← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

++++++ 223 01

အခန်း 223

ဆီမဟာမိတ်

ဝုတ်

အာဟက မျက်လုံးကို တ‌ဖြေးဖြေး‌ချင်းဆီဖွင့်လျှက် အဝေးသို့ ကြည့်သည်။

သူသည် သပ်ရပ်သော အခန်းအတွင်းတွင် ရှိနေသည်။ နံရံများတွင် ထူးဆန်းသော သတ္ထုများကို ကာထားသည်။ သိပ်မဝေးသော နေရာတွင်လည်း ထူးဆန်းသော သတ္ထုချောင်းများ ရှိနေသည်။

အပေါ်သို့ မော့ကြည့်လိုက်သောအခါ သူ၏ခေါင်းအထက်တွင် ကင်မရာဆယ်ခုကျော် တက်ဆင်ထားကြောင်း မြင်လိုက်ရ၏။ ထို့အပြင် ကင်မရာများက လှုပ်နေသေးသည်။

“ချီး။ ဒါက ဘယ်နေရာလဲ”

“နောက်ပြီး အဲဒီသောက်ကျိုးနည်း အဖိုးကြီး ဘယ်ရောက်သွားပြီလဲ”

“မဟုတ်သေးပါဘူး။ မိစ္ဆာဘုရင်ဆုက ဘယ်မှာလဲ။ ဘာလို့ငါ့ကို လာမကယ်သေးတာလဲ”

စက္ကန့်အနည်း‌ငယ်လောက် တွေးတောပြီး အာဟက အခန်းထဲတွင် လှည့်ပတ်လျှောက်ကာ ထူးဆန်းသော ပစ္စည်းများကို ကြည့်သည်။

ဘုန်း

သူက လက်တစ်ချက်ရမ်းလျှက် ဖန်ပုလင်းအချို့ကို အောက်ဖက်သို့ ပစ်ချလိုက်ပြီး ပြုတ်ကျသွားသော ပုံစံကို ကြည့်သည်။ သူ့ကိုမထိသဖြင့် သူသည်လည်း မနာပေ။ အာဟ၏ မျက်လုံးက ပြူးသွားသည်။ မာကျောလိုက်တာ။ ဒါက များသွားပြီ။

သူ၏ နှုတ်ခမ်းများဟာ ကော့တက်သွားပြီး သူ၏ လက်ကို တစ်ချက် ယမ်းလိုက်ပြန်ကာ ထိုပစ္စည်းကို ဆက်လက်ပြီး ပစ်ချပြန်သည်။

ခရက်

ကွဲအက်သွားသံကြားမှသာ အာဟက ရယ်သည်။ ထို့နောက် ခေါင်းကို တစ်ချက်ယမ်းလျှက် အခန်းထဲတွင် ရှိသော ပရိဘောကများကိုကြည့်ကာ လျှာကို တစ်ချက် သပ်လိုက်ရင်း တစ်ကိုယ်လုံးက တုန်ခါသွားသည်။

“အရှင်မြို့သား အထဲက တိရစ္ဆာန်က မကြာခင်နိုးလာလိမ့်မယ်။ ကျွန်တော်တို့ ပထမဦးဆုံး စမ်းသက်ခံပစ္စည်းက...”

အညိုရောင် ဆံပင်နှင့် သက်လက်ပိုင်း လူတစ်ယောက်က ဆိုဖာပေါ် တိတ်တဆိတ် ထိုင်နေသည်။ သူသည် ‌ကျော့ရှင်းသန့်ရှင်းသော ဝတ်စုံကို ဝတ်ဆင်လျှက် ဆံပင်ကိုလည်း သပ်ရပ်စွာ ဖီးတင်ထားသည်။ သူ၏ အရှေ့တွင် မကောင်းဆိုးဝါး ပုံစံငယ်အချို့က ရှိနေသည်။

“ဒီတစ်ခု”

သူက လက်ကို ဆန့်ထုတ်လျှက် တစ်ကိုယ်လုံးတွင် သံမဏိများအုပ်ထားပြီး ခက်ထန်သောပုံစံနှင့် သတ္တဝါ၏ ပုံစံငယ်ကို စားပွဲပေါ်သို့ တင်ကာ နူးညံ့စွာ ပြောလိုက်သည်။

“ဆိုင်မွန်နဲ့ သူ့အဖွဲ့က လမ်းမှား လိုက်မိသွားတာ။ အသွေးသားတွေကို သံမဏိနဲ့ပေါင်းမှ ပိုပြီးအင်အားကြီးတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးနိုင်မှာပေါ့”

“ဒီလိုနည်းလမ်းမှာပဲ ခိုလိုစီယမ်က တိုက်ပွဲတွေ ပိုပြီးရက်စက်လာမှာ”

“နောက်ပြီး ငါတို့ရဲ့ ဘွဲ့လက်မှတ်တွေကလည်း များလာလိမ့်မယ်”

“ဟုတ်တယ်”

သူ၏ အရှေ့ဖက်တွင်ရပ်နေသော သုတေသနပညာရှင်က မျက်မှောင် ကြုတ်လိုက်ပြီး ခေါင်းညိတ်သည်။ ထို့နောက် စိုးရိမ်မှု အချို့ဖြင့် ပြောသည်။

“ငါတို့ ဒီသံမဏိတွေကို ထည့်လိုက်ရင် ဒီမကောင်းဆိုးဝါးတွေက...တိရစ္ဆာန်လို့ သက်မှတ်လို့ မရတော့ဘူး။ ဒါက ငါတို့ အရင် သီအိုရီနဲ့ ဆန့်ကျင့်နေပြီ”

ဝုန်း

မြို့စားက မကောင်းဆိုးဝါး ရုပ်ထုလေးကို စားပွဲပေါ်သို့ ခပ်ကြမ်းကြမ်း ပစ်ချလိုက်ပြီး အပေါ်သို့မော့လျှက် သုတေသနပညာရှင်ကို ပြုံးလျှက်ကြည့်သည်။

“မင်းတို့ကောင်တွေ အရင် videoကို ကြည့်ပြီးသားပဲ။ အဲ့ဒီ ထရိုင်နိုစောရက်လို့ခေါ်တဲ့ အကောင်ကို ဘယ်လို လုပ်ရမလဲဆိုတာသိပြီလား”

“ငါတို့ ပိုက်ဆံ အမြောက်အများသုံးပြီး တိုင်းပြည်အသီးသီးက တိရစ္ဆာန်တွေရဲ့ ရုပ်ကြွင်းကို ဝယ်ထားတယ်။ ဒါပေမဲ့ မင်းတို့ကတော့ ဒီကမ္ဘာမှာ တစ်ချိန်က အသက်ရှိခဲ့ဖူးတဲ့ သတ္တဝါ တစ်ကောင်ကိုတောင် မထုတ်ပေးနိုင်ဘူးလား”

“ဟားဟားဟား”

မြို့စားက ရယ်သည်။ သူ၏မျက်နှာက သုံမှုန်သွား၏။

“ငါတို့ နည်းလမ်းပေါင်းများစွာကို သုံးပြီး ကောင်းကင်ပြာတိရစ္ဆာန်ရုံအနောက်က အသင်းကို စုံစမ်းခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာသတင်းမှ မရဘူး။ မင်းတို့ကသာ ဒီလို သတ္တဝါမျိုးကို အမှန်တကယ် ထုတ်ပေးနိုင်ခဲ့မယ်ဆိုရင်”

