ်နေကြပြီး ကျိုးကန်း ကုန်ကြ၏။ သူတို့၏ အရှေ့တွင််လည်း ဇလုံနှစ်လုံးရှိ၏။ ဇလုံတစ်လုံးအတွင်းတွင် သိုးနေသည့် ထမင်းများ ရှိ‌သည်။ တခြားတစ်လုံးတွင်မူ ညစ်ပတ်နေသော ရေများ ရှိသည််။

“ရက်စက်လိုက်တာ”

ဆုပိုင်လည်း တစ်ချက်အော်လိုက်ပြီး အိမ်အပြင်ဘက်သို့ အပြေးအလွှားထွက်လျှက် လှမ်းအော်လိုက်ကာ ကလေးတစ်ယောက်ချင်းဆီကို သယ်ထုတ်စေသည်။

“ဟစ်”

221 02

ဆေးကုသအဖွဲ့ဝင် ပေါင်းများစွာက အပြေးအလွှား ဝင်ရောက်လာသောအခါ ထိုမြင်ကွင်းကို မြင်လိုက်ကြပြီး အလွန်အမင်း ဝမ်းနည်းသွားကြသည်။ ထိုဒုက္ခိတကလေးများသည် ပိန်ကပ်လျှက် နံဟောင်နေသော ရနံ့များနှင့်အတူ မြေပြင်ပေါ်တွင် အားနည်းစွာလဲနေကြသည့် မြင်ကွင်းက ဝမ်းနည်းစရာ ကောင်းသည်။

ကလေးများ၏ ခန္တာကိုယ်တွင် ကောင်းမွန်သော အစိတ်အပိုင်းရယ် မရှိတော့ချေ။ သူတို့သည် ထိုအခြေအနေသို့ ရောက်အောင်ထိ နှိပ်ဆက်ခံလိုက်ရသည်။

“ဝူးဝူးဝူး”

“မကြောက်နဲ့နော်။ ဒေါ်…ဒေါ်လေးက ပွေးထားပေးမယ်။ အိမ်ကိုပြန်ကြမယ်နော်”

“ဟုတ်တယ်။ ဟုတ်တယ်။ အိမ်ပြန်ရမယ်။ နာသေးလား”

“ဒီလူတွေကို ပစ်သတ်သင့်တာ။ သူတို့က လူသားစိတ်တောင် မရှိကြတော့ဘူး။ ဒီလောက် လိမ္မာတဲ့ ကလေးကို ဒီလိုအခြေအနေထိ ရောက်အောင် နှိပ်ဆက်ထားကြတာ”

အမျိုးသမီး သူနာပြုတစ်အုပ်က ထိုအခြေအနေကို မြင်သောအခါ မျက်ရည်များက အတန်းလိုက် စီးကျလာပြီး သူတို့၏ မျက်လုံးများကဝါးလာကြသည်။ သူတို့သည် ကလေးများကို တစ်ယောက်ချင်းဆီ ပွေ့ချီလျက် လူနာတင်ယာဥ်ပေါ်သို့ တင်ချိန် တစ်ကိုယ်လုံးက တုန်နေကြသည်။

ဆုပိုင်က အသက်ပြင်းပြင်း ရှူလျှက် နံရံတွင် လက်ထိပ်ခက်ကာ ရပ်နေကြသည့် လူသုံးယောက်ကို ကြည့်ကာ တစ်လှမ်းချင်းဆီ တက်သွားသည်။

“မင်းတို့ ဖမ်းထားတဲ့ တိရစ္ဆာန်က ဘယ်မှာလဲ”

အရှေ့မှ လူသုံးယောက်က သူ့ကိုတစ်ချက်သာကြည့်ပြီး နှုတ်ခမ်းများက လှောင်ပြုံး ပြုံးပြီး လစ်လျူရှုလိုက်ကြသည်။

“ခေါင်းပြားတကော”ဆုပိုင်က အော်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် အနက်ရောင် အရိပ်တစ်ခုက ခြံထဲမှ အပြေးဝင်လာကြောင်း မြင်လိုက်ရသည်။

ကွက်

အော်သံတစ်ချက်နှင့်အတူ ပျားတူခွေးတူဝက်တူက သူ၏သွေးနီရောင် မျက်လုံးတစ်စုံက အသာကျဉ်းမြောင်းပြီး အနီးရဆုံးလူတစ်ယောက်ကို တိုက်ရိုက် ခုန်အုပ်ချလျှက် ထက်ရှိသော လက်သည်းကို ဆန့်ထုတ်ရင်း ပေါင်ကို ဆွဲဖြဲလိုက်သည်။ ထိုသို့ဖြင့် အသားများက ပဲ့ထွက်ပါလာသည်။

ဝုန်း

သူသည် သူ၏မျက်လုံးကို အသာလှုပ်ခတ်လျှက် လက်သည်းကို ပြန်ရုတ်လိုက်ပြီး အခြားသော လူနှစ်ယောက်ကို သုံမှုန်စွာပြန်ကြည့်သည်။

ဟစ်။

ငါ သိတယ်။ ‌ခေါင်းဆောင်ရွှီဆီက ကြားထားတဲ့ အတိုင်းဆို အဲ့ခွေးကို ပြည်ပကို ရောင်းလိုက်ပြီ”

“ဟုတ်တယ်။ ဟုတ်တယ်”

“ပက်ထရိုလီရမ် မဟာမိတ်လို့ ခေါ်တဲ့နေရာကို ရောင်းလိုက်တာ”