“ငါတို့က ဘာလို့ သတ်ဖို့ပဲ သိတဲ့ အဲ့ဒီမကောင်းဆိုးရွားတွေကို အာရုံစိုက်နေရတော့မှာလဲ”

223 02

“အဲ့ဒီအစား ဘာမှတန်ကြေးမရှိတဲ့ အမွှေးပွသတ္တဝါလေးတွေကိုပဲ မွေးထုတ်ပေးတာ မကောင်းဘူးလား”

“ထွက်သွား”

“ဟုတ်ကဲ့”

သုတေသနပညာရှင်၏ မျက်နှာဟာ ဖြူဖျော့သွားရင်း အလျှင်စလို ထွက်ပြေးသွားသည်။

“အမှိုက်တစ်သိုက်ပဲ”

မြို့စားက မျက်မှောင်ကြုတ်ပြီး အော်သည်။ ကိုလိုစီယမ်မှ ယခင်တစ်ခေါက် အခြေအနေ ပြီးချိန်ကတည်းက သူ၏တစ်မိသားစုလုံးက တန်ကြေးကြီးကြီး ပေးဆပ်ပြီးမှသာ ဒီ ဆီမဟာမိတ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထရိုက်နိုစောရက်၏ ပေါ်ပေါက်မှုက လူပေါင်းများစွာအား ရှိလျက်သား မကောင်းဆိုးဝါးမျာကို စိတ်ဝင်စားမှု ပျောက်ဆုံး သွားစေခဲ့သည်။ ထို့ကြောင့် စည်းပွားရေးက ဆိုးသည်ထက် ဆိုးလာသည်။ နောက်ဆုံးအခိုက်တန့်တွင် သူသည် တိရစ္ဆာန်များကို သတ္ထုများနှင့် ပေါင်းစပ်လျှကိ မကောင်းဆိုးဝါးများ ဖန်တီးမည့် အကြံစည်ကို ရလာသည်။

ပို၍ အရေးကြီးသည်မှာ ဒီတစ်ကြိမ်တွင် အစစ်အမှန် တိရစ္ဆာန်တစ်ကောင်ကို ဝယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့ကသာ ထိုအကောင်နှင့် တစ်ထေရာတည်း တူသည့် အကောင်မျိုးကိုသာ သုတေသန ပြုလုပ်ပြီး မွေးထုတ် ပေးနိုင်မည်ဆိုလျှင် ထို့နောက်....

သူတို့ ရှာနိုင်မည့် ပိုက်ဆံက ခိုလိုစီရမ်ထက် များပြားလာပေလိမ့်မည်။

မြို့စားက ထိုတိရစ္ဆာန်ကို ဂရုတစိုက် ကြည့်ခဲ့ပြီးလေပြီ။

သူ၏နာမည်ကိုပင် မသိရပေ။ သို့သော် ထိုအကောင်က ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှ နည်းပညာ တစ်မျိုးကို သုံးလျှက် ကယ်ဆယ်ထားသော အကောင်ဖြစ်ပြီး အရွယ်ပင် ရောက်နေပြီ ဖြစ်သည်။

ထိုအကောင်က သိပ်မကြီးသလို ခက်ထန်ပုံလည်း မပေါက်သော်လည်း လူအများ၏ ပြင်းထန်သော ဖိအားအောက်တွင် မျက်မှောင်သာ ကြုတ်သည်။ ဒါကမှ အစစ်အမှန် တိရစ္ဆာန်ဖြစ်သည်။

“အား အား အား”

“အိုး မကောင်းတော့ဘူး”

ရုတ်တရက် လျှောက်လမ်းမှ ဆူညံသံများကိုကြားရသည်။ မြို့စားက မျက်မှောင်ကြုတ်လိုက်ရင်း ဆိုဖာပေါ်မှ ထလျှက် တံခါးထံ လျှောက်သွားသည်။ ထိုအခါ သုတေသန ပညာရှင်များက ကြောက်လန့်သော မျက်နှာများဖြင့် ထွက်ပြေးလျှက် အော်ဟစ်နေကြောင်း မြင်လိုက်ရသည်။

“ဓာတ်ခွဲခန်း ဖျက်စီးခံလိုက်ရပြီ။ အဲ့ဒီနောက် ရုပ်ကြွင်းပစ္စည်းတွေ ရုပ်ကြွင်းပစ္စည်းတွေအားလုံး အကိုက်ခံလိုက်ရပြီ”

“အကိုက်ခံလိုက်ရပြီ ဟုတ်လား”

မြို့စားက စိတ်ရှုပ်ထွေးစွာနှင့် သက်တော်စောင့် တစ်ယောက်ကို ခေါ်ရင်း ဓာတ်ခွဲခန်းထံ အပြေး သွားလိုက်သည်။

ဓာတ်ခွဲခန်းကြီး တစ်ခုလုံးက ရှုပ်ပွနေသည်။ အတွင်းတွင် ရှိသော ပစ္စည်းများ၊ ရုပ်ကြွင်းပစ္စည်းများ နှင့် အရာအားလုံးက အဖိုးထိုက်တန် လွန်းသည်။ သို့သော် ထိုအရာများက ဖျက်စီးခံရ၍ မဖြစ်ပေ။ ဓာတ်ခွဲခန်းတံခါးတွင်လည်း သော့ကို ဆယ်ခုထက်မနည်း ခတ်ထားခဲ့ခြင်း ဖြစ်လေရာ မည်သူကမျှ ဝင်ခွင့်မရှိပါချေ

“ဘယ်သူ ဝင်သွားတာလဲ။ ဘယ်ကောင် လုပ်တာလဲ”

မြို့စားက အေးစက်သော မျက်နှာနှင့် ဆူပူသည်။

“ငါ ငါတို့ ငါတို့ ဘယ်သူမှ မဝင်ပါဘူး။ အဲ့ဒီမှာ ပို့လာတဲ့ တိရစ္ဆာန်တစ်ကောင်ကိုတော့ ပိတ်ထား‌ပါတယ်။ ဒါပေမဲ့ ဒီကောင်က မမျှော်လင့်ထားဘဲ...”

သုတေသန ပညာရှင်က ကြောက်လန့်တကြား အော်သည်။

သူက တံခါးကို ဖွင့်လိုက်သည့် အခိုက်တန့်တွင် ဓာတ်ခွဲခန်းတစ်ခုလုံး မြေငလျှင် လှုပ်သွားသည်ဟုပင် ထင်လိုက်မိသည်။ အမှန်ပင် ဓာတ်ခွဲခန်းတစ်ခုလုံးက ရှုပ်ထွေးနေသည်။

“မြန်မြန်”

ထိုစကားကို ကြားသောအခါ မြို့စား၏ ပါးစပ်က အသာတွန့်ရင်း အော်လိုက်သည်။

သူသည် ဘာကိုမှ ဂရုမစိုက်နိုင်တော့ အတွင်းသို့ အပြေး ဝင်သွားလိုက်သည်။ အဝေးမှ တစ်ချက် ကြည့်လိုက်ရုံနှင့် ဓာတ်ခွဲခန်း၏ ဝင်ပေါက်တွင် သုတေသန ပညာရှင်အချို့ ပိတ်နေကြောင်း မြင်လိုက်ရသည်။ အားလုံးက တုန်ယင် နေကြသည်။

“ဘေးဖယ်ကြ”

223 03

အားလုံးကိုဘေးဖက်သို့ ဖယ်ပြီးနောက်တွင် မြို့စားက တံခါးဖက်ကို လျှောက်သွားရင်း အတွင်းဖက်သို့ တစ်ချက်က်ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ အရှေ့တွင် အနက်ရောင် ဖန်သားပြင်တစ်ခု ပေါ်ထွက်လာသလိုမျိုး မူးဝေသွားသလိုပင် ခံစားလိုက်ရသည်။

“အရှင်မြို့စား”

သက်တော်စောင့်က အလျှင်စလို ပြေးထိမ်းပေးပြီး ထူပေးလိုက်ရသည်။

“ငါ ဒါက...”

မြို့စာသည် အတွင်းတွင် ခုန်ပေါက်နေသေးသည့် သတ္တဝါလေးကို ကြည့်လိုက်ပြီး အချိန်တန်ကြောင်အောင် ရေရွတ်နေသည့် တိုင်အောင် စကားများထွက်မလာပေ။

ခရက်

ထိုhuskyသည် အရိုးတစ်ချောင်းကို ဆွဲထုတ်လျှက် လက်သည်းဖြင့် ခက်သာသာ ဖိပြီး ခပ်ကြမ်းကြမ်း ကိုက်ဝါးသည်။

အု

ထို့နောက် လျှာကို ထုတ်ပြီး အသာထွေးထုတ်လိုက်သည်။

သောက်ကျိုးနည်း ဒါက ဘာအနံ့လဲ နံ‌ဟောင်နေတာပဲ။ အရိုးနံ့တောင် မရဘူး။ ဒိတ်လွန်နေတာလား။

သူသည် ခေါင်းကို အသာလှည့်ပြီး ဘေးဖက်တွင် ရှိနေသော ပုတ်နေသော အသားများကို တစ်ချက် ကြည့်လိုက်သည်။ huskyက လက်သည်းကို အသာထုတ်လျှက် လွင့်ပစ်လိုက်သည်။

ဒီနေရာတွင် အန္တရာယ် မရှိကြောင်း သိကတည်းက သူဟာ နှာခေါင်းကို အသာရှုံလျှက် အနံ့ခံ ကြည့်လိုက်သည်။ ဒါက အသားပါ ။ ဟုတ်တယ် မလား။ သို့ရာတွင် အသားဟာ သူယခင်က မြင်ဖူးသော အသားများနှင် ခြားနားနေသည်။ ဒီအသားတုံးက လှုပ်ပင် လှုပ်နိုင်နေ၏။

ဂျွတ် ဂျွတ် ဂျွတ်

သူဟာ ပါးစပ်ကို ဟရင်း အသားတစ်တုံးကို ဆွဲကိုက်လိုက်ပြီး ပါးစပ်ထဲတွင် ဝါးကြည့်သည်။ ထို့နောက် တစ်လုပ်တည်းနှင့် မြိုချသည်။

ကျွတ် ကျွတ် ကျွတ်

သူဟာ မျက်မှောင်ကြုတ်လျှက် တွေးတောနေလိုက်သည်။

အရသာကတော့ ကောင်းပါတယ်။ စားလို့ ရရုံလောက်ပဲ။

အာဟသည် အလွန်ဆိုးရွားသော မှတ်ချက်မျိုးကို ပေးလိုက်ပြနောက် ရှေ့မှ အသားတုံးများကို နှစ်ကိုက်တည်းနှင့် မျိုချလိုက်သည်။

ဟစ်

“ဒါက အသစ်ဆက်ဆက် ငါတို့ ဖန်တီးထားတဲ့ မကောင်းဆိုးဝါး မဟုတ်လား။ အရွယ်တောင် မရောက်သေးဘူး။ အစားခံလိုက်ရပြီ”

သုတေသန ပညာရှသ်တစ်ယောက် မြေပြင်မှ သွေးအိုင်ကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

“ငါ...”

မြို့စားက အတွင်းမှ တိရစ္ဆာန်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကောင်ဟာ စားပွဲပေါ်သို့ တစ်ချက် ခုန်တက်လိုက်ပြီး ကင်မရာကို ခပ်ကြမ်းကြမ်း ဖိရိုက်လိုက်ကာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေသည်။ ထို့နောက် ကျယ်လောင်စွာနှင့် လှမ်းအော်သည်။

“အားလုံးပဲ မြန်မြန်ပေးဝင်ပြီး ဒီကောင်ကို ထိန်းကြစမ်း”

“ဒါပေမဲ့ နာကျင်အောင်မလုပ်နဲ့

လူတစ်အုပ်က ပြေးဝင်သွားကြသည်။

ဝုတ်

အာဟက ထိုအခြေအနေကို မြင်သောအခါ တစ်ကိုယ်လုံးရှိ အမွှေးများက ထောင်တက်သွားသည်။

သောက်ကျိုးနည်း။ ဒီလောက်ထိ လေးနက်လို့လား။

သူက အိမ်တွင်း အကျဥ်းချ ခံထားရသည်။ ဒါတောင် လူတွေ အများကြီးက ဝင်လာကြတယ်။ ဒါကတော့ လွန်လွန်းပါတယ်။

“မြန်မြန် ဘယ်ဖက်ကို ခုန်”

223 04

“အာ အရင်ဆုံး အဲ့ဒီ ရုပ်ကြွင်းတွေကို အရင်ကယ်။ အထဲမှာ သုတေသန ရလဒ်တွေ ရှိနေတယ်။ နောက်ထက်တစ်ခုက ထပ်ပြတ်သွားပြန်ပြီ”

“ကယ်ကြပါ။ ငါ့ကိုကိုက် ငါ့ကိုကိုက်နေတာ”

သုတေသနအခန်းတစ်ခုလုံးကု ဝရုန်းသုန်းကား ဖြစ်နေသည်။ မည်သူက အာဟကို နာကျင်အောင် မလုပ်နိုင်ပေ။ ထို့ကြောင့် သူတို့၏ ခန္တာကိုယ်ကိုသာ သုံးပြီး ဖမ်းနေရလေသည်။ ထိုအခြေအနေက မြင်ကွင်းတစ်ခုလုံးကို ဆိုးရွားသွားစေသည်။

ဝုတ်။

huskyသည် တစ်ချက် ဟောင်လိုက်ပြီး suit အပြည့်ဝတ်ထားသော လူကြီးကို အသာ ကန်ထုတ်လျှက် နက်ကတိုင်မှ တစ်တင့် မြေပြင်ပေါ်သို့ တစ်ချက် ဆွဲချပစ်လိုက်သည်။ ခန္တာကိုယ်ပေါ်တွင် တက်ခုန်လိုက်ကာ မျက်နှာပေါ်သို့ ခပ်ကြမ်းကြမ်း စောင့်နင်းလိုက်ပြီး ဓာတ်ခွဲခန်းထဲမှ ထွက်သည်။

ဝုတ်။

“ဟားဟားဟား။ ငါ နတ်ဘုရားက ဒီနေရာ...အာ ဒီနေရာက ဒီလောက်ထိ ကြီးတာလား”

အတွင်းမှ အခြေအနေကို မြင်ပြီး အပြင်ဘက်မှ ဓာတ်ခွဲခန်း အခြေအနေကို မြင်လိုက်ရသောအခါ အာဟက စိတ်လှုပ်ရှားစွာ အော်ရင်း ပျော်ရွှင်စွာ ထွက်သွားလေသည်။

ဝုန်း

ခရက်

ထိုသို့ဖြင့် မရေမတွက်နိုင်‌သော ပစ္စည်းပေါင်းများစွာကို လမ်းကြုံဝင်တိုက်ပြီး ဖျက်စီး လိုက်သေးသည်။ ထိုသို့ဖြင့် ကျယ်လှောင်သော ပေါက်ကွဲသံများက ထွက်ပေါ်နေသည်။