ထိုနှစ်ယောက်က သူတို့၏ အပေါင်းဖော်၏ ဆိုးရွားသောပုံစံကို ကြည့်လိုက်တိုင်း တစ်ကိုယ်လုံး တုန်တက်လျှက် အလျှင်စလို ပြောကြသည်။

“ပက်ထရိုလီရမ် မဟာမိတ်လား”

ဆုပိုင်က အံကြိပ်သည်။

“သေပြီးတာတောင် တစ္ဆေ ရှိနေတုန်းပဲ။ အရင်တစ်ခေါက် သင်ခန်းစာက မလုံလောက်သေးဘူးပဲ။ ကြည့်ရတာ ဒါ ဒီတစ်ကြိမ်မှာ သူတို့ကို ကောင်းကောင်း ကိုင်တွယ်ဖို့ လိုအပ်နေပြီ”

ဆုပိုင်က ဘေးဖက်မှ တိရစ္ဆာန် ၃ကောင်ကို မှိတ်လုံး မှိတ်ပြလိုက်သည်။ ထို့နောက် နောက်ဖက်သို့ တိတ်တဆိတ် ထွက်ခွာခဲ့လိုက်သည်။

တစ်ချိန်တည်းဆိုသလိုပင် ပျားတူခွေးတူဝက်တူ၊ ရွှေ‌မြွနဲ့ ဟာလီတို့က တစ်ချိန်တည်းပင် ခုန်အုပ်လိုက်ကြသည်။

“အား ကယ်ကြပါ။ မလုပ်”

“ကျေးဇူးပြုပြီး ငါတို့ကို မသတ်ပါနဲ့ လွှတ်ပေးပါ။ လွှတ်ပေးပါ”

“မင်းဆို့မှာ ဒီလို လုပ်ပိုင်ခွင့် မရှိဘူးနော်”

လူတိုင်းက တိရစ္ဆာန်၃ကောင်ဟာ သန်မာသောလူ၃ယောက်ကို သေသည်အထိ နှိပ်ဆက်လိုက်သော မြင်ကွင်းကို မျက်လုံး အပြူးသားဖြင့် ကြည့်လိုက်ကြသည်။

“ဒါက”

221 03

လုံခြုံရေးရုံးတော်က လူများက မှင်သက်စွာ ရပ်နေမိသွားသည်။ သာမှန် အခြေအနေအရ ထိုလူများကို ဖမ်းဆီးလျှက် မျက်မြင်သက်သေအဖြစ် စုစည်းပြီး တရားဝင် စောင့်ရမည် ဖြစ်သည်။ ယခုအခါ လူကုန်ကူးသူများ အားလုံး သေသွားသည်။ ဒါဆိုရင် သူတို့ ဘယ်လို သတင်း ပြန်ပြီးပို့ရမှာလဲ။

သို့ရာတွင် ထိုတိရစ္ဆာန်များက ထိုကောင်များကို နှိပ်ဆက်နေသော မြင်ကွင်းကို မြင်လိုက်ချိန် အလိုလျောက်ပင် စိတ်အေးသွားသလို ခံစားလိုက်ရသည်။

“အမှန်တိုင်းပဲ သတင်းပို့လိုက်။ ဒီအတိုင်း ဒီအကောင်လေးတွေကို မတားနိုင်ဘူးလို့ ပြောလိုက်ပေါ့”

ဆုပိုင်က လူတိုင်း၏ တုန့်ဆိုင်းနေသော မျက်နှာကို မြင်လိုက်သောအခါ ခပ်တိုးတိုး ပြောလိုက်သည်။

“နောက်ပြီး”

“ဒီလိုလူတွေ အသက်ရှင်နေသမျှ ကာလပတ်လုံး နှိပ်ဆက်ခံလိုက်ရတဲ့ကလေးတွေအတွက် နှိပ်ဆက်ခံရမှု တစ်မျိုး ဖြစ်နေဦးမှာပဲ။ သူတို့ သေသင့်တယ်”

ထိုသို့ပြောပြီးနောက် ဆုပိုင်က တိရစ္ဆာန်လေးများကို ဦးဆောင်လျှက် အိမ်ထဲမှ ခပ်မြန်မြန် ထွက်သည်။

“ဟုတ်တယ်။ ဒါရိုက်တာဆုပိုင် ပြောတာမှန်တယ်။ ဒီလိုသားရဲကောင်တွေက ကလေးတွေကို ဒီလောက်အထိ နှိပ်ဆက် ထားကြတာ။ သူတို့ ဒီလိုသေသွားတာတောင်မှ လွယ်လွန်းနေသေးတယ်”

“ဒါဆိုရင် ငါတို့ဘယ်လို ရီပို့တင်ရမှာလဲ”

“လူကုန်ကူး‌သူတွေက အင်အားအရမ်းကြီးလွန်းလို့ ထိန်းမရတာနဲ့ နေရာမှာပဲ ပစ်သတ် လိုက်ရတယ်လို့ပြောပေါ့”

“ဘာပဲ ဖြစ်ဖြစ် သူတို့က သေသင်တဲ့လူတွေပဲ”

လူတိုင်းက တံခါးဝသို့ ထွက်သွားသော ပုံရိပ်ကို ကြည့်လိုက်ကြပြီး နောက်ဖက်မှ လိုက်သွားသော တိရစ္ဆာန်လေးများကို ပြန်ကြည့်သည်။ သူတို့အားလုံး‌ ကျောရိုးတောက်လျှောက် ဖြောင့်မတ်ထားလျှက် ညာဖက်လက်ကို နှဖူးနား ကပ်လိုက်ကြသည်။