“ဖမ်းကြ ဖမ်းကြ”

“မြန်မြန်။ လူတိုင်းကို အကြောင်းကြားပြီး ဒီကောင်ကို ဖမ်းကြစမ်း”

မြို့စားက နှဖူးမှ ဘုသီးကို အသာပွတ်လိုက်ပြီး မြေပြင်မှ ခပ်မြန်မြန် ကုန်းထရင်းအော် သည်။

“မေ့ဆေးပေး”

“ငါတို့ ဒီကောင့်ကို ထွက်ပြေးခွင့် ပြုလို့မရဘူး”

ထိုသို့ဖြင့် သက်တော်စောင့်တစ်အုပ်က မေ့ဆေးသေနတ်များကို လွယ်ရင်း အနောက်မှ လိုက်ကြသည်။

မြို့စားက ရှုပ်ထွေးသွားသော ဓာတ်ခွဲခန်းကို ကြည့်ပြီး သူ၏ နှလုံးသားက သွေးများ ထွက်သလို ခံစားရသည်။ တိုတောင်းသော ကာလအတွင်း ဆုံးရှုံးမှုဟာ အနည်းဆုံး သန်း၂၀၀ ကျော်နိုင်သည်။ ထို့အပြင် အသစ်စက်စက် ဖန်တီးထားသော တိရစ္ဆာန်များ သေသွားသော အချက်ကို ထည့်မတွက်ရသေးချေ။ ထိုအရာကို ထည့်တွက်လိုက်သော်...

ဟစ်

“အားအား အရှင်မြို့စား သတိလစ်သွားပြီ မြန်မြန်လေး လာကြဦး”

မြေပြင်တွင် လဲကျသွားသော မြို့စားကို မြင်သောအခါ အားလုံးက အလန့်တကြား အော်ဟစ်ကြသည်။

.....

++++++ 224 01

အခန်း 224

ဆီမဟာမိတ်

ကန္တာရ...

ဘုန်း

ဘုန်း

ဘုန်း

ထရက်နိုစောရက်၏ ခြေထောက်ကြီးက သဲထဲသို့ ဖိနင်းလိုက်ပြီး နောက်တွင် ကျယ်လောင်သော အသံများကို လွှတ်ထုတ်လျှက် အော်ဟစ်သည်။

ဂလု

အနောက်ဖက်မှ လိုက်လာသော စစ်သည်တော်ပေါင်းများစွာက လည်စာလုပ်များ မရွှေ့ဘဲ မနေနိုင်ချေ။ အထူးသဖြင့် ကြီးမားသော အကောင်ကြီး၏ ကျောပေါ်တွင် ထိုင်နေသော ပုံရိပ်ကို မြင်လိုက်ချိန်တွင် ပို၍ပင် ‌ကြောက်လန့် သွားသေးသည်။

မည်သည့်အတွက်ကြောင့် ကြီးမားသော သယ်ယူပို့ဆောင်ရေး ယာဥ်ပေါင်းများစွာက ဒီနေရာသို့ ဆင်းသက်လာကြောင်း နားမလည်ပေ။ ထို့အပြင် အတွင်းတွင် မည်သည့်လက်နက်ကြီးမှ ရှိမနေခဲ့ပေ။ ထို့အစား ထိုအကောင်ကြီး ထွက်လာမှသာ အားလုံးက ကြောင်သွားရသည်။

တအားကြီးတယ်။

အထူးသဖြင့်သူက ပါးစပ်ကြီးကို ဟလိုက်ပြီး အော်လိုက်ချိန်တွင် စစ်သားများစွာကဆိုလျှင်ပင် မြေပြင်သို့ လဲကျကာ သတိလစ်ကုန်ကြသည်။

“ဒါက...”

“ဒါက တကယ်ပဲ ကောင်းကင်ပြာတိရစ္ဆာန်ရုံက သတ္တဝါလား”

လက်ထောက်ခေါင်းဆောင်က နှဖူးမှ ချွေးများကို သုတ်လိုက်ရင်း ကြောက်လန့်မှု အပြည့်နှင့် ပြောသည်။

“ ဟုတ်တယ်။ ငါလည်း ဒါရိုက်တာရုံလုံကနေ တစ်ဆင့်တော့ ကြားဖူးပါတယ်။ ဒါပေမဲ့… ဒါက တကယ်ကြီး စစ်လက်နက်ကြီးပဲ။ သေးငယ်တဲ့ လက်နက်ကြီး အချို့ဆိုရင်တောင်မှ ဒီအကောင်ကြီးရဲ့ မာကြောတဲ့ အရည်ပြားကို ဖောက်နိုင်လိမ့်မယ်လို့ မထင်ဘူး”

ဝူခွေ့က မနာလိုကြီးစွာ ပြောသည်။

“ ငါတို့ကသာ ဒီအကောင်နဲ့ ပူးပေါင်းပြီး တိုက်ခိုက် နိုင်မယ်ဆိုရင် အဲဒီနောက် တားမြစ်လက်နက်တွေကလွဲပြီး ဘယ်လိုအရာတွေကမှ ငါတို့ကို မယှဥ်နိုင်တော့ဘူး”

“ ဒါက တစ်ကောင်တည်းနော်။ ဒါမျိုးအကောင် တစ်ထောင်ကျော်ရင်… ဟစ်”

လူနှစ်ယောက်က တချိန်တည်းတွင်ပင် ပင့်သက် ရှိုက်လိုက်ကြသည်။

ထို့နောက် တီးတိုးစကားပြောသံများက ထွက်လာသည်။

ရွှေရောင် သိမ်းငှက် ကြီးက လေထဲတွင် ပျံဝဲပြီး အောက်ဘက်မှ အသင်းကို တစ်ချက်ကြည့်ကာ ဟီးသည်။ ထို့နောက် အဝေးရှိ မြို့ထဲသို့ လျှင်မြန်စွာ ပျံသန်းသွားလေသည်။

ဆုပိုင်က ထရိုင်နိုဆောရက်၏ ကျောပေါ်တွင်ထိုင်ရင်း လက်ထဲမှ ဘိုင်နိုကူတာ များကို ကြည့်လိုက်သည်။ သူသည် မျက်မှောင် ကြုတ်လိုက်မိသည်။

အဆင့်မြင့် telescope မှတဆင့် တစ်မြို့လုံးဟာ ဝရုန်းသုံးကား ဖြစ်နေကြောင်း ပင်မြင်နိုင်၏။

ကားများက လမ်းဘေးတွင် လဲနေသလို အနက်ရောင်မီးခိုးများ ထွက်နေသေးသည်။

ထို့အပြင် ကားပေါင်းများစွာက နီးနီးကပ်ကပ် တပြိုင်တည်းလိုလို တိုက်ခိုက်မှု ဖြစ်နေကြောင်းကို မည်သူကမှ မမြင်နိုင်ပေ။ ထို့အပြင်…

ကြေးစားစစ်သားတစ်ဖွဲ့က လည်းတစ်စုံတရာ နောက်သို့ လိုက်နေသေးသည်။ မကြာခဏ ဆိုသလို လူကြီးတစ်ယောက်က သေနတ်ကို မြှောက်လျက်ချိန် ကြောင်းကိုပင် မြင်ရသည်။

“ ရပ်စမ်း”

နဂါးအမေ၏ ပုခုံးကို အသာပုတ်လိုက်ပြီးနောက် ဆုပိုင်က တစ်ဖက်သို့ လက်ရမ်းလျှက် ဝူဝေ့ကို လက်ရမ်းပြသည်။