ချန်ထားခြင်း မရှိလျှင်ပင် ဒီစီမံကိန်းတစ်ခုလုံးက ထိုတိရစ္ဆာန်လေး ၃ကောင်ကို မှီခိုခဲ့ခြင်းဟု ပြောရပေမည်။

ထို တိရစ္ဆာန်လေးများ၏ အကူအညီသာ မရှိလျှင် သူတို့သည်လည်း ကလေးများကို လွယ်ကူစွာ ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ သိထားရမည်မှာ သူတို့တွေ လုံခြုံရေးရုံးတော်က စီမံကိန်းတစ်ခု ကျဆုံးပြီးကာစ ဖြစ်သည်။

ဆုပိုင်က ‌အဝေးတွင် ရှိသော ရေတိုင်ကီ၏ ‌အရှေ့တွင် ရပ်ရင်း အကောင်ငယ်လေးများ၏ ခန္တာကိုယ်ပေါ်မှ သွေးများကို ဆေးကြော ပေးလိုက်သည်။

ကြည့်ရတာ အာဟက ပြည်ပ အပို့ခံလိုက်ရပြီပဲ။ စီမဟာမိတ် အထိတောင် ရောက်သွားသေးတယ်။ ဒီတစ်ကြိမ်မှာတော့ အရင်တစ်ခေါက်နဲ့ မတူဘူး။ အရင်‌တစ်ခေါက်က တိတ်တဆိတ် ချောင်းဝင်လို့ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ မဖြစ်နိုင်တော့ဘူး။

သို့ရာတွင် ဆုပိုင်က အာဟသည် အချိန်တစ်ခု ကြာသည်အထိ အန္တာရယ် မရှိလောက်ကြောင်း ခံစားမိသည်။ မည်သို့ပင်ဆိုစေ ထိုလူများသည် တရုတ်နိုင်ငံမှ တိရစ္ဆာန်များကို မည်သည့်နည်းနဲ့မဆို လိုချင်နေခဲ့သည်မှာ သူတို့၏ မျိုးရိုးဗီဇများကို စစ်ထုတ်၍ ပို၍ကြောက်စရာ ကောင်းသော မကောင်းဆိုးဝါးများကို ဖန်တီးလို ခြင်းဖြစ်သည်။ သို့သော်...

တရုတ်နိုင်ငံကို ထပ်ခါတလဲလဲ လာနေလျှင် ဒီတစ်ကြိမ် ပြဿနာကို ကောင်းကောင်း ဖြေရှင်းရတော့ပေမည်။

“သွားမယ်”

ဆုပိုင်က အံကို တစ်ချက်ကြိတ်လိုက်ပြီး ကောင်ငယ်လေးများကို ခပ်တိုးတိုး လှမ်းပြောသည်။

“ဒီတစ်ကြိမ် ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ပြန်ပြီးရင် နောက်တစ်ခေါက် မင်းတို့ ပိုပြီး ပြင်းထန် ကြမ်းတန်းတဲ့ တာဝန်ကို ဆင်နွှဲရလောက်ရတယ်။

“ကွက်”

“ငါကတော့ ပိုကြိုက်တယ်။ ဘယ်အချိန် သွားမှာလဲ”

ထိုစကားကို ကြားသောအခါ ခေါင်းပြားသာ့ကောက စိတ်လှုပ်ရှားပြီး တုန်ယင်သွားလျှက် မော့ကြည့်လျှက် မေးသည်။

“သိပ်မကြာခင်ပေါ။ အဲ့ဒီအချိန်ကျရင် မင်း အများကြီး လှုပ်ရှားရမှာ”

ဆုပိုင်က ခေါင်းပြား သာ့ကော၏ ခေါင်းကို ပုတ်ပြီး ခပ်တိုးတိုး ပြောသည်။

သူ အရင်ဆုံး တရုတ်နိုင်ငံကို သတင်းပို့ရမယ်။ သူတစ်ယောက်တည်းဆိုရင် ခက်ခဲမှာပဲ။ ဒါပေမဲ့...

အချိန်က စောင့်နေမှာ မဟုတ်ဘူး။

ဆုပိုင်သာ အချိန်ရှိလျှင် ဒိုင်နိုဆော တစ်ဖွဲ့ကို သွားကယ်ပြီးမှ ပက်ထရိုလီရမ်၏ မြေပြင်ကို ပြားကပ်သွားအောင် လုပ်ချင်သေးသည်။

.....

++++++ 222 01

အခန်း 222

တရုတ်ပြည်

ကျိုတို အမြင့်ဆုံသော အဆင့်ရှိ အစည်းဝေးခန်း။

ဒုန်း

ခရက်

“သေစမ်း ဒီကိစ္စက မပြီးသေးဘူးလား”

ရုံလုံက သူ၏ရေခွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ပြင်းထန်သော နှာရှူသံကို လွှတ်ထုတ်လိုက်သည်။ သူ၏မျက်လုံများက ပြူးကျယ်ရင်း အောက်ဖက်မှ အရာရှိကို ကြည့်ကာ ခပ်ကြမ်းကြမ်း ဆူပူသည်။

“နန်ဆက်မှာ ဘာပြဿနာတွေ ဖြစ်လာဖြစ်လာ ငါသူတို့အားလုံးကို အသင်းထဲက ဖယ်ထုတ်ရင်း စာရင်းရှင်းရမယ်။ ဒီကောင်က အမြင်ကျဥ်းတဲ့ အမှိုက်တစ်သိုက်ပဲ”

သေးငယ်တဲ့ အကျိုးအမြတ်ကြောင့်နှင့် သူတို့က နယ်စက်က လုံခြုံရေး ဝင်ပေါက်ကိုတောင် တိတ်တဆိတ် ဖွင့်ပေးပြီး ဒီကောင်တွေကို ကုန်ကူးခွင့် ပြုလိုက်သေးတယ်။

“သေစမ်း”

“တိုက်ပွဲ အတွင်းမှာဆိုရင် အားလုံးကို ငါ ပစ်သတ်လိုက်တယ်”

“ဆီမဟာမိတ်က ကောင်တွေကလည်း အရှက်မဲ့လွန်းတယ်။ သူတို့အားလုံး အတူတူပဲ”

“ဟုတ်တယ်”

အောက်ဖက်မှ လူများအားလုံးကလည်း ဟုတ်ကြောင်းသာ ထောက်ခံနိုင်သည်။

လုံရုံက အသက်ရှု ကြပ်လာသဖြင့် ခက်ပြင်းပြင်း အသက်ရှူ ထုတ်လိုက်ပြီး လေးနက်သော လေသံနှင့် ပြောသည်။

“ဒီတစ်ကြိမ်မှာ ငါတို့ ပက်ထရိုလီရမ် မဟာမိတ်ကို ခပ်ကြမ်းကြမ်း ပညာပေးရတော့မယ်။ အခုချက်ချင်း အမိန့်ထုတ်ပြီး အနားယူပြီးသား အဲ့ဒီစစ်သားတွေကို ကြေးစားစစ်သားတွေ အဖြစ် ရုပ်ဖြတ်ပြီး လွှတ်လိုက်။ ဒီတစ်ကြိမ်မှာ...”

“ငါတို့ ပက်ထရိုလီရမ် နယ်မြေတစ်ခုလုံးကို အမြစ်ကနေ မနှုတ်နိုင်ရင် ဒီကောင်တွေကို ပြန်မလာခိုင်းနဲ့တော့”

“ဒီလောက် နှစ်တွေကြာနေပြီ။ ဟမ့် ငါတို့ကို ဒီလောက်အထိ ငါတို့ကို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေကြတဲ့ပုံပဲ။ လုံဝ အလွတ်မပေးနိုင်ဘူး”

“ဒါ့အပြင်”

ထိုသို့ပြောပြီးလျှင် ရုံလုံဟာ မျက်လုံးများကို အသာကျဥ်းမြောင်းလျှက် စိုးရိမ်မှု အပြည့်နှင့် ပြောသည်။

“လူတွေ အများကြီး လွှတ်ထားတဲ့ အဓိကရည်ရွယ်ချက်က ဒါရိုက်တာဆုပိုင်ရဲ့ လုံခြုံရေး။ နောက်ပြီး အဲဒီတိရစ္ဆာန်တွေရဲ့ လုံခြုံရေး။ ဒါ့အပြင် ဒါရိုက်တာ ဆုပိုင်က သူ့ရဲ့ တိရစ္ဆာန်တွေကို ခေါ်သွားမှာ။ သူတို့ရဲ့ တိုက်ခိုက်နိုင် စွမ်းအားကလည်း အားမနည်းဘူး။ ဒီတစ်ကြိမ်မှာ”

“တရုတ်ပြည်ကို ဒုက္ခလာပေးရဲတဲ့ အဲဒီအကောင်တွေကို သူတို့ ဒီလို လုပ်ရဲကတည်းက နောက်ဆက်တွဲကို တောင်ခံဖို့ ပြင်ဆင် ထားသင့်တယ်လို့ ပြသပေးရမယ်”

“ဒါရိုက်တာ ဒါဆိုရင် တခြားတိုင်းပြည်တွေက ပါလာခဲ့ရင်”လီရှင်းက စိုးရိမ်တကြီး ပြောသည်။

“သောက်ကျိုးနည်း။ မင်းက ဘာကို ပြောတာလဲ”

ရုံလုံက ကျိန်ဆဲလိုက်ရင်း စိုက်ကြည့်သည်။

“ငါ မင်းကို ပြောမယ်။ မင်း တရုတ်ပြည်က ထွက်သွားတာနဲ့ မင်းက ကြေးစားစစ်သားပဲ။ ငါတို့ တရုတ်ပြည်နဲ့ ဘာပတ်သက်မှု ရှိလို့လဲ။ ဒါကြောင့် တစ်ယောက်ယောက်က မင်းကို လာရှုပ်ရင် သတ်လိုက်”

“တစ်ခုခု ဖြစ်လာခဲ့ရင် ငါ တာဝန်ယူမယ်”

222 02

“ကောင်းကင်ပြာ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက ကလေးတွေကို ကယ်တင်ပေးခဲ့တာ။ ဒါကြောင့် အများအမြင်က အထွတ်ထိပ်မှာ ရှိနေတာ။ ဒါကြောင့် ဘယ်လို နည်းနဲ့မဆို ဒီလူတွေကို ခပ်ကြမ်းကြမ်း နာကျင်သွားအောင် သင်ခန်းစာ ပေးရမယ်”

“ဒါ့အပြင် တရုတ်ပြည်သားတွေကသာ စိတ်ပျက်သွားခဲ့ရင် ငါတို့ ဒီဝတ်စုံကို ဘာလို့ ဆက်ဝတ်နိုင်ဦးမှာလဲ။ ဘယ်လို မျက်နှာနဲ့ ဆက်ဝတ်ရမှာလဲ”

“မြန်မြန် သွားပြင်ဆင်တော့။ လူတိုင်းကို ချင်တုမှာ စုစည်းခိုင်းလိုက်”