“ တစ်ခုခုတော့ ဖြစ်နေတယ့်ပုံပဲ။ တစ်ချက်ကြည့်လိုက်ဦး”

224 02

ဝူဝေ့က ဘိုင်နိုကူတာကို ယူလိုက်ပြီး ဂရုတစိုက် စစ်ကြည့်လိုက်သည်။ ထို့နောက် ထူးဆန်းသော မျက်နှာ ထားနှင့်ပြောသည်။

“အခြေအနေအရ သူတို့က မြို့ထဲမှာ တစ်ခုခု လိုက်နေတဲ့ပုံပဲ”

“ ခိုနီဇီယမ်ကနေ မကောင်းဆိုးရွား တစ်ကောင်များ လွတ်လာတာများလား”

“ အခြေအနေအရ”

“ဟုတ်လောက်တယ်”

ဆုပိုင်က သဘောတူကြောင်း ခေါင်းမညိတ်သည်။

“ ဒါပေမဲ့ ဒီနေရာမှာပဲ အရင်ဆုံး အနားယူရအောင်။ ရွှေရောင်သိမ်းငှက် ပြန်လာတဲ့အချိန်ထိ စောင့်ကြတာပေါ့”

အားလုံးက ပူပြင်းသော သဲထဲတွင် ခပ်မြန်မြန် ထိုင်ချလိုက်ပြိီး သောက်စရာ ရေအချို့ကို ထုတ်လျက် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်သည်။

ဝုတ်။

“ ငါ့ကို ဆူပူမနေပါနဲ့တော့”

တပိုင်က မြေပြင်တွင်သာ လဲလိုက်ပြီး သူ၏ အပေါ်တွင် ပျံသန်းနေသည့် ငှက်တောကို ကြည့်သည်။

“ မြန်မြန်လာ။ ငါ့ကို ယပ်ခတ်ပေး”

“ မင်း ဘာကျည်ဆံမှ မထည့်ထားဘူးလား”

ငှက်တောက စစ်သားများ အနှံ့ ပျံပြေးကာ အသံကိုမြှင့်ကာ အော်လိုက်သည်။

“ ကျည်ဆံ ထည့်လို့ပြီးတဲ့ ဘယ်သူမဆို ခပ်မြန်မြန်လေး ပစ်သင့်တယ်။ ငါ ဒေါသထွက်လာရင်တော့ ငါ့ကို အပြစ်လာမတင်နဲ့နော်”

“ မင်းရဲ့ ဦးလေးကို ရိုက်စမ်း”

ပန်ဒါကြီးထံမှ စိတ်ရှုပ်စရာ ကောင်းသော အသံကို ကြားသောအခါ ငှက်တောက ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီးနောက် တောင်ပံကို ဖြန့်လျက် ပျံသန်းသွားလိုက်သည်။

“ မင်းတို့ မြို့ထဲကို ရောက်ရင် ပူတော့မှာမဟုတ်ဘူး။ ငါပြောမယ်။ အဲ့ဒီမှာ ပျော်စရာကောင်းတာတွေ အများကြီးပဲ”

ပန်ဒါကြီး၏ ခေါင်းပေါ်တွင် အသာနားရင်း ငှက်တောက ခပ်တိုးတိုး ပြောသည်။

“ အိုး ဘုရားရေ။ ရွှေအိုရောင် ဆံပင်နဲ့ မိန်းမတွေကို မင်း မမြင်ဖူးလို့နော်။ သူတို့က တော်တော်လေး လန်းအော င်ဝတ်ထားကြတာ။ တိုက်ခိုက်ပြီးတာနဲ့ ငါ့ရဲ့အနောက်ကို လိုက်ခဲ့တော့”

“ ငါ မင်းကို ဒီပတ်ဝန်းကျင်လိုက်ပြမယ်”

“ တကယ်လား”

“ ပေါက်ကရတွေ။ မင်း အရင်တစ်ခေါက်က ဘယ်လိုသိနိုင်မှာလဲ”

ငှက်တောက သတိကြီးသည့် ပုံစံမျိုးနှင့် ပြောသည်။

“ မင်းသာ ငါ့ရဲ့ နောက်ကို မလိုက်ရင် ဒါရိုက်တာ ဆုပိုင်က နေရာကို ရှာတွေ့သွားမယ်လို့ မင်း ထင်လား”

“ ကောင်းပြီ။ ကောင်းပြီ။ မင်းပြော တာကို နားထောင်မယ်။ ငါ သူနဲ့အတူ တာဝန်တစ်ခု အတူလုပ်ပြီးပြီ။ တစ်ခုက တောင်တန်း အနက်ရှိုင်းဆုံး နေရာတစ်ခုမှာ။ နောက်တစ်ခုက တောင်ပေါ်ဒေသမှာ ဒီတော့ သူတို့နဲ့ ပတ်သက်ပြီး ဘာမှစိတ်ဝင်စားစရာ မရှိဘူး”

ထိစကားကိုကြားပြီး နောက် တပိုင်က သတိဖြင့်ကပ်သွားသည်။ ပန်ဒါ က ချက်ချင်း ထထိုင်လိုက်ပြီး ငှက်တောကို လှမ်းဆွဲသည်။

တကယ်ပဲ ကောင်းတဲ့ ပစ္စည်းတွေရှိ တာလား။

ငါတို့ အသေးစိတ်စဥ်းစား ဆွေးနွေးရမယ်။ နောက်ပြီး ငါတို့ဘာသာ သွားကြည့်ရမယ်။

ပြန်သွားတဲ့အခါ မလာနိုင်တဲ့ လူတွေကိုပါ ကြွားနိုင်ရင်အကောင်းဆုံးပဲ။

ဆုပိုင်က ခိုးကြောင်ခိုးဝှက် လုပ်နေသော အကောင်နှစ်ကောင်ကို ကြည့်လိုက်ပြီး ခေါင်းကို တိတ်တဆိတ်ပြန်လှည့်လိုက်ကာ အဝေးရှိကောင်းကင်ကို ကြည့်သည်။ အနက်ရောင် အစက်တစ်စက်ကို မြင်လိုက်ရသည်။

ဒါက ရွှေသိမ်းငှက်ပြန်လာတာ ဖြစ်လောက်တယ်။

ထို့နောက် တီးတိုးပြောသံများက ထွက်လာသည်။ ရွှေသိမ်းငှက်ကြီး ဆူးရှစွာအော်ဟစ်ရင်း ထရိုင်နိုဆောရက်ရပ်၏ ခေါင်းပေါ်သို့ တန်းတန်းမတ်မတ်ပင် လာနားသည်။

224 03

ထို့နောက် အတောင်ပံကို အသာခတ်လျက် ဆုပိုင်ကို လက်ညှိုးထိုးကာ အော်သည်။

“ သူတို့ ကသတ္တဝါ တစ်ကောင်နောက်ကို လိုက်နေတာပဲ။ ဒါပေမဲ့… အဲ့ဒီကောင်က harry နဲ့တော့ တူတယ်။ နောက်ပြီး တော်တော်လေးလည်း ထူးဆန်းတယ်။ နောက်က သေနတ်နဲ့ လူတွေက သူ့ကို ချိန်ပေမဲ့ မကျည်ဆံက သူ့ကို မထိဘူး။ နောက်ပြီး အဲ့ဒါက ကျည်ဆံတွေ မဟုတ်ဘူး။ အပ်တွေ”