အစည်းဝေးခန်းထဲမှ အပြေးအလွှား ထွက်သွားသော လူများကို ကြည့်နေရင်း ရုံလုံက ကုလားထိုင်ပေါ်တွင် နွမ်းနယ်စွာ ထိုင်လိုက်သည်။ သူသည် အသက်ဖြည်းဖြည်း ရှူ၏။

“ဒါရိုက်တာ ဆီမဟာမိတ်ကိုသာ ဖျက်စီးလိုက်ရင် ဒါဆိုရင် နောက်ဖက်က ရှယ်ယာဝင်တွေက ငါတို့ကို ဆီတွေ ရောင်းတော့မှာ မဟုတ်ဘူး”

လက်ထောက်က စိုးရိမ်တကြီး ပြောသည်။ သူ၏ ကျောဖက်ကိုလည်း အသာနှိပ်ပေးနေသေးသည်။

“ဒီနေ့ခေတ်မှာ ခိုးဝင် ကရတဲ့ ဆီတွေက နည်းသည်ထက် နည်းလာပြီ။ ဒါကြောင့် ငါတို့ရဲ့ ပြည်တွင်းလိုအပ်ချက်အရ တာရှည်တောင့်ခံထားနိုင်မှာမဟုတ်ဘူး”

“ငါ သိတယ်”

လုံရုံက လေးနက်သော လျှာသံလေသံနှင့် ပြောသည်။ သို့ရာတွင် ဒီနေ့အဖြစ်အပျက်ဟာ ဆိုးလွန်းသည်။

ဒီတစ်ကြိမ်တွင် လူကုန်ကူးသူများထံမှ ကလေးများကို ကယ်ဆယ်မှုအား အင်တာနက်တစ်ခွင် ပြန့်နှံ့နေရုံသာ မကသေးလေဘဲ လူကုန်ကူးသူခေါင်းဆောင်က တိရစ္ဆာန်တစ်ကောင်ကို ယူလျှက် ပြည်ပသို့ ရောင်းလိုက်သည်။ ထိုသတင်းကသာ ဆက်ပြန့်သွားခဲ့သော်

ထို့နောက်...

ရုံလုံသည်ပင် အုံကြွလာပြီး အများပြည်သူကို ထိန်းနိုင်မည်ဟု မတွေးရဲပေ။

“ငါတို့ ဘာအတွက်ပဲ တိုက်ခိုက်နေ တိုက်ခိုက်နေ ဘယ်လိုပဲ လုပ်ရလုပ်ရ ဒီတစ်ကြိမ်မှာတော့ လက်လျော့လို့မရဘူး”

“နောက်ပြီး မင်းလည်း သိပါတယ်။ ဟွန်း ဒါရိုက်တာဆုပိုင်က ရေနေသတ္တဝါတွေကို ကယ်ဆယ်လိမ့်မယ်”

“ကုန်းမြေမှာ အကြီးဆုံးအပိုင်းက ရေထဲမှာ ရှိတယ်။ နောက််ပြီး သမုဒ္ဒရာ ကြမ်းခင်းပြင်အောက်မှာ ရှိနေမဲ့ ဆီပမာဏက အဲ့ဒီကုန်းမြေပေါ်ကထက် ပမာဏပေါင်း မြောက်များစွာ များပြားနေမှာပဲ”

“ဒီအတွက်ဆိုရင်တောင်မှ ငါတို့တွေ မတော်တဆမှုအခြေအနေကို ဖြစ်ပွားခွင့်ပြုလို့ မရဘူး။ နောက်ပြီး ကောင်ကင်ပြာ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေက ငါတို့အပေါ်အရေးပါမှုကိုထည့်မပြောရသေးဘူး”

ရုံလုံက အသက်ဖြည်းဖြည်းရှူပြီး စိတ်ကို ငြိမ်အောင်ထားလိုက်သည်။ ထို့နောက်ပြော၏။

“တိရစ္ဆာန်တွေကို ကယ်ဆယ်ပြီးတာ တိုတောင်းတဲ့ အချိန်ကာလပဲ ရှိသေးတာတောင် ဒီလောက်ထိ ပြဿနာတွေ အများကြီး‌ ရှိနေပြီး တရုတ်နိုင်ငံကသာ ကောင်းကင်ပြာ တိရစ္ဆာန်ကို ကောင်းကောင်း မကူညီပေးနိုင်ခဲ့ရင် အဲဒီနောက်...”

“ငါတို့တွေ အများကြီး အကျိုးပြုထားတဲ့ တိရစ္ဆာန်တွေကို အားနာနေရမဲ့ အပြင် ငါတို့ ဝတ်ထားတဲ့ ဝတ်စုံတွေ အတွက်တောင် အားနာနေရလိမ့်မယ်”

“ကြင်နာမှု”

လက်ထောက်က ခေါင်ကို ခပ်ကြမ်းကြမ်း ညိတ်လိုက်သည်။

“ဟုတ်တယ်။ ဒါရိုက်တာ ဆုပိုင်က ဒေါသထွက်သွားပြီး တိရစ္ဆာန်တွေကို မကယ်ဆယ်တော့ရင် အဲ့ဒီနောက်...တရုတ်နိုင်ငံကြီးရဲ့ ဆုံးရှုံးမှုဟာ အရမ်းကို ကြီးမားသွားလိမ့်မယ်။ နောက်ပြီးဒါက လူသားတစ်မျိုးနွယ်လုံးအတွက်လည်း ဖြစ်တယ်။ ဒီတစ်ကြိမ်မှာ...”

ဆီမဟာမိတ်ကို အမြစ်ကနေ လှန်ရမယ်။

.....

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ

“အစ်ကို မင်းထုတ်ပိုးလို့ ပြီးပြီလား”

ကျိုးကျန်းက သူ၏လက်နက်ကို အိပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အိမ်ထဲသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

“ပြီးပြီ”

လောင်ကျိုးက တခဏခန့် တွေးတောပြီးနောက်တွင် သူ၏ စနိုက်ပါ ရိုင်ဖယ် သေနတ် သေတ္တာကို ကျောတွင် တင်ကာလွယ်လိုက်သည်။ ထို့နောက် သေသပ်သော တိုက်ပွဲဝင် ယူနီဖောင်းကို ဝတ်လျှက် တ‌ဖြည်းဖြည်းချင်းစီ ထွက်လာသည်။

222 03

“ငါဒီလို ဝတ်စုံမဝတ်ရတာ တော်တော်ကြာပြီ။ ဒါကြောင့် နည်းနည်းလေးတောင် မသက်မသာ ဖြစ်နေသလိုပဲ”

“ဟားဟားဟား ကြွားမနေနဲ့။ အရင်တစ်ခေါက်က ပြန်လာတာ ဘယ်လောက် ကြာသေးလို့လဲ”

ကျိုးကျန်းက အထင်သေးသလို လှောင်ပြောင် ပြုံးလိုက်ပြီး အပြုံးနှင့်အတူ ဆက်ပြောသည်။

“ဒါရိုက်တာဆုပိုင်က ဒီတာဝန်အကြောင်း ငါတို့ကို ပြောပြထားပြီးသား ဟုတ်တယ်မလား”

“သူတို့က ငါတို့ကို တိရစ္ဆာန်တွေနဲ့ လူ ပူးပေါင်းခိုင်းနေတယ်။ ဒါက ငါတို့ရဲ့ ပါရမီတွေကို လာပြီးဖြုန်းတီးရာ မရောက်ဘူးလား”

“ဖွီ”

လောင်ကျိုးက ဆဲရေးရင်း ပြောသည်။

“ဒီကောင်လေးတွေကို အထင်မသေးနဲ့။ ဒီကောင်လေးတွေက ပုံမှန်ရက်တွေမှာ ပျင်းသလို ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ သူတို့သာ တကယ်ခက်ထန်ပြီး ကြမ်းတမ်းလာရင် မင်းတောင် သေနတ်ကိုင်ထားရင်တောင် သူတို့ကို မကိုင်တွယ်နိုင်လောက်ဘူး”

“မမေ့နဲ့။ အရင်တစ်ခေါက် အဲ့ဒီ ၄ကောင်က ဆေးဂိုဏ်းကြီးတစ်ခုလုံးကို သုတ်သင်ခဲ့တာ။ အဲဒီကောင်တွေက မင်းတို့ ကြေးစားစစ်သားတွေထက်တောင် ကြမ်းတမ်းသေးတယ်။ သူတို့ရဲ့ လက်နင်တွေ ပစ္စည်းတွေက မင်းထက်မနိမ့်ဘူး”

“ဟုတ်တယ်”

ကျိုးကျန်းကလည်း တွေးတွေးစစ ခေါင်းညိတ်သည်။

“ဒါ့အပြင်”

ထိုအချိန်တွင် လောင်ကျိုးက အပေါ်သို့ တစ်ချက်မော့ကြည့်ရင်း လေသံကို တိုးကာပြောသည်။

“ဦးနှောက်ကိုသုံး”

“ဒါရိုက်တာဆုပိုင်က ငါတို့နှစ်ယောက်ကို တိရစ္ဆာန်တွေနဲ့ ပူးပေါင်းဖို့ ဘာလို့ခိုင်းတယ်လို့ ထင်လဲ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့မျက်လုံးထဲမှာ ငါတို့က သူ့ရဲ့ မိသားစုဝင်တွေ။ ဒီကောင်လေးတွေရဲ့ မျက်လုံးထဲမှာ ငါတို့က သူတို့ရဲ့ မိသားစုဝင်တွေဖြ စ်နေလို့”

“တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို ကြည့်။ အထူးသဖြင့် ထရိုင်နိုစောရက်လို အကောင်မျိုးတွေ”

“အနာဂါတ်မှာ အဲ့ဒီလို အကောင်မျိုးတွေ များများရလာခဲ့ရင် အဲ့ဒီနောက် ဒါရိုက်တာဆုပိုင်လက်ထဲက အင်အားက အချို့တိုင်းပြည်‌တွေထက်တောင် သူသွားလိမ့်မယ်”

“ငါတို့ ကောင်းကောင်းပူးပေါင်း ဆောင်ရွက်ထားရမယ်။ ဒါက အနာဂါတ်မှာ ပိုကြီးတဲ့ တိုက်ခိုက်အင်အားတစ်ခု ဖြစ်လာနိုင်တယ်။ ငါတို့က ဒီကောင်လေးတွေနဲ့ အမြန်ဆုံးရင်းနှီးအောင် လုပ်ထားရမယ်။ တိုက်ခိုက်နည်းတွေကို ကျွမ်းကျင်အောင် လုပ်ထားရမယ်။ အဲ့ဒီနောက်...မင်း အဲဒီစစ်သားတွေရဲ့ မျက်နှာပေါ်က မနာလိုမှုတွေကို မမြင်ဘူးလား”

“ဒါတောင် ဘယ်သူမှ မတောင်းဆိုနိုင်ဘူး”

“အစ်ကို ဟုတ်တယ်။ ငါ မင်းပြောတာ နားထောင်မယ်။ ငါ ဒါကို ဘာကြောင့် မတွေးမိရတာလဲ။ ငါတို့က ကောင်းကင်ပြာ တိရစ္ဆာန်ရုံအပိုင်ပဲ။ ငါတို့ရဲ့တစ်ဘဝလုံးကို ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ရင်းနှီး မြှုပ်နှံထားတာ။ဒါကြောင့် တစ်ယောက်ယောက်ကသာ ဒီကောင်လေးတွေကို ထိခိုက်နာကျင်အောင် လုပ်ရဲရင် ငါကတော့ ငါ့ရဲ့ အသက်ကို စတေးလိုက်မှာပဲ”

ကျိုးကျန်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးနောက် အံကိုကျိတ်ကာ ပြောသည်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အိမ်ထဲမှ ထွက်လိုက်သည်။

ထိုအချိန်တွင်...