Harry နဲ့ တူတယ်ဟုတ်လား။ ဒါက အာဟလား။

ဆုပိုင်က ရပ်သွားသည်။ သူ တစ်စုံတစ်ရာကို နားလည်လိုက်သလို ဖြစ်သွားသည်။

ထိုအကောင်တွေက huskyကို ခေါ်သွားပြီးနောက် Husky ၏ စိတ်နေသဘောထားကို မသိလောက်ချေ။ ထို့ကြောင့် ပစ္စည်းအမြောက်များ ဖျက်စီးခံရလောက်ပြီ။

ထိုအကြောင်းရာ ကိုတွေးမိသော ဆုပိုင်က ဝူခွေ့ကို လှမ်းပြောလိုက်သည်။

“ သူတို့ အခုလိုက်နေတာက ငါတို့အသစ်ဆက်ဆက် ကယ်ဆယ်ထားတဲ့ သတ္တဝါ တစ်ကောင်ဖြစ်တဲ့ Husky ဆိုတဲ့အကောင်။ ငါတို့ အလုံးရင်းနဲ့ တိုက်ခိုက်မယ်။ နောက်ပြီး သူတို့ဘက်ကလည်း လုံးဝ ဝရုန်းသုန်းကား ဖြစ်နေတာဆိုတော့ ငါတို့ ဒီအခြေအနေကို အခွင့်ကောင်းယူရမယ်။ နောက်ပြီး တစ်မြို့လုံးကို ဖျက်စီးရမယ်”

အဝေးတွင် ပန်ဒါ၏ ခေါင်းပေါ်တွင် ရပ်နေသော ငှက်တောက အသံကို မြှင့်ကာ အော်သည်။

“ ဒါရိုက်တာ ဆုပိုင်။ ကျေးဇူးပြုပြီး မြန်မြန် ထွက်ခွာပါ။ ငါ ဆက်မထိန်းနိုင်တော့ဘူး”

“ ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ ဒီလူတွေကို ချက်ချင်းကိုင်တွယ်ရမယ်။ Huskyကို ကယ်ရမယ်”

ဆုပိုင်က ခေါင်းကို သပ်လျှက် သူတို့ ညီအကိုနှစ်ယောက်ကို ကြည့်ပြီး ပြင်းထန်သော လေသံဖြင့် ပြောသည်။

“ မင်းတို့နှစ်ယောက်က အဲဒီအကောင်လေးတွေနောက်ကို လိုက်သွား။ သူတို့ကို ပေါက်ကရ လျှောက်မလုပ်စေနဲ့”

“ ကောင်းပြီ”

လောင်ကျိုးက ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်လျှက် လက်ထဲမှ စစ်သေနတ်ကို ထိန်းကိုင်လိုက်သည်။

“ ထွက်ခွာမယ်”

အမိန့်ကို ပေးပြီးချိန်တွင် ဆုပိုင်က အသက် ပြင်းပြင်း ရှူသည်။ ထို့နောက် လက်ကို ဆန့်ထုတ်လျက် ကျယ်လောင်စွာ အော်လိုက်သည်။

Boom!

ချက်ချင်းဆိုသလိုပင် ထရိုင်နိုဆောရက်ရပ်က လေထဲသို့ ခုန်တက်လိုက်ပြီး ပြင်းထန်စွာ ပြေးလွှားလျက် မြို့ထံသွားသည်။

“ ငါလူး။ ဒါက တစ်အား စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်။ ငါ ဒါမျိုးကြီးနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးဘူး”

“ ပေါက်ကရတွေ ပြောမနေနဲ့။ ငါတို့က ဒါရိုက်တာ ဆုပိုင်ရဲ့ နောက်ကို လိုက်ရမှာ။ အဲဒီ ကြေးစားစစ်သားတွေအားလုံးက မေ့ဆေး သေနတ်တွေနဲ့။ ဒီတော့ သူတို့ကို နှိပ်စက်လိုက်ရအောင်”

“ သောက်ကျိုးနည်း သစ္စာဖောက်ကို ရအောင်ရှာရမယ်။ သေစမ်း။ သူက လူကုန်ကူးသူ ဖြစ်ရုံမကသေးပဲ တိုင်းပြည်ကိုပါ သစ္စာဖောက် သွားလိုက်သေးတယ်”

“ ညီအကိုတို့ ငါတို့ဒီတစ်မကြိမ်မှာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရအောင်”

…..

ကြေးစား စစ်သား uniform လဲဝတ်ထားပြီးသား စစ်သားပေါင်းများစွာက ရှေ့ဆုံးမှ ပြေးနေသော သတ္တဝါ များကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ မအော်ကြသည်။

ဒီကိစ္စသည် သမိုင်းပင် တင်လောက်သည်။

သူတို့သည် တိရစ္ဆာန်များနှင့် အစဥ်အဆက်ပူးပေါင်းနိုင်သော ပထမဦးဆုံး အဖွဲ့ဖြစ်လေသည်။ တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းသည်။

Boom!

Boom!

Boom!

++++++ 225 01

အခန်း 225

ဝုတ်။

Huskyက အော်ဟစ်ရင်း ကားတစ်စီး အောက်သို့ ခုန်ဝင်လိုက်သည်။ ထိုအပြင် နောက်ဘက်မှ လာသည့် ကားအချင်းချင်း တိုက်မိ၍ ထွက်လာသော ကျယ်လောင်သော အသံများကို ကြားသောအခါ တိတ်တဆိတ် ရယ်လိုက်သည်။

ဒီကောင်တွေက သူ့ကို မှီနိုင်မှာတဲ့လား။

ဟာသပဲ။

နောက်ကို တစ်ချက် လှည့်ကြည့်ပြီးနောက် အာဟက လျှာထုတ် ပြောင်ပြလိုက်သေးသည်။

“ နည်းနည်း ထပ်ပြေးရမယ်”

ထို့နောက် သူက တစ်ဖက်ကို လှည့်လိုက်ပြီး အရှေ့ဘက်မှ ထူးဆန်းသော ပုံသဏ္ဍန်ဖြင့် အဆောက်ဦးထံ ပြေးသည်။

ဝုတ်။

ရုတ်တရက် အတွင်းဘက်မှ သားရဲ အော်သံကို ကြားရသည်။ အာဟ၏ မျက်နှာက အနည်းငယ် မင်သက်သွားပုံ ပေါ်သည်။

အထဲမှာ တိရစ္ဆာန် တစ်ကောင်ရှိနေတာပဲ။

နောက်ပြီး ရက်စက်တဲ့ ပုံပဲ။

ဝုန်းဝုန်း။

အနောက်ဘက်မှ တစ်စုံတစ်ရာကို ပစ်ခတ်လိုက်သော အသံကို ကြားသောအခါ Husky က ခုန်လိုက်ပြီး တိုင်တစ်တိုင်နောက်တွင် ပုန်းသည်။ ထို့နောက် အမြီးကို ခြေထောက်ကြားထဲ ညှပ်လျှက် ဝင်ပေါက်ထဲသို့ တစ်လှမ်းခြင်းစီ လျှောက်သွားလိုက်သည်။

“ ဒါက”

ရွှေရောင်ဆံပင်နှင့် လက်မှတ်ရောင်းသော လူက သူ့ကို ဖြတ်ပြေးပြီး အတွင်းသို့ ဝင်သွားသည့် တိရစ္ဆာန်တစ်ကောင်ကို ကြည့်ရင်း မျက်လုံးကို ပွတ်သည်။

“ ဒါက ဘာလဲ”

သူက တအံတသြ အော်လျက် ကုလားထိုင်မှ ခပ်မြန်မြန်ထသည်။

“ ဘေးဖယ်နေ”

ထိုအချိန်တွင် ကြေးစားစစ်သည်တော်တစ်ဖွဲ့က အလျင်စလို ပြေးဝင်လာပြီး လူကို တွန်းထုတ်သွားသည်။

“ မြန်မြန် သူ့နောက်ကို လိုက်ကြစမ်း။ ဒီကောင်က တအား ကောက်ကျစ်တာ။ သူ့ကို ကိုလိုစီယမ် ထဲကို ဝင်သွားခွင့် ပြုလို့မရဘူး”

“ အထဲမှာ တိရစ္ဆာန်တွေ တိုက်ခိုက်နေကြသေးတယ်။ မင်း ဝင်သွားလို့မရဘူး”

တစ်ခုခုမှားသွားရင် အရှင်မြို့စားက ….