တိရစ္ဆာန်ရုံ၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော လူပေါင်းများစွားက စုစည်းလျှက် ရှိနေကြလေသည်။ ထိုထဲတွင် ဝင်ပေါက်ရှေ့တွင် ရောင်းနေသော စျေးဆိုင်မှ လူများအပြင် ချင်တုမှ လူများပင် ပါဝင်နေသေးသည်။ ထို့အပြင် ဒီတစ်ကြိမ် ချွမ်တုထံမှာ ကယ်ဆယ်ခံရသော ကလေး၏ မိခင်များလည်းပါသည်။

“‌ဝိုး ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ဒီဘဝမှာ ဘယ်လိုများ အသက်ရှင်ရမှာလဲ။ ငါတို့မှာ ဒီကလေးတစ်ယောက်ပဲ ရှိတာ။ ငါတို့သာ သူ့ကို မရှာတွေ့ရင် တစ်မိသားစုလုံက သေဖို့ပဲ ရှိတော့တယ်”

“မြန်မြန် မြန်မြန် ဒါရိုက်တာဆုပိုင်ကို ဒူးထောက်ပြီး ဂါဝရပြုကြလေ။ ဒါက ငါတို့ တစ်မိသားစုလုံးရဲ့ ကျေးဇူးရှင်ကြီးပဲ”

222 04

ဆုပိုင်က ကောင်းကင်ပြာ တိရစ္ဆာန်ရုံထဲမှ ထွက်လာပြီးပြီးချင်း ရိုးရှင်းသော အဝတ်စားများကို ဝတ်ဆင်ထားသော လူတစ်အုပ်က ဝိုင်းသွားသည်။

“အားလုံးပဲ ထကြပါ။ အားလုံးပဲ ထကြပါ”

ကလေးများကို ဆွဲခေါ်လျှက် ဒူးထောက်ခိုင်းကြသော မိဘတစ်အုပ်ကို မြင်သောအခါ ဆုပိုင်က ခပ်မြန်မြန် ငုံ့ကိုင်းပြီး ကလေးများကို ထူပေးသည်။ အထူးသဖြင့် ရှေ့ဆုံးမှ မောင်နှမနှစ်ယောက် ဖြစ်သည်။

ထိုမိဘများသည်‌ တောင်တန်းများကို ကျော်ဖြတ်ပြီး လာခဲ့ရလောက်သည်။ ဆုပိုင်ကလည်း ပြုံးပြီး အရင်ပြောလိုက်သည်။

“အားလုံးပဲထပြီ ကလေးတွေကို တိရစ္ဆာန်ရုံထဲကို ခေါ်သွားကြပါလား။ အဲ့ဒီထဲမှာ သစ်လုံးအိမ်လေးတွေလည်း ရှိတယ်။ ဒါကြောင့် ရက်အနည်းငယ်လောက်တော့ နေဖို့တော့ အဆင်ပြေပါတယ်”

“ငါတို့ အဲဒီလိုနေပါမယ်”

“ဦးလေး ဆုပိုင် ကျေးဇူးတင်ပါတယ်”

ထိုအချိန်တွင် ရှေ့ဆုံးက ကောင်ငယ်လေးက သူ့ကို လေးနက်စွာ ဂါဝရပြုရင်း ပြောသည်။ သူ၏နှုတ်ခမ်းထောင့်ကလည်း ကော့တက်နေသေးသည်။

“ငါ ကြီးလာတဲ့အခါ ငါလည်း တိရစ္ဆာန်တွေအများကြီးကို သေချာပေါက်ကိုမွေးမှာ။ ဒါရိုက်တာဆုပိုင်လို ငါလည်း လူတွေ အများကြီးကို ကယ်ဆယ်မယ်”

“ဟားဟား ကောင်းတာပေါ့”

ဆုပိုင်က ထိုကောင်ငယ်လေးကို အမှန်တကယ် သဘောကျသည်။ ထိုကောင်ငယ်လေးကသာ နောက်ဆုံးအခိုက်တန့်တွင် ထိုသန်မာသော လူကြီးကို မကိုက်ခဲ့ပါက သူတို့၏ လွန်ဆွဲမှုဟာ အလွန်ပြင်းထန် လောက်သည်။ နောက်ပြီး ကောင်ငယ်လေးတွေကို ကယ်ဖို့က ထင်သလောက် လွယ်မှာမဟုတ်ဘူး။

သို့ရာတွင် ဆုပိုင်သည်လည်း အနောက်ဖက်တွင် ဝှီးချဲလ်များဖြင့် ထိုင်နေရသော ကလေးများကို မြင်လိုက်ရချိန် သူ၏နှလုံးသာက ရုတ်တရက် ဆွဲညစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ထိုကလေးများသည် ၁၀နှစ်ကျော်ဝန်းကျင်သာ ရှိလောက်သည်။ သို့မဟုတ် ၁၀နှစ်ပင် မရှိကြသေးချေ။ သို့သော် သူတို့သည် ဒုက္ခိတဖြစ်သည်အထိ အနှိပ်စက်ခံထားရသည်။ သူတို့ ဒီလိုဘဝနဲ့ ဘယ်လိုများ အသက်ရှင်ကြမှာလဲ။