“ ထွက်သွားစမ်း”

ငါတို့က အရှင်မြို့စားရဲ့ အမိန့်နောက်မှာ ဒီသတ္တဝါကို လာဖမ်းတာ။ နောက်ကျသွားရင် ကိုလိုစီယမ် တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားလိမ့်မယ်”

လက်မှတ်ရောင်းသူကို လျစ်လျှူရှု ပြီးချိန်တွင် အားလုံးကလူစုခွဲလျက် အတွင်းသို့ ဝင်ကြသည်။

“ ဟူး”

အာဟက မကြာခဏ ဆိုသလို နောက်သို့ လှည့်ကြည့်ပြီး အတွင်းမှ လာသော အသံများကိုလည်း နားထောင်နေသေးသည်။ သူက မျက်မှောင်ကြုတ်ရင်း ခပ်မြန်မြန် ဝင်လာသည်။

သူသည် တံခါးကို ဂရုစိုက် ကြည့်လိုက်သည်။ ထို့နောက် မင်သက်နေသော အဆောင်နံရံကို တချက်ပြန်ကြည့်လိုက်ပြီး အာဟက နံရံနားတွင် ကပ်ရင်း မျက်လုံးကို အသာမှိတ်လျက် မတ်တပ် ထရပ်လိုက်ပြန်ကာ ဘေးဘက် လျှောက်သည်။

ရုတ်တရက် သူ၏ လည်ချောင်းထဲမှ ထူးဆန်းသော အသံက ထွက်လာသည်။

သူ၏ ခြေထောက်များကပင် တုန်ယင်လာသလို ခံစားလိုက်ရသည်။ အကြောင်းမူကား သူသည် အတွင်းမှ အရာကို ချောင်းကြည့်လိုက်နိုင်၍ ဖြစ်သည်။

“အထဲမှာ ဒီလိုနှစ်ကောင်တောင် ရှိနေတာလား”

ထိုအကောင်များသည် မီတာပေါင်းများစွာ မြင့်မားပြီး ခန္ဓာကိုယ်တွင် သံမဏိများ ရှိနေသေးသည်။

“ မဟုတ်သေးပါဘူး။ ဒီလိုနေရာမျိုးကို ဝင်သွားလို့မရဘူး။ ဒီလိုဆိုရင် ငါ့ရဲ့အသက်က ထိခိုက်ဒဏ်ရာ ရနိုင်တယ်”

225 02

ခပ်တိုးတိုးရေရွတ်ပြီးနောက် အာဟက နောက်သို့ဆုတ်သည်။

“ လက်တွေကို သွားပြီး တစ်ချက်ကြည့်ရအောင်”

ရုတ်တရက် နောက်ဘက်မှ လိုက်ဖမ်းသော လူများ၏ အသံက ထွက်လာသည်။

အာဟ ခပ်ကြမ်းကြမ်း ရပ်လိုက်ပြီး ခေါင်းကို လှည့်လိုက်သည်။

“ ရောက်လာပြီလား”

“ လူလာပြီ ဆိုတော့ ကြည့်ရတာ ငါ ဝင်လို့ရမယ် ထင်တယ်”

နောက်ဘက်မှ ခြေလှမ်းသံများက မြန်သည်ထက် မြန်ကြောင်း ကြားသောအခါ အာဟက အံကြိတ်လိုက်သည်။

ဝုတ်။

သူသည် တချက်ဟောင်ပြီးနောက်တွင် အတွင်းသို့ ပြေးဝင်သွားသည်။

“ အားးး ဖြဲမယ်။ ဖြဲမယ်။ သောက်ကျိုးနည်း အားလုံးကို မဆွဲဖြဲ ပစ်ရမယ်”

“ ကိုက်စမ်း။ အဲဒီ အသားတွေကို ကိုက်ပစ်”

“ ဟဟား ငါနိုင်တော့မှာ”

ပွဲကြည့်စင်တွင် ယခင်လောက် လူမများသော်လည်း ချီးကျူးသံပေါင်းများစွာ ရှိနေသေးလေသည်။

ပုံမှန်အားဖြင့် ထိုတိုက်ပွဲများက ယခင်ထက်ပင် ပို၍ သွေးသံတရဲရဲပင် ဖြစ်လာသည်။ ထို့အပြင် ယခင် ဧည့်သည်များ ထက်ပင် ပို၍ ပြင်းထန်လာသေးသည်။

သို့ရာတွင် ထူးဆန်းသော သတ္တဝါ တစ်ကောင်က လျှောက်လမ်းထဲမှ ထွက်လာသောကြောင့် လူတိုင်းက မျက်လုံး ပြူးသွားကြသည်။

ဝုတ်။

အာဟက စင်ပေါ်တွင် ဆောင့်ကြောင့်လေး ထိုင်ရင်း အောက်ဘက်ရှိ မရေမတွက်နိုင်သည့် ကြည့်ရှူသူများကို ကြည့်ကာ ဟောင်လိုက်သည်။

ဝုန်း။

ရုတ်တရက် နောက်ဘက်မှ ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က အောက်သို့ ဆောင့်နင်းချ လိုက်သည်။

အာဟက ကြောက်လန့်တကြား မော့ကြည့် လိုက်ပြီးနောက်တွင် မြေပြင်တွင် လှိမ့်လျှက် ရှောင်သည်။

“ အား သောက်ကျိုးနည်း ဒါက ဘာလုပ်တာလဲ။ သူက ဒီလောက်ထိ သေးတာ ဒီကောင်က ဘာလို့ လာပြီး တိုက်ခိုက်တာလဲ။ ကြည့်စမ်း ကြည့်စမ်း။ သူ့ရဲ့မျက်လုံးတွေကို ကြည့်စမ်း။ အသိဉာဏ်ရှိတဲ့ပုံပဲ။ တကယ်ကို ဉာဏ်ကောင်းတဲ့ သတ္တဝါ ဖြစ်လောက်တယ်။ ဒါက ကိုလိုစီယမ်က အသစ်ထုတ်ထားတဲ့ သတ္တဝါလား”

“ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က တအားသေးတာပဲ။ စားလိုက်ရင် သွားကြားတောင် ညပ်မှာ မဟုတ်ဘူး”

“ ဟားဟားဟား။ ပိုပြီးစိ တ်ဝင်စားဖို့ ကောင်းလာပြီ။ အခု သုံးယောက်ကြားက တိုက်ပွဲပေါ့။ တရိုင်နိုဆောရပ်ရက် ပျောက်သွားချိန်ကတည်းက ငါဒါကို စိတ်မဝင်စားတော့တာ ကြာပြီ”