“အာ ‌သောက်ကျိုးနည်း။ သောက်ကျိုးနည်း ရာဇဝတ်သားတွေ။ ငါ ဒီကောင်တွေကို သေတဲ့ထိ သွားသတ်ချင်တယ်”

“ဟုတ်တယ်။ လိမ္မာတဲ့ကလေးတွေက ဒီလောက် အတိုင်းတာအထိ နှိပ်စက်ခံလိုက်ရသည်။ သူတို့အားလုံးကို ပစ်သတ်ခဲ့သင့်တာ”

“လာလာလာ ငါတို့ဒီကလေးတွေကို ကူညီပြီး တိရစ္ဆာန်‌ရုံထဲကို ခေါ်သွားပေးရအောင်။ ဒါရိုက်တာ ဆုပိုင်က အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်စရာ ရှိတယ်ထင်တယ်”

တံခါးနားတွင် ရပ်နေသော စျေးဆိုင်ပိုင်ရှင်တစ်ယောက်က အခြားသောမိဘများနှင့် ကလေးများကို ခေါ်လျှက် တိရစ္ဆာန်ရုံထဲသို့ လိုက်ပြပေးသည်။ ထို့နောက်...

တိရစ္ဆာန်ရုံ၏ ဝင်ပေါက်နှင့် သိပ်မဝေးသော နေရာနားတွင် ရုပ်ဖျက်ထားသော ယူနီဖောင်းကို ဝတ်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်က ရပ်ရင်း နီရဲသော မျက်လုံးများဖြင့် ထိုမြင်ကွင်းကို ကြည့်နေသည်။

သူသည် ထိုအဖွဲ့၏ခေါင်းဆောင် ဖြစ်သည်။ သူသည် ဒီတစ်ခေါက်အတွက် ပက်ထရိုလီရမ်မဟာမိတ်သို့ သွားမည့်ကိစ္စတွင် ဆုပိုင်နှင့် ပူးပေါင်းရန် တာဝန်ယူထားသော အဖွဲ့အစည်း ခေါင်းဆောင် မူဟွေ့ ဖြစ်သည်။

သူသည် ထိုနေရာတွင် ရပ်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ရှေ့သို့တင်ပြီး ဒါရိုက်တာဆုပိုင်ကို အမြန်လုပ်ရန် မပြောပါပေ။

“ခေါင်းဆောင် အချိန်ကျနေပြီ။ အ‌ရှေ့က အသင်းက သွားခဲ့တာကြာပြီဆိုတော့ ငါတို့ အမြန်ဆုံး လိုက်သွားရတော့မယ်”

လောက်ထောင် ခေါင်းဆောင်က ခပ်တိုးတိုး ပြောသည်။

“မစိုးရိမ်နဲ့ ဒါရိုက်တာ ဆုပိုင် ပြီးတဲ့ထိစောင့်။ မူဟွေ့က လက်ကို အသာယမ်းရင်း ခပ်တိုးတိုး ပြောသည်။”

“ဒီအခိုက်တန့်အတွက် စိုးရိမ်မနေနဲ့။ ဒီတာဝန်က အရမ်း အန္တရယ်များတယ်။ ဒါကြောင့် ငါတို့ ဒီတိရစ္ဆာန်တွေရဲ့ လုံခြုံရေးကို သေချာပေါက် တာဝန်ယူရမယ်”

“ဒါ့အပြင် ဒီလောက်ကောင်းမွန်တဲ့ လူတစ်ယောက်။ ငါတို့အားလုံး ဒီတိုက်ပွဲမှာ သေသွားခဲ့ရင်တောင်မှ သူ့ကိုတော့ အသက်ရှင်စေရမယ်”

“ဒီလူတွေကို ကြည့်လိုက်ဦး။ သူတို့ရဲ့ ခံစားချက်တွေက စစ်မှန်တယ်။ သူတို့က သူတို့ရဲ့ စိတ်ရင်းနဲ့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ကျေးဇူးတင်နေကြတာ”

“ဒီတိရစ္ဆာန်က ယာယိအားဖြင့် မင်းတို့ရဲ့လက်ထဲမှာ ကျန်ရစ်ခဲ့ပြီ”

ဆုပိုင်က အားလုံးကို လက်ရမ်းနှုတ်ဆက်ပြီး ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ ဒါရိုက်တာဆုပိုင် ငါတို့ သေချာ ဂရုစိုက်ထားပါ့မယ်”

စျေးဆိုင်ပိုင်ရှင်ပေါင်း များစွာများကလည်း မျက်ရည်များကို သုတ်ရင်း လက်ရမ်း နှုတ်ဆက်ကြသည်။

“လုံလုံခြုံခြုံနဲ့ ပြန်လာခဲ့ကြပါ”

ဆုပိုင်က ပြန်ဖြေလိုက်ပြီးနောက် ခပ်မြန်မြန် လျှောက်လာလိုက်သည်။

“တစ်ဆိတ်လောက် သွားရအောင်”

အရှေ့မှ ခေါင်းဆောင်မုကို ကြည့်ရင်း ဆုပိုင်က လေးနက်သော လေသံနှင့်ပြောသည်။ ထို့နောက် ထွက်ခွာရန် ကြံစည်လိုက်ကြသည်။

.....

All Chapters