အာဟက တိုက်ကွက်ကို ရှောင်လိုက်ကြောင်း မြင်သောအခါ လူများက အော်ဟစ်အားပေးကြသည်။ လူတိုင်းကလည်း ရူးသွပ်သွားပုံပေါ်ပြီး မရပ်မနား အော်ဟစ်ကြသည်။

“သေစမ်း။ ဒါက ရောဂါလား”

အာဟက လူအချို့၏ တုံ့ပြန်မှုကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ခေါင်းကို ပြန်လှည့်လျှက် လမ်းကြောင်းကို ပြန်ကြည့်သည်။ ထိုအခါ ကြေးစားစစ်သားတစ်အုပ်က လမ်းကြောင်းတွင် ရပ်လျက် အချင်းချင်း ဆွေးနွေးနေကြသည်ကို မြင်လိုက်ရသည်။

ဝုတ်။

“ ဒီနေ့ ဒီခေါင်းဆောင်က ဘယ်လောက် အင်အားကြီးသလဲဆိုတာကို ပြလိုက်မယ်”

တစ်ချက် အော်ပြီးနောက်တွင် အာဟသည် တိုက်ခိုက်နေသော မကောင်းဆိုးဝါး နှစ်ကောင်အကြား ဝင်ပြေးလေသည်။

ခရက်

သူသည် ပါးစပ်ထဲတွင် အသားတစ်တုံးကို ကိုက်ထားပြီး တောင့်တစ်နေရာနားသိူ့ လျှောက်သွားလျှက် အသာပုံထားလိုက်သည်။

ထို့နောက် တစ်ဖက်သို့ ပြန်ပြေးကာ ရောက်လာပြန်သည်။

225 03

ကွင်းထဲမှ လူများက စိတ်ရှပ်ထွေး နေရုံသာ မကသေးတင်ပဲ တိုက်ခိုက်နေသော တိရစ္ဆာန် နှစ်ကောင်ကပင် အချင်းချင်းတိုက်ခိုက်မှု ရပ်တန့်လျက် သူတို့အကြားမှ ဖြတ်ပြေးနေသော သတ္တဝါ တစ်ကောင်ကို ကြည့်သည်။ ထိုအကောင်က သူတို့၏ ကိုယ်မှ ထွက်ကျနေသော အသွေးသားအပုတ်များကို တောင့်နေရာတွင် သွားပုံနေခြင်း ဖြစ်သည်။

ဗြိ။

အရေပြား တစ်ခုကို ဆွဲဖြဲပြီးနောက်တွင် အာဟက လည်တိုင်ကို ခပ်ကြမ်းကြမ်း လိမ်လိုက်သည်။

“ ဘာဖြစ်တာလဲ။ ဘာလို့ ဆွဲလို့ မရတာလဲ”

ရုတ်တရက် နံဟောင်သော အနံ့ကို ရလိုက်သဖြင့် အာဟ၏ ခန္ဓာကိုယ်တစ်ခုလုံးက ခပ်ကြမ်းကြမ်း တုန်ခါသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။

ထို့အခါ သူ့ကို စိုက်ကြည့်နေသည့် မျက်လုံး တစ်စုံကို မြင်လိုက်ရသည်။ ပါးစပ်မှ တွဲကျနေသော အရည်ပြားကြီးက ထိုမျက်လုံးနားမှ ဖြစ်သည်။

သူဟာ လျှာကို တစ်ချက် သပ်လိုက်ပြီး နောက်သို့ တိတ်တဆိတ် ပြန်ဆုတ်လိုက်သည်။

ဝုတ်။

“ ငါတောင်းပန်ပါတယ်။ ငါ မတော်တစ ဆွဲလိုက်မိတာ။ ဘာကိုမှ မမြင်လိုက်လို့နော်။ ငါ မမြင်လိုက်ဘူး။ ညီအကို တို့ ဆက်ပြီးတိုက်ခိုက်ကြပါ”

“ ကယ်ကြပါ”

ထိုမကောင်းဆိုးဝါးများ၏ မျက်လုံးတိုင်းက သူ့ဆီ ရောက်လာသလို သွေးသံတရဲရဲ ပါးစပ်ကြီးကို ဖြဲကြောင်း မြင်လိုက်ရချိန်တွင် အာဟက စိတ်ပျက်အားငယ်စွာ အော်ဟစ်ရင်း လျှောက်လမ်းထံ ပြေးသည်။

“ အားး တံခါးပိတ်”

“ တံခါးပိတ်”

“ သွားပြီ မကောင်းဆိုးဝါး လာနေပြီ။ မကောင်းဆိုးဝါး လာနေပြီ”

ထို့ကြောင့် လျှောက်လမ်းနားတွ င်ရပ်နေသော စစ်သားတစ်အုပ်က မကောင်းဆိုးဝါးကြီးက အပြေးလာနေကြောင်း မြင်ရုံနှင့် ကြောက်လန့်တကြား အော်ကြသည်။

Boom!

Boom!

Huskyက ရှေ့သို့ အပြေးလာသော်လည်း ပိတ်သွားသော တံခါးနှင့်သာ တိုက်မိသွားပြီး အောက်ဘက်သို့ ပြုတ်ကျသွားသည်။ ထို့နောက် မြေပြင်မှ ကြောက်လန့်တကြား ပြန်ခုန်ထသည်။ သူသည် နောက်ဘက်သို့ လှည့်ကြည့်ပြီးအော်သည်။

“သွားပြီ”

ဒီကောင်က တစ်အား ကြမ်းတမ်းတာ။ သူ ဘယ်လိုပြေးရမှာလဲ။

ဝေါင်း။

ထိုအခိုက်တန့်တွင် အဝေးမှ မကောင်းဆိုးဝါး တစ်ကောင်က အော်မြည်သည်။ သူသည် ပြိုင်ဘက်က ရုတ်တရက် ထွက်ပြေးသွားသောကြောင့် စိတ်မရှည် ဖြစ်သွားပုံရသည်။

သူ၏ ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း ရိုက်ရင်း အပြေးရောက်လာသည်။

Boom !

Boom!

ထိုသို့ဖြင့် မကောင်းဆိုးဝါး နှစ်ကောင်၏ အော်သံကို နားထောင်းရင်း အာဟက တောင့်နားသို့ တိတ်တဆိတ် ကပ်လျက် ဆက်လက်ပြီးရွှေ့လျားသည်။

Boom!

ထိုအခိုက်တန့်တွင် မျက်လုံးအပြည့်ရှိသော မကောင်းဆိုးဝါးကြီးက မြေပြင်ပေါ်သို့ လဲကြသွားသည်။

Huskyက သူ၏ မျက်နှာပေါ်သို့ ခုန်တက်ပြီး ကြောက်မက်ဖွယ် ကောင်းသော မျက်လုံများပေါ်သို့ တက်နင်းပြီး ခပ်မြန်မြန် ထွက်ပြေးလေသည်။

“ ဘာကြည့်နေတာလဲ”

သူက အောက်ကို ငုံ့လိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ လက်သည်းကို ဆန့်ထုတ်လျက် လှမ်းကုတ်လိုက်ပေသည်။ ထိုသို့ဖြင့် မျက်လုံးတစ်ဖက်ကို ဆွဲဖြဲလိုက်သည်။

ဝေါင်း။

ထိုသို့ဖြင့် အောက်ဘက်မှာ လာနေသည့် သားရဲ ကြီးက အော်ဟစ်ပြီး Huskyက မရပ်တန့်ရဲချေ။ သူသည် ခပ်မြန်မြန် ခုန်ပေါက်ရင်း အဝေးရှိ ခန်းမထဲသို့ ထွက်ပြေးလေသည်။

…

All Chapters